Beauty Coach

Beauty Coach

Share

စျေးနှုန်းလည်းချိုသာမှန်ကန်ပြီး ပစ

Photos from Road To Clean Skin's post 29/11/2023
30/10/2023

နောက်ဆုံးဂဏန်း ၃လုံးခန့်မှန်းပေးပါ
အဖြေအရင်ဆုံး မှန်သူ kpay 10000 ထည့်​ပေးမယ်နော် ❤️
လပြည့်ညက ခရီးလွန်နေလို့ ကိုယ့်အသဲတွေကို pocket Money မပေးလိုက်ရဘူး
ခနနေ pocket Money လဲတင်ပေးမယ်နော် 😍

28/09/2023

Youတို့အတွက် lipstick colorရွေးမမှားစေဖို့💓💓

Lipstick Reviews တွေဖတ်ပြီး လိုက်ဝယ်ဖူးတဲ့သူ လက်ထောင်!🖐🏻

ပထမဆုံးပြောချင်တာကတော့ ဒီ blog ဟာ ဘယ်သူ့ကိုမှ ရည်ရွယ်စောင်းမြောင်းတာမဟုတ်ပါဘူး ‘ဒီကမ ငါ့ကိုပြောနေတာလားမသိဘူး’ လို့တွေးမိရင် ရပ်လိုက်ပါ အတွေးမလွန်ပါနဲ့

Lipstick reviews တွေ တင်တဲ့အခါ အများစုက selcas လှလှလေးတွေ၊ swatches လှလှလေးတွေနဲ့ တင်လေ့ရှိပါတယ် ဒါကတော့ ကိုယ့် lipstick color ကို ပြလို့ရမယ့် နည်းလမ်းကဒါပဲရှိတာကိုး ဒါပေမယ့် authentic ဖြစ်မနေတာမျိုးတွေ ရှိတတ်ပါတယ် အပြင်မှာအရောင်ထွက်လှပေမယ့် ပုံထဲမှာ ရင့်သွားတာ/ ဖျော့သွားတာမျိုးရှိသလို အပြင်မှာ အ့လောက်မဟုတ်ပေမယ့် retouch တွေ filter တွေကြောင့် ပိုမိုက်သွားတဲ့အရောင်တွေလည်းရှိပါတယ် ဒီအချက်တွေကို lipstick swatches ရိုက်ဖူးတဲ့သူတွေ သေချာပေါက်သိမှာပါ

Lipstick ရယ်မှ မဟုတ်ပါဘူး Foundation shades တွေ၊ contour or bronzer shades တွေ တော်တော်များများ ကိုယ့် skin tone နဲ့ ကိုက်နေဖို့ မလွယ်လှပါဘူး ဒါကြောင့် worldwide cosmetics brands တွေဆို foundation shades ချည်းပဲကို အများကြီးထုတ်လာကြတာ တွေ့ရတယ် ပြီးရင် swatches တွေကိုလည်း skin tone (fair, light, medium, soft tan, dark) အလိုက် swatch လုပ်ပြထားလေ့ရှိတယ် ဒါကတော့ skin tone ကွာသွားတာနဲ့ shade လည်း ကွာသွားနိုင်တာကို ပြောချင်တာ အဲ့ဒီတော့ consumer အနေနဲ့ ကိုယ့်အသားအရောင်နဲ့ အနီးစပ်ဆုံးတူတဲ့ tone ပေါ်မှာ စမ်းပြတဲ့ color shade ထဲက ရွေးရင် မှားဝယ်နိုင်ချေနည်းတယ်လေ အဲ့လိုပဲ lipstick တွေကလည်း အရောင်ကွာနိုင်တာမို့ ခုနောက်ပိုင်း different skin tone တွေပေါ်မှာ ဆိုးပြထားတဲ့ ပုံတွေနဲ့ပဲ launch လုပ်လာကြတယ် (ဥပမာဆို Rare beauty tinted lip oil)

Air ကတော့ lipstick ဝယ်ဖို့ review ရှာဖတ်တဲ့အခါ ဒီအချက်တွေနဲ့ color check လုပ်ပါတယ် အနီးစပ်ဆုံး အရောင်ရွေးမှန်ဖို့နဲ့ ဝယ်ပြီး နောင်တမရဖို့ အရေးကြီးတဲ့အတွက် စိတ်ဝင်စားရင် ဖတ်ပြီး မှတ်ပြီး လိုက်လုပ်ကြည့်ပါ ..

