Putu Online Shop
ဂက်စ်နှင့်ဂက်စ်မီးဖို လက်လီလက်ကားရောင်းဝယ်ဖြန်ချီရေး ဂက်စ်မီးဖိုအပိုပစည်းများလည်း ဝယ်ယူနိုင်ပါတယ်ရှင့်
18/03/2026
"Performance Goal တွေ ချပါ"
ရည်မှန်းချက်ဆိုတဲ့နေရာမှာ နှစ်မျိုးနှစ်စား ရှိတယ်။
တစ်မျိုးက Achievement Goal.
အောင်မြင်ပြီးမြောက်မှုနဲ့ ပတ်သက်တယ်။ ဥပမာ အသက်ဘယ်လောက်ဆို အိမ်တစ်လုံး ပိုင်ရမယ်တို့၊ ဘွဲ့ဘယ်နှခု ရရမယ်တို့။ ဒါတွေက ခုလို အနာဂတ်က မှောင်မိုက်နေတဲ့အချိန်မှာ ထားရသိပ်ခက်တယ်။
မျှော်လင့်ထားရင် ဖြစ်မလာတာ များလို့ ဘာကိုမှ မမျှော်လင့်တတ်တော့တဲ့ ကျွန်တော့်မှာဆို အဲဒီလို Achievement Goal တွေ တစ်ခုမှ မရှိဘူး။
နောက်တစ်မျိုးကတော့ Performance Goal.
ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေ။ ဥပမာ တစ်လကို စာတစ်အုပ်ဖတ်မယ်၊ တစ်ပတ်ကို လေ့ကျင့်ခန်း ဘယ်နှရက်လုပ်မယ်၊ တစ်နေ့ကို ဘယ်နှမိနစ် အင်္ဂလိပ်စာ လေ့လာမယ်၊ ဒါတွေကို ဆိုလိုတယ်။
ဒီစာအုပ်ဖတ်လို့ နောင်အနာဂတ်မှာ ဘာဖြစ်မယ် မသိဘူး။ ဒီလေ့ကျင့်ခန်းလုပ်လို့ ဘယ်နေ့ဘယ်လ ပိုကျန်းမာလာမယ် မပြောတတ်ဘူး။ ဒီဘာသာစကား လေ့လာနေလို့ ဘယ်တော့ကျ နိုင်ငံခြားတက္ကသိုလ်ကနေ Scholarship ရမယ် မသေချာဘူး။
ဒါပေမဲ့ ကိုယ်လုပ်နေတယ်။ ကြိုးစားနေတယ်။ ရှေ့ဆက်နေတယ်။
ချက်ချင်းလက်ငင်းရမယ့် ဆုလာဘ်တွေက စိတ်ကျန်းမာခြင်းနဲ့ မိမိကိုယ်မိမိ လေးစားမှု။
နောင်မှာ ရချင်ရလာနိုင်တာက အခု ကိုယ်စိတ်အားထက်သန်စွာနဲ့ လုပ်ခဲ့သမျှတွေဟာ အမှတ်စက်ကလေးတွေ ဖြစ်လာပြီး ကိုယ့်ဘဝကို ပုံဖော်ပေးမှာပါပဲ။
ကျွန်တော်ဆိုလည်း ဘယ်လိုစိတ်ညစ်စရာတွေရှိရှိ၊ တစ်ပတ် စာ ၃ ပုဒ်တော့ ရအောင်ရေးတယ်။ ဘယ်တော့ စာအုပ်ထုတ်နိုင်မယ် မသိဘူး။ ရေးစရာရှိတာ ရေးနေတာပဲ။ ကိုယ့်စိတ်ရော၊ လူရောကိုလည်း ကျန်းမာအောင် နေတယ်။ လေ့လာစရာရှိတာ လေ့လာတယ်။ ဘယ်သူရယ် ဘယ်ဝါရယ် မဟုတ်ဘဲ ကိုယ်တတ်နိုင်တာ ဘယ်သူ့ကိုမဆို ကူညီပေးတယ်။
