Aura Yoga

Aura Yoga

Share

စနစ်ကျသော သင်ကြားမူ စေတနာပါသော ဝန်ဆောင်မှု

02/05/2026

Aura Wellness Centerမှ အသစ်စတင်ဖွင့်လှစ်မည့် Pilates Studioအသစ်အတွက် အရည်အချင်းပြည့်ဝ၍စိတ်အားထက်သန်မှုရှိသော Senior Pilates Instructorsများအား ဖိတ်ခေါ်အပ်ပါသည်။

Full-Time Pilates Instructor
* Pilates Class များကို နေ့စဉ် schedule အလိုက် ဦးဆောင်သင်ကြားခြင်း
* Client များ၏ Body Condition ကို စစ်ဆေးပြီး Personalized Program များရေးဆွဲပေးခြင်း
* Injury Prevention ကို အဓိကထား၍ Safe & Effective Training ပေးခြင်း
* Client Progress ကို စောင့်ကြည့်ပြီး Feedback ပေးခြင်း
* Studio ၏ Service Quality နှင့် Standard များကို ထိန်းသိမ်းခြင်း
* Team နှင့်ပူးပေါင်းပြီး Program အသစ်များ ဖန်တီးတိုးတက်စေခြင်း

Requirements
* Pilates Instructor Certification ရှိရမည်
* အတွေ့အကြုံ (1–3+ years) ရှိသူ
* Anatomy နှင့် Body Mechanics အပေါ် နားလည်မှု မြင့်မားရမည်
* Full-Time Schedule အတိုင်း အလုပ်လုပ်နိုင်ရမည်
* Client Care စိတ်စေတနာကောင်းပြီး သင်ကြားရေးအပေါ် တာဝန်ယူမှုရှိသူ ဖြစ်ရမည်
* Client Safety နှင့် Injury Prevention အပေါ် အလေးထားသူ ဖြစ်ရမည်
* Communication Skills ကောင်းမွန်ပြီး Client များကို အားပေးနိုင်ရမည်
* Certification (Pilates or Fitness related) ရှိသူများကို ဦးစားပေးမည်

Part-Time Pilates Instructor
* သတ်မှတ်ထားသော Class Schedule များအတွက် Pilates သင်ကြားပေးခြင်း
* Client များအား Safe Movement နှင့် Proper Form များကို ညွှန်ကြားပေးခြင်း
* Injury မဖြစ်စေရန် သတိပြု၍ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
* Class အတွင်း Positive Energy နှင့် Motivation ပေးနိုင်ခြင်း

Requirements
* Pilates Certification ရှိရမည်
* Flexible Schedule ဖြင့် အလုပ်လုပ်နိုင်ရမည်
* Teaching Experience (minimum 6 months – 1 year) ရှိသူ ဦးစားပေးမည်
* Communication Skill ကောင်းမွန်ရမည်
* Passionate & Responsible ဖြစ်ရမည်

Benefits
* Competitive Salary (Full-Time)
* Pay per Class (Part-Time)
* Friendly & Professional Working Environment
* Career Growth Opportunities
* Training & Development Support
* Competitive Salary နှင့် Incentives
* Supportive Team Culture

လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form နှင့် Professional Certificates မိတ္တူများကို အောက်ပါအတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

• Viber/Phone: 09404889885
• Email: [email protected]
• လိပ်စာ: 40A Bet 54/55 Yemontaung

28/04/2026

Aura Wellness Center နှင့် Aura Yoga တို့အား
May လ ၁ ရက်နေ့ (အလုပ်သမားနေ့) တွင် တစ်ရက်ပိတ်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ 🙏🏻

✨ May လ ၂ ရက်နေ့မှ စ၍ အတန်းများအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။🤍

26/04/2026

✨ Something Special is Coming… ✨

မကြာမှီ ဖွင့်လှစ်တော့မည့်
Aura Wellness Center Pilates Studioနှင့် Yoga Studio မှ
သင် မမျှော်လင့်ထားတဲ့ Opportunity တစ်ခုကို ဖန်တီးပေးနေပါတယ်။

✨ Beyond a Job, It’s a Lifestyle Evolution! ✨
သင်က Wellness ကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့ Career ကို အဆင့်တစ်ခုထိ မြှင့်တင်ချင်နေတာလား? ဒါဆိုရင်တော့ Aura Wellness Center ရဲ့ New Chapter မှာ ပါဝင်ဖို့ အသင့်ပြင်ထားလိုက်ပါ။ 🌿

💼 We are looking for:

💁🏻‍♀️ Receptionist (Aura ရဲ့ကိုယ်စားပြု အပြုံးချိုချိုပေးစွမ်းမည့်သူ)

📑 Administration
(လုပ်ငန်းခွင် စနစ်တကျ လည်ပတ်နိုင်အောင် နောက်ကွယ်က ထိန်းကျောင်းပေးမယ့်သူ)

✨ Cleaner (သန့်ရှင်းလန်းဆန်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးသူ)

