Aung Thurain Kyaw
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Thurain Kyaw, between 67 x 68 and 41 x 42, Maharaungmyae, Mandalay.
20/02/2024
ဘန်ကောက်-ချင်းမိုင်ရထားခရီးစဉ်
စတင်ထွက်ခွာသည့်နေရာ : ခရန်တိ အဖီဝက် ဘူတာရုံ (Krung Thep Aphiwat Central Terminal)
ထွက်ခွာသည့်အချိန် : မနက် ၁၀ နာရီ မှ နေ့လည် ၁ နာရီ
ဘန်ကောက်-ချင်းမိုင် ရထားခရီးစဥ်ဟာ ထိုင်းနိုင်ငံရဲ့ အသာယာဆုံးရှုမျှော်ခင်းတွေနဲ့အတူ ရင်ခုန်စရာအကောင်းဆုံး ရထားလမ်း ခရီးစဉ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ညနေ ၆ နာရီ ၄၀ မိနစ်မှာ ဘန်ကောက်မြို့ကနေ ထွက်ခွာလာတဲ့ရထားဟာ မှောင်မည်းနေတဲ့ လွင်ပြင်ကျယ်ကြီးတွေကို ဖြတ်သန်းရပါတယ်။ မြောက်ဖက်ကို ဦးတည်ခုတ်မောင်းလာပြီး ခရီးသည်တွေဟာ တိမ်မြူတွေအုံ့ဆိုင်းနေတဲ့ နံနက်ခင်းရဲ့ ရင်သပ်ရှုမောဖွယ်ရာရှုခင်းတွေနဲ့အတူ နိုးထကြပါတယ်။ ခရီးသည်တွေဟာ ရင်သပ်ရှုမောဖွယ် တောင်ချိုင့်တွေ၊ စိမ်းလန်းစိုပြေနေတဲ့ အမြဲစိမ်းသစ်တောတွေ၊ ခမ်းနားလွန်းတဲ့ စပါးခင်းတွေနဲ့ ချစ်စရာကောင်းတဲ့ လယ်ကွင်းအိမ်လေးတွေကို ပြတင်းပေါက်ကနေတဆင့် ကြည့်ရှုခံစားနိုင်ပါတယ်။ ချင်းမိုင်အရောက်မှာလည်း အလွန်သပ္ပါယ်တဲ့ ဘုရားတွေ၊ အကသာထူးကဲတဲ့ ဒေသအစားအစာတွေ၊ နွေးထွေးပျူငှာတဲ့ ဒေသခံတွေရဲ့ဆက်ဆံရေးတွေအပြင် စွဲမက်ဖွယ်ကောင်းတဲ့ ရှုခင်းတွေက စောင့်ကြိုနေပါတယ်။ ညအိပ်ခရီးဖြစ်တဲ့အတွက် သက်တောင့်သက်သာ အိပ်စက်နိုင်တဲ့ အမြန်ရထားအမှတ်စဥ် 9 ကို ဦးစားပေးရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်။
ရထားစီးပြီးတော့ ခရီးသွားမယ်ဆိုရင်တော့ ဒီဆော့ဝဲက မရှိမဖြစ်လိုအပ်ပါတယ်။
ဆော့ဝဲဒေါင်းရန်လင့် - https://alann.fun/archives/11516
06/01/2024
06/01/2024
ပထမလူ ………
သိန်းသုံးထောင်ကျော်တန်
နောက်ဆုံးပေါ် လင်ခရူဇာ ကားကြီးစီးတယ် ။
သိန်းသောင်းကျော်တန် အိမ်🏠ရှိတယ်။
