STAR Beauty Mart
"သင့္အလွအတြက္ STAR Beauty Mart!"
29/06/2021
🎉🎉အလှအပကြိုက်သူတွေအတွက် အမိုက်စားလျှော့ဈေးကြီး💥💥
☔မိုးရာသီ Promotion အနေနဲ့ ဇူလိုင်(1)ရက်နေ့ကနေ ဇူလိုင်(10)ရက်အတွင်း ဆိုင်ရှိပစ္စည်းအားလုံး ဘာဝယ်ဝယ် Net amount တစ်သောင်းဖိုးပြည့်တာနဲ့ 𝟓𝟎% 𝐎𝐅𝐅🏷️ တောင် လျှော့ပေးမှာပါရှင့်🤩🤩🤩
📌အတန်ဆုံးပရိုမိုရှင်းပေးထားတာမို့ ပစ္စည်းလေးတွေအကုန်မြန်တတ်လို့ လက်သွက်ဖို့တော့လိုမယ်နော်😉😉
သူငယ်ချင်းတွေလည်းသိရအောင် Like and Share လေးလုပ်ပြီး မျှဝေလိုက်ပါဦးနော်😍😍
20/02/2021
06/01/2021
ပေါင်းစပ် အသားအရေ (Combination Skin)
အသားအရေတိုင်းလိုလို အခြေခံအားဖြင့် အမျိုးအစား နှစ်မျိုးလောက် ဖက်စပ်မှု ရှိကြပါတယ်။ မျက်နှာပြည့်ပြီး အရောင် အဆင်း ညီညာပြေပြစ်ပေမယ့် နဖူး၊ နှာခေါင်းနဲ့ မေးစေ့နေရာတွေအဆီ နည်းနည်း ပြန်ပါတယ်။ T-zone လို့ ခေါ်တာပေါ့။တချို့ကျတော့ ချွေးပေါက်တွေ ကျယ်ပြီး နဖူး၊ နှာခေါင်းနဲ့ မေးစေ့နေရာတွေမှာ အဆီပြန်တာ များပါတယ်။ ဒါပေမယ့် ပါးပြင်နဲ့မျက်ဝန်းအောက် ဘက်နေရာတွေမှာတော့သာမန်(သို့) ခြောက်သွေ့တဲ့ အသားအရေမျိုး ရှိတတ်ပါတယ်။
ဒီတော့ ဒီလို နှစ်မျိုးဖက်စပ်မှုရှိနေတဲ့ အသားအရေအမျိုးအစားကို လိမ်းခြယ်တဲ့နေရာမှာ နှစ်မျိုးခွဲပြီး လိမ်းရပါမယ်။ သာမန်(သို့) ခြောက်သွေ့တဲ့နေရာကို အစိုဓာတ်ထိန်းဆေး လိမ်းပေးပြီး အဆီပြန်တဲ့နေရာမှာအဆီကို စုပ်ယူစေတဲ့ အမျိုးအစား လိမ်းဆေးကိုလိမ်းပေးရပါမယ်။
ရှောင်ရန်
• T-zone နေရာတွေမှာ ပြင်းထန်တဲ့လိမ်းဆေးများ မလိမ်းသင့်ပါ။
• အရေပြား လွှာထုတ်သည့် scrubs များ။
• မိတ်ကပ် မဖျက်ဘဲ အိပ်ရာဝင်ခြင်း
• အရက်ပြန် ခပ်ပြင်းပြင်းနဲ့ ဖော်စပ်ထားတဲ့ တိုနာ (strong-alcohol-based toners)
ဆောင်ရန်
• အားဖြည့်ဆေးရည်ပါ မျက်နှာဖုံးစွပ်(Mask)များ
• ညလိမ်း ခရင်(မ်)
• နေရောင်ကာ လိမ်းဆေးပါ အစိုဓာတ်ထိန်း ဆေးများ။
နောက်ရက်တွေမှာလဲ အလှအပနဲ့သက်ဆိုင်တဲ့ Beauty tips လေးတွေတင်ပေးဦးမှာမို့ Pageလေးကိုလည်း Like and See firstလေးလုပ်ထားဖို့ မမေ့နဲ့နော်
05/01/2021
အဆီပြန်သော အသားအရေ(Oily Skin)
