Mandalay Dr.Detox
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalay Dr.Detox, Health/Beauty, Mandalay, Mandale.
10/04/2021
မင်္ဂလာပါ Detox ချစ်သူများရှင်...
အားနာနာနဲ့စျေးရောင်းပါရစေနော်
မကြာမီ ကျရောက်တော့မယ့် မြန်မာ့နှစ်ကူးသင်္ကြန်ကိုအိမ်မှာနေပြီး အနားယူ လှပချင်သူများအတွက် Dr.Detox မှသင်္ကြန်အထူး Promotion လေးပေးထားတယ်နော် 🧑🏻⚕️Dr.Detoxရဲ့ လူကြိုက်အများဆုံး Beginner & Advanced Plan (၂)မျိုးကို 10% DISCOUNT လျော့ပေးမှာနော်
Beginner Plan - 65000 ⏩ 58500 (Now)
Advanced Plan - 100000 ⏩ 90000 (Now)
🧑🏻⚕️လူအရေအတွက်ကန့်သတ်ထားတာမို့ အမြန်ဆုံး Order တင်ထားပေးနော်
28/01/2021
ကိုဗစ်ကာကွယ်ဆေး ထိုးအပြီး ဖျားနာခဲ့ရင် စားသင့်သော အစားအစာ များ
--------------ဒေါက်တာခင်မိုးမိုး
#ကြက်သားဒါမှမဟုတ်အမဲသားညှပ်ပေါင်မုန့် ။ Sandwich.
ဖျားပြီးကိုယ်လက်ကိုက်နေရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာဖြစ်တဲ့ အဆီမပါဝင်တဲ့ အသားကို စားဖို့ လိုအပ်ပါတယ်။ အစာကိုစားချင်စိတ် မရှိသော်လည်း ဒီအစာကို စားသုံးတာကြောင့် ရောဂါကို တွန်းလှန်နိုင်ဖို့ စွမ်းအင် ရရှိနိုင်ပါတယ်။
#ဟင်းသီးဟင်းရွက်ဖျော်ရည်။
အဖျားရှိခါစမှ ဟင်းရွက်သုတ်တွေကို စားချင်စိတ်မရှိရင် ဟင်းသီးဟင်းရွက် ဖျော်ရည်ကို သောက်ပေးပါ။ သူတို့မှာ ပါဝင်တဲ့ များစွာသော ဓာတ်တိုးပစ္စည်းမျိုးစုံကြောင့် ခုခံအားစနစ်မြင့်တက်လာနိုင်ပါတယ်။
#ကြက်စွပ်ပြုတ်ရည်။
သူ့ကြောင့် အာဟာရရရှိနိုင်သလို အရည်ဓာတ်လည်း ရရှိနိုင်ပါတယ်။ ရောဂါအမြန်ပျောက်ကင်းဖို့လည်း ကူညီနိုင်ပါတယ်။ကြက်စွပ်ပြုတ်ရည်ပူပူနွေးနွေးကို သောက်တာက နှာခေါင်းမှ အမွေးအမှင်တွေက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို တိုက်ထုတ်ဖို့ ကူညီနိုင်ပါတယ်။
#ကြက်သွန်ဖြူ။
ကြက်သွန်ဖြူက ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။
