Ma Saw

Ma Saw

Share

💜 USA/UK/Korea/Japan Cosmetics & Skin cares များကို ပစ်စည်းမှန်ဈေးတန်စွာရောင်းချပေးနေပါသည်ရှင့်💜

15/02/2026

အစော ချစ်ရတဲ့ ကျမရဲ့ cus အမ ညီမ အကို မောင်လေး များရယ်... 🤍

Masaw ဒီစာလေးကို ရေးနေတဲ့အချိန်တောင် မျက်ရည်က မသိမသာ ပြန်ဝဲလာပါတယ်ကွယ်... 🥺

အစော အိမ်မက်လေးတွေကို
တစ်နေ့ တကယ်ဖြစ်လာလိမ့်မယ်လို့
ကိုယ့်ကိုယ်ကို ယုံကြည်ရင်း ကြိုးစားရင်း နှစ်တွေတော်တော်များများ
နေ့ရက် တော်တော်များများ မရပ်မနား ကြိုးပမ်း လာခဲ့ပါတယ်...

ဒီနေ့…
ကျမ အိမ်မက်ထဲကလို Tester အပြည့်အစုံနဲ့ Authentic ဆိုင်လေးကို
တကယ်ဖွင့်နိုင်ခဲ့တဲ့နေ့မှာ
ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ရတဲ့နေ့ပါပဲရှင်🥺 ..🤍

အစော ကိုချစ်တဲ့သူတွေ လာမယ်ဆိုတာတော့ မျှော်လင့်ထားပေမယ့် ထင်ထားတာထက် အများကြီး လူများစွာ
လာရောက်အားပေးကြတာကို မြင်ရတဲ့အချိန်မှာ ကျမ လက်ဖျား တွေတောင် ထုံကျင် အေးစက်တဲ့ထိ တုန်လှုပ် ဝမ်းနည်းခဲ့တယ်.. 🥺

🙏 တစ်ယောက်ချင်းစီကို
သေချာစွာ ကြိုဆိုချင်ခဲ့ပေမယ့်
ဧည့်ဝတ်မကျေခဲ့တာလေးတွေ
စကားမပြောနိုင်ခဲ့တာလေးတွေ
စောင့်ရတာကြာခဲ့တာလေးတွေ ရှိခဲ့ရင်
ရင်ထဲကနေတကယ်ကို အနူးအညွန့် အရမ်းတောင်းပန်ပါတယ်နော် 🙏🤍

ဒါပေမယ့် နားလည်ပေးပြီး
“မပူပါနဲ့နော်”အစောရေ လို့ ပြန်ပြောပေးကြတဲ့ အသံလေးတွေကြောင့်
ချစ်စရာစိတ်ထားကလေးတွေကို မြင်ရတော့ ကျမ ပိုဝမ်းသာရတယ်
ပိုလည်း မျက်ရည်ပိုးပိုးပေါက်ပေါက် ကျရတယ် ..🥺

ဒီဆိုင်လေးထဲမှာ ငွေကြေးတွေတင် မဟုတ်ပါဘူး ကျမရဲ့ အိမ်မက်တွေ
အချိန်တွေ အိပ်မပျော်တဲ့ညတွေ
စေတနာတွေ cus လေးတွေအပေါ်ထားတဲ့ အချစ်တွေပါ အပြည့်ထည့်ထားပါတယ် 🤍

ဒီနေ့ဟာ
ဆိုင်ဖွင့်ပွဲနေ့တင် မဟုတ်ပါဘူး
ကျမဘဝရဲ့ မမေ့နိုင်တဲ့ နေ့တစ်နေ့ပါ🥺

ကျမကို အမြဲ ယုံကြည်ပေးတဲ့အတွက် သူတစ်ယောက်ရှိပါတယ်..

ကျမဘာလုပ်လုပ် အမြဲ လက်ခုတ်တီး အားပေးတဲ့ ...
💜 ကျမ အမျိုးသားလေး သူ​ပေးတဲ့ခွန်အားတွေ မေတ္တာတွေ နဲ့ရယ်
💜 ကျမရဲ့ကို အမြဲ အရိပ်တကြည့်ကြည့် ဂရုစိုက်​ပေးကြတဲ့ ညီမတွေ အမတွေက ဘေးမှာရှိတာ ရယ်
💜 ကျမရဲ့ မျက်နှာလေးတောင်အညှိုးမခံတဲ့ masaw Admin ညီမလေးတွေ တယ်..
💜 ကျမကို အမြဲချစ်ပြီး အားပေးကြတဲ့ cusအမတွေ ညီမလေးတွေ အကိုတွေ မောင်လေးတွေရှိတယ်

💜💜💜💜 ကျမ အိမ်မက်လေးနဲ့အတူ လျှောက်ပေးတဲ့အတွက် တစ်ယောက်ချင်းစီကို ရင်ထဲကနေ ကျေးဇူးတင်ပါတယ် 🙏🥺🤍

ရှေ့ဆက်ပြီးလည်း
စေတနာ မေတ္တာတွေ မလျော့ဘဲ
ယုံကြည်မှုမပျက်ပဲ ပိုကောင်းတဲ့ Ma Saw ဖြစ်အောင် ကြိုးစားသွားပါမယ်နော် ✨

အားလုံး အရမ်းချစ်ပါတယ်…
အမတို့ညီမတို့ရဲ့ အချစ်တွေကို
ဘယ်တော့မှ မမေ့ပါဘူး 🤍

ချစ်ရတဲ့ cus လေးတွေကို 🤍
ဒီရက်ပိုင်း ဖွင့်ပွဲအလုပ်လေးတွေကြောင့်
FB / TT မှာ စာတွေမပြန်နိုင်ခဲ့တာလေးတွေရှိခဲ့ပါတယ် 🥺

မမြင်လို့မဟုတ်ပါဘူးနော်
တကယ်ပဲ ဖွင့်ပွဲလေးကြောင့် မူးနေအောင် ဖြစ် ခဲ့တာပါ…
စောင့်ပေးနေတဲ့ စိတ်လေးတိုင်းကို
ကျမ တန်ဖိုးထားပါတယ်ရှင့် 🤍
ဒီအပတ်အတွင်း message တစ်ခုချင်းစီကို သေချာပြန်ကြိုးစားဖြေပေးပါမယ်နော် 🫶

