Goodwill Health and Wellness

Goodwill Health and Wellness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Goodwill Health and Wellness, Health/Beauty, Mandalay.

29/08/2024

“စာမဖတ်သူတွေ နေရာရနေတဲ့ တိုင်းပြည်”

အခုတလော social media မှာ အတွေ့ရ အများဆုံးစကားက စာအရှည်ကြီးတွေ မဖတ်ချင်ဘူးဆိုတဲ့ စကားပဲ။ အရင်ကတော့ အဲဒီစကားက ပြောင်စရာ ပျက်စရာ စကားလောက်သာပဲ ထင်ပါရဲ့ ။ အခုကျတော့ အဲဒီစကားက လူတိုင်းနီးပါးပြောနေကြပြီ။ စာအရှည်ကြီး ရေးတင်ထားရင် ရေးထားတဲ့လူရဲ့ ဖန်တီးမှု၊ အားထုတ်မှု၊ လေ့လာမှု၊ ဝမ်းစာ၊ ဝါသနာ စတာတွေကိုတောင် အားမနာနိုင်တော့ဘဲ စာရှည်ရင် မဖတ်ချင်ဘူး ဆိုပြီး ချက်ချင်း မန့်ပစ်လိုက်ကြတော့တာပဲ။

ဘာ့ကြောင့် စာရှည်ရင် မဖတ်ချင်ကြတော့တာလဲ။ စာရှည်ရှည် မဖတ်ချင်တဲ့ အကြောင်းက ဘယ်က စလာတာလဲ၊ စာရှည်ရှည် မဖတ်ချင်တဲ့ နောက်ဆက်တွဲ ပြသနာကရော ဘာဖြစ်လာနိုင်လဲ။ တွေးဖူးကြလားမသိဘူး။

စာအရှည်ကြီး မဖတ်ချင်တဲ့လူရဲ့ အဓိက ပြဿနာက မတွေးချင်တော့တာပါပဲ။ တည့်တည့်ပြောရရင် ဦးနှောက်ကို အလုပ်မပေးချင်ကြတော့တာကြောင့်ပါပဲ။ စာကို မျက်လုံးနဲ့ဖတ်မယ်၊ ဖတ်ထားတဲ့စာကို နှလုံးသားနဲ့ ခံစားမယ်၊ ခံစားမိတဲ့ ရသကို ဦးနှောက်က ချင့်ချိန်မယ်။ ယေဘုယျ အားဖြင့်က စာဖတ်ရင် အဲဒီ အဆင့် သုံးဆင့်တော့ ကျော်ဖြတ်ရတာပါပဲ။ ဒါပေမဲ့ မလုပ်ချင်ကြတော့ဘူး။

စာကို google map ခေါက်သလို ဒီလမ်းက သွားရင် ဘယ်နှစ်မိနစ်နဲ့ ငါ သွားချင်တဲ့ နေရာကို ရောက်မလဲဆိုပြီး ချက်ချင်းခေါက် ချက်ချင်းအဖြေသိချင်ကြတဲ့ စိတ်မျိုးနဲ့ ဖတ်ကြတယ်။

ပြောရရင် ဖတ်တဲ့စာတိုင်းကို နှလုံးသားဆီ အသွားမခံတော့ဘဲ ဦးနှောက်ဆီ ချက်ချင်းပို့လွှတ်လိုက်ကြတယ်။ ဦးနှောက်က တုန့်ပြန်သလို ချက်ချင်းကောက်ချက်ချပစ်ကြတယ်။ ရလာဒ်ကတော့ ကျိုးကြောင်းဆင်ခြင်မဲ့နေတော့တာပါပဲ။

နောက်တစ်ခုက စားဝတ်နေရေးကြောင့်ပါပဲ။
အသက်ကိုတောင် လုရှူနေရချိန်မှာ စာတစ်အုပ် စာတစ်ပုဒ်ကို ဘယ်သူမှ အချိန်ပေးခံစားပြီး ရသပေါ်အောင် မဖတ်နိုင်၊ မဖတ်ချင်ကြတော့ပါဘူး။ အဲဒါနဲ့ပဲ တိုတိုနဲ့ ချက်ချင်းနားလည်တဲ့စာတွေ အဖတ်များကြ၊ မျှဝေကြနဲ့ အဲဒီတိုတဲ့စာတွေကပဲ နေရာရကုန်ပြီး တိုတဲ့စာကမှ ထိရောက်တာဆိုပြီး လွယ်လင့်တကူ ထင်မြင်ယူဆ လက်ခံမိကြတော့တာပါပဲ။ အကျိုးဆက်ကတော့ စာရေးသူ အမည်ခံတချို့က အဲဒီနည်းကို သုံးပြီး သူတို့နေရာတစ်ခုရဖို့ ကြိုးစားကြတော့တာပါပဲ။

ကျနော်ပြောချင်တဲ့ အဓိက အချက်ကတော့ ရသစာပေ စစ်စစ်တွေဟာ မတိုကြပါဘူး။ ရှည်ကြပါတယ်။ ခက်တာက အဲဒီလို ရှည်တဲ့စာတွေဆိုရင် စာရှည်ရင် မဖတ်ချင်ဘူးဆိုတဲ့ ခေတ်စကားနဲ့ ကောက်ချက်ချပြီး အများစုက ကျော်သွားကြတော့တာပါပဲ။

လူ့နှလုံးသားကို ပြုပြင်ပေးတာက ဖန်တီးမှုပါတဲ့၊ ဝမ်းစာပြည့်တဲ့၊ ရပ်တည်ချက်ခိုင်မာတဲ့ နှလုံးသားထဲစိမ့်ဝင်အောင်ရေးထားတဲ့ ရသစာပေပါပဲ။ ပြောရရင် အဲဒီလို ရသစာပေတွေဟာ ရှည်ကြပါတယ်။

ရှည်ပေမယ့် လူ့နှလုံးသားကို ပြုပြင်ပေးတဲ့ စာကို မဖတ်ကြတာဟာ စာမဖတ်တာနဲ့ အတူတူပါပဲ။ စာမဖတ်ရင် ဘာဖြစ်လဲလို့ မေးလာရင်တော့ စာမဖတ်ရင် ကိုယ်ချင်စားတရားမဲ့ပါတယ်လို့ ကျနော်ဖြေချင်ပါတယ်။ ကိုယ်ချင်းစာတရားမဲ့ရင် ဘာဖြစ်တတ်သလဲလို့ ထပ်မေးလာမယ်ဆိုရင်တော့ ဟုတ်ကဲ့..ကိုယ်ချင်းစာတရားမဲ့ရင် ကိုယ့်ကြောင့် စစ်ပွဲတွေ ဖြစ်တတ်ပါတယ်။

#လူခါး
၂၀၂၄၊၀၈၊၂၉၊ည-၂၁:၀၀

23/08/2024

ဒီနေ့
ကျွန်တော့်သူငယ်ချင်းရဲ့အိမ်ကိုအလည်လိုက်သွားတယ်။သူ့အိမ်‌ရောက်တော့ အိမ်မှာ ဘယ်သူမှမရှိကြဘူး။လူကြီးတွေမရှိတော့ သူငယ်ချင်းနှစ်ယောက်ဧည့်ခန်းမှာ ဖုန်းကိုယ်စီနဲ့ လွတ်လွတ်လပ်လပ်ပေါ့။သူလည်းသူကြိုက်တဲ့သီချင်းကို အသံအကျယ်ဆုံးနဲ့ဖွင့်၊ကိုယ်လည်း ကိုယ့်အကြိုက်သီချင်းတွေကို မသံအကျယ်ဆုံးနဲ့ဖွင့်။

ခဏနေတော့ သူ့မိဘတွေပြန်ရောက်လာတယ်။
နေပူပူထဲကနေပြန်လာကြလို့ထင်တယ်။ချွေးတွေလည်းရွှဲလို့။ကျွန်တော် သီချင်းကို ချက်ချင်းပိတ်ပစ်လိုက်တယ်။သူငယ်ချင်းကတော့ ဖွင့်မြဲဖွင့်ဆဲ။

"သူက အဲဒီလိုပဲ၊မိဘတွေ နေပူထဲကပြန်လာတာ နားအေးပါးအေးနေချင်မှာပဲဆိုတဲ့စိတ် တစက်ကလေးမှမရှိတာ၊အလိုက်ကို မသိတတ်ဘူး၊
သားနဲ့များကွာပါ့"ဆိုပြီး သူ့အမေက သူ့သားအကြောင်းကို ကျွန်တော့်ကို ပြောင်ပဲ ပြောချပစ်တယ်။ပြီးတော့ နှစ်ယောက်စလုံး ဧည့်ခန်းကနေ အထဲကိုဝင်သွားကြတယ်။သူငယ်ချင်းကတော့ မလှုပ်မယှက် ဒီအတိုင်းပဲ။

သူ့အမေစကားကြားတော့ ကျွန်တော်ရယ်ချင်တာ၊မကောင်းတတ်လို့ အိန္ဒြေမနည်းထိန်းထားရတယ်။"သားနဲ့များကွာပါ့"ဆိုပြီး ကျွန်တော့်ကို ချီးကျူးတာကို ရယ်ချင်တာပါ။တကယ်တော့
ကျွန်တော်လည်း ကျွန်တော့်အိမ်မှာ သူ့သားအချိုးအတိုင်းပါပဲ။ဘာမှ ထူးခြားတာမရှိဘူး။သူများအိမ်မှာဖြစ်လို့သာ အခုလို သီချင်းကိုပိတ်ပစ်တာ။

ကိုယ့်ကိုသိပ်ချစ်တဲ့လူတွေနဲ့ပတ်သက်ရင်
လူဟာ သိပ်လူဝါးဝတတ်ပါလားဆိုပြီး လူ့မနောကိုလည်း သွားတွေးမိတယ်။အဲဒီလို လူပါးဝတတ်လို့လည်း ကျွန်တော်တို့မလိုချင်တဲ့နာကျင်မှု‌တွေကို ကျွန်တော်တို့ ပိုင်ဆိုင်ရတာပါ။

လူ့သ‌ဘောအရ မစားနဲ့၊မသွားနဲ့ ဆို ပိုပြီးစားချင်၊သွားချင်ကြတယ်။
‌စ တာ မကြိုက်တဲ့သူကို ပိုပြီး စ ချင်တယ်။
ကြောက်တယ် ဆို ပိုပြီးဖြဲခြောက်ချင်တယ်။
အရှုံးပေးထားရင် ပိုအနိုင်ယူချင်တယ်။
ချစ်နေမှန်း သိရင် ပိုဆိုးချင်တယ်။
ခွင့်လွှတ်တတ်တာသိရင် ပိုအခွင့်အရေးယူချင်တယ်။

အဲဒီ ဉာဉ်ကြောင့်
သူတို့က ငါ့အပေါ်သိပ်ကောင်းတာ ငါဘာလုပ်လုပ် ခွင့်လွှတ်ကြတယ်၊ဘယ်တော့မှ မငြိုငြင်ကြဘူး၊သူတို့က ငါ့ကိုသိပ်ချစ်တာ ငါဘယ်လောက်ဆိုးဆိုး သူတို့ ဘာမှမခံစားကြရဘူး မနာကျင်ကြဘူး ဆိုပြီး တဖက်လူရဲ့ ခံစားချက်တွေကို လျစ်လျူရှုပစ်တတ်ကြတယ်။

အဲဒီလို
သူတို့က. . .၊သူတို့က. . .၊သူတို့က. . .ဆိုတာတွေနဲ့
သူတို့ရဲ့ ချစ်ခင်မှုတွေ၊နားလည်မှုတွေ၊ယုံကြည်မှုတွေကို ကိုယ်ကချည်းပဲယူတယ်၊ပြန်ပေးရကောင်းမှန်းမသိတော့ဘူး။ဟိုက ဘယ်လိုခံစားနေရမလဲဆိုတဲ့ ကိုယ့်ခံစားချက်မဟုတ်တဲ့ သူတို့ခံစားချက်တွေကို တွေးမပေးတော့ဘူး။

