Tiptop Online Shop

Tiptop Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tiptop Online Shop, Beauty Store, Mandalay.

ဆိုင်ဖွင့်ထားတာမဟုတ်ပါဘူး၊အိမ်မှာပဲstockထားရောင်းတာမို့cbကနေorderအရင်တင်ပေးပြီး ဘောက်ချာရမှလာယူလို့ရပါတယ်
Deliveryserviceရှိသောမြို့နယ်တိုင်းအိမ်အရောက်ပို့ငွေချေရ/မရှိသောမြို့နယ်များငွေကြိုရှင်းကားဂိတ်ချပေးပါတယ်
☎09-954513118(Viber&Telegram)
☎09-451249868

10/06/2026

သံလွင်ဆီသုံးစွဲသူပိုများလာရတဲ့အကြောင်းအရင်း

သံလွင်ဆီဟာတခြားဆီတွေထက်ကျန်းမာရေးနဲ့ညီညွတ်တာကြောင့်သံလွင်ဆီစားတဲ့သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။ သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။

(၁) ချက်ပြုတ်ခြင်း

ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

(၂) အသားအေရ

ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။

(၃) ဆံပင်သား၊ လက်သည်းခြေသည်း

ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက္ပ်က္စီးတာ၊ ဖြာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ညကတည်းက သံလွင်ဆီကို တစ်ခေါင်းလုံးအနှံ့ လိမ်းပေးပါ။ နောက်တစ်နေ့ နံနက်ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သား နူးည့ံ တောက်ပြောင်ပြီး သန်စွမ်းကျန်းမာ နေပါလိမ့်မယ်။ ဒါမှမဟုတ် သံလွင်ဆီ ထည့်သွင်း ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပါ။ သံလွင်ဆီကို ဆံပင်သားနဲ့ ဦးရေပြားပေါ် လိမ်းပေးတဲ့အခါ ကွန်ဒီရှင်နာလို အာနိသင် ပေးနိုင်ရုံသာမက ဗောက်ပျောက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သံလွင်ဆီပါတဲ့ ခေါင်းလျှော်ရည်ကို သုံးသင့်သလို ခေါင်းလျှော်ပြီးချိန်မှာလည်း သံလွင်ဆီနဲ့ရေကို ဆတူရောပြီး ဆံပင်သားပေါ် လိမ်းပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ဆံပင်သားက ပိုတောက်ပြောင်သန်စွမ်းကာ လှပကြည့်ကောင်း နေပါလိမ့်မယ်။ လက်သည်း၊ ခြေသည်းတွေကို သံလွင်ဆီ လိမ်းပေးပါက သဘာဝက်က် ကြည်လင် တောက်ပစေပါတယ်။

(၄) ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း

သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်း စားပေးပါက ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်းနာတာတို့ကို သက်သာစေပါတယ်။

(၅) ဟင်းချက်အိုးများ

သံလွင်ဆီဟာ ဟင်းချက်အိုးတွေ အစင်းထင်တာ၊ ပွန်းပဲ့တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) နှုတ်ခမ်းဆိုးဆေး

သံလွင်ဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေအတွက် အကောင်းဆုံး နှုတ်ခမ်းဆိုးဆေး ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီမွာ လက်လိမ်းလိုးရှင်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၇) ရေချိုးဆီ

ရေထဲကို သံလွင်ဆီ အစက်အနည်းငယ် ထည့်ပြီး ရေချိုးပေးပါ။ အသားအေရက သိသိသာသာ တောက်ပြောင် လာပါလိမ့်မယ်။

Tip!
သံလွင်ဆီဟာ သွေးဖိအားကို လျော့ကျစေပါတယ်။
ကင်ဆာရောဂါ တချို့ရဲ့ ကြီးထွားမှုကို တားဆီးပေးနိုင်ပါတယ်။
ဆီးချိုသွေးချို ဖြစ်နိုင်ခြေ များသူတွေအတွက် သင့်တော်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါနဲ့ အဆစ်ရောင်နာ ရောဂါပြင်းအားကို လျော့ကျစေပါတယ်။
ကိုယ်အလေးချိန် လျော့ကျအောင် ထိန်းထားနိုင်ပါတယ်။

