Beatrix
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beatrix, Beauty, cosmetic & personal care, Mandalay.
14/06/2022
ဖြူဥ နုဖက်မယ့်အတွဲလေး တကယ်သုံးကြည့် အမှန်တကယ်ထိရောက်မယ် သုံးဖူးသူတိုင်းအသိဘဲနော်💙💙💙
မင်မင်တော့ အများကြီးမပြောတော့ဖူး review ကောင်းလေးတွေနဲ့ ၀န်းရံနေတဲ့ အတွဲလေးမို့💙💙💙
ရောက်ကုန်လေးမို့ Instock Now!ပါနော်
13/02/2022
Surprised ပန်းစီးတွေ💐💐💐
Box လှလှလေးတွေ ဖန်တီးပေးတယ်🎁🎁🎁
06/02/2022
Instock Now ‼️ပါရှင့်
25/01/2022
17/01/2022
Instock Now‼️
အကုန်ရပါတယ်ဆင့်.....🥰🥰🥰
12/01/2022
ဗောက်ထခြင်းအတွက် နည်းလမ်းကောင်းများ
ဗောက်သဘောက မကြာခဏဖြစ်တတ်ပါတယ်။ ပျောက်ပြီးရင် ပြန်ပေါ်လာတတ်တယ်။ ကုတဲ့အခါ ဆေးတမျိုးတည်း အမြဲသုံးစွဲခြင်းဟာ ရေရှည်အကျိုးသက်ရောက်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ခါလိုက်ပြီး လိုသလိုပြောင်းသုံးရမယ်။ ဘယ်လိုသုံးမလဲဆိုတာ ရောဂါတခုချင်းအနေထားပေါ်သာမူတည်တယ်။ ကုတဲ့ဆရာဝန်ကလည်း ဒီအပိုင်းမှာ ကျွမ်းကျင်နေဖို့လိုပါတယ်။ မှိုပိုးတခုတည်းလက်ညှိုးထိုးပြီး မှိုပိုးသတ်ဆေး ထိုင်ပေးနေရုံနဲ့ သက်သာမှာ မဟုတ်ပါ။ နောက်ထပ် ထည့်သွင်းစဉ်းစားရမှာက အာဟာရဓာတ်ချု့်တဲ့မှုပါ။ ဇင့်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်ဘီ ဓာတ်တွေလည်း လိုနိုင်ပါသေးတယ်။ အစိုဓာတ်နည်းရင် အိုမီဂါသရီးပါတာတွေ ထပ်ထည့်ရဦးမယ်။ ဗောက်ကို မကုဘဲထားရင် ဆံပင်ကျွတ်နိုင်တယ်။ ထိပ်ပြောင်နိုင်တယ်။ ကုတ်ပါများရင် ဦးရေပြား ပိုးဝင်တာထိ ဖြစ်လာနိုင်တယ်။ ဆရာဝန်နဲ့သေချာကုဖို့လိုပါတယ်။
မွေးကင်းစကလေးတွေမှာဖြစ်တဲ့ cradle cap ဦးရေပြားရောင်တာကလည်း အဖြစ်များတယ်။ မွေးကင်းစအရွယ် ဦးရေပြားမှာ ခပ်ထူူထူ ခပ်ကြီးကြီးအဝါဖတ်တွေ အကွက်လိုက်ဖြစ်တာမျိုးကို ခေါ်တာပါ။ အသက်(၁)နှစ်အောက်အရွယ် တွေ့ရများတယ်။ seborrheic dermatitis အမျိုးအစားထဲပါတယ်။ ပုံမှန်အားဖြင့် ကုဖို့မလိုဘဲ အသက်(၆)လအတွင်း သူ့ဘာသာ သက်သာပျောက်ကင်းနိုင်တယ်။ စိုးရိမ်နေတဲ့မိဘများအနေနဲ့ baby mild shampoos သို့မဟုတ် baby oil ,olive oil ,coconut oil စသည်ဖြင့် ဆီတစ်မျိုးမျိုးကို နေ့စဉ် အသုံးပြုရုံနဲ့လုံလောက်ပါတယ်။
ဗောက်ရောဂါအတွက် အထူးအကြံပြုချက်
ဗောက်ကို ကာကွယ်ဖို့ အရေးကြီးဆုံး အချက်(၅)ချက်ကို သေချာလိုက်နာရမယ်။
(၁) တပတ်ကို ၂-၃ကြိမ်သာ ခေါင်းလျှော်ပါ။နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်တာမျိုး မလုပ်ရဘူး။
(၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel တွေ၊ spray တွေ မသုံးပါနဲ့။ အဆီဂလင်းနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေးသုံးတဲ့အခါ သတိပြုရမယ်။