နောင် ၅ နှစ်စာ ခင်ဗျားမှာ ဘာစဉ်းစားထားတာရှိလဲ၊ နောက် ၃ နှစ်ကျ မင်း ဘာဖြစ်နေချင်လဲ လာမမေးနဲ့။ ကျွန်တော် မသိဘူး။ ဒါပေမဲ့ နေ့နေ့ညည ကျွန်တော့်ကို မောင်းနှင်နေတဲ့ Performance Goal တွေတော့ ရှိတယ်။
အရင်ကတည်းကလည်း ကိုယ့်ရဲ့ အစွဲကြောင့် ဒီအတိုင်းပဲ ရှင်သန်လာခဲ့တာ ဖြစ်သလို၊ အခုလည်း ဒီပုံစံနဲ့ပဲ ကျော်ဖြတ်နေတယ်။ ဒါကြောင့်လည်း ဒီစာကနေတဆင့် မျှဝေလိုက်တာပါ။
စိတ်ဓါတ်ကျတာလည်း ကျပါ၊ ဒါပေမဲ့ ရေစုန်တော့ မျှောမနေပါနဲ့။
ကျွန်တော်တို့မှာ လုပ်စရာတွေရော၊ လုပ်နိုင်တာတွေပါ အများကြီး ရှိနေပါသေးတယ်။
ဒေါက်တာ ဖြိုးသီဟ
၃၀.၁၀.၂၀၂၅
(ရေးခဲ့ဖူးတဲ့ ဆောင်းပါးဟောင်းကို အတိုဖြတ်တင်ထားတာပါ။ အပြည့်အစုံကို 21 Podcast မှာ နားထောင်နိုင်ပါတယ်။ ကွန်မန့်မှာ လင့်ခ်ချထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ)
23/02/2026
“အခြေခံတွေ အရေးကြီးတယ်”
🔳 အလှမ်းကျယ် အလယ်လတ် ဆိုတဲ့ မြန်မာစကားရှိတယ်။ တစ်ခါတလေ ကျွန်တော်တို့ အဲဒီလို ဖြစ်နေတတ်တယ်။ အ၀ေးကြီးတွေ အစဉ်းစားလွန်ပြီး တကယ်လုပ်ရမှာတွေကို မေ့လျော့ကုန်တာ။
📌 ၁။ ရုပ်ကျန်းမာရေး
အားကစားသမား မဟုတ်တဲ့ သာမန်လူတစ်ယောက်အတွက်ဆို ကျန်းမာဖို့အတွက် များများစားစား လိုတာ မဟုတ်ဘူး။ အစားအသောက် ဆင်ခြင်၊ အိပ်ရေး၀၀ အိပ်၊ ကိုယ်လက်လှုပ်ရှားလုပ်၊ ရေများများသောက်၊ အရက်၊ ဆေးလိပ်ရှောင်နိုင်ရင် ရှောင်၊ မရှောင်နိုင်ရင် လျှော့၊ စိတ်ဖိစီးမှုနည်းအောင်နေ။ ဒီလောက်ဆို အတော်အဆင်ပြေပြီ။
ဒါပေမဲ့ အဲဒီလို basics တွေကို မေ့ပြီး ဆေး၀ါးတွေ၊ ဘာပရိုဂရမ် ညာပရိုဂရမ်တွေကို ငွေကုန်ခံပြီး လုပ်နေကြတယ်။
📌 ၂။ စိတ်ကျန်းမာရေး
ဒါလည်း ခက်ခက်ခဲခဲ မဟုတ်ဘူး။ ၂ လုံးပဲ။ Attitude & Action ကိုယ့်ရဲ့ စိတ်နေသဘောထားရယ်၊ တစ်နေ့ တစ်နေ့ လုပ်ဆောင်နေတာတွေရယ်။
အရာရာကို အပျက်ဘက်က ကြည့်မယ်။ စစဉ်းစားမယ်။ တွယ်ငြိမှု၊ မျှော်လင့်မှု၊ လိုအင်ဆန္ဒတွေ များမယ်။
ဆိုရှယ်မီဒီယာတွေ တချိန်လုံး သုံးနေမယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူး။ တစ်ခုခုမှာ စိတ်နှစ်မထားဘူးဆို စိတ်ကလည်း ကြည်လင်နေဖို့၊ တက်ကြွနေဖို့ မလွယ်ဘူးပေါ့။
📌 ၃။ ဘ၀တိုးတက်ရေး
ဒါဆိုလည်း ကျွန်တော်တို့ ဘာလုပ်ကြတာများလဲ။ သင်တန်းတက်မယ်၊ ဟောပြောပွဲတွေ နားထောင်မယ်၊ အောင်မြင်ရေးနည်းတွေ လေ့လာမယ်။ မလိုဘူးလားဆို ထိုက်သင့်သလောက်တော့ လိုပါတယ်။
သို့သော် သတိပြုရမှာလေးတွေလည်း ရှိတယ်။ ဘ၀အခြေအနေတွေ မတူတဲ့အတွက် သူနဲ့ အဆင်ပြေပေမဲ့ ကိုယ်နဲ့ ပြေချင်မှပြေမယ်။ အားလုံးအတွက် အလုပ်ဖြစ်မယ့်နည်း ဆိုတာတော့ မရှိဘူး။
Passion လို့ ပြောကြတဲ့၊ ကိုယ့်အတွက် အလုပ်လုပ်နေရတယ်လို့ကို မခံစားရတဲ့ အလုပ်မျိုး၊ ရူးသွပ်ရတဲ့ အလုပ်မျိုး ရှိနေရင်တော့ ကောင်းတာပေါ့။ သို့သော် လူတိုင်းအတွက် မလွယ်ဘူး။ မဖြစ်နိုင်ဘူး။ တချို့လည်း နှစ်အတော်ကြာမှ သိတယ်။ တချို့လည်း လုံး၀ကို မတွေ့သွားဘူး။ ဒါကိုသိမှ၊ Passion နဲ့ Profession တထပ်တည်းကျမှ ဘ၀မှာ အောင်မြင်နိုင်တာလည်း မဟုတ်ဘူး။
တကယ်တမ်း အခြေခံကျတာ ဘာလဲဆိုတော့ ဘာပဲလုပ်လုပ် တက်တက်ကြွကြွလုပ်။ စေတနာပါပါလုပ်။ ကြိုးကြိုးစားစားလုပ်။ သိချင် တတ်ချင်စိတ်ထား။ အဲဒါဆိုရင်ကို လမ်းတွေက သူ့အလိုလို ပွင့်လာလိမ့်မယ်။ တွေ့လာလိမ့်မယ်။
တချို့လူငယ်တွေဆို စိတ်မကောင်းစရာ တွေ့ရတာက အဲဒီ Basics တွေကျ မလုပ်ဘဲ သင်တန်းတွေတက်၊ ကိုယ် လက်တွေ့ ဒါမှမဟုတ် ချက်ချင်းသုံးလို့ မရသေးတဲ့ နည်းလမ်းတွေနောက် လိုက်နေကြတာပဲ။
📌 ၄။ စီးပွားရေး
ဒီနေရာမှာလည်း အခြေခံတွေ အရေးကြီးတာပဲ။ Passive Income တို့၊ ကိုယ်က ငွေအတွက် အလုပ်မလုပ်ဘဲ ငွေကို ကိုယ့်အတွက် အလုပ်လုပ်ခိုင်းပါတို့၊ ခုနောက်ပိုင်း ခေတ်စားလာတဲ့ Crypto တို့က မလေ့လာသင့်ဘူး မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်အသက်အရွယ်၊ ကိုယ့်အနေအထားအရ ကိုယ်နဲ့ မဆိုင်သေးတာ၊ ကိုယ့်အတွက် မဟုတ်သေးတာတွေ ဖြစ်နိုင်တယ်။
အဲဒီအစား ကိုယ်အရင်လုပ်ရမှာက ရှင်းရှင်းလေး။
လိုအင်တာနဲ့ လိုချင်တာနဲ့ကို ခွဲ။ ငွေကို ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက် ပိုသုံးစွဲ။ သူများတွေ အထင်ကြီးဖို့သက်သက် ၀ယ်တာတွေ၊ ပေါ်သမျှအသစ်တိုင်း လိုချင်နေတာတွေကို ထိန်းချုပ်။
နှစ်ကာလတစ်ခု တောင့်ခံနိုင်ရင် တချိန်မှာ ငွေကြေးအဆင်ပြေလာမယ်။ အလုပ်မှာလည်း ပိုတော်လာမယ်။ လစာပိုများလာမယ်။ အဲဒီတော့မှ ရင်းနှီးမြှုပ်နှံတာတွေ၊ Financial Freedom တို့ကို စစဉ်းစား။ စကားထဲထည့်ပြော။
မဟုတ်ရင် အဲဒီလိုတွေ ဖြစ်ချင်ဇောနဲ့ လောင်းကစား လုပ်မိတာတွေ၊ ကျားဖြန့်ဖြစ်ကုန်တာတွေ၊ အသွေးအသားကို ရောင်းစားတာတွေ ဖြစ်ကုန်ရော။
📌 ၅။ ခေါင်းဆောင်မှု
ခေါင်းဆောင်ကောင်းတွေရဲ့ အမူအကျင့်တွေ၊ ခေါင်းဆောင်မှု သီအိုရီတွေ လေ့လာတာလည်း ကောင်းပါတယ်။ သို့သော် အဲဒါတွေ သိလာတိုင်းတော့ ခေါင်းဆောင်ကောင်း ဖြစ်မလာသေးဘူး။
တကယ်တမ်း ခေါင်းဆောင်မှုရဲ့ အသက်သွေးကြောက ဘာလဲဆို Sympathy & Empathy ပဲ။ အကြင်နာတရားနဲ့ ကိုယ်ချင်းစာစိတ်က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့မှာ သိပ်အရေးကြီးတယ်။
အဲဒါတွေ ရင်ထဲမရှိဘဲ၊ နှလုံးသားထဲ ပျိုးထောင်မထားဘဲ ကြိုက်သလောက် သင်တန်းတက်၊ ကြိုက်သလောက် သီအိုရီတွေ လေ့လာ၊ လက်တွေ့မှာ ခေါင်းဆောင်ကောင်း ဖြစ်မလာဘူး။
📌 ၆။ လူမှုဆက်ဆံရေး
Relationship တွေ အဆင်ပြေချင်ရင်လည်း ဒီလိုပါပဲ။ တခြားလူတွေနဲ့ ဆက်ဆံရတာဖြစ်လို့ ကိုယ်မတတ်နိုင်တာတွေတော့ ရှိတာပေါ့။ သို့သော် ကိုယ့်ဘက်က လုပ်ရမှာ များများစားစား မရှိဘူး။ အဓိကက ပေးဖို့ပဲ။
ဘာတွေပေးရမလဲဆို ချစ်ခြင်းမေတ္တာပေး၊ နားလည်မှုပေး၊ ကိုယ်ချင်းစာပေး။
ငါ့လိုမိဘ ငါပြန်ရရင်၊ ငါ့လိုချစ်သူရည်းစား ငါြပန်ရရင်၊ ငါ့လိုသားသမီး ငါပြန်ရရင်၊ ငါ့လိုသူငယ်ချင်း ငါပြန်ရရင် ... စသဖြင့် မေးကြည့်လိုက်။ အဲဒါ ဆက်ဆံရေးတွေ ပြေလည်စေမယ့် အခြေခံတွေပါပဲ။
🔳 ဘယ်ပညာရပ်မဆိုလည်း အခြေခံက စရပါတယ်။ အခြေခံပိုင်ရင် ကျန်တာက လွယ်သွားပါတယ်။ အဲဒါ မရသေးဘဲ အပေါ်ကို တက်လို့မရပါဘူး။ တက်လည်း ပြန်ယိုင်ကျမှာပဲ။
အဆောက်အဦတွေ တည်ဆောက်ရင်လည်း ဒီလိုပဲ။ ဖောင်ဒေးရှင်းခိုင်မှ အပေါ်မှာ ထပ်ဆောက်သမျှက ခိုင်တာ။
ဒါကြောင့် ကိုယ့်ဘ၀ကို တည်ဆောက်တဲ့အခါမှာလည်း အခြေခံတွေကနေပဲ စစေချင်ပါတယ်။
ကိုယ်နဲ့ အခြေအနေချင်း မတူတဲ့သူတွေဆီက ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုကြိုးစား၊ Passion ကို ရှာတွေ့ဖို့ လိုတယ်၊ ငွေကြေးဆိုင်ရာ လွတ်မြောက်တယ် ဆိုတာ ဘယ်လို၊ ဘယ်ခေါင်းဆောင်ကြီးက ဘယ်လိုပြောခဲ့တာ စသဖြင့် လေ့လာတာလည်း လေ့လာပါ။ အခြေခံကနေ တည်ဆောက်ဖို့လည်း မေ့မနေစေချင်ဘူး။
🔳 လောကမှာ Gym မသွား၊ Meal plan တွေမစားဘဲ Healthy Lifestyle နဲ့ နေထိုင်ရင်း ကျန်းမာနေတဲ့သူတွေ၊
စိတ်ကျန်းမာရေး ဆိုတာ ဘာမှန်းတောင် မကြားဖူးဘဲ ဘ၀ကို အပြုသဘောဆောင်စွာ ဖြတ်သန်းရင်း စိတ်ငြိမ်းချမ်းမှု ရနေသူတွေ၊
ဘာ၀ါသနာပါတယ် မသိပေမဲ့ ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရင်း သူ့ Industry ထဲ နေရာတစ်ခု ရနေသူတွေ၊
ငွေကို ခြိုးခြံချွေတာ စုဆောင်းရင်း မပူမပင် နေခွင့်ရနေသူတွေ၊
ဘယ်သူကမှ သူ့ကို ခေါင်းဆောင်မှုအကြောင်းတွေ လာမသင်ပေးသလို ထိပ်တန်းခေါင်းဆောင် ဆိုပြီးလည်း မီဒီယာတွေမှာ ပါမလာပေမဲ့ အလုပ်မှာ ခေါင်းဆောင်ကောင်းအဖြစ် နာမည်ရနေသူတွေ၊
ဘယ် Relationship Coach နဲ့မှ မတွေ့ဖူးဘဲ သာယာတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်သူတွေ အများကြီး ရှိပါတယ်။ တွေ့လည်း တွေ့ဖူးကြမယ် ထင်ပါတယ်။
ဒါက ဘာကို ပြနေပါသလဲ။
ရှင်းပါတယ်။ Basics တွေရဲ့ အရေးကြီးမှုပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၂၂.၂.၂၀၂၆
ကုန်းတန်းဆိုင်းဘုတ်အနီးရေနီမြောင်းဘေးရွှေခေတ်ဂက်စ်ဆိုင်ကိုဝယ်ယူအားပေးလို့ရပါပြီရှင့် warmly welcome ပါ viber 09755386005 ကိုဆက်သွယ်မှာယူနိင်ပါတယ်ရှင့်
လျှော်ကြည့်ပြီးပြီလား
16/02/2024
AIကပြောင်းပေးတဲ့မျက်နှာ
ဗောက်ဆိုတာမှိုအမျိုးအစားတစ်မျိုးပါ ပိုးမွှားလေးတွေ မှုိလေးတွေပျောက်ချင်ရင် တမာရွက်ပြုတ်ရည်နဲ့သတ်လို့ရပါတယ်နော်
06/02/2024
နန်းပျိုဖြူလေးကတစ်ဘူးမှ ၅၀၀၀ ပါ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
ကုန်းတန်းရပ်
Mandalay
