GYMO
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GYMO, Health/Beauty, 65 Tower, 65 Street Between 38 & 39 Street, Mandalay.
04/11/2025
တန်ဆောင်တိုင်အခါသမယမှာ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ
23/10/2025
ကိုယ့် 𝐂𝐚𝐫𝐞𝐞𝐫 မှာ ဝင်ငွေကြမ်းသထက်ကြမ်းဖို့အတွက် လိုအပ်တဲ့ ပညာဝမ်းစာတွေကို စဉ်ဆက်မပြတ်ဖြည့်ဆည်းရှာဖွေနေတယ်ဆိုရင် Les Millsကနေ Pre Initial Module Training ပို့ချဖို့တရား၀င်လိုင်စင်ရထားတဲ့ သင်တန်းတစ်ခုရှိပါမယ်။ ONE Fitnessကနေ ဦးဆောင်ဖွင့်လှစ်တာဖြစ်ပြီး ကျွန်တော်တို့Gymoက Partnerအနေနဲ့ပါ၀င်ထားပါတယ်။🫶
Les Mills Class Instructorအဖြစ် တရား၀င်ရပ်တည်ချင်ပြီး အနာဂတ်အခွင့်အလမ်းတွေပါ အရယူချင်တဲ့သူတစ်ယောက်ဆိုရင် ကျွန်တော်တို့ သင်တန်းကနေ စောင့်ကြိုနေပါမယ်ခင်ဗျာ။ 💪
❝𝐋𝐞𝐬 𝐌𝐢𝐥𝐥 Pre Initial Module Training ကို လက်မလွှတ်သင့်တဲ့ အချက် (𝟒) ချက်❜❜
💬 “ပျံသွားတဲ့ငှက်က တစ်ခါပဲလာတယ်"ဆိုတဲ့ စကားတစ်ခုရှိပါတယ်။ ဘ၀မှာ အခွင့်အရေးဟာ တစ်ကြိမ်တစ်ခါသာ ရောက်လာနိုင်တယ်လို့ ဆိုလိုတာပါ။
ဒီဆိုရိုးစကားလေးဟာ အိပ်မက်တွေဆီကို ပို့ဆောင်လို့ပေးမယ့် 𝐋𝐞𝐬 𝐌𝐢𝐥𝐥𝐬 𝐏𝐫𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို တက်ရောက်သင့်တဲ့ အဓိက အချက်တွေထဲက တစ်ခုပါပဲ 🤭
ဘာလို့လဲဆိုရင်တော့ အခုလိုClass Instructorသင်တန်းတရား၀င်ဖွင့်လှစ်ပြသနိုင်ဖို့ 𝐋𝐞𝐬 𝐌𝐢𝐥𝐥𝐬 ကနေ လိုင်စင်ရထားတဲ့ ကျွန်တော်တို့ 𝐏𝐫𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို တက်ရောက်ထားသူတိုင်းဟာ
1️⃣ Class Instructor Certificate ရရှိနိုင်ဖို့အတွက် ရာနှုန်းပြည့် ကူညီ 𝐒𝐮𝐩𝐩𝐨𝐫𝐭 ပေးခြင်း
သင်တန်းသားတွေက 𝐋𝐞𝐬 𝐌𝐢𝐥𝐥𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရုံးချုပ်က ပေးအပ်သွားမယ့် Certified Instructor Certificateကို လျှောက်ထားမယ်ဆိုရင် 𝐄𝐱𝐚𝐦 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐜𝐞𝐬𝐬 ကအစ ဘန်ကောက်အထိသွားပြီး 𝐄𝐱𝐚𝐦 ဖြေဆိုနိုင်ဖို့အထိ 𝟏𝟎𝟎% ရာနှုန်းပြည့် 𝐒𝐮𝐩𝐩𝐨𝐫𝐭 ပေးမှာ ဖြစ်ပါတယ်။
2️⃣ One Fitnessနဲ့ Gymoမှာ အလုပ်လုပ်ကိုင်နိုင်ခွင့်