အမြဲနားလည်ပေးလို့
ကျေးဇူးအများကြီးတင်ပါတယ် 🤍

✍ Ma Saw ✨
💄ဆရာ December Kyaw
💃 Ñöē Łãÿ Royal Princess

13/02/2026

Mashaallah ပြီးခဲ့တဲ့ အပတ်ကတည်းက မနက်ကစပြီး လူမပြတ်လာကြသလို ဆိုင်လေးထဲမှာလည်း အပြည့်အဝ စည်ကားနေတာမြင်ရတော့
အစောရင်ထဲမှာ ဝမ်းသာပြီး မျက်ရည်ပါကျမိတဲ့ အထိပါပဲ 🤍

Cus တွေ လာအားပေးကြတာတင်မကဘူး လူကြီးတွေ ပါဆယ်ဖောက် ကလေးတွေက အရုပ်နှိုက်ပြီး
ရယ်သံလေးတွေနဲ့ ပျော်ရွှင်နေကြတာကို မြင်ရတော့..🥺

Ma Saw ဆိုင်လေးက
Beauty Shop တစ်ခုထက်ပိုပြီး
နွေးထွေးတဲ့ နေရာလေးတစ်ခုလို ဖြစ်နေပါတယ် ✨

ဒီလိုစည်ကားပေးကြတဲ့သူတိုင်းကို
အစော တကယ်ကို ကျေးဇူးတင်ပါတယ် 🤍

လူများတဲ့နေ့တွေမှာ အခုလို ဆိုင်ဖွင့်ပွဲ ရက်ကပ်ချိန်တွေမှာ အဝေးကအားပေးတဲ့ ညီမတွေ အမတွေကို စာပြန်ဖို့ လစ်ဟင်းဒါတွေရှိပါတယ် မမတို့ညီမလေးတို့ရယ်🥺
စောင့်ရချိန်နည်းနည်းကြာသွားတာ
သို့မဟုတ် စာပြန်နောက်ကျသွားတာများရှိရင် နားလည်ပေးကြပါနော်ရှင် 🙏

Ma Saw ကို ယုံကြည်ပြီး
ဒီလိုစည်ကားပေးကြတာ
အစောအတွက် ဒါက စိတ်ခွန်အား အကြီးဆုံး ရလိုက်တာပါပဲ 🤍

ဒီနေ့ vibe လေးကို VD နဲ့ မျှဝေလိုက်ပါတယ်ရှင် ✨💄
နက်ဖြန် ဖွင့်ပွဲလေးမို့ Inshaallah နက်ဖြန် Ma Saw ဆိုင်မှာ တွေ့ကြမယ်နော် 🤍

13/02/2026

🤍 ဒီနေ့ Ma Saw ဆိုင်မှာ လူအရမ်းများပါပြီရှင်…
ဖွင့်ပွဲနေ့လားထင်ရအောင် စည်ကားနေပါတယ် ✨

Mashaallah ပြီးခဲ့တဲ့ အပတ်ကတည်းက မနက်ကစပြီး လူမပြတ်လာကြသလို ဆိုင်လေးထဲမှာလည်း အပြည့်အဝ စည်ကားနေတာမြင်ရတော့
အစောရင်ထဲမှာ ဝမ်းသာပြီး မျက်ရည်ပါထွက်မိပါတယ် 🤍

Cus တွေ လာအားပေးကြတာတင်မကဘူး ကလေးလေးတွေပါ အရုပ်နှိုက်ပြီး
ရယ်သံလေးတွေနဲ့ ပျော်ရွှင်နေကြတာကို မြင်ရတော့..🥺

Ma Saw ဆိုင်လေးက
Beauty Shop တစ်ခုထက်ပိုပြီး
နွေးထွေးတဲ့ နေရာလေးတစ်ခုလို ဖြစ်နေပါတယ် ✨

ဒီလိုစည်ကားပေးကြတဲ့သူတိုင်းကို
အစော တကယ်ကို ကျေးဇူးတင်ပါတယ် 🤍

လူများတဲ့နေ့တွေမှာ အခုလို ဆိုင်ဖွင့်ပွဲ ရက်ကပ်ချိန်တွေမှာ အဝေးကအားပေးတဲ့ ညီမတွေ အမတွေကို စာပြန်ဖို့ လစ်ဟင်းဒါတွေရှိပါတယ် မမတို့ညီမလေးတို့ရယ်🥺
စောင့်ရချိန်နည်းနည်းကြာသွားတာ
သို့မဟုတ် စာပြန်နောက်ကျသွားတာများရှိရင် နားလည်ပေးကြပါနော်ရှင် 🙏

Ma Saw ကို ယုံကြည်ပြီး
ဒီလိုစည်ကားပေးကြတာ
အစောအတွက် ဒါက စိတ်ခွန်အား အကြီးဆုံးပါ 🤍

ဒီနေ့ vibe လေးကို VD နဲ့ မျှဝေလိုက်ပါတယ်ရှင် ✨💄
နက်ဖြန် ဖွင့်ပွဲလေးမို့ Inshaallah နက်ဖြန် Ma Saw ဆိုင်မှာ တွေ့ကြမယ်နော် 🤍

Photos from Ma Saw's post 09/02/2026

Ma Saw ရဲ့ ချစ်ရတဲ့ အမများ ညီမလေးများရှင့် ....🤍

Ma Saw အခုရက်ပိုင်း FB မှာ Ma Saw ပျောက်နေသလို ဖြစ်နေတာ
cus လေးတွေ သတိထားမိကြမယ်ထင်ပါတယ်.... 🥺

တကယ်တော့ ပျောက်သွားတာ ပျော်နေတာ မဟုတ်ရပါဘူးရှင် ...🥺

အမများ ညီမများအားလုံး အမြဲ မျှော်လင့်နေကြတဲ့
👑 Ma Saw 👑

✍ Your Personal Beauty Consultant✍

💄 Authentic Skincare & Cosmetics 💄

Dream Shop Grand Opening လေးအတွက် နေ့ညမနား အစော ကိုယ်တိုင် ပါဝင်ပြီး အသေးစိတ်ကစ ပြင်ဆင်နေရလို့ Online မှာ ပျောက်နေ ခဲ့တာပါ 🤍

ဒီဆိုင်လေးဟာ အစောတွက်တော့ ပစ္စည်းရောင်းတဲ့ နေရာတစ်ခုထက် အများကြီး ပိုပါတယ်ရှင့်...

