Tmaxx Myanmar Tampon

Tmaxx Myanmar Tampon

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tmaxx Myanmar Tampon, Health/Beauty, Mandalay.

Photos from Tmaxx Myanmar Tampon's post 13/12/2018

အားလုံးပဲ မင်္ဂလာပါနော် 👏👏👏

Tmaxx Myanmar ကနေ အမျိုးသမီးများအတွက်
အထက်တန်းကျတာလေးတခုနဲ့ မိတ်ဆက်ပေးလိုက်ပါပြီရှင် 😉😉😉

အမျိုးသမီးများ ဓမ္မတာလာစဉ်သုံးတဲ့ Tmaxx ဆိုတဲ့ Germany ထုတ် tampon လေးမှာ
အခု ၂၀ ပါဝင်ပါတယ် ။ အမျိုးအစားအားဖြင့် ၄မျိုး လာရှိပါတယ် ။ တခြားအမျိုးအစားများလည်း ရှိပါသေးတယ် ရှင် ။ အဆင်ပြေရာ နှစ်သက်ရာကို ဝယ်ယူအားပေးနိုင်ပါတယ် ရှင် :*

👉👉👉အခု ၂၀ ပါ တဗူးကို ၁၅၀၀၀ ကျပ်ပါရှင် 👈👈👈
၁၀ဗူးအထက် လက်ကားယူလိုသူများအတွက်
Cb လာပေးပါလို့ ဖိတ်ခေါ်ပါတယ်😍😍😍

အတောင့်အမျိုးအစား (tampon) အသုံးပြုပုံ အကြောင်းလေးကို Sharing လုပ်ချင်ပါတယ်။
အောက်မှာလဲ အသုံးပြုပုံ Photo လေးတွေ ပြပေးထားပါတယ် ။
အမျိုးသားတွေနဲ့ တော့မဆိုင်ပေမယ့်လဲ ဗဟုသုတရစေချင်လို့ ပါ။
ဒါဟာရှက်စရာမဟုတ်သလို ဒီပစ္စည်းတွေဟာလဲ မထိရမကိုင်ရလောက်အောင်မဖြစ်ပါဖူး။
ယေဘူယျအားဖြင့် အမျိုးသမီးတယောက်ဟာ သူမရဲ့ သက်တမ်းတလျှောက်မှာ လစဉ်သုံးပစ္စည်း ၁သောင်းကျော်လောက်အသုံးပြုကြပါတယ်။ အဲ့ လိုသုံးစွဲမှုအပေါ်မှာကြည့်မယ်ဆိုရင်
ဘယ်အရာဟာ သူမတို့ အတွက် အဆင်ပြေနိုင်မလဲဆိုတာ ယနေ့ ထိတိုင်ရှာဖွေနေဆဲပါ။
အမျိုးသမီးတွေဟာ အတောင့်အမျိုးအစား (tampon) ကို နေ့ အခါမှာအင်္သုးပြုပီး
ဂွမ်းကပ် (pad)ကိုညအခါမှာအသုံးပြုကြပါတယ်။
အတောင့်အမျိုးအစား (tampon) အသုံးပြုနေချိန်မှာ ယိုစိမ့်မှုကိုကာကွယ်ဖို့ ရန် Pad အပါးစားကိုအသုံးပြုလို့ လဲရပါသေးတယ်။
အမျိုးသမီးတချို့ ကတော့ အတောင့်အမျိုးအစား (tampon) ကို အတွင်းထဲသို့ 
ထည့်သုံးစွဲခြင်းဟာ ပိုမို သက်တောင့်သက်သာရှိပီး နေသာထိုင်သာရှိတယ်လို့ လဲဆိုကြပါတယ်။ မြန်မာပြည်မှာတော့ အတောင့်အမျိုးအစား (tampon)ဟာ
ဈေးဆိုင်တိုင်းမှာအလွယ်တကူဝယ်ယူလို့ မရနိုင်သေးပါဖူး။
တချို့ သော အမျိုးသမီးတွေကတော့ ဂွမ်းကပ် (pad) ဟာ
အခြားအရာတွေထပ်ပိုပီးနေသာထိုင်သာရှိတယ်လို့ ပြောကြပါတယ်။
အခြားသော အရာတခုကို မိမိရဲ့  သားအိမ်ထဲကိုမထည့်ချင်တဲ့ အမျိုးသမီးတွေပါ။
မြန်မာနိုင်ငံမှာလဲ ဂွမ်းကပ် (pad)ကိုသာအဓိကထားအသုံးပြုကြတာပါ။ ဂွမ်းကပ် (pad) ရဲ့  အားနည်းချက်တခုကတော့  ရေထဲမှာအသုံးပြုလို့ မရတာပါပဲ.😫😫😫
ဒီမှာဆိုရင်တော့ သင်္ကြန် , Pool party စသဖြင့်ပေါ့ နော်.
အဲ့ လို အချိန်တွေမှာ ရာသီလာမှာကိုကြောက်နေရတာပါပဲ။ 😒😒😒
ဒါပေမယ့် အတောင့်အမျိုးအစား (tampon) တွေကတော့ ရာသီလာချိန်မှာ
ရေကူးလို့ ရ အားကစားလုပ်လို့ ရတယ်လေ.😉😉😉
အများသောအားဖြင့် အမျိုးသမီးတော်တော်များဟာ တခါအသုံးပြုပီးလွှင့်ပစ်လိုက်ရတာကိုပိုပီးစိတ်တိုင်းကျကြပါတယ်။👏👏👏
ဘယ်သွားသွားလဲ အိတ်ထဲ စိတ်ချလက်ချ ယူဆောင်သွားလို့လဲ ရပြီပေါ့ ။😬😬😬
တော်ရုံလူလဲ မသိနိုင်တော့ဘူးလေ ။😝😝😝