#ချင်း။
ချင်းက ပျို့တာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာကို သက်သာနိုင်ပါတယ်။ရောင်ရမ်းမှုကိုလည်း လျော့ကျနိုင်ပါတယ်။
#လက်ဖက်ရည်ကြမ်းပူပူ။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ Oolong
လက်ဖက်ရည်သောက်ပါ။ နှာပိတ်တာ သက်သာအောင် ရေနွေးကြမ်းက အငွေ့ကိုရှူပါ။ လည်ချောင်းနာတာ သက်သာအောင် ရေနွေးကြမ်းထဲ ပျားရည်နဲ့ ရှောက်ရည်ထည့်သောက်ပါ။
#ငှက်ပျောသီး။
သူက အစာကြေလွယ်တဲ့အစားအစာပါ။ ပျို့တာ၊ အန်တာ နဲ့ ဝမ်းပျက်ဝမ်းလျော ဖြစ်သူတွေ စားသင့်ပါတယ်။
#ပေါင်မုန့်ကင်။
ဖျားနာတာကို တွန်းလှန်နိုင်ဖို့ ပေါင်မုန့်ကင် ဒါမှမဟုတ် ခရက်ကာ တွေကို စားသုံးနိုင်ပါတယ်။ အစာသိပ်မဝင်တဲ့ အချိန်မှာ ဒီအစာတွေကို ကြက်စွပ်ပြုတ်နဲ့ အတူတူ စားပါ။
#အားဖြည့်ဖျော်ရည်များ။
နလံပြန်ထခါစမှာ အာဟရနဲ့ ကယ်လိုရီအပြည့်အဝ ရရှိအောင် မိုင်လို၊ အိုဗာတင်းနဲ့ အင်ရှူးဝါးလိုမျိုး ဖျော်ရည်တွေသောက်ပါ။ ပရိုတင်းအနည်းဆုံး၆ ဂရမ် ပါပြီး သကြားပါဝင်မှုနည်းကာ လက်တို့စ်မပါဝင်တဲ့ညဖျော်ရည် ဖြစ်ရပါမယ်။
#ရေခဲချောင်း။
လည်ချောင်းနာနေရင်၊ ရောင်ရမ်းနေရင် ဒါမှမဟုတ် ခြောက်သွေ့နေရင် ရေခဲချောင်းစားတာက ဒီဝေဒနာတွေကို သက်သာနိုင်ပါတယ်။ ရေခဲချောင်းစားတာက အဖျားကျဆင်းဖို့ အဓိက အချက်ဖြစ်တဲ့ ရေဓာတ်ပြည့်ဝမှုကို ရရှိစေနိုင်ပါတယ်။ ရေများများ ရရှိတာကြောင့် သလိပ်ပျော်ဝင်နိုင်ပြီး နှာပိတ်တာ၊ ရင်ကျပ်တာ သက်သာနိုင်ပါတယ်။
အာဟာရအပြည့်အဝ ရရှိဖို့ သစ်သီး ၁၀၀ % ပါဝင်တဲ့ ရေခဲချောင်း ပြုလုပ်ပြီး စားပါ။
27/01/2021
ပြာသိုလပြည့် အမေများနေ့မှာ
ကမ္ဘာပေါ်ရှိမိခင်များအားလုံး
ကျန်းမာပျော်ရွှင်ပါစေ
မေတ္တာတရားများဖြင့်ပြည့်နေသော
သားသမီးတိုင်းရဲ့စံပြဖြစ်သော
မွေးသမိခင်များကို ပိုပိုတိုး၍
ချစ်နိုင်ကြပါစေရှင်
ဒီနေ့အတွက်မေမေနဲ့အတူပျော်ရွှင်စရာအမှတ်တရတွေရောဖန်တီးပေးကြပြီးပြီလား ?
