Shwe Hnin Online Shop

Shwe Hnin Online Shop

Share

ကောင်းကျိုးဆန္ဒပြည့်ဝကြစေ

04/08/2025
01/05/2024

အပူချိန် ၄၀ ဒီကရီ ကျော်ရင် ဦးဏှောက်ဆဲလ်တွေ စပြီးကြောင်လာပါတယ်တဲ့။ ဦးဏှောက်ဆဲလ်တွေအကြိုက်ဆုံးအခြေအနေက ၂၂ ဒီကရီလောက်အခြေအနေတဲ့။

သိပ်ပူတဲ့အခါ ဦးဏှောက်က ခန္ဓာကိုယ် အေးအောင် ချွေးတွေထုတ်ပြီး အပူဓါတ်ကိုလျော့ဖို့ ကြိုးစားတယ်။ ခန္ဓာကိုယ်တွင်း ဆားဓါတ်လျော့လာတော့ သတ္ထုဓါတ် မညီမျှမှုဖြစ်လာတယ်။ ဓါတ်ဆားရည်သောက်ပေးရတယ်။

သိပ်ပူတဲ့အခါ အရေပြားပေါ်က အပူအအေးထိမ်းညှိတဲ့ သာမိုစတက်တွေ ကြောင်သွားတဲ့အခါ ဦးဏှောက်က လိုက်ညှိဖို့ကြိုးစားရင်း အထိတ်တလန့်ဖြစ်ပြီး အပူရှော့ဝင်တတ်တယ်။ ( Aircon ခန်း) အအေးထဲကနေ အပြင် (အပူ) ကိုသွားတဲ့အခါ ဦးဏှောက်က ချက်ခြင်းပြောင်းသွားတဲ့ အပူချိန် ကို အမြန်လိုက်ညှိရင်း ဆားကက်ကြောင်သွားတတ်တယ်။

ပူလို့ ရေသောက်တာ ကောင်းတယ်၊ ရေဟာ ခန္ဓာကိုယ်တွင်းက ထွက်မည့်ချွေးတွေနေရာက အရည်တွေနေရာ ကူပြီး အစားထိုးပေးပေမယ့် အပူဒဏ်ကြောင့် ခန္ဓာကိုယ်အေးသွားအောင် မကာကွယ်ပေးနိုင်ဘူး။

အပြင်အပူချိန် ၄၀* ကျော်ရင် လူ့ရဲ့ ဆဲလ်တွေအပေါ် အကျိုးသက်ရောက်လာတယ်။ အထူးသဖြင့်ဦးဏှောက်ဆဲလ်တွေ စွမ်းဆောင်ရည်ကျလာတယ်။ ဦးဏှောက်ဆဲလ်တွေပူတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုထိမ်းညှိပေးတဲ့ စနစ်ချို့ယွင်းသွားရင် သွေးလည်ပတ်မှုမြန်တာတို့၊ သတ္ထုဓါတ်တွေ မမျှတတာတို့ဖြစ်ပြီး လူဟာ အန္တရာယ်ရှိလာတယ်။ နောက်ဆုံး ဦးဏှောက်က သူအလုပ်မလုပ်နိုင်တော့ဘူးထင်ရင် ခဏ ပိတ်ပစ်လိုက်တယ်။ သတိလစ်သွားတာမျိုးပေါ့။ အသက်အန္တရာယ်ရှိပါတယ်။ အဲ့လိုအခြေအနေမှာ ခန္ဓာကိုယ်ရဲ့ အပူကို နည်းမျိုးစုံနဲ့လျော့ပြီး ဦးဏှောက်အအေးဓါတ်ရအောင်လုပ်ရပါတယ်။

အပူဒဏ်ကို ဦးဏှောက်က တွန်းလှန်ပေးဖို့ ခန္ဓာကိုယ်မှာ ဓါတ်ပေါင်းစုံမျှတဖို့လိုပါတယ်။ electrolyte တွေ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဇင့်၊ ဗိုက်တာမင် ABCDE ပြည့်ဝတဲ့အစားအစာတွေ မိုးလင်းကတည်းက စားထားပါ။ ဥပမာ ဒန့်သလွန်ရွက်မှာ အဟာရပြည့်တယ်။ သောက်ပေးပါ။

ပူလွန်းလို့စိတ်ရှုပ်ရင် anxiety တက်လာပြီး လူဟာ ရှော့ ဖြစ်တတ်တယ်။ ဦးဏှောက်က ပူတာကိုထမ်းရတာတမျိုး၊ သောကကိုငြိမ်းရတာတမျိုးနဲ့ ဆားကက်တွေ ကမောက်ကမ နဲ့ မနိုင်ဝန်ထမ်းလာရတယ်။ စိတ်အေးအေးထားပါ။

ဒါကြောင့်သိပ်ပူရင် အေးတဲ့သဘာဝ လို့ ဦးဏှောက်က သတ်မှတ်ထားတဲ့ သစ်ပင်စိမ်းစိမ်းတွေ၊ ရေတွေနားမှာနေတဲ့လူတွေ သက်သာတယ်။ အပူကတော့ဒီအပူပါပဲ၊ ဦးဏှောက် သက်သာတော့ ဒဏ်မခံရတာပေါ့။