အတောင့်အမျိုးအစား (tampon) အကြောင်းတစေ့တစောင်း

၁၉၃၀ ပတ်ဝန်းကျင်လောက်ကစပီး အနောက်နိုင်ငံတွေမှာ အသက်၄၁နှစ်အောက် အမျိုးသမီးတွေကြားမှာရေပန်းစားလာတဲ့ အရာတခုပါ။ Tampon ကိုရွေးချယ်ရခြင်းကတော့ ရာသီလာချိန်မှာ လွတ်လပ်သွားနေလို့ ရလို့ ပါပဲ။ Pad လိုပါပဲ Tampon ဟာလဲ အရွယ်အစားအမျိုးမျိုးရှိပါတယ်။ Tampon ဟာ ဓမ္မတာသွေးဆင်းမှု ပေါ်မှာလိုက်ပီး ၄နာရီမှ ၈နာရီအကြာအသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Tampon လေးတွေဟာ ၀ါဂွမ်းနဲ့ ပြုလုပ်ထားတဲ့ အတောင့်အမျိုးအစားဖြစ်ပီး သားအိမ်လမ်းကြောင်းထဲသို့ ထည့်ပီးအသုံးပြုရတာ့ဖစ်ပါတယ်။Tampon တွေမှာ အတွင်းထဲကိုထည့်ဖို့  Applicator လဲပါရှိပါတယ်.Tampon ရဲ့ အဆုံးမှာ ကြိုးလေးပါရှိပါတယ် အလွယ်တကူထုတ်လို့ ရအောင် ပါရှိထားတာဖြစ်ပါတယ်.

• Tampon Sizes (တင်မ်ပွန်) အရွယ်အစား
Regular ပုံမှန်၊ Super အကြီး နဲ့ Super plus
မဟာအကြီးစားတွေ ရှိပါတယ်။ ပျမ်းမျှအရွယ်တခုကနေ သွေး-အရည် လဘက်ရည်တဇွန်းစာ
စုပ်ယူနိုင်တယ်။ တခုကို ၄ နာရီတခါ လဲပေးသင့်တယ်။ ညအချိန်အိပ်ချိန်မှာ
(ပက်) ကို ပိုသုံးတာကောင်းတယ်။ TSS မဖြစ်စေနိုင်ဘူး။

• Too Heavy ရာသီဆင်းတာများရင်
တလမှာ ဆင်းတာ လဘက်ရည်ဇွန်း ၄-၁၂ အထိရှိနိုင်တယ်။ တနေ့မှာ Pad, Minipad
(ပက်) ဖြစ်ဖြစ် (တင်မ်ပွန်) ၁ဝ ခုမက သုံးရတယ် ဆိုရင်၊ တနာရီတခါ
လဲပေးနေရရင်တော့ ဆရာဝန်ပြပါ။

အသုံးပြုပုံ-

- Tampon ဟာလဲ အရွယ်အစားမျိုးစုံရှိပါတယ် ။ ပေါ့ပါးဆုံးသော tampon တွေဟာ နာရီအနည်းငယ်သာအသုံးပြုနိုင်ပါတယ်။ Tampon တွေမှာ အတွင်းထဲကိုထည့်ဖို့  သေးငယ်သော Plastic အချောင်း လဲပါရှိပါတယ် အတွင်းထဲသို့ အလွယ်တကူထည့်လို့ ရအောင်ပါ။တချို့ သောအရာတွေကတော့ Applicator မပါလို့  လက်ချောင်းများသာထည့်ရပါတယ်။

