Make Up Artist By Mon Yi
🧡 Self-Confidence 🧡 Beauty/Healthy/Makeup/SkinCare
တစ်နှစ်နေမှ တစ်ခါ ရိုက်ဖြစ်တဲ့ Self Makeup Vlog
ကြည့်ချင်တဲ့သူကြည့် မကြည့်ချင်တဲ့သူ ကျော်သွား အိုခေ 😌 နောက်ပိုင်းမှာ ph လာလိုက်လို့ အသံက ပါမလာဘူး 🥹
25/11/2023
#အလှူပွဲအကြိုပြင်ဆင်မှု 🧡
MUA By Me
Photo- Zinn Photography & Myint Myint San
မိတ်ကပ် ဆံထုံး ပညာသင်အကူ နှစ်ဦးအလိုရှိသည်
အခြေခံကနေစပြီး အသေးစိတ် အသေအချာသင်ပေးမှာမို့ မိတ်ကပ်ဆံထုံးပညာကို အမှန်တကယ်စိတ်ဝင်စားသူများသာ လျှောက်ပေးပါရှင့်
❌ယောင်ဝါးဝါးလုပ်မယ့်သူများ လက်မခံပါ ❌
‼️‼️အသက် ၂၅ နှစ်အတွင်းသာ ‼️‼️
10/11/2023
'ခန့်ထည်ဝါ' သင်တန်းဆင်းပွဲအတွက် ပြင်ပေးဖြစ်တဲ့ သတို့သမီးလေး 💗
MUA By Me 🩶
Photo-Zinn Photography
Dress-Htet Lay Htet
09/11/2023
ကိုယ့်စီ မိတ်ကပ်လာပြင်တဲ့သတို့သမီးတွေက ကိုယ့်ပညာကို လာစမ်းနေသလား ထင်ရတယ် ကတုံးဆံပင်ပေါက်ကေကို သတို့သမီးဆံထုံး ထုံးပေးရတာ 🥴
MUA By Me 🩶
Photo -Zinn Photography
Dress- July Htet Htet
09/10/2023
မိတ်ကပ်လည်းလိမ်းချင်တယ် ကိုယ်လိမ်းချင်တဲ့ Make up look က ဘယ်လို Make up ကိုသုံးရမလဲ ကိုယ့်အသားအရေနဲ့လိုက်မယ့် Make up ကို ဘယ်လိုရွေးဝယ်ရမလဲ မသိဘူးဆိုတဲ့ sis လေးတွေအတွက်ရည်ရွယ်ပြီး ဒီ post လေးကို ပြန်ပြီး sharing လုပ်ပေးလိုက်တယ်နော် 🩵
မွန်ရည်ပြန်ပြီး sharing လုပ်ပေးထားတဲ့ စာလေးတွေကို သေချာဖတ်ကြည့်ပြီး မှန်ကန်တဲ့ make up ကို ရွေးချယ်နိုင်ကြပါစေရှင့် 🩵
မိတ်ကပ်များကို လေ့လာခြင်း🩶
မိတ်ကပ်သားပါတဲ့ ပစ္စည်းမှန်သမျှကို makeupလို့ ယေဘုယျ သုံးနှုန်းပါတယ်။ foundation, primer, base စတာတွေက မိတ်ကပ်အမျိုးအစားထဲမှာ အကျုံးဝင်ပါတယ်။ foundation ဆိုတာ အသားအရည်ဖြူဝင်းလာအောင်သုံးတဲ့ မိတ်ကပ်အရည်တမျိုး ဖြစ်ပါတယ်။ base ကတော့ အသားအရေ ညီညာအောင် အောက်ကခံတဲ့ မိတ်ကပ်ဖြစ်ပါတယ်။ primer ကတော့ မိတ်ကပ်သားကြာရှည်ခံအောင် အောက်ခံလိမ်းရတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်တော့ concealer, blush, contouring, highlighter စတဲ့ပစ္စည်းတွေလည်း အရောင်ပါလို့ မိတ်ကပ်အမျိုးအစားထဲကို ထည့်လို့ရပါတယ်။
Makeup foundation
