Yu Naing Htwe - Diary
Beauty diary
14/04/2023
သင်္ကြန်မှာ…💦💦
ရေမွှေးနဲ့ရေလောင်းတဲ့ခေတ်ကိုလည်း မှီတယ်…😍
ပိတောက်ပန်းတွေပေးတဲ့ခေတ်ကိုလည်း မှီတယ်…🤭
ရေခဲရေလောင်းပြီး နာမည်မေးခံရတဲ့ခေတ်ကိုလည်း
မှီတယ်…🤭😂
မုန့်လုံးရေပေါ်ထဲ ငရုတ်သီးထည့်ပြီး စတုဒီသာကျွေးတဲ့ခေတ်ကိုလည်း မှီတယ်…😮💨😂
ချောချောလေးကို ရွေးပြီး ရေလောင်းတဲ့ ခေတ်လည်း
မှီတယ် …🤭😁
သနပ်ခါးတွေလိမ်းပေးမယ်ဆိုပြီး ဆိုင်ကယ်တားခံရတဲ့ခေတ်ကိုလဲကျော်ခဲ့ပြီ…😁😅
ဒါပေမဲ့ခုထိ သင်္ကြန်ကိုတယောက်တည်းဖြတ်သန်းနေရတာလေး တစ်ခုပဲ…🙄🤌
🌸
10/04/2023
အချိန်တန်ရင် အားလုံးဟာ နေသားတကျ ဖြစ်သွားမှာ…😔
သတိရရင် သတိရတဲ့အတိုင်း နေသားတကျ
ပြိုကျနေရင် ပြိုကျတဲ့အတိုင်း နေသားတကျ
မခေါ်တော့ရင် မခေါ်တဲ့အတိုင်း နေသားတကျ
အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့
နေသားကျသွားလိမ့်မယ် ထင်ပါတယ်
မဖြစ်နိုင်တဲ့အခါ မဖြစ်နိုင်တဲ့အတိုင်း လက်ခံလိုက်တယ်…
အဆင်မပြေတဲ့အချိန်မှာ မပြေတဲ့အတိုင်းလေး နေလိုက်တယ်….
ကြိုးစားလုပ်ယူရတာမျိုးတွေ မလုပ်ချင်တော့ဘူး…
ကိုယ့်စိတ်ကို ချည်နှောင်ထားရတာ ပင်ပန်းတယ်…
ဒါကြောင့်မို့ အရာရာကိုဆွဲဆန့်နေရပြီး နေနိုင်ဖို့အင်အားတွေမလုံလောက်တော့လို့သာ ကိုယ့်စိတ်ကိုလွှတ်ပေးလိုက်တာပါ…🥺🥺
🌸
09/04/2023
အဲ့ဒီအချိန်ဆိုတာ ရောက်ပြီထင်ပါတယ်….😔
ဒီရက်ပိုင်းထဲ တအားကိုအေးစက်သွားတာပဲ….
မင်းမရှိလို့ ဘာမှမဖြစ်တော့တဲ့ ကိုယ်….
ကိုယ့်ကိုအချိန်ပေးဖို့ အတွက် မအားလပ်တော့တဲ့မင်း
ဝေးကြမယ်ဆိုလဲ ကိစ္စမရှိပါဘူး….
ကံပါသလောက် နီးစပ်မယ်တွေးတယ်…
ချစ်နေချိန်မှာတော့ ချစ်နေကြောင်းပြလိုက်မှာပဲ….
ဝေးသွားမှ နောင်တဆိုတာမရှိစေရဘူး….
ကိုယ်ဒီလိုဖြစ်လို့ သိပ်တော့မအံ့ဩပါနဲ့….
