Nyein Healthy & Beauty
မုန့်မျိုးစုံ
မဂ်လာပါ
မိတ်ဆွေများအားလုံး
ဘေးဘယာ ဝေးကွာ၍
အေးမြသာယာ
ရှိကြပါစေ
ဝယ်ဖူးတယ်
စိတ်
သဘောကောင်း
ရုပ်ကလဲချောတယ်နော်😁
23/03/2024
စျေးရောင်း
မကောင်းဘူးကွယ်
သာစည်မြို့
ဖုတ် စားမယ်
ပြုတ် စားမယ်
အညာကလာတဲ့ မြောက်ဥ
အရက်ဆိုင် နဲ့ တရားပွဲ
တခါက...လူတစ်ယောက်ဟာ ဘာသာရေးတရားပွဲတစ်ခုကို တက်ရောက်နေသတဲ့။ဖြစ်ချင်တော့...သူ့ဖုန်းကို ဆိုင်းလင့် (silent) လုပ်ဖို့ မေ့သွားတယ်။
ရှေ့က တရားဟောဆရာ တရားဟောနေတုန်းမှာ သူ့ဖုန်းက Ring သံ အကျယ်ကြီး မြည်သွားတယ်။သူ ကမန်း
ကတန်း ပိတ်တော့ ပိတ်လိုက်နိုင်ပေမယ့်... တရားဟောဆရာ အပါအဝင် အားလုံးသော ပရိတ်သတ်တွေရဲ့ မျက်လုံးတွေက သူ့ကို ဝိုင်းကြည့်ကြတယ်။
သူတို့ရဲ့ မျက်လုံးတွေထဲမှာ...
- အလိုမကျမှုတွေ - အထင်သေးမှုတွေ - ပြစ်တင်ရှူံ့ချမှုတွေ အပြည့်နဲ့ပေါ့။
တရားဟော ဆရာက ပြောသတဲ့...
"လူကြီးမင်း အနေနဲ့ ဒီလိုမြင့်မြတ်တဲ့ တရားပွဲကိုလာရင် ဖုန်းသံကို ပိတ်ခဲ့သင့်တယ်ဆို မသိဘူးလား"
သူ ခေါင်းငုံ့ရင်း ဖြေတယ်...
"ကျနော်သိပါတယ်၊ ဒါပေမယ့် မေ့သွားလို့ပါဗျာ"
ဘေးက အမျိုးသမီးတစ်ယောက်ကလည်း ဝင်ပြောတယ်...
"အားလုံးရဲ့စိတ်တွေဟာ ဒီတရားထဲမှာ နှစ်မြောနေကြတာ ရှင့်၊ ရှင့်ဖုန်းသံကြောင့် ကျမတို့ အားလုံး အာရုံပျက်ရတယ် ရှင်က လူရှုပ်တစ်ယောက်ပဲ" "ဟုတ်ကဲ့၊ တောင်းပန်ပါတယ်ဗျာ" ဆိုပြီး သူ အဲ့တရားပွဲက ထွက်လာခဲ့တော့တယ်။
သူ့ရဲ့ သတိမေ့လျော့တတ်မှု အတွက်လည်း နောင်တရနေတယ်။စိတ်ညစ်ညစ်နဲ့ လမ်းမှာတွေ့တဲ့ ဘားတစ်ခုထဲ ဝင်ပြီး အရက်သောက်ပစ်ဖို့ စိတ်ကူးလိုက်တယ်။
သူ့အတွက် အရက်တစ်ခွက်မှာပြီး သောက်မယ်လို့လုပ်နေတုန်း...သူ့လက်နဲ့ တိုက်မိပီး အရက်ခွက်ဟာ ကျကွဲ သွားသတဲ့။
သူ သူ့မျက်နှာကို လက်နဲ့ အုပ်လိုက်ရင်း ခေါင်းမဖော်ဝံ့တော့ဘူး။ ခေါင်းငုံ့ရင်း တွေးနေတာက...သူပြစ်တင် ခံရဦးတော့မယ် သူ ရှူံ့ချ ခံရဦးတော့မယ် လို့ပေါ့။
သူရဲ့အကြိမ်ကြိမ်မှားယွင်းတတ်မှုတွေ ပေါ့တီးပေါ့ဆနိုင်မှုတွေအတွက် သူ ဘယ်လိုဖြေရှင်းရမှန်း မသိအောင် ဖြစ်နေတော့သတဲ့။
အဲ့အချိန်မှာ...စားပွဲထိုးတစ်ယောက် ရောက်လာပြီး ပြောတယ်...
"ဆရာ ခဏလေး ဖယ်ပေးပါခမျ၊ ကျနော် စားပွဲခုံကို သန့်ရှင်းပေးမလို့ပါ"
ဆိုင်က မန်နေဂျာ ရောက်လာပြီးလည်း ပြောသတဲ့...
"လူကြီးမင်း စိတ်ညစ်စရာတွေ ရှိနေသလား၊ ကျကွဲသွားတဲ့ ခွက်အတွက် စဉ်းစားမနေပါနဲ့၊ ကျနော် တစ်ခွက် အစားထပ်ပေးပါမယ်" ... တဲ့။
ဘေးက အရက်သမားတွေကလည်း လက်ခုပ်တီးအားပေးရင်း ပြောတယ်...
"ငါ့ကောင်ကြီး ဘာကိုမှ တွေးမနေနဲ့၊ ငါတို့ ပျော်ပျော်ကြီး ဆက်သောက်ကြစို့ ချီးယာယာ စ် စ် စ်"
အရက်ဆိုင်ထဲက လူတွေရဲ့ တုန့်ပြန်မှုကို တွေ့ရတော့...
သူ့မှာ အံ့ဩမှုတွေ မယုံကြည်နိုင်မှုတွေ ဇဝေဇဝါဖြစ်မှုတွေ အပြည့်နဲ့။
credit #သန်း၄ကို
via zawzaw nyein
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
86. 27 28
Mandalay