ကိုယ်တိုင်က 𝐏𝐫𝐨𝐠𝐫𝐚𝐦 တစ်လျှောက်လုံးမှာ ထူးချွန်တဲ့ သင်တန်းသားတစ်ဦးဖြစ်ခဲ့မယ်ဆိုရင်တော့ ONE Fitnessနဲ့ Gymoမှာ တွဲဖက် လုပ်ကိုင်နိုင်မယ့် အလားအလာကောင်းတွေကိုလည်း ပိုင်ဆိုင်နိုင်မှာပေါ့။
3️⃣ အတွေ့အကြုံကောင်းတွေရရှိနိုင်ခြင်း
𝐏𝐫𝐨𝐠𝐫𝐚𝐦 တစ်လျှောက်လုံး ကြိုးစားသင်ယူတဲ့ ထူးချွန်သင်တန်းသားတွေကို ရွေးချယ်ကာ ဆရာနဲ့အတူ 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫 အဖြစ် စင်ပေါ်မှာ 𝐓𝐫𝐚𝐢𝐧 ခွင့်ရရှိနိုင်မှာမို့ အတွေ့အကြုံကောင်းတွေလည်း ထပ်တိုးရရှိနိုင်မှာဖြစ်ပါတယ်။
4️⃣ ဘယ်ချိန်မဆို လာရောက်လေ့ကျင့်ခွင့်ရှိခြင်း
ဒီ 𝐋𝐞𝐬 𝐌𝐢𝐥𝐥𝐬 𝐏𝐫𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို တက်ရောက်ထားတဲ့ ဘယ် 𝐆𝐲𝐦 𝐓𝐫𝐚𝐢𝐧𝐞𝐫 မဆို 𝐋𝐞𝐬 𝐌𝐢𝐥𝐥𝐬 နဲ့ ပတ်သက်တဲ့ 𝐄𝐱𝐚𝐦 အတွက်ဖြစ်စေ၊ သီးသန့် 𝐋𝐞𝐬𝐬𝐨𝐧 𝐑𝐞𝐯𝐢𝐬𝐢𝐨𝐧 အတွက်ပဲဖြစ်စေ အမြဲတမ်း ပြန်လေ့ကျင့်ခွင့်ကို ရရှိနိုင်မှာနော်။
ဒါကြောင့်လည်း ဘယ်မှာမှမရနိုင်တဲ့ ဒီလို အခွင့်အရေးတွေကို ယူဆောင်လာပေးမယ့် 𝐋𝐞𝐬 𝐌𝐢𝐥𝐥𝐬 Pre Initial Module Training ကြီးကို လက်မလွှတ်သင့်တာပေါ့
ဒါကြောင့် တစ်ကြိမ်တစ်ခါပဲရနိုင်တဲ့ အခွင့်အရေးကြီးကို အမြန်ဆုံးဖမ်းဆုပ်မယ်ဆို အခုပဲ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ လာရောက်ဆက်သွယ် အပ်နှံလိုက်တော့နော် 🤩
📅 Registration Deadline: 𝟑𝟏𝐬𝐭 𝐎𝐜𝐭, 𝟐𝟎𝟐𝟓
🗓Training Deadline: 𝟖𝐭𝐡 & 𝟗𝐭𝐡 𝐍𝐨𝐯, 𝟐𝟎𝟐𝟓
🕰 Time:
💴 Early Bird Fees: 700,000 mmk
💴 Regular Fees: 1,000,000 mmk
🏡 Address: ONE Fitness Manadalay
16/10/2025
💭အိပ်မက်တွေနောက် လိုက်ရင်း...
ကိုယ့်ကိုယ်ကို မေ့ထားမိနေပြီလား?
အပြိုင်အဆိုင်များတဲ့ ဒီခေတ်မှာ Project Deadlineတွေ၊ Targetတွေ၊ Meeting တွေကြား အလုပ်ပြီးရင်းအလုပ် ဖြစ်နေတာကိုက ဘဝလို့ ခေါ်ရမလားခင်ဗျာ?
🚀ရာထူးတက်ဖို့
🏆ဝင်ငွေတိုးဖို့
👑ရည်မှန်းချက်တွေ ပြည့်၀ဖို့
ဒီလို အကြောင်းပြချက်တွေနဲ့ ထိုင်ရာကမထတမ်း အလုပ်တွေလုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို နေ့တိုင်း ညှဉ်းပန်းနေမိတဲ့အခါ. . .
ပခုံးတွေတင်းမာလို့ ခါးတွေနာကျင်ကိုက်ခဲနေတဲ့အခါ. . .