ဒီလိုဖြစ်အောင် မင်းပဲလမ်းပြခဲ့တာမို့ ခံနိုင်ရည်ရှိနေပါပြီ…
လူတိုင်းဝေးဖူးတယ် အထူးဆန်းမဟုတ်ပေမဲ့
ဒီတခါတော့ နာကျင်ရတာအမှန်ပါ
ရှေ့ဆက်နိုင်ဖို့အင်အားမရှိတော့တာမို့ နာကျင်ခြင်းရဲ့အဆုံးသတ်ဆိုလဲမမှားပါဘူး….🥺🥺
🌸
07/04/2023
#ကိုယ့်ထက်ကြီးတဲ့ချစ်သူကိုပိုင်ဆိုင်ရခြင်းရဲ့ကောင်းကျိုးများ...🙄🙄
ကိုယ်အလွဲတစ်ခါလုပ်ရင် နာရီဝက်ကြာအောင်ဆူပြီး ဘယ်တုန်းကမှန်းမသိတဲ့အပြစ်တွေပါ ထပ်ပေါင်းဆူခံရပါတယ်...😌😌
ဘော်ဒါဆောင်ထက်ကြီးတဲ့ စည်းကမ်းတွေပါတစ်ခါတည်း ထုတ်ပါတယ်...
ညဘက်မှာစောစောအိပ်ရပြီး မထင်ရင်မထင်သလို လိုင်းပေါ်ရှိ/မရှိကြည့်ပါတယ်...😪😪
မှာကြားသမျှတွေကို ဟုတ်ကဲ့လို့ပဲ ပြန်ပြောရပါတယ်...(နောက်မှကိုယ့်သဘောပေါ့😁😁)
အဲ့တော့ ကိုယ့်ထက်အသက်ကြီးတဲ့သူကို ချစ်သူအဖြစ်လိုချင်ပါတယ်ဆိုတဲ့ ပေပီလေးဖြစ်ချင်တဲ့သူတိုင်း သိစေရန်ပါရှင့်...🤧🤧
#ကိုယ်သိတဲ့အချက်တွေကိုလဲcmမှာရေးခဲ့ပေးကြနော်...😍😍😘
🌸
07/04/2023
ချစ်နေရက်နဲ့ ရပ်တန့်လိုက်ရခြင်းဟာ တကယ်ရှိတယ်...
စတွဲတဲ့အချိန်တုန်းကတော့ ကိုက်ညီမှုရှိတယ်ထင်လို့ဖြစ်ချင်ဖြစ်မယ်...
ဒါမှမဟုတ်လဲ တွဲနေတဲ့အချိန်တွင်းမှာ ညှိယူလို့ရမယ်ထင်လို့ဖြစ်မယ်...
နောက်ဆုံးတော့ ကိုက်ညီမှူမရှိဘူးထင်ရင် လူတွေဟာ မချစ်နိုင်ကြတော့ဘူး..
ကိုယ်ကလဲ နားလည်ပေးဖို့မကြိုးစားရင်...
သူကလဲ ပြုပြင်မယ်လို့စိတ်ကူးမရှိရင် ညှိယူလို့မရနိုင်တော့ရင်...
ဒီဆက်ဆံရေးတစ်ခုဟာ တဖြည်းဖြည်းအသက်မဲ့သွားမှာပါ....
အဲ့ဒီ့အခြေနေကိုရောက်ပြီဆို ဘာမှအရေးမပါနေတဲ့ မာနကို
လည်တိုင်မှာ ဆွဲချိတ်ကြရတယ်...
"နင်တောင်နေနိုင်သေးပဲ ငါလဲနေနိုင်ရမယ်"ဆိုတဲ့အသိပေါ့...
အမှန်တော့ ဒီလိုလုပ်ရက်ဟာ အဓိပ္ပါယ်လဲမရှိသလို အချိန်ကြာလာတာနဲ့အမျှ
အမြဲတမ်းဒီလိုဖြစ်နေမယ်ဆိုရင် ဒီဆက်ဆံရေးဟာ အဓိပ္ပါယ်မဲ့သွားမှာပါ...