သာမန်အလုပ်တစ်ခုထက်ပိုတဲ့ "Growth mindset" တွေ စုစည်းရာနေရာမှာ သင့်ရဲ့ Career Journey ကို စတင်လိုက်ပါ။

📩 CV ပို့ရန် – [[email protected]]
Viber : +959404889885

Aura နဲ့အတူ သင့် Level ကို Upgrade လုပ်ဖို့ Ready ဖြစ်ပြီလား? 🚀

Photos from AURA Wellness Center's post 12/04/2026
12/04/2026
12/04/2026

“စိတ်ကို အေးချမ်းစေမယ့် အခိုက်အတန့်လေး…..🧘🏻

ဒီနေ့မှာတော့ ဆရာစည်သူရဲ့ ဦးဆောင်မှုနဲ့အတူ စိတ်ကို ငြိမ်သက်စေမယ့် Mantral Meditation လေးကို အတူ”ခံစားကြည့်ရအောင်…..

ဆရာရဲ့ အသံကနေတစ်ဆင့် ရရှိလာတဲ့ တုန်ခါမှုတွေက ခန္ဓာကိုယ် ရဲ့အစိတ်အပိုင်းတိုင်းကို ပြန်လည်လန်းဆန်းလာစေပါတယ် 🧘

စိတ်နဲ့ လူနဲ့ တစ်ထပ်ထဲကျဖို့အတွက် ဒီလို အေးချမ်းတဲ့ ခံစားမှုကို အတူတူ မျှဝေပေးလိုက်ပါတယ်နော် ❤️❤️🌿

အကြံပြုချက်။ နားထောင်တဲ့အခါမှာ ဆရာ ပြောသလို သက်တောင့် သက်သာလေးနဲ့ မျက်စိလေးမှိပြီး နားထောင်နိုင်ပါတယ်ရှင့် ♥️♥️

Photos from AURA Wellness Center's post 12/04/2026

🌿 Dr. Soe Lwin: The Wisdom of Mindful Living 🌿

၁။ Relationship vs Ownership 🤝
(ဆက်နွယ်မှု နှင့် ပိုင်ဆိုင်မှု)

လူသားတစ်ယောက်အနေနဲ့ အကောင်းအဆိုးဆိုတာ သဘာဝအတိုင်း ဖြစ်ခွင့်ရှိပါတယ် 🌱 ဒါပေမဲ့ မိသားစု၊ မိတ်ဆွေ၊ ပစ္စည်းဥစ္စာတွေကို Relationship (ပတ်သက်မှု) အဖြစ်မမြင်ဘဲ Ownership (ပိုင်ဆိုင်မှု/ငါ့ဥစ္စာ) အဖြစ် သိမ်းပိုက်လိုက်တဲ့အခါ “အတ္တ” တွေဝင်လာပြီး လွတ်လပ်မှု ပျောက်ဆုံးသွားတတ်ပါတယ်။
💭 “Ownership မလွတ်လပ်ရင် ဘာမှလုပ်လို့မရဘူး။”

၂။ စစ်မှန်သော ပြည့်စုံမှု 🌸
(True Fulfillment)

ရုပ်ဝတ္ထုမှာ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး 💰 လောဘရှိနေသရွေ့ မပြည့်စုံနိုင်ပါ။ စစ်မှန်တဲ့ ပြည့်စုံခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာ (Mental Fitness) သာ ဖြစ်ပါတယ် 🧘‍♂️
• Physical 🏃‍♀️ : ရုပ်ပိုင်းကို စစ်ဆေးပါ။
• Mental 🧠 : စိတ်ကို Release & Relax လုပ်ပါ။
အသက်ရှူသွင်း/ရှူထုတ် (Inhale/Exhale) 🌬️ လုပ်ပြီး Body Scan လုပ်ကာ တင်းအားတွေကို လျှော့ချပါ။

၃။ ပညာဖြင့် စွန့်လွှတ်ခြင်း 🍃
(The Art of Giving Up)

💡 “နည်းနည်းလုပ်၊ များများရ” တာဟာ ပညာပါတာပါ။
လောဘ၊ ဒေါသ၊ မောဟကို အောက်ပါအတိုင်း အသိတရားနဲ့ စွန့်လွှတ်ရပါမယ်-
• 🔥 လောဘ ကို စေတနာ ဖြင့်စွန့်ပါ။
• ❤️ ဒေါသ ကို မေတ္တာ ဖြင့်စွန့်ပါ။
(ဖြစ်စေချင်တာလား? ဖြည့်ဆည်းပေးချင်တာလား?)
• 🌼 မောဟ ကို သတိ ဖြင့်စွန့်ပါ။

၄။ ပညာ System 🧭
(The Power of Wisdom)
• သီလ (Action) 🧱 : ကိုယ်ကျင့်တရားနှင့် စည်းကမ်း။
• သမာဓိ (Power) 🔋 : စိတ်တည်ငြိမ်မှု စွမ်းအား။
• ပညာ (System) 💎 : အမှန်ကို အမှန်အတိုင်း မြင်တတ်သည့် စနစ်။