ကွန်ပျူတာတစ်လုံးကို Refresh လုပ်ပေးရသလို
ကားတစ်စီးကို ဆီပြန်ဖြည့်ပေးရသလို
လူတစ်ယောက်ကလည်း အားပြန်ယူဖို့လိုပါတယ်။
ကြည်လင်တက်ကြွတဲ့ စိတ်နဲ့ ကျန်းမာတဲ့ခန္ဓာရှိမှသာ ကိစ္စအားလုံးပြီးမြောက်နိုင်မှာပါဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်အတွက် ပိုဂရုစိုက်ပေးပါ။
အလုပ်ဆိုတာ ဘ၀ရဲ့အစိတ်အပိုင်းလေးတစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်တတ်တာကမှ ကိုယ့်ဘ၀ရဲ့အဓိကအချက်ဆိုတာ အမြဲသတိရပါခင်ဗျာ. . .
ပြီးပြည့်စုံတဲ့အနားယူမှုအတွက်ဆို Gymo Sports Massage
ဖုန်း: 09-951113371, 09-668883943
09/10/2025
✨ သီတင်းကျွတ်မီးများထက် ပိုမိုတောက်ပခဲ့သော မေတ္တာများအတွက် Gymo မှ ကျေးဇူးတင်လွှာ
🏠 Gymo ကို ယုံကြည်ပြီး ဒီနှစ် သီတင်းကျွတ် လပြည့်အလှကို ကျန်းမာခြင်းလက်ဆောင်နဲ့ ပုံဖော်ခဲ့တဲ့ customerများအားလုံးနကို Gymo Sports Massage Team မှ လှိုက်လှဲစွာ ဂါရဝပြုပြီး ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဖွားဖွားတို့ရဲ့ နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ကို သင့်ရဲ့ စေတနာလက်တစ်စုံအဖြစ် အိမ်တိုင်ရာရောက် ပြုစုခွင့်ပေးခွင့်ရခဲ့တဲ့ အတွက်လည်း Gymoမှ အထူးဂုဏ်ယူမိပါတယ်ခင်ဗျာ။
😊 နာကျင်မှုတွေကင်းပြီး အိပ်ပျော်သွားတဲ့ လူကြီးမိဘတွေရဲ့ မျက်နှာပေါ်က ငြိမ်းချမ်းမှု နဲ့
"အိမ်မှာ အဆင်ပြေပါတယ်" ဆိုတဲ့ စကားကို ပိုမိုစိတ်ချလက်ချ နားထောင်နိုင်ခဲ့တဲ့ သင့်ရဲ့ စိတ်အေးချမ်းမှု (Peace of Mind) က ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုပါပဲ။
Gymo ရဲ့ ဝန်ဆောင်မှုဟာ စွမ်းဆောင်ရည်ပြည့်ဝပြီး ယုံကြည်စိတ်ချရကြောင်း လက်တွေ့သက်သေပြခွင့်ရတဲ့အတွက် အလွန်ပီတိဖြစ်ရပါတယ်ခင်ဗျာ။
🗓 သီတင်းကျွတ်ပွဲတော် ပြီးဆုံးသွားပေမယ့် လူကြီးမိဘတွေရဲ့ ကျန်းမာရေးနဲ့ စိတ်အေးချမ်းမှုကို ဂရုစိုက်ခြင်းကတော့ ဘယ်တော့မှ မပြီးဆုံးပါဘူး။
Gymo Homecare Serviceနဲ့ သက်ကြီးကျန်းမာရေးစောင့်ရှောက်မှုအတွက် တစ်နှစ်ပတ်လုံး ပုံမှန်ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါပြီ။
ကျန်းမာခြင်းလက်ဆောင်ကို ပေးအပ်လိုပါက ကျွန်တော်တို့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
📩 ဝန်ဆောင်မှု အသေးစိတ်နှင့် ရက်ချိန်းယူရန် Messenger မှတစ်ဆင့် ဆက်လက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
📞 09-951113371
09-668883943
#ကျေးဇူးတင်လွှာ #မေတ္တာလက်ဆောင်
06/10/2025
မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်နေ့မှစပြီး ချစ်ခင်ရတဲ့ မိသားစုနဲ့အတူ စိတ်အေးချမ်းသာယာစွာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။
ခန္ဓာကိုယ်လည်း အမြဲကျန်းမာသန်စွမ်းနေပြီး ဘေးဘယာဝေးကွာ၊ လိုအင်ဆန္ဒများ လမင်းလို ထိန်ထိန်သာ ပါစေလို့ Gymo Teamကနေ မေတ္တာပို့သ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ. . .
