ma phyu

ma phyu

Share

စိတ်ကောင်းရှိဖို့က ပထမ

20/11/2023

Mi phone သုံးသူများအတွက် သိမှတ်ဖွယ်ရာ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
Mi ကိုဝယ်တော့မှာလား ?
ဝယ်လာလို့ စသုံးဖြစ်ပြီလား ?
ဝယ်မယ့်သူကိုပြန်ရှင်းပြဖို့လား ?
==========
အသုံးလိုရင်Share သွားပါ
==========
- ဖုန်းမှာ အဓိက Model နှစ်မျိုးက Mi နဲ့ Redmi ပါ။ Mi ကတော့ Spec မြင့်သလို စျေးမြင့်ပါတယ်။ Redmi ကတော့ Spec မြင့်ပေမယ့် စျေးသက်သာ အောင်ဖန်တီးထားပါတယ်။ အဲသည့် နှစ်မျိုးစီမှာ သာမာန်ထက် Screen Size ကြီးတဲ့ Note Serie တစ်မျိုးစီ ရှိပါတယ်။ ဒါကြောင့် Mi Note နဲ့ Redmi Note ဆိုပြီးထပ် ရှိပါတယ်။ Mi , Mi Note, Redmi, Redmi Note ဆိုတဲ့ Model တွေပါ။ Mi Max နဲ့ Mi Mix ကိုတော့ သီးခြား အမျိုးအစားထဲ ထည့်ရပါလိမ့်မယ်။

- Mi ဖုန်းတွေမှာ Android ကိုအခြေခံထားတဲ့ စနစ်တစ်ခုရှိပါတယ်။ သူ့ကိုတော့ MIUI (မီယူအိုင်) လို့ခေါ်ပါတယ်။ Android မှာပါတဲ့ Function တွေထက်ကျော်လွန်ပြီး လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ Android ကိုအခြေပြုပြီး မွေးဖွားလာတဲ့ MIUI ဟာ Mi ဖုန်းတွေရဲ့အသက်ပါ။ Android version ဘယ်လိုပဲဖြစ်နေပါစေ MIUI ကဖုန်းတစ်လုံးနဲ့ တစ်လုံးကို Feature တွေ ၉၉ ရာနှုန်းတူညီအောင် ထောက်ပံ့ပေးထားနိုင်တာမို့ Android Version ဟာ Mi အတွက် ကြီးကြီးမားမားအရေးမကြီးပါဘူး။ MIUI ကိုသာ အမြဲအဆင့်မြှင့်တင်ဖို့လိုပါတယ်။

- MIUI ရဲ့အားသာချက်ကတော့ လိုသလို Customize လုပ်လို့ရတဲ့ အရာတွေရယ် ကမ္ဘာပေါ်က ထောင်ပေါင်းများစွာသော Developer တွေ Designer တွေကအလုပ်လုပ်ပေးနေပြီး အသစ်အဆန်းတွေ အမြဲ Up to date ဖြစ်နေတာရယ်။ Active ဖြစ်နေပြီး စက္ကန့်နဲ့ အမျှ လေ့လာစရာတွေ တိုးနေတတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ Forum ကြီးရှိနေတာရယ်။ ဘယ်မော်ဒယ်ကိုသုံးသုံး လုပ်ဆောင်ချက် အားလုံးနီးပါး အတူတူရရှိနိုင်လို့ ကွဲပြားနေတယ် ခွဲခြားထားတယ်လို့ မခံစားရတာရယ် ...