1. Website ပုံတွေထက် အပြင် swatches တွေကို အဓိကထားရှာကြည့်ပါ
3ce တို့ rom&nd တို့ကမှ website ပုံနဲ့ အရောင်ထွက်နီးစပ်သေးတယ် Baby bright တို့ 42U တို့ဆို web ပုံတွေကို အားကိုးလို့မရဘူး Google ကရှာရင်လည်း လက်ပေါ်မှာ swatch ပြထားတဲ့ inter review photos တွေကို ရှာကြည့်ပါ

2. Collaboration review တွေထက် consumer reviews တွေကို ရှာဖတ်ပါ
ဒီလိုပြောရင် ရွာပြင်ထုတ်ခံရမှာသိပေမယ့် မတတ်နိုင်ဘူး Collab ဆိုမှတော့ အရောင်ထွက်မလှတဲ့ပုံကြီးနဲ့ တင်မလား သေချာပေါက် ကြည့်ကောင်းအောင် ပြင်ကြမှာပဲ ပြင်တာမပြင်တာကတစ်ပိုင်းပါ ပြောချင်တာက consumer review တွေမှာဆို ဘာ effects / ဘာ filter မှမပါတဲ့ original color တွေကို ပိုတွေ့ရနိုင်တယ် ပုံမရိုက်တတ်လို့ဖြစ်လာတဲ့ အလင်းအမှောင်ကြောင့် အနည်းငယ် အတိမ်းအစောင်းဖြစ်နိုင်ပေမယ့် ပိုပြီး authentic ဖြစ်ပါတယ်

3. ဘာဆိုးဆိုး တစ်ရောင်ထဲဖြစ်နေတဲ့ selca reviews တွေရှောင်ပါ
လက်ပေါ်မှာ swatch ပြတော့ တစ်ရောင်ချင်းသိသာနေပေမယ့် တကယ်ဆိုးပြထားတော့ ဘယ်ဟာကဘာမှန်းတောင် မသိတော့လောက်အောင် selca ပုံထွက်လှဖို့ပဲ အဓိကထားတဲ့ lipstick review မျိုးဆို air ကတော့ impression down ပါတယ် မဖတ်ဖြစ်တော့ဘူး အဲ့အစား နှုတ်ခမ်းပေါ်က အရောင်ထက် လက်ပေါ်က swatch ကိုပဲ ကြည့်ပြီးဆုံးဖြတ်ပါ

4. လူကြိုက်များတိုင်း မရွေးပါနဲ့
ဒီခေတ်မှာ mlm queen တစ်သိုက်ကပါ blogger လုပ်နေကြပြီမို့လို့ ပိုသတိထားရပါမယ် Lipstick reviews ပေးတဲ့အခါ ‘အရမ်းလှတယ်’ ‘အရမ်းကြိုက်တယ်’ ဆိုတာတွေထက် color အကြောင်း သေချာရှင်းပြပေးတဲ့သူ၊ different skin tone တွေအတွက် suggest လုပ်ပေးနိုင်သူ စသဖြင့် authentic blogger တွေရဲ့ review မျိုးကို ရွေးဖတ်ပေးပါ Air ဆို Just May တို့ latte’s addiction တို့ Johanna တို့ review ပေးတာလေးဆို မှတ်ထားတတ်တယ် ကြုံရင်ဝယ်ဖို့ 🙊