နဂို အဆီပြန်တဲ့ အသားအရေရှိသူအနေနဲ့ သဘာဝအစိုဓာတ်များ ပြည့်ဝနေတဲ့အတွက် ရာသီဥတု အပူ၊အအေး ဒဏ်ကိုခံနိုင်ရည် ရှိပြီး အရွယ်တင် နုပျိုစေနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့်သာမန် အဆီပြန်တာမျိုး မဟုတ်ဘဲ အဆီပြန်လွန်းနေရင်တော့ ချွေးပေါက် ကျယ်သွားတတ်တာကို သတိပြုရပါမယ်။
အဆီပြန်တယ်ဆိုပြီး မကြာခဏ မျက်နှာသစ်တာမျိုး၊
နှိပ်နယ် တာမျိုးကို လုပ်လွန်းရင်လည်း အဆီကျိတ် လေးတွေပိုမို တိုးပွားလာ စေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်ရုံသင့်ရုံပဲကောင်းပါတယ်။
❌ရှောင်ရန်❌
• မိတ်ကပ်အောက်ခံ ပြောင်လက်နေတာမျိုး။
• အရက်ပြန်ပါတဲ့ တိုနာ (alcohol - based toners)
• ဆပ်ပြာနှင့် ရေ။
• အဆီဓာတ်ပါ အစိုဓာတ်ထိန်းဆေး (oil - based moisturizers) များ
• မျက်နှာကို မကြာခဏ ကိုင်တွယ်ထိတ်ဖဲ့နေခြင်း။
✔️ဆောင်ရန်✔️
• အဆီဓာတ်မပါတဲ့ မိတ်ကပ်အောက်ခံနှင့် အစိုဓာတ် ထိန်းဆေးများ
• အလှကုန်ပစ္စည်းတွေမှာ non - comedogenic နှင့် non -acnegenic ပါသည်များ
• Tea tree grape fruit တို့နှင့် ပြုလုပ်ထားတဲ့ ရနံ့အဆီ
• ထူပျစ်ပြည့်ဝတဲ့ခရင်(မ်)နှင့်အရည်များအစား သန့်စင်အဆီများ cleansing oils ကို သုံးပါ။
နောက်ရက်တွေမှာလဲ အလှအပနဲ့သက်ဆိုင်တဲ့ Beauty tips လေးတွေတင်ပေးဦးမှာမို့ Pageလေးကိုလည်း Like and See firstလေးလုပ်ထားဖို့ မမေ့နဲ့နော်👍👍
03/01/2021
ခြောက်သွေ့သော အသားအရေ (Dry Skin)
အသားအရေ ခြောက်သူတွေ သတိထားသင့်တဲ့ အထဲမှာ မိမိအသားအရေဟာ ခြောက်လို့ဆိုပြီး အဆီဓာတ်ပါတဲ့ ခရင်မ်ကိုလိမ်းဖို့ လိုအပ်တာလား။ ဒါမှမဟုတ် အရေပြားမှာ ရေဓာတ်လိုတာလား ဆိုတာ အရင် ခွဲခြားဖို့ပါပဲ။ တချို့က ရေဓာတ် လိုနေတာကိုမသိဘဲ အဆီဓာတ်ကိုပဲလိမ်းနေတာဟာ နည်းလမ်းအမှန်တော့ မဟုတ်ဘူးလေ။ တကယ်တမ်း ခြောက်သွေ့တဲ့အသားအရေ
ရှိသူဟာ တစ်ရက်ကို ရေ ရှစ်ဖန်ခွက်လောက်တော့ သောက်ဖို့သင့်တယ်။ ပြီးတော့ရေဓာတ်ပါတဲ့ခရင်(မ်)ကိုလည်း လိမ်းပေးဖို့ လိုပါတယ်။
နေပူထဲသွားရင် အသားအရေ ခြောက်သလိုပဲ လေအေး
