Cherish Looks
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cherish Looks, Health/Beauty, Mandalay.
သူလိမ်းတာ အားရပါးရကြီးကွယ်🤣
Makeup look ကလည်းရှယ်မိုက်မှာပေါ့ skincare stepကို အရင်လုပ်ပြီးမှ Makeup on တာ🤤❤️
24/04/2024
နေလောင်တာကို ဘယ်လိုသက်သာအောင် ပြန်လုပ်ကြမလဲ 😩
ကဲ မင်မင် ၁လလုံးပျောက်ချက်သားကောင်းနေတယ်လို့ထင်နေကြတယ်မလား ထင်နေတဲ့အတိုင်းပါပဲ 🥲
မင်မင့် ပါစင်နယ် ကိစ္စတွေများနေလို့ knowledge sharing တွေ သေချာမလုပ်နိုင်မှာစိုးလို့ ခေတ္တခဏလေး ပျောက်သွားပြီး အခုတော့ မင်ချစ်တဲ့ရပ်ဝန်းလေးကို ပြန်လာပါပြီနော်....❤️
ကဲ အားလူးတွေဖုတ်မနေတော့ပဲ ခေါင်းစဉ်က အကြောင်းအရာလေးကိုပြန်သွားလိုက်ရအောင်နော်❤️
ပိတ်ရက်တွေမှာ ပျော်ပျော်ပါးပါး အလည်တွေသွားထားပြီး လည်လို့ဝပြီးမှ မင်မင့်လိုမျိုး မျက်နှာသေချာ ပြန်စကင်းကဲတော့မယ့်အချိန်မှ နှာဖူးတွေ ပါးတွေ မေးစေ့တွေမှာ အသားကနီနေသလို စပ်နေသလို ဖြစ်နေတယ်
ဘာပဲလိမ်းလိမ်းစပ်ဖျင်းဖျင်းဖြစ်နေတယ် မင်ရေဆိုရင်တော့ မျက်နှာနေလောင်ထားပြီလို့ ပြောလို့ရပါတယ်🥲
ဒီလောက်ဆိုရင်တော့ ကိုယ့်မျက်နှာက နေလောင်ထားတာသိရပြီဆိုတော့ သက်သာအောင် ဘယ်လိုလုပ်ကြမလဲ?
စာအရှည်ကြီးဖတ်ရင် မဖတ်ချင်မှာစိုးလို့ ပုံလေးတွေထောက်ပြီး ဝင်ဖတ်ကြည့်ပေးအုံးနော်....❤️
#အားလုံးကိုလှစေချင်တဲ့မင်မင်
#နေလောင်ခြင်း
16/03/2024
လေကျင့်ခန်းလုပ်ပါ…..
ကျန်းမာရေးဂရုစိုက်ပါ…….
စားချင်တာရှိရင် စားပစ်ပါ Diet နောက်မှလုပ်ပါ…….
ဝါသနာပါတဲ့အရာလေးတွေ ရွေးလုပ်ပါ………
ကိုယ့်ကို ပျော်ရွင်စေတဲ့အရာလေးတွေ ရွေးလုပ်ပါ…….
တရားထိုင်ပါ…….
ဘေးမှာရှိတဲ့သူတွေကို အားပေးပါ ချစ်ပါ…….
ကျေးဇူးတင်ကြောင်းပြောပါ……
ကိုယ့်ကိုယ်ကို ချစ်ပါ……
စိတ်ဓာတ်မကျပါနဲ့ ကိုယ့်တစ်ယောက်ထဲမဟုတ်ဘူးဆိုတာကိုလည်း မမေ့ပါနဲ့ ❤️
13/03/2024
ကိုယ်သုံးမယ့် Skincare Product ကို မျက်နှာပေါ်မတင်ခင် ကိုယ်နဲ့ တည့် မတည့် သိနိုင်ဖို့အတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကို မင်မင်က ပြောပြပေးသွားမှာဖြစ်ပါတယ်❤️
Skincare product အသစ်ကို ပြောင်းသုံးချင်တဲ့သူ (သို့) အခုမှ skincareကို သေသေချာချာ သုံးမယ့်သူတွေအတွက် ကိုယ်နဲ့တည့် မတည့်ကို သိနိုင်ဖို့ မင်မင် အခုပြောမယ့် နည်းလမ်းလေးက အသုံးဝင်မယ်လို့ ထင်ပါတယ်နော်❤️
လုပ်ရမယ့်နည်းလမ်းလေးကတော့……..
