Double Crane Mandalay
We Love Double Crane
07/08/2025
မင်္ဂလာပါရှင့်🙏🙏🙏
ဒီ လေးလား💚
ဒီလို ရေချိုးခန်းထဲမှာထားပြီးသုံးတာ 2015 ကဆို 9 နှစ်ကျော် 10 နှစ်ရှိပါပြီ
မနက် ည သွားတိုက်ရုံ သာမာန်သွားဆေးလေးပဲလား မဟုတ်ဘူးနော်
သွားကိုက်ရင် ပြေးယူပြီး သိပ်ထားလိုက်
ဓါးရှရင်လည်း ပြေးယူလိုက် တရက်ပဲ အနာကျက်မြန်ချက် စပ်လည်း မစပ်ဘူး ပွေး ဝဲ ယားနာအတွက်လည်း ပါးပါးလေးလူးပေးပါနော်
ဆီးပူလောင် မီးပူလောင်လား ရေအေးနေအောင်လောင်းချပြီး ဒါလေးကို ပါးပါးလေး လိမ်းထားလိုက် အရေကြည်ဖုတောင် မထဘူး
သွားတိုက်ရင်း အမြုပ်တွေမြိုချလည်း ဘာမှ ဘေးဥပါဒ် မရှိတာမို့ ကလေးသပ်သပ် လူကြီးသပ်သပ် သွားတိုက်ဆေးလည်း ခွဲ၀ယ်ပြီး သုံးစရာမလိုတော့ဘူး
အိမ်မှာ ဉာဏ်ရှိသလို ဘက်စုံသုံးလို့ရတဲ့ သွားတိုက်ဆေးမို့ ညသွားတိုက်တော့မယ်ဆို ဘယ်မှာလဲ ရှာပြီးတိုက်ရတာ အမော💚
အိမ်တအိမ်ရဲ့ သူနာပြုလေး❤️
အမြဲဆောင်ထားသင့်တဲ့ Unique product❤️💚
မြန်မာတနိုင်ငံလုံး လက်လီ လက်ကားဖြန့်ဖြူးရောင်းချပေးနေပါပြီ
13/02/2025
သောက်သုံးခြင်းမှရရှိနိုင်သောအကျိုးကျေးဇူးများ......
ကိုပုံမှန်သောက်မယ်ဆိုရင် အားပြည့်တဲ့အပြင် အမျိုးသားတွေမှာ အသက်ကြီးလာတဲ့အခါ ဒုက္ခပေးတတ်တဲ့ (ဆီးကြိတ်ရောဂါ) ကို ကြိုတင်ကာကွယ်ပေးပါတယ်။
အမျိုးသမီးတွေအတွက်လဲ အသက်ကြီးလာပြီး (သွေးဆုံးကိုင်ရောဂါ) ကိုကြိုတင်ကာကွယ်ပြီး သားဖြစ်ပါတယ်။
သောက်တဲ့အခါ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် တစ်ချို့က အိပ်ချင်သလိုခံစားရတယ်။
တစ်ချို့က လန်းနေတာခံစားရတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓကိုယ် အာဟာရဓာတ် လိုအပ်မှုမတူကွဲပြားလို့ပါ။
ဒါပေမဲ့ Pollen သောက်ထားတဲ့အခါ အိပ်ချင်နေရင်တောင်မှ စိတ်ကတော့ လန်းဆန်းနေတာကို ခံစားရတယ်။
အိပ်ဆေးတွေ၊ နာစေးပျောက်ဆေးတွေ၊ချောင်းဆိုးပျောက်ဆေးတွေ အကိုက်အခဲပျောက်ဆေးတွေလို တစ်ချိန်လုံးအိပ်ချင်နေပြီး နှုံးမနေဘူး။
က အမျိုးသမီး လစဉ် Menstruation ကို ပြန်လည်ပုံမှန်ဖြစ်အောင် ညှိပေးတယ်။နာကျင်တာတွေကိုလည်း သက်သာလျော့ပါးစေတယ်။
Pollen က လူသားတွေအတွက် ကမ္ဘာပေါ်မှာ မိခင်နို့ရည်ပြီးရင် ဒုတိယ အကောင်းဆုံး အဟာရ ပါ...လူတစ်ယောက်မှာ ငယ်စဉ်က မိခင်နို့ရည် လုံလောက်စွာ မမှီဝဲရဘူးဆိုရင် Pollen အထူးလိုအပ်ပါတယ်...