(၃) နေ့စဉ်ခေါင်းဖီးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားအခြေက ထွက်လာတဲ့ ဆဲလ်သေတွေက်ု ဖယ်ရှားဖို့ ဖြစ်ပါတယ်။
(၄) စိတ်ဖိစီးမှုက ဗောက်ထစေတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတတ်နိုင်သမျှ လျှော့ချပါ။
(၅) ဗောက်ထသူတွေအနေနဲ့ မကြာခဏ နေရောင်ပြသင့်တယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေတယ်။ အပြင်ထွက်တ်ုင်း ဦးထုပ်အမြဲဆောင်းတာ ပုံမှန်အားဖြင့် မကောင်းဘူး။ ထွက်လာတဲ့ ချွေးနဲ့ အစိုဓာတ်က မှိုပိုးပေါက်ဖွားမှုကို အားပေးလို့ဖြစ်ပါတယ်။
(ရောဂါအကြောင်းအရာ အသေးစိတ်ကို https://drayeminhtoo.com/dandruff/ တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်)
ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)
09/01/2022
🌿AHC eye cream🌿
Price ▪️ 6,000 Ks💸💸💸
မျက်လုံးနားတဝိုက်က အရေးကြောင်းတွေကို
AHC eye cream လေးနဲ့ ကြိုတင်ကာကွယ်ထားကြမယ်နော်
❤️Collagen, Elastin, Peptides, Vitamins တို့
အဓိက ပါဝင်တဲ့ Season 9 series လေးက dark circles, wrinkles, fine lines အားလုံးကို ပြုပြင်ပေးနိုင်ပါတယ်။
❤️eye cream လေးရဲ့ 90% က natural ingredients တွေနဲ့သာ ပြုလုပ်ထားပြီး
anti-aging formula ,peptides, lifting effect တွေပါဝင်လို့ အရေးအကြောင်းတွေ လျော့ချပေးနိုင်ပါတယ်။
ဒါ့အပြင်...
🔸မျက်ကွင်းညိုခြင်း
🔸မျက်ဝန်းတစ်ဝိုက် နဲ့ Smile line နေရာတွေမှာ အရေးအကြောင်းပေါ်လာခြင်း
🔸မျက်အိတ်တွဲကျနေခြင်း
🔸မျက်ဝန်းနားတစ်ဝိုက်က အဆီဖုလေးတွေကို သက်သာစေခြင်း
🔸jaw lines တစ်ဝိုက်အသားအရေလျော့တွဲတာ နဲ့ အဆီပိုတွေ ကိုပါတင်းတင်းရင်းရင်းဖြစ်စေပါတယ်..
အသားအရေကို အစိုဓာတ်အပြည့်အဝပေးကာ တင်းရင်းစေပါတယ်
✨ထူးခြားချက်✨
အရင် season တွေထက် ထူးခြားတာကတော့
first 20s biome ထည့်ထားပေးတာကြောင့်
အသားထဲစိမ့်ဝင်မှု ပိုမို အားကောင်းစေပါတယ်။
Eye cream for face လို့ဆိုတာကြောင့် လည်ပင်းနားတစ်ဝိုက်နဲ့ နဖူး နေရာက
အရေးကြောင်းတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်နော်...
ကျန်တဲ့ အာနိသင်က တခြား season တွေနဲ့တူတူပါပဲနော်♥️♥️
Crd
✅✅Direct Import From Korea 💯
08/01/2022
💟💟💟
08/01/2022
၀က်ခြံတွေ အကြောင်းလေးနော်
07/01/2022
Instock Now ‼️ပါရှန်
07/01/2022
🖐️🖖✋🖐️
07/01/2022
Skin Care တွေကို စိတ်ထင်သလို သုံးနေတာထက် စနစ်တကျနဲ့ လိုက်ဖက်ညီတဲ့ အတွဲလေးတွေအတိုင်း တွဲသုံးမယ်ဆိုရင် ပိုပြီးထိရောက်တာပေါ့ .. တချို့ Skin Care တွေက ခွဲသုံးရင် ထိရောက်ပြီး အခြား တစ်မျိုးနဲ့ တွဲသုံးလိုက်တော့မှ အသားအရည်ကို ထိခိုက်စေတာမျိုးလည်း ရှိတတ်ပါတယ်။
ဒါကြောင့် အမှန်တကယ် တွဲသုံးသင့်ပြီး လိုက်ဖက်တဲ့ Skin care အတွဲလေးတွေကို Smart Beauty က နေ တင်ပေးလိုက်တယ်နော်..