ဒီလိုဆက်ဆံရေးတွေရဲ့ နောက်ဆုံးအဆုံးသတ်ကတော့
"ဘယ်လောက်ချစ်ချစ်လေ မျက်ရည်တစက်စက်နဲ့
ပြုံးပြုံးကလေး ဝေးကြရတာပဲ"
🌸
04/04/2023
လူနှစ်ယောက်ရဲ့ Relationship တစ်ခုမှာ အရေးကြီးဆုံးအရာကို တစ်ယောက်တစ်မျိုးစီ သတ်မှတ်ထားတတ်ကြတယ်….
ဒါပေမဲ့ အဲ့ဒီဆက်ဆံရေးမှာလဲ နှစ်ယောက်လုံးက ချစ်နေဖို့ကတော့ အရေးကြီးဆုံးအချက်ပေါ့….
ကိုယ်ခေါ်မှထူးတာ ကိုယ့်ဘက်ကစဆက်သွယ်မှ အသက်ဝင်နေတဲ့ ဆက်ဆံရေးတွေကိုတော့ တစ်ဖက်သက်အချစ်လို့ပဲ သတ်မှတ်လို့ရတယ်….
လူနှစ်ယောက်ချစ်ကြဖို့ဆိုတာ တစ်ချို့လူတွေအတွက်တော့ပေါ့ပေါ့လေး တွေးတတ်ကြပေမဲ့ တစ်ဖက်လူကအလေးနက်ထားတဲ့အခါ အဲ့လူဘယ်လောက်ထိပင်ပန်းရတယ်ဆိုတာ ခံစားဖူးတဲ့သူတိုင်းသိမှာပါ….
ဒါကြောင့်မို့လို့လဲ ကိုယ်ကတစ်ဖက်သက်ချစ်နေရတဲ့ခံစားချက် ကိုယ့်ဆွဲခေါ်မှမြဲမဲ့ဆက်ဆံရေးတွေကနေ အမြန်ဆုံးရုန်းထွက်ဖို့ကြိုးစားပါ….
တစ်ဖက်သက်ချစ်နေရတယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်တစ်ဖက်တည်းကိုပဲသက်နေတာပါပဲ…..
🌸
03/04/2023
အရမ်းလည်း မရင့်ကျက်ချင်ပါနဲ့…..🥺
ဒီစာကိုရေးလို့ တချို့ကတမျိုးထင်မိကြပါလိမ့်မယ် ယု ပြောချင်တာကရိုးရှင်းပါတယ် ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့အရာတွေပေါ်မှာပဲ အခြေခံပြီး
ဒီစာလေးကိုရေးတာပါ.....😊😊
ကိုယ့်ရဲ့ငယ်ရွယ်တဲ့အချိန်မှာပဲ ငယ်ဂုဏ်လေးရှိတာပါ အသက် ၂၀ စွန်းစွန်းအရွယ်မှာ ကိုယ်တိုင်ကသော်လည်းကောင်း တပါးသူတယောက်ကြောင့်သော်လည်းကောင်း ကိုယ့်အသက်ရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုမျိုးတွေကို လုပ်ဆောင်နေရတဲ့အချိန်မှာ
ကိုယ့်ရဲ့ ငယ်ရွယ်တဲ့အချိန် လုပ်ချင်တဲ့အရာတွေ ဖြစ်ချင်တဲ့အရာတွေကို
မင်းတော့ဒါတွေမလုပ်ရဘူး ရင့်ကျက်ရမယ်လို့ ပြောလာခဲ့ရင်တော့ ကိုယ့်အသက်ရွယ်နဲ့ လိုက်ဖက်တဲ့ရင့်ကျက်မှုပဲထားပါ ဒီအသက်ရွယ်မှာပဲ ဒီအသက်ရွယ်နဲ့ညီတဲ့အရာတွေ လုပ်ဆောင်ခွင့်ရှိတာပါ
အသက်၃၀ ကျော်တဲ့အချိန်မှာ တွေးရမဲ့အရာတွေ လုပ်ဆောင်သင့်တဲ့အရာတွေကို ခုလိုအသက်ရွယ်ကတည်းကလုပ်ဆောင်နေရပြီဆိုရင် ကိုယ့်အခုအသက်ရွယ်ရဲ့ ငယ်ဂုဏ်လေးဟာလဲ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရမှာဖြစ်ပြီး လူတွေကလဲ ကိုယ့်အသက်ရွယ်ကိုမေ့ပြီး အသက်ရွယ်နဲ့မလိုက်တဲ့
ရင့်ကျက်မှုတွေထားခိုင်းမှာ အမှန်ပါ.....🙃🙃
ယု အဓိကပြောချင်တာကတော့ လူတွေဟာ ဘယ်လောက်ပဲကိုယ့်ဘက်က အသက်ရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်နားလည်မှုတွေ ဘယ်လောက်ပဲရှိခဲ့ ရှိခဲ့
မရင့်ကျက်မိတဲ့အရာ အမှန်ကိုအမှန်တိုင်းတွေ ပြောခဲ့မိတဲ့အခါဆိုရင်
ကိုယ်ရင့်ကျက်ပေးခဲ့တာတွေဟာ အလကားကိုဖြစ်သွားတာပါ…..