အစောရဲ့ အိမ်မက်တွေ အချိန်တွ စေတနာတွေ cus တွေအပေါ်ထားတဲ့
ယုံကြည်မှုနဲ့ အချစ်တွေကို အပြည့်အဝ ထည့်ထားတဲ့ အထူးနေရာလေး တစ်ခုပဲ ဖြစ်ပါတယ်ရှင့်✨

အခုလို ဘာpostမတင်မိ၊ ဘာမှ post အသစ်တွေ မတင်နိုင်ခဲ့တဲ့အတွက်
cus လေးတွေကို အနူးညွတ်ဆုံး တောင်းပန်ပါတယ်နော် 🥺🙏

ဒါပေမယ့် ဒီဖိတ်စာလေးတွေကို လက်ထဲ ရလာတဲ့ အခုအချိန်မှာတော့ အရမ်းဂုဏ်ယူစွာနဲ့ cus အမတွေ ညီမ တွေကို Fbပေါ်ကနေတဆင့် လေးစားစွာ ဖတ်ကြားလိုက်ပါတယ်ရှင့်... 🤍

💐 Grand Opening Invitation 💐

🏛 အမှတ် (221),အောက်လမ်းမကြီး, Kyaw Mobile မျက်စောင်းထိုး မှာပါရှင့်....

⏰နေ့လည် ၂နာရီကနေ ညနေ ၇နာရှီထိပါရှင့်...

ဖွင့်ပွဲနေ့မှာ cusအမများ ညီမများ တွေအတွက်..
👑 Opening Discount လေးတွေ
✍ Vip discount card
🎁 ဗလာမပါ လက်ဆောင်လေးတွေ
👄 နွေးထွေးတဲ့ အပြုံးတွေ ယုံကြည်မှုအပြည့်နဲ့ စောင့်ကြိုနေပါမယ်နော် 🤍

Inshaallah 🤲
ဒီခရီးလမ်းလေးကိုရောက်လာအောင် အမြဲ support ခဲ့တဲ့ အမတွေ ညီမတွေရဲ့ ကျေးဇူး ကို အမြဲ ရင်ထဲ အမှတ်တရရှိခဲ့တဲ့အတွက် ဒီနေ့ ဒီနေရာလေးကို အမတို့ ညီမတို့ရဲ့ အချစ်တွေနဲ့ရောက်လာခဲ့တာပါ...

Ma Saw ကြိုးစားခဲ့တဲ့ Grand Opening Day မှာ
မျက်နှာချင်းဆိုင်တွေ့ပြီး
အပြုံးနဲ့ ကြိုဆိုခွင့်ရချင်ပါတယ်နော် 🤍

အားလုံးကို အရမ်းလည်း ချစ်ပါတယ်
အမြဲလည်း ရင်ထဲကနေ ကျေးဇူးတင်ပါတယ်ရှင့်🫶 🤍
















ိုင်ဖွင့်ပွဲ
#ယုံကြည်စိတ်ချရသောSkincare
#အိမ်မက်ဆိုင်လေး
ေးများအတွက်
#ကျေးဇူးတင်ပါတယ်

24/01/2026

👑 Ma Saw👑...... Your Personal Beauty Consultant......
✨ Authentic Skincare & Cosmetics ✨

အားလုံးမျှော်နေကြတဲ့ masawရဲ့ ဆိုင်သစ် ဆိုင်(No.2)ရဲ့ လိပ်စာလေးပါရှင့်.....

🏦 ဆိုင်လိပ်စာ
👉မော်လမြိုင် အောက်လမ်းမကြီး.အမှတ် 221 – Kyaw Mobile မျက်စောင်ထိုး One More Timeရဲ့ အရှေ့တည့်တည့် ဆိုင်ပါရှင်...

👇 ဆက်သွယ်ရန် –👇
☎ 09253470024( )
☎ 09694713573 (Admin)
☎ 09664786867 (Admin)

✅ Onlineကရော ဆိုင်မှာပါ လာရောက်ပြီး ယုံကြည်စိတ်ချစွာ ဝယ်ယူလို့ရတယ်ရှင့်...🤗

✅ လတ်တလောအခြေနေအရ မော်လမြိုင် တစ်မြို့ပဲ အိမ်ရောက်ငွေခြေ ရပါမယ်ရှင့်..

✅ ကျန်မြို့များက kpay က💵 ဝင်တာနဲ့ deliveryနဲ့ အိမ်အရောက် deliနဲ့ အပ်ပေးပါတယ်ရှင့်...

✅ ပစ္စည်းဝယ်သော ကျေးဇူးရှင် cusများရှင့် အစောတို့ဆိုင်ဘက်က ဘောက်ချာပြပြီး cusငွေလွှဲပြီးရင် မကွဲမပြဲအောင် ထုတ်ပိုးပြီး ၃ရက်တွင်း Deliအပ်ပါတယ်ရှင့်..😘

✅ yg ဆိုDeli အပ်ပြီးရင် 3ရက်ကနေ 5ရက်တွင်း ရောက်ပါတယ်ရှင့်😘

👑 တစ်သိန်းခွဲဖိုးမှစဝယ်သူ တစ်ဦးတစ်ယောက်ချင်း စီတိုင်းကို အစောဘက်က ကျေးဇူး တုံ့ပြန်သောအားဖြင့် လက်ဆောင်လေးတွေ ကိုယ်စီထည့်ပေးထားပါတယ်နော် 😘👑