ပြင်ပ အပူရှိန် ကို ဦးဏှောက်ကို အကြောင်းကြားတဲ့ ဆက်သားတွေက မျက်နှာပေါ်က ပါးလွှာတဲ့အရေပြားအောက်က သွေးကြောလေးတွေက တခြားနေရာတွေထက် ဦးဏှောက်ဆီ အမြန် ပို့တတ်တယ်။ မျက်နှာကို sunscreen လိမ်းပါ၊ မျက်စိ မျက်နှာ ကို အအေးဓါတ် ကျွေးပါ။

ခန္ဓာကိုယ်အပူ ထက် ဦးဏှောက်ရဲ့ ဆဲလ်အပူရှိန် ကိုလျော့ချဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လူတွေဟာ နေပူရင် ထီး ဦးထုတ်ဆောင်းကြတယ်။ အဓိကကတော့ ဦးဏှောက်ပါပဲ။ ခေါင်းအေးအေးထားပါ၊ အပူဒဏ်ကိုကျော်လွှားဖို့ ဦးဏှောက် စက်ခန်းကမောက်ကမမဖြစ်အောင် အမြင်အေးအေးနေရာမှာနေ၊ ခန္ဓာကိုယ် သတ္ထုဓါတ်တွေ ညီမျှနေအောင် စားသောက်နေထိုင်ပါ။

လူပူရင်ပူ၊ ဦးဏှောက်အေးအောင်ကြိုးစားကြပါ။

Kyaw Swa Min

02/03/2024

တစ်သက်လုံး နှိပ်စက်မှာပါ ဟု

တိုက်ရိုက် မပြောဘဲ

စောင့်ရှောက်ပေးပါဟု

သွယ်ဝှိုက်ပြောသော ကြောင့်

ဝင်္ဂဝုတ္တိ အလင်္ကာ မြောက်ပါသည်။

😬😬😬😬😬😬

02/02/2024

💝💝

08/01/2024

ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်
ဖြတ်သန်းဖူးတဲ့ ဘဝတွေ မတူတော့
အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့
အကြည့်တွေလည်း
ခြားနားခဲ့တယ်။


စိတ်ပညာရှင်တစ်ဦးက
(၇)နှစ်အရွယ် ကလေးနှစ်ယောက်ကိုရှာပြီး
ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။

က အိမ်မှာ မွေးချင်း(၆)ယောက်ရှိတဲ့၊
ဆင်းရဲသားမိသားစုကလာတဲ့
ကလေးဖြစ်တယ်။

က ချမ်းသာတဲ့ ဆရာဝန်တစ်ဦးရဲ့
တစ်ဦးတည်းသောသားဖြစ်တယ်။

ပညာရှင်က ကလေးနှစ်ယောက်ကိုခေါ်ပြီး
ပန်းချီကားတစ်ချပ်ပြခဲ့တယ်။

ပန်းချီကားက ယုန်ကလေးတစ်ကောင်က
ထမင်းစားပွဲမှာထိုင်ပြီး ငိုနေတဲ့ပုံဖြစ်တယ်။

စားပွဲဘေးမှာ
မျက်နှာထားတင်းတဲ့ယုန်မေမေရပ်နေတယ်။

စိတ်ပညာရှင်က ကလေးနှစ်ယောက်ကို
ပန်းချီကားရဲ့အဓိပ္ပာယ်မေးခဲ့တယ်။

ပန်းချီကားကိုကြည့်ပြီး
Tom က "ယုန်ကလေးငိုနေတာက
ဗိုက်မဝသေးလို့ဖြစ်တယ်။

အစာထပ်စားချင်ပေမယ့်
အိမ်မှာစားစရာ မကျန်တော့ဘူး။

ဒါကြောင့် ယုန်မေမေ
စိတ်မကောင်းဖြစ်နေခဲ့တယ်" လို့
ချက်ချင်းပြန်ဖြေတယ်။

"ဒီလိုမဟုတ်ဘူး" Andy က ကြားဝင်ပြီး

"ယုန်ကလေးငိုနေတာ
အစာကိုထပ်မစားချင်တော့လို့ ဖြစ်တယ်။

ဒါပေမယ့် သူ့မေမေက
အတင်းစားခိုင်းနေလို့
ငိုနေတာဖြစ်တယ်" လို့ပြောတယ်။

ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊
ဖြတ်သန်းဖူးတဲ့ဘဝတွေ
မတူတော့ အရာဝတ္ထုတစ်ခုပေါ်
ကြည့်တဲ့အကြည့်တွေလည်း ခြားနားခဲ့တယ်။

မတူညီတဲ့ ရှုထောင့်ကနေ
ကြည့်တတ်ရင်မတူတဲ့
အတွေ့အကြုံတွေကို ရနိုင်ပါတယ်။

ဒါကြောင့် ဘက်ပေါင်းစုံကနေပြီး မတူတဲ့လူ၊
မတူတဲ့အရာဝတ္ထု၊ အဖြစ်အပျက်တွေကို
လက်ခံနိုင်အောင်ကြိုးစားပြီး

တစ်ဦးကိုတစ်ဦးလေးစားကြည်ညို၊
ခွင့်လွှတ်နားလည်၊
ကိုယ်ချင်းစာမှုတွေပေးသင့်ပါတယ်။

Posted by Mr.7Cho or Mg Cho at 10:29 PM
Labels: သိမှတ်ဖွယ်ရာ, နိုင်းနိုင်းစနေ ......။
# သုတဂဝေသီဗန်းမော်

03/11/2023
Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay