Well3 Enzyme

Well3 Enzyme

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Well3 Enzyme, Health/Beauty, Mandalay.

Photos from Well3 Enzyme's post 23/08/2018

အသည်းကျန်းမာရေးနှင့် အင်ဇိုင်း အကြောင်း
--------------------------------------------------------
ဒေါက်တာဖြိုးဇော်အောင် ရေးသားမျှဝေသည်

#အသည်းရောင်နေပါသလား
#အသည်းခြောက်နေပြီလား
#အသည်းအဆီဖုံးနေပါသလား
#အသည်းကင်ဆာဖြစ်နေပြီလား
#အသည်းရောင်အသားဝါဖြစ်ပြီးရေဖျင်းစွဲနေသလား
#အသည်းကျောက်တည်နေပါသလား..

ဖတ်ကြည့်ရင် အရှုံးမရှိပါဖူး ခင်ဗျာ..

#အသည်းဆိုတာဘာလဲ?

အသည်း ကတော့ ခန္ဓာကိုယ်ရဲ့အရေးအကြီးဆုံးအင်္ဂါအစိတ်အပို်င်းတွေထဲက တစ်ခုအပါအဝင်ပါပဲ။ အသည်းဟာ ဝမ်းဗိုက်ရဲ့ညာဘက်အပေါ်နားမှာတည်ရှိပါတယ် ။ အသည်းဟာ သဲခြေအိတ် အစာအိမ် ပန်ခရိယ အူသိမ် အူမကြီး အစရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများစွာနဲ့ ပူးပေါင်းပြီး အစာအိမ်အူလမ်းကြောင်း တလျှောက် အစာခြေခြင်း အစာဟောင်းစွန့်ထုတ်ခြင်းနဲ့ အဆိပ်အတောက်ခြေဖျက်ခြင်းစသည်တို့ကို လုပ်ဆောင်ပါတယ် ။

#အသည်းရဲ့လုပ်ငန်းဆောင်တာတွေကဘာတွေလဲ?

အသည်းရဲ့ လူ့ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်များကို ထောက်ပံ့ပေးတဲ့ လုပ်ငန်းဆောင်တာတွေကတော့..

-အစာအိမ်အူလမ်းကြောင်း တလျှောက်အတွက်ထောက်ပံ့ပေးမည့်
-သွေးများကိုသန့်စင်ပေးခြင်း
-ဓာတုအဆိပ်အတောက်များ ဆေးဝါးများကို ခြေဖျက်ပေးခြင်း
-အသားဓာတ် အဆီဓာတ် နှင့် ကာဗွန်ဟိုက်ဒရိတ် တို့ကို စနစ်တကျဖြိုခွဲပေးခြင်း
-Bile ကိုထုတ်လွှတ်ပေးခြင်း
-Bilirubin, cholestrol , နှင့် toxic drug များအားစွန့်ထုတ်ခြင်း
-စားသုံးသည့်အာဟာရများကို -
-စွမ်းအင်အဖြစ်ပြောင်းလဲပေးခြင်း
-Enzyme များအား activated ပြုလုပ်ပေးခြင်း
-Glycogen, vitamin နှင့် သတ္တုဓာတ် များအား သိုလှောင်ထားပေးခြင်း
-Albumin ကဲ့သို့သော Plasma protein များ clotting factor များ ကို Synthesis ပြုလုပ်ပေးခြင်း
အစရှိသည်ဖြင့် များပြားလှပါတယ်။

#အသည်းမှာဘယ်လိုရောဂါတွေဖြစ်နိုင်သလဲ

အသည်းရောဂါများကတော့

အသည်းရောင်အသားဝါ B ပိုး C ပိုးကြောင့် ဖြစ်ရတဲ့
အသည်းရောင်အသားဝါရောဂါ ။


အသည်းမှာထိခိုက်လိုက် အနာဖေးတက်လိုက် အသည်းတစ်ခုလုံးအလုပ်ကောင်းကောင်းမလုပ်နိုင်တော့မဲ့ အသည်းခြောက်ရောဂါ


အသည်းရောင် အသည်းခြောက်ကနေတဆင့် ဖြစ်လာတဲ့
Heptocellular carcinoma လို့ခေါ်တဲ့အတွေ့ ရအများဆုံး အသည်းကင်ဆာ ရောဂါ


ရောဂါပိုးကူးဆက်ခံရခြင်း genetic ဆိုင်ရာရောဂါတွေနဲ့ အရက်ကြောင့်ဖြစ်ရတဲ့ အသည်းပုံမှန်အလုပ်မလုပ်နိုင်တော့ခြင်း


အသည်းခြောက်ပြီးဝမ်းတွင်းခေါင်းထဲကို အရည်တွေစိမ့်ထွက်နေပြီး ဖြစ်လာတဲ့ ရေဖျင်းဆွဲခြင်း အပါဝင်



လိုမျိုး
အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေကများလှပါတယ်

#ဘယ်အရာတွေကြောင့်အသည်းရောဂါတွေဖြစ်စေနိုင်သလဲ ?
အသည်းရောင် အသားဝါ B ပိုး C ပိုး စသည့် ကူးစက်ခြင်း
အရက်အလွန်အကျွံသောက်သုံးခြင်း
ဇီဝကမ္မဖြစ်စဉ်ဖောက်ပြန်ခြင်း
ဆေးဝါးနှင့်အဆိပ်အတောက်များ
အသည်းကို ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခြင်း
Systemic disease များ
တခြားခန္ဓာကိုယ်အစိတ်အပိုင်းမှ ကင်ဆာရောဂါ ပြန့်ပွားလာခြင်း
တို့ကြောင့် ဖြစ်စေနိုင်ပါတယ်

#အသည်းပတ်သက်တဲ့ရောဂါတွေဖြစ်နေရင်ခန္ဓာကိုယ်မှာဘယ်လိုရောဂါလက္ခဏာတွေပြမလဲ?

-အစာအိမ်မအီမသာ ရင်ပြည့်ရင်ကယ် ပျို့အန်ခြင်း
-နှုံးချိ ပင်ပန်းလွယ်ခြင်း
-ဘာစားစား ခံတွင်းမလိုက်
-အစာစားချင်စိတ်ပျောက်ဆုံးခြင်း
-အစာမကြေခြင်း ဝမ်းလျှောခြင်း
-Irritable bowels syndrome (IBS) ခံစားလာရခြင်း
-မျက်လုံး လက်ချောင်းများ လျှာ နဲ့ အသားများ အဝါရောင်သန်းလာခြင်း
-ဆီးအရောင်ရင့်လာခြင်း
-ဝမ်းအရောင် ပြောင်းလာခြင်း
-ရေဖျင်းဆွဲလာခြင်း
-ခြေထောက်များဖောရောင်လာခြင်း
-အရေပြားယားယံလာခြင်း အရေပြားခံနိုင်ရည်အားလျော့နည်းလာခြင်း

အစရှိတဲ့ ရောဂါလက္ခဏာ တွေခံစားနေရတာရက်လရှည်ကြာနေပြီဆိုရင်တော့ အသည်းရောဂါလို့ သံသယ ရှိသင့်ပါတယ် သက်ဆိုင်ရာဆရာဝန်နဲ့ ပြသကုသင့်နေပါပြီ ။ အထက်ပါရောဂါ လက္ခဏာများဟာ အသည်းရာဂါအပါအဝင် တခြားနှလုံး ကျောက်ကပ်နဲ့တခြားအရေးကြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများစွာနဲ့ ချို့ယွင်းတဲ့ လက္ခဏာများပါ ပါဝင်ပါတယ် ဘာကြောင့်ဖြစ်ရတယ် ဆိုတာကိုတော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ် ။ လူထုအားလုံးအတွက် အသည်းနဲ့ပတ်သက်တဲ့ရောဂါလက္ခဏာများကို ခြုံငုံရေးသားထားတာဖြစ်ပါတယ် ။

#အသည်းဝေဒနာသိရအောင်ဘယ်လိုစစ်ရမလဲ.?

သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အသည်းကျန်းမာရေးအတွက် ဓာတ်ခွဲခန်းတွေမှာစစ်နိုင်တဲ့ Liver function test များကတော့..

Liver function panel
ALT
AST
Alkaline phospharase
Bilirubin
Albumin
Ammonia
Helatits A,B,C tests
Prothrombin Time (PT)
Partial Thromboplastin time (PTT)
တို့အပြင်

Imagine test များဖြစ်တဲ့ Ultrasound,
CT scan
Liver biopsy(အသည်းအသားစယူစစ်ဆေးခြင်း)
Liver and spleen scan တွေကိုသက်ဆိုင်ရာ ကျန်းမာရေးဌာနတွေမှာ စစ်ဆေးပြီး အဖြေတွေကို ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ် ။

#အသည်းရောဂါလို့သိရင်ဘယ်လိုကုသရမလဲ?

သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်နဲ့ ပြသကုသပါ ။
Hepatitis A,B,C treatment များအပြင် liver transplant
အသည်းအစားထိုးကုသခြင်း
လိုအပ်ပါက ခွဲစိတ်ခြင်း
ကင်ဆာ ဆေးသွင်း ဓာတ်ကင် ကုသခြင်း
Paracentesis, ERCP နည်းများနဲ့လဲ ကုသပေးပါလိမ့်မည်။

#အသည်းရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ.. ?

-ဆရာဝန်မညွှန်ကြားပဲ မိမိသဘောနှင့်ဆေးအပြင်းများရက်ရှည်သောက်သုံးခြင်းရှောင်ကျဉ်ပါ။
-အသင့်အစားအစာများ junk food များရှောင်ကျဉ်ပါ။
-ကြာရှည်အထားခံအောင်ပြုလုပ်ထားသော ခေါက်ဆွဲခြောက် အစရှိသည် ဓာတုပစ္စည်း များဆိုးဆေးများပါဝင်သောအစားအသောက်များရှောင်ပါ။
-အရက်သေစာ အလွန် အကျွံသောက်စားခြင်းရှောင်ကျဉ်ပါ
-အဆီအဆိမ့်ရှောင်ပါ
-တနေ့ အနည်းဆုံး နာရီဝက်မှ တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ သက်ကြီးပိုင်းများမပြေးနိုင်ရင်တောင် လမ်းလျှောက်ပေးပါ။
-ခန္ဓာကိုယ်အလေးချိန်ထိန်းပါ
-ရေကို တနေ့ ၂လီတာနှင့်အထက်သောက်ပါ..
-မကျက်တကျက်ချက်ပြုတ်သော အသားကင်များ နှင့် ယမ်းစိမ်းပါဝင်သောလမ်းဘေး အစားအစာ အကင်များရှောင်ကျဉ်ပါ။
-အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးထိုးပါ
-ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်ဆောင်ပါ..
အထက်ပါအချက်များနဲ့ကာကွယ်နိုင်ပါတယ် ။

#စာဖတ်သူလူထုကိုအဓိကပြောပြချင်တာကတော့

မည်သည့်ရောဂါ မဆို ဖြစ်ပွားလာပါက သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ ပြသပါ အိမ်တွင်းဆေးမြှီးတိုတွေ ကြာဖူးနားဝတွေ အရပ်ထဲကစကားတွေ တတ်ယောင်ကားဆရာအတု အယောင်တွေရဲ့နည်းတွေနဲ့ မယောင်ပါနဲ့ ။ မိမိကိုယ်ကို ဖျက်စီးမဲ့ ရောဂါဝေဒနာကို ကြောက်ပါ။ မိမိကိုကုသမဲ့ ဆေးရုံဆေးခန်းသွားရမှာ အမှန်တကယ်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသရမှာမကြောက်ကြပါနဲ့လို့..ပြောကြားချင်ပါတယ် ။

ရောဂါ တစ်ခုခုကို ကုသနေပြီဆိုရင်လဲ
#တစ်အချက်
သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပဲ ပြသကုသပါ ။
#နှစ်အချက်
ဆေးဝါးပုံမှန်သောက်တဲ့ အပြင် မိမိတို့ ဘဝလူနေမှုပုံစံကို လည်းကျန်းမာတဲ့ပုံစံဖြစ်အောင် ပြောင်းလဲပါ။ဆရာဝန်နဲ့ဆေး တွေ ဓာတ်စာ ဖြည့်စွက်စာတွေချည်းအားမကိုးပါနဲ့။

#သုံးအချက်
ဆရာဝန်ညွှန်ကြား တဲ့ဆေးတွေ ဖြည့်စွက်အာဟာရ ဗီတာမင် သတ္တုဓာတ်တွေ အင်ဇိုင်း ကိုပုံမှန်သောက်ကြပါ မပေါ့ပါနဲ့လို ပြောကြားလိုပါတယ် ။

အထက်ပါ ကျန်းမာရေးအချက်အလက်များ ဟာ အသည်းရောဂါအားလုံးအတွက် ခြုံငုံပြီး လူထုကိုအသိပညာပေးဖို့ရေးသားထားတာဖြစ်ပါတယ် အသည်းရောဂါတစ်ခုတည်းနဲ့ပက်သက်ပြီး focus လုပ်ရေးသားထားတာမဟုတ်ပါဖူး အချက်အလက်တွေလုံးပေါင်း ပြီး အထွေထွေ ယေဘူယျအားဖြင့်ခြုံငုံထားတာမို့လို့် လိုအပ်ချက်များအမှားအယွင်းများ ပါရှိပါက
တတ်သိတဲ့ ဆရာဝန် များပညာရှင်များကအမှားထောက်ပြပေး ပြင်ပေးနိုင်ပါတယ် ခင်ဗျာ ။

ဆက်လက်တင်ပြလိုတာကတော့..
အသည်းရောဂါ ကိုကာကွယ်ဖို့ ဆေးပုံမှန်စစ်မည် ဆရာဝန်နဲ့ ပြသမည် ကျန်းမာရေးနဲ့ညီညွတ်အောင်နေတဲ့ အပြင် အသည်းအားကောင်းစေဖို့ ရောဂါကာကွယ်ဖို့ဈေးကွက်မှာ ရှိပြီးသားအသည်းအားတိုးဆေးတွေ ဖြည့်စွက်အင်ဇိုင်းတွေ မိမိကိုယ်တိုင်လိုအပ်တယ်ထင်နေပြီ အင်ဇိုင်းဖြည်စွက်သောက်သုံးခြင်းကို စိတ်ပါဝင်စားပါက သုံးစွဲလို့ရပါတယ် ။

နည်းပညာမြင့်ထုတ်ကုန် တခုဖြစ်တဲ့ အင်ဇိုင်းနှင့် မိတ်ဆက်ပေးပါရစေ။

#နည်းပညာမြင့်အင်ဇိုင်း"

#နည်းပညာမြင့်အင်ဇိုင်းဘယ်မှာရနိုင်မလဲ?????

#နည်းပညာမြင့်အင်ဇိုင်းကိုအဝေးကြီးမရှာပါနဲ့။။👇👇👇👇👇👇👇

#သင့်အနားမှာရောက်နေပါပြီ

👏👏👏👏👏👏👏👏

CNI Well 3 Life Enzyme ကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင်တော့ ထောက်ခံချက်တွေ ၊ အားသာချက်တွေ ၊ လုပ်ဆောင်ချက်တွေ စသဖြင့် ခွဲခြားသတ်မှတ်ပြီး လေ့လာနိုင်ပါတယ်။

👑 ထောက်ခံချက် လက်မှတ်များ-

✅World International Health Agency အသိမှတ်ပြုလက်မှတ်များ၊
✅Food Safety Authority အဖွဲ့မှ လက်မှတ်များ၊
✅ဆေးပညာဆိုင်ရာ အဖွဲ့အစည်းများ၊
✅တက္ကသိုလ်များ၊
✅Independent research Institute မှပေးသောလက်မှတ်များ၊
✅ဆေးဘက်ဆိုင်ရာသုတေသန ဌာနများ ၊
✅ဓာတ်ခွဲခန်း များ စသဖြင့်
✅နိုင်ငံတကာထောက်ခံချက် လက်မှတ် ၅၇ စောင်
✅၁၇ နှစ်ဆက်တိုက် Brand Leader အနေနဲ့ ရပ်တည်လာခြင်း
✅၂၁ ရာစု ရဲ့ ဇီဝနည်းပညာ လောကမှာ အကြီးမားဆုံးရှာဖွေတွေ့ရှိမှု အနေနဲ့ Discovery မှာ ဖော်ပြခံရခြင်း
✅ဇီဝနည်းပညာ လောကတွင် ထိပ်တန်းနိုင်ငံများဖြစ်ကြသော ဂျပန်၊ထိုင်ဝမ်၊ဂျာမနီ လိုနိုင်ငံများအပြင် တရုတ်နိုင်ငံတွင်ပါ မူပိုင်ခွင့်တင်ထားခြင်း

မလေးရှားနိုင်ငံကဲ့သို့ Food Supplementတွေ ထောင်ချီ ရှိသော တိုးတက်ပြီး နိုင်ငံတွင်ုကို
January 12 ရက် 2018 ခုနှစ်က ရရှိထားတဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။

CNI Well 3 Life Enzyme သည်
Safe .Stable . Highly Reactive ဖြစ်သော ထုတ်ကုန်ပစ္စည်း ဖြစ်ပါသည်။

1. Natural Compound > 300 types of Enzyme
( အင်ဇိုင်း အမျိုး ပေါင်း ၃၀၀ ကျော်ပါဝင်သော သဘာဝ ပစ္စည်းများနဲ့ ဖော်စပ်ထားခြင်း )

2. Heat Proof > 118° C (အပူချိန် ၁၁၈° C အထိ အင်ဇိုင်း အာနိသင်မပျက်ပဲ ခံနိုင်ရည် ရှိခြင်း)

3. Withstands Stomach Acid ( အစာအိမ် အက်ဆစ်နဲ့ တွေ့သော်လည်း အာနိသင်ပျောက်ပျက်မသွားခြင်း)

4. Consumed Internally & Applied Externally ( သောက်သုံးနိုင်သည့် အပြင် ခန္ဓာကိုယ်ပြင်ပတွင်လည်း သုံးနိုင်ခြင်း)

5. Extracted Completely From Plants
(အပင်နှင့် အသီးအနှံများ မှ အဆင့်မြင့်နည်းပညာ ဖြင့် ပြည့်ဝစွာ ထုတ်ယူထားသော အင်ဇိုင်းများ ဖြစ်ခြင်း)

6. Free From Syrup & Chemical Stabilizers
( Syrup နဲ့ ဓာတုပစ္စည်းများ လုံးဝကင်းရှင်းခြင်း )

💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐

👑CNI Well 3 Life Enzyme ဧ။် အဓိက လုပ်ဆောင်ချက်ကြီး ( ၆ ) ချက်

1. Digest & Assist Nutrients Absorption ( အစာ ချေဖျက်ခြင်းနှင့် အာဟာရ ထုတ်ယူမှု ကို ပံ့ပိုးပေးနိုင်ခြင်း)

2. Breaks down Toxins & Detoxifies
( အဆိပ်အတောက်များကို ချေဖျက် ပေးနိုင်ခြင်း နှင့် ခန္ဓာ ကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးနိုင်ခြင်း)

3. Purifies Blood
( သွေးကိုသန့်ပေးနိုင် ခြင်း - Cholesterol,Fat Cells,Uric acid နဲ့ အခြားသောသွေးလည်ပတ်မှု အဟန့်အတား ဖြစ်စေသာ ဓာတ်များကို ချေဖျက်ရှင်းလင်းပေးပြီး သွေးလည်ပတ်မှုကောင်းမွန်စေခြင်း )

4. Internal Body Cleansing
( ကိုယ်တွင်းသန့်ရှင်းပေးနိုင်ခြင်း - ခန္ဓာကိုယ်တွင်းရှိ အက်ဆစ် နှင့် အန္တရာယ် ဖြစ်စေနိုင် သော အရာများ ဓာတ်များ ကို အယ်ကာလိုင်းသို့ ပြောင်းလဲပေးနိုင်ခြင်း )

5. Cell Regeneration
( ဆဲလ်ပြန်လည် တည်ဆောက် ဖွံဖြိုး ကျန်းမာခြင်း )

6. Anti-inflammation & Anti-bacteria
( ရောင်ရမ်းမှုကို လျော့ချပေးခြင်း နှင့် ဘက်တီးရီးယားများမှ ကာကွယ်ပေးခြင်း )များ အပြင်
CNI Well 3 Life Enzyme ဟာ

🌟 Chronic Diseases ( နာတာရှည်ရောဂါများ )
🌟 Digestive Problems (အစာအိမ်အူလမ်းကြောင်းပြဿနာများ )
🌟 Weak Immunity ( ကိုယ်ခံ အားနည်းခြင်း )
🌟 Skin Diseases ( အရေပြားရောဂါများ )
🌟 Stress ( စိတ်ဖိစီးမှုများ ) အတွက်ကို အကောင်းဆုံး ထောက်ပံ့ ကူညီပေးနိုင်ပါတယ်။

____________________________________
CNI Well3 Life Enzyme ဟာ
မိတ်ဆွေများ အတွက် စိတ်ကျေနပ်မှု အမြင့်ဆုံး ပေးနိုင်သော ထုတ်ကုန် ဖြစ်ပါလိမ့်မည်။

#ဈေးနှုန်း များကတော့..

4g x 15 ထုပ် - ၄၇၀၀၀ ကျပ်
4g x 30 ထုပ် - ၉၂၅၀၀ ကျပ်

#သောက်သုံးရန်အညွှန်းမှာ..

မနက် - ၁ ထုပ်
ည - ၁ ထုပ် (ရေနွေးနဲ့ ဖျော် သောက်ရပါတယ် )

#ဝယ်ယူရရှိနိုင်သည့်လိပ်စာ

Yangon

အမှတ် ၈၃/ဓမ္မစေတီလမ်း/ အမိမြေ ဆောက်လုပ်ရေး ကွန်ဒိုတိုက်ခန်း/မြေညီထပ်(ညာဘက်အခန်း)/တော်လှန်ရေးပန်းခြံရှေ့/ မြေနီကုန်း/စမ်းချောင်းမြို့နယ်/ရန်ကုန်။

-----------------------------------------------------

Mandalay

D-111
ပထမ အထပ် ၊ ရွှေဖြူပလာဇာ
၃၂ × ၃၃ ကြား - ၇၇ × ၇၈ ကြား
မန္တလေးမြို့။

#နယ်မြို့တွေကိုလည်းပို့ပေးတဲ့ဝန်ဆောင်မှုရှိပါတယ်

အင်ဇိုင်းနှင့် ကျန်းမာရေး အကြံပေး ဆရာဝန်ဖြင့် တိုက်ရိုက်ဆွေးနွေးလိုပါက
09779909111ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။

#အကြံပေးဆွေးနွေးပေးချိန်

⏰ မနက် ၉ နာရီ မှ ညနေ ၅ နာရီ

_____________________________________________

👉 ဆက်သွယ်မေးမြန်းနိုင်သော အခြားဖုန်းနံပါတ်များ

Ph . 09778083111
Ph . 09778082111

ကျန်းမာလှပသော ဘဝကို ပိုင်ဆိုင်ကြပါစေ။

👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍

23/08/2018

ကျန်းမာရေးနဲ့ မဆိုင်ပေမယ့် အရမ်းကောင်းလို့ မျှဝေပါရစေ
_____________________________________

သိပ်ကောင်းတဲ့စာပါ ခုခေတ်ကလေးတွေကို
ဖတ်ပြလိုက်ပါ

“ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်"

ထီးမပါတဲ့ကလေး......
ဟုတ်ပါတယ်၊"ထီးမပါတဲ့ကလေးဟာ မိုးထဲလေထဲမှာ ပိုအပြေးမြန်တတ်ပါတယ်"

ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့နေဖို့အတွက် ၄၃၃ ယွမ်သာကျန်ပါတော့မယ်။ ဘယ်လိုခရီးဆက်သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာနားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက်မပိုနိုင်တော့ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။

“ ဖေဖေ စိတ်ချပါ။ ကျနော့မှာ ခြေတွေလက်တွေ ရှိပါသေးတယ်။” အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ၀မ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီးနူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တစ်ချိုးတည်း ထွက်လာပါတော့တယ်။ ခန္ဓာကိုယ်ကို လှည့်ပြီး သူထွက်ခွာလာတဲ့အခိုက်မှာ မျက်ရည်တွေ မျက်နာတစ်ပြင်လုံး ယိုဆင်းလာပါတယ်။ သူငိုသွားပါတယ်။ ဖခင်ကို မခွဲရက်တာပါတယ်။ ရှေ့ ပညာသင်ရမဲ့ခရီးအတွက် ပူဆွေးတာလည်းပါပါတယ်။
ကျောပိုးအိတ်ကိုလွယ်ပြီး တောင်ပေါ်လမ်းကွေ့ကွေ့ကောက်ကောက်ကို ပြေးဆင်းပါတယ်။ သူမိုင်ပေါင်း ၆၀ ခန့် ခရီးရှည် လျှောက်လိုက်ပါတယ်။ ကားခ ၆၈ ယွမ်နဲ့ ကားဂိတ်မှာ ဘတ်စ်ကားပြောင်းစီးပါတယ်။ သူအနှစ်နှစ်အလလ တက်ရောက်ချင်ခဲ့တဲ့ ပြည်နယ်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။
ကျောင်းပေါက်ဝရောက်ပြီ၊ ကားခရှင်းလိုက်တယ်၊ လက်ထဲမှာ ၃၆၅ ယွမ်ပဲ ကျန်ပါတော့တယ်။

ပထမ Semester ၅ လကျောင်းတက်ရပါမယ်။ ယွမ်၃၀၀ ကျော်နဲ့ ဘယ်လိုခရီးဆက်မလဲ၊
ပတ်ဝန်းကျင်ကကျောင်းသူကျောင်းသားများ ထိုခေတ်ထိုအခါမှာ MP4 ကိုလည်ပင်းမှာ ချိတ်ဆွဲထားကြပါတယ်။ တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားကြပါတယ်။ သူ့ကိုပြုံးပြကြပါတယ်။ သူလည်း ပြန်ပြုံးပြပါတယ်။ စိတ်ထဲမှာတော့ မျက်ရည်များယိုဆင်းနေပြန်ပါပြီ။

ထမင်းကို တစ်ရက် နှစ်နပ်ပဲစားပါတယ်။ တစ်နပ်စားရင် ( ၂ ) ယွမ်ပေးရပါတယ်။ ဒါသူ့ကိုယ်သူ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အသုံးစားရိပ်ပါ။ ဒီလိုဆက်သွားရင်လည်း Semester ကုန်ဆုံးတဲ့အထိ ပိုက်ဆံမလောက်ပါ။
ညမှာ သူအိပ်မပျော်ပါ။ အမျိုးမျိုးစဉ်းစားကြံဆနေရပါတယ်။ နောက်တစ်နေ့ သူအံတစ်ချက်ကျိတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလို်က်ပါတယ်။ ကျန်ရှိတဲ့ ပိုက်ဆံ ၃၀၀ ကျော်ထဲက သူယွမ် ၁၅၀ နဲ့ လက်ကိုင်ဖုန်းတစ်ခု ၀ယ်လိုက်ပါတယ်။ လက်ကိုင်ဖုန်းအဟောင်းပါ။ ဖုန်းပြောလို့ရတယ်၊ စာတို message ပို့လို့ရတယ်၊ အခြားဘာ function မှမပါတဲ့ ဖုန်းမျိုးပါ။

နောက်တစ်ရက် အဆောင်နံရံတွေမှာ၊ ဓါတ်တိုင်တွေမှာ၊ ကြောငြာပုဒ်တွေမှာ သူကြော်ငြာငယ်လေးတစ်ခု ကပ်ပါတယ်။ ခေါင်းစဉ်က
“ သင်ဝန်ဆောင်မူ လိုအပ်ပါသလား” တဲ့၊
“ အကယ်၍ သင်ထမင်းဟင်းဝယ်လိုတယ်၊ ရေနွေးခပ်ချင်တယ်၊ ဖုန်းကြေးသွင်းချင်တယ်ဆိုရင်၊ အောက်ပါ နံပါတ် # # # # # ကိုဆက်သွယ်လိုက်ပါ။ ကျောင်းတွင်းဝန်ဆောင်မူ ၁ ယွမ်၊ ကျောင်းပြင်ပ ၀န်ဆောင်မူ တစ်ကီလိုပိုဝေးတိုင်း ၂ ယွမ်၊ ကျနော်သင့်ကို ၀န်ဆောင်မူ ပြုပါရစေ ” လို့ ရေးထားပါတယ်။

အဲဒီနေ့ကစပြီး သူ့ဖုန်းမအားလပ်တော့ပါ။ စတုတ္တနှစ်ကျောင်းသားတစ်ဦး သူ့ကိုဖုန်းဆက်လာပါတယ်၊ “ ငါဆိုတဲ့လူက ပျင်းတယ်၊ အိပ်ယာထနောက်ကျတယ်၊ ထမင်းဝယ်တဲ့ကိစ္စ မင်းနေ့တိုင်းငါ့ကိုကူညီပါ။” တဲ့၊
“ စိတ်ချပါ။ ခင်ဗျားအဆောင်အထိ ကျနော်မနက်တိုင်း အချိန်မှီ မနက်စာ ပို့ပေးမယ်။” ဒါသူရဲ့ ပထမဆုံးသော ၀န်ဆောင်မူဖြစ်ပါတယ်။
နောက်ကျောင်းသားတစ်ဦး စာတိုပို့လာပါတယ်။
“ ခင်ဗျားကျနော့ကို ဖိနပ်ဝယ်ပေးလို့ ရမလား၊ အခန်း ၅၀၄ ကပါ။ ဖိနပ်နံပါတ်က ၄၁၊ တံဆိပ်က # # # ”
အားလုံးအဆင်ပြေသွားပါတယ်။
သူဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပါ။ ၀န်ဆောင်မူ ပေးတာ သိပ်တောင်မကြာသေးဘူး၊ သူတစ်ခုသတိထားမိသွားတယ်။ ကျောင်းသူကျောင်းသားတော်တော်များများဟာ အတန်းကြီးလေ၊ အပြင်မထွက်ချင်လေ၊ အခန်းပုန်းများလေ ဆိုတဲ့အချက်ပါပဲ။ အချို့ ကျောင်းသားများဟာ အတန်းသွားမတက်တဲ့အပြင် အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းချင်ကြဘူး၊ သူတို့ အခန်းထဲမှာ ကွန်ပြူတာဂိမ်းတွေဆော့နေတယ်၊ သူငယ်ချင်းများနဲ့ Chatting ထိုင်ရိုက်နေကြတယ်။ အဲဒီကျောင်းသားများ သူ့ရဲ့ ပင်မဖေါက်သည်ဖြစ်သွားပါတယ်။

တောင်ပေါ်ကလာတဲ့ကလေးပီပီ၊ ကျန်းမာသန်စွမ်းတယ်၊ သွက်လက်တယ်၊ ပြေးနို်င်လွှားနိုင်တယ်၊ အဆောင်က ငါးထပ်ခြောက်ထပ်ဖြစ်နေတာတောင်မှ သူမမူဘူး၊ တစ်ချက်ကလေးမှ မညည်းဘူး၊ သူတအားတက်ကြွတယ်။ တစ်ခုခုမှာလိုက်ရင် မိနှစ်( ၃၀ ) အတွင်း အရောက်လာပို့တယ်။
သူ့ကို ၅ ယွမ်ပေးတယ်၊ မြို့ ပြင်ဝန်ဆောင်မူမို့လို့ သူ ၂ ယွမ်ယူတယ်၊ ၃ ယွမ်ချက်ချင်းပြန်အမ်းတယ်၊ ပြန်အမ်းဖို့ အနူတ်မရှိဘူးဆိုတာမျိုး သူလုံးဝ အဖြစ်မခံဘူး၊ သူအဆင်သင့်ဖြစ်အောင် အမြဲအနူတ်ဆောင်ထားတယ်။ သူဂတိတည်တယ်၊ ပြီးအောင်လုပ်တယ်၊ အချိန်မြန်တယ်၊ တိကျတယ်။ ကျောင်းသူကျောင်းသားများအကြားမှာ သူအတော်နာမည်ရလာတယ်။ နောင်ဘာပဲလိုလို၊ ကိုယ်တိုင်ထွက်မ၀ယ်နိုင်ရင် သူ့ကိုပဲ အရင်သတိရကြတယ်။
သူဒီလောက်အလုပ်ဖြစ်လိမ့်မယ်ဆိုတာ မျော်လင့်မထားခဲ့ပါဘူး၊ အတန်းဆင်းဆင်းချင်း ဖုန်းဖွင့်လိုက်တာနဲ့ အလုပ်ကအမြဲ သူ့ကိုစောင့်နေပါပြီ။

တစ်ရက်ကျတော့ မိုးအကြီးအကျယ်ရွာသွန်းတယ်၊ သူဖုန်းမီလာပြန်ပြီ၊ ကျောင်းသူတစ်ယောက်ဆီကဖြစ်တယ်။ သူမိုးထဲမှာချက်ချင်းပြေးထွက်သွားတယ်၊ ကျောင်းသူမှာတဲ့ထီးကို ချက်ချင်းပို့ပေးလိုက်တယ်။ အခန်းတံခါးခေါက်ပြီး ထီးပေးတဲ့အချိန်မှာ ကျောင်းသူက သူ့ကိုကျေးဇူးတင်လွန်းလို့ တစ်ချက်သိုင်းဖက်လိုက်တယ်။ ဒါပထမဆုံးအကြိမ် သူမိန်းခလေးရဲ့ သိုင်းဖက်ခံရတာပဲ၊ သူမျက်ရည်ကျသွားပါတယ်။
နောက်ပိုင်းမှာ သူတော်တော် အလုပ်များသွားပါတယ်၊ အတတ်နိုင်ဆုံး ၀န်ဆောင်မူကို ပြည့်ဝအောင် သူကြိုးစားရှာပါတယ်။ ပထမ Semester ပြီးဆုံးသွားပါတယ်။
ဆောင်းရာသီကျောင်းပိတ်ပါပြီ၊ သူပြန်သွားပါတယ်။ သူ့ဖခင်က သူ့ကျောင်းစားရိပ်အတွက် ပူပင်သောက ရောက်နေဆဲပါ။ သူဖခင်ကိုနှစ်သိမ့်ပါတယ်၊ ဖခင်လက်ထဲကို ပိုက်ဆံယွမ် ၁၀၀၀ ကန်တော့နိုင်ခဲ့ပါတယ်။
“ အဖေ၊ သားက သူများလို မချမ်းသာပေမဲ့၊ အဖေက သားကိုအပြေးမြန်တဲ့ချေထောက်အမွေပေးထားတယ်လေ၊ ဒါအဲဒီခြေထောက်ကို အားကိုးပြီး ဒီထက်အောင်မြင်အောင် ပြေးအုံးမှာ ” လို့ သူရှင်းပြပါတယ်။

ဒုတိယ Semester သူတစ်ယောက်တည်း မပြေးလွားတော့ပါ။ ဘ၀တူ ကျောင်းနေဘက်များကို စုစည်းလိုက်ပါတယ်။ တစ်ကျောင်းလုံးကို ၀န်ဆောင်မူ စတင်ပေးပါတယ်။ ကျောင်းပြင်ပ ၀န်ဆောင်မူ ကိုယ်စားလှယ် အလုပ်ကို စတင်လုပ်ပါတယ်။
ဝန်ဆောင်မူ ဧရိယာ တစ်ဖြည်းဖြည်းကျယ်ပြန့်လာပါတယ်။ တောက်တိုမယ်ရ နေ့စဉ်လိုအပ်တဲ့ သွားတိုက်တံသွားတိုက်ဆေး၊ ကျောင်းသုံးကရိယာကအစ၊ ကွန်ပြူတာ အပိုပစ္စည်း၊ လျပ်စစ်ပစ္စည်းအစ ပါဝင်လာပါတယ်။

စာသင်နှစ်တစ်နှစ်ပြီးဆုံးသွားတဲ့အချိန်မှာ သူကိုယ်ပိုင်ကွန်ပြူတာ ၀ယ်နိုင်သွားပါတယ်။ အင်တာနက် ကွန်ယက်ကို အသုံးပြုပြီး သူ့ Customer အုပ်စု တော်တော်ကြီးမားလာပါတယ်။ Online Shopping ကုမ္မဏီတစ်ခု သူ့ကို ကျောင်းတွင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ပါတယ်။
ပြေးတယ်၊ ပြေးတယ်၊ ဆက်ပြေးတယ်၊ သူအောင်မြင်တဲ့ လမ်းပေါ်ကိုစတင်တက်လှမ်းနေပါပြီ။
သူစတုတ္တနှစ်ပြီးဆုံးတဲ့အခါမှ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ရုံသာမက သူ့အတွက် ပထမအရင်းအနီးကို စုမိဆောင်းမိနေပါပြီ၊
သူ့ရဲ့ ကနဦး ရင်းနီးမတည်ငွေဟာ ယွမ်ငွေ ငါးသိန်း ( ကျပ်ငွေ သိန်း တစ်ထောင်ကျော်ကျော်ခန့် ) ဖြစ်ပါတယ်။ သူနာမည် He Jia Nan ဟိုကျားနံ ဖြစ်ပါတယ်။ တရုတ်ပြည် အရှေ့ မြောက်ပိုင်း Hei Long Jiang ပြည်နယ်မှာရှိတဲ့ Da Xing An Ling ကျေးလက်ဒေသမှ ပေါက်ဖွားလာတဲ့ လုပ်ငန်းရှင်လောင်းတစ်ဦးဖြစ်ပါတယ်။

အခုသူတက္ကသိုလ်နယ်မြေတစ်ခုလုံးရဲ့ အရောင်းကိုယ်စားလှယ်ချုပ်ဖြစ်နေပါပြီ၊ သူရိုးရိုးရှင်းရှင်းပုံစံအတိုင်း နေထိုင်နေဆဲပါ။ အလုပ်ကြိုးစားတယ်၊ သွက်လက်တယ်၊ ရေနွေးတစ်ဘူးခပ်တိုင်း တစ်ယွမ်ယူနေဆဲပါ။ သူပြေးလွားနေဆဲပါ။
သင်သာ သူ့နေရာမှာ ရှိခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ ၊ မိဘဆင်းရဲတာကို ၀မ်းနည်းနေမှာလား၊ ပြစ်တင်နေမှာလား၊ ခေတ်အခါကို၊ အစိုးရကို အပြစ်ပြောနေမှာလား၊
ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်။

ဒီဆောင်းပါး ကျနော့စိတ်ကို တော်တော်ထိပါတယ်။ အများဖတ်ရူ့ နိုင်ဖို့ ဘာသာပြန်လိုက်ပါတယ်။ လူငယ်လူရွယ်များအားလုံး ကိုယ့်ကိုယ်ကို ရပ်တည်လိုစိတ် ရှိနို်င်ကြပါစေ။ မိဘထံလက်ဖြန့်တဲ့ဘ၀မှ လွတ်နိုင်ကြပါစေ၊ ဘ၀တိုးတက်မူခရီးလမ်းမှာ အပြေးမြန်နို်င်ကြပါစေ။

Ref: we chat


Share by အင်ဇိုင်း နှင့် ကျန်းမာရေး page

Photos from Well3 Enzyme's post 23/08/2018

အူလမ်းကြောင်း ကျန်းမာရေးနှင့် အင်ဇိုင်း အကြောင်း
--------------------------------------------------
ဒေါက်တာဖြိုးဇော်အောင် ရေးသားမျှဝေသည်

#အူရောင်နေပါသလား
#ဝမ်းချုပ်နေပါသလား
#အူမကြီးကင်ဆာဖြစ်ပွားနေပါသလား
#အူလမ်းကြောင်းတလျောက်ရောဂါဝေဒနာခံစားနေရပြီလား
#ဝမ်းလျှောဝမ်းပျက်ဝမ်းကိုက်ဝမ်းထဲသွေးပါခံစားနေရပြီလား..

ကဲ အူလမ်းကြောင်းတလျောက်နဲ့ပက်သက်တဲ့ကျန်းမာရေးဗဟုသုတတွေရဖို့ အတွက် ဖတ်ကြည့်ရအောင်

အူလမ်းကြောင်းဆိုတာဘာလဲ..

အူ ဆိုတာကတော့ အစာအိမ်ကနေ စအိုဝ အထိဆက်သွယ်ထားတဲ့ ပြွန်ပုံသဏ္ဍာန် ရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် ။ အစာအာဟာရကိုစုပ်ယူတာအစာဟောင်းကိုစွန့်ပစ်တာတွေလုပ်ဆောင်ပါတယ် ။

အူက ခန္ဓာကိုယ်အတွက် ဘာလုပ်ငန်းတွေ လုပ်သလဲ?

အူလမ်းကြောင်းတလျောက် အစာမှ အာဟာရများနှင့် ရေဓာတ်များ ကို ခန္ဓာကိုယ်အတွက်စုပ်ယူခြင်း လုပ်ငန်းများကိုလုပ်ဆောင်ပါတယ် ။

အူလမ်းကြောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေရှိလဲ ?

အူလမ်းကြောင်းတလျောက်မှာ အူသိမ် (small intestine) ဟာပေ ၂၀ခန့်ရှည်လျားပြီး တစ်လက်မခန့် လုံးပတ်ရှိပါတယ် သူရဲ့အလုပ်တာဝန်တွေကတော့ စားသောက်လိုက်တဲ့ အစာတွေကနေ အာဟာရဓာတ်ကို စုပ်ယူခြင်းပဲ ဖြစ်ပါတယ် ။ အူသိမ်ရဲ့အတွင်းနံရံတွေမှာ Velvety tissue တွေ နဲ့ line up အပြည့်တည်ရှိနေပါတယ် ။ အာဟာရကို စုပ်ယူဖို့ အတွင်းနံရံတွေမှာ သေးငယ်ပြီး များပြားလှတဲ့ အတွန့်အခေါက်လေးတည်ရှိပါတယ် ။ အူသိမ်ဦးကို Duodenum, jejunum နှင့် ileum ဆိုပြီးခွဲ ခြားထားပါတယ် ။

အူသိမ်ရဲ့အစိတ်အပိုင်းတွေပြီးတဲ့အခါ အူမကြီး (colon or large bowel) ကတော့ ၁ပေခန့်ရှည်ပြီး ၃ လက်မခန့် အချင်းရှိပါတယ် ။ အူမကြီးကတော့ အစာဟောင်းတွေဆီက ရေကိုစုပ်ယူလိုက်ပြီး မစင်အဖြစ်ကို ဖန်တီးပေးပါတယ် ။ မစင်တွေကို အစာဟောင်းအိမ်ကို ပို့ဆောင်ပေးပြီး အာရုံကြောတွေရဲ့လှုံဆော်မှုနဲ့အတူ အစာဟောင်းကို စအိုကနေ စွန့်ထုတ်ခြင်းအလုပ်ကို လုပ်ဆောင်ပါတယ် ။

#အူလမ်းကြောင်းမှာ ဘယ်လိုရောဂါတွေဖြစ်တတ်လဲ ? ဘာလက္ခဏာတွေပြတတ်သလဲ

Stomach Flu (enteritis)
Virus, bacteria or parasites ရောဂါပိုးတစ်မျိုးမျိုး ကူးစက်ခြင်းကြောင့် အူသိမ်ရောင်ရမ်းခြင်း အတွေ့ရများပါတယ် ။

Small intestine cancer
အူသိမ် ကင်ဆာအမျိုးမျိုးရှိပါတယ် အတွေ့ရနည်းပေမယ့်လည်း အမေရိကားမှာ အူသိမ်ကင်ဆာနှင့်တစ်နှစ်လျှင် လူ ၁၁၀၀ ခန့် သေဆုံးလျက်ရှိကြပါတယ် ။

Celiac disease
ပေါင်မုန့်တွေအများစုမှာပါတဲ့ gluten ဓာတ်ကို ဓာတ်မတည့်မှု ဖြစ်ပြီး အူသိမ်မှာအာဟာရကို ကောင်းကောင်းမစုပ်ယူနိုင်တဲ့ရောဂါပါ ။ ဗိုက်အောင့်နာပြီး ကိုယ်အလေးချိန် လျော့လာတာဟာ ဒီရောဂါရဲ့ လက္ခဏာ တွေပါ ။

Carcinoid tumor
အူသိမ်ထဲမှာ သာမာန် သို့မဟုတ် မြစ်ပွားနာကဲ့သို့သော အဖုအကျိတ်ဖြစ်ပေါ်တာပါ ။ ဝမ်းပျက်ဝမ်းလျှောတာ., အန်တာတွေဖြစ်နိုင်ပါတယ် ။

Intestinal obstruction
အူသိမ် သို့  အူမကြီးရဲ့ အစိတ်အပိုင်းတစ်ခုက ပိတ်ဆို့နေတာ သို့မဟုတ် တွန့်ခေါက်ပြီး အလုပ်မလုပ်နိုင်တော့တာပါ ။ ဗိုက်နာမယ် အန်မယ် ဝမ်းချုပ်ပြီး ဗိုက်ကယ် ခြင်းတွေ လက္ခဏာပြတတ်ပါတယ် ။

Colitis
အူအတက် ရောင်တာပါ ။ inflammatory bowel disease သို့မဟုတ် ရောဂါပိုးကူးဆက်ခံရခြင်း တွေက အဖြစ်များတဲ့အကြောင်းရင်းတွေပါ ။

Diverticulosis
အူမကြီး ကြွက်သားနံရံတလျောက် diverticuli လို့ခေါ်တဲ့အိတ်ငယ်လေးတွေ ဖြစ်ပေါ်ခြင်းရောဂါပါ ။ diviticuli တွေ ရောင်ရမ်းတာ သွေးယိုစိမ့်ထွက်လာ ခြင်းကဖြစ်ရတဲ့ရောဂါပါ။

Diviticulitis
အူကြွက်သားနံရံက အိတ်ငယ်လေးတွေရောင်ရမ်းတဲ့ရောဂါပါ ။ ဗိုက်နာတာ ဝမ်းချုပ်တာတွေဖြစ်လာနိုင်ပါတယ် ။

Colon bleeding
အူမကြီးအတွင်း သွေးယိုစိမ့်တဲ့ရောဂါပါ။ အမျိုးမျိုးသောအူမကြီးရောဂါတွေ အကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ် ။ သွေးယိုစိမ့်မှုနှေးကွေးရင်မသိသာပေမဲ့ မြန်ဆန်ရင်တော့ ဝမ်းထဲသွေးပါ လက္ခဏာများ ကိုတွေ့ရတတ်ပါတယ် ။

Inflammatory bowel disease
Crohn's disease သို့မဟုတ် ulcerative colitis လို့လဲခေါ်ဝေါ်ကြပါတယ်။ အူမကြီးရောင်ရမ်းခြင်းကြောင့်ဖြစ်ပါတယ် ။

Crohn's disease
Colon နှင့် intestine ကို ထိခိုက်တဲ့ရောဂါပါ။ သွေးဝမ်းသွားတဲ့ လက္ခဏာ ပြနိုင်ပါတယ် ။

Ulcerative colitis
Colon နှင့် re**um (အူမကြီးနှင့် အစာဟောင်းအိမ်) ရောင်ရမ်းတဲ့ ရောဂါပဲ Crohn's disease ကဲ့သို့သွေးဝမ်း လက္ခဏာပြပါတယ် ။

Diarrhea
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး ဝမ်းကအရည်တွေအဖြစ် တစ်နေ့ထဲမှာအကြိမ်ကြိမ်သွားတဲ့ ရောဂါပါ။ အူမကြီးနှင့်အူသိမ် မှာရောဂါပိုးရှိရင် ဖြစ်ပွားတဲ့ရောဂါပါ ။

Salmonellosis
Salmonella ဘက်တီးရီးယားပိုးပါဝင်တဲ့အစာတွေ ကအူလမ်းကြောင်းကို ဒုက္ခပေးတဲ့ရောဂါပါ။ ဖျားနာတာ ဝမ်းဗိုက်ကြွက်သားတောင့်တင်းတာ သွေးဝမ်းသွားတာတွေ လက္ခဏာပြနိုင်ပါတယ် ။

Colon polyps
အူနံရံအတွင်း အကြိတ်ငယ်လေးတွေ ဖြစ်ပွားတဲ့ရောဂါပါ နှစ်ကြာလာရင် ကင်ဆာအဖြစ် ပြောင်းလဲနိုင်ပါတယ် ။

Colon cancer
အူမကြီးကင်ဆာ

Re**al cancer
အစာဟောင်းအိမ်ကင်ဆာ

Constipation
ဝမ်းချုပ်ခြင်း..

Irritable bowel syndrome (IBS) .
ရုတ်တရက် ချက်ခြင်း ဗိုက်အောင့် ဗိုက်ကြွက်သားတင်း လေပွ ခြင်း ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောနေခြင်း ဖြစ်တဲ့ရောဂါ လက္ခဏာအစုအဝေးပါ ။

Re**al proplapse
အစာဟောင်းအိမ်ရဲ့နံရံ သို့မဟုတ် တစိတ်တပိုင်းက ဝမ်းသွားစဉ် စအိုဝမှထွက်ကျတတ်တဲ့ရောဂါပါ။

Intussusception
ကလေးတွေမှာအဖြစ်များပါတယ် ရေပိုက်အတွင်းထဲရေပိုက်ပြန်လိပ်ဝင်သလို အဝေးကြည့်မှန်ပြောင်း သိမ်းသကဲ့ကို အူလမ်းကြောင်းတစ်ခုတည်းအတွင်း အူထပ်ကျွံဝင်ခြင်းရောဂါပါ ။ မကုသရင်အသက်အန္တရာယ်ရှိပါတယ်

ဘယ်အရာတွေကြောင့် အူလမ်းကြောင်းမှာရောဂါတွေဖြစ်သလဲ ။

မျိုးရိုးဗီဇ
ကျန်းမာရေးနှင့်မညီသောအစားအစာများ
ဆေးလိပ်အလွန်အကျွံသောက်ခြင်း
အရက်အလွန်အကျွံသောက်ခြင်း
ရောဂါပိုးများကူးစက်ခံရခြင်း
စိတ်ဖိစီးမှု
ကျန်းမာရေးနှင့်မညီညွှတ်သော ဘဝနေထိုင်စားသောက်မှုပုံစံ
နေထိုင်မှု လူမှုပတ်ဝန်းကျင် ညစ်ညမ်းလာမှု

တွေကြောင့်ဖြစ်ပွားနိုင်ပါတယ်

အူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါလက္ခဏာတွေကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ ။

Capsule endoscopy
ကင်မရာငယ် ပါတဲ့ ဆေးလုံးကိုမြိုချ
ကနေ ခါးပတ်ကိုဓာတ်ပုံပို့ပေးခြင်း

Upper endoscopy EGD ( esophagogastroduodenoscopy) ကင်မရာပါတဲ့ကွေးဆန့်နိုင်သော ပြွန်ငယ်လေးအား ပါးစပ် အစာရေမြိုပြွန်တို့မှတဆင့် မြိုချပြီးအစာအိမ်အူလမ်းတလျောက် စစ်ဆေးခြင်း

Colonoscopy
ကင်မရာပါသော ပြွန်ငယ်အား စအိုဝမှတဆင့်အူမကြီးအထိထိုးထည့်ပြီးစစ်ဆေးခြင်း

Vitrual Colonoscopy
အူလမ်းကြောင်းတလျောက်ဓာတ်မှန်ရိုက်ခြင်း

F***l occult blood testing
ဝမ်းထဲတွင်သွေးစသွေးနရှာဖွေစစ်ဆေးကြည့်ခြင်း

Sigmoidoscopy
အစာဟောင်းအိမ်မှတစ်ဆင့်ကင်မရာပါသော ပြွန်ငယ်ထိုးထည့်ပြီး အဖြေရှာခြင်း

Colon biopsy
အူမကြီးမှအသားစယူပြီးစစ်ဆေးကြည့်ခြင်း

အူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသ သလဲ?

ဒီနေရာမှာ
စာဖတ်ကြတဲ့ မိတ်ဆွေအပေါင်း ကိုသတင်းစကားပေးချင်တာက ဘာရောဂါဖြစ်လာဖြစ်လာ.. သိရှိတတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ နှစ်ပေါင်းများစွာလေ့ကျင့် သင်ကြားလာခဲ့ကြတဲ့
ဆရာဝန်တွေနဲ့ပဲ ကုသပါလို့
မိမိ ခန္ဓာကိုယ် မိမိ ကျန်းမာရေးကို တတ်ယောင်ကား ဆရာတုဆရာယောင် စပ်ဆေးဆရာတွေ လက်ထဲမအပ်ပါနဲ့လို့ လေးလေးနက်နက်အကြံပေးပါရစေ ခက်ဗျာ။

အူလမ်းကြောင်းတလျောက် ရောဂါတွေကိုကုသတဲ့အခါ ဆရာဝန်တွေအနေနဲ့သင့်ရောဂါကို..

Antidiarrheal agent
ဝမ်းပိတ်ဆေးတစ်မျိုးမျိုးပေးကုသပါမယ် ။ လောလောဆယ်မအီမသာဖြစ်တာတွေရပ်ရန်အတွက်ပါ ။

Stool softeners
ဝမ်းချုပ်တာသက်သာစေဖို့ ဝမ်းပျော့ဆေးလည်းပေးပါမယ် ။

Laxatives
ဝမ်းသွားစေတဲ့ ကြွက်သားတွေကို နည်းတမျိုးမျိုးနဲ့ လှုံ့ ဆော်ပေးတဲ့ ဆေးတွေပါ
E***a လိုမျိုး စအိုတွင်းအရည်ညှစ်ထည့်ရတဲ့ နည်းလမ်းနဲ့လဲကုသပါလိမ့်မယ် ။

Colonoscopy
Endoscopy မှန်ပြောင်းမှာပါတဲ့လက်တံလေးတွေ ပစ္စည်းကိရိယာလေးတွေကတစ်ဆင့်လဲ polyps တွေ သွေးယိုစိမ့်တာတွေ ကင်ဆာတွေကိုကုသနိုင်ပါတယ် ။

Polypectomy
Colonoscopy ကြည့်စဉ် အူနံရံမှာစူထွက်နေတဲ့ polyp လေးတွေကိုဖြတ်ထုတ်တဲ့ကူထုံးပါ ။

Colon surgery
ဝမ်းဗိုက်ကို ခွဲဖွင့်ပြီးသော်လည်းကောင်း
Laproscopic surgery ( အရေပြားကို အပေါက်ကလေးများဖောက်ကာ ဝမ်းဗိုက်အတွင်း ကင်မရာနှင့်စက်လက်တံငယ်လေးများထည့်သွင်းခွဲစိတ်ခြင်း) အူမကြီးတစ်ခုလုံး သို့ အူလမ်းကြောင်းတလျှောက် တစ်ချို့အစိတ်အပိုင်းများ ဖြတ်ထုတ်ခြင်း နှင့်လည်းကုသပါလိမ့်မည် ။ အူလမ်းကြောင်းတလျှောက် ပြင်းပြင်းထန်ထန် သွေးယိုစိမ့်ခြင်း အူမကြီးကင်ဆာ နှင့် ulcerative colitis တို့ကို ခွဲစိတ်ကုသကြတာများပါတယ်..

အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ ။

Megnesium ပါတဲ့ ဟင်းသီးဟင်းရွက်များများစားပါ (ငှက်ပျောသီး၊ သီဟိုဠ်စေ့ ၊ပဲကြီးစေ့ ၊ထောပတ်ပဲ အစေ့အဆံများစွာ)
Vitamin D ပါတဲ့အစားအစာများများစားပါ
(နေကြာစေ့၊ကြက်ဥ၊ မှို၊ ဆော်လမွန်ငါး)
အသားနီကိုရှောင်ပါ (အမဲ၊ဆိတ်၊ဝက်)
ကင်ထားသော အခြောက်ခံထားသော ဆားသိပ်ထားသော ကြာရှည်ခံရန်ပြုပြင်ထားသော အသားများ အဆင်သင့်စားအသားဘူးများ ရှောင်ပါ
( အသား ၊ငါး ခြောက် ၊ အသင့်စား အသားပြား ၊အသားလုံး၊ ဝက်အူချောင်း၊ အသားချောင်းများ၊ အသင့်စားအကင်များ၊ ကြာရှည်ခံဆေးထည့်ထားသော အသားများ ၊စည်သွပ်ဘူးအသားများ)

ဆေးလိပ် အရက်ရှောင်ပါ
ကိုယ်လက်လှုပ်ရှားများများလုပ်ပေးပါ
အကြော်စာများရှောင်ပါ
ကြက်သွန်နီ များများစားပေးပါ
(Quercetin ဟုခေါ်သောကြက်သွန်နီအတွင်းရှိ antioxidant တစ်မျိုးက ရင်သား. အူမကြီး. ဆီးကြိတ် သားအိမ်ကင်ဆာများအား ကာကွယ်နိုင်) .

စာဖတ်သူလူထုကို ပြောပြချင်တာကတော့ မည်သည့်ရောဂါ မဆို ဖြစ်ပွားလာပါက သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ ပြသပါ အိမ်တွင်းဆေးမြှီတိုတွေ ကြားဖူးနားဝတွေ အရပ်ထဲကစကားတွေ တတ်ယောင်ကားဆရာအတု အယောင်တွေရဲ့နည်းတွေနဲ့ မယောင်ပါနဲ့ ။ မိမိကို ဖျက်စီးမဲ့ ရောဂါဝေဒနာကို ကြောက်ပါ ဆေးရုံဆေးခန်းသွားရမှာ အမှန်တကယ်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသရမှာမကြောက်ကြပါနဲ့လို့..ပြောကြားချင်ပါတယ် ။
ရောဂါ တစ်ခုခုကို ကုသနေပြီဆိုရင်လဲ တစ်အချက် သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပဲ ပြသကုသပါ
နှစ်အချက် ဆေးဝါးအပြင် မိမိတို့ ဘဝလူနေမှုပုံစံကို လည်းကျန်းမာတဲ့ပုံစံဖြစ်အောင် ပြောင်းလဲပါ ဆရာဝန်နဲ့ဆေး တွေ ဓာတ်စာ ဖြည့်စွက်စာတွေပဲအားမကိုးပါနဲ့ 

သုံးအချက်က ဆရာဝန်ညွှန်ကြား တဲ့ဆေးတွေ ဖြည့်စွက်အာဟာရ ဗီတာမင် သတ္တုဓာတ်တွေ အင်ဇိုင်း
ကိုပုံမှန်သောက်ကြပါ မပေါ့ပါနဲ့လို ပြောကြားလိုပါတယ် ။

အထက်ပါ ကျန်းမာရေးအချက်အလက်များ ဟာ အသည်းရောဂါအားလုံးအတွက် ခြုံငုံပြီး လူထုကိုအသိပညာပေးဖို့ရေးသားထားတာဖြစ်ပါတယ် အသည်းရောဂါတစ်ခုတည်းနဲ့ပတ်သက်ပြီး focus လုပ်ရေးသားထားတာမဟုတ်ပါ။ အချက်အလက်တွေအားလုံးပေါင်း ပြီး အထွေထွေ ယေဘူယျအားဖြင့်ခြုံငုံရေးသားထားတာမို့လို့် လိုအပ်ချက်များအမှားအယွင်းများ ပါရှိပါက
တတ်သိတဲ့ ဆရာဝန် များပညာရှင်များကအမှားထောက်ပြပေး ပြင်ပေးနိုင်ပါတယ် ခင်ဗျာ ။

ဆက်လက်တင်ပြလိုတာကတော့..အူလမ်းကြောင်းနဲ့ပက်သက်တဲ့ ရောဂါတွေ ကိုကာကွယ်ဖို့ ဆေးပုံမှန်စစ်မည် ဆရာဝန်နဲ့ ပြသမည် ကျန်းမာရေးနဲ့ညီညွှတ်အောင်နေတဲ့ အပြင် အသဲအားကောင်းစေဖို့ ရောဂါကာကွယ်ဖို့ဈေးကွက်မှာ ရှိပြီးသားအသည်းအားတိုးဆေးတွေ ဖြည့်စွက်အင်ဇိုင်းတွေ စိတ်ပါဝင်စားပါက သုံးစွဲလို့ရပါတယ် ။

နည်းပညာမြင့်ထုတ်ကုန် တခုဖြစ်တဲ့ အင်ဇိုင်းနှင့် မိတ်ဆက်ပေးပါရစေ။

#နည်းပညာမြင့်အင်ဇိုင်း"

#နည်းပညာမြင့်အင်ဇိုင်းဘယ်မှာရနိုင်မလဲ?????

#နည်းပညာမြင့်အင်ဇိုင်းကိုအဝေးကြီးမရှာပါနဲ့။။👇👇👇👇👇👇👇

#သင့်အနားမှာရောက်နေပါပြီ

👏👏👏👏👏👏👏👏

CNI Well 3 Life Enzyme ကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင်တော့ ထောက်ခံချက်တွေ ၊ အားသာချက်တွေ ၊ လုပ်ဆောင်ချက်တွေ စသဖြင့် ခွဲခြားသတ်မှတ်ပြီး လေ့လာနိုင်ပါတယ်။

👑 ထောက်ခံချက် လက်မှတ်များ-

✅World International Health Agency အသိမှတ်ပြုလက်မှတ်များ၊
✅Food Safety Authority အဖွဲ့မှ လက်မှတ်များ၊
✅ဆေးပညာဆိုင်ရာ အဖွဲ့အစည်းများ၊
✅တက္ကသိုလ်များ၊
✅Independent research Institute မှပေးသောလက်မှတ်များ၊
✅ဆေးဘက်ဆိုင်ရာသုတေသန ဌာနများ ၊
✅ဓာတ်ခွဲခန်း များ စသဖြင့်
✅နိုင်ငံတကာထောက်ခံချက် လက်မှတ် ၅၇ စောင်
✅၁၇ နှစ်ဆက်တိုက် Brand Leader အနေနဲ့ ရပ်တည်လာခြင်း
✅၂၁ ရာစု ရဲ့ ဇီဝနည်းပညာ လောကမှာ အကြီးမားဆုံးရှာဖွေတွေ့ရှိမှု အနေနဲ့ Discovery မှာ ဖော်ပြခံရခြင်း
✅ဇီဝနည်းပညာ လောကတွင် ထိပ်တန်းနိုင်ငံများဖြစ်ကြသော ဂျပန်၊ထိုင်ဝမ်၊ဂျာမနီ လိုနိုင်ငံများအပြင် တရုတ်နိုင်ငံတွင်ပါ မူပိုင်ခွင့်တင်ထားခြင်း

မလေးရှားနိုင်ငံကဲ့သို့ Food Supplementတွေ ထောင်ချီ ရှိသော တိုးတက်ပြီး နိုင်ငံတွင်ုကို
January 12 ရက် 2018 ခုနှစ်က ရရှိထားတဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။

CNI Well 3 Life Enzyme သည်
Safe .Stable . Highly Reactive ဖြစ်သော ထုတ်ကုန်ပစ္စည်း ဖြစ်ပါသည်။

1. Natural Compound > 300 types of Enzyme
( အင်ဇိုင်း အမျိုး ပေါင်း ၃၀၀ ကျော်ပါဝင်သော သဘာဝ ပစ္စည်းများနဲ့ ဖော်စပ်ထားခြင်း )

2. Heat Proof > 118° C (အပူချိန် ၁၁၈° C အထိ အင်ဇိုင်း အာနိသင်မပျက်ပဲ ခံနိုင်ရည် ရှိခြင်း)

3. Withstands Stomach Acid ( အစာအိမ် အက်ဆစ်နဲ့ တွေ့သော်လည်း အာနိသင်ပျောက်ပျက်မသွားခြင်း)

4. Consumed Internally & Applied Externally ( သောက်သုံးနိုင်သည့် အပြင် ခန္ဓာကိုယ်ပြင်ပတွင်လည်း သုံးနိုင်ခြင်း)

5. Extracted Completely From Plants
(အပင်နှင့် အသီးအနှံများ မှ အဆင့်မြင့်နည်းပညာ ဖြင့် ပြည့်ဝစွာ ထုတ်ယူထားသော အင်ဇိုင်းများ ဖြစ်ခြင်း)

6. Free From Syrup & Chemical Stabilizers
( Syrup နဲ့ ဓာတုပစ္စည်းများ လုံးဝကင်းရှင်းခြင်း )

💐💐💐💐💐💐💐💐💐💐💐💐💐💐💐💐

👑CNI Well 3 Life Enzyme ဧ။် အဓိက လုပ်ဆောင်ချက်ကြီး ( ၆ ) ချက်

1. Digest & Assist Nutrients Absorption ( အစာ ချေဖျက်ခြင်းနှင့် အာဟာရ ထုတ်ယူမှု ကို ပံ့ပိုးပေးနိုင်ခြင်း)

2. Breaks down Toxins & Detoxifies
( အဆိပ်အတောက်များကို ချေဖျက် ပေးနိုင်ခြင်း နှင့် ခန္ဓာ ကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးနိုင်ခြင်း)

3. Purifies Blood
( သွေးကိုသန့်ပေးနိုင် ခြင်း - Cholesterol,Fat Cells,Uric acid နဲ့ အခြားသောသွေးလည်ပတ်မှု အဟန့်အတား ဖြစ်စေသာ ဓာတ်များကို ချေဖျက်ရှင်းလင်းပေးပြီး သွေးလည်ပတ်မှုကောင်းမွန်စေခြင်း )

4. Internal Body Cleansing
( ကိုယ်တွင်းသန့်ရှင်းပေးနိုင်ခြင်း - ခန္ဓာကိုယ်တွင်းရှိ အက်ဆစ် နှင့် အန္တရာယ် ဖြစ်စေနိုင် သော အရာများ ဓာတ်များ ကို အယ်ကာလိုင်းသို့ ပြောင်းလဲပေးနိုင်ခြင်း )

5. Cell Regeneration
( ဆဲလ်ပြန်လည် တည်ဆောက် ဖွံဖြိုး ကျန်းမာခြင်း )

6. Anti-inflammation & Anti-bacteria
( ရောင်ရမ်းမှုကို လျော့ချပေးခြင်း နှင့် ဘက်တီးရီးယားများမှ ကာကွယ်ပေးခြင်း )များ အပြင်
CNI Well 3 Life Enzyme ဟာ

🌟 Chronic Diseases ( နာတာရှည်ရောဂါများ )
🌟 Digestive Problems (အစာအိမ်အူလမ်းကြောင်းပြဿနာများ )
🌟 Weak Immunity ( ကိုယ်ခံ အားနည်းခြင်း )
🌟 Skin Diseases ( အရေပြားရောဂါများ )
🌟 Stress ( စိတ်ဖိစီးမှုများ ) အတွက်ကို အကောင်းဆုံး ထောက်ပံ့ ကူညီပေးနိုင်ပါတယ်။

____________________________________
CNI Well3 Life Enzyme ဟာ
မိတ်ဆွေများ အတွက် စိတ်ကျေနပ်မှု အမြင့်ဆုံး ပေးနိုင်သော ထုတ်ကုန် ဖြစ်ပါလိမ့်မည်။

#ဈေးနှုန်း များကတော့..

4g x 15 ထုပ် - ၄၇၀၀၀ ကျပ်
4g x 30 ထုပ် - ၉၂၅၀၀ ကျပ်

#သောက်သုံးရန်အညွှန်းမှာ..

မနက် - ၁ ထုပ်
ည - ၁ ထုပ် (ရေနွေးနဲ့ ဖျော် သောက်ရပါတယ် )

#ဝယ်ယူရရှိနိုင်သည့်လိပ်စာ

Yangon

အမှတ် ၈၃/ဓမ္မစေတီလမ်း/ အမိမြေ ဆောက်လုပ်ရေး ကွန်ဒိုတိုက်ခန်း/မြေညီထပ်(ညာဘက်အခန်း)/တော်လှန်ရေးပန်းခြံရှေ့/ မြေနီကုန်း/စမ်းချောင်းမြို့နယ်/ရန်ကုန်။

-----------------------------------------------------

Mandalay

D-111
ပထမ အထပ် ၊ ရွှေဖြူပလာဇာ
၃၂ × ၃၃ ကြား - ၇၇ × ၇၈ ကြား
မန္တလေးမြို့။

#နယ်မြို့တွေကိုလည်းပို့ပေးတဲ့ဝန်ဆောင်မှုရှိပါတယ်

အင်ဇိုင်းနှင့် ကျန်းမာရေး အကြံပေး ဆရာဝန်ဖြင့် တိုက်ရိုက်ဆွေးနွေးလိုပါက
09779909111ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။

#အကြံပေးဆွေးနွေးပေးချိန်

⏰ မနက် ၉ နာရီ မှ ညနေ ၅ နာရီ

_____________________________________________

👉 ဆက်သွယ်မေးမြန်းနိုင်သော အခြားဖုန်းနံပါတ်များ

Ph . 09778083111
Ph . 09778082111

ကျန်းမာလှပသော ဘဝကို ပိုင်ဆိုင်ကြပါစေ။

👍👍👍👍👍👍👍👍👍👍👍👍👍👍👍👍

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay