Boom Boom Shop
100%BKK & Korea ပစ္စည်းစစ်စစ်များကို စျေးနှု?
17/02/2023
Espoir Suncream အစိမ်းလေး( Instock)
exp dt--- March 2023
Price - 22500 ks (60 ml)+(20 ml)
suncreamလိမ်းလို့ အဆင်မပြေတတ်ကြတဲ့ဝက်ခြံ၊ အဆီပြန်သမားတွေက အစိမ်းရောင်လေးယူနော် 💚
လိမ်းလိုက်ရင်လည်း အေးအေးလေး💚
သူ့မှာပါဝင်တဲ့ Green Tea လေးကြောင့် အသားအရေ ယားယံမှု နီမြန်းမှုကို လျော့ချပေးတယ်💚
alcohol free ဖြစ်လို့ sensitive skin တွေကအစ စိတ်ချစွာ အသုံးပြုလို့ရပါတယ်💚
Review Link -
https://m.facebook.com/story.php?story_fbid=122972986930712&id=109035938324417
https://m.facebook.com/story.php?story_fbid=350714290206000&id=103956361548462
https://m.facebook.com/story.php?story_fbid=478396693655943&id=100044568483442
https://m.facebook.com/story.php?story_fbid=165395892488310&id=106589041702329
https://m.facebook.com/story.php?story_fbid=3013420372054103&id=1199686820094143
https://www.facebook.com/103955214939886/posts/356105276391544/
https://www.facebook.com/1199686820094143/posts/3013420372054103/?extid=0&d=
01/01/2023
ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့ သောသူတွေ ဘာကြောင့်ခရီးတွေသွားနေကြတာလဲ ??
အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။
၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။
ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ အဲ့လိုမျိုး အချိန်တွေ ကျွန်တော်တို့ ဆွဲထားရအောင် နံနက်ဖြန်မှာ ကျွန်တော်တို့ အသက်ရှင်နေအုန်းမယ်၊ ကျန်းမာကြံ့ ခိုင်နေအုန်းမယ် လို့တွေးထားရင် ကျွန်တော်တို့ မိုက်ရူးရဲဆန်ရာ ကျသွားမှာပေါ့ဗျာ။
၂) “နောင်တဆိုတာ လုပ်လိုက်လို့ရတာထက် မလုပ်လိုက်လိ ု့ရတာ ပိုများပါတယ်။”
အခုချိန်မှာသာ ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် ခုတင်ပေါ် ဗုံးဗုံးလဲနေခဲ့ရင် ကျောစိမ့်အောင် အေးတဲ့ ပုဂံဆောင်းရာသီ နေထွက်ချိန်မှာ ကောင်းကင်ပေါ် တက်လာတဲ့ မီးပျံပူဖောင်းကြီးတွေကို အဓိပ္ပါယ်မရှိစွာ မငေးမောခဲ့ရတဲ့အတွက် နောင်တရမိမှာ ၊ နိုင်ငံခြားတိုင်းပြည်တခု၏ လမ်းထောင့်လေးက ကော်ဖီဆိုင်မှာ အူကြောင်ကြားထိုင်နေရင်း ဘေးက လူတစ်ယောက်နဲ့ ဟိုဟိုဒီဒီတွေ