၅။ ပစ္စုပ္ပန်မှာ နေထိုင်ခြင်း ⏳
(Living in the Present)

စိတ်ဒဏ်ရာဆိုတာ ပစ္စုပ္ပန်မှာ မရှိပါဘူး။
သတိရှိရှိနဲ့ လုပ်စရာရှိတာကို ၁၀၀% အပြည့်အဝ (Fully Presence) လုပ်ပါ။

ဒီအတွေးအမြင်များဟာ November လတုန်းက ပွဲ မှာနားထောင်သူတိုင်းရဲ့ စိတ်ထဲကို အေးချမ်းမှု၊ သတိတရားနဲ့နေ့စဉ်ဘဝကို ပိုမိုလှပစေမယ့် အလင်းရောင်တစ်စင်းအဖြစ်ငြင်သာစွာ ကျန်ရစ်ခဲ့ပါတယ် ✨
သတိရှိစွာ နေထိုင်ခြင်းကပဲ စစ်မှန်တဲ့ လွတ်လပ်မှုကို ဦးဆောင်ပေးနိုင်ပါစေ 🌸

Photos from AURA Wellness Center's post 12/04/2026

“The Art Of Loving” ခေါင်းစဉ်ဖြင့် Adore Mental Wellbeing နှင့် ပူးပေါင်းကာ လစဉ်ပြုလုပ်လျက်ရှိသော Community Awareness Program တစ်ခုဖြစ်ပါတယ်။🤍

ဒီ Program မှာတော့ အချစ်ရဲ့ အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်နိုင်ခဲ့ကြပါတယ်။ ချစ်တယ်ဆိုတာ မိမိကိုယ်ကို ချစ်ခြင်းနှင့် အခြားသူများကို ချစ်ခြင်းတို့ ပါဝင်ပြီး Respect, Care, Action တို့နှင့် ပြည့်စုံရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတယ်။ အချစ်သည် စစ်မှန်ရမည်ဖြစ်ပြီး Healthy Boundary ထားနိုင်ခြင်းသည်လည်း အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းကိုADORE Mental Wellbeing & Care မှ အသေးစိတ် မျှဝေဆွေးနွေးပေးခဲ့ပါတယ်။ ဆရာမနှစ်ယောက်ထံမှလည်း ချစ်ခြင်းရဲ့ တကယ့်အဓိပ္ပာယ်၊ လက်တွေ့အသုံးချနိုင်မည့် အတွေးအမြင်များကို ကြားသိခွင့်ရခဲ့ကြပါတယ်။🌸

ထို့အပြင်Prudential Myanmar မှလည်း ကျန်းမာရေး၊ ပညာရေးနှင့် အသက်အာမခံအကြောင်းများကို အသေးစိတ်ရှင်းလင်းပေးခဲ့ပါတယ်။ အာမခံဆိုသည်မှာ ဖြစ်မှယူရသောအရာမဟုတ်ဘဲ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားသင့်သည့် အကာအကွယ်တစ်ခုဖြစ်ကြောင်း၊ မိမိနှင့် မိသားစုအတွက် စိတ်ချရမှုနှင့် လုံခြုံမှုကို ဖန်တီးပေးနိုင်သော အရေးကြီးသည့် ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်ကြောင်း သိရှိနားလည်ခွင့်ရခဲ့ကြပါသည်။အာမခံအကြောင်းတွေကိူမျှဝေပေးခဲ့သော Ko Paing Yarzar Soe ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။🙏🏻

နောက်ထပ် အထူးအစီအစဉ်အဖြစ် Aura Wellness Center မှ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား
• Yoga 1 Month Free Gift Voucher
• Yoga 1 Session Trial Card Gift Voucher
• IC Yoga Support Wear 10% Off Gift Voucher
• PRUMax Team မှ အမ Ma Naw မှ အာမခံ Gift Voucher
• HongBao (ဟုန်ပေါင်းများ)

စသည့် လက်ဆောင်များကို ချီးမြှင့်ပေးခဲ့ပါတယ်။ 🫶🏻

နှစ်သစ်ကူးအခါသမယတွင် မိတ်ဆွေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။ မိမိကိုယ်ကိုလည်း ချစ်နိုင်၊ အခြားသူများကိုလည်း နွေးထွေးစွာ ချစ်နိုင်သော နှစ်သစ်တစ်နှစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻

ချစ်ခြင်း၊ လုံခြုံမှုနှင့် ကျန်းမာရေးတို့ပြည့်စုံသော အနာဂတ်တစ်ခုဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေ။ ✨

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


26thx27th Street, Bet 73thx74th Streets, , • Chan Aye Thar Zan Township, Mandalay. , Mandalay, Myanmar
Mandalay
05021