H & Z Spa

H & Z Spa

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from H & Z Spa, Massage service, မန္တလေးအရှေ့မြို့ပတ်လမ်း၊ (24) လမ်း နဲ့ (25) လမ်းကြား၊ The One အိမ်ယာ, Mandalay.

12/12/2025

🎉🎁 H&Z SALOON AND SPA မှ ခရစ္စမတ်အထူးပရိုမိုးရှင်း 🎅✨

ချစ်ကာကာတို့ရေ
🗓️ ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၁၄) ရက်တာကာလအတွက်သာ! အကျုံးဝင်မယ့် အထူးလျှော့စျေးများနဲ့ အလှအပဆိုင်ရာဝန်ဆောင်မှုတွေကို စိတ်လှုပ်ရှားစွာ ဖိတ်ခေါ်လိုက်ပါတယ်။

💆‍♀️ မျက်နှာအသားအရေထိန်းသိမ်းမှု (FACIAL TREATMENT)

ပရိုမိုးရှင်း အလွန်ရှားပါးသော 𝑮𝑼𝑰𝑵𝑶𝑻 𝑭𝑨𝑪𝑰𝑨𝑳 𝑻𝑹𝑬𝑨𝑻𝑴𝑬𝑵𝑻 ကို ယခုအထူးအစီအစဉ်တွင် 10% လျှော့စျေး ဖြင့် ရယူလိုက်ပါ။
• ✨ ပြင်သစ်နိုင်ငံထုတ် အရည်အသွေးမြင့် Guinot ထုတ်ကုန်များဖြင့် အသားအရေကို အကောင်းဆုံး ပြုစုစောင့်ရှောက်ပါ။
• ✨ နှစ်သစ်မတိုင်မီ တောက်ပပြီး စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်လိုက်ပါ။

💇‍♀️ ဆံပင်ဝန်ဆောင်မှုများ (HAIR SERVICES) - 30% လျှော့စျေးဖြင့် အောက်ပါအမျိုးအစားများကို ပေးထားပါတယ်။

🎨 ဆိုးဆေး (COLOR)
📏 ဆံပင်ဖြောင့်ခြင်း (REBONDING)
➰ ဒီဂျစ်တယ်ကောက်ခြင်း (DIGITAL PERM)
✨ ဆံပင်ချောမွေ့အောင်ပြုလုပ်ခြင်း (STRAIGHT HAIR)

📣 ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့! နှစ်သစ်ကို အလှဆုံးနဲ့ စတင်ဖို့အတွက် H&Z SALOON AND SPA ကို အခုပဲ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်

Booking Appointments For
💬 Page Messenger (or)
📞09-455 235 121, 09-946 946 222

⏰ဆိုင်ဖွင့်ချိန်
9:00Am to 9:00Pm (ပိတ်ရက်မရှိ)

🏠မန္တလေးအရှေ့မြို့ပတ်လမ်း၊ (24) လမ်းနဲ့ (25) လမ်းကြား၊ The One အိမ်ယာ

19/11/2025

💆‍♀️ ၁၆,၀၀၀ ကျပ်နဲ့ Foot Massage လုပ်လို့ရတဲ့ Spa သိပြီးပြီလား 👣

ဒီတစ်ပတ် ပင်ပန်းနွမ်းနယ်နေတဲ့ ခြေထောက်လေးတွေကို အနားပေးဖို့ စဉ်းစားနေပြီလား?