လေ ျှာက်ပြောရင်း စကားလက်ဆုံကြမိခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးခင်ရတဲ့ မိတ်ဆွေတစ်ယောက် မကြုံတွေ့ခဲ့ရတဲ့အတွက် နောင်တရမိမှာ၊ ကိုယ်ချစ်ရတဲ့သူနဲ့ တောင်ပေါ်က တိမ်တွေအပေါ်မှာ လည်နေတဲ့ ချားရဟတ်လေးကို ဘယ်နှခေါက်မှန်းမသိ စီးခွင့်မရခဲ့တဲ့အတွက် နောင်တရမိမှာ၊ တောတောင်တွေထဲမှာ တစ်ယောက်တည်းလမ်းလေ ျှာက်ရင်း မိမိအနာဂါတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မချမိခဲ့တဲ့အတွက် နောင်တရမိမှာ……
မသွားရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သွားကြည့်မှ လုပ်ကြည့်မှ စမ်းကြည့်မှ ဘယ်အရာနဲ့မတူတဲ့ အတွေ့အကြုံတွေကို ခံစားမိတဲ့အခါ ကိုယ်သာ ဒီလိုမလုပ်ခဲ့ရင် ဒါတွေနဲ့ ဝေးရချည်သေးရဲ့ ဆိုပြီး တစ်ယောက်တည်းကြိတ် သက်ပျင်းချပြီး တော်ပါသေးရဲ့ ငါလုပ်ခဲ့လို့ ဆိုတဲ့ အခိုက်အတန့်တွေ အများကြီးလည်း ရှိခဲ့ပါသေးရဲ့ ။
၃) ကိုယ်တိုင်ခံစားဖူးမှ တကယ်သိမှာပါ။
ပဲရစ် ရထားဘူတာကြီး အဝမှာ ခွဲခွာရမယ့် ချစ်သူ ၂ ဦး ဖက်ပြီးငိုဆွေးနေတာကိုကြည့်ပြီး သင် အချစ်ဆိုတဲ့ အရာကို နွေးနွေးလေးခံစားမိမှာပါ။
အခြားနိုင်ငံခြား ခရီးသည် ဘယ်သူမှမရှိတဲ့ နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းဘုရားကျောင်းအဝင်လမ်းမှာ ရိုးရာတူရိယာလေးကို ငြိမ့်ညောင်းစွာ တီးခတ်နေတာကို ခံစားရင်း လောကကြီးကို သင်ခဏလေးတော့ မေ့သွားမှာပါ။
ခရီးသွားနေရင်း ပိုက်ဆံ အိပ်ကပ်ထဲမှာ ၅ ဒေါ်လာပဲကျန်တဲ့အခါ ဘယ်နည်းနဲ့ဖြစ် ပိုက်ဆံရောက်အောင်လွှဲပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သင့်အပေါ်ထားတဲ့ စေတနာနဲ့ စိုးရိမ်မှုတွေကို သိရှိခံစားမိမှာပါ။
အဲ့ဒီလို လှပတဲ့ခံစားချက်တွေကို သင်ကိုယ်တိုင်မှလွဲပြီး အခြားဘယ်သူမှနားလည်အောင် ရှင်းပြလို့လည်း ရမှာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းပဲ ဖီးလ်လို့ရတဲ့ ခံစားမှုမျိုးတွေပေါ့ဗျာ။
၄) အားလုံးနဲ့ဝေးရာ ခဏတာ ထွက်သွားပါရစေ။
နေ့ခင်း ထမင်းဆိုင်မှာ ဟင်းမှာရင်တောင် ဝက်သား၊ အမဲသား မစားတဲ့သူတွေပါလာတဲ့အခါ အားလုံးစားလို့ရမယ့် ဟင်းမျိုးကိုမှာခဲ့ရတယ်။ ကိုယ်စားချင်နေတဲ့ ဟင်းလေတွေကို တခါတရံ အံ့ကြိတ်ပြီး ခဏမေ့ထားခဲ့ရတာပေါ့။
ကိုယ်မကြိုက်တဲ့သူတွေကို အလုပ်သဘောတရားအရ၊ လူမှုရေးသဘောတရားအရ မပြုံးချင်တောင် မဲ့လို့မရပဲ ပြောဆိုဆက်ဆံရတာ များလာတော့လည်း ရင်ထဲမှာ မောမောလာတယ်။
ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကျတော့လည်း သူတို့ရဲ့ အကြိုက်လေးတွေကို လိုက်ရင်းလိုက်ရင်း ကိုယ်ဘာကြိုက်တတ်လဲတောင် မေ့တတ်လာခဲ့တာတောင် အတော်ကြာခဲ့ပါပြီ။
ကိုယ်ဆိုတာကို ခဏမေ့ထားပြီး သူတို့ ဆိုတာကြီးကို ဦးစားပေးရင်း ပျောက်ကွယ်သွားတဲ့ “ကိုယ့်” ကို ပြန်လည်ရှာဖွေတွေ့ ရှိနိုင်ဖို့ အားလုံကို ခဏပစ်ထားပြီး အဝေးသို့ ထွက်သွားခဲ့မိပါတယ်။