5. Lipstick color အပြင် performance တွေပါ ဖော်ပြပေးနိုင်တဲ့ review မျိုးကိုဖတ်ပါ
တစ်ခါတလေ အရောင်လေးအရမ်းကြိုက်လို့ ဝယ်လိုက်ပေမယ့် လက်ထဲရောက်လာမှ ဆိုးလို့အဆင်မပြေတာတွေ၊ ကြာလာရင် နှုတ်ခမ်းသားမည်းလာတာတွေ ဖြစ်တတ်ပါတယ် Lipstick ဝယ်ဖို့ကို အရောင်တစ်ခုတည်းနဲ့ ဆုံးဖြတ်တဲ့ခေတ်ကကုန်သွားပါပြီ ဘယ် brand ထုတ်ထုတ် မထပ်ဘူးဆိုတဲ့အရောင် ခပ်ရှားရှားပါပဲ ဒီတော့ performance ပိုင်းကိုလည်း မေ့မထားပါနဲ့

အပြင်မှာဝယ်မယ်ဆိုရင် tester ထားပေးတဲ့ ဆိုင်သွားဝယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ

ဒါကတော့ air ရဲ့ personally lipstick review ဖတ်တဲ့နည်းဖြစ်လို့ သဘောကျတယ်ဆိုမှ လိုက်လုပ်ကြည့်ပါ .. ဘယ်သူ့ကိုမှ ထိခိုက်စေဖို့မရည်ရွယ်သလို ထိခိုက်သွားရင်လည်း ဆရာခိုသာဝယ်လိမ်းလိုက်ပါ 🫶🏻

Photos from Beauty Coach's post 09/08/2023

ဆားဝက်ခြံကြောင့်ဖြစ်ဖြစ် Skinညစ်နေလို့စိတ်ညစ်နေရင်ဖြစ်ဖြစ် ဆက်ဖတ်ပါနော်💗🫶🏻

သူငယ်ချင်းဆီက ယူသုံးကြည့်ရင်းကြိုက်လို့ ကိုယ်တိုင်ဝယ်ပြီး သုံးနေတာ ကြာပြီ ဒီ Softymo Cleansing oil က နောက်လဲသုံးဖြစ်အုံးမှာလေး🤩

ကိုယ်သုံးနေတာ 12လပိုင်း 2022 ကတည်းကမို့ အခုဆို ၈လလောက်ရှိပြီ ဒါမသုံးခင်က ဆားဝက်ခြံဆိုတာ ၂ပတ်တစ်ခါလောက် ဖယ်ပေးနေရ ညစ်ထုတ်နေရတာ ကိုယ့်ဆားဝက်ခြံက ကပ်ခွါသုံးလဲ ပါတာမဟုတ်ဘူး ညစ်ထုတ်မှရတာ ဒါသုံးပြီးမှ ဆားဝက်ခြံက မရှိသလောက်ဖြစ်သွားတာ သုံးပြီး ၁လ လောက်နဲ့တင်သိသာတယ် skinလဲကြည်လာတယ် ကိုယ့်နှာခေါင်းထိပ်ဆို အထစ်မရှိ ပြောင်ချောနေရောဘဲ အရင်ကဆို နှာခေါင်းထိပ်မှာ ဆားဝက်ခြံတွေနဲ့ စမ်းလိုက်ရင် ကြမ်းပြီးထစ်နေတာလေ အရှင်းမပျောက်ပေမဲ့ မရှိသလောက်ကို ပါးသွားတာ Amazing ပါဘဲ🤭

တစ်ခြားဘာတွေကောင်းသေးလဲဆို သုံးဖူးသမျှ Cleansing oilထဲ အရမ်း light weight ဖြစ်တယ်လို့ ပြောရမယ် 2 /3pumps လောက်နဲ့တင် တစ်မျက်နှာလုံးသေချာပြောင်အောင်ဖျက်လို့ရပြီ မပြောင်မှာပူစရာမလိုဘူး heavy makeup lookတွေတောင် အေးဆေးပြောင်တယ် ကိုယ်တော့ ၅ /၁၀မိနစ်လောက် လက်နဲ့circle ပုံစံလေးပွတ်ပြီး ဖျက်ပေးတာ နှာခေါင်းကြားတွေ သေချာပွတ် ပွတ်နေရင်း မျက်နှာလေးက ပုံမှန်ထက် ပိုအိစက်နေတာကို ခံစားရမှာ🤭 ပြီးရင် Makeupတွေ တဖြည်းဖြည်း အရည်ပျော်လာပြီဆို ရေဆေးချ ဘာအကျိချွဲမှ ဘာစေးကပ်ကပ်မှ မကျန်နေခဲ့ဘူး ရေဆေးချလိုက်တာနဲ့ မျက်နှာကပြောင်ရှင်းသွားတာနော်💗

For All skin types အဆင်ပြေပါတယ် combination ဖြစ်တဲ့ကိုယ်တောင် အဆီဖု ထွက်တာ ဘာညာ မရှိဘူး Alcohol free အရောင်အနံ့လဲမရှိလို့ Acne prone နဲ့Sensitive skinတွေတောင် သုံးလို့ရပါတယ်
Japanမှာလဲ No.1 best seller ပါ အရောင် ၃ရောင် လာပါတယ် ကိုယ့်skinနဲ့အဆင်ပြေတာလေးရွေးဝယ်သုံးလို့ရတယ် အပန်းလေးကတော့ လူကြိုက်အများဆုံးပါတဲ့ တစ်ခြားအရောင်တွေကတော့ မသုံးဖူးသေးလို့ မသိပါဘူးရှင့် ခုအပန်းလေးကတော့ အထက်မှာပြောခဲ့သလို ဆားဝက်ခြံကအစ အရမ်းသိသိသာသာ သက်သာလို့ ဘလိုလုပ်လုပ် ဆားဝက်ခြံမပျောက်တတ်ဘူးဖြစ်နေရင် try ကြည့်ကြည့်ပါနော် 💗

စျေးကတော့ ကိုယ်ဝယ်တာ 16500ပေးရပါတယ် ဝယ်ထားတာ ၈လရှိတာတောင် တစ်ဝက်ကျော်ဘဲကုန်သေးတော့ budget saveလဲဖြစ်တာပေါ့ရှင်

Double cleansing လုပ်ဖို့ Cleansing oil ကောင်းကောင်းရှာနေတယ်ဆိုရင် ဒါလေးကို recommend လုပ်ပါတယ် ကိုယ်သုံးဖူးသမျှထဲ အကောင်းဆုံးcleansing oilလို့ပြောလို့ရတယ် ကိုယ့်အစ်မက ကိုယ့်ဆီက ယူသုံးပြီး ပြန်ကြိုက်သွားလို့ သူ့အတွက်ပါ တစ်ဘူးဝယ်ပေးလိုက်ရသေးတယ်😂

Review လေးကတော့ ဒါပါဘဲနော် ကိုယ်တိုင် သုံးကြည့်ပီး တော်တော်ကြီးကြာမှ အဆင်ပြေလို့ review လေးရေးလိုက်တာပါ အားလုံး အဆင်ပြေကြပါစေရှင် အဆုံးထိဖတ်ပေးလို့ Thank you 💓✨

Photos from Beauty Coach's post 03/07/2023

Klairs BB creamလေးကို အားလုံးသိပြီးသားမို့ နောက်ကျနေပြီဆိုပေမဲ့ Review လေးပေးပါအုံးမယ်ရှင် ( end userအနေနဲ့ review ပေးတာပါ blogger လဲမဟုတ်လို့ စာအစီစဉ်မကျရင် ဖြည့်တွေးပေးကြပါနော်) 🥰

ဒါလေးကို သုံးနေတာ ကြာပါပြီ စဝယ်ကတည်းက Foundation တောင် မလိမ်းဖြစ်တော့ဘဲ ခုချိန်ထိ ပေါ့ပေါ့ပါးပါး လိမ်းလို့လဲလွယ် အချိန်လဲသိပ်မပေးရတဲ့ Klairs Bb creamလေးနဲ့ဘဲ အဆင်ပြေနေခဲ့တာပါ မအားတာနဲ့ Reviews လေးကတော့ မရေးဖြစ်တာ ခု ၁ဘူးလုံးလဲ ကုန်သွားပြီဆိုတော့ Reviewလေး sharing လုပ်ပါရစေရှင်❣️

စဝယ်ပြီးကတည်းက ဘယ်သွားသွား Klairs Bb creamလေးဘဲ သုံးဖြစ်တော့တာ အပိုမပြောဘူး ပုံတွေသာကြည့်ပါ😁

💠၆လလောက် သုံးကြည့်လာတဲ့ အတွေ့အကြုံအရ သူက စစလိမ်းချင်းဆို မျက်နှာက ခြောက်ခြောက်ကြီးလိုမျိုးဖြစ်တတ်တယ် ဒါပေမဲ့ ချွေးလေးနဲနဲထွက်လာတာနဲ့ လှတော့တာဘဲ အချိန်ကြာလေ မျက်နှာနဲ့ creamနဲ့ တစ်သားတည်းဖြစ်လာပြီး Glowလာလေ လှလာလေပါ skinကောင်းတဲ့သူတွေအတွက်ဆို လုံးဝ perfect ဖြစ်နေမှာ ပါးပါးကြည်ကြည်လေးနဲ့ ကိုယ်တော့ အရမ်းသဘောကျသော ဒါပေမဲ့ ချွေးထွက်လာတဲ့ခါ အရမ်းကြီး tissueနဲ့ ပွတ်ဆွဲပြီး သုတ်မိရင်တော့ ပျက်သွားတယ် အဲ့ကျ ချွေးထွက်ရင်လဲ ညင်ညင်သာသာလေးသုတ်ကြပါနော်

💠Spf 40 PA ++မို့ နေရောင်ဒဏ်ကိုလဲ အတော်သင့်ခံနိုင်ရည်ရှိတယ် တစ်နေကုန်အပြင်ထွက်တဲ့နေ့တွေဆိုရင်တော့ အောက်က sunscreen လေးတစ်ထပ်လိမ်းပေးဖို့လိုပါတယ် Retouching ပြန်လုပ်ရင်လဲလုပ်လို့ရတယ် နေပူထဲ အရမ်းမသွားတဲ့ရက်တွေဆို sunscreen ကို skipလိုက်လို့ရတယ် ကိုယ့်အမြင်အရ sunscreen မခံဘဲ (Toner/serum/moisturizer )လိမ်းပြီး bb creamတန်းလိမ်းရင် ပိုအသားတက်ပြီး ပိုလှသလိုဘဲ sunscreen ခံလိမ်းတဲ့နေ့ဆို ဘာလိုနေလို့ လိုနေမှန်းမသိဘူး အသားလဲသိပ်မတက်ဘူးလို့ခံစားရတယ်ပေါ့နော် bb creamလိမ်းပြီး powder သုံးလဲရတယ် မသုံးလဲရတယ် ကိုယ်တိုင်တော့ powderမသုံးထားတဲ့ lookကိုဘဲ ပိုကြိုက်တယ် (personal အမြင်ပါ)

💠Coverage အနေနဲ့တော့ scarsတွေ သိပ်မရှိတဲ့သူတွေဆို medium coverage လောက်ပေးနိုင်ပါတယ် အရမ်းများတဲ့သူဆိုရင် concealer လေးနဲ့ ပြန်ဖုံးမှ အဆင်ပြေမယ် သူ့တစ်ခုတည်း ထူထူကြီးလိမ်းတယ်ဆိုလဲ ကြည့်ရဆိုးသွားတာမို့ပါ
Sponge တွေ brushတွေထက် လက်နဲ့လိမ်းရတာ ပိုအဆင်ပြေပီး ပိုလှတယ် မျက်နှာပေါ်တိုက်ရိုက်လိမ်းတာထက် လက်နဲ့ လက်ဖမိုးပေါ်အရင်ဖြန့်ပြီး မျက်နှာပေါ်ပြန်ယူလိမ်းတာ အကောင်းဆုံးဘဲ All skin typeအဆင်ပြေပါတယ် ဒါပေမဲ့ အသားအရမ်းခြောက်တတ်ရင်တော့ အောက်က အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ moisturizer လေး ခံလိမ်းပါနော် ပြီးတော့ အသားညိုတဲ့တဲ့သူတွေအတွက်ပါ အဆင်ပြေတယ်ပြောကြပေမဲ့ အရမ်းညိုရင်တော့ Recommend မလုပ်ချင်ဘူး အသားညိုတဲ့သူ သုံးရင် နဲနဲပြာသွားမယ်လို့ထင်မိလို့ပါ (personal အမြင်ပါနော်)
သိပ်မညိုရင်တော့ အဆင်ပြေလောက်တယ်

💠နောက်ဆုံးအနေနဲ့ ထသွားထလာအတွက်ဆို heavy makeup ကြီးတွေ ထူထူကြီးတွေ မလိမ်းချင်ဘူး ပါးပါးကြည်ကြည်လေး ကြိုက်တာဆိုတဲ့သူတွေ Daily look လေးအတွက် BB creamကောင်းတာလေးလဲရှာနေတယ်ဆို ဒါလေးကို ဝယ်ကိုဝယ်ပါရှင် တစ်ယောက်တည်းသုံးတာမို့ နေ့တိုင်းသုံးဖြစ်တာတောင် ၆လလောက် အသုံးခံပါတယ်ရှင် ကျွန်တော်လဲ အသစ် ၁ဘူး ထပ်ဝယ်ထားပြီးပါပြီ ❣️

ပုံတွေကတော့ အများကြီးပေမဲ့ ဒီlook တွေဘဲ ဖြစ်နေတာက makeup lookလှလှလေး မပြင်တတ်လို့ သည်းခံကြည့်ပေးကြပါနော် 🥶 ပြင်တတ်တဲ့မမတွေ ညီမလေးတွေဆို အရမ်းလှမှာပါလို့ စျေးအနေနဲ့ကလဲ 30000ကျော်ကို ၆လလောက်အသုံးခံတော့ တန်တယ်လို့ထင်ပါတယ် sample ထုတ်လေးတွေလဲ လာတာမို့ စမ်းသုံးကြည့်ပြီး ကြိုက်မှဝယ်လို့ရတယ် try ကြည့်ကြပါနော် စိတ်မပျက်စေရဘူး🤭💘

Honest reviewလေးတွေကိုလဲ သေချာသုံးကြည့်ပြီးမှ တင်ပေးတာမို့ 100%စိတ်ချယုံကြည်လို့ရပါတယ်နော် အသေးစိတ်ရေးလိုက်လို့ စာလေးလဲနည်းနည်းရှည်သွားပါတယ်နော်
Reviews လေးတွေကို သဘောကျရင်လဲ pageလေးကို like & follow လုပ်ထားလို့ရပါတယ်လို့ ❤️

May you all beautiful ပါ💗

22/06/2023

FYI 💕

Photos from I AM 'YU''s post 25/05/2023

Sharing is caring 💗💗

22/05/2023

Sharing 💗

06/04/2023

We apologize to each and every one of our customers 🥺💗

မင်မင်တစ်ယောက် လိုင်းမရတဲ့ နယ်ဘက်ကို ခနပြန်သွားတာမို့ Pageလေးကို အရောင်းနားထားတာ ၃လနီးပါး ရှိသွားပါပြီရှင်😥

ဒီအတောတွင်း လာမေးကြတဲ့ ကာကာလေးတွေကို စာတွေမပြန်မိတာကိုလဲ နားလည်ပေးဖို့ မင်မင်တို့ အနူးညွတ်တောင်းပန်ပါတယ်နော် 🙏🏻🙏🏻

နားထားတာတောင် တကူးတကလာမေးပြီး အားပေးကြတဲ့ ကာကာလေးတွေကြောင့်လဲ မင်မင်တို့ အားဖြစ်ရပြီး ကျေးဇူးလဲတင်ပါတယ်နော်🥰

ရှေ့လျှောက် ဖြည်းဖြည်းချင်း အရင်လို အရောင်းပိုစ့်လေးတွေ တင်ပေးသွားပါမယ်နော် လိုအပ်တာလေးတွေရှိရင်လဲ cb မှာ အားမနာတမ်း လာမေးလို့ရပါတယ်နော် ဒီမင်မင်က အရမ်း သဘောကောင်း စိတ်လဲရှည်ပါတယ်လို့😍

ကဲ မျှော်နေတဲ့ ကာကာလေးတွေလဲ ပိုးစိုးပက်စက် ပြန်အားပေးလို့ရပါပြီရှင်🤪💗

Photos from Review By Nyi's post 13/01/2023

Skincare Knowledge for you💗💗

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay
111111