- လက်ကိုသန့်စင်အောင်စေရပါမယ်။ ဆောင့်ကြောင့်ထိုင်ပီး (သို့ ) အိမ်သာထဲတွင်ထိုင်ပီးထည့်ပါ။

- Tampon ကို သားအိမ်လမ်းကြောင်းအတွင်းထဲကို Applicator သို့  လက်ချောင်းနှင့်  တွန်းထည့်လိုက်ပါ။ဒါကတော့ မိမိ အသုံးပြုတဲ့  Tampon ပေါ်မှာမူတည်ပါတယ်။ Applicator နဲ့ အသုံးပြုမယ်ဆိုရင်တော့ပိုမိုအဆင်ပြေပီနေသာထိုင်သာရှိပါလိမ့်မယ်။ အကယ်၍သာတခုခုအဆင်မပြေခဲ့ ရင်တော့ Tampon အသုံးပြုတဲ့  အမ (သို့ ) သူငယ်ချင်းသိတဲ့ လူတွေကို ဘယ်လိုထည့်ရတယ်ဆိုတာ ပြခိုင်းပါ။

- သေချာထုပ်ပိုးပီးမှာ အမှိုက်ပုံးထဲသို့  လွှင့်ပစ်ပါတယ်။ အိမ်သာထဲသို့ မပစ်ကျပါနဲ့ ။

- Tampon ကို ၄နာရီ သာအသုံးပြုပါ။ အများဆုံး ၈နာရီအသုံးပြုနိုင်ပါတယ်။ ၈နာရီကျော်အောင်တော့အသုံးမပြုပါနဲ့ ။အိပ်ယာမ၀င်ခင်ထည့်ပါ အိပ်ယာနိုးတာနဲ့ ထုတ်ဖို့ မမေ့ပါနဲ့ ။

- Tampon မှာပါရှိတဲ့ ကြိုးစကိုသတိထားပါ။ Tamponကိုပြန်ထုတ်တဲ့ အခါကြိုးစကိုအသာအယာစွဲပြီးထုတ်နိုင်ပါတယ်.

အကယ်၍သာ Tampon ကိုအကြာကြီး အသုံးပြုမယ်ဆိုရင်တော့ toxic shock syndrome (TSS) လို့ ခေါ်တဲ့ အဆိပ်ဖြစ်ပွားပီး အန္တရာယ်ပါရှိပါတယ်. အကယ်၍သာ Tampon သုံးနေချိန် အော့အန်ခြင်း အဖျားတက်ခြင်း ၀မ်းလျောခြင်း လည်ချောင်းနာခြင်း မူးဝေခြင်း သတိမေ့ ခြင်းများဖြစ်ပေါ်လာပါက Tamponကိုထုတ်ပီး ဆရာဝန်စီကိုသာသွားပါ။ TSS လို့ အော်တဲ့ အဆိပ်ဖြစ်ပွားခြင်းကိုလျော့ကျစေရန် Tampon ကို ၄နာရီနဲ့  ၈နာရီသာအသုံးပြုရန် သတိပေးထားပါတယ်။
Tampon ထုတ်တဲ့ အခါမှာ နာကျင်မှုများဖြစ်မယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့  Nurse တွေကိုပြောပြဖို့ လိုပါတယ်။ဒါမှလဲ ဘယ်လိုကူညီဖြေရှင်းပေးရမယ်ဆိုတာကို သိရှိမှာဖြစ်ပါတယ်။

ဒီ Post လေးကို Like & Share လေးလုပ်ပေးပါ။ 😙😙😙
တတ်နိုင်သလောက်လေး လက်ဆင့်ကမ်းပေးကြပါဦးနော်။
29.5.2019 မှ 31.7.2019 အတွင်း
Lucky Draw အစီအစဉ်အဖြစ် Share ထားသော Post အား အမှတ်စဉ် ၁မှ ၁၀၀၀ အတွင်း မိမိ ကြိုက်နှစ်သက်ရာ ဂဏန်းအပါအဝင် ဤPost အောက်၌ မန့်ပေးရုံဖြင့် ကံထူးသူ ၃ဦးအား ရွေးချယ်ကာ
ဆုလက်ဆောင်များ ပေးသွားမှာ ဖြစ်ပါတယ် ။😘😘😘
ကျေးဇုးတင်ပါတယ်ရှင့်.😍😍😍
Credit - MizzyBeauty

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Address


Mandalay
110111