❌ cusသစ်များက ပစ္စည်းဝယ်ပြီးရင် cbမှာပို့ရမယ့်လိပ်စာ☎မပေးထားရင် ပစ္စည်းမဖယ်ပါရှင့်❌

👉👉 မsawတို့သည် ဆိုင်ဖွင့်ထားသည့်အတွက် ဆိုင်ဖွင့်ချိန် မနက် 10နာရီခွဲကနေ ညနေ6 နာရီအထိသာ adminတွေရော မsawပါ စာပြန်ပါတယ်ရှင့်😘👈👈

‼ ညဘက် cbမှာ စာမပြန်ပါဘူးနော်‼

💜 friမဖြစ်ထားလို့ စာကို seenမပြရင်cmမှာ မsawရေ cbကိုကြည့်ပေးပါလို့မန့်ပေးပါရှင့်💜

Fri တွေရဲ့ စာတွေ seenဖြစ်ပြီး rpမပြန်ဖြစ်သွားတာရှိရင် Ma Saw ကို CB ထပ်ရေးလို့ရပါတယ်နော် 💜
အလုပ်များချိန်၊ message များတာကြောင့် မမြင်မိတာတွေ ဖြစ်နိုင်လို့ပါ 🙏

Skincareကို အစောနဲ့ ဆွေးနွေး တိုင်ပင်ပြီးမှဝယ်ချင်သူများ ဆိုင်ဖွင့်ချိန်အတွင်းသာ ဖုန်းဆက်ဝယ်လို့ရပါတယ်ရှင့်🙏

Skincare ကို အလွယ်မရွေးပေးပါဘူးနော်..

အသားအရေ၊ အသုံးအခြေအနေ၊ budget အလိုက် တစ်ယောက်ချင်းစီအတွက် သေချာစဉ်းစားပြီးမှ ညှိပေး၊ ရွေးပေးတာပါ 😬

ဒါကြောင့် reply အနည်းငယ်ကြာနိုင်ပါတယ်နော်...
👉 Skincare Consultation
အချိန် + အတွေ့အကြုံ + Knowledge ကို အသုံးချပြီး
တိတိကျကျရွေးပေးတာဖြစ်တဲ့အပြင်
Consulting Fees က free ပါနော်🙈

အမတို့ညီမတို့နဲ့ သင့်တော်သော Skincareများကို ရွေးပေးသည့်အတွက် မည်သည့် Fees တစ်ကျပ်မှ မယူပါရှင့်🙈

cus တွေကို အပြည့်အဝ ဂရုစိုက်ပြီး ဆောင်ရွက်ပေးပါတယ်...

📦 Order တင်ပြီးနောက်
⏰ 36 နာရီအတွင်း Payment မဝင်ပါက Order auto-cancel ဖြစ်ပါမယ် စနစ်တကျ လုပ်ဆောင်နိုင်ဖို့အတွက်ပါ 🙏

🚚 Daily Deli ရှိပါတယ်
ပစ္စည်းတိုင်းကို စနစ်တကျ ထုပ်ပိုးပြီး
အချိန်မှန် ပို့ပေးပါတယ်...

ကိုယ်တိုင်စမ်းသပ်ပြီးမှ ရောင်းပါတယ်
ယုံကြည်မှုကို အဓိထားတဲ့ ဆိုင်ပါ 👑
Pin ထားတဲ့ Post တွေကို
အရင်ဖတ်ပေးရင် ပိုအဆင်ပြေပါတယ်ရှင်..💜

‼‼ Kpay - 09253470024
Daw Phyu Lay Nwe‼‼တစ်ခုပဲသုံးပါတယ်ရှင့်....

👉👉 တခြား အကောက်များကို ငွေလွှဲမိပါက မဟုတ်သည့်အတွက် ဖြစ်လာသည့် ကိစ္စအဝဝကို ကိုယ်ဘာသာ တာဝန်ယူဖြေရှင်းပါ ( #အစောနဲ့လုံးဝမသက်ဆိုင်ပါ)👈👈

📌 100% Authentic & Instock အတုမရောင်းပါ ❌

📌 Authentic မဖြစ်ခဲ့ပါကငွေဆယ်ဆပြန်ယူပါရှင့်📌

စာရှည်ကြီးပို အခုလိုအဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် 🥺

ယုံကြည်ပေးတဲ့ cus တစ်ယောက်ချင်းစီကို Ma Saw က တာဝန်ယူပြီး ဆောင်ရွက်ပေးပါမယ်နော် ✨

13/01/2026

“Ma Saw ပျောက်နေပြီဆို?”
မဟုတ်ပါဘူးနော်…🙈
ပိုကောင်းတဲ့ Ma Saw နဲ့ ပြန်လာဖို့ ပြင်ဆင်နေပါတယ် 🤍”

👑Ma Saw👑

✨ Your Personal Beauty Consultant ✨

Authentic Skincare & Cosmetics ကို

မစောက “အမြတ်ငွေရဖို့ ရောင်းချဖို့” တစ်ခုတည်းတွက် မဟုတ်ဘဲ ကိုယ်တိုင်စမ်းသပ်ပြီး ယုံကြည်မှပဲ Instockအကုန် ထည့်ထားတဲ့ ဆိုင် အဖြစ် Cus တိုင်းအတွက် တာဝန်ယူထားပါတယ် 🤍

✨ ဒီနေ့တွေမှာ ဆိုင်ကို အမြန်ဆုံးဖွင့်နိုင်ဖို့ ပစ္စည်းတစ်ခုချင်းစီကို အချောသတ်စစ်ဆေး၊ စီစစ်၊ ပြင်ဆင်နေတာကြောင့်
အစောရဲ့ အချိန်တွေ အားလုံးကို
ဆိုင်ထဲမှာပဲ ထည့်ထားရပါတယ် ✨

CB ထဲမှာလည်း
ယုံကြည်ပြီး လာမေး၊ လာဝယ်ကြတဲ့ Cus တွေအပြည့်နဲ့မို့
New Feed မှာ Post မတင်နိုင်သေးတာကို နားလည်ပေးကြမယ်လို့ ယုံကြည်ပါတယ် ရှင့်....🤍