သူမှာ သိန်းသောင်းကျော်တန် လုပ်ငန်းကြီးရှိတယ်။
သို့ပေမယ့် အကြွေးသိန်း ပေါင်း တစ်သိန်း ကျော်ရှိနေတယ် ။
ဒုတိယလူ …………
သိန်းတစ်ရာ့ငါးဆယ်တန် Toyota ကားလေး မောင်းတယ်။သိန်းရာကျော် အိမ်လေးနဲ့နေတယ်။
သူ လုပ်ငန်းတိုးချဲ့ထားတာ သိန်းထောင်ကျော် အကြွေးတင်နေတယ် သူ့ဘဝမှာ အမြဲသောကဖြစ်နေရတယ် ။
တတိယလူ………
၁၀သိန်းဝန်းကျင် ဆိုင်ကယ်မောင်းတယ်
သူဘဏ်မှာ သိန်းရာကဏန်းကျော် စုထားတယ်
သူဘဝက ပုံမှန်အလုပ်သွား လူမှုရေးလုပ် အများအတွက် လုပ် မိသားစုကို တတ်နိုင်သလောက်အချိန် ပေး ဘုရားတရားမြဲနဲ့နေတယ်
မိဘအိမ်မှာ ကပ်နေတယ်
သူတို့သုံးယောက် ဆုံတွေ့ကြတော့ ဆိုင်ကယ် မောင်းနေတဲ့သူက Toyota မောင်းတဲ့လူကို အားကျတယ် ။ Toyota မောင်းတဲ့လူက လင်ခရူဇာ မောင်းတဲ့လူကို အားကျတယ် လင်ခရူဇာမောင်းတဲ့လူကလည်း ဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ဘဝကို ပြန်အားကျနေပြန်တယ် ။
ဒါဟာ လောကမှာ လက်တွေ့ဖြစ်ပျက်နေတဲ့ အရာတွေပါ လူတိုင်း တစ်ယောက်ချင်းစီတိုင်းဟာ ရွှေငွေဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့အစေခံတွေ ဖြစ်နေကြရတယ် ။
ကြောင်က ငါးကိုကြိုက်တယ်…
ဒါပေမယ့် ရေကျတော့ မကူးတတ်ပြန်ဘူး ။
ငါးက တီကောင်ကိုကြိုက်တယ် ဒါပေမယ့်
ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့
တီတူးပြီး မစားနိုင်ပါဘူး ။
ဒီကနေ့ ဘယ်လောက်ပဲကြီးတဲ့ ကိစ္စကြီးဖြစ်နေပါစေ ။ မနက်ဖြန်ကြတော့ သေးသေးမွားမွားလေး ပြန်ဖြစ်သွားရော…
ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းရာဘဲ ဖြစ်ဖြစ်… နောက်နှစ်ကြတော့ ပုံပြင် ပြန်ဖြစ်သွားရော..
အလွန်ဆုံးတော့ ကျွန်တော်တို့လည်း
တစ်ပါးသူနားထောင်ဖို့ *ပုံပြင်* ကိုယ်စီရှိနေရုံလေးပါပဲ...။
တစ်ကယ်တမ်းတော့ ဘဝက ဒီလောက်မျှသာပါပဲ....။
လွတ်လပ်မူဆိုတာ လူတိုင်းအတွက်
ဖြစ်နိုင်ပါတယ်……။
ကိုယ်ကတော့ ရွေးချယ်မူ့အပေါ်
မူတည်ပါတယ်……
တစ်ခါတစ်လေတော့လည်း ရယ်မောမိပါတယ်။
crd.
