May's Beauty
လတ်တလော စျေးရောင်းနားထားပါတယ်ရှင့်..
07/06/2025
#လက်ကျန်ဖြတ်အထူးလျှော့စျေး
Hello....မင်မင်ပျောက်နေတာကြာလို့ အားလုံးနေကောင်းကြရဲ့လားရှင်💕
အစကတော့ သားသားကိုမွေးပီးတာနဲ့ စျေးပြန်ရောင်းမယ်လို့လုပ်ထားပေမယ့်လေ
တကယ်တမ်း သားဦးဖြစ်တာရယ် လူခွဲမရှိတာရယ်မို့ စျေးရောင်းဖို့ လုံးဝမအားဖြစ်နေတော့ မိုးကုန်မှဘဲ မင်မင်စျေးပြန်ရောင်းပါမယ်ရှင်🥺💔
ခုချိန်ထိ စျေးလာဝယ်နေကြတဲ့ မင့်မင်ရဲ့ royal customer လေးတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်💕
မင်မင်မှာ လက်ကျန်ရှိနေတဲ့ပစ္စည်းအားလုံးကို ဒီပိုစ့်လေးမှာဘဲ အထူးလျှော့စျေးနဲ့ တင်ထားပေးပါတယ်ရှင်
ဒါလေးတွေကုန်ရင် ကုန်ပါပီရှင်
မြန်မာတနိုင်ငံလုံးအိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင်
☎️09 960982883
02/02/2025
‼️‼️မင်မင် Pageလေး တစ်လအတိနားပါမယ်ရှင်....
မင်ဗိုက်လေး သားဦးလေးမွေးဖွားပီး ဆေးရုံမှာဘဲရှိတုန်းမို့
စာလေးတွေ လုံးဝ မပြန်ဖြစ်တာ အရမ်းက်ိုမှ အားနာမိပါတယ်ရှင်...🙏🙏😢
ဆေးရုံဆင်းပီးလို့ Deliလေး အပ်ပေးလို့ရတာနဲ့ မင်မင် Pageလေး ပြန် runကြောင်း ကြောညာပေးပါ့မယ်ရှင်🙏
စာလေးတွေ ပို့ထားကြတဲ့ Customers အာလုံးကိုလည်း အနူးအညွန့်ထပ်ပီး တောင်းပန်ပါရစေရှင်....🙏🙏
22/01/2025
A Sleepy Town 100 ml travel kit လေးတွေ Instock ပါရှင်💛💛
100 ml shampoo - 7000
100 ml shampoo set - 21000 ( 3 မျိုးတစ်စုံ )
မင်မင်ဗိုက်လေး မွေးဖို့နီးလာလို့ ကျန်းမာရေးဂရုစိုက်နေတာနဲ့ ပိုစ့်လေးတွေ ပုံမှန်မတင်ဖြစ်ပေမယ့် ပစ္စည်းလေးတွေ လိုအပ်တာရှိရင် လာမေးပါနော်🥰🥰
လောလောဆယ် တောဆေးဆီနဲ့ Virgin coconut oil လေး ပစ္စည်းပြတ်နေပါတယ်ရှင်💔
ကျန်တဲ့ Asleepy Town ပစ္စည်း Instock ပါ😍
☎️09 960982883
🏡 မော်လမြိုင်မြို့ အပါအဝင် မြန်မာတနိုင်ငံလုံး အိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင်....🛒🛒
21/01/2025
Baby လေးတွေအတွက် save အဖြစ်ဆုံး A Sleepy Town Baby Shampoo 😍
Instockပါရှင်💛
09/01/2025
A Sleepy Town Shampoo Travel sizeလေးတွေ Instock ပါရှင်💛💛
100ml_ 7000 ကျပ်
06/01/2025
A Sleepy Town အုန်းဆီက ဆံသားပရိုတင်းဓာတ်ဆုံးရှုံးမှုကို လျှော့ချရန်နှင့်
ကျန်းမာသန်စွမ်းသော ဆံကေသာကို ထိန်းသိမ်းရန်အတွက် အသုံးပြုရန် အကောင်းဆုံးဆီတွေထဲက တစ်ခုပါ
နေလှန်းအုန်းဆီတွေ အသုံးပြုကြရာကနေ တိုးတတ်လာတဲ့ နည်းပညာနဲ့အတူ cold pressed စက်တွေနဲ့ ပိုမိုသန့်စင်တဲ့ Virgin coconut oil တွေကိုအသုံးပြုလာကြပါတယ်
ခေါင်းမလျှော်ခင် ဆံသားကို Virgin coconut oil လိမ်းပေးခြင်းက ရေချိုးနေစဉ်နဲ့ ရေစိုနေချိန်တွေမှာ ပျက်စီးမှုပမာဏကို လျှော့ချပေးနိုင်ပါတယ်
ခေါင်းလျှော်ပြီးတဲ့အခါ ဆံသား အလယ်ကနေ အဖျားအထိ virgin coconut oil လူးပေးတာက ဆံသားကိုချောမွေ့စေတာကြောင့် ပွတ်တိုက်မှုပမာဏကို လျော့နည်းစေပြီး သင့်ဆံပင်များ ကျိုးကြေနိုင်ခြေ နည်းပါးစေသည်
ဆံသားကို အစိုဓာတ်ထိန်းပေးပြီး ကွဲအက်တာကို သက်သာစေပါတယ်။ ဆံပင်ကို ပရိုတင်းဓာတ်များ ဆုံးရှုံးခြင်းနှင့် ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်
ဆံကေသာကို လေ၊ နေရောင်နှင့် မီးခိုးငွေ့များကဲ့သို့ သဘာဝပတ်ဝန်းကျင်ကြောင့်ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်
Skin အတွက် sun cream က မလူးမဖြစ်လူးသင့်သလို
Virgin coconut oil ကလဲ hair အတွက် လူးထားရင် layer တစ်ခုအဖြစ် နေဒဏ် ဖုန်ဒဏ် တွေကကာကွယ်ပေးပါတယ်
Virgin coconut oil ရဲ့ benefits လေးမေးကြလို့ပါ
ရိုးရိုးအုန်းဆီနဲ့ ဘာကွာလဲဆို သန့်စင်မူကွာပါတယ်
သန့်စင်မူပိုကောင်းတဲ့အတွက်အာနိသင်ကို အပြည့်ရစေပါတယ်
လက်ဖက်ဆီနဲ့ တွဲသုံးတဲ့အခါ လက်ဖက်ဆီ + Virgin coconut oil ကို ဦးရေပြားနဲ့ ဆံသားအရင်းကိုလူး
ဆံသားအဖျားတွေကိုကျ Virgin coconut oil လူးပါ
၃၀ - ၄၅ မိနစ် နှပ်ထားပြီး ရေနဲ့ပြောင်အောင်ဆေးချ
ပြီးရင်သုံးနေကျ shampoo , hair mask သုံးပါ
လျှော်ပြီးတဲ့အခါလဲ ဆံသားကို hair coat အနေနဲ့အသုံးပြုပေးပါ
Environmental damage တွေအကုန် ကာကွယ်ပေးပါတယ်နော်
- A sleepy town , Virgin coconut oil 🥥 🌴
လက်ဖက်ဆီ_8000
Virginia Coconut Oil _13000
☎️09 960982883
🏡မော်လမြိုင်မြို့ အပါအဝင် မြန်မာတနိုင်ငံလုံး အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်ရှင်💰
#လက်ဖက်ဆီအုန်းဆီထောပတ်ဆီ
03/01/2025
Promotion လေးက 5ရက်နေ့ထိမို့ မရလိုက်သူများ မှီပါသေးတယ်ရှင့်😍😍
29/12/2024