ဘာလေးလိုလို ဆိုင်ကို တိုက်ရိုက်လာဝယ်လို့ရသလို CB ထဲမှာလည်း
ကိုယ့်အသားအရေ၊ ကိုယ့်လိုအပ်ချက်အတိုင်း Consultant တစ်ယောက်လို
အစောက ကိုယ်တိုင် ဖြေကြားပေးနေပါတယ် ✨

မကြာခင် ဆိုင်သစ်လေး ဖွင့်နိုင်ဖို့
ရက်လေးတွေ ကပ်လာတာနဲ့အမျှ
အစောရင်ခုန်နေသလို
Ma Saw ကို စောင့်နေတဲ့ Cus တွေအတွက်လည်း အစော မပေါ့ဆ မသွားပါဘူး 🤍

မလွယ်ကူပါဘူး…
ဒါပေမယ့် ယုံကြည်မှုကို တာဝန်ယူပြီး လုပ်နေပါတယ် ✨

Ma Saw — Authentic Skincare & Cosmetics ဆ်ိုင်က
Beauty(အလှအပပစ္စည်း) ကို ရောင်းတာမဟုတ်ဘဲ ယုံကြည်မှုနဲ့ တာဝန်ယူမှုကို ပေးနေတဲ့ ဆိုင်ပါရှင့် 🤍

09/01/2026

🦷 ဒီ toothpaste ကို မနေ့တနေ့ကမှ ကြိုက်တာ မဟုတ်ပါဘူး…
၉တန်းကျောင်းသူဘဝတည်းကကို ကြိုက်ခဲ့ပြီး...🤭
2018 / 2019 တည်းက ပြီး ရောင်းခဲ့တာပါ 🤍

Dentiste Premium & Nature Care Toothpaste
ကျမ ၉တန်းကျောင်းသူဘဝ တည်းက
ကိုယ်တိုင် ကြိုက်လို့ သုံးလာခဲ့တာပါ။
ဒါကြောင့်
👉 အခုအချိန်ထိ မရမရ ဝယ်သုံးနေတုန်း
👉 ကိုယ်တိုင် သုံးလို့ ကောင်းလို့ပဲ
👉 ကိုယ့် customer တွေကိုလည်း ယုံယုံကြည်ကြည် ရောင်းပေးနိုင်တာပါ..

ဒီ videoကို ကြည့်လိုက်တာနဲ့ အစောက ဘယ်လိုသူမျိုးဆိုတာ တန်းသိမှာပါရှင်...
📦 အရင်က သုံးပြီးသား toothpaste ဘူးခွံတွေ
📦 မသိမ်းနိုင်အောင် များလွန်းလို့
📦 ဂျပ်ဖာပုံးတွေထဲက ရှာပြရင်း ရိုက်ထားတာပါ 😅

ဒါက advertising မဟုတ်ပါဘူး..
Trend လိုက်ရောင်းတာလည်း မဟုတ်ပါဘူး...
ကိုယ်တိုင် သုံးလာတဲ့ နှစ်တွေက
ယုံကြည်မှု ဖြစ်သွားတဲ့ အထောက်အထားပါ 🤍

👉 သုံးလို့ကောင်းလို့ အမြဲဆက်သုံးဖြစ်တယ်..
👉 ဆက်သုံးလို့ပဲ ဝယ်မရတဲ့အဆုံး ကိုယ်တ်ိုင် နိုင်ငံခြားကနေ သွင်းပြီးကို ရောင်းတယ်..
👉 ရောင်းတဲ့အခါလည်း ကိုယ်တိုင်သွင်းထားတဲ့ Watsons ကောက်တာပစ္စည်းစစ်စစ်မို့ အာမခံပြီး စိတ်ချလက်ချ ရောင်းနိုင်တယ်..

..... 👑 Ma Saw👑 ......
– Your Personal Beauty Consultant – အနေနဲ့
ကိုယ်မသုံးဖူး၊ မယုံဖူးတဲ့ အရာကို
ဘယ်တော့မှ မညွှန်းပါဘူး ✨

သွားခံတွင်းနံ့ fresh ဖြစ်ချင်တဲ့သူ
ပါးစပ်သန့်ရှင်းမှုကို အရေးထားတဲ့သူ
တစ်ခါ သုံးပြီးရင် ပြန်မသုံးရ မနေနိုင်ဖြစ်သွားရမယ့် toothpaste ကို
ရှာနေရင် Ma Sawဆီမှာ အသက်သာဆုံး စျေးနှုန်းလေးနဲ့ လာယူနော်..😘😘

ဆိုင်လိပ်စာ🏦
မော်လမြိုင် အောက်လမ်းမကြီး
Kyaw mobile မျက်စောင်းထိုး One More Time အရှေ့တည့်တည့် 👑Ma Saw 👑
Authentic Skincare & Cosmetics ဆိုင်ပါရှင့်....

☎09253470024
☎09694713573

09/01/2026

🧪Active ingredients တွေက ကြေညာ အားကောင်းသလို ထိရောက်မှုလည်း တကယ် အားကောင်းတယ် ✔️

ဒါပေမယ့်…
✨ Personal Beauty Consultant✨ တစ်ယောက်အနေနဲ့
အမြဲပြောချင်တာက —
“မသုံးတတ်ရင် ကောင်းတဲ့ ingredient တောင်ကိုယ့် skin ကို ပျက်စီးစေနိုင်ပါတယ်” ❌

ဒီနေ့ video မှာ
🍋 Medicube Vitamin C Capsules Cream🍋 ကို
ဥပမာယူပြီး
👉 Vitamin C နဲ့ မတည့်တဲ့ ingredients တွေ ကို

