Healthy & Beauty Sharing By Htike
အလှပပြီးကျမ္မာစေဖို့အမြဲဝေမျှပေးန?
26/02/2024
မျက်ခမ်းအောက် အဆီဖုလေးများ
မျက်ခမ်းအောက်က အဆီဖုကို millia လို့ခေါ်တယ်။ နောက်ထပ် milk spot(သို့) oil seed လို့လည်း ခေါ်ပါသေးတယ်။ပြည်ဖုလိုလို၊ အဆီဖုလိုလို အိတ်သေးသေးလေးတွေဟာ millia တွေ ဖြစ်ပါတယ်။ အရေပြားအောက်မှာ ကရာတင် အရေပြားပရိုတင်း (keratin)နဲ့ ဆဲလ်သေတွေ အထပ်ထပ်ပြည့်နှက်နေလို့ အိတ်လိုဖြစ်လာတယ်။ တနည်းအားဖြင့် မွှေးညှင်းအိတ်ရဲ့ အောက်ဆုံးအခြေပိတ်ဆို့သွားတာပါ။ ဒါ့ကြောင့် ကုရခက်တယ်။
မွေးကင်းစကလေးတွေရဲ့ နှာသီးဖျားနှစ်ဖက်မှာ တွေ့ရတတ်တဲ့ အဆီဖုသေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ ပုလဲလုံး သေးသေးလေးတွေလို တွေ့ရတယ်။ syringoma နဲ့လည်း မတူဘူး။ ဝက်ခြံနဲ့ မတူတာက ရောင်ရမ်းတာ၊ ပိုးဝင်တာမရှိဘူး။ အောက်လွှာမှာ ကရာတင်ပရိုတင်း အထပ်ထပ်ပိတ်နေတာဖြစ်လို့ ညှစ်ထုတ်ဖို့ ခက်တယ်။ Miliaဟာ ကိုလက်စတောများသူ၊ ထရိုင်ဂလစ်စရွက်များသူတွေမှာ ပိုတွေ့ရတယ်။ သီအိုရီအရ ပိုလျှံတဲ့အဆီတွေကို ခန္ဓာကိုယ်က ဗီတာမင်ဒီအဖြစ် ပြောင်းတယ်။ ဒါ့ကြောင့် Milia ရှိသူဟာ ကိုလက်စတောချဖို့ လိုအပ်ပါတယ်။
ဖြစ်စေနိုင်သည့်အကြောင်းရင်းများ
-မျိုးရိုးလိုက်ခြင်း
-အဆီများခြင်း
-နေလောင်ခြင်း
-ချွေးပေါက်ပိတ်စေတဲ့ skin careတွေကြောင့် ဖြစ်စေနိုင်တယ်။
miliaဆိုတာ စိတ်ဒုက္ခလည်း ပေး၊ကုသရလည်း ခက်တဲ့ အရေပြားရောဂါ မျိုးပါ။ကုသနိုင်တဲ့ နည်းလမ်းအသွယ်သွယ် ရှိပေမယ့် ဘေးထွက်ဆိုးကျိုးကို ပြန်ချိန်ရတယ်။ ခွဲစိတ်နည်း၊ အပေါ်ယံအရေပြားခွါနည်း၊ လိမ်းဆေး (သို့မဟုတ်) လေဆာ တမျိုးမျိုးနဲ့ ကုသနိုင်တယ်။ ဘယ်နည်းနဲ့ သင့်တော်မလဲ ကုသတဲ့ ဆရာဝန်က ဆုံးဖြတ်ချက် ပေးရတယ်။ အမည်းစက်ထင်ကျန်နိုင်တယ်။
ကုသနည်း
လိမ်းဆေးထဲမှာ salicylic acid (သို့) glycolic acid သုံးနိုင်တယ်။ chemical peeling လုပ်တာမျိုးလည်းရှိတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးများတယ်။ အစိုဓာတ်လိမ်းဆေး အလုပ်မဖြစ်တာများတယ်။ တချို့ပိုဆိုးလာတယ်။ Salicylic acid ပါတဲ့ Sebogel လိမ်းဆေးကို မျက်ခမ်းအောက်အဆီဖုအတွက် တနေ့ နှစ်ကြိမ် လိမ်းပေးနိုင်တယ်။ ပျောက်ဖို့ အချိန်ယူရတယ်။ နောက်ဆုံးနည်းကတော့ plasma laser သို့မဟုတ် CO2 laser ပစ်တာပဲ။ အရွယ်အစားနဲ့ လုပ်ချက်ပေါ်မူတည်ပြီး အမာရွတ်ပါးပါး ကျန်နိုင်တယ်။
အကြံပြုချက်
- ဝက်သား၊ ဘဲသား၊ အမဲသားအဆီအဆိမ့်များတာ လျှော့စားပါ။
- တတ်နိုင်သမျှ မိတ်ကပ်ထူထူးမလိမ်းပါနဲ့။ နေလောင်ကာ၊ မျက်နှာလိမ်းခရင်ကြောင့်ဖြစ်ရင် ရှောင်ပါ။
- အစိုဓာတ်ထိန်းဆေးနဲ့ မျက်ကွင်းလိမ်းဆေး (Eye cream) တွေ လျှော့သုံးရမည်။
- မျက်ကွင်းလိမ်းဆေးထဲမှာ beeswax, carnauba wax များရင် မသုံးပါနဲ့။ အထူးသဖြင့် အရည်ပျစ်တဲ့ ခရင်လိမ်းဆေးတွေကြောင့် ပိုဖြစ်နိုင်တယ်။
- ဆဲလ်သေပိတ်ဆို့တာအတွက် salicylic acid နဲ့ glycolic acid ပါတဲ့ မျက်နှာသစ်ဆေးမျိုး ပြောင်းသုံးသင့်တယ်။
- သိပ်မဆိုးရင် Sebogel တစ်ရက်နှစ်ကြိမ် တရက်ခြားတစ်ကြိမ် လိမ်းကြည့်ပါ။ အရေပြားပါးလွန်းရင် မသုံးပါနဲ့။
- အထူးသဖြင့် ဆေးခန်းမပြဘဲ မိမိဘာသာ အပ်နဲ့ဖောက်တာ၊ မကြာခဏ ထိတွေ့ကိုင်တွယ်တာမျိုး လုံးဝရှောင်ကြဉ်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Credit
20/02/2024
Skincare ဗူးတွေမှာ ပါတတ်တဲ့
6M / 12M က ဘာလဲဆိုပြီး တချို့ညမလေးတွေမေးတတ်ကြလို့ အဲ့တာကလေ PAO Symbolပါ
(PAO- Period After Opening)
6Mဆို ကိုယ်ဝယ်လိုက်တဲ့ Skincareကို 6လအတွင်းပဲ သုံးလို့ရမယ် 6လ ကျော်လို့မှ မကုန်တတ်ရင်လဲ ပလစ်လိုက်ရုံပဲ
Expired dateက 2026 ပေမယ့် ကိုယ်က
1.1.2025မှာဝယ်ပြီး စသုံးလိုက်ရင် 1.7.2025ထိပဲ သုံးလို့ရမယ် Expiredက 2026မှဆိုပြီး သုံးနေလို့ မရဘူးနော်
အာ့မို့ တချို့တို့တွေဆို Skincareဗူးတွေမှာ open used date လေးတွေ မှတ်ထားတတ်ကြတယ်လေ
Credit
09/01/2024
ငွေမကုန်ဘဲ ကျန်းမာစေနည်း
--------------------------------
၁။ရေများများသောက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
၂။လေဝဝရှူဖို့
ပိုက်ဆံမကုန်ပါဘူး ။
၃။မိမိနဲ့သင့်လျော်တဲ့
အားကစားတစ်ခုခုကို
အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ဖို့
ခန္ဓာကိုယ်ချွေးထွက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
၄။ Online ပိတ်ပြီး
ညစောစောအိပ်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
အိပ်ရေးဝဖို့ တစ်ပြားမှမကုန်ပါဘူး ။
၅။ မိမိစားနေကျ အစားအစာတွေကို
သေချာပြန်စစ်ဆေးပြီး
ဘယ်ဟာကိုရှောင်ရမယ်
ဘယ်ဟာကိုဖြည့်စားရမယ်ဆိုတာသိရင်
စားနေကျ ဟာထက် ပိုမကုန်ပါဘူး ။
၆။ fb ကြည့်တဲ့အခါ …
ကုသိုလ်ပြုဖို့ မျှဝေဖို့
ဟာသတွေကြည့်ရှုပြီးရယ်မောဖို့
သင်သုံးနေကျထက် ပိုမကုန်ပါဘူး ။
ဒေါသထွက်စရာ page တွေ
စိတ်ဆင်းရဲစရာ page တွေ
ကိုယ့်ကိုဒေါသထွက်စေတဲ့လူတွေကို
unfollow လုပ်ပြီး
ရယ်စရာကောင်းတာတွေ
စိတ်ကြည်နူးစရာတွေကိုပဲ like လုပ်ထားပါ ။
Bill ကုန်ခံပြီး စိတ်ဆင်းရဲမခံပါနှင့်။
Bill ကုန်ခံပြီး ဒေါသကိုမဝယ်ပါနှင့် ။
Bill ကုန်ခံပြီး အသက်မတိုပါစေနှင့် ။
၇။ ဘာသာရေးလုပ်ဖို့ပိုက်ဆံမလိုပါဘူး ။
ဘယ်ဘုရားကမှ ပိုက်ဆံရှိမှတရားရမယ်။
ပိုက်ဆံအကုန်ခံမှ ကောင်းကင်ဘုံရောက်မယ်
မမိန့်ခဲ့ပါ။
တစ်ပြားမှကုန်စရာမလိုပဲနှင့်
ဘုရားရှိခိုးနိုင်ပါသည်။
ကပ်ဆိုးဆိုက်နေသော လောကကြီးတွင်
နေ့စဉ်နာရီဝက်ခန့် ဘုရားတရားရိပ်၌
ခိုလွုံ ပါ ။
၈။ တစ်ကယ့်မိတ်ဆွေကောင်းတွေနဲ့နေရဖို့
ဆွေးနွေးတိုင်ပင်ဖို့ ရယ်ရယ်မောမောပြောနိုင်ဖို့စိတ်လွတ်ကိုယ်လွတ်ရှင်သန်ဖို့
ငွေသိပ်မကုန်ပါဘူး ။
ငွေကုန်ရမှ ပေါင်းလို့ရမယ်ဆိုရင်လည်း
ဒါဟာ မိတ်ဆွေကောင်းမဟုတ်ပါဘူး ။
မိတ်ဆွေကောင်းတွေနဲ့အမြဲဆက်သွယ်နေထိုင်ပါ ။
မိတ်ဆွေ...
တစ်ပြားမှမကုန်ပဲ လုပ်လို့ရတာတွေကို
သင်မလုပ်ခဲ့ရင်....