ပေးစက်အခန်းတွင်းမှာ နေတာ၊ လေတိုက်တဲ့ နေရာမှာ နေတာတွေကလည်း အသားအရေကို ခြောက်သွေ့စေတာ ပါပဲ။ဒါကြောင့် နေပူလေပူထဲ သွားတဲ့သူဖြစ်စေ၊ လေအေးပေးစက်အခန်းထဲမှာနေသူ ဖြစ်စေ အစိုဓာတ်ထိန်း ဆေးခရင်မ်(သို့)အရည်Moisturizer ကို တစ်နေ့ နှစ်ကြိမ်လောက် အနည်းဆုံး လိမ်းပေးသင့် ပါတယ်။ ညအိပ်ရာဝင်ချိန်မှာလည်း ညလိမ်းခရင်(မ်) Night Cream ကို လိမ်းရပါမယ်။
ခြောက်သွေ့တဲ့ အရေပြား Dry Skin ဟာအဆီဓာတ်
ထုတ်လုပ်မှု နည်းပါးသလို အစိုဓာတ် ထိန်းသိမ်းမှုလည်း မရှိသလောက်ပါပဲ။ အရေပြားမှာ ရေဓာတ်ခန်းခြောက်နေတဲ့ Dehydrated Skin အမျိုးအစားကျတော့ ရေဓာတ် လုံးဝခန်းခြောက်နေသလိုမျိုးဖြစ်ပြီး ပါးပြင်တွေပေါ်မှာပါ အတွန့်အရေးအကြောင်းများကို ရှုပ်ယှက် ခတ်နေအောင် ထင်ထင်ရှားရှား မြင်တွေ့ နေရတတ်ပါတယ်။
ရှောင်ရန်
• အခြေအနေ ပိုမို ဆိုးရွားစေနိုင်တဲ့အတွက် နေပူထဲ အမိုးအကာ မပါဘဲ မသွားသင့်ပါ။
• မွှေးရနံ့နဲ့ အရက်ပြန်ပါတဲ့ အလှကုန်ပစ္စည်းမျိုးကို မလိမ်းမိပါစေနဲ့။
• အဆီဓာတ် လိုတာထက် ပိုမလိမ်းမိအောင်သတိထားပါ။
ဆောင်ရန်
•အစိုဓာတ် အလွယ်တကူ ထွက်မသွားအောင် ဆီလီကွန် Silcone ဖြစ်စေ၊ ကော်လာဂျင် Collagen ဖြစ်စေ ပါတဲ့အလှကုန်ပစ္စည်းများကို ရွေးချယ် အသုံးပြုပါ။
• နေ့ဘက်ကို နေရောင်ကာပါတဲ့ အစိုဓာတ် ထိန်းဆေး ၊
Moisturizer လိမ်းပါ။
• အားဖြည့်ဆေးရည်နဲ့ ရေဓာတ် ပေးနိုင်စွမ်းတဲ့ မျက်နှာဖုံးစွပ်(Mask)ကို သုံးပါ။
• ဗီတာမင် အီး၊ ထောပတ်ဆီ၊ hyaluronic acid နှင့်
ceramides ပါတဲ့ အလှကုန်များကို ရွေးလိမ်းပါ။
နောက်ရက်တွေမှာလဲ အလှအပနဲ့သက်ဆိုင်တဲ့ Beauty tips လေးတွေတင်ပေးဦးမှာမို့ Pageလေးကိုလည်း Like and See firstလေးလုပ်ထားဖို့ မမေ့နဲ့နော်
02/01/2021
မိမိအသားအရေအမျိုးအစားကိုသိပါသလား။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသားအရေအမျိုးအစားနဲ့ သင့်တော်သောအသားအရေထိန်းသိမ်းမှုထုတ်ကုန်များကိုအသုံးပြုခြင်းက မိမိအသားအရေကိုကောင်းမွန်အောင်ကူညီပေးနိုင်သောကြောင့်ဖြစ်သည်။အသားအရေအမျိုးအစားလေးတွေကို သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်
၁။ ပုံမှန်အသားအရေ
