YJM Face Mask

YJM Face Mask

Share

YJM Face Mask

05/03/2021

ငြိမ်းချမ်းပါစေ မြန်မာပြည်

01/03/2021

ဒီတလောအပြင်ထွက်တာများသွားလို့
အသားအရေညစ်မဲပီး ဝက်ခြံတွေထွက်နေပီလား။ 🌚🌚🌚🌚

YJM Face Mask မှအသားအရေထိန်းသိမ်းနည်းလေးတွေ မျှဝေပေးပရစေ။

🌞နေပူထဲမထွက်ခင် sunscreen SPF 30 ပါတာလေးလိမ်းပေးပါ။
🌞နေပူတိုက်ရိုက်မခံပါနဲ့။ ဦးထုပ်၊ မျက်မှန်၊ mask ၊ ချည်သားလက်ရှည် ၊ ထီးတို့ဖြစ် နေပူဒဏ်ကို ကာကွယ်ပါ။
🌞ရေကိုအနည်းဆုံး တစ်နေ့ 4 L သောက်ပေးပါ။
🌞ကိုယ်ခံအားကောင်းအောင် Vit C သောက်ပေးပါ။
🌞နေပူထဲတွင် 3 နာရီနှင့် အထက်နေရပါက ဓာတ်ဆားရေ တမျိုးမျိုး၊ အားဖြည့်အချိုရေတမျိုးမျိုး သောက်ပေးပါ။
🌞ညအိပ်ရေး ဝဝအိပ်ပေးပါ။
🌞မျက်နှာလေးတွေလည်း ကြည်နေဖို့ ညညဆို mask လေးတွေကပ်ပေးလို့ရပါတယ်နော်။

25/02/2021

YJM Face Mask လေးက
☑️ပိုးသားနဲ့ပြုလုပ်ထားတာကြောင့်
ချည်သားနဲ့ လုပ်ထားတဲ့ Mask တွေထက် စုပ်ယူမှု ပိုအားကောင်းပြီး ချပ်ချပ်ရပ်ရပ်လေးနဲ့ ကပ်နေပါတယ်
☑️Mask မှာပါဝင်တဲ့ Serum က စေးကပ်ကပ်မဟုတ်လို့ မျက်နှာပေါ် တင်ထားရင်လည်း နေရ မခက်ပါဘူး
☑️ပါဝင်တဲ့ Serum ကလည်း အသားထဲ တခါတည်း စိမ့်ဝင်သွားမှာပါနော်
☑️Mask ကလည်း ဆိုဒ်ပြည့် ဖြစ်လို့ မျက်နှာကြီးတဲ့သူတွေ လွတ်နေမှာ မပူရတော့ပါဘူးနော်
YJM Face Mask လေးကို
အဖြူနဲ့အမဲဆိုပြီးနှစ်မျိုးထုတ်လုပ်ထားပါတယ် 🥰🥰🥰
ဘယ်လိုရွေးချယ်အသုံးပြုသင့်လဲဆိုရင်တော့ ???? 🤗🤗🤗
💯 ချွေးပေါက်ကျယ်သောသူတွေ
💯 ဆားဝက်ခြံရှိတဲ့ အကိုအမတွေ
💯 နေလောင်ထားတဲ့အသားရည်တွေအတွက်
(1) YJM ရဲ့ အမဲထုပ်လေးကိုအသုံးပြုနိုင်ပီး 👈👈👈👈👈👈
💯 အသားရည်လေးဝင်းပစိုပြေ နူးည့ံပြီး
💯 ရေဓာတ်ပြန်လည်ဖြည်းဆည်းပေးတာအတွက်
(2) YJM ရဲ့ အဖြူထုပ်လေးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်ရှင် 👈👈
ဒါ့အပြင် အဖြူ အမဲ နှစ်မျိုးလုံးကတော့ -
😍 မှဲ့ခြောက်၊ တင်းတိတ် နှင့် အမဲစက်လေးများ လျော့ပါးလာစေခြင်း
😍 ချွေးပေါက်ကျယ်လေးများ ကျဉ်းလာစေခြင်း
😍 အဆီပြန်ခြင်းကို ထိန်းပေးခြင်း။
😍 အရေးအကြောင်းလေးများ လျော့ပါးလာခြင်း။
😍 ဝက်ခြံအမာရွတ်လေးများ လျော့ပါးလာခြင်း။
😍 အသားအရေကြည်လင်လာစေခြင်း ၊
ညီညာချောမွတ်ပြီး စိုပြေနူးညံ့လာခြင်း။
😍 နေလောင်ထားတဲ့ အသားအရေတွေကို ပြုပြင်ပေးပါတယ်။
ဘယ်လိုသုံးပေးရမလဲ ??🤔🤔🤔🤔🤔
တစ်ပတ်မှာ 3 ရက်၊ အချိန်လေး 15 မိနစ်လေး ကပ်ပေးရုံပါပဲနော်

29/01/2021

YJM Face Mask ဆိုတာဘာလဲ ??
နေ့တိုင်းအသုံးပြုပေးနေရမှာလား ??
~~YJM Face Mask ဆိုတာ
Facial Mask လေးတမျိုးဖြစ်ပီး
အမျိုးသား၊ အမျိုးသမီးအကုန်လုံး အသုံးပြုလို့်ရတဲ့
Mask Sheet လေးတမျိုးပါနော် 🍊🌼💦
💜YJM Face Mask လေးကို နေ့စဉ်အသုံးပြုစရာမလိုပါဘူးနော်!
💜တစ်ပတ်မှာ 3 ရက်၊ အချိန်လေး 15 မိနစ်ပေးရုံဖြင့်
ဆုံးရှုံးသွားတဲ့ ရေဓာတ် 💧
လိုအပ်နေတဲ့ အဟာရတွေကို ဖြည့်တင်းပေးပြီး✔
အသားရည်လေးကို ဝင်းပစိုပြေစေမှာအမှန်ပဲနော်
✅ဒါ့အပြင် YJM Face Mask လေးကို
ဝက်ခြံနဲ့ ဆားဝက်ခြံတွက်ဆိုရင်တော့
အသားရည်လေးဝင်းပစိုပြေ နုညံဖို့ဆိုရင်တော့
ကဲချစ်တို့ရေ အသားရည်ခြောက်သွေ့တာတွေ
ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အမဲစက်တွေကို
သိသိသာသာသက်သာပျောက်ကင်းစေဖို့ဆိုရင်တော့
YJM လေးအနားမှာရှိနေဖို့လိုအပ်မယ်နော် 😍😍
YJM Mask လေးကို မှာယူလိုပါက
Page ChatBox ကနေ ဆက်သွယ်မှာယူနိုင်သလို
အောက်ပါ ဖုန်းနံပါတ်လေးကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော်!
Phone: 09799234567

09/01/2021

မနက်နိုးလာလို့ မှန်ထဲကြည့်တဲ့အခါ အသားလေးကြည်နေရင်၊ နှုတ်ခမ်းလေးက ပန်းရောင်သန်းနေရင်၊ မျက်နှာလေးက ကြည်လင် ဝင်းပနေရင် စိတ်ထဲက ကျေနပ်ပြီး မနက်ခင်းတွေက လှပနေရောဟုတ် လေဒီ။

ဒီလို မနက်ခင်းတွေ လှပဖို့ဆိုရင် ညဘက်တွေမှာ လုပ်ဆောင်ရမယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေ ရှိပါတယ်။ ဒီတော့ မနက်ခင်းမှာ လှပနေစေဖို့ ညဘက်တွေမှာ ဘယ်လိုတွေ ထိန်းသိမ်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
မနက်ခင်းမှာ လှပစွာ နိုးထနိုင်စေဖို့

မနက်ခင်းမှာ ခေါင်းအစ ခြေအဆုံး လှပနေစေဖို့ဆိုရင်
ခြေလက်တွေ ခြောက်သွေ့မှု ကင်းစေဖို့

ခြေလက်တွေ ခြောက်သွေ့ကွဲအက်မှု ကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ ခြေလက်သန့်စင်ပြီး ခြေထောက်တွေ၊ လက်တွေကို vaseline နဲ့ သံလွင်ဆီ နည်းနည်းရောပြီး လိမ်းပေးပါ။ ပြီးရင်တော့ လက်အိတ်လေး၊ ခြေအိတ်လေးတွေ စွပ်ပြီး အိပ်ပေးပါ။ မနက်နိုးတဲ့အခါ အစိုဓာတ် ပြည့်ဝပြီး ချောမွေ့အိစက်တဲ့ ခြေလက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။
ခြေသည်းလက်သည်းလေးတွေ ပန်းရောင်သွေး ကြွယ်စေဖို့

လေဒီလေးတွေကို လှပစေတဲ့အရာတွေထဲက တစ်ခုက ခြေသည်းလက်သည်းလေးတွေ ပန်းရောင်သွေးသန်းနေတာပါ။ ဒီတော့ ခြေသည်းလက်သည်းလေးတွေ ကျိုးပဲ့မှုကင်းပြီး ပန်းရောင်သွေး သန်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ ခြေသည်းလက်သည်းလေးတွေကို အုန်းဆီ ဒါမှမဟုတ် cuticle cream လိမ်းပေးပါ။
အိစက်တဲ့ နှုတ်ခမ်းသားလေး ရစေဖို့

နှုတ်ခမ်းလေးက အိစက်ပြီး နှင်းဆီဖူးလေးလို လှစေဖို့ဆိုရင် ညဘက် သွားတိုက်ပြီးတဲ့အခါ နှုတ်ခမ်းကို အစိုဓာတ်ထိန်းခရင်မ်တစ်ခုခု ဒါမှမဟုတ် lip balm တစ်မျိုးမျိုး လိမ်းပြီး လက်ချောင်းလေးတွေ သုံးလို့ နှိပ်နယ်ပေးပါ။ မနက်ကျရင် နှုတ်ခမ်းသားလေးက အိစက်လှပနေမှာပါ။
မျက်ကွင်းညိုတာ သက်သာစေဖို့

မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာတွေ မဖြစ်စေဖို့ဆိုရင် ည မအိပ်ခင်မှာ မျက်နှာသန့်စင်ပြီး အယ်လ်မွန်စေ့ဆီ အနည်းငယ်ကို မျက်လုံးအောက်ဘက်တဝိုက်မှာ လိမ်းပေးပါ။ ဒီလို လုပ်ပေးတာက ပုံမှန် လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာကို သက်သာစေနိုင်ပါတယ်။
မျက်တောင်လေးတွေ ထူထဲစေဖို့

မျက်တောင်လေးတွေ ထူထပ်စေဖို့ဆိုရင် ညမအိပ်ခင်မှာ မျက်တောင်လေးတွေကို ကြက်ဆူဆီ လိမ်းပေးပါ။ မနက် နိုးတာနဲ့ မျက်နှာသစ်ချပါ။
တောက်ပြောင်တဲ့ ဆံသားရရှိစေဖို့

ဆံသား လှပမှုက လေဒီလေးတိုင်းတောင့်တတတ်တဲ့ အလှတရားပါ။ ဒီတော့ လှပကျန်းမာရှည်လျားတဲ့ ဆံသားပိုင်ဆိုင်နိုင်စေဖို့ဆိုရင် မအိပ်ခင်မှာ အုန်းဆီလိမ်းပြီး အိပ်လိုက်ပါ။ မနက်ခင်း နိုးတဲ့အခါ ခေါင်းကို လျှော်ချလိုက်ရုံပါ။
အရေးအကြောင်း ကင်းစေဖို့

မျက်နှာလေးမှာ အရေးအကြောင်း ကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ မျက်နှာကို သေချာ သန့်စင်ပြီး sleeping mask လေး ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက အသားအရေကို လိုအပ်တာ အာဟာရ ဖြည့်ပေးရာ ရောက်သလို အရေးအကြောင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အသားအရေလေး ကြည်လင်စေဖို့

အသားအရေလေး ကြည်လင်ပြီး ရေဓာတ် ပြည့်ဝနေစေဖို့ဆိုရင် ညဘက်မှာ အိပ်ရေးဝဝအိပ်ပါ။ အစိုဓာတ်ထိန်းစက်ဖွင့်ပေးပါ။ ညအိပ်ရာ မဝင်ခင်မှာ ရေတစ်ခွက်လောက် သောက်ပေးပါ။

ဒီအလေ့အထလေးတွေကို ပျိုးထောင်ပြီး မနက်ခင်းတိုင်းမှာ လှပစွာ နိုးထလိုက်ရအောင် လေဒီလေးတို့ရေ………..

30/12/2020

Face Mask ကို မျက်နှာပေါ်မှာ ကြာကြာထားတာက
ကောင်းလား ? မကောင်းဘူးလား ? ⁉⁉⁉⁉⁉⁉

Face Mask တွေဟာ နာရီဝက်မကြာဘဲ ကျွန်မတို့ရဲ့အသားအရေကို ပိုကောင်းစေတဲ့ စျေးသိပ်မကြီးသော Facials အသေးစား ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ Face Mask လိမ်းပြီး လုံးဝခြောက်သွားတဲ့အထိ စောင့်တာ (သို့) မျက်နှာပေါ်မှာ Face Mask လိမ်းပြီး အိပ်တာက အကျိုးအာနိသင် အများကြီးရမယ်လို့ ယုံကြည်ကြပါတယ်။ ဒါက လုံးဝ မှားနေပါတယ်။ ကျွန်မတို့အသားအရေကို ကောင်းတာထက် ပိုပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Face Mask ကို အချိန်အရမ်းကြာကြာ ထားတာက ကောင်းလား ?
Face Mask ကို ဘယ်အချိန် အကန့်အသတ်ထိ ထားသင့်သလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။

Face Mask တွေဟာ Gel Mask , Homemade Mask (DIY) , Sheet Mask , Peel Off Mask စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ လာပါတယ်။ ဒါ့အပြင် Face Mask တွေရဲ့ ရည်ရွယ်ချက်များကလည်း အမျိုးမျိုးရှိပါတယ်။ Hydrating Mask များက အစိုဓါတ်ပေးပြီး တစ်ချို့ mask များမှာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး exfoliate လုပ်ပေးတဲ့ ပါဝင်ပစ္စည်းများ ပါဝင်ပါတယ်။ Clay Mask ( ရွံ့ပေါင်းတင်ဆေး)
ဓါတု exfoliate တွေ မပါတဲ့ Cream / Gel Mask
Exfoliate အက်ဆစ်များ ၊ အင်ဇိုင်းဓါတ်များ or rentinoids
Sheet Mask
Peel Off Mask
ဆိုပြီး အမျိုးအစားစုံလင်စွာ ရှိပါတယ်။
အခုကတော့ Sheet Mask အမျိုးအစားလေး အကြောင်းကို မျှဝေပေးလိုက်ပါတယ်နော်

Sheet Mask ကို အချိန်ကြာကြာထားခြင်းက တကယ်တော့ သင့်အသားအရေထဲက အစိုဓါတ်ကို ပြန်ပြီး စုပ်ယူနိုင်တဲ့ ပြောင်းပြန်သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် သင့်အသားအရေကို သတ္တဓါတ်များနဲ့ ဗီတာမင်များ ဆွဲယူနိုင်တာကြောင့် Sheet ကို ခြောက်သွေ့တဲ့အထိ ဘယ်တော့မှ မစောင့်ပါနဲ့။ မိနစ်် 20 အချိန်ကန့်သတ်ပြီး မိနစ် 30 ထက်ပိုပြီး မထားသင့်ပါဘူး။ Over essence ထားချင်ရင်တော့ သင့်လည်ပင်း ၊ လက်များနှင့် ခြေထောက်တွေပေါ်မှာ လိမ်းနိုင်ပါတယ်။ အရေးကြီးဆုံးက Sheet mask နှင့် ဘယ်တော့မှ မအိပ်သင့်ပါဘူး။ Skin Care အနေနဲ့ သုံးမယ်ဆိုရင်တော့ တစ်ပတ် တစ်ကြိမ် ကနေ နှစ်ကြိမ်ထိ သုံးနိုင်ပါတယ်။
Face Mask သုံးတဲ့အခါ သင့်အသားအရေကို မထိခိုက်စေဖို့ သတိရပါ။ ဒါကြောင့် အချိန်ပြည့်ရင် mask ကို ဖယ်ရှားပြီး ချက်ချင်း မျက်နှာသစ်ပေးပါ။ အကောင်းဆုံးကတော့ မိနစ် 20 ထက်ပိုပြီး mask ကို မထားပါနဲ့။

21/12/2020

ချစ်တို့ရေ ........
အခုလို ချမ်းအေးတဲ့ ဆောင်းရာသီမှာ ☃️☃️☃️☃️☃️
မိမိ အသားအရေကို အထူးဂရုစိုက်သင့်တယ်နော်
မင်မင်ကတော့ YJM Face Mask အဖြူလေးကို
ညတိုင်းကပ်ပြီး အိပ်တယ်လေ

သူက အသားအရေကို စိုပြေဝင်းပစေတဲ့အတွက်
ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ အသားခြောက်ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့ ❄️❄️❄️❄️❄️❄️

Bright Mask

11/12/2020

A Fu လို လှချင်ရင် YJM Face Mask လေး ကပ်

10/12/2020

ဆောင်းတွင်း အသားပတ်၊ အသားခြောက် တာတွေသက်သာစေဖို့

ပျိုမေတို့ရေ... အခုဆို ဆောင်းရာသီရဲ့ တတိယပတ် ကို ရောက်လာပြီနော်....
ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ဆောင်းတွင်း မှာ အသားအရေ ထိန်းသိမ်းနည်းလေးတွေ ပြောပြပေးမယ်နော်....
ရေများများသောက်ပါ...
ဆောင်းတွင်းမှာ အသားပတ်၊အသားခြောက်တွေသက်သာစေမယ့် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းလေးကတော့ ရေများများ သောက်ဖို့ပါပဲနော်...
ခန္ဓာကိုယ် ထဲမှာ ရေဓာတ်ပြည့်ဝနေရင် အသားပတ်၊အသားခြောက်တာတွေကို ကာကွယ်ရာရောက်ပါတယ်... ဒါကြောင့် ရေများများ သောက်ပေးပါ.....
Scrub လုပ်တာ လျှော့ပါ....
အရင်က မျက်နှာချေးချွတ်၊ body scrub ကို မကြာ ခဏ လုပ်တတ်တယ်ဆိုရင် အခုလို့ ဆောင်းတွင်းမှာတော့ လျှော့သင့်ပါတယ်.....
ဆောင်းတွင်း အသားခြောက်ရတဲ့အထဲ Scrub ကို မကြာခဏ လုပ်နေမယ်ဆိုရင် မျက်နှာမှာ ရှိရမယ့် အဆီတွေ ခမ်းခြောက်ပြီး အရေပြားလန်တာတွေ ဖြစ်လာတက်ပါတယ်... တကယ်လို့ Scrub လုပ်ဖြစ်ခဲ့ရင်လည်း Moisture တစ်ခုခု လိမ်းဖို့ မမေ့ပါနဲ့နော်..
အစိုဓာတ်ဖြည့် ဖို့ လိုအပ်ပါတယ်...
ဆောင်းတွင်းမှာဆို အသားအရေကို အစိုဓာတ်ဖြည့်တင်းဖို့ လိုပါတယ်... Moisture သုံးမယ်ဆိုရင်လည်း ရေဓာတ်ပိုပါတဲ့ Moisture ကို ရွေးချယ်အသုံးပြု ဖို့ အကြုံပြုချင်ပါတယ်...
Mask ကို ပိုကပ်ပေးပါ...
ဆောင်းရာသီ ရောက်ရင် အသားအရေ ခြောက်တဲ့ အတွက် ရေဓာတ်ကို ပိုလိုအပ်ပါတယ်...
ဒါကြောင့် ရေဓာတ်အခြေခံထားတဲ့ Mask ကို မကြာ ခဏ ကပ်ပေးဖို့ လိုပါတယ်......
Mask မကပ်နိုင်ဘူး ဆိုရင်တောင် သဘာဝပစ္စည်းတွေဖြစ်တဲ့ ရှားစောင်းလက်ပတ်၊ သခွားသီး စတဲ့ ရေဓာတ်ပိုပါတဲ့ အသီး၊အနှံတွေကို တစ်ပတ် ကို သုံးကြိမ်လောက် ကပ်ပေးမယ်ဆိုရင် အသားခြောက်တာတွေ သက်သာစေမှာပါ...
Sunscreen လိမ်းပေးဖို့ လိုပါတယ်....
ဆောင်းတွင်း နေသိပ်မပူလို့ sunscreen မလိမ်းပေးရဘူးလို့ မထင်ပါနဲ့... SPF 30 ပါဝင်တဲ့ sunscreen တစ်မျိုးမျိုးကို လိမ်းပေးဖို့ လိုအပ်ပါတယ်.....
Sunscreen လိမ်းပြီးရင်လည်း နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်သင့်ပါတယ်...
Facial Cleanser ကို ရွေးချယ်အသုံးပြုပါ...
ဆောင်းတွင်းမှာ အသားအရေ က ခြောက်သွေ့လွယ်တာကြောင့် ကိုယ်သုံးတဲ့ မျက်နှာသစ် ဆပ်ပြာက ဘာကို အခြေခံပြီး ထုတ်ထားလဲ ဆိုတာ လေ့လာဖို့ လိုပါတယ်....
ရေဓာတ်ကို အခြေခံထားတဲ့ မျက်နှာသစ်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်... ဆောင်းတွင်းမှာ မျက်နှာ မကြာ ခဏ သစ်ခြင်းကိုလည်း လျှော့ချဖို့ လိုပါတယ်....
အပေါ်က အချက်လေးတွေကို လိုက်နာမယ် ဆိုရင် ဆောင်းတွင်း အသားပတ်၊အသားခြောက်တာတွေအတွက် အေးဆေးဖြစ်ပြီနော်...
ပျိုမေတို့အားလုံး ကျန်းမာ၊လှပတဲ့ အသားအရေ ပိုင်ရှင်လေးတွေ ဖြစ်ပါစေနော်...

04/11/2020

ဆီးမီးမြိုင်မြိုင်🏮🏮🏮🏮🏮🏮🏮
တန်ဆောင်တိုင်အခါသမယမှာ 🎇🎇🎇🎇🎆🎆🎆🎆
(၇) ရက်သားသမီးများအားလုံး
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေ ကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏🙏🙏🙏🙏

24/09/2020

အလှပြိုင်မယ်နော်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


74 Street X Between Kyansitthar St. And Zaw Gyi St
Mandalay
05051