‼️End Year Promotion လေးလာပါပီရှင်‼️
Lily In The Valley ရဲ့ Banana Setလေးပါ...🍌
Banana Hairmask _10000ကျပ်(မူရင်းစျေး_12000)
Banana Shampoo 300ml_9000 ကျပ်(မူရင်းစျေး_11000)
Banana Shampoo 500ml_16000ကျပ်(မူရင်းစျေး_18000)
January 5ရက်နေ့ အထိပါနော်💛💛
ပစ္စည်းလေးတွေ stockကုန်တဲ့အခါ Edit ပြန်လုပ်ပေးပါ့မယ်ရှင်...💛💛
Expire fresh date မို့ စိတ်ချပီး ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်
🏡 မော်လမြိုင်မြို့ အပါအဝင် မြန်မာတနိုင်ငံလုံး အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်ရှင်...💸💸
☎️ 09960982883
28/12/2024
“ A Sleepy Town - ထောပတ်သီးဆီ “🥑
လူကြီး လူငယ်မရွေး ကျား/မ မရွေး သုံးလို့ရပါတယ်ရှင်💛💛
လူကြီးဆိုရင်တော့ ဆံပင်ပျက်စီး ၊ ဖွာလန် ၊ ခြောက်သွေ့ နေတဲ့ ဆံသားပိုင်ရှင်များ အဓိက ဦးစားပေး ယူသင့်ပါတယ်
ကလေးတွေကတော့ ၆ လနဲ့ အထက်မှ စလူးနိုင်ပါတယ်
ဘာမှမရောထားတဲ့ အဆီစစ်စစ်ပါ
ဒါပေမယ့် အူဝဲလေးတွေကိုတော့ အရေပြား နုနယ်သေးတာမို့ ၆ လမပြည့်ခင် ဟိုဟိုဒီဒီတွေ မလူးပေးစေချင်လို့ ၆ လကျော်မှ စသုံးပါပြောတာပါ
ကလေးအသားရေနဲ့တောင် ဘာမှမဖြစ်စေတဲ့ ထောပတ်သီး အဆီစစ်ပါပဲ
အမတို့က ဆံပင်အလှပအတွက် သဘာဝ ပစ္စည်းလေးတွေပဲ ရောင်းချင်တယ်
စစ်မှန်တာ ၊ အရည်သွေးမြင့်တာ ၊ ကုန်ကြမ်းယူတဲ့နေရာရဲ့ စိတ်ချရတဲ့ အနေထားတွေရှိမှပဲ အဲ့ပစ္စည်းကို ရောင်းတာပါ
အဆီချင်းတူရင်တောင် ယုံကြည်မှုခြင်း ကွာတာမို့ ကိုယ်ယုံကြည်ပြီး ကောင်းတယ် စိတ်ချရတယ် အရည်သွေး ပြည့်မှီတယ်လို့ လက်ခံထားတဲ့နေရာများကိုပဲ ကုန်ကြမ်းပင်ရင်းအဖြစ် ထားရှိတာပါ
ကုန်ကြမ်းကောင်းမှ ကုန်ချောအရည်သွေးဟာ မွမ်းမံပြင်တင်တိုင်း ပိုကောင်းနေမှာပါ
အဲ့တာမို့ A Sleepy Town က ပစ္စည်းတွေကို စိတ်ချပြီးသာ သုံးပါ
ပစ္စည်းကောင်းတယ်ဆိုတာ စာထဲတင်မဟုတ်ပဲ
ပါဝင်ပစ္စည်းကုန်ကြမ်းကအစ ဇီဇာကြောင် ၊ အငေါ်တူးပြီး သေချာစိစစ်ထားတာမို့ပါ
ဝယ်သူများအပေါ် A Sleepy Town အနေနဲ့
သေချာပေါက် ပေးနိုင်တာကတော့ ဘာရောင်းရောင်း “စစ်မှန်မှူ” ပဲ ဖြစ်ပါတယ်
- A sleepy town , organic and natural 🥑
တပုလင်း_15000 ကျပ် (200ml)
🏡 မော်လမြိုင်မြို့အပါအဝင် မြန်မာတနိုင်ငံလုံး အိမ်ရောက်ငွေချေပို့ဆောင်ပေးပါတယ်ရှင် 💸💸