အများကြီးကုန်မှ လုပ်လို့ရမှာတွေကို
တစ်ချိန်ကျ သင်လုပ်ရတော့မှာပါ.... ။
သိန်းရာချီကုန်မှအသက်ဆက်ရမယ့်
ရောဂါဘယတွေမဖြစ်ခင်
တစ်ပြားမှမကုန်ဘဲ
မိမိကိုယ်မိမိ ကယ်တင်ကြရအောင် …
08/01/2024
ဆောင်းရာသီမှာအမျိုးသမီးများ အဖြစ်များတဲ့ ဝေဒနာ တစ်ခု❗️
🍀ပါးတစ်ခြမ်းရွဲ့တာက ဘာကြောင့် ဖြစ်ရပါသလဲ
ပါးတစ်ခြမ်း ရွဲ့သွားတာက လေဖြန်းတာလည်း မဟုတ်ပါဘူး၊ လေဖြတ်တာလည်း မဟုတ်ပါဘူး။
ဒါက ပါးတစ်ခြမ်း အအေးမိတာကြောင့် ဖြစ်တာပါ။
ဒါကို Bell’s Palsy လို့ခေါ်ပါတယ်။
ဥပမာပြောရရင် မန္တလေးကနေ ရန်ကုန်ကို ကားမောင်းပြီး ပြန်လာတဲ့အခါ မှန်ဖွင့်ပြီး မောင်းတယ်၊ အဲဒီအခါ ပါးတစ်ခြမ်း အအေးမိတာမျိုး၊ နောက်တစ်ချက်ကအခုလို ရာသီဥတုအရမ်းအေးတဲ့အချိန်မှာ အေးစက်နေတဲ့ ရေ နဲ့မျက်နှာသစ်လိုက်လို့ အအေးမိသွားတာမျိုး . . ဒီလို အအေးမိတာတွေကြောင့် အဖြစ်များပါတယ်။
🍀ဘယ်လို လူတွေက ပါးတစ်ခြမ်းရွဲ့တတ်ပါသလဲ
ဆံပင်ဖြောင့်တဲ့ မိန်းကလေးတွေလည်း အဖြစ်များပါတယ်၊ အေးတဲ့အချိန်မှာ ခေါင်းကို ရေတွေစိုလိုက်၊ အပူမှုတ်လိုက်၊ ပြန်ပြီးဆေးဆိုးလိုက်၊ ခေါင်းလျှော်လိုက်၊ အပူမှုတ်လိုက်..အဲဒီလိုလုပ်တာကြောင့် အဖြစ်များတယ်။
ပါမောက္ခဦးကိုကို
13/12/2023
မိတ်ကပ် Primer သုံးနည်း
primer ဆိုတာ မိတ်ကပ်အောက်က ခံတဲ့ အရည်တမျု်းဖြစ်တယ်။ primer ရဲ့ အဓိက အာနိသင်က မိတ်ကပ်ကြာရှည်ခံစေတာဖြစ်တယ်။ ချွေးထွက်များတဲ့အခါ မျက်နှာအဆီပြန်ရာကနေ ဓာတ်တိုးပြီး မိတိကပ်အရောင်ပြောင်းတတ်တယ်။ primer ကြားက ခံထားခြင်းအားဖြင့် ဒီအချက်ကို ကာကွယ်ပေးမယ်။မိတ်ကပ်နဲ့ skin careကြားမှာ အလွှာတခုအနေနဲ့ ကာပေးထားတယ်။
primer ထဲမှာ တချို့က အသားအရောင် လင်းစေတာရှိတယ်။ တချို့က ခပ်မှိုင်းမှိုင်းဖြစ်တယ်။ တချို့ ပရိုင်မာတွေက အသားရောင်မညီတာကို ပြုပြင်ပေးတဲ့ အာနိသင်ရှိတယ်။primer လိမ်းခြင်းအားဖြင့် အသားအရေက ညီညာနေမယ်။ မိတ်ကပ်သားတက်စေတယ်။ primer ထဲမှာ နေလောင်ကာ၊အစိုဓာတ်ထိန်းစတဲ့အာနိသင်ပါတာတွေလည်း ရှိပါတယ်။ မျက်နှာအသားအရေပေါ်မူတည်ပြီး ကိုယ်နဲ့ ကိုက်မယ့် primer ကို ရွေးချယ်ရမှာဖြစ်တယ်။
• normal skin
ချွေးပေါက်ကျယ်တာ၊ အဆီဂလင်းများတာ၊ အသားအရေခြောက်သွေ့မှုမရှိတဲ့ အရေပြားကို ပုံမှန်အသားအရေခေါ်တယ်။ illuminating primer မျိုးကို သုံးသင့်တယ်။
• oily skin
အဆီပြန်တဲ့အသားအရေမှာ mattifying primer အရောင်ခပ်မှိုင်းမှိုင်း မျိုးကို လိမ်းသင့်တယ်။ မျက်နှာအဆီပြန်ခြင်းကို အထိုက်အလျှာက်လျှော့နည်းစေတယ်။ ချွေးပေါကိကျယ်တဲ့အသားအရေမို့ pore minimizing primer မျိုး ရွေးသင့်တယ်။
• Dry skin
Moisturizer ပါတဲ့ primer မျိုး ရွေးရမယ်။ dewy သို့မဟုတ် shiny ပါတာ သုံးရမယ်။ အသားခြောက်သူတွေအတွက် primer ရွေးရတာ အခက်ခဲနည်းနည်းရှိတယ်။ hydrating, creamy စတာတွေပါတာ ရွေးချယ်ပါ။
• combined skin
ပေါင်းစပ်အသားအရေအတွက် primer ရွေးရတာ အခက်ဆုံးဖြစ်တယ်။ နည်းနှစ်ခုရှိတယ်။ neutral primer ကို ရွေးချယ်မလား။ neutral တွေက မိတ်ကပ်သား ကြာရှည်ခံတာများတယ်။ နောကိတနည်းက အဆီပြန်တဲ့နေရာအတွက် mattifying primer သုံးပြီး အသားခြောက်တဲ့နေရာတွေမှာ creamy primer ကို သုံးတာဖြစ်တယ်။
• sensitive skin
အထိမခံတဲ့ အသားအရေပိုင်ရှင်တွေ မိတ်ကပ်လိမ်းတဲ့အခါ primer မဖြစ်မနေဂထညိ့လိမ်းရမယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားနဲ့ မိတ်ကပ်ကြားမှာ primer က အလွှာတခုအနေနဲ့ ကြားခံပေးမှာမို့ ဖြစိတယ်။ မိတ်ကပ်ဓာတ်မတည့်တာကို primer က အနည်းအကျဉ်းတော့ ကာကွယ်ပေးနိုင်တယ်။ သတိပြုရမှာက ရနံ့ပြင်းတဲ့ primer တွေ မလိမ်းသင့်ဘူး။ အထူးသဖြင့် ingredient မှာ fragrance စာလူံးပါရင် မရွေးချယ်သင့်ပါ။sensitive skin တွေက ပုံမှန်အားဖြင့်ကို မျက်နှာ အနီဖက်သမ်းနေလေ့ရှိတယ်။ ဒါ့ကြောင့် green based primer ကိုသာ ရွေးချယ်သင့်တယ်။ ဥပမာ green tea extract, niacinamide ပါဝင်တာမျိုး သုံးသင့်တယ်။ မိတ်ကပ် foundation ကိုတော့ လျှော့လိမ်းပါ။
primer လိမ်းနည်း
primer လိမ်းတဲ့အခါ အများကြီးလိမ်းဖို့ မလိုအပ်ဘူး။ pea size ပဲစေ့ပမာဏသာ ယူပြီး လိမ်းပါ။ နဖူး၊နှာခေါင်း၊ မေးစေ့ စတဲ့ နေရာမှာ အရင်လိမ်းပါ။ ပြီးရင် ပါးနဲ့ မေးရိုးနေရာကို ဆက်လိမ်းပါ။ primer လိမ်းတဲ့အခါ လက်နဲ့ လိမ်းရင် အကောင်းဆုံးဖြစ်တယ်။ brush, sponge စတာတွေ မသုံးပါနဲ့။ ခပ်ပြေပြေသာ လိမ်းသင့်တယ်။ ပါးလေ ကောင်းလေဖြစ်တယ်။ လိမ်းပြီး အနည်းဆုံး သုံးမိနစ်စောင့်ပါ။ ပြီးမှ foundation ဆက်လိမ်းပါ။
မိတ်ကပ်သဘောက အရေပြားအစိုဓာတ်များရင် အရောင်ပိုထွက်တယ်။ ပုံမှန်အားဖြင့် မျက်နှာသစ်ဆေးနဲ့ ကြေးချွတ်ပြီးရင် တိုနာနဲ့ ထပ်မံသန့်စင်ရတယ်။ ပြီးရင် moisturizer ဆက် လိမ်းနိုင်တယ်။ ပြီးမှ primer , makeup foundation ဆက်လိမ်းရတယ်။ အဆီပြန်တဲ့ အသားအရေမှာ moisturizer အဆင့်ကို ကျော်လို့ရတယ်။ primer ထဲမှာ အစိုဓာတ်ထိန်းပစ္စည်းပါလို့ဖြစ်တယ်။
အသက်(၄၀)ကျော်တွေ မိတ်ကပ်လိမ်းတဲ့အခါ primer မဖြစ်မနေ ထည့်သင့်တယ်။သူက အရေးအကြောငိးတွေကို ဖြည့်ဆည်းပေးတယ်။ အကောင်းဆုံးက lightweight , moisturizing primer မျိုး ရွေးချယ်သင့်တယ်။ primer အများစုမှာ sunscreen ပါတာများတယ်။ သူက အရေပြားပျက်ဆီးမှုကို တော်တော်လေး ကာကွယ်ပေးနိုင်တယ်။ firming primer ဆိုတာလည်း ရှိသေးတယ်။ သူကအရေပြားတင်းရင်းစေပြီး facelift အာနိသင်ရှိတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Credit
11/12/2023
ဘယ်ဘက် လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။
ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင်
ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။
ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။
#ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။
#နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။
#လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။
#ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။
#ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။
#ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။
#အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ
အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်
အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
#ခြေထောက်တဘက်တည်းနာတယ်
#တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။
မေတ္တာဖြင့်
ဒေါက်တာချမ်း
Credit
05/12/2023
❌ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်မည်
မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်❌
ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်
Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ
ဦးနှောက်အာရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်း အာဟာရကို ပုံမှန်ကလေးများလို
မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊
ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့
ကလေးအား
Phone, Tablet, Games, TV, ကာတွန်း
စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ
ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ
အဆင်သင့်ပြင်ထားပါ။
ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။
ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြဿနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။
နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို
တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။
ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။
ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။
ကလေးကို ချစ်ရင် ကလေးနဲ့အတူ
အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက်
ထူးချွန်နေပါလိမ့်မည်။
သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။
လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ
ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့
အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။
တကယ်ချစ်ပေးပါ
မူရင်းရေးသားသူအား ပေးပါသည်🙏🙏🙏
03/12/2023
#ဆေးထိုးမှားခြင်း
ဆေးထိုးမှားပြီး ဘဝရှုံးသွားတဲ့အပိုင်းတစ်ခုပါ
ခြေထောက်အောက်ပိုင်းတစ်ခုလုံး လှုပ်ရှားလို့မရတော့တာ သို့မဟုတ်
အနည်းငယ်ပဲလှုပ်ရှားနိုင်တော့တာ
သေးပြီး ပလွေရိုးခြေထောက်ဖြစ်သွားတာမျိုးပါ
အကြောင်းအရာနှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်
တမျိုးက အာရုံကြောကို အပ်နဲ့တိုက်ရိုက်ထိုးမိလို့ အာရုံကြောပျက်စီးသွားတာမျိုး(nerve damage)
နဲ့
နောက်တမျိုးက အာရုံကြောကိုတော့တိုက်ရိုက်မထိပါဘူး ထိုးလိုက်တဲ့ဆေးရည်က ထိခိုက်မိပြီးဖြစ်တာမျိုးပါ
ခြေထောက်တစ်ခုလုံးကိုထိန်းချုပ်တဲ့ အာရုံကြောအကြီးကြီး တစ်ခုရှိပါတယ်
အဲ့ဒီအာရုံကြောကို Sciatic Nerve(ဆိုင်ယပ်တစ် နပ်ဗ်)လို့ခေါ်ပါတယ် (ပုံ၂ က အစိမ်းရောင် အကြော)
ဒီအာရုံကြောကို တိုက်ရိုက်အပ်နဲ့ထိုးမိရင်
အောက်ပိုင်းသေသွားပါလိမ့်မယ်
ဒါကတော့ထိုးတဲ့လူရဲ့ မကြွမ်းကျင်မှုကြောင့်ဖြစ်တာမျိုးပါ
poor technique ကြောင့်ဖြစ်တာလို့ခေါ်ပါတယ်
နောက်တမျိုးက ကလေးငယ်နဲ့အသက်ကြီးရွယ်အိုတွေမှာအဖြစ်များပါတယ်
အာရုံကြောကိုတော့တိုက်ရိုက် ထိုးမိတာမျိုးတော့မဟုတ်ပါဘူး
ထိုးလိုက်တဲ့ဆေးရည်က အာရုံကြောကို ဖိသိပ်တာမျိုး ညစ်ပြားလိုက်တာမျိုး ကြောင့် အာရုံကြောပျက်သွားပြီး အောက်ပိုင်သေသွားတာမျိုးပါ
တင်ပါးဆေးထိုးတဲ့နေရာကို gluteal region လို့ခေါ်ပါတယ်
ဒီနေရာဟာ ကလေးတွေမှာ ကောင်းကောင်းမဖွံ့ဖြိုးသေးပါဘူး
အင်မတန်ေသးငယ်ပါေသးတယ်
ဒီနေရာသေးသေးလေးမှာပဲ အာရုံကြောကဖြတ်သန်းသွားတာပါ
ဒီတော့ထိုးထည့်လိုက်တဲ့ဆေးအရည်ပမာဏများရင်များသလို ဒီအာရုံကြောကို သွားဖိမှာပဲ
ဖိရင်ဖြစ်လာဖို့သေချာသလောက်ဖြစ်နေပြီ
ဒါကြောင့် ဥပဒေ က အသက် ၁၂နှစ်အောက်
ကလေးတွေကို တင်ပါးဆေးမထိုးရဆိုတာ
တစ်ကမ္ဘာလုံး မှာပြထမ်းထားပါတယ်
နားလည်တတ်ကြွမ်းတဲ့ ဘယ်ဆရာဝန် ဆရာမ မှ မထိုးပါဘူး
ဘယ်လိုလူမျိုးတွေထိုးလဲဆိုတော့
ဆေးထို့မှအဖျားပျောက်မယ်ထင်တတ်တဲ့ နလပိန်းတုံး မိခင်တွေနဲ့
လက်စွမ်းပြချင် နေတဲ့ ရမ်းကုတွေနဲ့ ဆုံမိကြတဲ့အချိန်ကျရင်
ကလေးလေးတော့အထိုးခံရပြီသာမှတ်
ဒို့ ထိုးနေတာဘာမှမဖြစ်ပါဘူး ဆိုတဲ့ မိဘတွေကတော့ ထိုးချင်တယ်ဆိုဆက်ထိုးပါ မတားပါဘူး တားလို့လဲမရနိုင်ပါဘူး
ဒါပေမဲ့ ဒီလိုအန္တရာယ်ရှိတယ်ဆိုတာမသိ လို့
ထိုးမိနေတဲ့မိဘ တွေ ဆင်ခြင်မယ်ဆိုနောက်ကို ဆင်ခြင်လို့ရအောင်
ဗဟုသုတအနေနဲ့ တင်ပြခြင်းသာဖြစ်ပါတယ်
ကလေးဆေးရုံတက်ဖူးတဲ့ မိဘတွေကြုံဖူးပါလိမ့်မယ်
ဘယ်ဆေးရုံကများ ကလေးကိုတင်ပါးဆေး ထိုးပြီးကုခဲ့လို့လဲ
မတတ်သာလို့ ဆေးထို့ဖို့လိုလာပြီ ဆိုရင် တောင်
လက်မှာ အပ်လေးတပ်ထားပြီး သွေးပြန်ကြောကနေပဲထိုးကြတာ သတိထားမိမယ်ထင်ပါတယ်
အသက်ကြီးပိုင်တွေကျတော့
တင်ပါးကဆေးထိုးခံရမဲ့ gluteal ကြွက်သားက
ကြုံ့နေရင် သူလဲကလေးတုန်းကလို သေးသေးလေးပြန်ဖြစ်သွားပါတယ် အသက်ကြီးလာရင် ဖင့်ရှုံ့သွားပါတယ် တင်ပါးကကြွက်သားက အရင်လို ဖွံ့ဖွံ့ ထွားထွားမဟုတ်တော့ပါဘူး
အဲ့အချိန်ထိုးမိရင် ထိုးထည့်လိုက်တဲ့ဆေးရည် ခိုအောင်းစရာ ကြွက်သားနေရာလုံလုံလောက်လောက်မရှိခြင်းက အာရုံကြောကို ဖိပြီးပျက်စီးတတ်ပါတယ်
ဒါပေမဲ့ ဆေးထိုးတယ်ဆိုတာကလဲ
မြန်မာလူမျိုးတွေရဲ့သည်းခြေခိုက်ဖြစ်နေပြန်ပါတယ်
ဆေးခန်းလာပြတာဆေးမထိုးပေးလိုက်ရင်
အဲ့ဆေးခန်းနောက်တခါမသွားတော့ဘူး
အကြောင်းပြချက်က ဆေးမထိုးပေးလို့ပဲ
ရွာတွေမှာအဆိုးဆုံးပဲ
ခုလေးတင်မှဆေးခန်းပြပြီးထွက်သွားတယ်
ဆေးမထိုးပေးလိုက်လို့ ဆေးထိုးပေးမဲ့ နောက်ဆေးခန်းပြန်သွားထိုးတဲ့လူတောင်
ရိုက်သတ်လို့မကုန်အောင်ပေါပါတယ်
ရောဂါတစ်ခုကို ကုသတဲ့နေရာမှာ ဆေးထိုးခြင်းက
အဓီကကျတဲ့ အရာတစ်ခုလို့ ထင်နေတဲ့လူတန်းစားကလဲများပါတယ်
ဆေးထိုးလိုက်ရင်မြန်မြန်ပျေက်တယ် ဆိုတဲ့အယူအဆကလဲ လတ်တလော လက္ခဏာ ကောင်းသွားတာနဲ့တိုင်းယူပြီး
ဆေးမှမထိုးရရင်ရောဂါမပေျာက်တော့မလို လူတွေလဲဒုနဲ့ဒေးပါပဲ
မယုံရင် ပတ်ဝန်းကျင်ကဆေးခန်းလေးတွေကြည့်ကြည့်လိုက်ပါ လာသမျှလူ မလွတ်တမ်းဆေးထိုးတဲ့ဆေးခန်းက လူပိုစီတာတွေ့ရပါလိမ့်မယ်
ဆေးထိုးတဲ့နေရာကို ဆရာဆရာမတွေဘယ်လိုသတ်မှတ်ပြီးထိုးလဲဆို
တင်ပါးကို နောက်တည့်တည့်ကနေ လေးပိုင်းပိုင်းလိုက်ပါ
အပေါ်ဖက် အပြင်ဖက် ဧရိယာကဆေးထိုးတဲ့နေရာပါ
ပုံမှာကြည့်လို့ရပါတယ် upper-outterပေါ့
လူခန္ဓာကိုယ်မှာဆေးထိုးတဲ့နေရာတွေအများကြီးရှိပါတယ်
ဒါပေမဲ့ တင်ပါးနဲ့ လက်မောင်းလောက်သာ မြင်ဖူးကြပါလိမ့်မယ်
အပ်တစ်ချက်ကြောင့် သင့် ကလေး လူ့ဘဝ အရှုံးမခံရလေးအောင် အသိ သတိနဲ့ မိဘများ ဆင်ခြင်နိုင်ကြပါစေ
ဥပဒေကဘယ်လောက်ပဲ ပြဌာန်းထားပါစေ
ဒါဟာမြန်မာနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနည်း မြန်မာဟန့်နဲ့ပဲ ကိုယ်နားလည်ရင် ကိုယ့်ဟာကို ကြည့်ရှောင်ပါ
ကျနော်လက်ညောင်းခံရေးထားတဲ့ ပို့စ့်လေးတစ်ခုက
အနည်းဆုံးတစ်ယောက်လောက်ရဲ့ ဘဝကို ကယ်တင်သွားနိုင်ရင်ပဲ
ဘယ်သူမှမသိလိုက် ပေမဲ့ အကျိုးရှိမယ်လို့ ယူဆမိပါတယ်
ဒီအကြောင်းတွေများများသိအောင် များများရှဲပေးခြင်းဖြင့် ကျန်းမာရေးအသိတစ်ခုဖြစ်အောင် သင်လည်း ကူညီနိုင်ပါတယ်။ ။
Respectfully Crd
Via_ Zaw Min Aung
12/11/2023
**မျက်စိကျိန်းခြင်း**
မျက်စိကျိန်းခြင်းဟာ အဖြစ်များတဲ့ ရောဂါတခုဖြစ်ပါတယ်။
ယောက်ျားမိန်းမ အသက်ကြီးငယ်မရွေး မျက်စိကျိန်းခြင်း ဖြစ်နိုင်ပါတယ်။
မျက်စိကျိန်းတယ်ဆိုတာဟာ မျက်စိမှာရှိတဲ့ conjunctiva ရောင်ရမ်းခြင်း ဖြစ်ပါတယ်။
Conjunctiva ဆိုတာဟာ မျက်ခမ်းမျက်ခွံတွေ အတွင်းမှာရှိတဲ့ အလွှာအကြည် လေးတခုဖြစ်ပြီး မျက်သား (Sclera) ကို ဖုံးကာပေးထားပါတယ်။
အကြောင်းတခုခုကြောင့် ဒီ Conjunctiva အလွှာလေး ရောင်ရမ်းလာတဲ့အခါမှာ မျက်စိကျိန်းခြင်း (မျက်စိနာခြင်း) ရောဂါကို ခံစားကြရပါတယ်။
မျက်စိကျိန်းခြင်း (မျက်စိနာခြင်း) ကို ဆေးပညာအရ Conjunctivitis လို့ခေါ်ပါတယ်။
အများအားဖြင့်တော့ မျက်လုံးတဖက်တည်းမှာပဲ ဖြစ်လေ့ရှိပါတယ်။
နှစ်ဖက်လုံးတပြိုင်တည်း ဖြစ်တာမျိုးကရှိတော့ရှိပေမယ့် အလွန်ရှားပါတယ်။
တဖက်ပျောက်ပြီးမှ နောက်တဖက်ဖြစ်တာမျိုးပဲ အဖြစ်များပါတယ်။
မျက်စိကျိန်းခြင်းဖြစ်တဲ့အခါ ဖြစ်တဲ့ဘက်ကမျက်လုံးရဲ့ မျက်သားအဖြူ (sclera) မှာ ပန်းရောင် သို့မဟုတ် အနီရောင်ဖြစ်နေတာ၊ မျက်လုံးထဲမှာတခုခုရှိနေသလို ကြမ်းရှရှခံစားရတာ၊ မျက်စိထဲမှာယားသလို ပူသလိုခံစားရတာ၊ မျက်ရည်ပူတွေကျတာ၊ မျက်ဝတ် (မျက်ချီး) တွေထွက်တာ၊ မျက်ခမ်းမျက်ခွံတွေ ရောင်တာ၊ အလင်းစူးတွေ သိပ်ကြည့်လို့မရတာ စသဖြင့် ခံစားရနိုင်ပါတယ်။
မျက်စိကျိန်းခြင်းဟာ အများအားဖြင့်တော့ ဘက်တီးရီးယားပိုးတွေနဲ့ ဗိုင်းရပ်ပိုးတွေဝင်ရောက်ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။
လည်ချောင်းနာတာ အရေပြားအနာ တွေကိုဖြစ်စေတဲ့ စထရက်တိုကော့ကပ်၊ စတက်ဖိုင်လိုကော့ကပ်စတဲ့ ဘက်တီးရီးယားတွေ
ကလာမိုင်းဒီးယား၊ ဂနိုစတဲ့ လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်ခံရခြင်းကြောင့် မျက်စိနာခြင်းဖြစ်နိုင်သလို