20/12/2023
⛔⛔ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ....❓ ‼️
ပရီမီယာ ကော်ဖီမစ် ၁ ထုပ် ၂၅၀ ဖြစ်သွားပြီတဲ့။
၁၀၀၀ ဖိုး အရင်က ၁၀ ထုပ်ရပေမယ့် အခု ၄ ထုပ်ပဲရတော့တယ်။
အရင်က တနေ့ ၁ ထုပ်ဖျော်သောက်နေရတဲ့ကော်ဖီဟာ အခုတော့ အမှုန့်တဝက် နဲ့ ကော်ဖီ တခွက်လုပ်လိုက်ရပြီ။
ငါတို့ကော်ဖီ တဝက် ဘယ်သူယူသွားတာလဲ။❓
ကြက်ဥတလုံး အရင်က ၁၀၀။ အခု ၂၀၀၊ ၂၂၀၊ ၂၅၀ ဖြစ်သွားပြီ။ ❓
မနက်တိုင်း ထမင်းနဲ့ ကြက်ဥကြော်စားနေရတဲ့ငါ။ အခုတော့ တစ်ရက်ခြားပဲ ကြက်ဥနဲ့ စားနိုင်တော့တယ်။
ငါတို့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ။❓
ဆိုင်ကယ်လေး နဲ့ အလုပ်သွားတော့ ဆီထည့်ရဦးမယ်။
အရင်က ၁၀၀၀ ပေးရင် ဆီ ရေသန့် ၁ ဘူးရတယ်။
ခု ၁၀၀၀ က ရေသန့်ဘူး ၃ ပုံ ၁ ပုံပဲရတော့တယ်။
ငါတို့ဆီဘူးတဝက်ကျော် ဘယ်ရောက်သွားတာလဲ
ဆန်ဆိုင်ရောက်တော့ စားနေကြပေါ်ဆန်းက ၄၀၀၀ နီးပါး ဖြစ်သွားလို့ တဆင့်နိမ့်တဲ့ဆန်ပဲ ယူခဲ့ရတယ်။
ငါတို့ပေါ်ဆန်းဆန်ကို တခြားဆန်နဲ့ ဘယ်သူ ယူလဲသွားတာလဲ။❓
ပဲဆီအရင်က ၈၀၀၀ ကို ၁ပိသာရတယ်။
အခုတော့ ၅၀ သားပဲရတော့မယ်တဲ့။
ငါတို့ဆီ ၅၀ သားဘယ်ရောက်သွားတာလဲ။❓
ငါတို့က ဆင်းရဲတာကို။
ချမ်းသာတဲ့သူတွေ ကတော့ အေးဆေး နေမှာပါတဲ့။
အံမယ် မထင်နဲ့ တော့ ။⛔
USA Skincare မှ သုံးတဲ့ ဟိုအမကြီးလဲ အခု စျေးချိုတဲ့ Korea Brand တွေမွှေနှောက်ရှာနေရပြီ။
ကားကို 0 milage နဲ့ Brand New စစ်စစ် စီးချင်ပါတယ်ဆိုတဲ့ ဟိုအကိုလဲ သူ့ရှိတဲ့ကားလေးမပွန်းမပဲ့အောင် ဥစ္စာခြောက်နေရပြီ။
ကလေးဖိနပ် ၊ လွယ်အိတ်ကို BPA Free တွေ ၊ Singapore Brand တွေမှ ဝယ်ပေးတဲ့ ဟိုမေမေလဲ တရုတ်ကလာတဲ့ ရေဘူးလေးတွေ၊ အိတ်လေးတွေရှာဝယ်ပေးနေပြီ။
ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။❓
ငါတို့ပစ္စည်းတွေ ဘာလို့ တဆင့်နိမ့်တွေဖြစ်ကုန်တာလဲ။❓
"ကိုယ်လုပ်မှ ကိုယ်စားရမှာ" လို့ခံယူထားတဲ့ ငါတို့ အတွက်.... အလုပ်ကို အစွမ်းကုန် လုပ်နိုင်တဲ့နှုန်းအတိုင်း မပျင်းမရိ အလုပ်တွေ,လုပ်တာတောင် ငါတို့ ဘာလို့ တဖြည်းဖြည်းဆင်းရဲလာတာလဲ။❓
08/10/2023
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်က
စင်္ကာပူဆိုတဲ့တံငါကျွန်းရွာလေးက
#လီကွမ်ယု ဆိုတဲ့ လူငယ်လေးတစ်ယောက်က
အခုလို ပြောဖူးပါတယ်။
" မြန်မာပြည်က အရမ်းခမ်းနားတဲ့
ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်နိုင်ဖို့က
ငါ့ရဲ့ အိပ်မက်ပဲ ... "တဲ့။
၁၉၅၀- ၆၀ ခုနှစ်အတွင်း၊ ရွှေတစ်ကျပ်သား
၂၀၀/ ၃၀၀ ခေတ်၊ မြန်မာတွေ ရွှေထီးဆောင်း
ခဲ့ကြစဉ်ကပေါ့။
အဲဒီတုန်းက
ရန်ကုန်မြို့ဆိုတာ အရှေ့တောင်အာရှမှာ
အလှပဆုံးနဲ့ခေတ်အမှီဆုံးမြို့တော်...
မင်္ဂလာဒုံလေယဥ်ကွင်းဆိုတာ အရှေ့တောင်
အာရှမှာအကျယ်ဆုံးနဲ့အကောင်းဆုံးလေယဥ်ကွင်း..
ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့တောင်အာရှမှာ
နာမည်အကြီးဆုံးနဲ့အခမ်းနားဆုံး နံပါတ်တစ်
တက္ကသိုလ်...
နှစ် ၆၀ ကြာအပြီး...
ဒီနေ့ခေတ်မှာတော့ အရာအားလုံးက ပြောင်းပြန်
တွေဖြစ်ကုန်ပါရောလား...။ ။
🥺🥺🥺
မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။
15/02/2023
Owner သည် Owner နေရာမှာပဲနေပါ။
ခေတ်စားလာတဲ့ Business System
—————————————————
မြန်မာနိုင်ငံမှာ အတော်များများလုပ်ငန်းတွေက family business level ကနေ corporate level ထိ မတက်နိုင်ကြတာများတယ်… ဘာလို့လဲဆိုတော့ system မရှိလို့ပါပဲ…
အဲ့တော့ ဒီလုပ်ငန်းမှာ ကိုယ်က အစောင့်ကြီးလိုပဲ… နေရာက မခွါနိုင် ၊ လုပ်ငန်းချဲ့ဖို့ဆိုတာဝေး ၊ လူခွဲမှ မရှိတာကိုး…
လုပ်ငန်းရှင်တွေက လုပ်ငန်းရှင်နဲ့ မတူဘူး… ဟိုနေရာလဲ ကိုယ်ပါမှ ၊ ဒီနေရာလဲ ကိုယ်ပါမှ ၊ တဖြေးဖြေး တောက်တိုမယ်ရနဲ့ တူလာတယ်…
အဲဒီတော့ System ဆိုတာဘာလဲ…? ပြန်မေးရပါလိမ့်မယ်. . .နားလည်လွယ်အောင်ပြောရရင် အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်ပါ…
Organization system ကြီးတခု ပြီးပြည့်စုံစွာ တည်ဆောက်ဖို့ သင့်တော်တဲ့ Accounting system , HR system, Inventory system နဲ့ Operation system တို့လိုအပ်ပါတယ်…
အဲ့System တခုချင်းစီက အပြန်အလှန်ထိန်းကျောင်းထားတာမို့ တစ်စုံတစ်ယောက်က ဘယ်သူမှမသိအောင် မဟုတ်တာလုပ်ဖို့က မလွယ်ပါဘူး…
ဥပမာ တခုပြောရရင် ဘယ်လုပ်ငန်းမှာမဆို - Accountant , cashier(သို့) purchaser , management က တယောက်ထဲ လို့မရပါဘူး…
ဆိုကြပါစို့ စာရင်းသမားက management လုပ်လို့လဲမရသလို ၊ ငွေလဲမကိုင်ရပါဘူး… ( petty cash လို အသေးသုံးမျိူးတော့ ကိုင်လို့ရပါတယ်…) Manager လုပ်သူကလဲ ငွေကိုင်ခွင့်မရှိသလို စာရင်းလုပ်လို့လဲမရပါဘူး… ဒါကို Allocation of Power လို့ခေါ်ကြပါတယ်…
Power ဟာ တစုံတယောက်လက်ထဲမှာ အကုန်ရှိနေရင် လုပ်ငန်းဟာ အရမ်းအန္တရာယ်များပါတယ်… ဒါဟာ System ရဲ့ အခြေခံသဘောတရားပါပဲ… လုပ်ငန်းရဲ့ System တခုခြင်းစီမှာ Power တွေ ၊ Role တွေ ၊ Authority တွေ ခွဲထားရပါတယ်… အဲ့နောက်မှာ Responsibility က ကပ်ပါလာပါတယ်… ဒါကို Job design လို့ခေါ်ပါတယ်…
Job design တွေကတဆင့် KPIs(key performance indicators) တွေတည်ဆောက်ရပါတယ်… KPIs တွေကမှ Performance Appraisal System တွေ တည်ဆောက်ပါတယ်… အဲ့အခါမှာ Reward system ဆိုတာ တွဲပါလာပြန်ရော… ဒါက System ကိုမြင်သာအောင် အကြမ်းဖျင်းပြောတာပါ…
System တွေ ကောင်းသွားတဲ့အခါ လုပ်ငန်းရှင်က လုပ်ငန်းမှာ ငုတ်တုတ်ထိုင်ကြည့်နေစရာမလိုတော့ဘူး… System ကပဲ ဝန်ထမ်းတွေကို ထိန်းကျောင်းသွားတယ်… သူတို့အချင်းချင်း ထိန်းကျောင်းသွားကြတယ်… လုပ်ငန်းရှင်ရဲ့တာဝန်က ရောင်းအားတက်ဖို့ အဓိကပဲ… အဲ့ထက်ပို System ကောင်းသွားတဲ့အခါ စျေးကွက်ရှာဖွေခြင်းရဲ့ တစိတ်တပိုင်းကိုပါ System က support လုပ်ပေးနိုင်လာတယ်…
ဒါဆို မေးစရာက ရှိလာပြီ… System ရှိတာက ကောင်းကျိူးအဲ့လောက်များတာ ဘာလို့ လူတွေက Systemကို အကောင် အထည် မဖော်နိုင်ရတာလဲ… ???
မလွယ်လှလို့ပါ…
ဘာလို့ မလွယ်တာလဲဆို ပိုက်ဆံကုန်လို့ပါ…
၁။ system building လုပ်ပေးတဲ့ services တွေရှိပါတယ်… စျေးကလဲ မသေးပါဘူး… ဒေါ်လာထောင်ဂဏန်းက စယူပါတယ်… အဲ့ Service တွေ ဌားရုံနဲ့ ဇာတ်လမ်းက မပြီးပါဘူး…
သူတို့က System ကိုချပေးပြီးအချိန်တခုကြာရင် ထွက်သွားမှာပါ… အဲ့ System ကို ဆက် Run ဖို့ Professional တွေလိုပါတယ်… Management နေရာတွေကို ကိုင်ခိုင်းမဲ့သူက တကယ့် Qualified professional တွေဖြစ်ဖို့လိုပါတယ်…
၂။ အဲ့လိုတွေ Service မအပ်ချင်ဘူးဆိုရင် ၊ ဒါမှမဟုတ် ကိုယ့်လုပ်ငန်းက အပ်ရလောက်အောင် အရမ်းကြီးမနေဘူးဆိုရင် သက်ဆိုင်ရာ Professional တွေကို ခန့်ပြီး သူတို့နဲ့အတူ ကိုယ်တိုင် System ချလို့ရပါတယ်…
အဲ့မှာ အရေးကြီးတာက ၂ချက်ပါ…
- Owner ကိုယ်တိုင်က Accounting နဲ့ HR basic Knowledge ရှိနေရပါမယ်…
- ကိုယ့်ခန့်လိုက်တဲ့ manager တွေသည် တကယ့်ကျွမ်းကျင်တဲ့ Professional တွေ ဖြစ်နေဖို့လိုပါတယ်… professional ဆိုတဲ့စကားက အလကားသုံးတာမဟုတ်ပါဘူး…
Professional ဆိုတာ Professional Ethics ရှိပါတယ်… professional skill ရှိပါတယ်… system တခုကို အကောင်အထည်ဖော်တဲ့နေရာမှာ integrity က အသက်တမျှအရေးကြီးပါတယ်…
၃။ လုပ်ငန်းက အခုမှ စလုပ်မဲ့ လူငယ်တွေကို အကြံပေးချင်တာကတော့ ဘာမှမလုပ်ခင် Accounting Diploma တခုလောက်တော့ ရအောင်ယူပါ… ပိုက်ဆံများတတ်နိုင်ရင် HR Diploma ပါယူနိုင်ရင် ပိုကောင်းပါတယ်…
ဒီလိုပြောလို့ Marketing တို့ ၊ Management တို့က အရေးမကြီးဘူးလားဆိုတော့ ကြီးပါတယ်… ဘာနဲ့တူလဲဆိုတော့ ၆လသားကလေးကို မတ်တပ်ရပ်သင်ပေးမဲ့အစား လေးဘက်ထောက်သင်ပေးတာ ပိုသင့်တော်ပါတယ်… လေးဘက်ထောက်တာကျွမ်းသွားမှ မတ်တပ်ရပ်တာသင်ပေါ့…
အဲ့လိုပါပဲ လုပ်ရင်းကိုင်ရင်းနဲ့မှ Management တို့ ၊ Marketing တို့ ဆက်သင်ပေါ့… တချို့လူကြီးတွေ ပြောကြတဲ့စကားရှိပါတယ်… “ပညာကို ဆုံးခန်းတိုင်အောင် သင်ပြီးမှ အလုပ်လုပ်” ဆိုတာ တကယ်တော့မှားပါတယ်…
ပညာသင်ရင်းနဲ့ အလုပ်စမ်းလုပ်ကြည့်ဖို့လိုသလို အလုပ်လုပ်နေတဲ့တလျှောက်လဲ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေဖို့လိုပါတယ်…
တနိုင်ငံလုံးမှာ Franchise ဆိုင်ခွဲတွေ အများကြီးရှိတဲ့ Brand က Chairman က ပြောဖူးတဲ့စကားတခွန်းရှိပါတယ်… နဂိုရှိပြီးသား Brand ကို သူတို့ကုမ္ပဏီက Takeover လုပ်လိုက်တာပါ…
ဒီကုမ္ပဏီကို သူ Takeover ယူလိုက်တဲ့အချိန် ၈၀% သော ဝန်ထမ်းတွေ အလုပ်ထွက်သွားကြတယ်… သူက ဆက်ပြောပါတယ်… မလုပ်နိုင်တဲ့သူတွေ ထွက်သွားတဲ့အခါ သူတို့နေရာကို လုပ်နိုင်တဲ့သူတွေ ရောက်လာကြတယ်… လုပ်နိုင်သူတွေ ၊ လုပ်တတ်သူတွေ (Professional) တွေနဲ့ပဲ system ကိုဆက်ပြီး Implement လုပ်လို့ရတာပါ…
ဒီနေရာမှာ Budget ဘယ်လောက်သုံးနိုင်သည်ဖြစ်စေ အရေးကြီးတဲ့နောက်တချက်က owner’s mindset ပါ… အချို့ owners တွေက လုပ်ငန်းကိုတော့ system ချချင်တယ် but သူတို့ကိုယ်တိုင်ကိုက change ကိုကြောက်နေတယ်…
Organization မှာ လူတော်တွေကို သုံးဖို့ထက် သံယောဇဉ်တွယ်နေတဲ့လူရိုးတွေကိုပဲ စိတ်ချနေမိတယ်… နောက်တမျိူးက လုပ်ငန်းရှင်ကိုယ်တိုင်က professional မဆန်ဘူး… ဝန်ထမ်းကို အုပ်ချုပ်တဲ့အခါမှာလဲ professional behavior နဲ့မအုပ်ချုပ်ပဲ family business ပုံစံအုပ်ချုပ်နေတယ်…
အဲ့လိုလုပ်ငန်းမျိူးကတော့ ဘယ်လောက် budget သုံးပါစေ ဒုံရင်းက ဒုံရင်းပဲ ပြန်ဖြစ်သွားတတ်ပါတယ်… တချို့ owners တွေက သူတို့မရှိရင် မဖြစ်တာ ၊ အောက်ခြေသိမ်းလိုက်လုပ်နေတာကို ဂုဏ်ယူပြောဆိုကြတယ်…
အချိန်တခုအထိ လုပ်ငန်းက system မကျတာ လက်ခံနိုင်ဖွယ်ရာကျပေမဲ့ အချိန်အကြာကြီး system မရှိဘဲ လည်ပတ်နေတာဆိုရင်တော့ ပြသနာရှိနေပါပြီ…
လုပ်ငန်းရှင်ဟာ Organization ရဲ့ ဦးနှောက်နဲ့တူတာမို့ operation လုပ်ရမှာသည် ဝန်ထမ်းရဲ့တာဝန်ပါ… owners ရဲ့ အခန်းကဏ္ဏာသည် လုပ်ငန်းလည်ပတ်ဖို့မဟုတ်ပဲ လုပ်ငန်းတိုးတက်ဖို့ပဲ ပိုဖြစ်သင့်ပါတယ်… လုပ်ငန်းရှင်များ အထူးသတိပြုရန်ပါ…
OD practitioner တွေအတွက် System ချတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲရဲ့ ၅၀% က owners ကြောင့်ပါ… တချို့ owners တွေက လိုအပ်တဲ့နေရာတွေမှာ ပိုက်ဆံကို အကုန်အကျမခံချင်ဘူး… တချို့ owners တွေကျတော့လဲ သူတို့ကလွဲရင် ဘယ်သူ့ကိုမှ စိတ်မချဘူး…
တချို့ owners တွေကျတာ့ personal emotion တွေကို မထိန်းချုပ်နိုင်ဘူး… professional behavior နဲ့ မအုပ်ချုပ်နိုင်ဘူး… စသည်ဖြင့် အမျိူးမျိူးပါ… မိမိလုပ်ငန်းကို system တော့ချချင်ပါရဲ့ မိမိကိုယ်တိုင် system နဲ့ အံဝင်အောင် မကျင့်ကြံ မပြောင်းလဲနိုင်ရင် ပိုက်ဆံဘယ်လောက်အကုန်ခံခံ အလကားပါပဲ…
System ချဖို့ OD practitioner တယောက်ပေးရဲ့အချိန်ရဲ့ ၃ပုံ၁ပုံလောက်က owner ကို ဖျောင်းဖျနေရပါတယ်… ဒါကဘာကိုပြလဲဆိုရင် မြန်မာနိုင်ငံမှာ System ဆိုတဲ့ စကားလုံးကို ပိုက်ဆံရှိတဲ့လူတန်းစားအလွှာတွေသည်ပင်လျှင် မကျွမ်းဝင်နေတာကို ပြပါတယ်…
နောက်တခု အထင်မှားနေတာ တချက်က system တခါချထားပြီးတာနဲ့ fraud ကို ၁၀၀% မကာကွယ်နိုင်ပါဘူး… လုပ်ငန်းလိုအပ်ချက်အရ system ကို monitoring လုပ်ပြီး modification လုပ်နေဖို့လိုပါတယ်…
Fraud ကို ၁၀၀% မကာကွယ်နိုင်ပင်မဲ့ Percentage တခုအထိတော့ ကာကွယ်ပေးနိုင်တဲ့အပြင် system ရှိတဲ့လုပ်ငန်းတခုသည် အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်ရှိနေလို့ fraud ရှိရင် ပြန်ကို သိပါတယ်…
လုပ်ငန်းသည် system နဲ့ လည်ပတ်လာတဲ့အခါ owners သည် operation ထဲမှာ နစ်မြှုပ်မနေဘဲ လုပ်ငန်းတိုးတက်ရာ တိုးတက်ကြောင်းအတွက် အာရုံစိုက်နိုင်ပါတယ်… ဒါက system ရှိခြင်းရဲ့အားသာချက်တွေပါ…
Credit...
07/11/2020
Tale of the Nine Tailed(2020) မြန်မာစာတန်းထိုး
================================
ဒီဇာတ်ကားကိုအခုမှဘာလို့တင်တာလဲဆိုတော့အစ/ဆုံးကြည့်စေချင်လို့ပါ။ အပိုငျး(၁ မှ ၁၆)ထိ စ/ဆုံး
အညွှန်း
======
လီယွန်ဆိုတာ အရပ်ရှည်ရှည် နဲ့ ထီးတစ်ချောင်းကို ကိုင်ရင်း လျှောက်သွားနေတဲ့သူတစ်ယောက်….
ဒီထီးက နယ်နယ်ရရတော့မဟုတ်ဘူး..အရေးကြီးအစွမ်းထက်တဲ့ဓားတစ်ချောင်းအဖြစ်ပြောငး်လဲနိုင်သလို
သူ့ကိုလည်း စွမ်းအားပြည့်အသုံးချနိုင်ဖို့အထောက်အကူပြု လက်နက်ဖြစ်တယ်…တကယ်တော့သူဟာ
လူသားတွေနဲ့မခြားနေနိုင်စွမ်းရှိတဲ့ မြေခွေးတစ်ကောင်ဖြစ်ပါတယ်….
သူဟာ တစ်စုံတစ်ယောက်ကိုရှာဖွေနေသလို အဲ့ဒီကာလအတွင်းမှာလည်း
အချိို့သောမြေခွေးတွေကို လိုက်သုတ်သင်နေတဲ့သူဖြစ်တယ်….
နမ်ဂျီအာဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပရလောကတွေဟာ တကယ်ရှိတယ်လို့ယုံကြည်နေတဲ့
သူဖြစ်ပြီး အဲ့အကြောင်းအရာတွေကို လိုက်လံရှာဖွေပြီး တင်ဆက်နေတဲ့ရုပ်သံလိုင်းက
ပီဒီတစ်ဉီးပေါ့…….
လီယွန်ဆိုတဲ့မြေခွေးဟာ ဘာကိုလိုက်ရှာနေတာလဲ….ဒီလောကကြီးထဲမှာ လီယွန်လို လူသားပုံဖြစ်နေတဲ့
မြေခွေးတွေဘယ်လောက်များနေပြီလဲ…. လူသားတွေကိုရောဒုက္ခပေးနိုင်လား…..
သူတို့လို မြေခွေးတွေကို နှိမ်နှင်းနေတဲ့ တခြား မိစ္ဆာကောင်တွေရောရှိနိုင်လား….
နမ်ဂျီအာဆိုတဲ့ကောင်မလေးနဲ့ရော ဘယ်လိုတွေ တွေ့ဆုံကြမလဲ….
Movie link👇
=========
EP-1
https://www.facebook.com/events/1694751164029776/permalink/1695016657336560/?app=fbl
EP-2
https://www.facebook.com/events/713877669506073/permalink/714080836152423/?app=fbl
EP-3
A https://m.facebook.com/events/1044352019415908?view=permalink&id=1045624909288619
B https://m.facebook.com/events/1044352019415908?view=permalink&id=1045638149287295
EP-4
A https://m.facebook.com/events/1044352019415908?view=permalink&id=1045244539326656
B https://m.facebook.com/events/1044352019415908?view=permalink&id=1045254812658962
EP-5
A https://m.facebook.com/events/1044352019415908?view=permalink&id=1045326979318412
B https://m.facebook.com/events/1044352019415908?view=permalink&id=1045381635979613
EP-6
https://www.facebook.com/events/713877669506073/permalink/714416619452178/?app=fbl
EP-7
A https://m.facebook.com/events/1044352019415908?view=permalink&id=1045196509331459
B https://m.facebook.com/events/1044352019415908?view=permalink&id=1045213802663063
EP-8
A https://m.facebook.com/events/1044352019415908?view=permalink&id=1045166406001136
B https://m.facebook.com/events/1044352019415908?view=permalink&id=1045182435999533
EP-9
A https://m.facebook.com/events/1044352019415908?view=permalink&id=1045134036004373
B https://m.facebook.com/events/1044352019415908?view=permalink&id=1045152559335854
EP-10
A https://m.facebook.com/events/1044352019415908?view=permalink&id=1045057982678645
B https://m.facebook.com/events/1044352019415908?view=permalink&id=1044975476020229
EP-11
A https://m.facebook.com/events/471224873847518?view=permalink&id=473592686944070
B https://m.facebook.com/events/471224873847518?view=permalink&id=473611956942143
EP-12
A https://m.facebook.com/events/471224873847518?view=permalink&id=473668433603162
B https://m.facebook.com/events/471224873847518?view=permalink&id=473650103604995
EP-13
A https://m.facebook.com/events/471224873847518?view=permalink&id=473536153616390
B https://m.facebook.com/events/471224873847518?view=permalink&id=473544786948860
EP-14
A https://m.facebook.com/events/1044352019415908?view=permalink&id=1044417092742734
B https://m.facebook.com/events/1044352019415908?view=permalink&id=1044428139408296
EP-15 https://www.facebook.com/groups/198132115229589/permalink/199208491788618/
EP-16 ( End )
https://www.facebook.com/groups/198132115229589/permalink/200030965039704/
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Between 67 X 68 And 41 X 42, Maharaungmyae
Mandalay
100103
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |
| Sunday | 08:30 - 17:30 |

19/02/2024