၅) ခရီးသွားခြင်းက ဆေးဝါးအချို့လိုပဲ လူကို စွဲလမ်းစေတတ်ပါတယ်။
တစ်ယောက်တည်း သွားချင်တဲ့နေရာသွား ၊ စားချင်တာတွေစား၊ လုပ်ချင်တာတွေလုပ်ပြီး ပျော်ရွှင်မှုတွေ အများကြီးခံစားရတဲ့အခါ နောင်ကိုမသွားပဲ မနေနိုင်လောက်အောင် စွဲလမ်းလာပါတယ်။
လူနေထိုင်မှုပုံစံအသစ်တွေ၊ ရာသီဥတုကောင်းကောင်းလေးတွေ၊ တပ်မက်ဖွယ်ကောင်းတဲ့ အစားအသောက်တွေ၊ မျက်လုံးထဲကမထွက်တော့တဲ့ ရှုခင်းလှလှလေးတွေ ကိုကြုံတွေ့ပီးတဲ့အခါ ပိုပြီးသွားချင်လာတယ်၊ ပိုပြီးနားလည်ချင်လာတယ်၊ ပိုပြီးစမ်းသပ်ချင်လာပါတယ်။
တစ်မြို့ ပြီး တစ်မြို့ ၊ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ တစ်နေရာပြီး တစ်နေရာကို သွားဖို့စီစဉ်မိနေတော့တာပါပဲ။ အဲ့လိုသွားနိုင်ဖို့လည်း အရင်ကထက် ၃ ဆလောက်အလုပ်ပိုလုပ်လာရပါတယ်။
အသုံးအဖြုန်းတွေလည်းတတ်နိုင်သလောက်လေ ျှာ့လာရပါတယ်။ တစ်ချိန်လုံး ခေါင်းထဲမှာ ဘယ်နေရာအသစ်တွေ ထပ်သွားရင် ကောင်းမလဲစဉ်းစားနေတဲ့အထိကို ဖြစ်လာတော့တာပဲဗျာ။
ခရီးသွားခြင်းလို့ပြောတဲ့အခါ အချို့တွေက အများသွားလေ့ရှိတဲ့ နာမည်ကြီး နေရာလေးတွေလောက်သာ ရွေးသွားပြီး ဓါတ်ပုံလေးတွေရိုက် အခြားသူများ အထင်ကြီးအားကျအောင် လုပ်ချင်တဲ့အချက်ကြောင့် ခရီးသွားတာကိုတော့ အပေါ်မှာ ထည့်မရေးထားတာကို သတိထားမိမှာပါ။ ထိုအချက်ကို မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ပဲလေ။
ဒါပေမယ့် ခရီးသွားခြင်း အနုပညာက ထိုအကြောင်းအရာတစ်ခုထဲထက် များစွာပိုတာမို့ အားလုံးပဲ စစ်မှန်သောပျော်ရွှင်မှုနဲ့ ဘဝအတွက်အထောက်အကူပြုသော သင်ယူမှုများ ရရှိနိုင်တဲ့ ခရီးသွားခြင်းမျိုး ဘဝမှာ များများပြုလိုက်နိုင်ပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Credit > Original Uploader
K● Z@₩(PPE9)
04/12/2022
မင်မင် Bkk ရောက်တုန်းမှာတဲ့ order လေးတွေ အကုန်ဝယ်ပြီးတဲ့ပုံလေးတွေပါ
ခုတော့mandalay ပြန်ရောက်လို့ Orderတွေအကုန်ခွဲပြီးပါပြီ
တစ်ယောက်ထဲ order
21/11/2022
နားကပ်လှလှလေးတွေ လိုချင်ရင် မှာလို့ရပါတယ်
တစ်စုံ 2500
Prepaid ပါ ပစ္စည်း3ရက်နေ့ ပါမယ်ရှင်
11/10/2022
🛑ကလေးတွေ ငိုတဲ့အခါ🛑
ဘယ်မိဘမှ ကလေးငိုတာ မကြိုက်ကြပါဘူး။ မွေးကာစက သူတို့ဘာသာစကားအနေနဲ့ ငိုကြတယ်ဆိုပြီး ပြောကြပေမဲ့ (၂)နှစ်၊ (၃)နှစ် ကျော်လာပြီး သိတတ်လာတဲ့အခါ၊ ရစ်တတ်လာတဲ့အခါ၊ ဂျစ်တတ်လာတဲ့အရွယ် ဖြစ်လာတော့ မိဘတွေ အထူးသဖြင့် "အမေ" တွေ စိတ်ညစ်၊ စိတ်ဖိစီးလာရပါတော့တယ်။
မညာပါနဲ့.... တခါခါ ကလေးငိုသံမကြားချင်လာတာ
မညာပါနဲ့.... တခါခါ ကလေးကို ရိုက်ပစ်ချင်တာ
မညာပါနဲ့... ကျမလည်း ဒီလိုပါဘဲ...