သားရေးကွင်းလေးကို ပထမတကြိမ်ဆွဲကြည့်လို့
ပြတ်မသွားဘူးဆိုရင် အဲဒါဟာ ဘယ်တော့မှမပြတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။သူပြတ်သွားနိုင်မဲ့ အတိုင်းအတာအထိ မရောက်သေးဘူး ဆိုတဲ့သဘောပါ။

တခါတလေ
နာကျင်မှုဆိုတာ မရှိတာမဟုတ်ဘူး။
နာကျင်မှုဖြစ်ပေါ်တဲ့ဇုန်ကို မရောက်သေးတာပါ။

ပြီးတော့
ရေစက်လေး တစက် ငယ်ထိပ်ပေါ် ကျလာတာ
ဘာမှမပြောပလောက်ပေမဲ့
အဲဒီလို ရေစက်လေးတွေ ငယ်ထိပ်ပေါ် အချိန်အကြာကြီး တစက်စက်ကျနေရင် နာကျင်လွန်းမက သေတောင်သွားနိုင်တယ်မဟုတ်လား။

တခါတလေ
နာကျင်မှုအထမြောက်ဖို့ ပြင်းအားနဲ့မဆိုင်ဘဲ
အကြိမ်အရေအတွက်နဲ့ဆိုင်နေတတ်တယ်လေ။

အဲဒီလိုမျိုး ကိုယ့်ရဲ့လုပ်ရပ်တွေကြောင့် သူတို့ရဲ့ စိတ်ဟာ နာကျင်မှုဇုန်ထဲရောက်သွားတဲ့တ‌နေ့၊သူ့တို့စိတ်မှာ နာကျင်မှုအထမြောက်သွားတဲ့တနေ့ဆိုတာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ကို ရောက်လာမှာ။

အဲဒီအချိန်က ကိုယ် စ ပြီး နာကျင်ရမဲ့အချိန်ပဲ။

စကားလေးတခွန်းကြားဖူးတယ်။
"အချစ်ဆိုတာ သူကတော့ ငါ့ကို ချစ်နေတာပဲ၊
ငါဘယ်လိုနေနေ ရတယ်၊ငါဘာလုပ်လုပ်ရတယ်
ဆိုတာမျိုးမဟုတ်ဘူး"တဲ့။သူကတော့ အချစ်ကို ပဓာနထားပြီး ဥပမာ ပေးထားတာပေါ့။အဲဒါက အချစ်မှာတင်မဟုတ်ဘူး။စေတနာတွေ၊နားလည်မှုတွေ၊ယုံကြည်မှုတွေတွေမှာလည်း မှန်နေပါတယ်။

သူတို့မျက်ရည်‌တွေ ခန်းသွားတဲ့တနေ့ဟာ
ကိုယ်မျက်ရည် စ ကျ ရမဲ့နေ့ ဆိုတာလေးကို
သတိချပ်ပြီး ကိုယ့်အပေါ်သိပ်ကောင်းတဲ့သူတွေအပေါ်မှာ အရမ်းကြီးလူဝါးမဝမိဖို့ ကြိုးစားနေရပါတယ်။

𝐒𝐚𝐥𝐚𝐢 𝐍𝐚𝐲 𝐋𝐲𝐧𝐧
20/11/2020 ( 𝐅𝐫𝐢𝐝𝐚𝐲 )
9:52 AM

21/08/2024

ဘဝမှာကောင်းတာလုပ်ခဲ့တာကို
ဘယ်တော့မှနောင်တမရပါနဲ့

"Gym ဆော့လည်းအချိန်တန်သေမှာပဲ "

ဟုတ်ပါတယ် ဒါပေမယ့် မသေခင် ခန္ဓာကိုယ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ယုံကြည်မှုရှိရှိနေနိုင်ခဲ့တာအမြတ်ပဲပေါ့

" ငွေဘယ်လောက်ရှာရှာ အချိန်တန်ထားခဲ့ရမှာပဲ"

ဟုတ်ပါတယ် ဒါပေမယ့် မသေခင်ကာလတွေမှာ
ကိုယ်စားချင်တာစား ကိုယ်လှူချင်ရာလှူပြီး
ကိုယ့်ငွေကိုယ်သုံးပြီး ယုံကြည်မှုရှိရှိနေသွားရတာပေါ့

" ဘယ်လောက်ချစ်ချစ် အချိန်တန်ပြတ်မှာပဲ"

ဟုတ်ပါတယ် မပြတ်ရင်တောင် ရှင်ကွဲမဟုတ်ရင်
သေကွဲကွဲရမှာ လူအားလုံးပါပဲ
ဒါပေမယ့် မသေခင် မကွဲခင် မပြတ်ခင်တော့
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကျေနပ်စွာနေနိုင်သွားခဲ့တာ အမြတ်ပဲမဟုတ်လား

" လူတွေအပေါ် ဘယ်လောက်စေတနာထားထား
အချိန်တန်ရင် စော်ကားခံရတာပဲ "

ဟုတ်ပါတယ် လူတချို့က စေတနာကိုပြန်စော်ကားတတ်ကြပါတယ်
ဒါပေမယ့် သူတို့ဘက်ကတုံ့ပြန်မှုကိုသာ
အစကတည်းကထည့်တွက်မထားရင်
သင်ထားခဲ့တဲ့စေတနာဆိုတာ အဖြူရောင်သက်သက်မို့
သင်ပြန်တွေးတိုင်း ကျေနပ်ပီတိဖြစ်နေရမှာပါ။

****

ဘဝမှာ ကောင်းမွန်တဲ့အရာတွေအပေါ်
ဘယ်တော့မှ နောင်တမရမိပါစေနဲ့

ငါတတ်နိုင်သ‌လောက်ကောင်းတာတွေလုပ်ခဲ့တယ်
ကောင်းတဲ့ရလာဒ်တချို့တလေကို ငါခံစားမိခဲ့တယ်
ဒါဟာအမြတ်ပဲလို့ တွေးကြည့်ပါ ။

ဒါဆို ရှုံးတယ်လို့တွေးမိတဲ့အရာတွေအပေါ်
အမြင်တချို့ပြောင်းလာပါလိမ့်မယ် ။

Min Yel Kyaw Swar

15/08/2024

လူ​တွေ စိတ်ဖိစီးမှုနဲ့ ​ဒေါသ​တွေ များလာကြ​တော့ နှင်းဆီ​တွေ မျက်လွှာချ..စံပယ်​တွေ အနံ့ပျက်သုဥ်းလို့ ​နေ​လေပြီ​လေ

01/08/2024

မြန်မာစကားပုံတွေ ထဲက
" ကြောင်ကြာကြာ ရေမငုတ်ဘူး " ဆိုတဲ့
စကားပုံကို သဘောကျတယ်။

အဲဒီ စကားပုံကို သူများတွေ
ဘယ်လို အဓိပ္ပာယ်ယူကြလဲမသိပေမယ့်
မှားမှားမှန်မှန် ကျွန်တော်တော့
အဓိပ္ပာယ် (၂) မျိုး
ဖွင့်ဖြစ်တယ်။

ပထမ တမျိုးက ...

အစွမ်း အစရှိတဲ့လူတွေက
ဒုက္ခ ရောက်ခဲ့ရင်တောင် ခဏပဲ ...

အချိန်တန်ရင် စင်ပေါ်ပြန်ရောက်တာပဲ
ဆိုတဲ့ သဘောနဲ့ မိုတီယူဖြစ်သလို ..

ဒုတိယ တမျိုးကကျတော့ ...

အကျင့်မကောင်းတဲ့ လူတွေက
ဘယ်လောက်ပဲ ဟန်ဆောင်ပြီး
သူတော်ကောင်း လုပ်ပြနေကြပါစေ ...

အချိန်တန်ရင် သူတို့ရဲ့
ယုတ်မာတဲ့ အတွင်းစိတ်က
ပေါ်လာတတ်တယ် ဆိုတာကို
ပြောချင်တဲ့ အခါမှာလည်း
သုံးဖြစ်တယ်။

ကျွန်တော်တော့ ကိုယ့်ဟာကို အဓိပ္ပာယ်
ဖွင့်ထားတဲ့ အထဲက ပထမတမျိုးကို
သဘောကျလို့ အခက်အခဲ ဒုက္ခ
ရောက်တိုင်း ကြောင်ကြာကြာ
ရေမငုတ်ဘူး လို့ အားတင်းမိုတီယူပြီး

ဒုတိယ တမျိုးထဲကလို
ဟန်ဆောင်တတ်တဲ့ လူယုတ်မာ
မဖြစ်အောင် သတိထားပြီး
နေဖြစ်တယ်။

လူကောင်း မဟုတ်ရင်တောင်
လူယုတ်မာ မဖြစ်အောင်တော့
သတိထားရတာပေါ့။
Credit to Sint Nyi

01/08/2024

လူတော်တွေကို လိမ်လို့မရဘူး
********************

တော်တဲ့လူတွေက မင်းကို အကြောင်းအရာလေး သုံးခုအပေါ် အခြေခံပြီး မင်းရဲ့အကြောင်းတွေကို ခန့်မှန်းလိမ့်မယ်

(1)မင်းရဲ့စကား

(2)မင်းရဲ့အကြည့်

(3)မင်းရဲ့အပြုအမူ

မင်းရဲ့စကားတွေက မင်းရဲ့စိတ်ဓာတ်ကို ဖော်ပြပေးတယ် မင်းစကားများများပြောလေ မင်းရဲ့စိတ်ဓာတ်တွေကို ဖော်ပြပေးလေပဲ

မင်းရဲ့အကြည့်တွေက အတိတ်ကအကြောင်းတွေကိုဖော်ပြပေးတယ် အတိတ်ကအကြောင်းတွေကို မင်းဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ မင်းရဲ့အကြည့်တွေကိုတော့ မပြောင်းလဲပေးနိုင်ဘူး

မင်းရဲ့အပြုအမူက မင်းရဲ့အနာဂါတ်ကို ဖော်ပြပေးတယ် အနာဂါတ်မှာမင်းဘာဖြစ်မလဲဆိုတာ အခုလုပ်နေတဲ့အလုပ်က ပြောပြပေးလိမ့်မယ် မင်းဘယ်လောက် ဝင်ငွေ များတဲ့အလုပ်ကိုလုပ်ပါစေ အလုပ်အပေါ်ထားတဲ့ခံယူချက် က အနာဂါတ်အတွက်အရေးပါလိမ့်မယ် မင်းရဲ့နေထိုင်ပုံတွေ ခံယူချက်တွေ ခံစားချက်တွေ ဒီအပြုအမူတွေက မင်း အနာဂါတ်ကို ပြောပြပေးလိမ့်မယ်

ဒီအရာတွေက ဖုံးကွယ်မရတဲ့ မင်းအကြောင်း ရဲ့ အဓိက သော့ချက်ပဲ မင်းလိမ်နေတဲ့အချိန် တစ်ဖက်လူက စိုက်ကြည့်ပြီး ပြုံးနေရင် အတတ်နိုင်ဆုံး ဆက်မလိမ်ပါနဲ့

#မူရင်း​ရေးသားသူအားရိုသေစွာဖြင့်

28/07/2024

♣ အမြင်ကျဉ်းတဲ့ သူဟာ
♣ စကားပြောရင်
♣ ဝါးလုံးရှည်နဲ့ ရမ်းတတ်တယ်။

♣ အမြင်ကျယ်တဲ့ သူက
♣ သူပြောမယ့် နယ်ပယ်ထဲကပဲ
♣ ပြောပါလိမ့်မယ် ။

♣ ဥပမာ....
♣ လက်မ မကောင်းရင်
♣ လက်မအကြောင်းပဲ ပြောပါလိမ့်မယ် ။
♣ လက်ငါးချောင်းလုံး
♣ ရောထွေးပြီး မပြောဘူး။

♣ လောကမှာ...
♣ အမြင်ကျဉ်းတဲ့သူနဲ့
♣ စကားပြောရတာလောက်
♣ လက်ပေါက်ကပ်တာ မရှိဘူး ။

♣ သူမြင်ချင်ရာပဲ မြင်ပြီး
♣ သူကြားချင်ရာပဲ ကြားတတ်တယ်။

♣ အဲလိုလူမျိုးတွေနဲ့ တွေ့ခဲ့ရင်
♣ အတတ်နိုင်ဆုံး
♣ မငြင်းခုန်မိအောင် ရှောင်ပါ။

♣ သင့်အတွက်
♣ ဘာအကျိုးမှ မရှိသလို
♣ သူလဲ ဘာအကျိုးမှ
♣ ရမှာလဲ မဟုတ်ဘူး။

♣ သင်ဘယ်လောက်ငြင်းငြင်း
♣ နိုင်မှာလဲ မဟုတ်သလို
♣ အချိန်ကုန် လူပန်း
♣ စိတ်နွမ်းတာပဲ အဖတ်တင်မယ်။

♣ လူဆိုတာ....
♣ တစ်ခါတစ်ရံ
♣ မှန်မှန်မှားမှား
♣ ဘာမှ မပြောပဲ
♣ နုတ်ဆိတ်နေလိုက်ခြင်းက
♣ ပိုပြီး ကောင်းတယ် ။
♣ ပိုပြီး အကျိုးရှိပါတယ်။
Credit*

25/07/2024

ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်တစ်ခုက Professional နှင့် Personal ခွဲခြားတတ်ဖို့ပဲ ဖြစ်တယ် ။

လူတစ်ယောက်ဟာ သူ့ရဲ့ personal relationship တွေမှာ ဘယ်လောက်ပဲ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်
နေပါစေ … သူတည်ဆောက်ထားတဲ့ သူ့ brand ရှိတဲ့ သူ့ရဲ့ နယ်ပယ် ၊ သူ့ professional life မှာတော့ သူဟာ တည်တည်တံ့တံ့ ရှိနေလိမ့်မယ် ။

ခင်မင်ရင်းနှီးတယ်ဆိုတာ မေတ္တာတရားပါ ။
မေတ္တာစိတ်ကြောင့် အတူဆုံကြချိန် ၊ private time တွေမှာ ဖက်လှဲတကင်းရှိမယ် ၊ အတူတူ ပေါကြ ရူးကြတဲ့အချိန်တွေ ရှိမယ် ။ ဒါတွေကို သူ့ရဲ့ professional life ထိ သယ်သွားပြီး သူ့ကိုအမြဲ အဲလိုပဲ ဖြစ်နေမယ်လို့ထင်ရင် ၊ အဲလို သွားဆက်ဆံရင် ပြဿနာဖြစ် ရတတ်တယ် ။ တစ်ဖက်က ထုတ်မပြောရင်တောင် ရင်ခံသွားတတ်တာတွေ ရှိပါတယ် ။

လူတိုင်းက ကိုယ်လိုမဟုတ်ဘူး ၊ အမြဲ လွတ်လပ်နေမှာ မဟုတ်ဘူး ၊ သူ့စိတ်ရှိတိုင်း အမြဲ နေခွင့်ရနေမှာမဟုတ်ပါဘူး ။ ဒါက ဟန်ဆောင်နေတာလည်း မဟုတ်ဘူး ။ ဘဝကို သူ့အကန့်သူ ခွဲရတာပဲဖြစ်တယ် ။ ကိုယ့်ဘက်က အခြေနေ နှင့် အချိန်ခါကိုကြည့်ပြီး အလိုက်သိပေးရပါတယ် ။ လူတွေက မတူတဲ့ ဘဝတွေကလာတာ ၊ မတူတဲ့ ရင်ဆိုင်ရမှုတွေရှိတယ် ဆိုတာကို အမြဲ သတိကပ်ပြီး အလိုက်သိစိတ်နဲ့ ပေါင်းသင်းကြရပါတယ် ။

ကျွန်တော်ဟာ ကျွန်တော်ချစ်တဲ့ခင်တဲ့သူတွေနဲ့ဆို ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူ ဖြစ်တယ် ။ ရယ်မောတယ် ၊ ရူးမိုက်တယ် ၊ ပွင့်ပွင့်လင်းလင်းနေတယ် ။ ဘာကြောင့်ဆို ပျော်လို့ပါ ၊ အဲဒီလိုနေရတာ အရမ်းပျော်လို့ပါ ။ ဒါပေမဲ့ ကျွန်တော့်ကို လေးစားတဲ့သူတွေရှိတဲ့နေရာ ၊ ကျွန်တော့်ကို ထမင်းကျွေးထားတဲ့ အလုပ်တွေအပေါ်မှာဆို ဘယ်တောမှ ပေါ့ပျက်ပျက်မလုပ်သလို ၊ ခပ်ကြောင်ကြောင်လည်း မနေပါဘူး ။ လေးစားမှုနဲ့ တန်အောင် နေထိုင်ပြီး ၊ အလေးနက်ထားပြီး အလုပ်လုပ်ပါတယ် ။ ဒါကို ရောထွေးပြီးတော့ ကျွန်တော့်ရဲ့ Serious ထားတဲ့ ( တန်ဖိုးထားတဲ့ ) နယ်ပယ်ကို အထင်သေးသလိုမျိုး ၊ ကျွန်တော့်ရဲ့ personal face နဲ့ ရောထွေးပြီးသတ်မှတ်တာမျိုးဆို မေတ္တာတုံးလာသလို ၊ အဲလိုလူနဲ့ ပေါင်းသင်းရတာကလည်း တကယ် မပျော်တော့ပါဘူး ။

ကိုယ်တိုင်ကလည်း ခုလို ခံစားချက်ရှိတဲ့အတွက် အခြားသူတွေကိုလည်း အကန့်ခွဲပြီးဆက်ဆံပါတယ် ။ Private time မှာ ဘယ်လောက်ပဲ ဖက်လှဲတကင်း ရင်းနှီးပါစေ ၊ သူ့ရဲ့ Dark side တွေကို ဘယ်လောက်ကြီး သိပါစေ … သူ့ရဲ့ Professional Life ကိုတော့ တကယ်ကို အလေးနက်ထားပြီး ရိုရိုသေသေ ဆက်ဆံပါတယ် ။

ဒါကြောင့် … ဘဝမှာ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့အခါ အကန့်တွေခွဲထားတတ်ဖို့ လိုအပ်သလို ၊ ကိုယ့်ဘဝထဲမှာလည်း အဲလို သူ့အကန့်နဲ့သူ ခွဲခြားပြီး ဆက်ဆံတတ်သူတွေ ရှိနေဖို့လိုပါတယ် ။

23/07/2024

အသက်လေးနည်းနည်းရလာတော့
ချစ်တယ်ဆိုတာ လောကဓံတွေကို ခံနိုင်ရည်ရှိပါ့မလားလို့ စိတ်ပူတတ်လာခြင်းပဲ။

သူငယ်ချင်းတစ်ယောက်ကပြောတယ်
ငါ့ချစ်သူနဲ့ နိုင်ငံရပ်ခြားကွဲသွားရင်
ငါကတော့ သူအသစ်ရသွားမလားတွေ၊
အနေဝေးလို့သွေးအေးသွားမလားတွေ စိတ်မပူဘူးတဲ့
အဲ့ဒါတွေကဖြစ်လာချင်လည်းဖြစ်လာမယ် ဖြစ်လာရင်လည်း ဘယ်သူကမှတားဆီးလို့ရမှာမဟုတ်ဘူး
ဖြစ်ချိန်တန်ရင်ဖြစ်လာမှာပဲတဲ့။

ငါစိတ်ပူတာက သူကျောင်းမှာအဆင်ပြေပါ့မလား၊အလုပ်အဆင်ပြေပါ့မလား၊ ပတ်ဝန်းကျင်အသစ်မှာနေသားကျပါ့မလား၊ရာသီဥတုအပြောင်းအလဲမှာ ဖျားနေမလားဆိုတာကိုပဲတဲ့။

တကယ်က ဟုတ်တယ်။တဖြေးဖြေး အသက်ကြီးလာတော့ ခွဲခွါခြင်းကိုလည်းတော်တော်များများတွေ့ဆုံပြီးပြီမို့ ခွဲခွါရမှာကို မကြောက်တော့ဘူး။ အဲ့အစားက လောကဓံအနိမ့်အမြင့်ကို ခံနိုင်ပါ့မလားလို့ စိတ်ပူတယ်။ လောကဓံဟာသေချာပေါက်ခံစားရမယ့်အရာပဲမဟုတ်လား။

ကျွန်တော်ဆို ခွေးလေးနဲ့ခွဲရတော့
ဘာစိတ်ပူလဲမေး… နွေပူပူမှာ ငါ့ကလေးအပူဒဏ်ခံနိုင်ပါ့မလားလို့ပဲ ပူမိတယ်။ဒါပေမယ့်အဲ့အပူဒဏ်ကိုလည်းအတိုင်းအတာတစ်ခုထိသက်သာအောင်လုပ်ပေးနိုင်တာကလွဲရင် ကျွန်တော်မရှောင်လွဲပေးနိုင်ဘူး။ လောကဓံဟာ သတ္တဝါတိုင်း အနည်းနဲ့အများခံစားကြရမှာပဲ။

အချစ်တွေ အရွယ်ရောက်လာရင် အဲ့လိုပဲ။

ကျရှုံးတဲ့ဒဏ်ကိုခံန်ိုင်ပါ့မလား
လဲကျတဲ့အခါ ပြန်ထပါ့မလား
အငိုတိတ်တဲ့အခါ လောကကြီးကို
အကောင်းမြင်နေပါ့ဦးမလားဆိုနေ
တာတွေပဲ စိတ်ပူတော့တယ်

ဘယ်သူနဲ့ရှိနေမလဲတွေ
ငါ့ကိုသတိရနေပါ့မလားဆိုတာတွေထက်
ဒီအတိုင်း သတိရတဲ့အခါ
ဘဝမှာပိုအဆင်ပြေပြေလေး ရှင်သန်နေပါစေလို့ပဲ ဆုတောင်းဖြစ်ပါတယ်။

15/07/2024

ခေတ်ပျက်ထဲမှာ အဖိုးတန်ဆုံးဟာ မိတ်ဆွေ ၊ သူငယ်ချင်းကောင်းတွေဘဲ ။

လူတိုင်းဟာ ပုံမှန်အချိန်မှာတော့ ချစ်လိုက်တာ ၊ ခင်လိုက်တာ တွေလုပ်နိုင် ၊ ပြောနိုင်ကြမှာဘဲ ။ သူတို့ဆီကဘာမှလျော့မသွားခင်အထိပေါ့ ၊ သူတို့ကိုယ်တ်ုင် ဒုက္ခမရောက်ခင်အထိပေါ့ ၊ သူတို့ကို လာမထိခိုက်ခင်အထိပေါ့ ။

အိမ်တိုင်းရဲ့ "ဆား" ကတော့ ငန်ကြတာပါဘဲကွယ် ၊ လူတိုင်းမှာ မိသားစုတိုင်းမှာ ပြသနာကိုယ်ဆီရှိကြစမြဲဘဲ ။