ဝက်သက်ရောဂါ၊ အအေးမိတုပ်ကွေးရောဂါ၊ ရေယုံရောဂါ တွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်ကူးစက် ခံရခြင်းကြောင့်လည်း မျက်စိနာခြင်းဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဖုန်တွေ၊ အမှုန်တွေ၊ မီးခိုးတွေဝင်တာ၊ ရေကူးကန်မှာ ရေကူးရင်းနဲ့ ကလိုရင်းခပ်ထားတဲ့ရေတွေ မျက်စိထဲဝင်တာ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် မျက်စိထဲဝင်တာ၊ မတည့်တဲ့ မျက်စဉ်းခတ်မိတာ၊ မတည့်တဲ့ အိုင်းလိုင်နာတွေ မျက်စိခြယ်အလှပြင်ပစ္စည်းတွေ သုံးမိတာ၊ မျက်ကပ်မှန်တပ်တာ စသဖြင့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မျက်စိကျိန်းတာဟာ တယောက်ကနေ တယောက် ကူးစက်နိုင်ပါတယ်။
ဒါပေမယ့် အရပ်ထဲက ရှေးလူကြီးသူမတွေပြောတဲ့အတိုင်း မျက်စိကျိန်းတဲ့သူရဲ့ မျက်လုံးကို ကြည့်မိရာကနေ ကူးတာတော့ မဟုတ်ပါဘူး။
မျက်စိကျိန်းတဲ့သူမျက်လုံးကနေ ထွက်တဲ့မျက်ရည်နဲ့ မျက်ဝတ်တွေနဲ့ ထိမိတာ၊ သူသုတ်ထားတဲ့ မျက်နှာသုတ်ပဝါနဲ့ သုတ်မိတာ၊ သူလိမ်းထားတဲ့ အလှကုန်ပစ္စည်းတွေ သုံးမိတာ၊ သူတပ်တဲ့မျက်မှန်၊ မျက်ကပ်မှန်တွေ တပ်မိတာ၊ သူ့မျက်လုံးကို ကိုင်တဲ့ လက်နဲ့ ကိုယ့်မျက်လုံးကို လာကိုင်တာ၊ သူအိပ်တဲ့ ခေါင်းအုံးနဲ့ အိပ်မိတာ စတဲ့နည်းတွေနဲ့ ကူးတာပါ။
မျက်စိကျိန်းတဲ့အခါမှာ
မျက်စိကို ရေအေးအေးသန့်သန့်လေးနဲ့ မကြာခဏသန့်စင်ပေးပါ။ မျက်ခွံပေါ်မှာ ရေအေးဖတ်ကပ်ပါ။
လက်ကို မကြာခဏဆပ်ပြာနဲ့ သေချာသန့်စင်ဆေးကြောပေးပါ။
နေပူထဲ ထွက်တာရှောင်ပါ။ မဖြစ်မနေထွက်ရရင် နေကာမျက်မှန်တပ်ပါ။
ဖုန်းတီဗီကွန်ပျူတာသုံးတာ၊ စာဖတ်စာရေးတာ စတဲ့ မျက်လုံးအားစိုက်ရမယ့် အလုပ်တွေရှောင်ပါ။
မျက်ကပ်မှန်တပ်သူဆိုရင် မျက်စိနာနေစဉ်မှာ မျက်ကပ်မှန်ထုတ်ထားပါ။
မျက်စိကျိန်းနေစဉ်မှာ မျက်စိနဲ့ပတ်သက်တဲ့ အလှအပဆိုင်ရာပစ္စည်းတွေ ဘာမှမသုံးပါနဲ့။
နာကျင်မှု သက်သာအောင် Ibuprofen လို အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ ယားယံမှု သက်သာအောင်ကတော့ Anti-Histamine အုပ်စုတွေဖြစ်တဲ့ Burmeton, Cetirizine စတာတွေ သောက်နိုင်ပါတယ်။
အများအားဖြင့်တော့ မျက်စိနာတာဟာ ဒီလိုတွေလုပ်ရင် နှစ်ရက်လောက်ဆိုသက်သာပျောက်ကင်းသွားတတ်ပါတယ်။
တကယ်လို့ နှစ်ရက်ကျော်ကြာတာတောင် မျက်စိကျိန်းတာမသက်သာတာ၊ မျက်စိကျိန်းတာ ပိုဆိုးလာတာ၊ မျက်စိအမြင်တွေဝါးလာတာ မှုန်လာတာ၊ မျက်စိနီရဲတာပိုဆိုးလာတာ စသဖြင့်ရှိရင်တော့ အချိန်မဆွဲဘဲ ဆေးရုံဆေးခန်းပြသဖို့လိုပါတယ်။
ဘာလို့လဲဆိုတော့ မျက်စိကျိန်းတာဟာ ကြာလာရင် မျက်ကြည်လွှာကိုပါ ထိခိုက်ပြီး မျက်ကြည်လွှာရောင်ခြင်း (Keratitis) ဖြစ်လာကာ မျက်စိကွယ်နိုင်လို့ပါ။
မျက်စိကျိန်းခြင်းဖြစ်နိုင်ခြေနဲအောင် အောက်ပါအချက်များကို ဂရုပြုလိုက်နာပါ။
မျက်စိကိုလက်နဲ့ မကြာခဏပွတ်ခြင်းကို ရှောင်ပါ။
မျက်နှာဆပ်ပြာတိုက်တဲ့အခါ၊ ခေါင်းလျှော်တဲ့အခါ မျက်စိထဲကို ဆပ်ပြာ၊ ခေါင်းလျှော်ရည်မဝင်အောင် ဂရုစိုက်ပါ။
ဖုန်အမှုန်ထူတဲ့ နေရာတွေကို ရှောင်ပါ။ လက်ကို မကြာခဏဆပ်ပြာနဲ့ သေချာသန့်စင်ပါ။ မျက်နှာသုတ်ပဝါ၊ ခေါင်းအုံး၊ မျက်မှန်၊ မျက်ကပ်မှန်တွေကို သူများနဲ့မျှမသုံးပါနဲ့။
ယခုလို ပူပြင်းတဲ့ ေနွရာသီမှာ ပိုပီးအဖြစ်များလို့ ဂရုစိုက်သင့်ပါတယ်
11/11/2023
သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၄) ခု
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
ရင်သားကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ ၊
သားအိမ်ကင်ဆာ စသဖြင့် ရောဂါတွေကြောင့်
အမျိုးသမီးတွေမှာ သေဆုံးမှု များပြားလျက်ရှိပါတယ် ။
ယခုလို အဖြစ်များတဲ့ ရောဂါတွေထဲက
သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၄)ခုကို
ဖော်ပြပေးချင်ပါတယ် ။
သားအိမ်ကင်ဆာဟာ အသက် ၃၀ နှင့် ၄၀
အရွယ်တွေမှာ အဖြစ်များလေ့ရှိကြပါတယ် ။
ကြိုတင်သိရှိထားခြင်းဖြင့် အချိန်မှီကုသနိုင်မှာပါ ။
၁ ။ ဗိုက်ပူလာခြင်း
•••••••••••••••••••••••
- မိမိရဲ့ ဝမ်းဗိုက်ဟာ သာမန်မဟုတ်ဘဲ တဖြေးဖြေး
ပူဖောင်းလာတယ်ဆိုလျှင်တော့ ဒါဟာ သားအိမ်
ကင်ဆာအကျိတ်ကြောင့် ဖြစ်နိုင်ပါတယ်။
၂။ဝမ်းဗိုက်အောက်ပိုင်းနှင့် တင်ပဆုံ နာကျင်ခြင်း
•••••••••••••••••••••••••••••••••••••••••••••••••••••••••
- ရက်သတ္တပါတ် ၃ပါတ်ခန့်ကြာအောင် ဒီလို
နာကျင်နေခြင်းဟာ သားအိမ်ကင်ဆာရဲ့
လက္ခဏာဖြစ်နေနိုင်ပါတယ် ။ အမျိုးသမီးများ
သွေးဆုံးချိန်တွင် ခံစားရသော နာကြင်မှုနှင့်လည်း
အလားသဏ္ဍန်တူသောကြောင့် သတိထားသင့်ပါသည် ။
၃။အစားစားချင်စိတ် နည်းလာခြင်း
•••••••••••••••••••••••••••••••••••••••••
- ၃ပါတ်ကျော်ကြာ အစားစားလိုစိတ်မရှိဘဲ
အူအတွင်း အမြဲလိုလို ဗိုက်ပြည့်သလို
ခံစားနေရတယ်ဆိုလျှင်တော့ ကင်ဆာလက္ခဏာ
ဖြစ်နိုင်ပါတယ် ။ ဒီလို အစာစားချင်စိတ်
နည်းလာမှုကိုလည်း မပေါ့လျော့ပါနှင့် ။
ရက်ကြာလာပြီဆိုလျှင် ဆရာဝန်နှင့်
ဆွေးနွေးပြသသင့်ပါပြီ။
၄။မကြာခဏဆီးသွားခြင်း
••••••••••••••••••••••••••••••
- ပုံမှန်ထက် ဆီးမကြာမကြာ သွားခြင်းကလည်း
ကင်ဆာလက္ခဏာ ဖြစ်နိုင်တာကြောင့်
သတိထားသင့်ပါတယ် ။ ဒီလို ဆီးမကြာခဏသွားမှု
ရက်ဆက်လာပြီဆိုလျှင်တော့ စစ်ဆေးစရာရှိတာကို
စစ်ဆေးဖို့ လိုအပ်လာပါပြီ။
ကာကွယ်ခြင်းဟာ ကုသခြင်းထက်
ထိရောက်တာကြောင့် မိမိမှာ ဒီလိုလက္ခဏာရပ်တွေ
ဖြစ်ပေါ်နေပြီဆိုလျှင် ဆရာဝန်နှင့် အမြန်ဆုံး
ဆွေးနွေးတိုင်ပင်ပြီး ကုသခြင်းဖြင့် မိမိရဲ့
အသက်ကို မြန်မြန်ကယ်တင်နိုင်ပါလိ့မ်မယ်။
━━━━━━━━━━━━━━━━━━━━
27/09/2023
(ထမင်းရည်၏အကျိုးများ)
--------------------------------------
ယနေ့ခေတ်လူငယ်များ ယာဂု ယမန်းရည် ဟု အမည်တောင် သိမည်မထင်တော့ပါ။
ယနေ့ခေတ် ထမင်းကို
ပေါင်းအိုးများနှင့်ချက်နေကြ၍ ထမင်းရည် မရနိုင်တော့ပါ။
သို့သော် ဆွမ်းလောင်းအသင်းများအား မှာယူထားကြပါ။
တခါသောက်ရုံနဲ့တော့ ထမင်းရည်အစွမ်း မပြနိုင်သေးပါ။
၁၀ရက်ခန့်ဆို သိသာပါပြီ။
ကျန်းမာ သန်စွမ်း စိတ်ရွှင်လန်း၍လာပါမည်။
အထင်မသေးကြပါနဲ့။
ထမင်းရည်၏အကျိုးများ
••••••••••••••••••••••••••••••••
၁။အစားအစာများကို များစွာစားနိုင်ခြင်း။
၂။ဆီးရွှင်စေခြင်း။
၃။အသက်ကိုရှည်စေခြင်း။
၄။အသွေး အသားကို ပွားစေခြင်း။
၅။အဖျား
၆။သလိပ်
၇။သည်းခြေ
၈။လေတို့ကို နိုင်စေခြင်း။
အဖျားအမျိုးမျိုးနှင့်ရောဂါကြီးများ တခုခုဖြစ်ပြီး နလံထလူနာများ အရက်သမားများ အာရုံကြောရောဂါရှင်များ အသက်ကြီးရွယ်အိုများ သောက်သုံးပေးကြပါခင်ဗျာ။
သွေးတိုးမရှိခဲ့လျင် မနက်စောစော ဆားအနည်းငယ်ထည့်၍သောက်ပေးပါ။
🙏🙏🙏🙏🙏
22/09/2023
တစ်လအတွင်း မျက်တောင်ရှည်အောင်
အိမ်မှာတင် အလွယ်တကူ မျက်တောင်ရှည်တဲ့နည်းကို ဖော်ပြပါမယ်။ မျက်တောင်အတွက် အမျိုးသမီးအများစုက mascara ကို သုံးလေ့ရှိပါတယ်။ တချို့က ရေစိုခံတွေပါသုံးကြတယ်။ သုံးပြီး ပြန်ဖျက်ရတာကြောင့် နေ့စဉ်သုံးဖို့ အဆင်မပြေလှပါဘူး။ အခုပြောမယ့်နည်းက သဘာဝအတိုင်း မျက်တောင်လေးတွေ ကော့ပြီးရှည်လျားစေမယ့်နည်း ဖြစ်ပါတယ်။
ဘာတွေလိုလဲ
– ကြက်ဆူဆီ
– ဗီတာမင် အီး
– ရှားစောင်းလက်ပပ်နှစ်
ကြက်ဆူဆီ၊ဗီတာမင် အီးနဲ့ ရှားစောင်းလက်ပပ်နှစ်ကို အချိုးအစား အညီအမျှရောပြီး အလုံပိတ်ဗူးတစ်ခုတည်းထဲ့ပါ။ ပြီးရင် ရလာတဲ့အရည်ကို မျက်တောင်လိမ်းတံ(mascara wand)နဲ့ ညအိပ်ရာဝင်တိုင်း မျက်တောင်ပေါ်လိမ်းပေးပါ။ တစ်ရက်တစ်ကြိမ် ညစဉ်လိမ်းပေးရုံနဲ့ တစ်လအတွင်း သင့်မျက်တောင်တွေ သိသိသာသာရှည်လျားလာတဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Credit..ဒေါက်တာ အေးမင်းထူး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
11111