❤️
25/01/2021
Content Writer ........ ၁ဦး
Graphic Designer ... ၁ဦး အလိုရှိပါတယ် 📣📣📣
Content writer
👉သက်ဆိုင်ရာလုပ်ငန်း နဲ့ပါတ်သက်တာတွေ ၊ အခြားကျန်းမာရေးဆိုင်ရာတွေနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေကို Content ရေးနိုင်ရင် ရပါတယ်။
👉 ကိုယ်ရေးမယ့် အကြောင်းအရာတွေကို စာလုံးပေါင်း မှန်မှန်ကန်ကန် ရေးနိုင်ပြီး Design Idea တွေပေးနိုင်ရပါမယ်။
👉 အလုပ်အပ်သူစိတ်တိုင်းကျ လုပ်ဆောင် ပေးနိုင်သူ၊ အသစ်အသစ် တွေ ဖန်တီးပေးနိုင်သူဖြစ်ရပါမယ်။ (အလုပ်အပ်သူစိတ်တိုင်းကျရေပေးနိုင်သူ)
Graphic Designer
• Creative ဖြစ်ပြီး သက်ဆိုင်ရာBrand ကိုမြင့်တင်ပေးနိုင်သူဖြစ်ရမည်
• Social Media Designများကိုခေတ်နဲ့အညီဖန်တီးနိုင်သူဖြစ်ရမည်
• အချိန်မီ လုပ်ငန်းအပ်နိုင်ပြီး အလုပ်အပ်သူစ်တ်တိုင်းကျ ပြင်ဆင်ဆောင်ရွက်နိုင်သူဖြစ်ရမည်
👨🏻💻Portfolio လေးနဲ့ ခန့်မှန်းငွေကြေးရေးပြီး Cb (သို့) [email protected] သို့ဆက်သွယ်စုံစမ်းနိုင်သည်။
📲 09-977773415
23/01/2021
ဂျင်း မဟုတ်တဲ့ ဂျင်း 🍹
ဟလို ... ချစ်ချစ်တုန်တို့ရေ .. ဒီနေ့ မမညို Shot လေးတစ်ခုအကြောင်းကို sharing လုပ်ချင်ပါတယ် ။ အဲ့တာကဘာလဲဆိုတော့ 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐃𝐫.𝐃𝐞𝐭𝐨𝐱 က ထုတ်တဲ့ 𝐈𝐦𝐦𝐮𝐧𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 𝐒𝐡𝐨𝐭 လေးအကြောင်းပါ ။
▪️𝐈𝐦𝐦𝐮𝐧𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 𝐒𝐡𝐨𝐭 ဆိုတာ ဘာလဲ ?
--- အချိုရည်လိုမျိုးလေးပဲ ... ဂျင်း, သံပုရာ, ကြက်သွန်ဖြူဥ, နနွင်းတက်, apple cider vinegar စတာတွေပါတဲ့ Juice တစ်မျိုးပဲ ။
▪️ဂျင်းကော ကြက်သွန်ဖြူကောပါတော့ နံနေမှာလား ?
--- ကြက်သွန်ဖြူနံ့မရပါဘူးရှင် ။ ဂျင်းသံပုရာလိုလေးပါ ။ ဂျင်း အရသာ ဂျင်းအနံ့ ခံစားနိုင်တဲ့သူတွေဆို အဆင်ပြေပါတယ် ။ မမညိုကတော့ ကြိုက်တော့ တော်တော်လေးကို သောက်လို့ကောင်းတယ် ။
▪️ဘယ်လိုသောက်ရတာလဲ ?
--- မမညိုကတော့ ရကတည်းက ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ် ။ မနက် အိပ်ရာက နိုးတာနဲ့ မျက်နှာသစ် သွားတိုက်ပြီး မနက်စာမစားခင် 𝐈𝐦𝐦𝐮𝐧𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 အေးအေးလေးကို အရင်သောက်တယ် ။ နာရီဝက်လောက်နေမှ မနက်စာစားတယ် ။ တကယ်လို့ ညအိပ်ရာဝင်ခါနီး သောက်ချင်ရင်တော့ 𝐈𝐦𝐦𝐮𝐧𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 100ml ကို ရေနွေးဆူဆူနဲ့ရောပြီး နွေးနွေးလေးသောက်ပေးရတယ် ။
▪️𝐈𝐦𝐦𝐮𝐧𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 သောက်တော့ ဘယ်လိုခံစားရလဲ ?