05/10/2025
ငယ်ငယ်က ဖေဖေ့ပခုံးဟာ ကျွန်တော်တို့အတွက် ကမ္ဘာ့အမြင့်ဆုံးနေရာပါပဲ. . .
ဒီပခုံးပေါ်တက်ပြီး မိုးကိုကြည့်ခဲ့ဖူးတယ်။
အိပ်ပျော်သွားရင် အဲဒီပခုံးပေါ်ပဲ လွှဲချီပြီး အိမ်ပြန်ရောက်ခဲ့ဖူးတယ်။
စက်ဘီးစီးတတ်ခါစ ဟန်ချက်မမှန်လို့ လဲတဲ့အခါ ဖေဖေ့လက်နှစ်ဖက်က ကျွန်တော်တို့ကို မပြတ်ကာကွယ်ပေးထားခဲ့တယ်။
ဖေဖေဟာ စကားလုံးတွေနဲ့ မဟုတ်ဘဲ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ပဲ ကျွန်တော်တို့ဘဝကို တည်ဆောက်ပေးခဲ့တယ်။
ကျွန်တော်တို့ကို ပခုံးပေါ်တင်ဖို့၊ လုံခြုံအောင်ထားဖို့၊ ပညာရေး၊ စားဝတ်နေရေးအတွက် ဖေဖေ့ကျန်းမာရေးကိုစတေးပြီး ရုန်းကန်ပေးခဲ့တယ်။ ခါးတွေနာတာ၊ ပခုံးတွေတင်းနေတာ၊ ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေဟာ ဖေဖေ့ရဲ့လိုအပ်ချက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။
ဒီသီတင်းကျွတ်မှာတော့ ဖေဖေ့ကို စကားလုံးတွေနဲ့ ချစ်ပါတယ်ပြောရုံထပ် အနားယူခြင်း၊ နာကျင်မှု သက်သာခြင်းနဲ့ ပြန်လည်အားဖြည့်ပေးခြင်း လက်ဆောင်ကို ပေးအပ်ဖို့ အချိန်တန်ပါပြီ။
နာကျင်မှုကင်းပြီး သက်တောင့်သက်သာရှိတဲ့ နေ့ရက်တွေအတွက် ဖေဖေ့ကို Gymo Homecare Serviceလက်ဆောင်ပေးလိုက်ပါ။
ခါးဒဏ်ရာတွေ၊ အဆစ်အမြစ်နာကျင်မှုတွေအတွက် အိမ်တိုင်ရာရောက် ကျန်းမာရေးအနှိပ်နဲ့ စောင့်ရှောက်မှုပေးအပ်ပြီး ဖေဖေ့ကိုချစ်တဲ့သင့်မေတ္တာကို ကျန်းမာရေးလက်ဆောင်အဖြစ် အခုပဲပြောင်းလဲပြသလိုက်ပါနော်. . .
Gymo Homecare Service အသေးစိတ်ကို messengerမှာမေးမြန်းစုံစမ်းနိုင်ပါတယ်။
မိဘတိုင်းနဲ့သားသမီးများအားလုံး ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်လေး ထာ၀ရပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ. . .
Gymo Homecare Service (Thadingyut Special Period Only)
📍မန္တလေးမြို့နှင့်အနီးတ၀ိုက် မည်သည့်နေရာမဆို Homecare serviceရယူနိုင်ပါပြီ။
📞 09-951113371
09-668883943
03/10/2025
🌙 သီတင်းကျွတ်မှာ အဝေးကစိတ်ပူပန်မှုတိုင်းအတွက် Gymo Homecare Service
သီတင်းကျွတ်မီးပုံးတွေ လင်းလာပေမယ့် အဝေးရောက်နေတဲ့ သားသမီးတိုင်းရဲ့ရင်မှာတော့ မီးစတစ်စ လောင်နေတတ်ပါတယ်။
"အိမ်မှာ ဖေဖေ၊ မေမေ နေရတာ အဆင်ပြေရဲ့လား..."
"အဖိုးအဖွားတွေ ခါးနာနေတာ သက်သာရဲ့လား..."
"တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူက အရင်ဆုံး ပြေးကြည့်ပေးမလဲ..."