၁) Vitamin C + Vitamin E
၂) Niacinamide + Salicylic Acid
၃) Sunscreen + Vitamin C
၄) Retinoids + Peptides
၅) Tea Tree Oil + Hyaluronic Acid
၁) Vitamin C + Vitamin E
Vitamin C ကတော့ Skincare တွေ ထဲမှာ အသားအရည်အတွက် အကောင်းဆုံး antioxidant အဖြစ် လူသိများကြပါတယ်။
Vitamin C က အသားအရောင် ကို တောက်ပစေပြီး Vitamin E ကတော့ ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရည်အတွက် သက်တောင့်သက်သာ ဖြစ်စေနိုင်တဲ့ antioxidant တစ်မျိုးပဲ ဖြစ်ပါတယ်။ Vitamin C ရဲ့ အသားအရည်အပေါ် ကောင်းကွက်တွေကို ပုံသေ ဖော်ပြပေးဖို့ ခက်ခဲပေမယ့် L-ascorbic acid နဲ့ tetrahexyldecyl တို့လို အလှကုန် တွေမှာ တွေ့ရတာ များပါတယ်။ Vitamin E ကိုတော့ tocopherol နာမည်အောက်က ထုတ်ကုန်တွေမှာ တွေ့ရလေ့ရှိပြီး များသော အားဖြင့် Moisturizer က စပြီး serum အတော်များများမှာပါ တွေ့ရလေ့ ရှိပါတယ်။Vitamin C နဲ့ Vitamin E တို့ကို တွဲသုံးမယ်ဆိုရင်တော့ အသားအရည် စိုပြေခြင်း အသားအရောင်လှပခြင်းနဲ့ အရေပြားကို အကာအကွယ်ဖြစ်စေခြင်း စတဲ့ အချက်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
၂) Niacinamide + Salicylic Acid
Niacinamide ကတော့ Vitamin B3 ရဲ့ နောက်ထပ် နာမည် တစ်မျိုးပဲ ဖြစ်ပြီး ဝက်ခြံနဲ့ အရေးအကြောင်းတွေကို ဖြစ်စေတဲ့ ရောင်ခြယ် ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ Salicyclic Acid ကတော့ ဝက်ခြံတွေကို ကုသနိုင်တဲ့ ဓာတ် တစ်ခု အဖြစ်အမေရိကန်နိုင်ငံရဲ့ FDA က အတည်ပြုထားပါတယ်။ ဒါကြောင့် ဝက်ခြံ နဲ့ မျက်နှာ မှာ ဖြစ်တဲ့ အဖုအထစ်တွေကို သက်သာစေနိုင်ဖို့အတွက်ဆိုရင် Niacinamide နဲ့ salicyclic acid တို့ကိုတွဲသုံးပေးခြင်းအားဖြင့် သာမန်ထက် သိသိသာသာ ပို ထိရောက် ပျောက်ကင်းစေတာ ကို တွေ့နိုင်ပါတယ်။
၃) Sunscreen + Vitamin C
နေပူပူ မိုးရွာရွာ ရာသီဥတု နဲ့ မဆိုင်ပဲ Sunscreen ကို နေ့တိုင်း လိမ်းပေးသင့်တယ်ဆိုတာကိုတော့ သိပြီး သား ဖြစ်ကြမှာပါ။Vitamin C ရဲ့ ကောင်းကျိုးတွေကလည်း အပေါ်မှာ ရှင်းပြထားပြီး ဖြစ်ပါတယ်။
Sunscreenကို Vitamin C နဲ့ တွဲသုံးမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည် ဒဏ် ကို ပိုကာကွယ်နိုင်ပြီး အသားအရည် ပျက်ဆီးခြင်းကိုလည်း ပြန်လည် ပြုပြင် ပေးနိုင်ပါတယ်။
၄) Retinoids + Peptides
Retinoids ဆိုတာကတော့ Vitamin A အနွယ်ဝင်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် skincare တွေထဲကမှ ရွှေအဆင့်ရှိတဲ့ ဓာတ်တစ်ခု အဖြစ် နာမည်ကြီးတဲ့ ပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဝက်ခြံကနေ စပြီး အသားအရည် အိုမင်း ရင့်ရော် ခြင်း အထိ ကို ကုသ ပေးနိုင်ပါတယ်။ retinol နဲ့ retinoids တွေမှာ ပါဝင်တဲ့ Vitamin A ဓာတ်က ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးနိုင်တာကြောင့် အရေးအကြောင်းနဲ့ အရေပြားချွေးပေါက်ကျယ်ခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Peptides ကတော့ amino acids ရဲ့ short chain ပဲ ဖြစ်ပါတယ်။ amino acid ဆိုတာက Collagen လိုမျိုး Protein ဓာတ် တွေ စုပေါင်းထားတာ ဖြစ်တာကြောင့် Peptides ဟာ အရေပြား ဆဲလ်အသစ်တွေကို ဖြစ်စေပြီး ကြီးထွားစေပါတယ်။
Retinoids နဲ့ Peptides ကို တွဲ သုံးမယ်ဆိုရင်တော့ အသားအရည် ကို တင်းရင်းလှပစေပြီး နူးညံ့ချောမွတ်စေနိုင်ပါတယ်။
၅) Tea Tree Oil + Hyaluronic Acid
Hyaluronic Acid ကတော့ ရေဓာတ်ကို အစွမ်းကုန် ဖြည့်စည်း ပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ Tea Tree Oil နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ဝက်ခြံနဲ့ ပတ်သတ်တဲ့ ပြဿနာ တွေကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီး ဖြစ်လာပါတယ်။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Mandalay
05051