--- အသိသာဆုံးကတော့ ဝမ်းမှန်တာပါ ။ ပုံမှန်ဝမ်းမှန်လေ့ရှိပေမယ့် period နားနီးရင် ဝမ်းချုပ်လေ့ရှိတဲ့ ကိုယ့်အတွက် အဆင်ပြေတယ် ။ အဲ့တာသောက်တဲ့နေ့ဆို ဗိုက်လေးကို ရှင်းပြီး ပေါ့နေရောပဲ ။ ပြီးတော့ သူကသာ 𝐈𝐦𝐦𝐮𝐧𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 .. ကိုယ်ကတော့ အဲ့တာသောက်ပြီး ခံတွင်းလေးရှင်းလို့ အစာစားချင်စိတ်လည်း ပိုဖြစ်တယ် .. အငမ်းမရစားတာမျိုးမဟုတ်ဘူးနော် .. စားချင်စိတ်လေးပေါ်လာတာမျိုး ။ ခန္ဓာကိုယ်ထဲက အပူအပုပ်လည်းရှင်းတော့ အသားအရေလည်း ကြည်တယ်လို့ ခံစားရတယ် ။ နောက် ဝက်ခြံလေးတွေဆို ယောင်တာလေးတွေ လျော့ပြီး ချပ်သွားတယ် ။
🔺ပါဝင်ပစ္စည်းတွေကို လေ့လာကြည့်ရင်း အမျိုးသမီးတွေ ဓမ္မတာလာစဉ် ကိုက်ခဲမှု နာကျင်တွေကိုလည်း လျှော့ချပေးနိုင်လိမ့်မယ်လို့ မမညို ယူဆတယ် ။
▪️ဈေးကကော နောက်ပြီး ဘယ်မှာဝယ်ရမလဲ ?
--- 𝐈𝐦𝐦𝐮𝐧𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 𝐒𝐡𝐨𝐭 ၃ ဘူးပါတဲ့ 1 box ကို 9,500 Ks နဲ့ 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐃𝐫.𝐃𝐞𝐭𝐨𝐱 page မှာ ဝယ်လို့ရပါတယ် ။ အချစ်တို့ ရှာရလွယ်အောင် မမညို link လေး တခါတည်းထည့်ပေးလိုက်မယ်နော် ။
📌 https://www.facebook.com/drdetoxmdy
𝗗𝗶𝘀𝗰𝗹𝗮𝗶𝗺𝗲𝗿 : 𝐈𝐦𝐦𝐮𝐧𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 𝐒𝐡𝐨𝐭 လေးကို သီတင်းကျွတ်လက်ဆောင်အဖြစ် 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐃𝐫.𝐃𝐞𝐭𝐨𝐱 က ပို့ပေးတာပါ ။ တစ်နေ့ တစ်ဘူးနဲ့ သုံးဘူးလုံးကုန်အောင်သောက်ပြီးမှ မမညိုရဲ့အတွေ့အကြုံလေးတွေကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်ရှင် ။
သောက်ဖူးပြီးသားသူလေးတွေရှိရင်လည်း အတွေ့အကြုံလေးတွေ ပြန်မျှပေးခဲ့ပါဦး ။ အခုမှ သိတယ်ဆိုတဲ့သူလေးတွေအတွက်လည်း အကျိုးရှိသွားမယ်ဆိုရင် sharing လုပ်ပေးရကျိုးနပ်ပြီလေနော် 😘
အားလုံးကျန်းမာလှပကြပါစေရှင့် 💜
ချစ်တဲ့
#မမညို
22/01/2021
Covid ကာလကြီးမှာတောင် နယ်ကရော မြို့ပေါ်ကပါ ယုံယုံကြည်ကြည်အားပေးကြတဲ့အတွက် Dr.Detox Team မှအထူးကျေးဇူးတင်ပါတယ်ရှင်
ရွှင်လန်းချမ်းမြေ့ကြပါစေ ☘️
19/01/2021
ယနေ့ထိ Dr.Detox ကိုယုံယုံကြည်ကြည်အားပေးကြတဲ့ Dr.Detoxချစ်သူတို့ရေ ကျေးဇူးအထူးတင်တယ်နော်
ကျန်းမာအဆီကျလှပတဲ့ ခန္ဓာကိုယ်လေးအမြဲထာဝရပိုင်ဆိုင်ပါစေနော်
14/01/2021
Dr.Detox juice သောက်တာ အရသာကောင်းရဲ့လား? ဝိတ်ရောတကယ်ကျရဲ့လား? ဘယ်နှပေါင်ကျလို့လဲ?