10/06/2026

"ခြေထောက်ရောင်ရမ်းတာ၊ ညောင်းညာတာတွေကို လျစ်လျူမရှုပါနဲ့"

တစ်နေ့လုံး မတ်တပ်ရပ်အလုပ်လုပ်ရသူများ၊ ခရီးသွားများ၊ အသက်အရွယ်ကြောင့် သွေးလည်ပတ်မှုနှေးကွေးလာသူများမှာ ခြေထောက်ရောင်ရမ်းခြင်း၊ လေးလံခြင်း၊ ညောင်းညာခြင်းတို့ကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။

Compression Leg Sleeve ကို အသုံးပြုခြင်းက

✔️ ခြေထောက်သွေးလည်ပတ်မှုကို ကူညီပေးနိုင်ခြင်း
✔️ ခြေထောက်လေးလံမှုကို လျော့ပါးစေခြင်း
✔️ အကြာကြီးရပ်ရသူများနှင့် ခရီးသွားသူများအတွက် အထောက်အကူဖြစ်စေခြင်း
✔️ ပျော့ပျောင်းပြီး ဝတ်ဆင်ရလွယ်ကူခြင်း

🌿 ကျန်းမာတဲ့ ခြေထောက်တွေဟာ နေ့စဉ်လှုပ်ရှားမှုအတွက် အရေးကြီးပါတယ်။

📩 အသေးစိတ်မေးမြန်းလိုပါက Chat Box မှာ "ခြေထောက်" လို့ Comment ချန်ခဲ့နိုင်ပါတယ်။

မှတ်ချက် - ဤပစ္စည်းသည် ဆေးဝါးမဟုတ်ပါ။ ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။

Photos from Tiptop Online Shop's post 10/06/2026

#မြင့်မြင့်ခင်ဆိုတာနဲ့ ဘယ်လောက်ကောင်းလဲ လူတိုင်းအသိပါ

မြင့်မြင့်ခင်လို့ ဆိုလိုက်တာနဲ့
“မန္တလေးမြို့က နာမည်ကျော်ထိုးမုန့်” ဆိုတာ အပြင် ‼️

ချိုမြိန်ပြီး ကောင်းမွန်တဲ့ အရသာနဲ့
အိစက်နူးညံ့တဲ့ ထိုးမုန့်သား
သန့်ရှင်းသပ်ရပ်တဲ့ ထုပ်ပိုးမှုပုံစံ တွေကိုပါ တွဲ မြင်မိကြမှာ အသေချာပါ 💯

✅စစ်မှန်တဲ့ မြန်မာ့ အရသာနဲ့
✅ကျန်းမာရေးနဲ့ ညီညွတ်လို့ စားဖူးသူတိုင်း အသဲစွဲ ဖြစ်နေကြတာ
“မြင့်မြင့်ခင်” ထိုးမုန့်လေးပါ ✔️✔️

⭐ဗူး(50)အထက်အများဈေး
⭐ဗူး(50)အောက်လက်လီဈေးနှုန်းဖြင့်

လက်လီ/လက်ကား

ဝယ်ယူနိုင်ပါပြီနော်

☎0️⃣9️⃣9️⃣5️⃣4️⃣5️⃣1️⃣3️⃣1️⃣1️⃣8️⃣
ထိုးမုန့်လမုန့်
#မန္တလေးရိုးရာအစားအစာ
#မန္တလေး #မြင့်မြင့်ခင်
#ဒေသထွက်စားသောက်ကုန်
#

10/06/2026

နုပျိုမှုအတွက် စမုံနက်ဆီ သုံးစွဲနည်း ၅ ချက်

ညစဉ် နုပျိုစေမယ့် (Serum) အဖြစ် အသုံးပြုပါ
----––--------------------------------------------------------------

​အိပ်စက်နေချိန်ဟာ အရေပြားဆဲလ်တွေ ပြန်လည်ပြုပြင်တဲ့ အကောင်းဆုံးအချိန်ပါ။ စမုံနက်ဆီကို ညဘက် လိမ်းအိပ်ပေးခြင်းဖြင့် တစ်ညလုံး အိုမင်းခြင်းကို တိုက်ဖျက်ပေးပါတယ်။
​ဘယ်လိုသုံးမလဲ။ မျက်နှာသန့်စင်ပြီးနောက် စမုံနက်ဆီ ၁-၂ စက် ကို လက်ဖဝါးဖြင့် နွေးပြီး မျက်နှာ၊ လည်ပင်းနှင့် မျက်လုံးတစ်ဝိုက်ကို ညင်သာစွာ စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးပါ။