☎️09960982883
25/12/2024
ချစ်စရာအလွန်ကောင်းတဲ့ Baby Comb လေးတွေ ရပါပီရှင်💛💛
ကလေးအတွက်သုံးတဲ့ ဝက်မှင်ဘီးလေးက လူကြီးအတွက်လည်း အသုံးဝင်ပါတယ်နော်
ကလေးဘီးမို့ ကလေးပဲ ဖြီးရမယ်မဟုတ်ပါဘူး
ကိုယ်သုံးတဲ့ အနေထားပေါ်မူတည်ပြီး လူကြီးလည်းအသုံးပြုနိုင်ပါတယ်
အမဆို ကလေးဘီး တချောင်းဆောင်ထားပါတယ်
ဘာလို့လည်းဆိုတော့ အစ်မက ပိုက်ဆံအိတ်ဆို သေးသေးလေးတွေပဲကြိုက်တဲ့သူမို့ ကိုယ့်အိတ်ကလည်း အပြင်သွားရင်ဖြစ်စေ ၊ ပွဲတတ်တာပဲဖြစ်စေ ပိုက်ဆံနည်းနည်း ၊ Bank card ၊ မှတ်ပုံတင် ၊ passport ၊ နှုတ်ခမ်းနီတစ်ဗူး ၊ တစ်ရှူးလေးတစ်ထုပ် ၊ သကြားလုံးတလုံး ဘာညာ…အဲ့လောက်ပဲ ထည့်သယ်လို့ရတာ😂
ပြီးတော့ အရေးအကြောင်းဆို ဆံပင်ကေရွဲ ဖရိုဖရဲဖြစ်တတ်တဲ့ လူဆိုတော့ ဘီးတချောင်းလည်း မရမနေ သယ်ရတယ်
သုံးနေကျ ဝက်မှင်ဘီးကလည်း လက်ခုပ်တဖောင်လောက်ရှိတော့
ကိုယ်ကိုင်တဲ့ နှာခေါင်းပေါက်လောက်အိတ်ကလေးနဲ့က မဆံ့၊ ဘီးပြားပြားလေးကျတော့လည်း ဇီဇာကြောင်တဲ့ကိုယ်က မကြိုက်တော့ အိတ်နဲ့ ဘီးနဲ့ မဆံ့တဲ့သောကလေးတခုအမြဲရှိခဲ့တာ
နောက်ပိုင်း ကလေးဘီးလေးရောင်းဖြစ်တော့ သူ့အရွယ်စားလေးက ကိုယ့်ပိုက်ဆံအိတ် အသေးလေးတွေနဲ့ ထည့်လို့ဆံ့ အဆင်ပြေတာနဲ့ အမလည်း တချောင်းယူသုံးလိုက်တာ
ပြီးတော့ သူကလည်း ဘီးသွားတံလေးတွေပါတဲ့ ဝက်မှင်ဘီးအမျိုးစားပဲမို့ ဆံပင်ပုံကျစေတယ်
ဆံပင်အကောက် ကောက်ထားသူတွေအတွက် ဘီးဖြီးလို့ ပုံမပျက်စေတဲ့ အရာလေးမို့
မဖီကိုယ်တိုင်လည်း ဆံပင်အနားလေးတွေ လိပ်ပြီးကောက်ထားတော့ ဒီဘီးလေးကို အသဲစွဲနေရတယ်
ဘီးသေးသေးလေးက ချစ်ဖို့လည်းကောင်းတယ် သယ်ရလည်း လွယ်တယ်
ကလေးသေးသေးလေးတင်မဟုတ်ဘူး အရွယ်ရောက်ပြီး မမတို့ ညီမလေးတို့လည်း သုံးနိုင်ပါကြောင်း မဖီရဲ့ အိတ်ပိစိလေးတွေနဲ့ ဘီးနဲ့အရွယ်စားကို ယှဉ်ပြထားပါတယ်
💕
ဝယ်ချင်ရင် အလွယ်နာမည်နဲ့ ကလေးဘီး လို့ပဲမေးပေးနော်
တချောင်း- ၆၀၀၀ ကျပ်ပါရှင်
🏡 မော်လမြိုင်မြို့အပါအဝင် မြန်မာတနိုင်ငံလုံး အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်ရှင်....💸💸
☎️09960982883
24/12/2024
အမေးများတဲ့ Hair mask နဲ့ conditioner ဟာ အတူတူပဲလား ? ‼️
အမဆီကို ဒီလိုခဏခဏမေးကြလို့ မတူပါဘူးနော်
ပါဝင်ပစ္စည်းတစ်ချို့တော့တူပါတယ်