မိတ်ကပ်ရည်ကို foundation လို့ ခေါ်ပါတယ်။ အပြစ်အနာအဆာဖုံးကွယ်ဖို့နဲ့ အသားအရည် ညီညာလှပစေဖို့ အသုံးပြုကြတယ်။ foundation လိမ်းထားခြင်းဖြင့် မျက်နှာအသားအရေက သိသိသာသာ ပြောင်းလဲသွားတယ်။ ဥပမာ ညိုတဲ့သူက foundation လိမ်းလိုက်ရင် ဖြူလာတယ်။ တကယ်တော့ မိတ်ကပ်ရောင်နဲ့ ဖုံးကွယ်ပြီး ပြောင်းလိုက်တဲ့ သဘောပဲ။ foundation မှာ cream, liquid, powder ဆိုပြီး အမျိုးမျိုး လာတယ်။
အရည်အပျစ်အကျဲပေါ်မူတည်ပြီး foundation မိတ်ကပ် လေးမျိုးခွဲလိုက်တယ်။
(၁) sheer cover makeup
(၂) light cover makeup
(၃) medium cover makeup
(၄) full cover makeup
(၁) Sheer cover makeup
Sheer foundation ဆိုတာ အရည်ခပ်ကျဲကျဲကို ခေါ်တာပါ။ မိတ်ကပ်သားပါးရင် “sheer cover”လို့ သိရမယ်။ ဒါမျိုးကို "sheer makeup” လို့ ခေါ်တယ်။ sheer မှန်သမျှ မိတ်ကပ်သားနည်းတယ်။ မိတ်ကပ်သား ၈-၁၃ % ပဲ ပါဝင်လို့ foundation လေးမျိုးထဲမှာ အရောင်ပါဝင်မှုအနည်းဆုံးဖြစ်တယ်။ အရည်ကျဲလို့ မိတ်ကပ် လိမ်းထားမှန်း မသိသာဘူး။ အပြစ်အနာအဆာ ဖုံးကွယ်နိုင်စွမ်းလည်း မဟန်လှဘူး။
(၂) Light Cover makeup
မိတ်ကပ်အရည်က သိပ်မပျစ်ဘူး။ သိပ်အကျဲကြီး မဟုတ်ဘူး။ light cover မှာ မိတ်ကပ်သား ၁၃-၁၈% ထိပါဝင်ပါတယ်။ ဒီမိတ်ကပ်မျိုးက ဝက်ခြံအမဲစက်လေးတွေကို မသိသာအောင် ဖုံးဖိပေးနိုင်တယ်။ သို့သော် တင်းတိပ်၊မှဲ့ခြောက်၊အမာရွတ်တွေကို ဖုံးကွယ်နိုင်စွမ်းမရှိဘူး။ ယေဘုယျအားဖြင့် သေးငယ်တဲ့ (1mm) လောက်ရှိတဲ့ အမည်းစက်တွေ အပြစ်အနာအဆာတွေကိုတော့ ကောင်းကောင်း ဖုံးဖိပေးနိုင်တယ်။
(၃) Medium Cover makeup
မိတ်ကပ်ရည်ပိုပျစ်လာတယ်။ မိတ်ကပ်သားပါဝင်မှုကလည်း ၁၈-၂၃ % ထိပါဝင်လို့ ဝက်ခြံအမာရွတ်တွေသာမက တင်းတိပ်၊မှဲ့ခြောက်တွေကိုပါ ဖုံးကွယ်နိုင်စွမ်းရှိလာတယ်။ အသားအရောင်မညီညာတာ၊ အမဲစက်၊ အမာရွတ်မှာ အသုံးပြုနိုင်ပါတယ်။ သို့သော် ထင်းနေတဲ့ အမည်းကွက်၊အမာရွတ်တွေကိုတော့ ဖုံးကွယ်နိုင်စွမ်းမရှိဘူး။ ဒီပြဿနာအတွက် full cover makeup ကို အသုံးပြုရတယ်။
(၄) Full Cover makeup
မိတ်ကပ်လေးမျိုးထဲမှာ အရည်အပျစ်ဆုံးဖြစ်သလို မိတ်ကပ်သားအများဆုံးလည်းဖြစ်ပါတယ်။ မိတ်ကပ်သား ၃၅-၅၀ % ထိ ပါလို့ ခရုသင်း၊ မွေးရာပါ မှဲ့ခြောက်၊ အမာရွတ်၊ အမဲကွက်တွေ အားလုံးကို ဖုံးကွယ်နိုင်စွမ်းရှိတယ်။ full cover ဖြစ်တဲ့ မိတ်ကပ်တွေကို "corrective makeup” (သို့) “camouflage makeup” လို့ သုံးကြတယ်။ “paramedical makeup” ဆိုလည်း အတူတူပါပဲ။ မျက်နှာအဖုအပိန့်၊ဝက်ခြံတပြင်လုံးရှိသူတွေအနေနဲ့ full cover foundation ဖုံးကွယ်နိုင်တယ်။ ပြဿနာက ရေရှည်မှာ ဝက်ခြံပိုထွက်တာရှိနိုင်တယ်။ ဒါ့ကြောင့် နေ့စဉ်မသုံးသင့်ဘဲ မင်္ဂလာဆောင်၊ ပွဲလန်းသဘင်စတဲ့အခါမျိုးမှာသာ သုံးသင့်တယ်။