ဟာ (နို့သောက်ကနေ ဒုတ်ထောက်အထိ) စားသုံးနိုင်တယ်။အထူးဘေးကင်းတဲ့ Zero Burden အားဖြည့်ဓာတ်စာပါ။
နို့သောက်ကနေ ဒုတ်ထောက် ဆိုတာက မိခင်နို့ စသောက်တတ်တဲ့အရွယ်ကနေ ဒုတ်ထောက်နဲ့ သွားရတဲ့အသက်ကြီးအရွယ်အထိ လိုအပ်တယ်။
Zero Burden ဇီးရိုးဘာဒန် ဆိုတာကိုရှင်းပြပါ့မယ်။
တချို့တတ်နိုင်တဲ့သူတွေဆိုရင် U.S ကနေလာတဲ့ (အားဆေးလုံးကြီး) တွေကို ဈေးကြီးပေးဝယ်ပြီး မိဘကို ကန်တော့ကြတယ်။
ဒါပေမဲ့ ကိုယ်ပေးလိုက်တဲ့ အားဆေးလုံးကိုကြည့်ပြီး မသောက်ကြဘဲ ဒီအတိုင်းပဲရှိနေတာ။အနောက်နိုင်ငံသားတွေဟာ သူတို့ (အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်) နဲ့ ချိန်ပြီး အဆေးကိုထုတ်ထားတာ။အာရှသားတွေက သူတို့အားဆေးကို သောက်တော့ အဲ့မှာ ကိုယ့်အတွက် ပိုလျှံ ပြီးခန္ဓာအတွက် Burden ဝန်ထုတ်ဝန်ပိုး ဖြစ်နိုင်တာ မသိကြပဲ ဈေးကြီးပေး ဝယ်သောက်ကြတယ်။
ကျန်တော်သိတဲ့ အကိုတစ်ယောက်ဆို သူမိဘအတွက် U.S ကလာတဲ့ အားဆေးကို ကန်တော့ခဲ့ပေမဲ့ မိဘတွေက မသောက်ဖြစ်ဘူး....
Expired ပဲဖြစ်သွားတယ်။
နောက်တော့ Pollen ကိုသိပြီး မိဘကို ကန်တော့တော့ တုန့်ပြန်မှုက.... သားရေ... Pollen အရမ်းကောင်းတာပဲ။
ထုံထိုင်းတာတွေလဲသက်သာတယ်။
ထမင်းစားလဲ ကောင်းလာတယ်တဲ့။
ကျေးဇူးပဲသားတဲ့။
(မိဘတစ်ယောက်ကျေးဇူးတင်သံ) ကို Pollen နဲ့ မှသူခံစားရတော့တယ်။
အထူးသဖြင့် ကျန်တော်တို့ Double Crane က ထုတ်တဲ့ ပါ။
မိဘအတွက်
တစ်ရက် ၂ လုံးသောက်ခိုင်းရင် ၂ ယောက်သောက်ရင် အလုံး ၁၂၀ ကျမယ်။
တစ်ဗူးက ၁၅၀ ပါတော့ တစ်လကို တစ်ဗူးတောင် မကုန်ဘူး။
မိဘရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပြီးသားလဲ ဖြစ်တယ်။
ကျေးဇူးဆပ်ရာလည်းရောက်တယ်။
ကုသိုလ်လဲရပါတယ်။
မိဘကျန်းမာနေတော့ ကိုယ်လဲစိတ်ချမ်းသာရပါတယ်။
သူတို့ထိုးနေကျ(အကျောဆေး) လဲနောက်ပိုင်း ထိုးစရာမလိုတော့ဘူး။
နေ့စဉ် ခန္ဓာကိုယ်က အာဟာရ ၉၆ မျိုးလိုအပ်တယ်။
ဟာ ခန္ဓာကိုယ်က မလိုအပ်တော့တဲ့ အရာကိုသူက ဆီးမှတစ်ဆင့်လွယ်ကူစွာ စွန့်ပစ်နိုင်တယ်။
ဒါကြောင့် Pollen ကသဘာဝ အရင်းအမြစ်ကရလို့ နေ့စဉ်ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ်။
တစ်ချို့က (တစ်လုံးနှစ်လုံး) စသောက်ရုံနဲ့ အကျိုးထူးခံစားရပြီး တစ်ချို့က (တစ်ဗူး) လောက်ကုန်မှ စတင်အကျိုးခံစာရတာရှိပါတယ်...