ဒါပေမယ့် hair mask တွေမှာ အာဟာရဓါတ်ပါဝင်မှု ပိုများပါတယ်💛
Hair conditioner တွေကဆံသားပျော့အိစင်းဖို့ အဓိကပါ
Hair mask ကကျတော့ ဆံသားကို ပြန်လည်ပြုပြင်ဖို့သုံးရတာပါ
Normal hair conditioner တွေကခေါင်းလျှော်ပြီးတိုင်း အသုံးပြုရပေမယ့်
Hair mask တွေကိုကျပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာအသုံးပြုပေးရပါမယ်
Hair mask တွေမှာ သဘာဝဆီများနှင့် အပင်ထွက်ပစ္စည်းများကဲ့သို့ အာဟာရဓာတ်ကြွယ်ဝသော အစိုဓာတ်ထိန်းဆေးများ ပါ၀င်ပြီး ပုံမှန်သုံးနေကျ conditioner တွေထက်ပိုအားကောင်းပြီး ပိုထိရောက်ပါတယ်
ဆံပင်ခြောက်သွေ့ပျက်စီးနေပါက သို့မဟုတ် ကျန်းမာတောက်ပြောင်မှု ကင်းမဲ့နေပါက၊ hair mask ကိုအသုံးပြုခြင်းက ဆံသားပြန်လည်ကျန်းမာလာဖို့ အကောင်းဆုံးနည်းပါ
Hair mask ရဲ့ အကျိုးကျေးဇူးနဲ့ ဘာတွေကိုသက်သာစေလဲဆိုရင်
Moisturizes - ခြောက်သွေ့ မွဲပြာခြင်း
Repairs - ဆံသားကျိုးကြေ ၊ အဖျားကွဲခြင်း
Strengthens - ဆံသားကျန်းမာသန်စွမ်းစေခြင်း
Deep Conditions - ဆံသားကို ပျော့အိစေခြင်း
Replenishes Nutrients - ဆံသားကို အာဟာရဖြည့်ပေးခြင်း
ဒီလို အကြမ်းဖျင်းမှတ်ထားလို့ရပါတယ်
၁ ပတ် ၁ ကြိမ်သုံးပေးရုံနဲ့ ဆံသားကို repair လုပ်ပေးတာမလို့ ဆံသားပျက်စီးနေသူတိုင်း ရွေးသင့်တဲ့ option ပါ
A Sleepy Town မှာ ထုံစံအတိုင်း hair mask ၃ မျိုး ထုတ်ထားပါတယ်
💥အဆီပြန်ဗောက်ထ ဆံသားပျက်စီး - Rosemary
💥ဆံပင်ပါးအရှည်နှေး ဆံသားပျက်စီး - Butterfly pea
💥ဆံသားခြောက်ဖွါ ဆံသားပျက်စီး - Avocado
သုံးတဲ့အခါ ၁ ပတ် ၂ ခါက အမ recommend လုပ်တဲ့အကြိမ်ရေပါ
အချိန်ရရင် ၁ ပတ် ၂ ခါ အချိန်မရရင် ၁ ခါ တော့သုံးပေးပါရှင်
ပိုထိရောက်အောင် ပမာဏများများသုံးလို့ရလား No ပါ
ပိုမြန်မြန်သိသာအောင် ၁ ပတ် ၃ ခါ သုံးလို့လဲမရဘူးနော်
Hair mask က လိုတာထက်ပိုသုံးရင်ဆိုးကျိုးဖြစ်တတ်ပါတယ်ရှင်
AsleepyTown Hairmask -18000 ကျပ်
🏡 မော်လမြိုင်မြို့အပါအဝင် မြန်မာတနိုင်ငံလုံး အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါတယ်ရှင်..... 💸💸
☎️ 09960982883
ပစ္စည်း Instock ပါရှင်💛
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
ဒေါင်းဇရပ်၊ခြံကြီးစုလမ်း
Mawlamyine
