Hiv Prevent
Hiv@ကာလသား@Tb အခမဲ့စစ်ဆေးခြင်းနှင့်အခမဲ့ကုသခြင်း 09740979461(viber)
03/12/2025
HIV ပိုးကို တိုက်ထုတ်ရာမှာ ကမ္ဘာအနှံ့ ဖြစ်ပေါ်တိုးတက်မှုများနေ
သက္ကရာဇ်နှစ်ထောင်ပြည့်နှစ်လောက်ကစလို့ ကမ္ဘာတစ်လွှား HIV ပိုးကူးစက်ခံရတဲ့ လူနာအသစ် တွေ့ရှိမှုပမာဏဟာ ၃၅%လောက် ကျဆင်းသွားခဲ့ပါတယ်။ ကလေးတွေမှာဆို ၅၈%လောက်ထိကို ကျဆင်းခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးမှာပဲဖြစ်ဖြစ် (အရင်က ကူးစက်နှုန်းအင်မတန်များပြားတဲ့) အာဖရိကနိုင်ငံတွေမှာပဲဖြစ်ဖြစ် HIV လူနာအသစ် တွေ့ရှိမှုဟာ ကျဆင်းလာပါတယ်။
HIV ပိုးကို တိုက်ဖျက်ရာမှာ ကမ္ဘာအနှံ့ ဒီလိုမျိုး သိသာထင်ရှားတဲ့ အပေါင်းလက္ခဏာရလာဒ်တွေ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတာဟာ လူထုကြားအသိအမြင် နိုးကြားလာခြင်း၊ စောစောသိပြီး စောစောကုသခြင်း၊ ပိုမိုကောင်းမွန်တဲ့ ဆေးဝါးတွေနဲ့ ကုသခြင်းဆိုတဲ့ အချက်တွေကြောင့်ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အကာအကွယ်ပစ္စည်း ကွန်ဒုံး အသုံးပြုခြင်းဟာလည်း ရောဂါကူးစက်မှုကို ၈၅-၉၅%လောက်ထိကို လျှော့ချပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။ နောက်ထပ် သိသာထင်ရှားတဲ့ အဓိက တိုးတက်မှုတခုကတော့ HIV ဆေးတွေကို ယခင်ကထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သင့်တော်မှန်ကန်တဲ့ ကုသမှုကို ခံယူခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပမာဏကို လျှော့ချပေးနိုင်တဲ့အတွက် တခြားလူဆီထပ်မံ ကူးစက်နိုင်စွမ်းကို လျော့နည်းသွားစေနိုင်ပါတယ်။
HIV / ကာလသားနှင့် ပတ်သတ်တဲ့ အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုတွေကို page massager Booking တဆင့်ရယူနိုင်သလို 09-668242803၊09-740979461(viber၊telegram) ကိုဆက်သွယ်ပြီး သိလိုသော ကျန်းမာရေးအကြောင်းအရာတွေကိုလည်း စုံစမ်းလို့ရပါတယ်ခင်ဗျာ။
Online Booking တင်ပြီးမှသာဝန်ဆောင်မှုများ ရယူနိုင်
မည်ဖြစ်သောကြောင့် အောက်ပါ page massager (သို့) ဖုန်းများကို ဆက်သွယ်ပြီးရက်ချိန်းယူပေးပါရန် အသိပေးအပ်ပါသည်။
21/11/2025
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား
HIV ဆိုတာ လိင်ဆက်ဆံခြင်း ကနေ အများဆုံး ကူးစက်တဲ့ ရောဂါဖြစ်ပြီး လိင်အင်္ဂါကထွက်တဲ့ အရည်၊ သွေးတွေကို ထိတွေ့မိရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီးဖြစ်စေ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာကဖြစ်စေ၊ မိခင်က သန္ဓေသားကိုဖြစ်စေ ကူးစက်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတော်တော်များများ မေးတတ်ကြတဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ HIV ပိုး ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလား ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဆိုတာ
ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး ယောက်ျားတွေရဲ့ လိင်တံ၊ မိန်းမတွေရဲ့ ယောနိ ဒါမှမဟုတ် စအိုဝကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံကြတဲ့ အမျိုးသားတွေ သဘောကျနှစ်သက်ကြပြီး အမျိုးသမီးတချို့လည်း ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို နှစ်သက်ကြပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ HIV ပိုး ကူးစက်နိုင်လား။
အတိအကျပြောလို့ ခက်တဲ့ အရာဖြစ်ပေမယ့် ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ HIV ပိုး ကူးစက်ခံရနှုန်း အင်မတန် နည်းတယ်လို့ ဆိုလို့ ရပါတယ်။ မိန်းမကိုယ် ဒါမှမဟုတ် စအိုဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံတာထက်ကို ကူးစက်တဲ့ ရာခိုင်နှုန်း အလွန်နည်းပါတယ်။
ကူးစက်မှုရာခိုင်နှုန်းကို မြင့်တက်စေတဲ့ အချက်တွေကတော့ ပါးစပ်မှာ အနာပေါက်နေတာ၊ သွားခွဲစိတ်ထားတာ၊ ပွန်းပဲ့ဒဏ်ရာဖြစ်နေတာ၊ သွားဖုံးက သွေးယိုစီးနေတာ၊ မိန်းမကိုယ်က ရာသီသွေးတွေက ထိခိုက်ရှနာရှိနေတဲ့ပါးစပ်ထဲ ဝင်တာ၊ ထိခိုက်ဒဏ်ရာရှိနေတဲ့ ပါးစပ်ထဲမှာ သုက်လွှတ်လိုက်တာ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ကနေ တခြားဘာတွေ ကူးစက်နိုင်လဲ။
HIV ပိုး ကူးစက်ဖို့ ရာခိုင်နှုန်းအလွန်နည်းပေမယ့် တခြား လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ကာလသားရောဂါ၊ လိင်အင်္ဂါရေယုန်၊ ဆီးပူညောင်းကျရောဂါတွေအပြင် စအိုကို ပါးစပ်နဲ့ ဆက်ဆံရင် အသည်းရောင် အသားဝါ အေပိုး၊ ဘီပိုး၊ အူလမ်းကြောင်းမှာ ရှင်သန်တဲ့ ပိုးတွေ၊ ဘက်တီးရီးယား၊ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ကူးစက်နိုင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံရာကနေ HIV ကူးစက်နှုန်းကို ဘယ်လိုလျှော့ချနိုင်မလဲ။
၁။ လိင်ဆက်ဆံဖော် အမျိုးသားကို ပါးစပ်ထဲမှာ သုက်မလွှတ်မိစေဖို့ ပြောပေးပါ။ ပါးစပ်ရဲ့ အပြင်မှာ သုက်လွှတ်တာဟာ ကူးစက်ရာခိုင်နှုန်းကို ထပ်ပြီး လျှော့ချပေးနိုင်ပါတယ်။
၂။ ကူးစက်ဖို့ ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့် ပေါ့လို့မဖြစ်တဲ့အတွက် ကွန်ဒုံးကို အသုံးပြုပေးပါ။ ကွန်ဒုံးဟာ HIV သာမက တခြား လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ၊ အရေပြားရောဂါတွေ မကူးစက်မိစေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
၃။ HIV ပိုးမရှိပေမယ့် ကူးနိုင်ခြေ များတဲ့သူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီး PrEP လို့ ခေါ်တဲ့ ကာကွယ်ဆေးကို ပုံမှန်သောက်ပေးနေလို့ ရသလို၊ HIV ပိုး ရှိသူတွေအနေနဲ့လည်း HIV ပိုးကို ထိန်းပေးနိုင်တဲ့ ART ဆေးကို ပုံမှန်သောက်နေတယ်ဆိုရင် ပိုးကူးစက်ဖို့ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။
၄။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အရေအတွက်ကိုလျှော့ချပါ။
၅။ အမျိုးသမီး ရာသီလာနေစဉ် လိင်ဆက်ဆံမယ်ဆို အကာအကွယ်သေချာ သုံးပေးပါ။
၆။ ပါးစပ်မှာ အနာပေါက်နေစဉ်၊ သွားခွဲစိတ်ထားတဲ့ ဒဏ်ရာမကျက်သေးဘူးဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။
သံသယရှိလို့ hiv၊ကာလသား စစ်ဆေးချင်သူများ
စစ်ဆေးချင်သူများ။ hivကာကွယ်ဆေး (prep)အခမဲ့လူချင်သူများ။ hivစစ်ဆေးပီး positiveအဖြေထွက်သူများ။ artဆေးအခမဲ့လိုအပ်နေသူများ ကျွန်တော်တို့ဆေးခန်းကိုဆက်သွယ်နိုင်ပါတယ်။
ဆက်သွယ်ရန်ဖုန်း 09740979461(viber)
35A 63 လမ်း၊မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
စက်မှု၃လမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
အခမဲ့ဆေးခန်းဖြစ်သောကြောင့်မိမိလာမယ့်ရက်ကိုကြိုတင်bookingတင်ရန်လိုအပ်ပါတယ်ဗျ။
ပိတ်ရက် စနေ တနင်္ဂနွေ အစိုးရရုံပိတ်ရက်
02/11/2025
မေး – HIV ရောဂါဖြစ်တဲ့အခါမှာ အရေပြားနဲ့ ဆိုင်တဲ့ရောဂါတွေက ဘာလဲ။
ဖြေ – အစောပိုင်း HIV ဝင်တဲ့အခါ ရေယုန်၊ ဝဲရောဂါ၊ ကြွက်နို့၊ ကာလသား၊ ဆစ်ဖလစ်ရောဂါ၊ ယားယံခြင်း၊ အဆီထွက်တဲ့ အရေပြားရောင်ရောဂါ၊ ယားယံမွှေးကျွတ်နာရောဂါ၊ ဝက်ခြံ၊ ဆေးဝါးမတည့်တဲ့လက္ခဏာ (ဥပမာ- ဆာလဖာ) စတဲ့ လက္ခဏာတွေကို အစောပိုင်း HIV မှာတွေ့ရပါတယ်။ HIV ဖြစ်တာကြာတဲ့အခါ အရေပြားကင် ဆာနာတာရှည် ရေယုန်၊ တီဘီရောဂါ၊ ကင်ဆာရောဂါစတာတွေ ဖြစ်တတ်ပါတယ်။
မေး – HIV လူနာမှာ အင်ပြင်ထွက်တာ တစ်ဦးနဲ့တစ်ဦးဘာကြောင့် မတူကြတာလဲ။ဖြေ – အင်ပြင်အမျိုးအစားနဲ့ ပြင်းထန်မှုဟာ CD4 ပမာဏ ပေါ်မှာမူတည်ပါတယ်။ လူငယ်တစ်ယောက်မှာ ပါးစပ် မှာ မှိုရောဂါပေါက်နေရင် HIV ရောဂါဝင်နေနိုင်ပါတယ်။ အင်ပြင်က တစ်ခါမှမထွက်ဘူး။ မှိုသတ်တဲ့ လိမ်းဆေး၊ CD 4 ပမာဏ ၅၀ အောက်ဖြစ်နေပြီဆိုလျှင် အရေပြားအစယူပြီး ဓာတ်ခွဲစမ်းသပ်ကြည့်ရပါမယ်။
မေး – HIV နဲ့ဆက်နွယ်ပြီးဖြစ်တတ်တဲ့ အရေပြားရောဂါတွေက ဘာလဲ။
ဖြေ – မှိုရောဂါ၊ ဗိုင်းရပ်စ်ရောဂါ၊ ဘက်တီးရီးယားနဲ့ ကပ်ပါးရောဂါ စတာတွေဖြစ်တတ်ပါတယ်။
မေး – HIV နဲ့မှိုရောဂါ အကြောင်းရှင်းပြပေးပါ။
ဖြေ – အစောပိုင်း HIV နဲ့တွဲလျက်အနေအထားရောဂါက ယားယံခြင်း၊ အဆီပြန်အရေပြားရောင်ခြင်းနဲ့ အမွေးအ မျှင်အခြေမှာ ယားယံပြီး နီရဲခြင်းဖြစ်ပါတယ်။ အဆီပြန်အရေပြားရောင်ရောဂါက အေ့ဒ်စ်ရောဂါဖြစ်တဲ့သူရဲ့ ၈၀ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်။ CD 4 ပမာဏကျလေ ရောဂါပြင်းထန်လေပါပဲ။ ပါးပြင်မှာ အရေပြားခြောက်ပြီး အနီကွက်တွေထွက်လာပါတယ်။ မျက်ခုံးနားတစ်ဝိုက် နားနောက်နဲ့ ဦးရေပြားတွေပေါ်မှာ အဓိကဖြစ်ပါတယ်။ မှို သတ်တဲ့လိမ်းဆေးနဲ့ တွဲလျက်စတီးရွိုက်တွဲလိမ်းရင် သက်သာပါတယ်။
မေး – ဗိုင်းရပ်စ်ရောဂါဝင်ခြင်းအကြောင်း ရှင်းပြပေးပါ။
ဖြေ – အဓိက ဗိုင်းရပ်စ်ပိုး Herpes၊ ရေယုန်ဗိုင်းရပ်စ်၊ HIV ဗိုင်းရပ်စ်နဲ့ Molluscum Contagiosum တို့ဖြစ်ပါ တယ်။ဗိုင်းရပ်စ်က နှုတ်ခမ်း၊ ပါးစပ်နဲ့ စအိုပတ်လည်တွေမှာ ဖြစ်တတ်ပါတယ်။ CD 4 ပမာဏ (၁၀၀)ထက် နည်းရင် အင်ပြင်ကွက်က ပိုပြင်းလာ၊ ခဏခဏပြန်ဖြစ်မယ်။ နေရာအနှံ့ရေယုန်တွေ ပေါက်မယ်။ တစ်နေရာက နေတစ်နေရာကို ပျံ့နှံ့လွယ်တတ်ပါတယ်။ နေရာအနှံ့ဖြစ်မယ်။ သိပ်များနေမယ်။ မျက်စေ့ထိခိုက်မယ်။ CD 4 ပမာဏ ၂၀၀အောက်ဖြစ်နေရင် ဗိုင်းရပ်စ်သတ်ဆေးကို အကြောဆေးတောင့်သွင်းဖို့ လိုပါလိမ့်မယ်။
လိင်တံကြွက်နို့ HIV ရောဂါပိုးဝင်ရင် စအိုနဲ့လိင်အင်္ဂါတစ်ဝိုက်မှာ ရောဂါဖြစ်ပြီး ရောဂါပြင်းထန်သလို ကုသရခက် ခဲပါတယ်။ လက်နဲ့ ခြေထောက်မှာကြွက်နိ့ဖြစ်တတ်ပါတယ်။ Molluscum Contagiosum ရောဂါက အနီကွက် ၂-၅ မီလီမီတာ အရွယ်တွေထွက်ပြီး အလယ်မှာအချိုင့်ပါနေပါတယ်။ မျက်နှာ၊ လည်ပင်း၊ ဦးခေါင်းနဲ့ လိင်အင်္ဂါ တစ်ဝိုက်မှာဖြစ်နေတတ်ပါတယ်။ CD 4 ပမာဏ တက်မယ်။ ခြစ်ထုတ်ပစ်မယ် (သို့) ကုနည်းနဲ့ Cryotherapy ကုရင်သက်သာနိုင်ပါတယ်။
မေး – ဘက်တီးရီးယားနဲ့ ကပ်ပါးပိုး HIV လူနာတွင်ဖြစ်ပုံကို ရှင်းပြပေးပါ။
ဖြေ – မွေးကျွတ်နာ၊ ပြည်တည်နာတွေ ဖြစ်တတ်ပါတယ်။ ကာလသားဆစ်ဖလစ်ရောဂါတောင် ဝင်နိုင်ပါတယ်။ HIV ဝေဒနာရှင်တွေမှာ ဝဲရောဂါက အလွန်ယားယံခြင်း၊ အနီစက်တွေကများစွာဖြစ်ပြီး အလွန်ကူးစက်လွယ်ပါ တယ်။
မေး – ပါးစပ်ထဲတွင် မှိုရောဂါဖြစ်ခြင်းအကြောင်း ရှင်းပြပေးပါ။
ဖြေ – CD 4 ပမာဏ ၂၀၀ထက်နည်းရင် ပါးစပ်ထဲမှာ အဖြူကွက်တွေဖြစ်ပြီး ဖယ်လိုက်လျှင်မျက်နှာပြင် နီရဲပြီး ကျင်နေတတ်ပါတယ်။ ပါးစပ်မှာအနာဖြစ်တာ အတွင်းပိုင်းနီရဲနေတာ၊ လျှာကချောပြီးပြောင်နေတာတွေ တွေ့ရ တတ်ပါတယ်။လူနာ ၈၀ ရာခိုင်နှုန်းထိ အစားစားလိုက်လျှင် နာကျင်ခြင်းဖြစ်လျှင် အစာရေမျိုမှာ Canoida မှိုကပ်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။
မေး – လျှာမှာ ဘာလက္ခဏာတွေဖြစ်တတ်သလဲ။
ဖြေ – Hairy Leucoplakia ဆိုတာဖြစ်တတ်ပါတယ်။ လျှာဘေးတောက်လျှောက်မှာ ဖုထစ်ဖြစ်နေတဲ့ အဖြူကွက် တွေ တန်းစီနေတတ်ပါတယ်။ ရောဂါလက္ခဏာတော့ မပြတတ်ပါဘူး။ EBV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရ တာ။
မေး – Kaposi ကင်ဆာဆိုတာဘာလဲ။
ဖြေ – အေ့ဒ်စ်ရောဂါရဲ့ လက္ခဏာတွေဖြစ်တယ်။ Herpes ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ။ အသက်ကြီးသ၊ူ ဂျူးယော က်ျားကြီးတွေ၊ ကိုယ်တွင်းကလီစာထည့်ပြီး ခုခံအားစနစ်ကို ဖိနှိပ်တဲ့ ဆေးတွေ သောက်ထားသူတွေမှာ ဖြစ်တတ်ပါတယ်။
မယားယံဘဲ ကြွတက်နေတဲ့ အစက်လေးတွေဖြစ်နေတတ်ပါတယ်။ ရောဂါသိပ်ဆိုးလာရင် အရေအ တွက်ပိုများလာပြီး ကြီးလာပါတယ်။ ART ဆေးကို ထိထိရောက်ရောက် သုံးစွဲလာတဲ့အတွက် အဲဒီကင်ဆာမျိုး ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။ အဖြစ်လျော့နည်းသွားပါတယ်။
ဒါကြောင့််အပေါ်ကအနာတစ်ခုခုမိမိခန္ဓာကိုယ်မှာပေါက်ခဲ့ရင် hivနဲ့ကာလသားစစ်ဖို့သတိရပါ။
hiv@ကာလသား
အခမဲ့စစ်ဆေးခြင်းနှင်အခမဲ့ကုသခြင်း
၇၁×၂၈bလမ်း မန္တလေးမြို့။
09740979461(viber)
အခမဲ့ဆေးခန်းဖြစ်သောကြောင့်ကြိုတင်bookingတင်ရန်လို့အပ်ပါသည်။
ဲ့စစ်ဆေးခြင်း
01/11/2025
ကြွက်နို့ ဆိုတာက လူအတော်များများမှာ ခံစားရနိုင်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူကြီးတွေ အားလုံးမှာ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကြွက်နို့ဆိုတာ ဘာလဲ။ ဘာကြောင့် ကြွက်နို့ဖြစ်ရတာလဲ။ ကြွက်နို့ကို ကာကွယ်လို့ရမလားဆိုတဲ့အချက်လေးတွေကို ပြောပြပေးသွားပါမယ်။
အရေပြားမှာ ဖြစ်တဲ့ ကြွက်နို့ ဆိုတာ
ကြွက်နို့ဆိုတာက အရေပြားဆဲလ်တွေဟာ human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ပုံမှန် မဟုတ်ဘဲ လျင်မြန်စွာ ကြီးထွားလာမှုကြောင့် ခံစားရတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။
လိင်အင်္ဂါမှာ ဖြစ်တဲ့ ကြွက်နို့တွေရှိသလို အရေပြားပေါ်မှာ အထူးသဖြင့် ခြေလက်တွေမှာ ဖြစ်တတ်တဲ့ ကြွက်နို့တွေလည်း ရှိပါတယ်။ ကြွက်နို့တွေက များသောအားဖြင့် လက်ချောင်းလေးတွေ၊ လက်တွေမှာ ပေါက်တာများပါတယ်။
ကြွက်နို့က အရေပြားပေါ်မှာ ခပ်သေးသေး အသားဖုလေးပါ။ ထိခိုက်ရင် ခပ်မာမာရှိပြီး အချို့သော ကြွက်နို့တွေမှာ အနက်ရောင် အစက်သေးသေးလေးတွေတောင် ရှိနေတတ်ပါတယ်။ ကြွက်နို့လေးတွေက သေးငယ်ပေမယ့် ဆံချည်မျှင် သွေးကြောလေးတွေကို သွေးခဲစေနိုင်ပါတယ်။
ကြွက်နို့ ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက များသောအားဖြင့် ကိုင်တွယ်ထိတွေ့မိတာကနေတဆင့် ကူးစက်ကြပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိပြီး ၂ လ ကနေ ၆ လအတွင်းမှာ ကြွက်နို့ ဖြစ်လာတတ်ပါတယ်။
အချို့သော ကြွက်နို့တွေက အန္တရာယ် မရှိသလို အချိန်အတိုင်းအတာ တစ်ခုခုကို ရောက်တဲ့အခါ သူ့အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အများစုကတော့ ကြွက်နို့ကြောင့် အရှက်ရတာ၊ စိတ်အနှောင့်အယှက် ခံစားရတာတွေကြောင့် ကြွက်နို့ကို သူ့အလိုလို ပျောက်ဖို့ထက် ဖယ်ရှားဖို့ပဲ ရွေးချယ် တတ်ကြပါတယ်။
ဘယ်လို လက္ခဏာတွေ ရှိလဲ ……
ပုံမှန်အားဖြင့် ကြွက်နို့တွေဟာ လက်တွေ လက်ချောင်းတွေမှာ ဖြစ်တတ်ပါတယ်။ မြင်သာတဲ့ လက္ခဏာတွေ အနေနဲ့
သေးငယ်ပြီး အသား ဖုလေးတွေပါ။
အရောင်က အရေပြား အရောင်နဲ့ မတူဘဲ ဖြူနေတာ၊ ပန်းရောင်၊ အနီရောင်ဖြစ်နေတာ၊ အသား နေလောင်ထားသလို အရောင်မျိုး ဖြစ်နေနိုင်ပါတယ်။
ထိလိုက်ရင် အသားဖုက ပျော့မနေဘဲ မာနေနိုင်ပါတယ်။
အသားဖု သေးသေးလေးမှာ သွေးကြောလေးတွေ ပိတ်ဆို့တာကြောင့် ဖုလေးထဲမှာ အမဲစက်လေးတွေ ဖြစ်နေနိုင်ပါတယ်။
ဘယ်အခြေအနေမှာ ဆရာဝန်နဲ့ ပြသမလဲ …..
ကြွက်နို့တွေက များသောအားဖြင့် ထိခိုက်စေတာမျိုး မရှိပေမယ့် အခုလို အခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
ကြွက်နို့က ကြီးလာမယ်။ နာမယ်။ အရောင်ပြောင်းမယ်။
ကြွက်နို့က အချိန် အတော်ကြာတဲ့အထိ မပျောက်ဘဲ ရှိနေမယ်။ ပွားမယ်။ ထပ်ခါထပ်ခါ ဖြစ်မယ်။
ကြွက်နို့လား၊ အခြား အရေပြားပြဿနာလားဆိုတာ မသဲကွဲဘဲ ဖြစ်မယ်။
အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်မယ်။ ကြွက်နို့တွေ အများကြီး ထွက်နေမယ် ဆိုရင် ကိုယ်ခံအားမှာ ချို့ယွင်းချက် တစ်ခုခု ရှိနေတာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။
ဘာကြောင့် ကြွက်နို့ ဖြစ်ရတာလဲ …..
ကြွက်နို့ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့်ပါ။ ဒီဗိုင်းရပ်စ်က အမျိုးအစား ၁၅၀ ကျော်ရှိပါတယ်။ ဒါပေမယ့် လက်မှာ ကြွက်နို့ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးအစားကတော့ သိပ်အများကြီး မရှိပါဘူး။
လိင်အင်္ဂါကြွက်နို့ဆိုရင် လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တတ်ပါတယ်။ တခြားကူးစက်နိုင်ခြေ ရှိတဲ့ အခြေအနေတွေကတော့ အရေပြားချင်း ထိတွေ့မိတာ၊ အသုံးအဆောင်တွေ မျှဝေ သုံးစွဲမိတာတွေကနေ တဆင့် ကူးစက်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်က အရေပြားကို ကုတ်ခြစ် ပွန်းပဲ့မိတာကြောင့် အရေပြား ပေါက်ပြဲမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။
လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ခံအားက HPV ဗိုင်းရပ်စ်ကို တုံ့ပြန်ပုံ မတူကြပါဘူး။ ဒါကြောင့် HPV ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတိုင်းလည်း ကြွက်နို့ မဖြစ်နိုင်ပါဘူး။
ဘယ်သူတွေက ဖြစ်နိုင်ခြေ အများဆုံးလဲ ……
ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့အတွက် ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့
ကလေးငယ်တွေ
ဆယ်ကျော်သက်တွေ
ကိုယ်ခံအား နည်းနေတဲ့
သက်ကြီးရွယ်အိုတွေ
ကိုယ်အင်္ဂါ အစားထိုး ကုသမှု ခံယူထားသူတွေ
ကိုယ်ခံအား ကျဆင်းနေတဲ့
HIV ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ
AIDS ရောဂါ ခံစားနေရသူတွေမှာ ကူးစက်ခံရနိုင်ပါတယ်။
ဒါကြောင့်ကြွက်နို့ပေါက်ရင် hiv၊ကာလသား စစ်ဆေးသင့်ပါတယ်၊၊
လိင်ပိုင်းဆိုင်ရာအခမဲ့ဆေးခန်း
72 28bလမ်း မန္တလေးမြို့။
ဖုန်း 09740979461(viber)
အခမဲ့ဆေးခန်းဖြစ်သောကြောင့်မိမိလာမည့်ရက်ကိုကြိုတင်စာရင်းသွင်းရန်လိုအပ်ပါသည်။
#ကြွက်နို့
01/11/2025
လူတစ်ယောက်က အကျင့်တစ်ခုကို ပျိုးထောင်ဖို့ အနည်းဆုံး အချိန် ၂၁ ရက် ယူရပါတယ်တဲ့။ နေ့စဉ်လုပ်နေကျ အရာတွေမှာ အကျင့်တစ်ခုထပ်ပေါင်းထည့်ဖို့ ရက်တော်တော်ကြာ အချိန်ပေးရတာမလို့ “နေ့စဉ်ပုံမှန်”ဆိုတဲ့ စကားက လွယ်ပေမဲ့ လက်တွေ့လိုက်လုပ်ဖို့တော့ အစပိုင်းမှာ အခက်တွေ့ရတတ်ပါတယ်။ 😣
ART ဆေးဆိုတာ နေ့စဉ်အချိန်မှန် သောက်ဖို့ လိုအပ်တဲ့ ဆေးဖြစ်လို့ အခုမှ ဆေးစသောက်မဲ့ သူငယ်ချင်းတွေလည်း ဒီလိုအခက်အခဲမျိုး ကြုံရလေ့ရှိပါတယ်။
တစ်ရက်တစ်လေ နောက်ကျတာ၊ မေ့သွားတာလောက်တော့ ဘာမှမဖြစ်ပါဘူးလို့ တွေးမိနိုင်ပေမဲ့ တကယ်တော့ ဆေးသောက်ချိန်နောက်ကျတာ၊ ရက်ကျော်သွားတာမျိုးက အချိန်ကြာလာတဲ့အခါ ဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်ပါတယ်။ 🚨
နောက်ပြီး ART ကုထုံးဆိုတာ အားလုံးသိတဲ့အတိုင်း HIV ပိုးကောင်ရေကို ထိန်းချုပ်ပေးနိုင်တာပဲဖြစ်ပြီး အရှင်းပျောက်အောင်တော့ ကုသမပေးနိုင်ပါဘူး။
❗️ ဆေးယဉ်ပါးသွားလို့ ဆေးတွဲပြောင်းသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးပိုများတာ၊ ထုတ်ယူရခက်တာမျိုး ကြုံတွေ့ရနိုင်လို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း နေ့စဉ််ပုံမှန် အချိန်မှန် သောက်ပေးရပါမယ်။
ဆေးသောက်ချိန်မမေ့သွားစေဖို့
💡 ဆေးဘူးကို မြင်သာတဲ့နေရာမှာထားတာ
💡 နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတစ်ခုခုနဲ့ တွဲမှတ်ပြီး သောက်တာ (ဥပမာ - မနက်သွားတိုက်ပြီးတာနဲ့ ဆေးသောက်တာ၊ မနက်စာ စားပြီးတာနဲ့ ဆေးသောက်တာ စသဖြင့်)
💡 Alarm ပေးထားတာ
💡 Reminder Application တစ်ခုခု အသုံးပြုတာ
💡 ဆေးသောက်ပြီးတဲ့အခါ ပြက္ခဒိန်မှာ အမှတ်အသားလုပ်တာစတဲ့ နည်းလမ်းတွေ လုပ်ကြည့်ဖို့နဲ့
💊 တစ်ခါတစ်လေ အကြောင်းကိစ္စအမျိုးမျိုးကြောင့် အပြင်ရောက်နေတာ၊ ခရီးထွက်ရတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် ဆေးထည့်တဲ့ဘူးနဲ့ အသင့်ထည့်ထားပြီး အိတ်ထဲမှာ ဆောင်ထားဖို့ အကြံပြုပါတယ်။
ကျင့်သားရဖို့ ခက်ပေမဲ့လည်း ဒီအချက်လေးတွေနဲ့ တွဲလုပ်တဲ့အခါ လပိုင်းလောက်နဲ့ အကျင့်တစ်ခု ဖြစ်လာနိုင်တာမလို့ ART ဆေးကို နေ့စဉ်ပုံမှန် အချိန်မှန်သောက်ဖို့ လက်တွေ့အသုံးချကြည့်လိုက်နော်။ 😇
💭 ART ကုထုံးနဲ့ပတ်သက်လို့ ထပ်သိချင်တဲ့အကြောင်းအရာတွေကို Comment မှာဖြစ်ဖြစ်၊ Page Messenger မှာဖြစ်ဖြစ် လာရောက်တိုင်ပင်ဆွေးနွေးပေးဖို့လည်း အေးဆေးပါက ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
hivစစ်ဆေးခြင်း၊ကာလသားစစ်ဆေးခြင်းကို
အခမဲ့ရယူလိုက်ပါ။
ကြိုတင်စာရင်းသွင်းရန်
ph 09740979461(viber)
၇၂ ၂၈လမ်း၊မန္တလေးမြို့။
#အေအာတီ
29/10/2025
HIV သို့မဟုတ် AID များအတွက် ဆရာဝန်ထံ မည်သည့်အချိန်တွင် ပြသသင့်သလဲ?
စမ်းသပ်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု သို့မဟုတ် မသေချာပါက သင်တစ်ယောက်တည်းမဟုတ်ကြောင်း သတိရပါ။ ဆရာဝန်ထံ ဆက်သွယ်ပါ သို့မဟုတ် ယုံကြည်စိတ်ချရသော ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ သွားရောက်ပါ။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ကမ်းလှမ်းနိုင်သည်-
လျှို့ဝှက် HIV ဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့် ပံ့ပိုးကူညီခြင်း။
စမ်းသပ်စစ်ဆေးရန် သင့်လျော်သောအချိန်ကို လမ်းညွှန်ခြင်း။
ရရှိနိုင်သော ကုသမှုများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အချက်အလက်
ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းခရီးမှတဆင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု
ကျွန်ုပ်တို့သည် HIV စစ်ဆေးခြင်းနှင့် စောင့်ရှောက်မှုအတွက် သနားကြင်နာပြီး လျှို့ဝှက်ထားသော ပတ်ဝန်းကျင်ကို ပေးဆောင်ပါသည်။ မတွန့်ဆုတ်ပါနှင့်၊ စောစီးစွာ ရောဂါရှာဖွေခြင်းသည် သင့်အား ဤသန္ဓေသားရောဂါမှ ကာကွယ်နိုင်ပါသည်။
ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ရောင်ရမ်းခြင်းကဲ့သို့သော အမျိုးသားများတွင် HIV ရောဂါလက္ခဏာများကို အချိန်မီ စီမံခန့်ခွဲရန် အရေးကြီးပါသည်။ လုံခြုံသောလိင်ဆက်ဆံခြင်းကိုလေ့ကျင့်ပါ၊ ပုံမှန်စစ်ဆေးမှုခံယူပြီး ကူးစက်နိုင်ခြေကိုလျှော့ချရန် PrEP ကိုစဉ်းစားပါ။
ကျွန်တော်တို့ဆေးခန်းသည် HIV အသိပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းကို ဦးစားပေးလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ သီးသန့်ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် HIV/AIDS ဝေဒနာရှင်တစ်ဦးချင်းစီအတွက် ပြီးပြည့်စုံသော စောင့်ရှောက်မှု၊ အကြံဉာဏ်ပေးခြင်းနှင့် ပံ့ပိုးကူညီမှုပေးရန် ကတိပြုပါသည်။ အစောဆုံးရှာဖွေတွေ့ရှိမှုသည် HIV ပိုးကို စီမံခန့်ခွဲခြင်းနှင့် ပြည့်စုံသောဘဝနေထိုင်ခြင်းတွင် သိသာထင်ရှားသော ခြားနားချက်တစ်ခုကို ဖန်တီးနိုင်သည်ကို သတိရပါ။ ပိုမိုကျန်းမာပြီး HIV သတိပြုမိသော အသိုက်အဝန်းတစ်ခု ဖန်တီးရန် အတူတကွ ပူးပေါင်းကြပါစို့။
သံသယရှိလို့ hiv၊ကာလသား စစ်ဆေးချင်သူများ
စစ်ဆေးချင်သူများ။ hivကာကွယ်ဆေး (prep)အခမဲ့လူချင်သူများ။ hivစစ်ဆေးပီး positiveအဖြေထွက်သူများ။ artဆေးအခမဲ့လိုအပ်နေသူများ ကျွန်တော်တို့ဆေးခန်းကိုဆက်သွယ်နိုင်ပါတယ်။
ဆက်သွယ်ရန်ဖုန်း 09740979461(viber)
72 28လမ်း၊မန္တလေးမြို့။
စက်မှု၃လမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
အခမဲ့ဆေးခန်းဖြစ်သောကြောင့်မိမိလာမယ့်ရက်ကိုကြိုတင်bookingတင်ရန်လိုအပ်ပါတယ်ဗျ။
ပိတ်ရက် စနေ တနင်္ဂနွေ အစိုးရရုံပိတ်ရက်
28/10/2025
HIV ပိုးရှိနေတဲ့ မိသားစုဝင်ကို ဘယ်လိုအားပေးကူညီမလဲ
HIV ဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိသူ မိဘထံမှ သန္ဓေသားဆီသို့၊ ရောဂါပိုးရှိတဲ့သွေး သွင်းမိခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ကူးစက်နိုင်ပါတယ်။ HIV ကို လက်ရှိအချိန်ထိ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးတဲ့တိုင်အောင် ရောဂါပိုးဆက်မပြန့်ပွားအောင် ထိန်းချုပ်နိုင်တဲ့ ဆေးတွေထွက်ပေါ်လာပြီဆိုတော့ အရင်ကလောက်တော့ ကြောက်ဖို့ ကောင်းလောက်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်သူကတော့ ဒီလိုရောဂါပိုး ကူးစက်ခံရတာမျိုး ဖြစ်ချင်ပါ့မလဲ။ ကိုယ့်မှာ ရောဂါပိုးရှိတယ်ဆိုတာ သိရင်လည်း စိတ်အခြေအနေ အကောင်းအတိုင်း ဖြစ်နေတဲ့သူဆိုတာလည်း တော်တော်ရှားမှာပါ။
HIV ဝေဒနာရှင်ရဲ့ စိတ်ခံစားချက်
တခြားရောဂါတွေလိုမဟုတ်ဘဲ HIV ပိုး ရှိတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေဟာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့အထိ သက်ရောက်မှု ပြင်းထန်ပါတယ်။ ကာယကံရှင်အနေနဲ့ ဒီသတင်းကို ကြားကြားချင်းမှာ မယုံနိုင်အောင် ထိတ်လန့်မယ်၊ သူ့ရဲ့ ချစ်သူ၊ မိဘ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ၊ လူမှုပတ်ဝန်းကျင်က သူ့ကို ဘယ်လိုထင်မြင်ကြမလဲ၊ ကွယ်ရာမှာရော အတင်းတွေ ပြောကြမလား၊ ဒီရောဂါပိုးနဲ့ပဲ အသက်ဆုံးရတော့မှာလား။ အကယ်လို့ နိုင်ငံခြားထွက် ကျောင်းတက်၊ အလုပ်လုပ်မယ့်သူဆိုရင်ရော ဘာဆက်လုပ်ကြမလဲ၊ အစီအစဉ်တွေ အကုန်ဖျက်ရတော့မှာလား စသဖြင့် တွေးစရာအတွေးတွေ သိပ်ကိုများနေမှာ ဖြစ်သလို တော်တော်လေး ယူကြုံးမရ စိတ်ထိခိုက်နေမိမှာ အမှန်ပါပဲ။
HIV ဝေဒနာရှင်ရဲ့ မိသားစုရဲ့ အခန်းကဏ္ဍ
ဒီလိုအချိန်မှာ မိသားစုရဲ့ နွေးထွေးမှု၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေဟာ အရမ်းကို အရေးပါနေပါတယ်။ ကာယကံရှင်ဆီကနေ ဒီလိုသတင်းမျိုး ကြားသိသိချင်းမှာ ဘယ်သူကရော ဝမ်းမနည်းဘဲ နေနိုင်ပါ့မလဲ၊ ကိုယ်ချစ်တဲ့ မိသားစုဝင်က ဒီလိုအဖြစ်ဆိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကို ဘယ်သူကရော မြင်ချင်ပါ့မလဲ။ ဒီတော့ နာကျင်မှုကို ဝေမျှခံစားမပေးနိုင်တဲ့တိုင်အောင် ကာယကံရှင်ရဲ့ စိတ်ကို အေးချမ်းလုံခြုံစေဖို့ အဓိက ပံ့ပိုးပေးရမယ့် မိသားစုရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးပါပါတယ်။
မိသားစုဝင်တွေအနေနဲ့ ဘယ်လိုကူညီပံ့ပိုးပေးမလဲ။
၁။ အရင်ဆုံး ကိုယ့်စိတ်ကို အေးအေးထားပါ။ အပြစ်တင်တာ၊ ငိုတာတွေ၊ ဆူပူကြိမ်းမောင်းတာတွေ လုပ်နေလို့လည်း ဒီအချိန်မှာ ဘာမှမထူးတော့ပါဘူး။ ကာယကံရှင် ရင်ဖွင့်သမျှကို ဘာမှဖြတ်မပြောဘဲ စိတ်အေးအေးထားပြီး သေချာနားထောင်ပါ။
၂။ နွေးထွေးမှု၊ လုံခြုံမှုကို ပေးပါ။ ဘယ်လိုရောဂါတွေပဲ ရှိနေပါစေ၊ ဘယ်လိုအဖြစ်ဆိုးတွေနဲ့ပဲ ကြုံတွေ့ပါစေ၊ မိသားစုဆိုတာ အမြဲတမ်းနောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေမယ်၊ လိုအပ်တာမှန်သမျှ ကူညီဖြည့်ဆည်းပေးမယ်၊ ဒါကို ကာယကံရှင်သိအောင် သေချာပြောပြပါ။
၃။ မိသားစုဝင်ကိုယ်တိုင်လည်း HIV ပိုးနဲ့ AIDS ရောဂါအကြောင်းကို လေ့လာစုံစမ်းပါ။ ယခု ၂၁ ရာစုမှာ HIV ပိုးကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ဒါပေမယ့် HIV ပိုးဆက်မပြန့်အောင် ထိန်းပေးနိုင်တဲ့ ART ဆေးကိုသာ နေ့တိုင်း အချိန်မှန်သောက်ပေးမယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေထိုင်နိုင်ပြီး ပျော်ရွှင်စရာမိသားစုဘဝကိုပါ တည်ဆောက်နိုင်မှာပါ။