ဆိုလိုတာက သင်လိုအပ်သလောက် ပြည့်မှီအောင် သောက်ဖို့ပါ....
Pollen က အမျိုးသားရဲ့ စွမ်းအားကို သွယ်ဝိုက်တဲ့နည်းနဲ့အားဖြည့်ပေးလို့ (S***m သုတ်အား) ကို ပြန်လည်အားကောင်းစေတယ်။
အမျိုးသမီးတွေရဲ့ ( မြုံ ) စေတဲ့အားကို ကာကွယ်ပြီး ပြန်လည်အားဖြည့်ပေးတယ်။
ဒါကြောင့် ဒီ Pollen က တိုက်ရိုက် ကလေးရတဲ့ ဆေးမဟုတ်ပေမဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ လိုအပ်နေတဲ့စွမ်းအားကို ပြန်ဖြည့်ပေးတဲ့အတွက် ကလေးရရှိနိုင်တာဖြစ်ပါတယ်။
Pollen က Amino Acid အမိုင်နိုအက်ဆစ် (၂၁) မျိုးပါဝင်တယ်။
ဒါကြောင့် အသားအရည်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို ဖြည့်ပေးနိုင်လို့ အသားအရည်ကိုလဲ စိုပြေဝင်းပစေပြီး အသားအရည်ချောမွတ်စေပါတယ်။
Pollen မှာပါတဲ့ အမိုင်နိုအက်ဆစ်က မျက်နာမှာ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို အားပြန်ဖြည့်ပေးတဲ့သဘောပါ။
ကျန်တော့ရဲ့ Pollen ကိုယ်တွေ့ လေးပြောချင်ပါတယ်။
ကျန်တော် Double Crane နဲ့ မတွေ့ခင်မှာ အရမ်းအအိပ်မက်တယ်ဗျာ....
ကျနော် Pollen သုံးစွဲစက အိပ်ချင်တယ်။ မအိပ်ရလဲနှုံးမနေပဲ လန်းနေတယ်။
ကျနော်က Electronics ပစ္စည်းတွေပြင်တော့ ည ၁၂ နာရီကျော်မှ အိပ်ဖြစ်တယ်။
ဒါပေမဲ့ Pollen ၂ လုံးလောက် ကိုက်စားအိပ်လိုက်ရင် မနက်မိုးလင်း ၅ နာရီ ၆ နာရီလောက်လဲ လန်းနေတာပဲ။
အမောလဲ ခံလာနိုင်တယ်။ကျနော့ရဲ့မွေးခါစ သမီးလေးကိုလည်းတိုက်ပါတယ်....တိုက်နေတာ ၃ လကျော်ခဲ့ပြီ...ဖျားနာတာလည်း လုံးဝမရှိဘူး....အသားရေက စိုပြည်ပြီးဝင်းလာတာကိုတွေ့ရပါတယ်...
ဒါက Pollen အပေါ်ကျန်တော်ရရှိတဲ့ ယုံကြည်မှုဖြစ်ပြီး မိတ်ဆွေတို့ကို အားရပါရမျှဝေရင်း မိတ်ဆွေတို့လဲ ....
အကျိုးထူးအများကြီးရကြပါလိမ့်မယ်လို့မျှော်လင့်ရင်းနဲ့
#လင်ဇီး
#ပိုလန်
#ဓာတ်စာ
#ဖြည့်စွက်စာ
Credit and thanks to original loader
မင်္ဂလာပါရှင့်💓
ရွှေဈေး ဒေါ်လာဈေး ငွေဈေးလေးတွေကျလို့ products လေးတွေလည်း ဈေးကျပါတယ်ရှင့် ပြန်လည် အားပေးကြပါဦးနော် ချစ်မိတ်ဆွေတို့ရေ🫶💕🫶
#ဆီးချိုကော်ဖီ
#ဝိတ်ချကော်ဖီ
#သွေးတိုး
#ဝမ်းနုတ်ဆေး
#ခေါင်းကိုက်
#ခေါင်းတခြမ်းကိုက်
#ဇက်ကြောတက်
#ပင်ပန်း
#ဓမ္မတာ
#အမျိုးသမီးလစဥ်ရောဂါ
#အစာအိမ်
#နှလုံးရောဂါ
တွေ ရွှေဈေး ဒေါ်လာဈေး ငွေဈေးကျသလို ကျနေပါတယ်ရှင့်
ဈေးနှုန်းများ ☎️09402577573 or Viber မှာ စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်ရှင့်
12/11/2024
For your health💓
24/10/2024
ပျင်းတာရယ်၊ ကြောက်တာရယ် ဖယ်လိုက်ရင် တော်တော်များများ လွယ်ကူ သွားလိမ့်မယ်တဲ့
အဖွားက သင်ပေးထားတယ်။ မနက်ခင်း နေရောင်ခြည်လေးကို မြင်ရဖို့လည်း မပျင်းနဲ့။
အပင်လေး တစ်ပင် ပြုစုဖို့လည်း မပျင်းနဲ့။
ကိုယ့် ဆံပင်လေးကနေ ခြေဖျားအထိ တန်ဖိုးထားဖို့လည်း မပျင်းနဲ့။ မသိသေးတဲ့ လောက နယ်ပယ်ကြီးနဲ့ လူတွေအကြောင်း သင်ယူဖို့လည်း မပျင်းနဲ့။ အရသာရှိတဲ့ ဟင်းပွဲတွေကို ဖန်တီးဖို့လည်း မပျင်းနဲ့။ တစ်စုံတစ်ယောက်ကို ကူညီဖို့လည်း မပျင်းနဲ့။
တစ်ယောက်တည်း ဖြစ်နေမှာကိုလည်း မကြောက်နဲ့။
ငါ လုပ်နိုင်ပါ့မလားလို့လည်း မကြောက်နဲ့။ အင်အားကြီးတိုင်းလည်း မကြောက်နဲ့။ ခြောက်လှန့်တိုင်းလည်း မကြောက်နဲ့။ လူဆိုးတွေနဲ့ တွေ့ရမှာလည်း မကြောက်နဲ့။ နာကျင်ရမှာကိုလည်း မကြောက်နဲ့။
မပျင်းတဲ့ စိတ်ဟာ ရှင်သန်ဖို့ဖြစ်ပြီး၊ မကြောက်တဲ့စိတ်က သန်မာဖို့ ဖြစ်ပါတယ်။ ဒီ နှစ်ခု ပေါင်းစပ်လိုက်ရင် အလှပဆုံး Energy တစ်ခု ထွက်လာပါတယ်။
အဲဒါကို " အကြည်ဓာတ် " လို့ ခေါ်ပါတယ်။
Witchy Candy 🍭
#
16/08/2024
ခေတ်အဆက်ဆက် ရွှေ ၁ ကျပ်သားစျေးနှုန်းများ (လိုင်းပေါ်က ရှာလို့ရသမျှ စုစည်းထားပါသည်)
1938 = 50 ကျပ်
1950 = 180 ကျပ်
1960 = 240 ကျပ်
1962 = 260 ကျပ်
1970 = 460 ကျပ်
1975 = 1800 ကျပ်
1980 = 2400 ကျပ်
1982 = 3000 ကျပ်
1984 = 4500 ကျပ်
1988 = 10,500 ကျပ်
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်
2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1,780,000 ကျပ်
2022 = 2,800,000 ကျပ်
2023 = 3,715,000 ကျပ်(30.12.2023)
2024= 4,003,000 ကျပ် (6.3.2024).
2024 = 4,800,000 ကျပ် ( April)
2024 = 5,400,000 ကျပ် (May)
2024 = 5,200,000 ကျပ် (June)
2024 = 5,800,000 -6,800,000 ကျပ် (JULY)
2024 = 7,500,000 ကျပ် (Aug)
03/08/2024
ကိုယ်နေတဲ့မြို့ပတ်ဝန်းကျင်မှာ
စစ်ပွဲဖြစ်ဖို့ အရိပ်အငွေ့တွေ ပြနေပြီဆိုရင်
အရေးကြီးစာရွက်စာတမ်းတွေ
တန်ဘိုးရှိလက်ဝတ်လက်စားတွေ
နဲ့ငွေသား တွေကို တပါတည်းယူသွားဖို့ စီစဥ်ထားပါ
ကိုယ်တွေ့ကြုံခဲ့ရတဲ့ မိုးကုတ်၊မိုးမိတ်စစ်ပွဲ အတွေ့အကြုံအရ
အိမ်မှာချန်ထားခဲ့တဲ့သူမှန်သမျှ ဘာတစ်ခုမှပြန်မရခဲ့ကြပါဘူး
(အနည်းငယ်သောသူများမှအပ)
မီးခံသေတ္တာ တို့ ကျင်းတူးပြီးမြုပ်တာတို့ကို
သကောင့်သားတွေကနည်းသေးတယ်လို့ မှတ်ချက်ပေးသွားကြပါလိမ့်မယ်(ရွှေရှာစက်နဲ့လာကြတာပါ)
အထုတ်ကြီးမယ်ဆိုရင်တော့ ရန်ကုန် မန္တလေး ကစိတ်ချယုံကြည်ရသူတွေရှိခဲ့ရင် ကြိုတင် ပို့ထားပါ
ကိုယ်ထွက်မယ့်လမ်းကို ကြိုတင်ကြည့်ပါ
သားသမီးကို လမ်းကြုံနဲ့ထည့်ပေးလိုက်တာမျိုးကိုရှောင်ကျဥ်ပါ
(အဲ့လိုလူတွေပဲ ပြန်မတွေ့ရမချင်းမျက်ရည်နဲ့မျက်ခွက် မပြတ်တမ်း ငိုကြရလို့ပါ)
ခဏခေတ္တရှောင်ဖို့နေရာရွေးထားရင်လည်း အဲ့ဒီနေရာမှာရိက္ခာ အခြောက်အခြမ်း လုံလောက်ရဲ့လားအရင်လေ့လာပါ
တခြားမြို့တစ်မြို့ကိုဆက်သွားလို့ရမယ့်လမ်းကိုရွေးပါ
(လမ်းပိတ်နေရာတွေက ရက်ကြာရင် စားစရာပြတ်တတ်ပါတယ်)
မိုးကုတ်ကနေမန္တလေးရောက်ဖို့ ကားခတယောက်ကို ၅သိန်းလောက်ပေးခဲ့ရတယ်
လမ်းမှာ ၂ညအိပ်ရတယ်
ငါတို့မြို့တော့ဘာမှမဖြစ်ပါဘူးလို့ မထင်ထားပါနဲ့
စစ်ဖြစ်တာနဲ့ဖျက်ဆီးဖို့အမိန့်တခါတည်းပါပြီးသားပါ
ကောလ ဟာလ တွေကြားထဲက ဘယ်သတင်းကအမှန်လဲဆိုတာကို ဝေခွဲတတ်ဖို့ လေ့ကျင့်ထားပါ
အခြေအနေကိုအမြဲနားစွင့်နေပါ
စစ်ဖြစ်မှမြို့ကထွက်ရင် အသက်အန္တရာယ် ကြားကထွက်ရပါလိမ့်မယ်
စစ်ဖြစ်လို့ထွက်ပြေးကြမယ်ဆိုရင်လည်း အရင်ရှိနေပြီးသား စစ်ဆေးရေးဂိတ်တွေကနေထွက်တာရှောင်ပါ
( တန်ဘို့းရှိပစ္စည်းပါလာတာအားလုံးထားခဲ့ရတတ်ပါတယ်။သူတို့ကစေတနာနဲ့သိမ်းပေးတာဖြစ်မှာပါ)
မြို့တစ်မြို့မှာ စစ်ပွဲဘယ်အချိန်စသလဲဆိုရင်
မြို့ထဲက လူနေအိမ်တွေ စျေးဆိုင်တွေပေါ်ကို လက်နက်ကြီးကျည်တွေကျလာပြီ မြို့ထဲမှာနှစ်ဘက် အပြန်အလှန် ပစ်ပြီဆိုရင် စစ်ပွဲ စပြီလို့မှတ်ပါ
ကောင်းကင်ပေါ်ကနေလေယာဥ်တွေနဲ့နှင်းဆီပန်းတွေ
စပယ်ပန်းတွေကျဲချပြီဆိုရင် မြို့ထဲက မဖြစ်မနေထွက်ပါ
အခုခေတ်မှာ အားလုံးကိုရန်သူလို့ သတ်မှတ်တတ်ကြပါတယ်
ကိုယ့်မြို့ကနေ တခြားမြို့ ရွာတွေမှာ စစ်ရှောင်တော့မယ်ဆိုရင်
တတ်နိုင်ရင် ကိုယ့်နေရာကိုယ်ငှားပြီးနေပါ
လူ့သဘောအရ
လာပါနေပါ ခေါ်ကြပေမယ့်
အနေကြာလာရင် ကိုယ့်သားသမီးအရင်းအိမ်မှာတောင်အဆင်မပြေတာတွေအများကြီးဖြစ်တတ်ပါတယ်
အရင်တုန်းက ကိုယ်ကူညီခဲ့ဖူးတဲ့သူတွေကိုမေ့လိုက်ပါ
အများပိုင်းက
(အဆင်ပြေတယ် မဟုတ်လား)
(ဘာလိုသေးလဲ)
(လိုတာရှိရင်ပြောနော်)
ဆိုတဲ့စကားလေးတွေနဲ့အဆုံးသတ်တတ်ကြပါတယ်
လူတော်လူကောင်းအချို့တော့ရှိပါတယ်
ငါတို့ဒုက္ခရောက်နေတာ သူတို့ကူညီရမှာပေါ့ဆိုတဲ့အတွေးမျိုးလဲခေါင်းထဲကထုတ်ထားပါ
(အားလုံးအပူကိုယ်စီနဲ့ဖြစ်နေတဲ့ခေတ်ပါ)
သူများလာပေးမယ့်ထောက်ပံ့ငွေကိုမျှော်ပြီး ဘာအလုပ်မှမလုပ်ပဲ ဇိမ်နဲ့နှပ်နေတဲ့အကျင့်ကိုလည်းဖျောက်ပါ
ရက်ရှည်လာရင်ဝင်ငွေရမယ့် အလုပ်တစ်ခုကိုရှာပါ
ငါတို့ကိုမှ ဒါမျိုးကြုံစေတာလားဆိုတဲ့အတွေးမျိုးဝင်လာရင် ဖျောက်ဖို့ကြိုးစားပါ
ကိုယ်လုပ်ခဲ့တဲ့အကုသိုလ် တွေကြောင့်အခုလိုကြုံရတယ်
ကိုယ်ကအကုသိုလ်ကင်းရင်
ကိုယ့်ကိုဒီထက် ပိုကောင်းတဲ့ဘဝမျိုးကိုပေးဖို့ ဒီလိုကြုံစေတာ လို့မှတ်ယူပါ
ကိုယ်လက်အင်္ဂါ အကောင်းအတိုင်းရှိနေရင်
စစ်ပွဲကြောင့် ဒါဏ်ရာ ရသူတွေ လက်နက်ကြီးမှန်သူတွေ
လေယာဥ်ဗုံးကျဲခံခဲ့ရသူတွေ ဘယ်လိုနေမလဲ စာနာကြည့်ပါ
ကိုယ့်မှာမိသားစု လူစုံနေရင်
သားတကွဲ မယားတကွဲ ဖြစ်ခဲ့ရသူတွေကိုပြန်မြင်ယောင်ကြည့်ပါ
နေစရာအိမ်ကျန်သေးရင် ဆိုင်ရော အိမ်ရော မီးထဲ ပါသွားသူတွေရှေ့ဘယ်လိုဆက်ကြမလဲတွေးကြည့်ပါ။
အဆင်ပြေပါစေ။
(မိုးကုတ်နဲ့မိုးမိတ် စစ်ပွဲတွင်စစ်ဘေးရှောင်ခဲ့ရတဲ့ အတွေ့အကြုံများကိုမျှဝေလိုက်ပါတယ်။)
ဆီးချိူ ဝေဒနာရှင်များသိသင့်သောအချက်လက်များ........
""""""""""""""""""""""""""""""""""""""""""""""
ဆီးချိုဝေဒနာရှင်တွေမသိသေးတဲ့အချက်တစ်ခုကတော့သွေးအချိုဓာတ်နည်းလို့ မျက်စိရဲ့ အမြင်လွှာအတွင်းမှာရှိတဲ့
သွေးကြောမျှင်တွေပေါက်ပြီး မျက်စိအမြင်ဆုံးရှုံးသွားနိုင်ပါတယ်ဆိုတာပါပဲ
သွေးအချိုဓာတ် 3.5 mmol/L ( #69 mg/dl) ထက်နည်းလာလျှင် သွေးတွင်းအချိုဓာတ်နည်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ လူတိုင်းမှာ သတ်မှတ်စံချိန်တိုင်း ကိုက်ညီမှုရှိတတ်ပေမယ့် တစ်ချို့လူတွေမှာ ချွင်းချက်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါရှင်တွေအနေနဲ့ သွေးအချိုဓာတ် 3.5 mmol/L (69mg/dl)ထက် မနည်းခင်မှာကို
ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့် သွေးအချိုဓာတ်ကို မများလွန်း၊ မနည်းလွန်းဘဲ ထိန်းနိုင်အောင် ကြိုးစားသင့်ပါတယ်။
သွေးချိုဓာတ် နည်းပါးလွန်းရင် ဘာတွေဖြစ်သွားနိုင်ပါသလဲ။
သွေးချိုဓာတ် နည်းပါးလွန်းရင် ပထမတစ်ခုအနေနဲ့ နှလုံးနဲ့
နှလုံးကြွက်သားတွေကို ထိခိုက်နိုင်ပါတယ်။ နှလုံးခုန်မမှန်တာ၊
နှလုံးကြွက်သားတွေ သေဆုံးသွားတဲ့ရောဂါနဲ့
နှလုံးသွေးကြောပိတ်တဲ့ရောဂါတွေလည်း ဖြစ်သွားနိုင်ပါတယ်။ နှလုံးအပြင် နောက်ထပ် မျက်စိရဲ့ အမြင်လွှာအတွင်းမှာရှိတဲ့
သွေးကြောမျှင်တွေပေါက်ပြီး သွေးထွက်လာနိုင်ပါတယ်။ မျက်စိအမြင်လွှာကွာထွက်ခြင်း (Retinal Detachment) ဖြစ်နိုင်ပါတယ်။ မျက်စိအမြင်ဆုံးရှုံးသွားနိုင်ပါတယ်။ နောက်ကိုယ်ရဲ့ အပူချိန်ဟာ သွေးထဲမှာ သကြားဓာတ်အလွန်အမင်းကျဆင်းမှုကြောင့် လူကိုယ်တွင်းရှိသင့်တဲ့ ကိုယ်အပူချိန်တွေဟာ ကျဆင်းပြီးတော့ တစ်ကိုယ်လုံးအေးစက်နေတတ်ပါတယ်။
ဒုတိယအနေနဲ့ ဦးနှောက်က သကြားဓာတ်အလုံအလောက်မရရင် လူနာဟာ ဇဝေဇ၀ါဖြစ်လာမယ်။ ကြောင်တောင်တောင် ဖြစ်လာနိုင်ပါတယ်။
အိပ်ငိုက်ပြီး မှိန်းနေတတ်ပါတယ်။ သူ့ကိုကြည့်လိုက်ရင် သာမန်လူတစ်ယောက်လို သွက်သွက်လက်လက် မပြောနိုင်တော့ဘူး။ ပလုံးပထွေးပြောမယ်။ စကားပြောမပီသတော့ဘူး။ အလုပ်အပေါ် အာရုံစူးစိုက်လို့မရနိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်တွေ တည်ငြိမ်မှုမရှိတော့ဘဲ ဘာကိုမှ တိတိကျကျ ရေရေရာရာ စဉ်းစားလို့မရတဲ့ အခြေအနေမျိုးထိ ဖြစ်သွားနိုင်ပါတယ်။တိုးလာမယ်။
ခြေထောက်တွေတောင့်တင်းလာမယ်။ ဦးနှောက်တွင်း လိုအပ်တဲ့ အချိုဓာတ်တွေ လျော့နည်းလာမှုကြောင့် သတိလစ်ခြင်း၊ မူးနောက်လာခြင်း၊ စကားပြောရာတွင် အခက်အခဲရှိလာနိုင်ခြင်း၊ စိတ်ကို စုစည်းထားနိုင်စွမ်းရည် ကျဆင်းလာခြင်း၊ သတိနှင့် အသိမကပ်တော့ခြင်း၊ တက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဦးနှောက်တွင်း သွေးချိုဓာတ်ကျဆင်းတဲ့ရောဂါလက္ခဏာတွေ
ပေါ်လာပြီဆိုရင် အချိန်မီကုသမှုခံယူသင့်ပါတယ်။ မကုသရင် ဦးနှောက်ပျက်စီးသွားနိုင်ပါတယ်။ နောက်ဆုံး သတိလစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။
မှတ်ချက်။ ပါမောက္ခ ဦးတင့်ဆွေလတ် (ဆီးချို၊သွေးချိုရောဂါနှင့် အထွေထွေရောဂါကုဆရာ၀န်ကြီး) ရေးသားသော ဆီးချို၊သွေးချိုဆိုင်ရာအမေးများသောမေးခွန်းများစာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။
🍎🍓🍒🍇🍑အသီးဆေးနည်းလေးတွေ
20/06/2024
🙏🙏🙏
06/06/2024
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း မှန်နေမဲ့ အချက် ၇ ချက်
၁။ ကိုယ် ဘယ်လိုနေနေ ၊ ဘာတွေပဲလုပ်လုပ် လူတိုင်းကတော့ ကိုယ့်ကို ကြိုက်နိုင်မှာ မဟုတ်ဘူးဆိုတာ သိထားပါ။ တစ်ယောက်ယောက်ကများ ကိုယ့်ကို မကောင်းပြောလာခဲ့ရင် တုန်လှုပ်မသွားပါနဲ့။
အဲဒါ သာမန်ပါပဲ။ နောက်ပြီး လူတကာကြိုက်ဖို့ကိုလည်း ဘယ်တော့မှ အားမထုတ် ၊ မမျှော်လင့်ပါနဲ့။ သိပ်ပင်ပန်းရပါလိမ့်မယ်။
၂။ ကိုယ် လုပ်ပေးနိုင်တာ လုပ်ပေးပါ။ တုံ့ပြန်ဖို့ မမျှော်လင့်ပါနဲ့။
၃။ လူတွေကို ပြောင်းလဲပေးတာထက် ပြောင်းလဲချင်စိတ်ရှိသူကို ကူညီပေးတာက ပိုထိရောက်ပါတယ်။
၄။ ေ-သကွဲသော်လည်းကောင်း ၊ ရှင်,ကွဲ သော်လည်းကောင်း ၊ အချိန်မရွေး ကွဲ သွားနိုင်ပါတယ်။ ဒါကို ရွေးချယ်လို့မရပါဘူး။ အတူရှိနေတုန်းမှာ တစ်ယောက် နဲ့ တစ်ယောက် ဘယ်လို သဘောထား ဆက်ဆံ ကြမလဲဆိုတာကိုပဲ ရွေးလို့ရပါတယ်။
၅။ ဘယ်သူ့ကိုမှ ပုံမသွင်းပါနဲ့။ မချည်နှောင်ပါနဲ့။ လွှမ်းမိုးဖို့ မကြိုးစားပါနဲ့ ။ အရှိအရှိအတိုင်းကိုသာ လက်ခံနိုင်အောင် ကြိုးစားပါ။
၆။ တုံ့ပြန်သင့်တယ်ထင်ရင် တစ်ခါတည်း တုံ့ပြန်ခဲ့ပါ။ ပြီးမှ ခံလိုက်ရလေခြင်းဆိုပြီး တနုံ့နုံ့နဲ့ ခံစားမနေပါနဲ့။ နှစ်ခါ ရှုံ၊းပါတယ်။
၇။ ကိုယ့်ကို ဒုက္ခပေးခဲ့ဖူးသူတွေကို ခွင့်လွှတ်ပါ။ ပိုအရေးကြီးတာက ကိုယ့်အပေါ် ကောင်းတဲ့သူတွေကို အသိအမှတ်ပြု ၊ ကျေးဇူးတင် ၊ ကျေးဇူးဆပ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့ ။
#ပျော်ရွှင်ပါစေ
Copy credit
Click here to claim your Sponsored Listing.
Telephone
Website
Address
Mandalay
951