•ကိုယ်သုံးမယ့် Product ကို မျက်နှာပေါ် မတင်ခင်မှာ နားနောက်ဘက်က နေရာ ၊ လက်ဖျံနား တဝှိက်နေရာလေးတွေကို အရင် သန့်ရှင်းရေး ပြုလုပ်ရပါမယ် ✔️
ကိုယ်စမ်းမယ့်နေရာကို သန့်ရှင်းပြီးပြီဆိုရင်တော့ ကိုယ်သုံးမယ့် Product အနည်းငယ် ကို လိမ်းပြီး အနာကပ် ပလာစတာကပ်ပြီး 24 hours ⏰ ထားပေးရမှာဖြစ်ပါတယ် ✔️
•ကိုယ်လိမ်းထားတဲ့နေရာမှာ 24 hours ပြည့်လို့ ဘာမှတုံပြန်မှုမရှိဘူး ကိုယ်လိမ်းထားတဲ့အတိုင်းပဲ ဆိုရင် ကိုယ်နဲ့တည့်တယ်လို့ သတ်မှတ်လို့ရပါတယ် ✔️
•ကိုယ်က ပိုပြီး safeဖြစ်ချင်တယ် သေချာချင်ရင်တော့ ဒီနည်းအတိုင်း ၇ရက်လုံး စမ်းကြည့်လို့ရပါတယ်နော် ✔️
•ကိုယ်က အပေါ်ကအတိုင်းစမ်းကြည့်လိုက်လို့
ကိုယ်စမ်းကြည့်တဲ့နေရာက ပူလာတယ် ၊ စပ်လာတယ် ၊ အဖုတွေ ထလာတယ်ဆိုရင်တော့ ကိုယ်နဲ့ မတည့်လို့ပါ ❌
ဒီမှာ သတိထားရမှာက ကိုယ်စသုံးမယ့် product ရဲ့ ပါဝင်တဲ့ Ingredient တစ်ခုက Concentration များနေတယ်ဆိုရင် ကိုယ်နဲ့မတည့်တာမဟုတ်ပဲ Concentration များနေတဲ့အတွက် skin irritation ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ Skin irritation မဖြစ်အောင် ကိုယ်စသုံးမယ် Product မှာ Active ingredient % ကို အနည်းဆုံးကနေ စသုံးဖို့ အကြံပြုချင်ပါတယ်နော်❤️
#အားလုံးကိုလှစေချင်တဲ့မင်မင်
10/03/2024
Energy လေး တဖြတ်❤️
Page ပိစိလေးကို ယုံ"ကြည်"နဲ့ လာမေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်❤️
ရှေ့ဆက်ဖို့လည်း အားအများကြီးဖြစ်ရပါတယ်🥹❤️
ယုံကြည်မှုတွေနဲ့ပဲ ရှေ့ဆက်မှာဖြစ်လို့ အများကြီးကြိုးစားသွားပါမယ်ရှင်😍
#အားလုံးကိုလှစေချင်တဲ့မင်မင်
06/03/2024
နွေရာသီနဲ့ Skincare ☀️
မကြာခင်မှာ ရောက်လာတော့မယ့် နွေရာသီမှာ စကင်းကဲဖို့အတွက် Ready ဖြစ်နေပြီလား ဒါမှမဟုတ် ပူရတဲ့ရာသီဥတုကို စကင်းကဲဖို့အတွက် စိတ်ညစ်နေကြပြီလား😂
ကဲ လာမယ့် နွေရာသီမှာ ခေါင်းမစားရပဲ ပေါ့ပေါ့ပါးပါး စကင်းပဲဖို့ အတွက် မင်မင်က ပြောပြပေးသွားမှာဖြစ်ပါတယ်❤️
ပုံလေးတွေအောက်မှာ ပြောပြထားပေးလို့ တပုံချင်းစီထောက်ကြည့်ပေးပါအုံးနော်❤️
#အားလုံးကိုလှစေချင်တဲ့မင်မင်
28/02/2024
ဒီနေ့မှာတော့ မင်မင်က အရမ်းကို အသားရေတွေအတွက် ကြောက်ဖို့ကောင်းပြီး လုံးဝမသုံးသင့်တဲ့အပြင် မသိတဲ့သူတွေကို နည်းမျိူးစုံနဲ့ အယုံသွင်းတဲ့ MLM အကြောင်း အလစ်တဲလေး ပြောပြပေးသွားမှာဖြစ်ပါတယ်🤓
ကဲဆိုတော့ MLM ဆိုတာဘာလဲ MLM Products တွေ မသုံးကြနဲ့ မကောင်းဘူးဆိုတာတော့ ပြောကြတယ် ဘယ်လိုရှောင်ရမှာလဲ မသိဘူး ဘယ်လိုမျိုးဆိုရင် MLM ဆိုတာကို သိရမှာလဲ ဆိုတဲ့မေးခွန်းက မသိတဲ့သူတွေအတွက်တော့ အများကြီးမေးစရာရှိနေလိမ့်မယ်လို့ မင်မင်ထင်ပါတယ်
MLM ကတော့ Multi Level Marketing လို့ ဆင့်ပွားရောင်းချခြင်းစနစ်လို့ အလွယ်မှတ်လို့ရပါတယ်
ဘယ်လိုတွေ လုပ်ကြတာလဲလို့မေးရင် ၁၀၀တန် ပဲတန်တဲ့ ပစ္စည်းတခုကို Customer ကိုပြန်ရောင်းရင် သောင်းကျော်နဲ့ ပြန်ရောင်းတာပါ။ သူ့မှာ ၁၀၀ကျပ်လောက်ပဲ တန်တဲ့ ကွာလတီကို သောင်းကျော်လောက်နဲ့ တနည်းအားဖြင့် အရည်သွေးလည်း မကောင်းပဲ ဝယ်သူတွေကို နည်းမျိုးစုံဂျင်းထည့်ပြီး ရောင်းကြတာပါ။🤮
အဲတော့ ၁၀၀ တန်လောက်ပဲ တန်တဲ့ ခပ်ညံ့ညံ့ပစ္စည်းကို မျက်နှာပေါ်တင်မိတော့ အဖုပေါင်းသောင်းခြောက်ထောင်နဲ့ ကိုယ့်မျက်နှာလေးပျက်စီးရေးကိန်းစိုက်တဲ့ အခြေအနေတွေ ဖြစ်ကြရော😞
တချို့ MLM Product တွေဆို ဆက်တိုက်လိမ်းနေရင် အသားရေက ၁ရက် ၂ရက်လိမ်းလိုက်တာနဲ့ ကြည်လင်ဝင်းပသွားပြီး ရပ်လည်းရပ်လိုက်ရော မျက်နှာတခုလုံး အဖုပေါင်း ၁သိန်းနဲ့ ဖြစ်ကြတဲ့ Steroid ဆိုတဲ့ အန္တရာယ်ကလည်း MLM product တွေရဲ့ လက်စွဲတော်ကြီးတခုပါ
အရင်ကဆို social media ပေါ်မှာ ပေါ်ပေါ်ထင်ထင်မရှိခဲ့ပေမယ့် အခုလို တိုးတက်လာတဲ့ ခေတ်မှာတော့
ပြောင်ပြောင်တင်းတင်းလုပ်လာကြတဲ့အတွက် လူတွေတော်တော်များများ ထင်ယောင်ထင်မှားဖြစ်လာကြတာပါ😫
MLM product တွေနဲ့ ပတ်သပ်ပြီး အခုနောက်ပိုင်းမှာ တော်တော်များများတားမြစ်ပြီး ဗဟုသုတရစရာတွေ တင်ထားပေးလို့ MLM နဲ့ပတ်သပ်ပြီး အသေးစိတ်သိချင်ရင် ရှာဖတ်လို့ရပါတယ်နော် မင်မင်ထက်ကို အသေးစိတ်ရေးပေးထားတဲ့ page တွေ Personal post တွေမှာ ရှာကြည့်ရင် အများကြီးထွက်လာပါလိမ့်မယ်နော်❤️
Comment မှာတော့ steroid (or) ဘာတွေမှန်းမသိသုံးထားတဲ့ Product တွေကြောင့် မျက်နှာပျက်စီးသွားတဲ့ ပုံတွေကို ရှာပြပေးထားပါတယ်။ MLM product တွေကို ဂျင်းမိပြီး မှားသုံးမိလို့ ဒီထက်မက အရေပြားပျက်စီးသွားကြတဲ့သူတွေလည်း အများကြီးရှိလို့ သေချာလေးလေ့လာပြီး သုံးကြပါလို့လည်း အကြံပြုချင်ပါတယ်နော်❤️
#အားလုံးကိုလှစေချင်တဲ့မင်မင်
္တရယ်
24/02/2024
Skincare နဲ့ပတ်သပ်ပြီး ကိုယ်လုပ်နေတဲ့အချက်တွေထဲမှာ မှားနေတဲ့အချက်တွေက ဘာတွေလဲ🧐
ဒီနေ့မှာတော့ မင်မင်က ကိုယ်နေ့စဉ်ပြုလုပ်နေတဲ့ Daily Routine ထဲမှာ မှားနေတဲ့အချက်လေးတွေ ၊ မလုပ်သင့်မှန်းသိပေမယ့် လုပ်မိနေတဲ့ အမှားလေးတွေကို ထပ်မလုပ်မိဖို့ ဒီ post လေးက ပြောပြပေးသွားမှာပဲဖြစ်လို့ ပုံလေးတွေရဲ့ အောက်မှာ ကြည့်ပေးပါအုံးနော်🥰
#အားလုံးကိုလှစေချင်တဲ့မင်မင်
21/02/2024
အခြေခံကျတဲ့ Skincare Routine ❤️
မင်မင်က အရှေ့ postတွေမှာ Skin Types တွေ ကိုယ်ဟာ ဘယ်လို Skin Type ရှိလဲဆိုတာတွေ ပြောပြသွားပြီးပြီဆိုတော့ ဒီနေ့မှာတော့ အခြေခံကျတဲ့ Basic Skincare Steps လေးတွေကို ရိုးရိုးရှင်းရှင်းလေး ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်❤️
Basic Skincare steps မှာ Cleansing, Toning, Moisturizing, Sun Protection ဆိုပြီး မဖြစ်မနေလုပ်သင့်တဲ့ အဆင့် (၄)ဆင့်ရှိပါတယ်။
အဆင့် ၁ဆင့်ချင်းစီကို ပုံလေးတွေကိုထောက်ပြီးဖတ်ကြည့်ပေးပါအုံးနော်❤️
အခြေခံသိရမယ့် Skincare steps လေးတွေကို ရိုးရိုးရှင်းရှင်းလေးပြောပြပေးသွားတာဆိုတော့ နောက် post လေးမှာ Step တခုချင်းစီရဲ့ အသုံးပြုပုံတွေကို အသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့ page လေးကို စောင့်ကြည့်ပေးပါအုံးနော်❤️
#အားလုံးကိုလှစေချင်တဲ့မင်မင်
19/02/2024
ဒီလိုမျိုုးလေးတွေ ကြားရတော့ အရမ်းပီတိဖြစ်ပြီး
အရမ်းလည်း ပျော်ပါတယ်❤️
မှန်ကန်တဲ့ ဗဟုသုတလေးတွေ ပေးချင်ပြီး
အားလုံးကို လှစေချင်တာမို့ အများကြီးကြိုးစာပါအုံးမယ်🥰❤️
#အားလုံးကိုလှစေချင်တဲ့မင်မင်
17/02/2024
ကိုယ့်မှာရှိတဲ့ အသားရေအမျိုးစားကို သေချာသိအောင် ဘယ်လိုစမ်းစစ်ကြမလဲ?🧐
မင်မင်တို့မှာ ကိုယ့် Skin type ကို Dry skin လား Combination skin လား ဘာလား မသိထင်ယောင်ထင်မှား တော်တော်များများဖြစ်နေကြတာပေါ့နော် အဲလိုမဖြစ်တော့အောင်သေချာလေး ကိုယ့် Skin type ကို သိဖို့ အလွယ်ဆုံးနည်းလမ်း တခုကို ဝေမျှပေးသွားမှာဖြစ်ပါတယ်🤩
ဘယ်လိုစလုပ်မလဲဆိုရင် ပထမဦးဆုံး ကိုယ့်မျက်နှာကို မျက်နှာသစ်တဲ့အခါ ကိုယ်သုံးနေကျ Facial Form, Cleanser တွေနဲ့မသစ်ပဲနဲ့ Gentle(or) Mild ဖြစ်တဲ့ Cleanser နဲ့ သစ်ပြီး မျက်နှာကို ဘာဆို ဘာမှမလိမ်းပဲ ၁နာရီခန့်ထားရပါမယ်။ ၁နာရီကျော်လာတဲ့အခါ ကိုယ့်မျက်နှာမှာ ဖြစ်လာတဲ့အတိုင်း သိရပြီဆိုတာနဲ့ Skin type ကို ခွဲလို့ရပါပြီ။ ❤️
Skin Type ကို ဘယ်လိုခွဲရမလဲ မသိသေးတဲ့ သူတွေအတွက်
Comment မှာ linkလေးတွေ ချပေးထားပါတယ် ဝင်ဖတ်လို့ရပါတယ်နော် 🥰
#အားလုံးကိုလှစေချင်တဲ့မင်မင်
14/02/2024
ကိုယ်က ဘယ်လိုအသားရေမျိုးကို ပိုင်ဆိုင်ထားတာလဲ ?🤔
အခုထိ ကိုယ်က ဘယ်လိုအသားရေကို ပိုင်ဆိုင်ထားတာလဲဆိုတာ မသိတဲ့သူလေးတွေရှိလား🧐
သိတော့ သိပေမယ့် မသေချာလို့ ကိုယ့်အသားရေက ဘယ်လိုအမျိုးအစားဆိုတာ သေချာလေးသိချင်တဲ့သူလေးတွေဆိုရင် ဒီ post လေးက အသုံးဝင်မှာပဲဖြစ်ပါတယ်✨
မင်မင်တို့မှာ Normal Skin (ပုံမှန်အသားရေ)
Combination Skin (ပေါင်းစပ်အသားရေ)
Oily Skin (အဆီပြန်အသားရေ)
Dry Skin(ခြောက်သွေ့လွယ်သော အသားအရေ)
Sensitive Skin (ထိခိုက်တုံ့ပြန်လွယ် အသားရေ) ဆိုပြီး Skin types (5မျိုး) ရှိပါတယ်။✨
ကိုယ်က ဘယ်လိုအသားအရေမျိုး ပိုင်ဆိုင်ထားတဲ့ဆိုတာကို ပုံလေးတွေအောက်မှာထောက်ကြည့်ရင်း အဖြေရှာလိုက်ကြရအောင်နော်❤️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 08:00 - 22:00 |
| Wednesday | 08:00 - 22:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 08:00 - 22:00 |
| Sunday | 08:00 - 22:00 |