​အရေးအကြောင်း အထူးကုသုံးနည်း
--------------------------------------------------

​မျက်လုံးအောက်၊ နဖူး သို့မဟုတ် ပါးစပ်တစ်ဝိုက်က အရေးအကြောင်း ထင်ရှားတဲ့နေရာတွေကို အာရုံစိုက် လိမ်းပေးပါ။ စမုံနက်ဆီက {collagen} ထုတ်လုပ်မှုကို အားပေးပြီး အသားအရေကို တင်းရင်းစေပါတယ်။
​✅ဘယ်လိုသုံးမလဲ။ သန့်ရှင်းသော လက်ချောင်းထိပ်ဖြင့် အရေးအကြောင်းများပေါ်ကိုသာ အစက်ချပြီး ညင်သာစွာ တို့ပေးပါ။

(Moisturizer) ကို အာနိသင်မြှင့်တင်ခြင်း
------------------------------------------------------------

​သင်သုံးနေကျ အစိုဓာတ်ထိန်းခရင်မ်ကို ပိုမို အစွမ်းထက်စေဖို့ စမုံနက်ဆီကို ရောစပ်ပြီး သုံးနိုင်ပါတယ်။ ဒီနည်းလမ်းက အသားအရေကို ရေဓာတ်ပိုမို ထိန်းသိမ်းပေးပြီး ခြောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။
​✅ဘယ်လိုသုံးမလဲ။ တစ်ကြိမ်စာ လိမ်းမယ့် ခရင်မ်ပမာဏထဲကို စမုံနက်ဆီ ၁ စက် ရောထည့်ပြီး မွှေကာ ချက်ချင်း လိမ်းပေးပါ။

​အသားအရေ ပြန်လည်အားဖြည့်တဲ့ face mask
-----------------------------------------------------------------------

​စမုံနက်ဆီ၊ ပျားရည်နှင့် ဒိန်ချဉ်တို့ကို ရောစပ်ပြီး သဘာဝ Face Maskပြုလုပ်နိုင်ပါတယ်။ ဒါက အိုမင်းရင့်ရော်မှုကြောင့် ဖြစ်တဲ့ အသားအရေ ညစ်နွမ်းမှုကို ဖယ်ရှားပေးပြီး အသားအရေကို တောက်ပစေပါတယ်
​✅ဘယ်လိုလုပ်မလဲ။ စမုံနက်ဆီ ၁ ဇွန်း၊ ပျားရည် ၁ ဇွန်း၊ ဒိန်ချဉ် ၁ ဇွန်း ရောစပ်ပြီး မျက်နှာပေါ်မှာ ၁၅ မိနစ် ထားပြီးနောက် ရေနွေးနွေးဖြင့် ဆေးချပါ။

နေလောင်ဒဏ် သက်သာစေခြင်း
-----------------------------------------------

​စမုံနက်ဆီမှာ ပါဝင်တဲ့ ရောင်ရမ်းမှုဆန့်ကျင်တဲ့ ဂုဏ်သတ္တိများက နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားနီရဲတာနဲ့ ပျက်စီးတာတွေကို သက်သာစေနိုင်ပြီး အရေပြား ကျန်းမာရေးကို ပြန်လည် ထူထောင်ပေးပါတယ်။
​✅ဘယ်လိုသုံးမလဲ။ နေလောင်ထားသော နေရာများပေါ်တွင် အနည်းငယ် လိမ်းကျံပေးပါ။

​🚨 #သတိပြုရန်: စမုံနက်ဆီသည် အားကောင်းသောကြောင့် ပထမဆုံး စတင်အသုံးပြုသူများအနေဖြင့် လက်ကောက်ဝတ်ကဲ့သို့သော နေရာတွင် အနည်းငယ်လိမ်းပြီးမှ မျက်နှာတွင် အသုံးပြုပါ။
​💯စမုံနက်ဆီကို ပုံမှန် အသုံးပြုပေးခြင်းဖြင့် သင့်အသားအရေကို အမြဲတမ်း နုပျိုလန်းဆန်းနေစေမှာ သေချာပါတယ်..✍✍✍✍

⭐250ml..30000 ks

🚘Deliveryရောက်သောမြို့နယ်တိုင်း အိမ်အရောက်ပို့ငွေချေရပါတယ်

Phone_Viber_Telegram
⬇⬇⬇
☎0️⃣9️⃣9️⃣5️⃣4️⃣5️⃣1️⃣3️⃣1️⃣1️⃣8️⃣
☎0️⃣9️⃣4️⃣5️⃣1️⃣2️⃣4️⃣9️⃣8️⃣6️⃣8️⃣

8️⃣1️⃣လမ်း(2️⃣8️⃣/2️⃣9️⃣)ကြား

မန္တလေးမြို့

#​ပြုစုရေးသားထားသူအာဖီယာဟ်အားCreditပေးပါသည်
ုံနက်ဆီ
#အလှအပ #ကျန်းမာရေ

09/06/2026

#သံလွင်ဆီကိုမသောက်သင့်သောသူ_မသောက်သင့်သောအချိန်

သံလွင်ဆီ (Olive Oil) ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အဆီစစ်စစ်ဖြစ်ပေမဲ့ အချို့သောအခြေအနေတွေနဲ့ အချို့သောလူပုဂ္ဂိုလ်တွေအနေနဲ့ အမုန့်အဆာအနေနဲ့ဖြစ်စေ၊ ဒီအတိုင်းဖြစ်စေ တိုက်ရိုက်သောက်သုံးခြင်းကို ရှောင်ကြဉ်သင့် သို့မဟုတ် သတိထားပြီးမှ သောက်သုံးသင့်ပါတယ်။

​ဘယ်လိုလူတွေနဲ့ ဘယ်လိုအချိန်မျိုးမှာ မသောက်သုံးသင့်လဲဆိုတာကို အောက်ပါအတိုင်း အသေးစိတ် ခွဲခြားနိုင်ပါတယ် -

​၁။ ဘယ်လိုလူတွေ မသောက်သင့်/သတိထားသင့်လဲ?
​ကိုယ်အလေးချိန် လျှော့ချနေသူများ သို့မဟုတ် ဝကုဌာနရှိသူများ: သံလွင်ဆီမှာ ကယ်လိုရီ (Calories) နဲ့ အဆီဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ သံလွင်ဆီ တစ်စွန်း (Tablespoon) မှာတင် ၁၁၉ ကယ်လိုရီခန့် ပါဝင်တာကြောင့် အလွန်အကျွံ သောက်သုံးပါက ကိုယ်အလေးချိန် ပိုတက်လာစေနိုင်ပါတယ်။

​သည်းခြေအိတ် ပြဿနာရှိသူများ (ခဲခြင်း/ကျောက်တည်ခြင်း): သံလွင်ဆီဟာ သည်းခြေရည် ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ သည်းခြေအိတ်ထဲမှာ ကျောက်ရှိနေသူတွေ သောက်သုံးမိရင် ကျောက်က သည်းခြေပြွန်ကို ပိတ်ဆို့သွားစေပြီး ပြင်းထန်စွာ ဗိုက်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

​သွေးကျဆေး သို့မဟုတ် ဆီးချိုဆေး သောက်နေရသူများ: သံလွင်ဆီဟာ သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို သဘာဝအလျောက် ကျဆင်းစေတဲ့ အာနိသင်ရှိပါတယ်။

ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သံလွင်ဆီကို ပမာဏအများကြီး တိုက်ရိုက်သောက်သုံးရင် သွေးပေါင်ချိန် အလွန်အမင်းကျခြင်း သို့မဟုတ် ဆီးချိုအလွန်ကျခြင်း (Hypoglycemia) တို့ ဖြစ်ပွားနိုင်ပါတယ်