ဒါပေမဲ့ အဲသလို အဆင်မပြေတဲ့ကြားက ၊ သူတို့ကိုယ်စီအပူတွေကြားကနေ ကိုယ့်ကို လာဖေးမပေးတဲ့ မိတ်ဆွေမျိုး ၊ တတ်နိုင်သလောက် လက်ကမ်းပေးတဲ့ မိတ်ဆွေမျိုး ၊ မှီဖို့ အမြဲပခုံးထိုးပေးတတ်တဲ့ မိတ်ဆွေမျိုး ၊ ကိုယ်ညီးညူသမျှကို စိတ်ပါလက်ပါနားထောင်ပေးတဲ့ မိတ်ဆွေမျိုးရှိခြင်းက ကြီးမားတဲ့ Blessings ဘဲ ✨✨

အယောက်တရာ ရှိနေဖို့ဘဲမလိုဘူး။
ဆယ်ယောက်ရှိနေဖို့လဲ မလိုဘူး။
စိတ်တူကိုယ်တူ တယောက်လောက်ရှိနေယုံနဲ့ လုံလောက်ပြီ 🤍🤍🤍

ချစ်တဲ့
Pann Sabal

02/07/2024

ချစ်သူအချင်းချင်း mutual respect လိုသလား?
လင်မယားအချင်းချင်း mutual respect လိုသလား?

ဟုတ်ကဲ့
လိုပါတယ်...

မတူညီတဲ့လူနှစ်ဦး တူတူသွားရမယ့်ခရီးမို့လို့
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်လေးစားဖို့သိပ်လိုပါတယ်

အပြန်အလှန်လေးစားမှုမရှိရင်
ရှေ့ဆက်လို့မရပါဘူး...

တစ်ဦးကိုတစ်ဦး အထင်မကြီးရင်
လက်တွဲလို့မရပါဘူး....

တစ်ယောက်အပေါ်တစ်ယောက်
မလေးစားဘဲ အပြစ်သာမြင်နေရင်
တူတူသွားလို့မရပါဘူး.....

ကျွန်တော်တို့တွေက တစိမ်းတွေပါ..
အတိတ်တွေမတူကြပါဘူး
အတွေးတွေမတူကြပါဘူး
အမြင်တွေကွဲပြားကြပါတယ်...

တစ်ယောက်မှာရှိတဲ့
အရည်အချင်းကိုမြင်အောင်ကြည့်ရပါမယ်
တစ်ယောက်မှာရှိတဲ့
စေတနာတွေကို လေးစားရပါမယ်
တစ်ယောက်မှာရှိတဲ့
အားနည်းချက်တွေကို နားလည်ပေးပြီး
တက်နိုင်သလောက်ပြုပြင်ယူရပါမယ်..

ဒါဟာ mutual respect ပါ...

ကျွန်တော်တို့ဟာ
သူတို့တွေရဲ့ အရည်အချင်းကို
အသိအမှတ်မပြုခဲ့ဘူး
သူတို့တွေရဲ့ ယုံကြည်ချက်တွေကို
အထင်မကြီးခဲ့မိဘူး
သူတို့တွေရဲ့ ဝါသနာတွေကို
ပြက်ရယ်ပြုမိခဲ့တယ်
သူတို့တွေရဲ့ စေတနာတွေ ကူညီမှုတွေ
အနစ်နာခံပေးမှုတွေကို တန်ဖိုးမထားမိခဲ့ဘူး
သူတို့အတွေးတွေကို နေရာမပေးခဲ့မိဘူး

'ငါသာလျှင်ကောင်းတယ်' 'ငါကပဲမှန်တယ်'ဆိုတဲ့အတ္တတွေကို
ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး ဖော့တွေးရင်း
သူတို့အပေါ် မလေးစားခဲ့မိဘူး...
ဒါ့ကြောင့်
ကျွန်တော်တို့ရဲ့ ဥပေက္ခာတွေအားလုံး
စုပေါင်းမိသွားတဲ့တနေ့မှာ
သူတို့ဟာကျွန်တော်တို့နားက စွန့်ခွာသွားကြပါတယ်

ချစ်သူတော်တော်များများဟာ
ဒီအချက်တွေကြောင့်သာ လမ်းခွဲသွားကြတာပါ..

ဒါဟာ ဝမ်းနည်းစရာဖြစ်ရပ်ပါ...

ဟုတ်ကဲ့...
ချစ်သူပဲဖြစ်ဖြစ် လင်မယားပဲဖြစ်ဖြစ် ချစ်ကြပါ

တစ်ဦးနဲ့တစ်ဦးလည်း အပြန်အလှန်လေးစားပေးပါ

တစ်ယောက်လုပ်နိုင်တာကို တစ်ယောက်က
လေးလေးနက်နက် အသိအမှတ်ပြုပါ

တစ်ယောက်မလုပ်နိုင်သေးတာ
မရင့်ကျက်သေးတာ အားနည်းသေးတာကိုလည်း
နားလည်ပေးပါ

'နင်ညံ့လွန်းတယ်' 'နင်မလုပ်နိုင်ဘူး'
'သူကနင့်ထက်ပိုတော်တယ်' စတဲ့
ဝမ်းနည်းစေတဲ့အပြစ်စကားတွေနဲ့ နှိုင်းယှဉ်တာတွေမလုပ်ပါနဲ့...

စီးပွားရေးရော အိမ်ထောင်ရေးရောပါ
အောင်မြင်နေတဲ့စုံတွဲတိုင်းကိုကြည့်ပါ...

သူတို့ဟာ အကောင်းဆုံးကိုရလိုက်တာမဟုတ်ပါဘူး
ရလိုက်တဲ့လူကိုအကောင်းဆုံးဖေးမသွားကြတာပါ

Relationship သက်တမ်းတွေကြာပြီး
အရမ်းချစ်ကြတဲ့စုံတွဲတွေကိုကြည့်ပါ

တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန်လေးစားရင်း
ကောင်းတာတွေကိုအသိအမှတ်ပြု
မကောင်းတာတွေကို အပြန်အလှန်ထိန်းကျောင်းရင်း လက်တွဲခဲ့ကြတာပါ

ဘယ်သူမှဖန်ဆင်းပေးတာမဟုတ်ဘဲ
စစ်မှန်တဲ့ချစ်ခြင်းတရား
မှန်ကန်တဲ့ယုံကြည်ချက်နဲ့ အပြန်အလှန်လေးစားခြင်းတွေကသာ
သူတို့ကိုမွေးဖွားပေးလိုက်တာဖြစ်ပါတယ်...