ဒီတော့ ကလေးတွေငိုတဲ့အခါ ဘာလုပ်ဖြစ်လဲလို့ ကျမကိုမေးတဲ့အခါ...
🍀 အပြည့်အဝ ငိုခွင့်ပေးလိုက်ပါတယ် (ငိုပါစေ အားရသည်အထိ ကျမစောင့်ပေးလိုက်ပါတယ်)
🍀 သူ့ခံစားချက်ကို နားလည်ကြောင်း ပြောပါတယ် (အမေ ဒိုရင်း စိတ်ထဲမကောင်းတာ နားလည်တယ်၊ ဝမ်းနည်းနေတာ နားလည်တယ်၊ ဒေါသထွက်တာ နားလည်ပါတယ် ဆိုတာမျိုးပြောဖြစ်ပါတယ်)
🍀 ငိုပြီးဝမ်းနည်းတဲ့အခါ အမေ(သို့) အဖေရှိတယ် ဆိုတာ ပြပါတယ် (သူ့ကိုဖက်ပေးတာမျိုး၊ သူအဖက်မခံချင်တဲ့အခါဆိုရင် ခပ်လှမ်းလှမ်းက စောင့်ပေးတာမျိုး လုပ်ပါတယ်)
🍀 ငိုနေတဲ့ကလေးကို အာရုံလွဲတာ၊ စတာမျိုး ပေါ့ပေါ့ပါးပါး လုပ်ပါတယ် (သူနှာရည်ကျတာကို ပုံစံတူလုပ်ပြတဲ့အခါ ကလေးက ရီလာတတ်ပေမဲ့ တခါခါ ပိုစိတ်တိုတာမျိုးလည်း ဖြစ်တတ်တယ်။ စိတ်ဆိုးလာတာမျိုးဆို မစဘဲ နေလိုက်ပါ)
🍀 ငိုနေတဲ့အခါ သူညည်းညူတာတွေ မေး/ဖြေလုပ်ပြီး ချော့ပါတယ်
ဥပမာ ရေခဲမုန့်စားချင်တာ ဆိုင်ပိတ်နေတာမျိုး
ဒိုရင်း - သားက ရေခဲမုန့်စားချင်တာ....
ကျမ - သိတာပေါ့ သားစားချင်တာ ...
ဒိုရင်း - စတော်ဘယ်ရီစားချင်တာ.... ဗြဲ
ကျမ - အမေက ချောကလက်စားချင်တာ ... ဒါပေမဲ့ ဘယ်လိုလုပ်မလဲ? ဆိုင်ပိတ်ထားတယ်ကော?
ဒိုရင်း - မရဘူး အခုစားချင်တာ
ကျမ - အမေကိုယ်ချင်းစာတယ် အမေလည်း အခုအရမ်း အရမ်းစားချင်တာ ဒါပေမဲ့ ဆိုင်ပိတ်ထားတယ် အမေလည်း စိတ်မကောင်းဘူး
ဒိုရင်း - (ပိုအာပြဲနဲ့ငို)
ကျမ - ဒါမှမဟုတ် အမေနဲ့ မနက်ဖြန် ပိုစောစော လာမလား? ဆိုင်ဖွင့်တဲ့အချိန်မှန်းပြီး?
ဒိုရင်း - မရဘူး အခု အခု
ကျမ - အာ.... ဒါမှမဟုတ် သားကြိုက်တဲ့ ပေါင်မုန့်ဆိုင်သွားမလား? ပိုရိုရို ကိတ်ရှိတဲ့နေရာလေ?
ဒိုရင်း - (အနည်းငယ် တွေဝေ)
ကျမ - ရေခဲမုန့်က နောက်မှ ထပ်လာစားကြမယ်၊ ဒီနေ့တော့ ပေါင်မုန့်ဆိုင်သွားပြီး သားကြိုက်တဲ့ ပေါင်မုန့်စားရအောင်.... နော် ... ရေခဲမုန့်ကိုက မနက်ဖြန်မှ လာစားကြတာပေါ့
ဒိုရင်း - အင်း... သားက ရေခဲမုန့်စားချင်တာ
ကျမ - အဲ့တာဆို ပေါင်မုန့်ဆိုင် မသွားဘဲ ဒီတိုင်းအိမ်ပြန်ကြမလား? ဘာလို့ဆို ဆိုင်ပိတ်ထားတော့ အမေမတတ်နိုင်ဘူး၊ ပေါင်မုန့်ကျပြန်တော့ သားစိတ်မဝင်စားဘူးထင်တယ်
ဒိုရင်း - ပေါင်မုန့်ဆိုင်သွားမယ် အိုမား
(ရေးထားတာသာလွယ်တာပါ ဘယ်လောက်ရစ်တတ်တာ အမေတွေ ပိုသိကြမှာပါ 🥲😅)
🛑 ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းကို ငိုပေမဲ့ မဖျက်ပါနဲ့၊ ကလေးတွေက ကိုယ့်ထက် ပိုလူလည်ကျတတ်ပါတယ်
🛑 မရတာက မရတာကို နားလည်အောင် အချိန်ပေး စိတ်ရှည်ပေးပါ
🛑 ငိုလို့ဆိုပြီး မဗျင်းပါနဲ့၊ ဗျင်းလို့ ခဏတာ အငိုတိတ်ပေမဲ့ ပြသနာက ထပ်ခါထပ်ခါ ဖြစ်မှာပါ။
ကလေးအရွယ် ငိုပါစေ
ကျမတို့တောင် ငိုချင်တာ မငိုနဲ့ပြောခံရရင် ဘယ်လိုခံစားရမလဲ တွေးကြည့်ပြီး ကိုယ်ချင်းစာပေးကြရအောင်နော်
မေမေတို့နဲ့ ဘဝတူ
မေမေပန်
(2021 ကစာဟောင်းလေး)
Hazel’s Lifestyle
မိန်းကလေးတွေရဲ့ ကိုယ်အလေးချိန် 👇
1️⃣ 90-100 -အစားသောက်ကောင်းကောင်းစားပေး
2️⃣ 90-110 -ဘာဝတ်ဝတ်လှနေတယ်
3️⃣ 110-130 - အသားရည်ပြည့်တယ်၊ကိတ်တယ်
4️⃣ 130-150 - အရမ်းအဆီများနေပြီ
5️⃣ 150-170 - ဝက်မ
🚨 170-180 - မျိုနေတာအခုရပ်လိုက်
( သင်ရော နံပါတ် ဘယ်လောက်လဲ ) 😁😁
Crd;
📌Edit မင်မင်လေးက နံပါတ်3️⃣ ကနေ ဆင်းလည်းမဆင်းဘူး တက်လည်းမတက်ဘူး😂
17/09/2022
ငှက်သိုက်ဖက်တွေ အများကြီးပါတဲ့… ထိုင်းနိုင်ငံရဲ့ရောင်းအားအကောင်းဆုံး Best seller SCOTCH Bird's Nest Gold ငှက်သိုက် လေးပါ…
SCOTCH ငှက်သိုက် ((42ml) - ၁ ပါကင် 6ဘူးပါ)
Price 30000
ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....
ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်
သိုင်းရွိုက်ရောင်မယ်..
လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်
ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း
- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုးနံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆားရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်
ဦးေခါင်း နာဗ်ကြောများ ရောင်ခြင်း
ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်
တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊
ဂုတ်ဆက် ခဲခြင်း
- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊
လက်ပြင်ရောင်ခြင်း
တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ
အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအနေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ
ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
တို့ဆောင်ထားသင့်ပါသည်..
Crd/Naing Nyi
@@ #@ #@@@@@ #&-+(/)
အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်
အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။
သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။
ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။
သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။
Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "
WL ( ရိုးရာလေး )
Cr to original writer
Cook ပဲပိစပ်ဆီ5liter(3ပိဿာ)ဘူးဝယ်ချင်ရပါမယ်နော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
64(B)street, Bet 107x108, Chanmyatharsi
Mandalay
00959
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