ဒီလို စိုးရိမ်ပူပန်မှုတွေဟာ သင့်ရဲ့ ငွေကြေးနဲ့ အောင်မြင်မှုတွေထက်ပိုပြီး အဖိုးတန်တဲ့ စိတ်ချမ်းမြေ့မှု (Peace of Mind) ကို တကယ်လိုအပ်နေတဲ့ အချိန်ပါပဲ။
🎁 ဒီနှစ် သီတင်းကျွတ်မှာတော့ ငွေမဟုတ်သော လက်ဆောင်နဲ့ Gymo က သင့်ကိုယ်စား အိမ်တိုင်ရာရောက် ဂရုစိုက်မှု (Presence of Care)ကို ပေးအပ်ခွင့်ပြုပါ။
💝 သင့်ရဲ့ ပူပန်မှုနဲ့မေတ္တာကို အိမ်အရောက် ကျန်းမာရေးဖြင့် အစားထိုးပေးနိုင်မဲ့ Gymo Homecare Serviceရှိနေပါပြီ. . .
ဖေဖေ၊ မေမေတို့ရဲ့ ခါးဒဏ်ရာတွေ၊ အကြောတက်တာတွေကို ခေတ္တသက်သာအောင် လုပ်ပေးရုံသာမကဘဲ
ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ သင့်မိဘတွေရဲ့ ခန္ဓာကိုယ်ကို စနစ်တကျ ပြန်လည်အားဖြည့်ပေးခြင်းအားဖြင့်
🏡 ခါးနာ၊ အဆစ်နာ လျော့ကျစေခြင်း
💤 ညဘက် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ခြင်း
👐 နေ့စဉ်သွားလာလှုပ်ရှားမှုမှာ နာကျင်မှုများ လျော့ကျပြီး ပိုမိုလန်းဆန်းစေခြင်း တို့ရရှိစေပြီး
✅ လုံခြုံစိတ်ချရသော ဝန်ဆောင်မှု (Trustworthy Service)နဲ့ ကျွမ်းကျင်သူများက သင့်ရဲ့ မိသားစုလို အိမ်တိုင်ရာရောက် ပြုစုပေးမှာဖြစ်ပါတယ်။
🛑 ဒီနှစ်သီတင်းကျွတ်မှာ စိတ်ပူပန်မှုတွေမလိုချင်တော့ဘူးဆိုရင် အခုပဲ ဂရုစိုက်မှုကို စတင်လိုက်ပါ။
Gymo Homecare Service (Thadingyut Special Period Only)
📞 09-951113371
09-668883943
01/10/2025
သီတင်းကျွတ်မှာ မုန့်ဖိုးပေးမဲ့လူတွေကိုပဲ ရွေးပြီးကန်တော့ဖူးကြလား⁉️
ကျွန်တော် ငယ်ငယ်ကတော့ သီတင်းကျွတ်ဆို ညီအစ်ကိုမောင်နှမတတွေ အဖိုးအဖွားအိမ်ကို တန်းနေအောင်ပြေးကန်တော့ကြတာပဲ 👦
မုန့်ဖိုးများများပေးတဲ့အိမ်ဆို မောင်နှမတွေအုပ်လိုက်ကြီး ၀ိုင်းကန်တော့ကြပြီးတော့💆♂️
အမျိုးတကာအိမ်မှာ မုန့်အစုံဂုန်းဆင်းကြတာတွေ🥞
ရထားသမျှမုန့်ဖိုးတွေလည်း "အမေ့ကိုပေးထား အမေသိမ်းထားပေးမယ်"ဆိုပြီး ဘယ်တော့မှပြန်မရခဲ့တာတွေ 💸
မီးပုံးတွေ၊ ကြိုးဆွဲ မီးပုံးအရုပ်ကားလေးတွေ အပြိုင်အဆိုင်၀ယ်ခဲ့ကြတာတွေ 🚀
ဗျောက်တွေခိုးဖောက်ခဲ့ရတာတွေဟာ 💥
ကျွန်တော့်အတွက်တော့ ငယ်ဘ၀ရဲ့ ချိုမြိန်တဲ့အမှတ်တရတွေပါပဲ🙆♀️. . .