👑 Ma Saw👑
Your Personal Beauty Consultant အနေနဲ့ ရှင်းပြပေးသွားပါမယ် ✨

Vitamin C က
Glow စေတယ် တယ်
Dark spot လျော့စေတယ်
Skin tone ညီညာစေတယ်
Brightening Effective ကိုပေးတယ် ........
ဒါပေမယ့် Vit C ဟာ Active ingredient ဖြစ်တဲ့အတွက် မတည့်တဲ့ ingredients တွေနဲ့ layer လုပ်လိုက်ရင်
⚠️ Irritation
⚠️ Redness
⚠️ Breakout
⚠️ Skin barrier ပျက်
⚠️ မဲသွား၊ ကြမ်းသွား
တွေကို လွယ်လွယ်ကူကူ ဖြစ်စေနိုင်ပါတယ်။

ဒီ video ထဲမှာ
✔️ Vit C နဲ့ မတွဲသုံးသင့်တဲ့ ingredients
✔️ ဘာကြောင့် မတည့်တာလဲ
✔️ ကိုယ့် skin ကို ဘယ်လိုကာကွယ်ရမလဲ
ကို consultant point of view နဲ့ ပြောပြထားပါတယ်ရှင်...

⚠️ Skincare ဆိုတာ Trend လိုက်တာ မဟုတ်ပါဘူး⚠️
ကိုယ့် skin ကို သိနားလည်ပြီး ကိုယ်နဲ့ ဘာ ingredients သုံးရမလဲဆိုတာ သေချာ ရွေးချယ်ပြီး ကိုက်ညီမှ သုံးရတာပါ 🤍

📌 ဒီနေ့ — Vitamin C
📌 နောက်နေ့ — တခြား Active Ingredients တွေကို
👉 ဘယ်ဟာနဲ့ မတည့်လဲ
👉 ဘယ်လိုသုံးရင် safe ဖြစ်လဲ
ဆက်တိုက် ရှင်းပြပေးသွားပါမယ်ရှင်..

ဒါမျိုးလေးတွေသိချင်ရင် Follow သာ လုပ်ထားပါရှင်... ✔️

✨ Ma Saw ရဲ့ Educate Series ကို မလွတ်အောင်ကြည့်နော် ✨

📌 Cbက စာတွေကို ဆိုင်ဖွင့်ချိန် မနက် ၁၀နါရီကနေ ညနေ ၅ခွဲထိ သေချာလေး ဖြေပေးပါတယ်ရှင့်..😘📌

ဆိုင်လိပ်စာ🏦
မော်လမြိုင် အောက်လမ်းမကြီး
Kyaw mobile မျက်စောင်းထိုး One More Time အရှေ့တည့်တည့်ပါရှင့်....

☎09253470024
☎09694713573

09/01/2026

👉 ချစ်ခင်ရပါသော အမ ညီမများက Shareပေးခြင်းဖြင့် ကူညီပေးပါနော်😘

“အလုပ်ကို သေသေချာချာ စနစ်တကျ စလုပ်ချင်တဲ့ ညီမလေးတွေ…
အတွေ့အကြုံမရှိလို့ လက်တွေ့ကျကျ
သင်ပေးမယ့်နေရာကို ရှာနေတာလား?”
💬

အလုပ်ကို အတည်တကျ စနစ်တကျ စလုပ်ချင်တဲ့ ညီမလေးတွေကို ဖိတ်ခေါ်ပါတယ် ....🤍

အတွေ့အကြုံမရှိလည်း လုံးဝလုံးဝ စိတ်မပူပါနဲ့..
အလုပ်သင်ကနေ အတတ်သင်အထိ
ကိုယ်တိုင် လက်တွေ့ သင်ကြားပေးပါမယ် ✨

Ma Saw Authentic Skincare & Cosmetics ဆီကို ရောက်လာပြီဆိုရင်…
✅ လစာမှန်
✅ Bonus ရှိ
✅ ရက်မှန်ကြေး အပြည့်
✅ တစ်ပတ်တစ်ရက်နားခွင့်ရှိ
✅ Skincare ပညာရပ်တွေကို စနစ်တကျ သင်ကြားပေးမယ်
✅ မ Saw တတ်ထားတဲ့ Skincare Knowledge + MUA ဘာသာရပ် ကိုလည်း အခမဲ့သင်ကြားပေးမယ်
✅ အလုပ်ချိန် — မနက် ၁၀ နာရီ မှ ညနေ ၆ နာရီထိ
(အလုပ်ချိန်မများလို့ မပင်ပန်း၊ သက်သာသက်သာလေးနဲ့)
Skincare & Cosmetics အလုပ်ကို တန်ဖိုးထားတတ်တဲ့သူ... ✍
ကိုယ့်အနာဂတ်ကို ကိုယ်တိုင် တည်ဆောက်ချင်တဲ့သူ...✍
ရေရှည် လုပ်ချင်တဲ့ ညီမလေးတွေကိုပဲ လိုအပ်ပါတယ် 🌱

📩 စိတ်ဝင်စားရင် ဆိုင်ကို လာလျှောက် ပါ
(အသက် / နေရပ် / ဖုန်းနံပါတ် /မှတ်ပုံတင်မိတ္တူ/ သန်းခေါင်စာရင်းမိတ္တူယူခဲ့ရုံပါပဲ)

🎬 “အလုပ်တစ်ခုကို လစာရဖို့ပဲ မဟုတ်ဘူး ပညာရဖို့ပါ လိုချင်ရင်
👑 Ma Saw 👑
Your personal beauty consultant
💄 Authentic Skincare & Cosmetics💄 ကိုလာကြည့်ပါ
🤍”

📌 Cbက စာတွေကို ဆိုင်ဖွင့်ချိန် မနက် ၁၀နါရီကနေ ညနေ ၅ခွဲထိ သေချာလေး ဖြေပေးပါတယ်ရှင့်..😘📌

ဆိုင်လိပ်စာ🏦
မော်လမြိုင် အောက်လမ်းမကြီး
Kyaw mobile မျက်စောင်းထိုး One More Time အရှေ့တည့်တည့်ပါရှင့်....

☎09253470024
☎09694713573

#အမျိုးသမီး၅ယောက်လို
#လစာအပြည့်
#တစ်ပတ်တစ်ရက်နားခွင့်ရ

#ရက်မှန်ကြေး
ာရပ်freeသင်ကြားခွင့်
ာရပ်freeသင်ကြားခွင့်

08/01/2026

ဘာနေနေ အစောဆီက ဝယ်သူတွေကို အတန်ဆုံးဖြစ်အောင်တော့
Ma Saw က အမြဲလုပ်ပေးပါတယ် 💙

မလိုချင်တော့ဘူးဆိုရင်လည်း
👉 ဘာကြောင်းကြောင့်လို့မမေး
👉 အရှုပ်အရှင်းမလုပ်
👉 ငွေပြန်အမ်းပေးတဲ့ service ကိုပါ
တာဝန်ယူလုပ်ပေးပါတယ်....

ဒါကြောင့် စျေးသက်သာတာ တစ်ခုတည်းမဟုတ်ဘဲ စိတ်ချလို့ရတဲ့အတွက်
Ma Saw ကို လူတွေ ရွေးဝယ်ကြတာပါ 🤍

အမှန်တကယ်ပြောရရင်
👉 စျေးချိုအောင်ပဲ ရောင်းတဲ့သူကို
ဘယ်နေရာမဆို ရှာလို့ရပါတယ်...

ဒါပေမယ့် စျေးလည်းသက်သာ Service လည်းတာဝန်ယူ မလိုရင် ငွေပြန်အမ်းပေးတဲ့အထိ လုပ်ပေးနိုင်တဲ့သူကိုတော့ ဘယ်မှာရှာမလဲ?

သူများတွေ ၂သိန်း ၉သောင်း ရောင်းနေချိန်မှာ
👉 Ma Saw က ၁သိန်း ၈သောင်းနဲ့ စပြီးပေးခဲ့ပါတယ်
အခုလို အခြေအနေတောင်
✔️ ငွေကြိုလွှဲထားသူတွေ — ၂သိန်း ၁သောင်း
✔️ ငွေကြိုမလွှဲထားသူတွေ — ၂သိန်း ၃သောင်း
➡️ လက်ရှိပေါက်စျေးထက် အများဆုံး ၆သောင်းမက သက်သာအောင်
ကိုယ်တိုင် ထိန်းပေးထားပါတယ်ရှင်..

👉 ငွေလွှဲထားသူတွေကို နံပါတ်စဥ်အတိုင်း လိုက်ပြောပါမယ်...

ကားခ သက်သာတဲ့အသုတ်မှ ယူမယ့်သူတွေ ထပ်စောင့်ပါ...

အခြေနေကောင်းလို့ လမ်းကြောင်းကောင်းရင် အရင်လိုပဲသက်သာနိုင်ပါတယ်..
အခြေနေပိုကြပ်ရင် အခုထက် ပိုများနိုင်ပါတယ်...

ငွေလွှဲထားသူတွေ အသက်သာဆုံး ၂သိန်း၁သောင်းနဲ့ မယူရင် ငွေပြန်ယူနော်😘

အမတို့ညီမတ်ို့ ငွေလွှဲထားသူတွေ သက်သာတုန်းလေး စည်းစနစ်တကျပေးမှာပါ ညီမတို့ မယူရင်
အစောက ၂သိန်း၃သောင်းနဲ့ယူမယ့်သူတွေ အဆင်သင့်ရှိတာမို့ ယူမယ့်သူကို တန်းပေးမှာပါရှင့်...🙏

သူတို့ကိုရောင်းရင် ပိုရတာမှန်ပေမယ့်
အစောရဲ့ထုံးစံတိုင်း တိတိကျကျနဲ့ပဲ စည်းကမ်းတိုင်းပဲ နံပါတ်အလှည့်ကျသူကို အကြောင်းကြားမှာပါ..ငွေပိုရတိုင်းမရောင်းပါရှင့်...
အာ့တော့ သက်သာတာ လိုချင်ရင် ဖြေးဖြေးတော့ စောင့်ယူပါနော်

ပစ္စည်းပြတ်လည်း saleပြန်ချ stockပြန်ဝင်တဲ့ထိ စောင့်ဝယ်ပေးပါတယ်ရှင့် ..💎

မရဘူး အခုရမှဆိုတဲ့ လောတတ်သူတွေဆိုရင်တော့ ငွေအမ်းပါရစေနော်😘

📌 Cbက စာတွေကို ဆိုင်ဖွင့်ချိန် မနက် ၁၀နါရီကနေ ညနေ ၅ခွဲထိ သေချာလေး ဖြေပေးပါတယ်ရှင့်..😘📌

☎09253470024
☎09694713573








#မစော


#ဗီဒို

08/01/2026

Ma Saw ဗီဒိုတွေကို စျေးအသက်သာဆုံး နဲ့ပေးထားတာ ငွေကြိုလွှဲပြီး စောင့်ဝယ်ရသူတွေကို အကျိုးခံစားစေချင်လို့ ဖြစ်ပါတယ် 💙

ဒီ ဗီဒိုတွေ အလုံးရေနည်းနည်းလေးကို တစ်ခါ သယ်လို့ ကားခတစ်ခါ ရှင်းရင်လည်း အခုလို အထပ်လိုက်ရှင်းရပါတယ်...

အရင်ထက် ပိုကုန်ကျလာတာတွေကို
Ma Saw အနေနဲ့ လုံးဝ တာဝန်ယူမှု အပြည့်အဝနဲ့ ၅ဆင့်လုံး Error / အနာအဆာမရှိအောင် စစ်ပြီး
Customer တစ်ယောက်ချင်းစီရဲ့ စိတ်ချမ်းသာမှုကို အမြဲ ဦးစားပေးပြီး
သယ်ပို့တာ ဖြစ်ပါတယ် 😌

“မလွယ်ကူဘူး, ဒါပေမယ့် တာဝန်ယူပြီးပေးနေပါတယ်” ဆိုတာကို အစောရဲ့ vd တစ်ခုချင်းစီက သက်သေပေးနေပါတယ်...