ဒါကြောင့်မို့ ကိုယ့်အသက်ရွယ်ရဲ့ ငယ်ဂုဏ်တွေ ဖြစ်ချင်တာတွေ ထိုက်သင့်တဲ့အခွင့်ရေးတွေကို ဒီအသက်ရွယ်မှာ လုပ်ဆောင်ပါ…..🤗🤗
28/03/2023
ကိုယ့်ဝင်ငွေနဲ့ကိုယ် မာနခေါင်ခိုက်နေတဲ့မိန်းမ…
အိမ်မှုကိစ္စတွေကို အပြင်ထွက်ပိုက်ဆံရှာရတာလောက် စိတ်မဝင်စားတဲ့မိန်းမ…
ကိုယ်ယုံကြည်ရာအတွက် ပြောရဲဆိုရဲရှိပြီး စွန့်စားရဲတဲ့မိန်းမ…
သူများခင်းပေးတဲ့လမ်းပေါ်လျှောက်ဖို့ထက် ကိုယ့်လမ်းကိုယ်ဖောက် ထက်မြက်တဲ့မိန်းမ…
ဘဝမှာအတည်တကျဖြစ်ဖို့ထက် စွန့်စားပြေးလွှားနေရမှပျော်တဲ့မိန်းမ…
အဲ့လိုမိန်းမကို ရွေးချယ်ရဲတဲ့ယောက်ျားကရှားတယ်
ဒါပေမဲ့ ဒူးရင်းသီးကိုအနံ့မခံနိုင်တဲ့ထိ မုန်းတဲ့လူတွေရှိသလို မတက်နိုင်လို့ မဝယ်စားတဲ့သူတွေရှိတယ်…
ဘာပဲဖြစ်ဖြစ်ဒူးရင်းသီးကတော့ သူ့ရာသီရောက်တာနဲ့သူ့ဈေးနဲ့သူ ခေါင်ခိုက်နေတာပဲလေ…စားတဲ့သူကလဲစားတာပဲ…
အဲ့ဒါကြောင့် ကိုယ်ယုံကြည်ရာကို ဘာအတွက်နဲ့မှ ဘယ်သူ့ကြောင့်နဲ့မှ မရပ်တန့်ပဲ ယုံကြည်စွာဆက်လျှောက်ကြဖို့အရေးကြီးသလို ကိုယ့်ကိုယ်ကို
လဲယုံကြည်မှုအပြည့်ရှိဖို့လိုပါတယ်…..🤝👏🏽👏🏽
Korea ခနဆန်မယ်နော်...😁😁
တခါမှလုပ်မစားဖူးပေမဲ့ စားကြည့်လိုက်တဲ့အခါ ထိမိနေရော😁🤗🍜🍝
#ကိုရီးယားထမင်းသုပ်
Lana lip cream လေးအရောင်ထွက်အား အရမ်းကောင်း😍🤗
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Mawlamyine