ဒါကြောင့်
တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားခြင်း
(mutual respect) ဟာ သိပ်ကိုအရေးကြီးပါတယ်

ချစ်ပါ
ချီးကျူးပါ
အားပေးပါ
အပြစ်တင်မစောပါနဲ့
မကောင်းပြောမယ့်အစား ပြုပြင်ဖို့သာအကြံပေးပါ
အထင်မသေးပါနဲ့
ငါကပဲမှန်တယ်ဆိုတဲ့ အစွဲကိုလျော့ပါ

သူ့ဆီက သက်တံ့ပေါ်တဲ့အချိန်မှာ
သင်ကတေးသီချင်းတွေသီဆိုပေးနိုင်သလိုပဲ...
သူ့ဆီမှာ လမိုက်ညရောက်ခဲ့ရင်လည်း
ဖယောင်းတိုင်နဲ့အလင်းပြနိုင်ပါစေ...

ချွေးထွက်ရင်လည်း မလွှတ်တဲ့လက်တစ်စုံ
အားပေးရင်းလည်း မလွှတ်တဲ့လက်တစ်စုံနဲ့
တစ်ဦးအပေါ်တစ်ဦး ဖေးမရင်း
ခရီးအဆုံးထိ လျှောက်လှမ်းကြည့်ပါ
မလွယ်ကူပေမယ့် ပန်းတိုင်ရောက်မှာပါ...

ချစ်ခြင်းတရားတွေ အဓွန့်ရှည်ပါစေ...

#ရွှေမိတ်သစ်

26/06/2024

#အိမ်ထောင်ရေးကံဆိုတာ ဖောက်ပြန်ခံရမှ ညံ့တာမဟုတ်ဘူး။ နည်းလမ်းက အများကြီးပဲ။

ဥပမာ။ ။ အထောက်အပံ့မဖြစ်တဲ့ လင်ယောကျာ်းကို
ရတဲ့အမျိုးသမီးဟာ
ကလေးတစ်ယောက် အလိုလိုကောက်ရသွားသလိုမျိုး ။
အလိုလိုနေရင်း ဝန်တွေ ပိုရတယ်။
အဝတ်နှစ်ကိုယ်စာ လျှော်ရတာအဖတ်တင်တယ်။
ထမင်းအချိန်မှီချက်ကြွေးရတယ်။ အိမ်ရဲ့အမှိုက်ကောက်ဖြစ်တယ်။ အိမ်ရဲ့အလုပ်သမားဖြစ်တယ်။ ပင်ပန်းတဲ့ မိခင်ဖြစ်လာတယ် ။

ထိုနည်းတူ တွဲလွဲပဲခိုနေချင်တဲ့ ဇနီးကိုရတဲ့ အမျိုးသားဟာလည်း ယောကျာ်းဘဝရော မိန်းမဘဝကိုပါ
တစ်တွဲထဲတာဝန်ယူရင်း သပ်သပ် အပိုလူကြီး
ဝန်ပိအောင် တမင်ခေါ်ထားမိသလို။
မုန့်တစ်ခုစားမယ့်နေရာက တစ်ဝက်ပဲစား၊ အဝတ်နှစ်ထည်ဝတ်မယ့်နေရာမှာ တစ်ထည်သာဝတ်။
ရုန်းကန် ပင်ပန်းတာကျ ကိုယ်တစ်ယောက်ထဲ။

ဘယ်လိုပြောမလဲ။
" အားလည်းမဖြစ်သလို ဓားလည်းမဖြစ်တဲ့ အိမ်ထောင်ဖက်မျိုးတွေပေါ့ "

ဓားမဖြစ်ဘူးဆိုလို့ ပေါ့သေးသေးတော့မထင်နဲ့။
အတွင်းကြေဆိုတာ အဲဒီလိုအိမ်ထောင်မျိုးတွေ ထူထောင်မိရင်သိလိမ့်မယ်။
ဘေးလူတွေကတော့ ဘာဖြစ်လို့လဲဟယ်၊ ရိုက်နှက်နေတာမဟုတ်တာ၊ ဖောက်ပြန်တာမှမဟုတ်တာ။
ဘာဒုက္ခပေးလို့လဲ ။

နောက်ဆုံးကျ နိစ္စဒူဝ ကိုယ့်ကြုံရတဲ့ဝဋ်ကြွေးနဲ့
ကိုယ့်ပုခုံးပေါ်ကဝန်ပိုအကြောင်းကို ကိုယ်ကိုယ်တိုင်ပဲသိတာပါ ။

တစ်နေ့ချင်း တစ်နေ့ချင်း ပြာလိုလွင့်ပြီး
ရှင်သန်မှုက ပျောက်ပျောက်သွားတော့မလို ။

ဒါကြောင့် သိလေလေ၊ အတွင်းကျကျ မြင်တာတွေများလေလေ အိမ်ထောင်တစ်ခုပြုဖို့ အဲဒီလူဟာစကားတွေအများကြီးပြောတတ်လာလေ ဖြစ်နေမှာပဲ ။

အိမ်ထောင်ရေးကံဟာ ဖောက်ပြန်ခံရမှ ညံ့တာမဟုတ်ပါဘူး။ ဒါက လူသိရှင်ကြား ဖြစ်သွားရုံ။
တကယ်တော့ လူမသိသူမသိ ခေါင်းစဉ်မရှိပဲ ညံ့နေတဲ့အိမ်ထောင်ရေးတွေမှ အများကြီးပဲ။
တော်တော်လေး ကြိုးစားရှောင်ယူရပါဦးမယ်။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay