Beauty Plus Cosmetics - 2
ထိုင်းမော်ဒယ် မင်းသမီးတွေလက်စွဲ Beauty Plus မိတ်ကပ် Set
🌹 ဖူးဖူးလေးနဲ့ ကြွရွ နုဖတ်နေတဲ့ မျက်နှာလေးဖြစ်ဖို့က ကိုယ်သုံးတဲ့ မိတ်ကပ်က "အသက်" ပဲနော်
👉 မိတ်ကပ်လိမ်းလိုက်လို့ ရှိရင်းစွဲအသက်ထက် ပိုအိုသွားတာ ရင့်သွားတာမျိုးဖြစ်ဖူးကြတယ်မှတ်လား
ဒါဟာမိတ်ကပ်အရွေးမှားလို့ပါ ❗
လိမ်းလေ ပိုနုလေ ပိုဝင်းပြီးလှလေ ကြည်ကြည်လေးနဲ့ အသက်အရွယ်ကို ပိုငယ်သွားစေတဲ့ မိတ်ကပ် Brand အကောင်းစားလေးနဲ့ မိတ်ဆက်ပေးမယ်
အဲ့ဒါကတော့ … Beauty Plus မိတ်ကပ် Set လေးပါ။
Beauty Plus မိတ်ကပ် Set လေးက ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစက်ရုံမှာ ထုတ်လုပ်ထားပြီး
🇹🇭 ထိုင်း 🇲🇲 မြန်မာ FDA ထောက်ခံချက်တွေ ရရှိထားတဲ့ အကောင်းစားမိတ်ကပ် Brand တစ်ခုဖြစ်ပါတယ်။
✅ သူ့ရဲ့ထူးခြားချက်ကတော့ Skin Care အာနိသင်တွေပါ ထည့်သွင်းထုတ်လုပ်ထားလို့ ဝက်ခြံ အမဲစက် တင်းတိပ်တွေကို သက်သာစေပြီး လိမ်းလေ ပိုလှလေ နဂိုအသက်အရွယ်ထက် ပိုငယ်သွားစေမယ့် မိတ်ကပ် Set လေးပါ။
✅ High Coverage ဖြစ်လို့ မိတ်ကပ်သားလုံးဝမထူပဲ မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ညက်ညက်သိပ်သိပ်လေးနဲ့ ဖုံးပေးနိုင်ပါတယ်။
✅ အဆီပြန်မှု /အစိုပြန်မှု / ဟိုတကွက် ဒီတကွက် ဖြစ်မှုကို ထိန်းပေးနိုင်ပြီး တာရှည်ခံချက်ကတော့ လိမ်းပီး 12နာရီကြာခံတော့ ဘယ်အချိန်ကြည့်ကြည့် လိမ်းခါစ မိတ်ကပ်လေးလို လှနေဦးမှာ
✅ ပါဝင်ပစ္စည်းတွေကို ဂျပန်နိုင်ငံကနေ တင်သွင်းအသုံးပြုထားကာ အသားအရေကို ထိခိုက်ပျက်စီးစေမယ့် Alcohol တို့ Paraben တို့လဲလုံးဝမပါတော့ sensitive skin တွေအထိပါ စိတ်ချလက်ချလိမ်းနိုင်တယ်။
✅ မိတ်ကပ်သား ညက်ညက်သိပ်သိပ်လေးနဲ့ သဘာဝကျကျ Glow ပြီး စိုစိုပြေပြလေးဖြစ်နေစေတယ်။
✅ SPF 50 PA+++ ပါဝင်လို့ Sunscreen
သီးသန့် လိမ်းစရာမလိုတော့တဲ့အပြင် UVA / UVB Rays တွေကြောင့် အမဲစက် ၊ တင်းတိပ် ၊ အရေးအကြောင်းတွေ မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်တဲ့ မိတ်ကပ်လေးပါ
ဒါ့အပြင် skin care အာနိသင်တွေ အကုန်ပါပီးသားမို့ မိတ်ကပ် အထူကြီးမကြိုက်သူတွေ ၊ Skincare အဆင့်ဆင့်မလိမ်းချင်သူတွေအတွက် ကွက်တိပဲနော်။
🥰 လိမ်းထားတာကြာလို့ မဲသွားတာမျိုး လုံးဝမဖြစ်စေတဲ့အပြင် မိတ်ကပ်သား အရမ်းတက်လို့ ဘယ်အချိန်ကြည့်ကြည့် လိမ်းခါစမိတ်ကပ်လေးလို မျက်နှာလေးက ဖူးပြီး ကြွရွလှပနေမှာပါ
✌️အရောင်အနေနဲ့ အသားဖြူသူ၊အသားညိုသူတွေအတွက် နှစ်ရောင်ထုတ်လုပ်ပေးထားလို့ ကိုယ်နဲ့လိုက်ဖက်တာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါပြီနော်
💟 Beauty Plus မိတ်ကပ်ရည်လေးသုံးပြီး Two way pact လေးကို အပေါ်ကထပ်ပုတ်လိမ်းပေးရုံနဲ့ Korea မလေးတွေလို ပြစ်မျိုးမှဲ့မထင် အလှတရားကို ပိုင်ဆိုင်နိုင်ပါပြီနော်
👉 ဈေးနှုန်းလေးတွေက
🏷️မိတ်ကပ်ရည် ဘူးကြီး = (145,000) ကျပ်
🏷️Two way pact = ( 115,000 ) ကျပ်
ကဲ ... နုပျိုလတ်ဆတ်တဲ့ မိတ်ကပ်ကောင်းကောင်းလေးကို လိမ်းကြည့်ဖို့ အရမ်းစိတ်ဝင်စားနေပီလား?
ဒါဆိုရင် Beauty plus မိတ်ကပ်ရည် နဲ့ Two Way လေးကို အခုပဲမှာယူဖို့ ☎️ 09 761 200 588 ကို ဟယ်လိုလုပ်လိုက်တော့နော်
📲 မှာယူလိုပါက ဆက်သွယ်ရန်ဖုန်း
09 - 260 555 933
09 - 260 555 911
ဝက်ခြံဖြစ်လွယ်သော အသားအရည်အတွက် သတိထားရမဲ့အရာ(၆)မျိုး✨💙
အသားရည်ကို ရင့်ရော်စေနိုင်မဲ့
သတိထားရမဲ့အရာ(၆) မျိုး ❤️✨
28/06/2024
ဝက်ခြံဖြစ်လွယ်သောအသားအရေအတွက် ဆောင်ရန်/ ရှောင်ရန်များ 📢‼️
ဒီတလောမှာ ယောက်ျားလေး၊ မိန်းကလေးတော်တော်များများဟာ ဝက်ခြံပြဿနာတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ဝက်ခြံဟာ စဖြစ်ဖြစ်ချင်းမှာ ဘယ်လိုကနေ ဘယ်လိုစဖြစ်လိုက်မှန်းမသိသာလိုက်ပေမယ့် ပွားများတာအလွန်မြန်ဆန်ပါတယ်။ breakouts ဖြစ်လာခဲ့ပြီဆိုရင်လဲ ထိန်းချုပ်ဖို့ခက်ခဲတတ်ပါတယ်။ အဲ့ဒါကြောင့် မလွဲမရှောင်သာပဲဖြစ်လာခဲ့မယ်ဆိုရင်တော့ သတိထားဆင်ခြင်ရမယ့် ဆောင်ရန်/ ရှောင်ရန်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်။
✔ လိုက်နာရန်
👩🏼⚕️ ကျွမ်းကျင်သော အရေပြားပညာရှင်ဆရာဝန်များနှင့် ဆွေးနွေးကုသမှုပြုလုပ်ပါ။
အရေပြားပညာရှင်ဆရာဝန်များဟာ ဝက်ခြံပြဿနာလို အရေပြားပြဿနာများအတွက် အတွေ့အကြုံအများကြီးရှိတဲ့အတွက် သင့်ဝက်ခြံဟာ ဘယ်အကြောင်းအရာကြောင့်ဖြစ်လာခဲ့တယ်၊ ဘယ်လိုဆေးဝါးနဲ့ ကုသမှုအစီအစဉ်တွေက သင့်အတွက်အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
အဲ့ဒါကြောင့် ဝက်ခြံတွေပုံမှန်ထက်ပိုဖြစ်လာပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ သေချာပြသပြီးကုသသင့်ပါတယ်။
❌ ရှောင်ကျဉ်ရန်
😞 စိတ်ဖိစီးမှုကို ဝေးဝေးကရှောင်ကျဉ်ပါ။
ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုတွေက သင့်အသားအရေနဲ့ ကျန်းမာရေးအတွက်ကောင်းကျိုးတွေ မပေးနိုင်ပါဘူး။
စိတ်ဖိစီးမှုက အရေပြားဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ အဲ့လိုအရေပြားဆဲလ်ပျက်စီးမှုကနေပြီး အသားအရေကို အဆီပြန်အသားအရေအဖြစ်ပြောင်းလဲစေပြီး ဝက်ခြံများကိုပါထွက်လာစေနိုင်ပါတယ်။
အဲ့ဒါကြောင့် သင့်မှာစိတ်ဖိစီးမှုခံစားနေရတာကို သတိထားမိပြီဆိုတာနဲ့ yoga လေ့ကျင့်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ကိုယ်ဝါသနာပါရာတခုခုကိုလုပ်ဆောင်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုကိုဖြေလျော့နိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့ချရာမှာ အိပ်ရေးဝဝအိပ်ပေးဖို့ကလဲ သေချာပေါက်လိုအပ်ပါတယ်ရှင့်။
✔ လိုက်နာရန်
🧊 ရေခဲကိုအသုံးပြုပါ။
ရေခဲဟာဝက်ခြံကိုသက်သာစေနိုင်ရုံသာမက ဝက်ခြံပတ်လည်ရှိရောင်ရမ်းမှုကိုပါ လျော့ကျစေနိုင်ပါတယ်။ ရေခဲကို မျက်နှာပေါ်မှာတိုက်ရိုက်ပွတ်ပြီး အသုံးပြုတာထက် သန့်စင်သောအဝတ်စနုနုထဲမှာ ရေခဲတုံးကိုထုပ်ပြီးမှ မျက်နှာပေါ်မှာ ခပ်ဖွဖွပွတ်ပေးရမှာပါ။
ဒီလိုလုပ်ရာမှာသတိထားရမယ့်အချက်ကတော့ အေးလွန်းတဲ့ရေခဲကလဲ အသားအရေကိုပျက်စီးစေနိုင်လို့ မျက်နှာပေါ်မှာအချိန်အကြာကြီးထားအသုံးမပြုသင့်ပါဘူးရှင့်။
❌ ရှောင်ကျဉ်ရန်
🛌🏼 မိတ်ကပ်မဖျက်ဘဲ အိပ်ယာဝင်ခြင်းကိုရှောင်ကျဉ်ပါ။
တခါတလေမှာ အလုပ်ကအပြန်မှာပင်ပန်းလာပြီး မိတ်ကပ်ဖျက်ဖို့တောင်မှ အားမရှိတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဝက်ခြံထွက်လွယ်တဲ့အသားအရေတွေမှာကတော့ ဒီလိုမျိုးမိတ်ကပ်မဖျက်ဘဲ အိပ်တာမျိုးက ကြီးမားသောအမှားပဲဖြစ်ပါတယ်။
မိတ်ကပ်အကြွင်းအကျန်တွေက အရေပြားဆဲလ်အသစ်ပြန်ဖြစ်ခြင်းကို တားဆီးနိုင်ပြီး အရေပြားရဲ့အခြေအနေကိုပိုမိုဆိုးရွားစေပြီး ဝက်ခြံများကိုထွက်လာစေနိုင်ပါတယ်။
✔ လိုက်နာရန်
🧖🏼♀️ Moisturizer ကိုနေ့စဉ်အသုံးပြုပါ။
အသားအရေမှာ အစိုဓာတ်အပြည့်အဝရလေလေ အသားအရေဟာကျန်းမာလေလေဖြစ်ပါတယ်။ သင့်အသားအရေကျန်းမာလေလေ breakouts ဖြစ်ခြင်းမှသက်သာလေလေဖြစ်ပါတယ်။ ဒါကြောင့် moisturizer ကိုနေ့စဉ်မဖြစ်မနေ အသုံးပြုဖို့လိုအပ်ပါတယ်။
❌ ရှောင်ကျဉ်ရန်
🌞 အလွန်အကျွံနေပူခံခြင်းမှရှောင်ကျဉ်ပါ။
ဝက်ခြံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေရောင်ခြည်ဒဏ်တိုက်ရိုက်ခံရခြင်းမှရှောင်ကျဉ်သင့်ပါတယ်။ နေရောင်ခြည်ဒဏ်ကို တိုက်ရိုက်အလွန်အကျွံခံရခြင်းမှ အသားအရေကိုပျက်စီးစေနိုင်ပြီး တခါတရံမှာဝက်ခြံပြဿနာကိုပါ ပိုမိုဆိုးရွားစေပါတယ်။
✔ လိုက်နာရန်
🤗 သင့်ရဲ့လက်များကို မျက်နှာနဲ့ အမြဲဝေးဝေးမှာထားပါ။
တနေ့လုံးသင့်ရဲ့လက်နဲ့ထိတွေ့သမျှအရာအားလုံးကို စာရွက်တရွက်မှာချရေးကြည့်လိုက်ပါ။ အဲ့လိုရေးကြည့်လိုက်ပြီးရင် သင့်မျက်နှာကို သင့်လက်နဲ့ကိုင်ချင်စိတ်ရှိသေးရဲ့လား။ ကိုင်ချင်စရာမရှိပါဘူးနော်။ အဲ့လိုမျိုးလက်မှာကပ်ညှိနေတဲ့ ဘတ်တီးရီးယားတွေဟာ လက်ကိုဆပ်ပြာနဲ့ရေနဲ့သေချာဆေးကြောလိုက်ရင်တောင်မှ ကျန်ရှိနေနိုင်ပါသေးတယ်။
ဒါကြောင့် သင့်လက်များကို မျက်နှာနဲ့အမြဲဝေးဝေးမှာထားလေး ကောင်းလေပါပဲ။
❌ ရှောင်ကျဉ်ရန်
💦 မျက်နှာကိုခဏခဏသစ်ပြီး သန့်ရှင်းရေးလုပ်ခြင်းမှရှောင်ကျဉ်ပါ။
မျက်နှာခဏခဏသစ်ခြင်းက မျက်နှာအရေပြားကိုခြောက်သွေ့စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းကြောင့် အရေပြားကို ဘတ်တီးရီးယားပိုးမွှားများလွယ်လွယ်ဝင်ရောက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် တနေ့ကို ၂ ကြိမ်ထက်ပိုပြီး မျက်နှာမသစ်သင့်ပါဘူး။
✔ လိုက်နာရန်
🛏 ခေါင်းအုံးစွပ်နဲ့ တဘက်များကိုပုံမှန်လျှော်ပါ။
ခေါင်းအုံးစွပ်နဲ့ တဘက်ပေါ်မှာရှိတဲ့ ဘတ်တီးရီးယားတွေက မျက်နှာအရေပြားပေါ်ကိုကူးစက်နိုင်ပြီး ဝက်ခြံပေါက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခေါင်းအုံးစွပ်နဲ့ တဘက်တွေကို အနည်းဆုံးတပတ်တကြိမ်ပုံမှန်လျှော်ပေးခြင်းဖြင့်လဲ ဝက်ခြံပေါက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
❌ ရှောင်ကျဉ်ရန်
🤾🏼♀️ ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ပြီး သန့်ရှင်းရေးမလုပ်ခြင်းမှရှောင်ကျဉ်ပါ။
ပြင်းထန်သောလေ့ကျင့်ခန်းလုပ်ခြင်းဟာ ချွေးအလွန်အကျွံထွက်စေနိုင်ပါတယ်။ မျက်နှာအသားအရေမှာရှိတဲ့ချွေးပေါက်တွေဟာ ချွေးနဲ့အညစ်အကြေးတွေကို ပြန်လည်စုပ်ယူပြီး ဝက်ခြံတွေကိုဖြစ်ပွားစေနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် သင့်အားချွေးထွက်စေသောလှုပ်ရှားမှုတစ်ခုခုပြုလုပ်ပြီးနောက်မှာ သင့်အသားအရေကိုသန့်ရှင်းစင်ကြယ်စွာဆေးကြောသင့်ပါတယ်။
Crd
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
05011