အသားအရေအလိုက် မိတ်ကပ်ရွေးချယ်ခြင်း
-----------------------------------------
မိတ်ကပ်တွေမှာ အရည်ကျဲ( liquid), အရည်ပျစ်(mousse)နဲ့ powder(အမှုန့်) ဆိုပြီး အမျိုးအစား သုံးမျိုးခွဲလိုက်တယ်။ အသားအရေပေါ်မူတည်ပြီး အသုံးပြုရမယ့် မိတ်ကပ်အမျိုးအစား မတူဘူး။
• Liquid foundation(cream foundation)
dry skin နဲ့ normal skin မှာ သုံးသင့်တယ်။အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။ အပြစ်အနာအဆာ အသင်အတင့်ဖုံးနိုင်တယ်။cream foundation တွေက sponge သုံးပြီး ခလယ်ကနေ ဘေးကိုဆွဲရမယ်။
• Powder foundation
အဆီပြန်အသားအရေ (Oily skin) နဲ့ ထိခိုက်အသားအရေ (sensitive skin) မှာ အဓိက သုံးသင့်တယ်။ အဆီစုပ်တဲ့အာနိသင်ရှိလို့ မျက်နှာအဆီပြန်တာမျိုး နည်းတယ်။
• Mousse foundation
မျက်နှာအမဲစက်၊အမာရွတ် ဖုံးကွယ်နိုင်စွမ်းအကောင်းဆုံး ဖြစ်တယ်။ လိမ်းပြီး ခြောက်သွားရင် ပေါင်ဒါပုပ်ထားသလို ကျန်ခဲ့လိမ့်မယ်။ ဝက်ခြံထွက်ရင် mousse မိတ်ကပ်တွေ ရှောင်သင့်တယ်။
ဘယ်အချိန်မှာ မိတ်ကပ်သုံးမလဲ
မိတ်ကပ်ရည်ကို အသားအရေတိုင်း သုံးနိုင်ပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး light ကနေ full coverage ထိပေးပါတယ်။ dewy သို့မဟုတ် matte အဆင်ပြေသလို သုံးနိုင်တယ်။ သတိပြုရမှာက အဆီပြန်တဲ့အသားအရေမှာ dewy finish foundation ကို မသုံးသင့်ပါဘူး။ အဆီမပြန်အောင် မိတ်ကပ်ရည်ခပ်ကျဲကျဲရွေးချယ်ပြီး translucent powder တမျိုးမျိုး ထပ်သုံးသင့်တယ်။
ဒီလောက်ဆိုရင် ကိုယ်နဲ့လိုက်ဖက်မယ့် make up အမျိုးအစားကို ရွေးတတ်သွားမယ်လို့ ထင်ပါတယ်🩵
crd :ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
07/06/2023
ဝတ်စုံကြော်ငြာလေးအတွက် ရိုးရိုးရှင်းရှင်း ပြင်ဆင်မှု
🤎🤎🤎
Dress by Nay Yi Maung Thein
Make up by Mon Yi Maung Thein
28/05/2023
#သတို့သမီးပြင်ဆင်မှု 💛
Make up -Mon Yi Maung Thein
Dress - Nay Yi Maung Thein
Photo-Shan Ni Shon
⛔ မုံရွာမြို့ ထန်းတောရပ်ကွက် ⛔
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Mandalay