​အစာအိမ်နှင့် အူလမ်းကြောင်း အလွန်နုသူများ (Sensitive Stomach): အချို့သူတွေမှာ သံလွင်ဆီကို ဒီအတိုင်းသောက်ပါက အစာမကြေခြင်း၊ ဗိုက်ကယ်ခြင်း သို့မဟုတ် ပျို့အန်ချင်စိတ်ဖြစ်ခြင်းတို့ ခံစားရတတ်ပါတယ်။

​သံလွင်ဆီနှင့် ဓာတ်မတည့်သူများ (Allergy): အလွန်ရှားပါးပေမဲ့ သံလွင်ဆီနဲ့ ဓာတ်မတည့်ဘဲ အရေပြားယားယံခြင်း၊ အင်ပြင်ထခြင်းမျိုး ကြုံတွေ့ရတတ်သူများ မသောက်သုံးသင့်ပါ။

​၂။ ဘယ်လိုအချိန်တွေမှာ မသောက်သင့်လဲ?

​ဝမ်းလျှော/ဝမ်းပျက်နေစဉ် အချိန်: သံလွင်ဆီဟာ ဝမ်းပျော့စေတဲ့ အာနိသင် (Natural Laxative Effect) ရှိတာကြောင့် ဝမ်းပိတ်ချင်နေတဲ့အချိန် ဒါမှမဟုတ် ဝမ်းလျှောနေတဲ့အချိန်မှာ သောက်သုံးပါက ဝမ်းပိုမိုလျှောစေပြီး ရေဓာတ်ခမ်းခြောက်မှု ဖြစ်စေနိုင်ပါတယ်။

​ခွဲစိတ်ကုသမှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးခါစ အချိန်: သံလွင်ဆီဟာ သွေးခဲမှုကို နှေးကွေးစေနိုင်တဲ့အတွက် ခွဲစိတ်မှု မပြုလုပ်မီ အနည်းဆုံး (၂) ပတ်အလိုကတည်းက သံလွင်ဆီ အများအပြား သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။

​ညအိပ်ခါနီး အချိန် (အချို့သူများအတွက်): ညအိပ်ခါနီး သံလွင်ဆီ သောက်သုံးခြင်းဟာ အစာခြေစနစ်ကို အလုပ်လုပ်စေပြီး Acid Reflux (အစာအိမ်အက်ဆစ် အပေါ်ဆန်တက်ခြင်း) ဖြစ်ကာ ရင်ပူခြင်း၊ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ (မနက်ပိုင်း အစာမရှိခင် သောက်သုံးခြင်းက ပိုမိုသင့်တော်ပါတယ်။)

​အကြံပြုချက်
​ကျန်းမာရေးအတွက် သံလွင်ဆီကို သောက်သုံးချင်တယ်ဆိုရင် သဘာဝအတိုင်း ဓာတုပစ္စည်းမပါဘဲ ကြိတ်ထားတဲ့ Extra Virgin Olive Oil (EVOO) ကိုသာ ရွေးချယ်သင့်ပြီး၊ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ထမင်းစားဇွန်း ၁ ဇွန်း ထက်မပိုဘဲ အသင့်အတင့်သာ သောက်သုံးသင့်ပါတယ်။ ရောဂါအခံရှိသူများအနေနဲ့ မိမိရဲ့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။

08/06/2026

#စမုံနက်ဆီကိုမသောက်သင့်သောသူ၊မသောက်သင့်သောအချိန်

စမုံနက်ဆီ (Black Seed Oil / Black Cumin Seed Oil) ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အာနိသင်တွေ ရှိပေမဲ့ အောက်ပါလူပုဂ္ဂိုလ်တွေနဲ့ အခြေအနေမျိုးတွေမှာတော့ သောက်သုံးဖို့ မသင့်တော်ပါဘူး (သို့မဟုတ်) ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

​၁။ ကိုယ်ဝန်ဆောင်မိခင်များ
​အကြောင်းရင်း: စမုံနက်ဆီဟာ သားအိမ်ကျုံ့ခြင်းကို ဖြစ်စေနိုင်ပြီး သားအိမ်ညှစ်အားကို ကောင်းစေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးပါက လမစေ့ဘဲ ကလေးမွေးခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

​၂။ ခွဲစိတ်ကုသမှု ခံယူဖို့ရှိသူများ
​အကြောင်းရင်း: စမုံနက်ဆီဟာ သွေးခဲခြင်းကို နှေးကွေးစေတဲ့ အာနိသင်ရှိပါတယ်။ ထို့ကြောင့် ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်းနဲ့ ခွဲစိတ်ပြီးနောက်ပိုင်း သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ခွဲစိတ်မှုမပြုလုပ်မီ အနည်းဆုံး (၂) ပတ်အလိုကတည်းက စမုံနက်ဆီ သောက်သုံးခြင်းကို လုံးဝရပ်နားထားရပါမယ်။

​၃။ သွေးမတိတ်ရောဂါ သို့မဟုတ် သွေးကျဲဆေး သောက်နေရသူများ
​အကြောင်းရင်း: သွေးမတိတ်တဲ့ရောဂါ (Bleeding disorders) ရှိသူတွေ သောက်သုံးရင် သွေးထွက်နိုင်ခြေ ပိုများစေပါတယ်။ ဒါ့အပြင် Aspirin, Warfarin စတဲ့ သွေးကျဲဆေးများ၊ သွေးခဲခြင်းကို တားဆီးပေးတဲ့ ဆေးဝါးများနဲ့ တွဲသောက်ပါက သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်လို့ မသောက်သင့်ပါဘူး။.

l
​၄။ သွေးပေါင်ကျတတ်သူများ သို့မဟုတ် သွေးကျဆေး သောက်နေရသူများ
​အကြောင်းရင်း: စမုံနက်ဆီမှာ သွေးပေါင်ချိန်ကို ကျစေတဲ့ အာနိသင်ရှိပါတယ်။ သွေးပေါင်ကျတတ်တဲ့သူတွေ သို့မဟုတ် သွေးကျဆေး ပုံမှန်သောက်နေရသူတွေ စမုံနက်ဆီ ထပ်သောက်ပါက သွေးပေါင်ချိန် အလွန်အမင်း ထိုးကျသွားခြင်း (Hypotension) ဖြစ်နိုင်ပါတယ်။

​၅။ ဆီးချိုဆေး ပုံမှန်သောက်နေရသူများ
​အကြောင်းရင်း: စမုံနက်ဆီဟာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်စွမ်း ရှိပါတယ်။ ဆီးချိုကျဆေးတွေ၊ အင်ဆူလင် (Insulin) တွေနဲ့ တွဲဖက်သောက်သုံးမိရင် သွေးတွင်းသကြားဓာတ် အလွန်အမင်း နည်းသွားခြင်း (Hypoglycemia) ဖြစ်ပြီး မူးလဲခြင်း၊ အားနည်းခြင်းတို့ ဖြစ်တတ်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတွင်းသကြားဓာတ်ကို သေချာစောင့်ကြည့်ဖို့ လိုပါတယ်။

​၆။ ကလေးနို့တိုက်မိခင်များ
​အကြောင်းရင်း: နို့တိုက်မိခင်တွေအတွက် စမုံနက်ဆီ သောက်သုံးခြင်းဟာ ကလေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတဲ့ ခိုင်မာတဲ့ သုတေသန အထောက်အထား မလုံလောက်သေးတာကြောင့် ဘေးကင်းစေဖို့အတွက် နို့တိုက်နေစဉ်အတွင်း မသောက်သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။

​၇။ အစာအိမ် အနာရှိသူများ သို့မဟုတ် အစာခြေစနစ် အားနည်းချိန်
​အကြောင်းရင်း: တချို့သောသူများတွင် စမုံနက်ဆီကို ဗိုက်ထဲဘာမှမရှိဘဲ သောက်ပါက အစာအိမ်အမြှေးပါးကို ဆွပေးသလိုဖြစ်ပြီး ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း/ဝမ်းပျက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် အစာအိမ် အားနည်းချိန် သို့မဟုတ် ရောဂါအခံရှိချိန်တွင် အလွန်အကျွံ မသောက်သင့်ပါ။

​အကြံပြုချက်:
စမုံနက်ဆီကို ကျန်းမာရေးအတွက် သောက်သုံးတော့မယ်ဆိုရင် အစာစားပြီးမှ (သို့မဟုတ်) အစာနဲ့ တွဲဖက်ပြီး ပမာဏအနည်းငယ်ကနေ စတင်သောက်သုံးသင့်ပါတယ်။ အထက်ပါ ရောဂါအခံ သို့မဟုတ် အခြေအနေတစ်ခုခု ရှိနေပါက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ သောက်သုံးဖို့ လိုအပ်ပါတယ်။
#စမုံနက်ဆီမသောက်သင့်သူ #စမုံနက်ဆီမသောက်သင့်ချိန်

08/06/2026

သံလွင်ဆီဝယ်မယ်ဆို Extra Virgin ကို ဘာကြောင့် လူအများရွေးချယ်ကြတာလဲ?

Extra Virgin Olive Oil ဆိုတာ သံလွင်သီးကနေ အပူနည်းနည်းနဲ့ ထုတ်ယူထားတဲ့ အရည်အသွေးမြင့် သံလွင်ဆီအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။

✔ သဘာဝအနံ့အရသာကို ထိန်းသိမ်းထားနိုင်ခြင်း
✔ နေ့စဉ်အစားအစာများနှင့် တွဲဖက်အသုံးပြုရ လွယ်ကူခြင်း
✔ Salad, Bread, Soup နှင့် အခြားဟင်းလျာများတွင် အသုံးပြုနိုင်ခြင်း

🌿 နေ့စဉ်အသုံးပြုဖို့ အရည်အသွေးကောင်းတဲ့ သံလွင်ဆီ ရှာနေတယ်ဆိုရင် Borges Extra Virgin Olive Oil ကို စဉ်းစားကြည့်နိုင်ပါတယ်။

📩 အသေးစိတ်မေးမြန်းလိုပါက Chat Box မှာ ဆက်သွယ်နိုင်ပါတယ်ရှင့်။

07/06/2026

သနပ်ခါးတစ်မျိုးတည်း မဟုတ်ဘူး... Skin Care (၁၅) မျိုးရဲ့ ပေါင်းစပ်မှု

မေမေသနပ်ခါး 🌿

မြန်မာ့ရိုးရာ သနပ်ခါးကို အခြေခံပြီး သဘာဝပါဝင်ပစ္စည်း (၁၅) မျိုးဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသော Myanmar Skin Care တစ်မျိုး ဖြစ်ပါတယ်။

✨ အသားအရေကို နူးညံ့ချောမွေ့စေဖို့ ကူညီပေးနိုင်ခြင်း ✨ အသားအရေ ကြည်လင်သန့်ရှင်းနေစေဖို့ အထောက်အကူပြုခြင်း ✨ ဝက်ခြံ၊ တင်းတိတ်၊ အမဲစက်များကြောင့် အသားအရေမညီညာသည့်အခြေအနေများကို ဂရုစိုက်ထိန်းသိမ်းပေးနိုင်ခြင်း

နေ့စဉ် ပုံမှန်အသုံးပြုခြင်းဖြင့် ကျန်းမာလှပသော အသားအရေထိန်းသိမ်းမှုအတွက် ရွေးချယ်နိုင်သော Skin Care တစ်မျိုး ဖြစ်ပါတယ်။ 💛

📩 အသေးစိတ်သိရှိလိုပါက Chat Box မှာ မေးမြန်းနိုင်ပါတယ်။

#မေမေသနပ်ခါး

07/06/2026

ကိုယ်ခန္ဓာလှပမှုကိုယုံကြည်မှုတိုးစေမယ့်
Bodycare(ပျိုမဒီလိမ်းဆေး)

ဗိုက်အဆီကြောင့် ယုံကြည်မှုလျော့နေပြီလား? 🤔

နေ့စဉ် Body Care Routine ထဲမှာ ထည့်သုံးကြည့်ပါ✨
✔️ အသားအရေကို စိုပြေချောမွေ့စေဖို့ ကူညီပေးနိုင်
✔️ Massage လုပ်ရင်း Self-Care အချိန်ရစေ
✔️ နေ့စဉ်အသုံးပြုရ လွယ်ကူ

💬 အသုံးပြုပုံနဲ့ ဈေးနှုန်း သိချင်ရင် "အသေးစိတ်" လို့ Comment ရေးခဲ့ပါနော်။

📩 Messenger မှာလည်း လာမေးနိုင်ပါတယ်။

#ပျိုမဒီ

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00