“၇ ပေါင်ခွဲ လောက်ထိ ကျတယ်စစ်။ အခုပြန်စားတာနဲ့ဆို ၆ပေါင်လောက်ကျပြီး ကိုယ်အလေးချိန်တန်းသွားပြီ”
“အမရေအရင်က၁၆၈ပေါင် Juice သောက်ပီး၁၆၄ပေါင်ဘဲရှိတော့တယ်မရေ”
“အရမ်းအဆင်ပြေတယ် မမ ၅ပေါင်တောင်ကျသွားတယ်”
“ညစာ မစားဘဲသောက်တော့
မနက်ဆို လန်းတယ်
ပေါင်ချိန်တာ ၃ ပေါင်လောက်ကျတယ် ဒါတောင် ညသရေစာစားသေးလို😁”
12/01/2021
Let’s Detox with Dr.Detox
💁♀️ Detox Juice ကိုဘာကြောင့်သောက်သင့်တာလဲ?
👩🏻⚕️ Dr.Detox မှထုတ်တဲ့ Detox Plan တွေကခန္ဓာကိုယ်ရှိအူနှင့်ကိုယ်တွင်းကလီစာများရဲ့ အစာအကြွင်းကျန်၊အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခန္ဓာ သွယ်လျလှပစေတဲ့Planဖြစ်ပါတယ်
💁♀️ Detox juice မှာဘာတွေပါလဲ?
👩🏻⚕️ Detox Juice ထဲတွင် အမျှင်ဓါတ်ပါသော အသီးအနှံများ၊ အရည်ရွှမ်းသော သစ်သီးများ ဗီတာမင် ကြွယ်ဝသော အစိမ်းရောင်ရှိသော ဟင်းသီး ဟင်းရွက်များဖြင့် ပေါင်းစပ်ပြုလုပ်ထားပါတယ်
💁♀️ Detox juice သောက်ရင်ဘေးထွက်ဆိုးကျိုးရှိပါလား?
👩🏻⚕️ သဘာဝအော်ဂဲနစ်သစ်သီးသစ်ရွက်များဖြင့်သာ ပြုလုပ်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးလုံးဝ(လုံးဝ)မရှိပါ။
💁♀️ Detoxjuiceသောက်ရင်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ?
1️⃣ အသားအရည်စိုပြေကြည်လင်လာမယ်
2️⃣ ခန္ဓာကိုယ်လှပစွာဝိတ်ကျလာမယ်
3️⃣ မျက်နှာလေး ပိုပြီး ကြည်လင် လှပလာမယ်
ကဲ ခန္ဓာကိုယ် သွယ်လျလှပချင်တယ်ဆိုရင် Dr.Detox ရဲ့ healthy juice plan တွေကို join လိုက်တော့နော်
မှာယူလိုပါက-/
Page Chatbox - m.me/drdetoxmdy
Phone - 09977773415 ကိုဆက်သွယ်နိုင်ပါတယ်ရှင် 😍
30/12/2020
2021 နှစ်သစ်အကြို #21% Discount ‼️
✔ ခန္ဓာကိုယ် ပေါ့ပါး ကျန်းမာတဲ့ ဘဝမျိုး
✔ အသားအရေ ချောမွှေ့စိုပြေလှပတဲ့ ဘဝမျိုး
2021နှစ်သစ်မှာ ချစ်တို့ဘယ်လို ဘဝမျိုး နဲ့ ဖြတ်သန်းချင်ပါသလဲ
ချစ်တို့လိုချင်တဲ့ ဘဝမျိုး ကို ကိုယ်တိုင်ရွေးချယ်လို့ရပါတယ်။
ချစ်တို့တွေတခါတရံ တယောက်ယောက်ကို အရမ်းသတိရတဲ့အခါ သူ့ဆီကဖုန်းဆက်လာတာမျိုး၊ လမ်းမှာမထင်မှတ်ပဲတွေ့လိုက်တာမျိုး၊ သူ့အကြောင်းကြားလိုက်ရတာမျိုးကြုံဖူးတယ်မလား?
အဲတာဘာလို့လဲဆိုတော့ ချစ်တို့စိတ်က ချစ်တို့ဖြစ်ချင်တာကိုပုံဖော်ပြီး ဆွဲဆောင်လိုက်တာမို့ပါ
ကဲ ခုမင်မင်အပေါ်ကမေးထားသလိုချစ်တို့ 2021 နှစ်သစ်မှာဘယ်လိုဘဝမျိုးပိုင်ဆိုင်ချင်လဲ?
ချစ်တို့ ပုံဖော်ချင်တဲ့ဘဝမျိုးရဖို့ မင်မင်တို့ Dr.Detox က ဖြည့်ဆည်းပေးမယ်နော်🤩
Dr.Detox ရဲ့ လူကြိုက်အများဆုံး Beginner Level 3Days Plan (65000ကျပ်) တစ်မျိုးထဲကို 2021အကြို 21% Discount လျော့ပြီး (51350ကျပ်) ပဲထားပေးမှာနော်🤗
Special Sale က 2nd January 2021 ထိပဲမို့ discountလေးမှီဖို့ဆို အခုပဲ order တင်ထားလိုက်တော့နော်💃🏼
မှာယူလိုပါက-/
Page Chatbox - m.me/drdetoxmdy
Phone - 09977773415 ကိုဆက်သွယ်နိုင်ပါတယ်ရှင် 😘
26/12/2020
မင်္ဂလာပါDetoxချစ်သူတို့ရေ🌿
Detox ဆိုတာဘာလဲ❓
Detox လုပ်ဖို့ဘာကြောင့်လိုအပ်သလဲ❓
စတဲ့မေးခွန်းလေးတွေကိုပြောပြပေးမယ်နော်
Mind & body ကိုreset လုပ်ကြမယ်ဆို
အရင်ဆုံး detox ဆိုတာလိုကိုလိုအပ်ပါတယ်
စိတ်ကိုအလုပ်လုပ်ဖို့ဆိုရင်
ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုရောသန့်ရှင်းနေဖို့
body cleanse လုပ်ဖို့
အင်မတန်အရေးကြီးပါတယ်ရှင်
အသား ငါး စားသောက်လာခဲ့တဲ့
ခန္ဓာကိုယ်ထဲကအညစ်အကြေးများကို
အသီးအရွက်ကြိတ်ရည်များအစားထိုးသောက်ပြီး
သဘာဝအလျောက်စွန့်ထုတ်ပေးခြင်းကို
Detox လုပ်ခြင်းလို့ခေါ်ပါတယ်ရှင့်
Dr.Detox မှာဆို body cleanse လုပ်ဖို့အတွက်
level အမျိုးမျိုးခွဲပေးထားပါတယ်ရှင်
Level တစ်မျိုးချင်းစီအတွက်ရရှိနိုင်တဲ့
အကျိုးကျေးဇူးလေးတွေလည်းအများကြီးရှိပါတယ်နော်
Planတစ်မျိုးချင်းစီရဲ့သက်ရောက်မှုများကိုcommentမှာဖတ်ပေးပါနော် 😍
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Mandalay
Mandale