ပုံမှန်အသားအရေသည်အဆီမပြန်လွန်း၊ မခြောက်သွေ့လွန်းသော မျှတသည့်အသားအရေ အမျိုးအစားဖြစ်ပါသည်။ အဆီထုတ်လုပ်မှုမှာပုံမှန်အတိုင်းဖြစ်သည်။ပုံမှန်အသားအရေသည် ကြည်လင်ပြီးကျန်းမာပါသည်။
၂။ အဆီပြန်သောအသားအရေ
အရေပြားသည်အသားအရေကိုစိုပြေစေရန်အတွက်ဆီ (sebum) ကိုအလိုအလျောက်ထုတ်ပေးသည်။အဆီပြန်သောအသားအရေရှိသူများသည် အဆီထုတ်လုပ်မှု မြင့်တက်လေ့ရှိသည်။ ၎င်းတို့တွင်မြင်နိုင်သောချွေးပေါက်ငယ်များရှိနိုင်ပြီးသူတို့၏အရေပြားများသည်တောက်ပသောအရောင်များရှိနိုင်သည်။ ပုံမှန်အားဖြင့် ချွေးပေါက်များ များလေလေ ဆီဂလင်းများ များလေလေ အဆီများပိုမိုထုတ်လွှတ်လေလေ ဖြစ်သည်။ မျက်နှာပေါ်ရှိအဆီပြန်မှုကိုထိန်းပေးပြီး ရေဓါတ်ဖြည့်ပေးသော hyaluronic acid ပါသည့် moisturizer ကိုအသုံးပြုပေးသင့်ပါသည်
၃။ ခြောက်သွေ့သောအသားအရေ
ခြောက်သွေ့သောအသားအရေသည်သာမန်အရေပြားထက်အဆီနည်းသည်။ ထို့ကြောင့်ခြောက်သွေ့သောအသားအရေသည် မှိုင်းနေတတ်သည်။ အသားရေကြမ်းတမ်းမှု၊ တင်းကျပ်မှု သို့မဟုတ် ယားယံမှုတို့ကို ခံစားရတတ်သည်။ ခြောက်သွေ့သောအသားအရေသည်အစိုဓာတ်ကိုထိန်းသိမ်းရန်အတွက် ပုံမှန်အဆီများကင်းမဲ့နေတတ်သည်။ ထို့ကြောင့် နီခြင်းသို့မဟုတ်ယားယံခြင်းများဖြစ်နိုင်သည်။
အရေပြားအားလုံးသည်အိုမင်းလာသည်နှင့်အမျှပိုမိုခြောက်သွေ့လာပြီးအမျိုးသမီးများသည်အမျိုးသားများထက်အရေပြားခြောက်သွေ့မှုပိုများသည်။
အရေပြားခြောက်သွေ့မှုအတွက်အထူးပြုလုပ်ထားသော moisturizer ကိုသုံးပါ။ ရာသီများပြောင်းလဲလာသည်နှင့်အမျှသင့်အသားအရေထိန်းသိမ်းမှုလုပ်ငန်းစဉ်ကိုပြောင်းလဲရန်လိုအပ်နိုင်ပါသည်။ ခြောက်သွေ့သောအသားအရေသည် အထူးသဖြင့် ဆောင်းရာသီတွင်ပိုမိုခြောက်သွေ့နိုင်သည်။
၄။ ပေါင်းစပ်အသားအရေ
အဖြစ်များဆုံးအသားအရေအမျိုးအစားဖြစ်သည့်ပေါင်းစပ်အသားအရေသည် မျက်နှာ၏မတူညီသောနေရာများတွင် အဆီနှင့်ခြောက်သွေ့သောအသားအရေ ရောနှောနေသည့်သွင်ပြင်လက္ခဏာရှိပါသည်။ ပေါင်းစပ်အသားအရေရှိသူများသည်များသောအားဖြင့် T-zone နဖူး၊ နှာခေါင်းနှင့်မေးစေ့တို့တွင် အဆီပြန်လေ့ရှိပြီး ပါးပြင်ပေါ်နှင့် ပါးစပ်၊မျက်လုံးတစ်ဝိုက်ရှိအရေပြားများသည်ပိုမိုခြောက်သွေ့နိုင်သည်။ ပေါင်းစပ်အသားအရေသည်ဆောင်းရာသီတွင်ခြောက်သွေ့၍ နွေရာသီတွင်အဆီပြန်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။
၅။ ထိခိုက်လွယ်သောအသားအရေ
ထိခိုက်လွယ်သောအသားအရေသည်နီရဲခြင်းနှင့်ယားယံခြင်းများဖြစ်ပေါ်တတ်သည်။ ထိခိုက်လွယ်သောအသားအရေရှိသူများသည်အခြားအရေပြားဆိုင်ရာပြဿနာများကိုလည်းကြုံတွေ့ရနိုင်သည်။ များသောအားဖြင့်အထိခိုက်မခံသောအရေပြားသည်ခြောက်သွေ့သောအရေပြားဖြစ်ပြီးအလွန်အကျွံဆေးကြောခြင်း၊အမွှေးနံ့သာသို့မဟုတ်ဆိုးဆေးကဲ့သို့သော အရာများနှင့်ထိတွေ့ခြင်းများကြောင့် အရေပြားဓာတ်မတည့်မှုဖြစ်စေနိုင်သည်။ မှန်ကန်သောထုတ်ကုန်များကိုအသုံးပြုခြင်းအားဖြင့်ထိခိုက်လွယ်သောအသားအရေကိုထိန်းချုပ်နိုင်သည်။ သင့်တွင်အထိခိုက်မခံသောအသားအရေရှိပါကသင်၏အလှကုန်ထုတ်ကုန်အားလုံးတွင်ကြမ်းတမ်းသောဓာတုပစ္စည်းများကိုရှောင်ကြဉ်ပါ။
နောက်ရက်တွေမှာလဲ အလှအပနဲ့သက်ဆိုင်တဲ့ Beauty tips လေးတွေတင်ပေးဦးမှာမို့ Pageလေးကိုလည်း Like and See firstလေးလုပ်ထားဖို့ မမေ့နဲ့နော်
01/01/2021
နှစ်သစ်မှာ ခုနှစ်ရက်သားသမီးအပေါင်း
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
စီးပွားဥစ္စာတိုးတက်ကြပါစေ
ယခုဖြစ်ပွားနေသော ရောဂါကပ်ဘေးကြီးမှလည်း ကင်းရှင်းကြပါစေ
🎆Happy New Year 🎆
02/12/2020
ဒီဇင်ဘာ(၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ မန္တလေးတွင် Lockdown ၂ ပတ်ပိတ်မည်
25/09/2020
STAY AT HOME!
07/09/2020
🤩အထူးလျှော့စျေးနဲ့ ရောင်းချပေးသွားမည့် Live Sale အစီအစဉ်လေး လာပါပြီရှင်🤩
Loreal, Revlon, Catrice, Amuse, Camella, Bella နဲ့ အခြားအလှကုန်ပေါင်းများစွာကို Special Discount ဖြင့်ရောင်းချပေးသွားမည့်အပြင် ကံစမ်းမဲလေးတွေလဲဖောက်ပေးဦးမှာပါရှင့်
Live Sale အချိန်ကတော့(9.9.2020)ဗုဒ္ဓဟူးနေ့ ညနေ6:00 အချိန်မှာ တိုက်ရိုက်Live လွှင့်ရောင်းချပေးသွားမှာမို့ Live အစီအစဉ်လေးကို စောင့်ကြည့်ကြဖို့ မမေ့ကြနဲ့ဦးနော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandale
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 21:00 |
| Saturday | 08:00 - 21:00 |
| Sunday | 08:00 - 20:00 |