စျေးသက်သာပေမယ့်
Service / Quality / Responsibility အပြည့်အဝ
ကိုလည်း ပေးနေကြောင်း ပြပေးနေပါ ✨

အာ့တော့ သက်သာတာ လိုချင်ရင် ဖြေးဖြေးတော့ စောင့်ယူပါနော် ပစ္စည်းပြတ်လည်း saleပြန်ချ stockပြန်ဝင်တဲ့ထိ စောင့်ဝယ်ပေးပါတယ်ရှင့် ..💎

လောတတ်သူတွေတော့ ငွေပြန်ယူနော်😘

📌 Cbက စာတွေကို ဆိုင်ဖွင့်ချိန် မနက် ၁၀နါရီကနေ ညနေ ၅ခွဲထိ သေချာလေး ဖြေပေးပါတယ်ရှင့်..😘📌

☎09253470024
☎09694713573








#စျေးလည်းသက်သာServiceလည်းကောင်း
#ယုံကြည်မှုနဲ့ရောင်းတယ်

08/01/2026

Ma Saw ရဲ့ ဗီဒို 82cm အလုံး ၂၀ ရောက်တာ အနာအဆာ / Error ၁၀ဆင့်နီးပါးကွဲပြဲဖြစ်ခဲ့တာလေးကို ပြပေးမယ်နော်.. 😌

ဒီ VDကို ကြည့်ရင် အများထင်ထားသလို ပစ္စည်းတစ်ခုရောင်းတာပဲဆိုပြီး မလွယ်ကူနေဘူး ဆိုတာကို နားလည်သွားအောင် ပြပေးတာပါရှင်..

အချိန်၊ သယ်ယူခစရိတ်၊ Quality check အားလုံးကို တစ်ခါတည်း ထိန်းသိမ်းတာဝန်ယူပေးတဲ့အပြင် စျေးပါ တအားသက်သာနေဖို့က တကယ်မလွယ်ကူပါဘူး 💙

စျေးသက်သာပေမယ့်
Ma Saw အတွက် Service / တာဝန်ယူမှု အပြည့်အဝ ကို အမြဲ ဦးစားပေးနေကြောင်း ဗီဒို အကွဲလေးတွေနဲ့ သက်သေပြလိုက်ပါတယ်ရှင့်..✨

Customer တစ်ယောက်ချင်းစီရဲ့ စိတ်ချမ်းသာမှုကို ဦးစားပေးတဲ့ Ma Sawပါ 🥰

ဒါပေမယ့် ထင်ထားသလို မလွယ်ကူပါဘူး 🤍

ကြည့်ကြပါအုံး နှမြောစရာတွေပါ အမတို့ညီမတို့ရယ် တစ်ခါသယ်ရင် ၆လုံးလောက်ပဲ သယ်တာ အခုလိုကွဲလို့ပါ..

ကားဆရာတွေလည်း သူကဝန်ပွမို့ မကိုက်တော့ ပစ္စည်းအများကြားညှပ်သယ်ရတော့ အလုံးရေများတာနဲ့ ကွဲတတ်ပါတယ်..

အခုလိုကွဲပြဲလာတဲ့အခါ နည်းနည်း လေးပဲ မသိသာဘူးဆိုပြီး cusကို လိမ်ညာလှည့်ပတ်ပြီး အတင်းမပေးပါဘူး...

အကွဲသေးသေးလေးကအစ အကုန်စစ်ပြီးဖယ်ပြီမှ ပို့ပါတယ်ရှင်

ဒါကြောင့် စျေးသက်သာတာ တစ်ခုတည်းမဟုတ်ဘဲ စိတ်ချလို့ရတဲ့အတွက်
Ma Saw ကို လူတွေ ရွေးဝယ်ကြတာပါ 🤍

သူများတွေ ၂သိန်း ၉သောင်း ရောင်းနေချိန်မှာ
👉 Ma Saw က ၁သိန်း ၈သောင်းနဲ့ စပြီးပေးခဲ့ပါတယ်
အခုလို အခြေအနေတောင်
✔️ ငွေကြိုလွှဲထားသူတွေ — ၂သိန်း ၁သောင်း
✔️ ငွေကြိုမလွှဲထားသူတွေ — ၂သိန်း ၃သောင်း
➡️ လက်ရှိပေါက်စျေးထက် အများဆုံး ၆သောင်းမက သက်သာအောင်
ကိုယ်တိုင် ထိန်းပေးထားပါတယ်ရှင်..

ဒါက
Ma Saw ရဲ့ ရောင်းပုံရောင်းနည်းပါ
Ma Saw ရဲ့ ယုံကြည်မှုပါ 💙

လွယ်ကူ ရိုးရှင်း တိကျ ပြတ်သားပါတယ်
ပစ္စည်းလိုချင်သူတွေလည်း အများတကာထက်ကို အတန်ဆုံးနဲ့ရတယ်..

“စျေးနှုန်းနဲ့ အမြတ်တစ်ခုတည်းကို ကြည့်မရောင်းပါဘူး
ယုံကြည်မှုနဲ့ ရောင်းပါတယ် — Ma Saw”

စျေးကတော့ တစ်ခါတစ်လေ ပြောင်းနိုင်ပေမယ့် ယုံကြည်မှုကတော့ အမြဲတမ်း တည်နေပါလိမ့်မယ် 🤍

အာ့တော့ သက်သာတာ လိုချင်ရင် ဖြေးဖြေးတော့ စောင့်ယူပါနော် ပစ္စည်းပြတ်လည်း saleပြန်ချ stockပြန်ဝင်တဲ့ထိ စောင့်ဝယ်ပေးပါတယ်ရှင့် ..💎

📌 Cbက စာတွေကို ဆိုင်ဖွင့်ချိန် မနက် ၁၀နါရီကနေ ညနေ ၅ခွဲထိ သေချာလေး ဖြေပေးပါတယ်ရှင့်..😘📌

☎09253470024
☎09694713573







#စျေးလည်းသက်သာServiceလည်းကောင်း
#ယုံကြည်မှုနဲ့ရောင်းတယ်
#စစ်ပြီးမှပို့တယ်

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mawlamyine
000000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00