👉 အခုတော့ အိမ်နဲ့ဝေးပြီးတဲ့နောက်
👴👵 မုန့်ဖိုးများများပေးမဲ့ အဖိုးနဲ့အဖွားကို အသက်ရှည်ရှည်နဲ့ ကျန်းမာပါစေလို့ပဲ တွေးတတ်လာပြီ
👩🍼 "အမေရယ် ပြန်မပေးပါနဲ့ ပိုက်ဆံတွေယူထားစမ်းပါ"ဆိုပြီး ပြောချင်တဲ့ သားသမီးဖြစ်လာခဲ့ပြီ
🏡 ဆီမီးထိန်ထိန်လင်းနေမဲ့ မိသားစုအိမ်လေးကို စိတ်ကူးနဲ့ ပုံဖော်သတိရတတ်နေပြီ
👨👩👧👧 မိဘဖိုးဖွားတွေကျန်းမာပါစေဆိုတာ အဝေးရောက် သားသမီးတစ်ယောက်ရဲ့ သီတင်းကျွတ်ဆုတောင်းလေးဖြစ်ခဲ့ပါပြီ
❣️တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ အကွာအဝေးနဲ့ အတိုင်းအတာ မရှိပါဘူး။ ဖော်ပြတတ်ဖို့ပဲ လိုတာပါ။
ကျွန်တော်တို့လို အိမ်နဲ့ဝေးတဲ့သားသမီးတိုင်းအတွက် သီတင်းကျွတ်မှာ ကျန်းမာရေးလက်ဆောင်ပေးဖို့ဆို Gymo Sports Massageက Homecare Serviceရှိနေပါပြီနော်💭. . .
မိဘဖိုးဖွားတွေရဲ့ နာကျင်ကိုက်ခဲမှုတွေကိုအိမ်တွင်းအနှိပ်၀န်ဆောင်မှုနဲ့ ဖြေလျှော့ပေးပြီး ကျန်းမာခြင်းတွေ လက်ဆောင်ပေးလိုက်ပါ။
၀န်ဆောင်မှုအသေးစိတ်ကို messengerမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။
Gymo Homecare Service(Thadingyut Special Period Only)
📞 09-951113371
09-668883943
15/09/2025
Massageလုပ်တာ ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပေမဲ့ မလုပ်သင့်တဲ့အချိန်တွေရှိတယ်ဆိုတာရော သင်သိပြီးပြီလား⁉️
စနစ်ကျမှန်ကန်တဲ့ Massageရယူနိုင်ဖို့ Sports Massageမလုပ်ခင်သိထားသင့်တဲ့အခြေအနေတွေအကြောင်း ကြည့်ကြည့်ကြရအောင်နော်
09/09/2025
⚽ 9.9 Special Promotion⚽️
ပြိုင်ပွဲဝင် အားကစားသမားများအတွက် 15,000 Kyat Cash Back
ပြိုင်ပွဲအတွက် ကြိုးစားလေ့ကျင့်နေတဲ့အခါ (ဒါမှမဟုတ်) ပြိုင်ပွဲပြီးတဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေနာကျင်ကိုက်ခဲနေပါသလား 💭
ဒီကြွက်သားနာကျင်မှုတွေကြောင့် သင့်ရဲ့ပြိုင်ပွဲစွမ်းရည်ကိုရော အဟန့်အတားဖြစ်နေပါသလား 🤔
🏆ဒါဆိုရင်တော့ Gymo Sports Massage ရဲ့ အထူးကျွမ်းကျင်တဲ့ ပညာရှင်တွေက ဘောလုံးသမားတွေအတွက် Muscle Tensionများတဲ့ Lower Body (ခန္ဓာကိုယ်အောက်ပိုင်း) ကို အဓိကထားပြီး နှိပ်နယ်ပေးပြီး ကြွက်သားတွေကို ပြိုင်ပွဲ၀င်ဖို့ အကောင်းဆုံးအနေအထား ပြင်ဆင်ပေးနိုင်ပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့အခါလည်း တင်းမာနေတဲ့ ကြွက်သားတွေ ချက်ချင်းသက်သာစေပြီး Muscle Relaxလုပ်နိုင်ဖို့ အပြည့်အ၀ ကူညီနိုင်ပါတယ်။
🔊ဒါ့အပြင် 9.9 အထူးပရိုမိုးရှင်းအနေနဲ့ ဒီအားကစားရာသီမှာ ပြိုင်ပွဲဝင်မဲ့ အားကစားသမားတိုင်းအတွက် 15,000 ကျပ် Cash Back ပေးအပ်သွားဦးမှာဖြစ်ပါတယ်။
👉9လပိုင်း 9ရက်နေ့ ကနေ 11 ရက်နေ့အထိ သာ ရနိုင်မယ့် Cash Back အထူးအခွင့်အရေးဖြစ်လို့ အခုပဲ ဆက်သွယ်bookingယူဖို့တော့ မမေ့နဲ့နော်‼️
ထိရောက်တဲ့ အနားယူမှုဆို Gymo
Gymo Sports Massage
📍Capulus Cafeဒုတိယထပ်
Corner 63rd × 43rd Street, Mandalay, Myanmar
📞 09-951113371
09-668883943
#အားကစားသမား #ပြိုင်ပွဲ #အားကစားရာသီ
01/09/2025
🏅ပြိုင်ပွဲဝင်မယ့် အားကစားသမားတိုင်းအတွက် Secretလက်နက်
အားကစားသမားတွေဟာ ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်လေ့ကျင့်မှုတွေကို အပြင်းအထန်လုပ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ လေ့ကျင့်မှုတွေ၊ အာဟာရတွေလောက် လူသိမများပေမဲ့ အားကစားသမားတိုင်းရဲ့ စွမ်းဆောင်ရည်ကို အနည်းဆုံး 10% ပိုတက်လာစေနိုင်တဲ့ လျှို့၀ှက်ချက်တစ်ခုတော့ ရှိနေပါတယ်။ ဒါကတော့...
မှန်ကန်တဲ့ အချိန်မှာ ခံယူတဲ့ အားကစားအနှိပ် (Sports Massage) ဖြစ်ပါတယ်။ စနစ်တကျ ကြွက်သားတွေကိုဖြေလျှော့အနားပေးတာဟာ သင့်ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နိုင်မယ့် လျှို့ဝှက်လက်နက်တစ်ခုပါ။
ဒီတော့ ဒီလက်နက်ကို ဘယ်လိုပြင်ဆင်မလဲ?
ပြိုင်ပွဲမတိုင်ခင် အနှိပ်ခံသင့်လား (ဒါမှမဟုတ်) ပြိုင်ပွဲပြီးမှ အနှိပ်ခံသင့်လား?
⏰️ ပြိုင်ပွဲမတိုင်မီ Pre-event Massage
ပြိုင်ပွဲမတိုင်ခင် ၂၄ နာရီမှ ၄၈ နာရီအလိုလောက်မှာ အနှိပ်ခံတာက ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီအချိန်မှာ အနှိပ်ခံခြင်းဖြင့် ကြွက်သားတွေကို ပိုမိုပျော့ပြောင်းစေပြီး လှုပ်ရှားမှုအကန့်အသတ်မရှိအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ပြိုင်ပွဲကာလအတွင်း ပြင်းထန်တဲ့လှုပ်ရှားမှုတွေကြောင့် ကြွက်သားဒဏ်ရာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒီလိုအချိန်မှာ Lite Sports Massageနဲ့ နှိပ်ပေးလေ့ရှိပါတယ်။
ပြိုင်ပွဲမဝင်ခင် ချက်ချင်း High Pressureသုံးတဲ့ အနှိပ်ခံခြင်းမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူးခင်ဗျာ။ Heavy Massageကြောင့် ကြွက်သားတွေ relaxဖြစ်သွားပြီး အနားယူတဲ့ပုံစံမျိုး ဖြစ်သွားနိုင်တာကြောင့် မိမိရဲ့ ပြိုင်ပွဲစွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။
⏰️ ပြိုင်ပွဲပြီးနောက် Post-event Massage
ဒါကတော့ အားကစားသမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အချိန်ပါ။ ပြိုင်ပွဲပြီးနောက် ကြွက်သားတွေ နာကျင်တောင့်တင်းတာကို DOMS (Delayed Onset Muscle Soreness) လို့ခေါ်ပါတယ်။ ဒီအခြေအနေကို သက်သာစေဖို့၊ ကြွက်သားတွေ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့ ပြိုင်ပွဲပြီးပြီးချင်း ဒါမှမဟုတ် ၂၄ နာရီအတွင်း အနှိပ်ခံရင် အထိရောက်ဆုံးဖြစ်ပါလိမ့်မယ်။
ကြွက်သားနာကျင်မှုသက်သာပြီး ပင်ပန်းမှုတွေလျော့ကျတာကြောင့် အချိန်တိုအတွင်း နောက်ထပ်လေ့ကျင့်ခန်းအတွက် အဆင်သင့်ပြန်ဖြစ်နေပါလိမ့်မယ်ခင်ဗျာ...