- MIUI မှာ China ROM နဲ့ Global ROM ဆိုပြီး အဓိက ၂ မျိုး ရှိပါတယ်။ တစ်မျိုးစီမှာ Developer ROM နဲ့ Stable ROM တစ်ခုစီထပ်ရှိပါတယ်။ Custom ROM ဆိုတာကတော့ MIUI Team ကနေတရားဝင်ထုတ်လုပ်ထားတာ မဟုတ်ပဲ Developer တွေက သီးသန့် ဖန်တီးထားတဲ့ ROM တွေဖြစ်ပါတယ် Error တွေရှိနိုင်ပါတယ်။ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ပိုသုံးလို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေလည်း ပါနိုင်ပါတယ်။ ဒါကိုမရောထွေးစေဖို့ သတိပြုပါ။

- အရင်က Developer ROM မှာ မြန်မာစာကိုTheme Font နဲ့ အလွယ်လေး ပြောင်းလို့ရပေမယ့် ပေါ်လစီအသစ်ကြောင့် အခု zawgyi ကို Theme font အနေနဲ့ လက်မခံတော့ပါ။ ဒါပေမယ့် Global ROM မှာ zawgyi တရားဝင်ပါလာပါပြီ။ အလုပ်ရှုပ်မခံချင်ရင် Global ROM ထွက်ပြီးသား Model တွေမှာ Global ROM ကိုတင်ထားတာ မြန်မာစာစိတ်ချရသလို Google ပြသနာလည်းကင်းသွားပါတယ်။

- MIUI 7 ကစလို့ Mi Account ဟာသိပ်ကိုအရေးကြီးတဲ့ အခန်းကနေ ပါဝင်လာပါပြီ။ Mi ဖုန်းသုံးတော့မယ် MIUI ကိုစတင် ထိတွေ့တော့မယ်ဆိုရင် Account ကလုံခြုံရေးအရလည်း အရမ်းအရေးကြီးပါတယ်။ ဖုန်းစဝယ်စဉ်မှာ Setting ထဲက Mi Account ကိုကြည့်ပါ။ သူများအကောင့်ဝင်ထားရင် ထွက်ခိုင်းပါ။ ကိုယ်ပိုင်အကောင့်နဲ့သုံးသင့်ပါတယ်။ ဆိုင်ကတာဝန်ရှိသူတွေကလည်း တစ်ခါတစ်လေ မေ့လျော့တတ်တာမို့ အကောင့်ကိုပြန်ထွက်ခိုင်းဖို့ မမေ့ပါနဲ့။ သူများအကောင့်ကြီးနဲ့ Find Device On ပြီးပါလာရင် ပြသနာသေချာပေါက်တက်မှာပါ

- ROM ကိုအခုမှ စပြီး Flash တော့မယ်ဆိုရင် ကျွမ်းကျင်သူတစ်ယောက်ကို အပြင်မှာ အကူအညီတောင်းပြီး အရင်ဆုံးစမ်းသပ်စေလိုပါတယ်။ Forum တွေမှာမေးတာ၊ Message တွေမှာမေးတာတွေက စလုံးရေစဖြစ်တဲ့ ကိုယ့်ကို ပိုပြီး ချာချာလည်စေပါတယ်။ ရှည်လျားပြီး အမှားမခံတဲ့ စနစ်တွေကို ရှင်းပြဖို့ အွန်လိုင်းကသင့်တော်တဲ့ communication မဟုတ်ပါ။

- ဖုန်းကို ကိုယ့်တာဝန်ကိုယ်ယူပြီး ကလိဖို့ လေ့လာဖို့ မဟုတ်ရင် Root တာကိုအားမပေးပါဘူး။ Root ပြီးတက်တဲ့ ပြသနာက အမျိုးအစားပေါင်းများစွာ ရှိလို့ Online Support တိတိကျကျ ပေးဖို့ မလွယ်ပါဘူး။ ကိုယ်မနိုင်တော့ရင် ဆိုင်ပဲပြေးရပါမယ်။ မလိုလားအပ်တဲ့ လုံခြုံရေးပြသနာလေးတွေ တက်နိုင်ပါတယ်။ သာမာန်သုံးရုံဆို မ Root ပါနဲ့။ Bootloader Unlock မလုပ်ပါနဲ့။ လုပ်မိရင်လည်း မိမိကိုယ်တိုင်မှာ တာဝန်အရှိဆုံးဆိုတာ သိရပါလိမ့်မယ်။ ဆိုင်ကို ပြသနာရှာလို့မရပါ။

- ဘက်ထရီကို တွေ့ကရာ ကြိုးတွေနဲ့ ယူသွင်းတာမျိုး မလုပ်ပါနဲ့ ဖုန်းပိတ်ကျသွားသည်အထိ မသုံးပါနဲ့၊ ၂၀ အောက်မရောက်သေးပဲ ခဏခဏ Charging သွင်းတာမျိုး မလုပ်မိပါစေနဲ့ ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို ထိခိုက်စေပါတယ်။ ဘက်ထရီမခံတော့ဘူး ဆိုတဲ့ အခြေအနေဟာ အထက်ပါ အကြောင်းအရာတွေကြောင့် ၈၀% ဖြစ်တတ်ပါတယ်။ Quick Charge စနစ်ပါတဲ့ဖုန်းတွေဆိုရင် A ပိုမြင့်ပါတယ်။

- ဖုန်းတွေဟာ သုံးနေရင် အနည်းနဲ့ အများ ပူတတ်ပါတယ်။ တစ်ခါတစ်လေ သာမာန်ထက်ပိုပူတတ်ပါတယ်။ အားသွင်းထားစဉ် ပူတာမျိုးဆို သတိရှိပါ။ ပလပ်ပြောင်းထိုးပါ နေရာပြောင်းအားသွင်းကြည့်ပါ။ ဖုန်းကိုပိတ်ပြီး အားသွင်းကြည့်ပါ။ အမြဲပူနေရင်တော့ သတိရှိပါစေ။ ရောက်နေတဲ့နေရာက Network လိုင်းတွေအားနည်းတဲ့အခါမျိုးမှာလည်း ဖုန်းကပူလာတတ်တာကို သတိပြုပါ။

- Software တစ်ခုခုသွင်းတော့မယ်ဆိုရင် Allow လုပ်ခိုင်းဖို့ စက္ကန့်တွေ စောင့်ဆိုင်းနေရတာ
ဖြေရှင်းရန် - Setting >> Additional Setting >> Privacy >> Unknown Sources ကိုအမှန်ခြစ်ပေးလိုက်ပါ

- Developer Option မတွေ့တာ
ဖြေရှင်းရန် - Setting >> About Phone >> MIUI Version ကို ခုနှစ်ချက်ဆက်တိုက်နှိပ်ပေးပါ

- Download Size ပြသနာတက်ပြီး မဒေါင်းပဲရပ်နေတာ
ဖြေရှင်းရန် - Download Application ကိုရှာပါ အပေါ်ဘက်ထောင့်ရှိ အစက်လေးသုံးစက်မှ တစ်ဆင့် Setting ကိုဝင်၍ Download Size Limit ကို Unlimited ထားပေးပါ

- Facebook ကနေ Message ကိုနှိပ်လိုက်ရင် Messenger တက်မလာတာ သို့မဟုတ် Messenger popup တက်မလာတာ
ဖြေရှင်းရန် - Setting >> Installed App >> Messenger >> Permission Manager >> အောက်ဆုံးက Display Popup Window ကိုအမှားလေးဖြုတ်လိုက်ပါ

- Zapya ကချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ
ဖြေရှင်းရန် - Security Application ကိုရှာပါ Data Usage >> Restrict Data Usage >> Zapya ကို Data ရော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ

- Ringtone ပြောင်းရန်မတွေ့တာ
ဖြေရှင်းရန် - (၁) Setting >> Sound and Vibration >> Phone Ringtone>> အပေါင်းကိုနှိပ်ပြီး ကိုယ်လိုချင်တဲ့ ဖိုင်ကိုရွေးပေးလိုက်ပါ

- Screen ကိုလက်နှစ်ချောင်းနဲ့ စုဆွဲလိုက်ရင် Home Screen ရဲ့ Menu ကိုရောက်သွားပြီး လက်သုံးချောင်းနဲ့ စုဆွဲလိုက်ရင်တော့ Home Screen Preview ကိုရောက်သွားမှာပါ

- ကင်မရာကိုဖွင့်ထားပြီး Home back menu ခလုတ်သုံးခုထဲက menu ခလုတ်ကိုဖိထားရင် Camera setting ကိုမြင်ရမှာပါ။ Dial Pad ကိုဖွင့်ထားပြီး နှိပ်ရင် Call Setting .. Message ကိုဖွင့်ထားပြီး နှိပ်ရင် Message setting စသဖြင့် မြင်ရပါမယ်။

- Second Space ဆိုတာက ဖုန်းတစ်လုံးကိုပဲ ၂ လုံးပုံစံ ခွဲထားတာပါ။ သီးခြားကန့်သတ်မှုတွေလုပ်လို့ရသလို Password ခံထားလို့လည်းရပါတယ်။ မလိုချင်တော့ရင် Second Space ကိုပြန်ဖျက်နိုင်ပါတယ်

- Dual app ဆိုတာက App တစ်ခုကို ၂ ခုဖြစ်အောင်ပွားသုံးတဲ့ လုပ်ဆောင်ချက်ပါ။ SIM နှစ်ကတ်သုံးထားလို့ VIber ၂ ခုဖွင့်ချင်တာ Messenger နှစ်ခုသုံးချင်တာ Facebook အကောင့် ၂ ခုသုံးချင်တာ တွေအတွက် လည်းအဆင်ပြေသွားစေမယ့် လုပ်ဆောင်ချက်ပါ

- ဖုန်းတစ်လုံးနဲ့ တစ်လုံး အသစ်လဲရင် Data တွေပျောက်မှာ မစိုးရတော့ပါဘူး။ Setting တွေကအစ အကုန်လုံး ဟိုဘက်ဖုန်းအသစ်ဆီ လက်ရှိအတိုင်း Transfer လုပ်ပစ်နိုင်မယ့် Mi Mover က Setting ထဲမှာ ရှိပါတယ်။

- ပုံကို Hide လုပ်မိလို့ ပျောက်သွားသူတွေအတွက်က Gallery ကိုဖွင့်ပြီး Menu Key ကိုနှိပ်ထားကာ Setting ခေါ်လိုက်ပါ။ အဲထဲမှာ Show Hidden Album ကိုပြလိုက်ရင် ကိုယ့်ပုံတွေ ရေးရေးပေါ်ပါပြီ ဖိထားပြီး Unhide လုပ်ပါ။

အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ သိသင့်သိထိုက်တာလေးတွေ ရွေးပြီး ထုတ်နှုတ်ပေးလိုက်ပါတယ်။ ဆက်ပြီး သုံးကြည့်မယ်ဆိုရင် တော်တော်လေး နှစ်သက်ဖွယ်ကောင်းတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ ဒါတွေသိထားရင် ဆက်ပြီး ဖတ်မှတ် လေ့လာသုံးကြည့်ဖို့ ပိုအဆင်ပြေသွားမှာပါ။

အခုလိုနည်းလမ်းကောင်းတွေကိုသင်ကြားချရင်တော့
ဖုန်း Second ရောင်းဝယ်နည်း သင်တန်းအပ်ပါ။

https://www.facebook.com/100063793434743/posts/837453805057726/


#ပညာဒါနဖုန်းပြုပြင်သင်တန်း

#ဖုန်းsecondရောင်းဝယ်နည်းကိုစနစ်တကျလေ့လာချင်သူများ

18/11/2023

18/11/2023

တကယ်ပဲ

You တို့ရော ကြုံဖူးလား😁😅

16/11/2023
13/11/2023

ဘာတွေဖြစ်ကုန်ကြပြီလဲ

06/11/2023

သဘာ၀ကို
ဆေးဆိုးထားတာတွေကပိုဈေးကြီး
ဒါလူ့သဘာ၀တဲ့

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mawlamyine