✨ ၁၆,၀၀၀ ကျပ်တည်း နဲ့ Premium အဆင့်ဝန်ဆောင်မှု ကို ရရှိနိုင်မယ့် နေရာလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ✨

ဘယ်လိုနေရာလဲ?
သန့်ရှင်းသပ်ရပ်မှုနဲ့ ဝန်ဆောင်မှုကောင်းမွန်မှုကြောင့် လူကြိုက်များတဲ့ H&Z Spa မှာ အခုလို "Hot Deal" လေးရှိနေတာပါ။

🦶Foot Massage (၆၀ မိနစ်) ကို ၁၆,၀၀၀ ကျပ် (သာမန်ဈေးနှုန်းထက် သိသိသာသာ သက်သာနေတာပါ!)
🧘 ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေမယ့် အရည်အသွေးမြင့် ခြေထောက်နှိပ်နယ်မှု (Foot Reflexology) ကို တစ်နာရီကြာအောင် ခံစားရမှာပါ။သက်တောင့်သက်သာရှိတဲ့ အခန်းအပြင်အဆင်၊ စိတ်ကိုအေးချမ်းစေတဲ့ အနံ့အသက်နဲ့ သီချင်းတွေနဲ့ အပန်းဖြေနိုင်မှာပါ။

🦶 ပိုက်ဆံအများကြီးမကုန်ဘဲ တကယ့်ကို လန်းဆန်းပေါ့ပါးသွားစေမယ့် Foot Massage အတွေ့အကြုံကို လက်လွတ်မခံသင့်ပါဘူးနော်!

🗓 Promotion Period – 19.11.2025 မှ 19.12.2025 ထိ

ကဲ... ဒီ ၁၆,၀၀၀ တန် Foot Massage ကို ဘယ်နေရာမှာလဲဆိုတော့

🏠မန္တလေးအရှေ့မြို့ပတ်လမ်း၊ (24) လမ်းနဲ့ (25) လမ်းကြား၊ The One အိမ်ယာကိုဆက်ဆက်လာခဲ့နော်

02/11/2025

🌕 တန်ဆောင်တိုင် လပြည့်နေ့ ဆိုင်ပိတ်ရက်ကြောငြာခြင်း

အလင်းရောင်တောက်ပသောတန်ဆောင်မုန်း လပြည့်နေ့တွင် H&Z Spa ဆိုင်အား (၁)ရက်ပိတ်သွားမည် ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ရှင့်

တန်ဆောင်တိုင်လပြည့်နေ့သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ မြတ်သုံးပါးအား ပူဇော်သောနေ့ဖြစ်ပြီး သက်သတ်လွတ်စားသုံးခြင်းဖြင့် ကုသိုလ်ပြုရသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါသည်။

🙏 တန်ဆောင်တိုင်ပွဲတော်ကာလတွင် အားလုံးပျော်ရွှင်ကြပါစေ။ 🙏

#တန်ဆောင်တိုင်

20/10/2025

ယနေ့ကျရောက်သော ဒီဝါလီတော်နေ့တွင် ဟိန္ဒူဘာသာများနှင့် မြန်မာပြည်သူပြည်သားအားလုံး မိမိတို့ဘဝလမ်းကြောင်းတွင်လည်း အောင်မြင်မှု၊ ငြိမ်းချမ်းမှု၊ ကျန်းမာရေးနှင့် သာယာအနာဂတ်တို့တွင် ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း H&Z မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

05/10/2025

✨ ဝါလကင်းလွတ် သီတင်းကျွတ် - မြန်မာ့ရိုးရာ မီးထွန်းပွဲတော် ✨

မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များထဲမှာ သီတင်းကျွတ်လပြည့်နေ့ဟာ မြန်မာလူမျိုးတို့အတွက် အထူးခြားဆုံးနဲ့ အစည်ကားဆုံးသော ဘာသာရေးနဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။ မိုးတွင်းကာလ ဝါတွင်းသုံးလ သီတင်းသုံးပြီးတဲ့ ရဟန်း၊ သံဃာတော်များအတွက် ဝါကျွတ်ကာလဖြစ်သလို၊ အလင်းရောင်များနဲ့ ကမ္ဘာလောကကို အလှဆင်တဲ့ မီးထွန်းပွဲတော် (Festival of Lights) လည်း ဖြစ်ပါတယ်။

🙏 သီတင်းကျွတ်ပွဲတော် ဖြစ်ပေါ်လာပုံသမိုင်း
သီတင်းကျွတ်မီးထွန်းပွဲတော်ရဲ့ အဓိက အနှစ်သာရကတော့ ဂေါတမမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ဆင်းသက်ကြွချီလာခြင်းကို ရည်စူးပြီး ဆီမီး၊ ဖယောင်းတိုင်၊ မီးပုံးများနဲ့ ပူဇော်ကြိုဆိုတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်။
• ဘုရားရှင်ဟာ မယ်တော်မိနတ်သား (မဟာမာယာနတ်သား) အပါအဝင် နတ်ဗြဟ္မာများအား အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားပြီးနောက်၊ သီတင်းကျွတ်လပြည့်နေ့မှာ ရွှေ၊ ငွေ၊ ပတ္တမြားစောင်းတန်းတို့ဖြင့် လူ့ပြည်ကို ပြန်လည်ဆင်းသက်လာခဲ့ပါတယ်။
• ထိုအချိန်က နတ်ဗြဟ္မာများက အလင်းရောင်များဖြင့် ပူဇော်ကြိုဆိုခဲ့ကြတာကို အကြောင်းပြုပြီး ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကလည်း အိမ်များ၊ လမ်းများ၊ ဘုရားစေတီပုထိုးများမှာ မီးများထွန်းညှိပြီး ပူဇော်ဆင်နွှဲလာခဲ့ရာကနေ သီတင်းကျွတ်မီးထွန်းပွဲတော် ဖြစ်ပေါ်လာခဲ့တာပါ။
💡 ပွဲတော်ရဲ့ ရိုးရာဓလေ့များ
သီတင်းကျွတ်ပွဲတော်ရဲ့ ထူးခြားတဲ့ ဓလေ့ထုံးတမ်းတွေကတော့-
• မီးထွန်းပူဇော်ခြင်း- ညဘက်ရောက်တာနဲ့ အိမ်တိုင်း၊ လမ်းတိုင်း၊ စေတီပုထိုးတိုင်းမှာ ရောင်စုံမီးသီးများ၊ ဖယောင်းတိုင်များ၊ မီးပုံးများ၊ မီးပန်းများနဲ့ အလှဆင် ထွန်းညှိကြပါတယ်။ တစ်မြို့လုံးဟာ အလှမီးပင်လယ်ကြီးလို လင်းထိန်နေတဲ့ မြင်ကွင်းဟာ တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။
• ကန်တော့ပွဲများ ကျင်းပခြင်း- သီတင်းကျွတ်ကာလဟာ လူကြီးမိဘ၊ ဆရာသမား နှင့် မိမိထက် သက်ကြီးဝါကြီးသူများကို ဂါရဝပြု ကန်တော့ပြီး အပြစ်ရှိက ဝန်ချတောင်းပန်ကာ ကောင်းချီးမင်္ဂလာများ ခံယူတဲ့ ရာသီလည်း ဖြစ်ပါတယ်။ သားသမီး မြေးမြစ်များက လက်ဆောင်ပစ္စည်းများ၊ ပိုက်ဆံများ ပေးကမ်းကန်တော့ကြပြီး၊ လူကြီးများကလည်း မေတ္တာပို့ ဆုတောင်းပေးကြပါတယ်။ ဒီဓလေ့ဟာ မြန်မာ့လူမှုဘဝရဲ့ ရိုသေလေးစားမှုကို ဖော်ညွှန်းနေတဲ့ လှပတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။
• အလှူအတန်းများ ပြုလုပ်ခြင်း- ဘုရားကျောင်းကန်သွားရောက်ပြီး ဥပုသ်သီလ စောင့်ထိန်းခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူခြင်းနဲ့ အလှူဒါနများ ပြုလုပ်ခြင်းတို့ဟာလည်း သီတင်းကျွတ်ရဲ့ အဓိက ဘာသာရေးလုပ်ငန်းများ ဖြစ်ပါတယ်။
• ပျော်ပွဲရွှင်ပွဲများ- ညဘက်အချိန်တွေမှာ လမ်းမများပေါ်မှာ ဇာတ်ပွဲ၊ ရုပ်ရှင်ပြပွဲ၊ အငြိမ့်ပွဲတွေနဲ့ စားသောက်ဆိုင်တန်းတွေ စည်ကားသိုက်မြိုက်နေလေ့ရှိပြီး ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲကြပါတယ်။
သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ မြန်မာလူမျိုးတို့ရဲ့ ဘာသာတရား ကိုင်းရှိုင်းမှု၊ လူကြီးသူမများအပေါ် ရိုသေမှုနဲ့ စိတ်နှလုံးကောင်းမွန်မှုကို ထင်ဟပ်ပြသနေတဲ့ ပွဲတော်ဖြစ်ပါတယ်။ အလင်းရောင်များနဲ့အတူ မေတ္တာတရားနဲ့ ဂါရဝတရားများပါ လင်းလက်တောက်ပနေတဲ့ ပွဲတော်လို့ ဆိုနိုင်ပါတယ်။

🌕သီတင်းကျွတ်လမြတ်အခါသမယမှာ H&Z Spa မိသားစုမှလည်း မိဘပြည်သူများအားလုံးကို ချစ်ခြင်းမေတ္တာများ၊ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာများပို့သအပ်ပါတယ်ရှင့်🙏

23/09/2025

✨ H&Z ရဲ့ သီတင်းကျွတ် 20% Special Discount နဲ့ အလှဆုံး✨ အတောက်ပဆုံး✨ ဖြစ်ဖို့အချိန်ရောက်ပြီ! 🥰

🎉 သီတင်းကျွတ်ပွဲအတွက် Professional Hair Stylist တွေရဲ့ အမိုက်စား Hairstyles ဖန်တီးပေးမှုတွေနဲ့အတူ ကိုယ်ပိုင်အလှတရားကိုပိုင်ဆိုင်လိုက်ပါ! 💇‍♀️💇

📌 Promotion အတွင်းဝန်ဆောင်မှုများ

Hair Color 🎨

Digital Perm ✨

Straight Hair 🌟

Rebonding 💎

Pro Protein Treatment 💆‍♀️

Pro-Max Protein Treatment 💫

🗓 Promotion Period – 25.9.2025 မှ 25.10.2025 ထိ

📍 H&Z Salon & Spa ကို လှမ်းလာပြီး သင့်ရဲ့ အလှတရားကို တောက်ပစေဖို့ အချိန်မပျက်အောင် promotion အမှီကြိုတင် Booking တင်လိုက်ပါနော် 💖

Booking Appointments For
💬 Page Messenger (or)
📞09-455 235 121, 09-946 946 222

⏰ဆိုင်ဖွင့်ချိန်
9:00Am to 9:00Pm (ပိတ်ရက်မရှိ)

📍 Google Maps Location 👉
https://maps.app.goo.gl/xcSiKaC3WzhE8LG4A

🏠 လိပ်စာ – မန္တလေးအရှေ့မြို့ပတ်လမ်း၊ (24) လမ်းနဲ့ (25) လမ်းကြား၊ The One အိမ်ယာ
ဆက်ဆက်လာခဲ့နော် 💕
စောင့်နေမယ်ရှင့် 🙏

18/09/2025

We are hiring!!!

Artist တစ်ယောက်အဖြစ် မိမိကိုယ်ကိုယုံကြည်ချက် အပြည့်ရှိတယ်ဆို H& Z Sloon And Spa မှာ Artist တစ်ယောက်အဖြစ် ရပ်တည်လိုက်ပါ....
Hair Cutting -3 posts
Massage -5 posts
Senior Nail Artist - 3 posts
Eyelash Extension -3 post
Junior Nail Artist- 3 posts
အကျိုးခံစားခွင့်များ
- အခြေခံလစာ + % + ဟင်းဖိုး
- အဝေးမှလာမည့်သူများအတွက် နေစရာစီစဥ်ပေးမည်။
- တစ်လ နှစ်ရက်နားခွင့်ရှိသည်။
- နားရက်မယူရင် ရက်မှန်ကြေးရှိသည်။
- WiFi Free
- Uniform ပေးသည်

- လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ရမည်။
- customer service ကောင်းမွန်ပြီး ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။
-ဆိုင်စည်းကမ်းလိုက်နာပြီး အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
-ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။

***အင်တာဗျူးနှင့် လူတွေ့စစ်ဆေးမည်ဖြစ်သည်။

📞 09 455 235 121, 09 946 946 222

📍 Google Maps Location 👉
https://maps.app.goo.gl/xcSiKaC3WzhE8LG4A

🏠 လိပ်စာ – မန္တလေးမြို့ ပတ်လမ်း၊ (24) လမ်းနဲ့ (25) လမ်းကြား၊ The One အိမ်ယာ

10/09/2025

✨ တစ်နေ့တာ ပင်ပန်းသမျှတွေကို
ဘယ်လိုအနားယူကြမလဲ?

📞 09 455 235 121, 09 946 946 222

📍 Google Maps Location 👉
https://maps.app.goo.gl/xcSiKaC3WzhE8LG4A

🏠 လိပ်စာ – မန္တလေးမြို့ ပတ်လမ်း၊ (24) လမ်းနဲ့ (25) လမ်းကြား၊ The One အိမ်ယာ
ဆက်ဆက်လာခဲ့နော် 💕
စောင့်နေမယ်ရှင့် 🙏

06/09/2025

တော်တလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့လို့ခေါ်ရခြင်းအကြောင်း

ဗုဒ္ဓဘာသာဝင်များအတွက် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ထားကြပါတယ်။ ထိုနေ့ကိုရောက်လာရင် ငါးပါးသီလ ချို့ယွင်းနေသူများအား သတိပေးတဲ့အနေ့နဲ့ ငါးပါးသီလကို အသက်ထက်ဆုံး လုံခြုံအောင် စောင့်ထိန်းကြဖို့အသိပေးတယ်တဲ့နေ့ ဆိုလည်း မှားမည်မထင်ပါ။ ဂရုဓမ္မဆိုတာ လူသားတို့ အနေဖြင့် တလေးတစား စောင့်ထိန်းအပ်တဲ့ (ကုရုဓမ္မ) ငါးပါးသီလကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။ ကုရုဓမ္မကနေ ဂရုဓမ္မဖြစ်လာတာပါ။
တိုင်းပြည်သာယာဝပြောပြီး လူသားများအားလုံးကပ် ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် မိမိမှအစပြု၍ တစ်ဦးချင်းလိုက်၊ တစ်မိသားစုချင်းလိုက်၊ အစပြုကာ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းသင့်လှကြောင်း နေ့စဉ်စောင့်ထိန်းကြဖို့ အသိပေးလိုခြင်း ဖြစ်ပါတယ်။
ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ကုရုဓမ္မဇာတ်တော်ကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့ဟု သတ်မှတ်ခြင်းသာဖြစ်ပါသည်။

Photos from H & Z Spa's post 23/08/2025

Hello #❤️❤️❤️
ချစ်ရတဲ့ကာကာတို့ရေ
H&Z Salon&Spaမှာ
Hair ပိုင်းတွေရော လာရောက်အားပေးလို့ရပါပြီရှင့်
ပျက်စီးနေတဲ့ဆံပင်လေးတွေကို စိတ်တိုင်းကျသွားစေရမယ်နော် ❣️❣️❣️❣️❣️❣️❣️❣️❣️

အရှေ့မြို့ပတ်လမ်း ၂၄-၂၅ကြား
The one အိမ်ယာ
☎️09946946222
☎️09455235121

21°59'00.5"N 96°07'42.8"E 10/05/2025

🧖‍♀️H&Z Spa ဆိုင်နေရာပြောင်းရွှေ့ဖွင့်လှစ်ရန်အကြောင်းကြားခြင်း

မင်မင်တို့ကျေးဇူးရှင် ဧည့်သည်တော်များရှင့်
ယခုအချိန်ထိ ယုံကြည်စွာ H&Z Spa ကိုအားပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏

🫨28-3-2025ရက်နေ့တွင် Richter Scale 7.7 ကြီးမားတဲ့ငလျင်ဒဏ်ကြောင့် တစ်မြို့နယ်လုံးအတိုင်းအတာအပျက်စီးများနှင့်အတူ မင်မင်တို့၏ မူလဆိုင်တည်နေရာ (Corner Of 55St & 41(A)St, Mandalay) တွင် ဆိုင်အဆောက်အဦးနှင့် ပစ္စည်းများ ပျက်စီးမှုများ ဖြစ်ပွားခဲ့သဖြင့် နောက်ထပ်အဆင်ပြေချောမွေ့စေပြီး ပိုမိုကောင်းမွန်သော နေရာသစ်တွင် ပြောင်းရွေ့ဖွင့်လှစ်သွားမည်ဆိုသည့်အကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့် 🙏

ဆိုင်အသစ်၏လိပ်စာ
📍The One Villa, Mandalay Pyin Oo Lwin Road, Between 24&25St, Aungmyaetharzan Township,

📞09 455 235 121, 09 946 946 222

Google Maps Location
https://maps.app.goo.gl/xcSiKaC3WzhE8LG4A?g_st=com.google.maps.preview.copy

မင်မင်တို့ H&Z Spa အနေဖြစ် ပိုမိုကောင်းမွန်သောနေရာအသစ်တွင် ကျေးဇူးရှင် ဧည့်သည်တော်များ အကောင်းဆုံးဝန်ဆောင်မှုများပေးသွားမည်ဖြစ်တာကြောင့်ဆက်လက် လာရောက် အားပေးကြပါရန် ဖိတ်ခေါ်ပါတယ်ရှင့်🙏

ဆိုင်ဖွင့်မည့် ရက်အတိအကျကို H&Z Spa facebook စာမျက်နှာတွင် မကြာမှီအသိပေးသွားပါမည်ရှင့်

အခက်အခဲများကို အတူတူရင်ဆိုင်ကျော်ဖြတ်ပြီး မန္တလေးမြို့ကြီး ပြန်လည်နိုးထကြစို့....💪

21°59'00.5"N 96°07'42.8"E Find local businesses, view maps and get driving directions in Google Maps.

05/04/2025

❗️ဆိုင်ပိတ်ရက်ကြော်ငြာခြင်း‼️

ချစ်ခင်ရပါသော Customer များရှင့်

လတ်တလော ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ကျွန်ုပ်တို့ဆိုင်တွင် အနည်းငယ် ပျက်စီးမှုများ ရှိသွားပါသဖြင့် ဆိုင်ကို ယာယီပိတ်ထားမည်ဖြစ်ပါသည်။ ထို့ကြောင့် အားပေးနေကြသော customers များအား အထူးတောင်းပန်အပ်ပါတယ်ရှင့်....🙏

🛠️လိုအပ်သော ပြုပြင်မှုများ ပြီးစီးသည်နှင့် ပြန်လည် ဖွင့်လှစ်ပါမည်။ အချိန်ပေးပြီး စောင့်မျှော်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ကြိုတင် Booking ယူထားသော မိတ်ဆွေများအတွက် နားလည်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။

ကျေးဇူးတင်လျက်

H&Z Spa

📞09-455 235 121, 09-946 946 222

➢ Address: Corner Of 55St & 41(A)St, Mandalay

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


မန္တလေးအရှေ့မြို့ပတ်လမ်း၊ (24) လမ်း နဲ့ (25) လမ်းကြား၊ The One အိမ်ယာ
Mandalay
05032

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00