ဒီတော့ ဒဏ်ရာကင်းကင်း၊ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်မှုလမ်းကြောင်းကို ဆက်လျှောက်လှမ်းဖို့ဆိုရင် Sports Massageကို သေချာလေးလုပ်ကြဖို့ မမေ့ပါနဲ့ခင်ဗျာ။ ထိရောက်တဲ့ Sports Massageလုပ်ချင်တယ်ဆိုရင်တော့ Gymo Sports Massageကိုသာ အပြေးလာလိုက်တော့နော်။
ထိရောက်တဲ့ အနားယူမှုဆို Gymo
Gymo Sports Massage
📍Capulus Cafeဒုတိယထပ်
Corner 63rd × 43rd Street, Mandalay, Myanmar
📞 09-951113371
09-668883943
25/08/2025
အားကစားသမားတိုင်း ဂရုစိုက်သင့်တဲ့ လျှို့ဝှက်အန္တရာယ်
ကျွန်တော်တို့ဟာ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်သွားရင် အသက်ကြီးလာတဲ့အခါ ကျန်းမာကြံ့ခိုင်ဖို့ အထောက်အကူပြုမယ်လို့ ယေဘုယျ ယုံကြည်ထားကြပါတယ်။
ဒါပေမဲ့ကမ္ဘာပေါ်မှာ အားကစားလိုက်စားသူအများစုဟာ အသက်ကြီးလာရင် ကြွက်သားနဲ့ အဆစ်ဆိုင်ရာရောဂါတွေ (musculoskeletal disorders)ကို ခံစားရတတ်ပြီး အထူးသဖြင့် နာတာရှည် အဆစ်ရောင်ရောဂါ (osteoarthritis)၊ အဆစ်အရိုးပျက်စီးမှု နဲ့ နာကျင်မှုတွေ ခံစားနေရဆိုတာကိုရော သင် သိပြီးပြီလား???
ဟုတ်ပါတယ်...
ကမ္ဘာတစ်၀ှမ်းက အားကစားသမားတွေနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်သူအများစုဟာ အသက်ကြီးလာတဲ့အခါ နာတာရှည် အဆစ်နာကျင်မှု၊ ကြွက်သားတွေ တောင့်တင်းမှုနဲ့ ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာတာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ပြီးနောက်ပိုင်း နားနားနေနေ မလုပ်ဘဲ ဆက်တိုက်လေ့ကျင့်ခြင်းဟာ ရေရှည်မှာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်ပေါ်စေပါတယ်။
ဘာလို့များ ဒီလိုဖြစ်ရတာလဲ
ဒီလို ပြဿနာတွေရဲ့အစဟာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်ကို သေချာမနားပေး၊ အကြောမလျှော့တာကနေ စတာပါ။ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက် Lactic Acidတွေစုပြုံလာပြီး လေးလံပင်ပန်းလာတဲ့ ကြွက်သားတွေဟာ တင်းမာမှု၊ နာကျင်မှုတွေ ဖြစ်လာပါတယ်။ ရေရှည်မှာ ကြွက်သားအတွင်း သွေးလှည့်ပတ်မှု မကောင်းတော့တာ၊ အသေးစားဒဏ်ရာတွေဖြစ်တာနဲ့ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို လျော့ကျစေပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ
ဒီလိုတွေမဖြစ်ဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေနဲ့ အကြောအခြင်တွေကို ပြန်လည်ပျော့ပျောင်းပြီး သွေးလည်ပတ်မှု ကောင်းလာအောင် ပြန်လည်အနားပေးဖို့ အရေးကြီးပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကြွက်သားတွေကို ကျန်းမာစေရုံသာမက သင့်ရဲ့စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးပါတယ်။
ထိရောက်တဲ့ အနားယူမှုအတွက်ဆိုရင် Gymo Sports Massage ရှိနေပြီဆိုတာ မမေ့ပါနဲ့နော်။ ကျွန်တော်တို့ရဲ့ ပညာရှင်တွေက Professional Massage Serviceတွေနဲ့ သင့်ကို ကြွက်သား ဒဏ်ရာကင်းပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်အောင် ကူညီပေးမှာပါ။
ထိရောက်တဲ့ အနားယူမှုဆို Gymo
Gymo Sports Massage
📍Capulus Cafeဒုတိယထပ်
Corner 63rd × 43rd Street, Mandalay, Myanmar
📞 09-951113371
09-668883943
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
65 Tower, 65 Street Between 38 & 39 Street
Mandalay