၄။ ရောဂါအကြောင်း လေ့လာပြီးပြီဆိုရင် ကာယကံရှင်ကို ကိုယ်တိုင်ဂရုစိုက်ပါ။ ဥပမာ – ဆေးကို အချိန်မှန်သောက်ဖို့ သတိပေးတာ၊ အစာအာဟာရ ပြည့်စုံအောင် ချက်ပြုတ်ကျွေးမွေးတာ၊ ကိုယ်ခံအားကောင်းအောင် နေထိုင်မှုပုံစံတွေကို ကူညီပြောင်းလဲပေးတာမျိုး မိသားစုဝင်တွေဘက်ကနေ ဖြည့်ဆည်းပေးလို့ရပါတယ်။
၅။ ကာယကံရှင်နဲ့အတူ မိသားစုဝင်တွေလည်း သွေးသွားစစ်ပြီး ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပါ။ ကာယကံရှင်ရဲ့ ကျန်းမာရေးအခြေအနေ (ကိုယ်ခံအားစနစ် CD4 ဆဲလ်ပမာဏ၊ သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ) ကို သေချာလေ့လာထားပါ။ ဆေးခန်းရက်ချိန်းမှာ မပျက်ကွက်စေဖို့ မိသားစုဝင်တွေလည်း အတူလိုက်သွားပေးပါ။
၆။ HIV ဝေဒနာရှင်ရဲ့ စိတ်ကို သေချာဂရုစိုက်ပါ။ အထူးသဖြင့် ဆေးစစ်ချက်အဖြေထွက်ကာစအချိန်မှာ ပိုဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်က ကာယကံရှင်ကိုယ်တိုင်လည်း စိတ်အပြောင်းအလဲတွေ အရမ်းမြန်လွန်းတာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းပြီး ဘာမှမလုပ်ချင်မကိုင်ချင် ဖြစ်တာတွေအပြင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာမျိုးတွေပါ လုပ်နိုင်ပါတယ်။ မိသားစုဝင်တွေအနေနဲ့ အခြေအနေကို မျက်ခြေမပြတ်တမ်း စောင့်ကြည့်ပြီး သေချာဖေးမကူညီပေးပါ။
၇။ HIV ပိုးရှိခြင်းဟာ ရှက်စရာကိစ္စမဟုတ်ကြောင်း၊ ဆေးသာမှန်မှန်သောက်ရင် ကျန်းမာနိုင်တယ်ဆိုတဲ့အကြောင်းကို အမြဲတမ်း ပြောပြပါ။ HIV ပိုးရှိလို့ ဘဝမဆုံးသွားပါဘူး၊ ဒီပိုးကို အမြန်ထိန်းချုပ်ဖို့ မစတင်မှသာ ကျန်းမာရေးကို ထိခိုက်နိုင်တာပါ။ လူရဲ့ကိုယ်ခံအားထက် စိတ်ခွန်အားတက်နေဖို့ အရမ်းအရေးကြီးပါတယ်။
စိတ်ရဲ့ ခွန်အားဆိုတာ ဒီလိုအခြေအနေမှာ တော်တော်စကားပြောပါတယ်။ ဘယ်လောက်ပဲ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်ဆိုးနဲ့ ကြုံတွေ့နေရပါစေ၊ ကိုယ်ချစ်တဲ့ မိသားစုဝင်တွေက ကိုယ့်ကို စိတ်မပျက်သွားဘဲ အနောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတယ်ဆိုတဲ့ အသိမျိုး၊ ခံစားချက်မျိုး ရပြီဆိုတာနဲ့ ဝေဒနာရှင်ရဲ့ ဘဝအနာဂတ်ဟာ လုံးဝပြောင်းလဲသွားနိုင်ဖို့ သေချာသလောက်ရှိပါတယ်။
ထပ်ပြီး ပြောရမယ်ဆိုရင် HIV ပိုးသည် လက်ရှိအချိန်မှာ ထိန်းချုပ်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ စိတ်နဲ့ ခန္ဓာကျန်းမာရေး၊ ကိုယ်ခံအားကို သေချာဂရုစိုက်ရင် ဒီရောဂါပိုးကြောင့် ကိုယ့်ဘဝ ကျရှုံးစရာမရှိပါဘူး။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
hivအခမဲ့စစ်ဆေးခြင်း၊ဆွေးနွေးခြင်းနှင်hivပိုးရှိပါက ကုသခြင်းများအခမဲ့ဆောင်ရွက်ပေးနေပါပြီ။
prep(hivကြိုတင်ကာကွယ်ဆေး)ကိုလည်းအခမဲ့ရယူနိုင်ပါပြီ။
ဆက်သွယ်ရန်-09740979461(viber)
72×28လမ်း၊မန္တလေးမြို့။
စက်မှု၃လမ်း၊တာမွေမြို့။
26/10/2025
သွေးထဲက HIV ပိုးကောင်ရေပမာဏကို စစ်ဆေးခြင်း (HIV Viral Load)
Viral Load ဆိုတာ ဘာလဲ။
HIV ပိုးရှိတဲ့သူတွေမှာ သူတို့သောက်နေတဲ့ ဆေးဝါးတွေကို တုံ့ပြန်ခြင်းရှိမရှိ၊ သွေးထဲမှာ ပိုးကောင်ရေ ဘယ်လောက်ကျန်သေးလဲ၊ ရောဂါအခြေအနေ စတာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်ကြည့်ရပါတယ်။ ဒီလိုစစ်ဆေးခြင်းကို HIV Viral Load တစ်နည်းအားဖြင့် သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အဓိကကတော့ ပိုးကောင်ရေနည်းလေလေ HIV ပိုးရှိသူတွေအတွက် အခြေအနေကောင်းလေလေပါပဲ။ ဒါကြောင့်လည်း HIV ပိုးထိန်းဆေးကို သောက်ပြီး ၆လပြည့်တာနဲ့ သွေးထဲက ပိုးကောင်ရေပမာဏကို အမြဲစစ်နေဖို့ အရေးကြီးပါတယ်။
CD4 ဆဲလ် ပမာဏစစ်ဆေးခြင်း
ဒါကတော့ HIV ပိုး ရှိတယ်လို့ စစချင်း ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ထဲမှာ ရှိတဲ့ CD4 ဆဲလ်ပမာဏ ဘယ်လောက်ရှိလဲဆိုတာကို သွေးဖောက်ပြီး စစ်ဆေးတာပဲ ဖြစ်ပါတယ်။ CD4 ဆဲလ်ဆိုတာ ကျွန်တော်တို့ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ သွေးဖြူဆဲလ်တွေကို ပြောတာဖြစ်ပြီး ဒီဆဲလ်တွေက များလေလေ ကိုယ်ခံအားကောင်းလေလေ၊ တခြားရောဂါတွေ ဖြစ်ဖို့ အခွင့်အရေးနည်းသွားနိုင်ပါတယ်။ HIV ပိုးမရှိတဲ့သူတွေမှာ CD4 ဆဲလ် ပမာဏ ၅၀၀ ကနေ ၁၅၀၀ ကြား ရှိနိုင်ပြီး HIV ပိုးရှိသူတွေမှာတော့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အဲ့ထက် နည်းသွားနိုင်ပါတယ်။ CD4 ပမာဏက ၂၀၀ အောက်ရောက်နေပြီဆိုရင်တော့ တခြားရောဂါတွေဖြစ်ဖို့ အခွင့်အရေး အရမ်းများလာနေပြီဆိုတာကို ပြနေတာပါ။
Viral Load ပမာဏကို စစ်ဆေးဖို့အတွက် ဘာလိုအပ်လဲ။
အဓိကကတော့ သွေးဖောက်ထုတ်ပြီး စစ်ရမှာဖြစ်ပါတယ်။ ART ဆေးသောက်ပြီး ၆လလျှင် တစ်ကြိမ် သွေးဖောက်စစ်ဖို့ လိုပါတယ်။ သွေးရဲ့ ၁ မီလီလီတာမှာ ပိုးကောင်ရေပမာဏ ဘယ်လောက်ရှိနေလဲဆိုတာကို အနုကြည့်မှန်ပြောင်းနဲ့ ဓာတ်ခွဲခန်းမှာ စစ်ဆေးရပါတယ်။ ပိုးကောင်ရေ နည်းနိုင်သမျှ နည်းနိုင်ဖို့အတွက် ART ဆေးကို နေ့တိုင်းအချိန်မှန် မပျက်မကွက်သောက်ဖို့ လိုအပ်သလို ကိုယ့်ရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်မှုပုံစံ၊ လိင်မှုကိစ္စတွေအားလုံးကို ဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။
Viral Load စစ်ဖို့ အချိန်ဘယ်လောက် ကြာတတ်လဲ။
ကိုယ်ပြတဲ့ ဆေးခန်းပေါ် မူတည်ပါတယ်။ အဖြေထွက်ပြီဆိုတာနဲ့ ချိတ်ပိတ်စာအိတ်ထဲ သိမ်းထားမှာဖြစ်ပြီး လူနာကိုယ်တိုင် ဆေးခန်းလာပြတဲ့အချိန်မှသာ ဆရာဝန်က ဒါကို ဖောက်ပြပြီး အဖြေကို ပြောပြမှာ ဖြစ်ပါတယ်။ ပိုးကောင်ရေပမာဏက အရင်တစ်ခေါက်ကထက် နည်းလာတိုင်း ကိုယ်သောက်နေတဲ့ ဆေးက အာနိသင်ပြနေတယ်၊ ဆေးကို မှန်မှန်သောက်တယ်ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
ပိုးကောင်ရေက များနေသေးတယ်၊ မကျသွားဘူးဆိုရင်တော့ သောက်နေတဲ့ ဆေးက ကိုယ်နဲ့ ဆေးမတိုးတာဖြစ်စေ၊ ကိုယ်က ဆေးကို အချိန်မှန်သေချာမသောက်တာဖြစ်စေ၊ ဒါမှမဟုတ် တခြားလိင်မှုကိစ္စကြောင့် ပိုးအသစ်တွေ ကူးစက်ခံရတာလားဆိုတာ ပြန်ပြီး အဖြေရှာဖို့ လိုအပ်ပါတယ်။
ပိုးကောင်ရေ လုံးဝမရှိတော့တာရော ဖြစ်နိုင်လား။
သွေးထဲမှာ လုံးဝမရှိတော့တာတော့ မဟုတ်ပါဘူး။ စက်က စစ်နိုင်တဲ့ ပမာဏအောက်ကို ရောက်သွားတာပါ။ ဒါကို Undetectable Stage လို့လည်း ခေါ်ပါတယ်။ ပိုးကောင်ရေရှာဖွေတဲ့စက်ပေါ် မူတည်ပြီး အကောင်ရေ ၂၀ အောက်၊ ၅၀ အောက်၊ ၁၀၀ အောက်ရောက်သွားတဲ့အခါ စက်က ပိုးကောင်ရေ မရှိတော့ဘူးဆိုတဲ့ အဖြေကို ပြပါတယ်။ ဒီအဆင့်မှာတော့ ကိုယ့်ဆီကနေ တခြားတစ်ယောက်ဆီကို HIV ပိုး ကူးစက်နိုင်ဖို့ အခွင့်အရေး နည်းသွားပါတယ်။ ဒီအဆင့်ကို ဆက်လက်ထိန်းထားဖို့ ART ဆေးကို ထုံးစံအချိန်အတိုင်းပဲ မပျက်မကွက်သောက်နေဖို့တော့ လိုမှာပါ။
HIV ရှိနေတဲ့ အိမ်ထောင်ရှင်တွေ ကလေးယူဖို့ စဉ်းစားထားတယ်ဆိုရင်ရော။
အမျိုးသားမှာ ဖြစ်စေ၊ အမျိုးသမီးမှာဖြစ်စေ၊ HIV ပိုးရှိတယ်၊ ကလေးလည်း မွေးဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ART ဆေးကို မပျက်မကွက်သောက်နေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ မိခင်လောင်းတွေမှာ HIV ပိုးရှိတဲ့အခါ သားဖွားမီးယပ်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးတွေ၊ ART ဆေးကို သေချာသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတာ မိခင်ရဲ့ ကိုယ်ခန္ဓာထဲမှာ သန္ဓေတည်ရတာဖြစ်တဲ့အတွက် မိခင်မှာ ပိုးရှိနေရင် ဗိုက်ထဲက သန္ဓေသားကိုပါ ကူးစက်နိုင်ခြေရှိတဲ့အတွက်ပါ။
ဒီဆောင်းပါးလေးကို ဖတ်ခြင်းဖြင့် HIV ပိုးရှိနေတဲ့သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရောဂါ အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးသုံးဖို့ကို ဘယ်တော့မှ မမေ့ဖို့တော့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။
မိမိမှာလိင်ဆက်ဆံမယ်ဆိုရင်အကာကွယ််သုံးပါ
၃လ(သို့)၆လတကြိမ်သွေးပုံမှန်စစ်ပါ။
လိင်ကိစ္စနဲ့မကင်းလျှင်
hivကြိုတင်ကာကွယ်ဆေး(prep)နှင့်ကြိုတင်ကာကွယ်ပါ
သွေးစစ်ကြည့်လို့hivဖြစ်လျှင်ဆရာဝန်နဲ့တိုင်ပင်ပြီးartဆေးကိုတက်နိုင်သလောက်စောစောသောက်ပါ။
hivပိုးတွေ့လို့ ARTဆေးလိုအပ်လျှင် ကျွန်တော့်ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
ဆက်သွယ်ရန်
09740979461(viber)
၇၁၂၈လမ်း၊ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။
စက်မှု၃လမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
telegram link
https://t.me/hivprevent09740979461
စစ်ဆေးကုသမှုအခမဲ့ဖြစ်သောကြောင့်ဆေးခန်းကိုလာမည်ဆိုလျှင် ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါတယ်နော်။
25/10/2025
HIVပိုး ကူးစက်ခံရသော ရောဂါလက္ခဏာများသည် ရောဂါပိုးကူးစက်ခံရခြင်း အဆင့်ပေါ်မူတည်၍ ကွဲပြားနိုင်ပါတယ်။
အဆင့် (၁) - HIVပိုး ခန္ဓာကိုယ်ထဲသို့ ဝင်ပြီးပြီးချင်း အဆင့်
HIVပိုး ကူးစက်ခံရပြီး ရက်သတ္တပါတ် ၂ပါတ် - ၄ပါတ်အတွင်းတွင် ရာသီတုပ်ကွေးကဲ့သို့သော လက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ညဖက်ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ မောပန်းခြင်း၊ အကြိတ်ယောင်ခြင်းနှင့် ပါးစပ်အနာပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ (ဤအဆင့်တွင် သွေးထဲ၌ HIVပိုး အမြောက်များရှိပြီး အလွန်ကူးစက်လွယ်ပါတယ်။)
အဆင့်(၂) - ရောဂါလက္ခဏာမပြပဲ ငုပ်လျှိုးနေသောအဆင့်
ဤအဆင့်တွင် HIVပိုးသည် လူ့ခန္ဓာကိုယ်ထဲတွင် ပုံမှန်ပွားများနေပြီးရောဂါလက္ခဏာမပြပဲ ၁၀နှစ်ခန့်ထိ နေနိုင်သော်လည်း အခြားသူများထံ ကူးစက်စေနိုင်ပါတယ်။ အချို့သူများတွင် ကိုယ်ခံအားပေါ်မူတည်၍ စောလျင်စွာ ရောဂါလက္ခဏာပြတာတွေရှိတတ်ပါတယ်။ ဆေးကုသမှုမခံယူပါက ရောဂါလက္ခဏာများ ပေါ်ပေါက်လာမှာ ဖြစ်ပြီး အဆင့် (၃) AIDS ရောဂါသို့ ကူးပြောင်းသွားနိုင်ပါတယ်။ ဆေးကုသမှု စောစောခံယူပါက AIDSအဆင့်သို့မပြောင်းဘဲ ပုံမှန်လူကဲ့သို့ သက်တမ်းစေ့နေနိုင်မည်ဖြစ်ပါတယ်။
အဆင့် (၃) AIDS
AIDSရောဂါဟာ HIVကူးစက်မှုရဲ့ နောက်ဆုံးအပြင်းထန်ဆုံးအဆင့်ဖြစ်ပါတယ်။ HIVပိုးဟာ ခုခံအားစနစ်ကို ဆိုးရွားစွာ ပျက်စီးစေသောကြောင့် ခန္ဓာကိုယ်သည် အခွင့်အရေးယူဝင်ရောက်တတ်သော ရောဂါများကို မတိုက်ထုတ်နိုင်ပါ။
AIDS အဆင့်သို့ရောက်ရှိနေသူများမှာ HIV ပိုးကောင်ရေ အလွန်အမင်းများပြားနေပြီး သူတစ်ပါးသို့ကူးစက်နိုင်ခြေ အလွန်မြင့်မားပါတယ်။ စနစ်တကျကုသမှုမခံယူပါက ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် အသက်သေဆုံးသည် အထိ ဖြစ်နိုင်ပါတယ်။
မိမိချစ်ခင်ရသူများနှင့်အတူ hivအခမဲ့လာရောက်စစ်ဆေးပါ။စစ်ဆေးကုသမှုအခမဲ့ဖြစ်သောကြောင့်ငွေကြေးတပြားတချပ်မှပေးစရာမလိုပါ။
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့
တာမွေမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း 09740979461(viber)
https://t.me/hivprevent09740979461
25/01/2025
HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။
လူနာတွေကို HIV ရှိနေပြီလို့ ပြောလိုက်တဲ့အခါမှာ သူက ‘မဖြစ်နိုင်ဘူး။ ကျွန်တော်/ ကျွန်မက မဟုတ်တာ ဘာမှမလုပ်ဘူး’လို့ ပြန်ပြောတာ ကြုံဖူးပါတယ်။ ဒါမှမဟုတ်ရင်တောင် ‘သေချာလို့လား။ အဖြေမှားနေတာလည်း ဖြစ်နိုင်တာပဲ’ဆိုပြီးလည်း ပြောကြပါတယ်။ အဖြေလည်း မှားနိုင်တာကြောင့် သေချာအောင် ၂ခါစစ်ပြီးမှ ပြောတာပါ။ HIVရှိတယ်လို့ လူနာကို ပြောရတာ အင်မတန်ခက်ခဲပါတယ်။ နောက်ဆုံး သူတို့လက်ခံလိုက်ပြီဆိုရင်တောင် သူတို့ပြောတတ်တာက HIV ဘယ်လိုကူးခံရမှန်း မသိပါဘူးဆိုတာ ပါပဲ။ ဒါဖြစ်နိုင်ပါ့မလား။
HIV ဘယ်လိုကူးခံရမှန်း ဘာကြောင့်မသိတာလဲ။
ပထမတစ်ချက်ကတော့ HIVရဲ့ သဘောသဘာဝကြောင့်ပါပဲ။ HIVမှာ သူပါလို့ သေချာသိရလောက်တဲ့ လက္ခဏာတွေ မရှိပါဘူး။ ပိုးကူးခံရသူ အများစုက စစကူးပြီး ၂ပတ်က ၆ပတ်အတွင်းဆို တုပ်ကွေးလို လက္ခဏာတွေလို ၂ပတ်လောက် ခံစားရတတ်ပါတယ်။ တုပ်ကွေးလို လက္ခဏာဖြစ်တဲ့အတွက် လူတိုင်းကလည်း သူ့ကိုယ်ကို တုပ်ကွေးဖြစ်နေတယ်လို့ပဲ ထင်တာပေါ့။ HIV ကူးတယ်လို့ ထင်မှာ မဟုတ်ဘူးလေ။
အဲ့လိုတုပ်ကွေးလက္ခဏာတွေလည်း ပျောက်သွားရော နောက်ထပ် ဘာလက္ခဏာမှ မပြတော့ပါဘူး။ နှစ်ပေါင်းများစွာ ကိုယ်ထဲမှာနေ၊ ကိုယ်ခံအားကို ဖျက်ဆီးနေပြီး နောက်ဆုံး ခုခံအားတွေ တော်တော်ကြီး ကျလာမှပဲ သိလာပါတော့တယ်။
နောက်တစ်ချက်က ကူးစက်တဲ့ နည်းလမ်းကို သေချာမသိကြလို့ပါ။ HIVပိုးရှိတယ်လို့ ပြောလိုက်ရင် ကျွန်တော်က အပျော်အပါး မလိုက်စားဘူးလို့ ပြောကြတယ်။ ပတ်ဝန်းကျင်ကလည်း သူရှုပ်လို့ ဖြစ်တာနေမှာပေါ့လို့ တွေးကြတယ်။
တကယ်က HIVက လိင်ဆက်ဆံတာကြောင့်ပဲ ကူးနိုင်တာမှ မဟုတ်တာ။ တခြားနည်းတွေနဲ့လည်း ကူးနိုင်ပါတယ်။ သွေးကနေ၊ ဆေးထိုးအပ်တွေကနေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်ကနေစသဖြင့် ကူးနိုင်တာတွေ ရှိပါတယ်။
ကိုယ်က လိင်အပျော်အပါးမလိုက်စားလို့ HIVမရှိလောက်ဘူးလို့ ယူဆပြီး ပေါ့ပေါ့တန်တန် နေမိတာကြောင့် ကူးလို့ ကူးမှန်း မသိလိုက်တာကြောင့်ပါ။
မသိလိုက်ဘဲ HIV ကူးသွားနိုင်တဲ့ နည်းလမ်းများ
လိင်အပျော်အပါး လိုက်စားတာအပြင် ကိုယ်မသိလိုက်ဘဲ ကူးသွားနိုင်တဲ့ နည်းလမ်းတွေ၊ ကူးဖို့ ခဲယဉ်းပေမယ့် ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ကူးသွားတာတွေလည်း ရှိပါတယ်။ ဒါတွေကတော့
ဆေးထိုးအပ်တွေ မျှဝေတာ
ကိုယ်က မူးယစ်ဆေး မသုံးဘူးဆိုရင်တောင် အရပ်ထဲမှာ လုပ်လေ့ရှိတဲ့ အပ်တစ်ချောင်းထဲနဲ့ နားဖောက်တာ၊ နောက်ကာလသားတွေ အချင်းချင်းလုပ်ပေးတတ်တဲ့ လိင်အင်္ဂါထဲ ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာလိုမျိုးပေါ့။ ဒါတွေကနေ အခန့်မသင့်ရင် ကူးလာတတ်ပါတယ်။
ထိခိုက်ရှနာ
ဆေးရုံတွေမှာဆိုရင် လူနာကို ထိုးထားတဲ့ ဆေးထိုးအပ်က ကိုယ့်ကို စူးမိတာ၊ လူနာမှာ သုံးတဲ့ဓားက ကိုယ့်ကို ရှမိတာမျိုးပါ။ အပြင်မှာလည်း ဒီလိုဖြစ်နိုင်ပါတယ်။ ဥပမာ ရောဂါပိုးရှိတဲ့သူတစ်ယောက်ယောက် သုံးထားတဲ့ မုတ်ဆိတ်ရိတ်ဓားကို ကိုယ်က သုံးမိတယ်၊ သူကလည်း ရှထားတယ်ဆိုရင် ကူးနိုင်ခြေ ရှိပါတယ်။
အရင်ကဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ဘာမှလည်း မလုပ်ပါဘဲနဲ့ HIVပိုးကူးခံရတဲ့ ကိုယ်တော်တွေ ရှိပါတယ်။ သူတို့ ဘယ်ကကူးတာလဲလို့ ရှာကြည့်တဲ့အခါ ဆံပင်ရိတ်တဲ့ သင်တုန်းဓားကနေ ကူးတာပါ။ ပိုးရှိတဲ့သူ သုံးထားတဲ့ သင်တုန်းဓားတွေ ရှပြီး တစ်ပါးကနေ တစ်ပါးကို ကူးကြတာပါ။
ဒါကြောင့် သူများနဲ့ ဒီလိုပစ္စည်းတွေ (ဥပမာ ဓား၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ်) မျှဝေသုံးမယ်ဆိုရင် အနည်းဆုံး ပိုးသတ်ပြီးမှ သုံးသင့်ပါတယ်။
သွေးပေတာ
ကိုယ့်အသိတစ်ယောက်ယောက်က သွေးထွက်တယ်ဆိုရင် ကိုယ်ကသွားပြီးတော့ လက်နဲ့ ထိမိတယ် ဒါမှမဟုတ် အပြင်မှာ အက်ဆီးဒင့် တစ်ခုခုနဲ့ ကြုံလို့ သူများကို ကူရာကနေ သွေးတွေပေသွားတယ် စသဖြင့်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်မှာလဲ ပေါက်ပြဲဒဏ်ရာတွေ ရှိနေမယ်ဆိုရင် ကူးလာနိုင်ပါတယ်။
ဒီလိုမျိုး တခြားတစ်ယောက်နဲ့ သွေးနဲ့ ထိမိပြီဆိုရင် နီးရာဆေးရုံဆေးခန်းကိုသွား၊ အခြေအနေကို ပြောပြပြီး တိုင်ပင်သင့်ပါတယ်။ ၇၂နာရီအတွင်းမှာ PEP (ပိုးနဲ့ ထိတွေ့ပြီးနောက် သောက်ရတဲ့ HIVဆေး)ကို သေချာသောက်ရင် မကူးအောင် ကာကွယ်နိုင်မှာပါ။
သွေးသွင်းတာ
သွေးသွင်းတာကနေ ကူးတာက အင်မတန်ရှားပါတယ်။ ဘာကြောင့်လည်းဆိုတော့ သွေးမလှူခင်မှာ အဆင့်ဆင့် သေချာစစ်ဆေးလို့ပါ။ ဒါကြောင့် မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့်လည်း ကြားထဲမှာ တစ်ခုခုလွဲချော်သွားတဲ့အခါ သွေးသွင်းရာကနေတဆင့် ကူးလာတာမျိုး ဖြစ်နိုင်ပါတယ်။
S*x toysတွေ မျှဝေသုံးစွဲတာ
တချို့က လိင်ဆက်ဆံရင် HIVနဲ့ တခြားကူးစက်ရောဂါတွေ ကူးမှာစိုးလို့ S*x toysတွေ သုံးကြပါတယ်။ ဒါပေမယ့် သူများနဲ့ မျှဝေသုံးစွဲတဲ့အခါ ပိုးရှိသူရဲ့ အရည်တွေက အဲ့မှာ ပေနေမယ်။ ကိုယ့်ရဲ့ လိင်အင်္ဂါမှာလည်း ပေါက်ပြဲတာတွေ ရှိမယ်ဆိုရင် ကူးသွားနိုင်ပါတယ်။ ဒါကြောင့် ဘာပစ္စည်းပဲ မျှသုံးသုံး ပိုးသတ်ပြီးမှပဲ သုံးစေချင်ပါတယ်။
တက်တူးနဲ့ ခန္ဓာကိုယ် အပေါက်ဖောက်တာတွေ
ခုခေတ်မှာ HIVနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရှိလာတော့ ဒီလိုမျိုး တက်တူးထိုးရာကနေ ကူးတယ်ဆိုတာက တော်တော်ကြီးကို ရှားလာပါပြီ။ အများစုကတော့ အပ်သန့်သန့်တွေနဲ့ပဲ ထိုးကြတော့တာပါ။ ဒါပေမယ့် မသန့်တဲ့ဆိုင်ကနေ ထိုးလာရင်တော့ ရောဂါကူးနိုင်ခြေ ရှိတာပေါ့။ ဒါကြောင့် စိတ်ချရတဲ့ ဆိုင်မှာပဲ ထိုးဖို့၊ ဖောက်ဖို့ အကြံပြုလိုပါတယ်။
မိမိမှာhivသံသယရှိနေလျှင် ချက်ချင်းစစ်ဆေးလိုက်ပါ။
စစ်ဆေးကုသမှုအခမဲ့ဆောင်ရွက်ပေးနေပါတယ်။
ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့။
တာမွေမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း 09740979461(viber)
telgram
https://t.me/hivprevent09740979461
Click here to claim your Sponsored Listing.
Category
Website
Address
77/27* 28
Mandalay
