Healthy & Happy life
Let's go to a healthy & happy life
28/01/2021
ာကွယ်ဆေးမထိုးသင့်သောသူများ
1❎၁၈ အောက် ကလေးများ မထိုးရပါ.
2❎ကိုယ်ဝန်ဆောင် မိခင်များ မထိုးရပါ..
3❎နို့တိုက်နေသော မိခင်များ မထိုးရပါ..
4❎ တခြားသော ကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူများ မထိုးရပါ..
5❎ COVID-19 ရောဂါ လက်ရှိ ခံစားနေရသူများ မထိုးရပါ..
6❎ COVID-19 ရောဂါဖြစ်ပြီး သွေးရည်ကြည်ကုထုံးဖြင့် ကုသထားသူများ မထိုးရပါ..
7❎ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသထားသူများ မထိုးရပါ..
8❎ကိုယ်ခံအားကျနေသူများ.. မထိုးရပါ..
💉တခြားသော ကာကွယ်ဆေးများထိုးသည့်ရက်နှင့် ၁၄ ရက်ခြားပြီးမှ ထိုးရပါမည်..
(ဥပမာ.. ခွေးရူးပျံကာကွယ်ဆေး၊ ဘီပိုး၊ စီပိုးကာကွယ်ဆေး၊)
💉ကာကွယ်ဆေးကို (၂)ကြိမ်ထိုးရပါမည်..
💉ဒုတိယအကြိမ်ကို တစ်လခြားပြီးမှ ထိုးရပါမည်..
💉ကိုယ်ဝန်ရှိ-မရှိ မသေခြာလျှင်.. စစ်ဆေးပြီး.. ကိုယ်ဝန်မရှိမှထိုးပါ..
💉ပထမအကြိမ်ထိုးပြီး.. တစ်လအတွင်း ကိုယ်ဝန်မရှိအောင်နေပါ.. တစ်လကြာပြီးမှ ဒုတိယအကြိမ်ထပ်ထိုးရပါမည်..
💉နှလုံး၊ သွေးတိုး၊ လေးဘက်နာ၊ အစစ်အမြစ်ရောင်ဂေါက်ရောဂါ၊ ပန်းနာရင်ကြပ် စသောရောဂါများအတွက် ဆေးသောက်နေသူများ ကာကွယ်ဆေးထိုးလို့ရပါသည်..
ရောဂါပြင်းထန်စွာ ခံစားနေရလျှင် ဆရာဝန်နှင့် ပြသပြီးမှ ထိုးပါ...
GO AWAY CORONA
Covid 19 Operation Team
အလင်းစေတမန် အွန်လိုင်း ပရဟိတ သူငယ်ချင်းများအဖွဲ့ (မန္တလေးမြို့)
ALမှ မူရင်းpostအား လေးစားစွာ credit ပြုပါသည်။
ကြိုတင်သိထားရမယ့်အိန္ဒိယကာကွယ်ဆေးအကြောင်း
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အိန္ဒိယ COVISHIELD (Oxford-AstraZeneca) ကာကွယ်ဆေးထိုးရင်
ဆေးအရှိန်ပြတာကို ၂ ရက်လောက် ခံစားရနိုင်ပါတယ်။
(၁)ဆေးထိုးထားသောနေရာမှာနာခြင်း (၆၇%)
(၂) ဖျားခြင်း (၁၈%)
(၃) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း (၅၁%)
(၄) ကြွက်သားနာကျင်ခြင်း (၆၀%)
(၅) ပင်ပန်းနွမ်းလျှခြင်း (၇၀%)
(၆) ခေါင်းကိုက်ခြင်း (၆၈%)
(၇) အဆစ်နာကျင်ခြင်း (၃၁%) စတာတွေဖြစ်ပေါ်တတ်ပါတယ်။
ဆေးထိုးပြီး ဒီလိုခံစားရတာဟာ ကိုယ်ခံအားတွေထွက်လာဖို့ ကိုယ်ခန္ဓာကတုန့်ပြန်တဲ့ လက္ခဏာတွေပါပဲ၊ အများကြီးစိတ်ပူမနေပါနဲ။ ၁-၂ ရက်နေပျောက်ပါတယ်။
နာကျင်တာ ဖျားတာ ခေါင်းကိုက်တာတွေအတွက် ပါရာစီတီမောဆေး တစ်လုံးမှ နှစ်လုံးကို ၆ နာရီခြားသောက်လို့ရပါတယ်၊
ဆေးထိုးပြီးတဲ့ ရက်တွေမှာ အနားသေချာယူပေးပါ။
၃ ရက်ကျော်လို့ ခံစားရတာတွေ မပျောက်သေးရင်တော့ ဆရာဝန်ပြန်ကို ဆက်သွယ်ပြီး ဆွေးနွေးပေးရပါမယ်။
တခါတလေမှာ ဆေးကိုကိုယ်ခန္ဓာကတုန့်ပြန်ချက်ကြောင့် လည်ပင်းနဲ့ ဂျိုင်းကြားမှာ အကြိတ်ဖုလေးထွက်လာတတ်ပါတယ်။ တစ်ပတ်လောက်ကြာရင် ပျောက်သွားပါလိမ့်မယ်။
Aungheinphoekhwar via HtinAungShein
Via: Tala Ban
ပြန်လည်ဝေမျှပါသည်။
23/01/2021
ကိုဗစ် ကာကွယ်ဆေး မေး-ဖြေ
(၁) ကိုဗစ်ကာကွယ်ဆေးက ဘယ်နှစ်ကြိမ်ထိုးရမှာလဲ…?
- အနည်းဆုံးတော့ နှစ်ကြိမ်ထိုးရမှာ ။ တချို့ဆေးက သုံးပါတ်ခြားတယ်။ တချို့ဆေးက လေးပါတ်ခြားတယ်။
- တစ်ကြိမ်ပဲထိုးရင် မကာကွယ်နိုင်ပါ။
(၂) ကိုဗစ်ကာကွယ်ဆေးတွေက အမျိုးမျိုးဖြစ်နေတယ်။ ဘယ်ဆေးထိုးရင်ကောင်းမလဲ…?
- ကိုယ့်ဆီ အရင်ဆုံးရလာမဲ့ဆေးကိုသာထိုး ။ အခုထုတ်လုပ်နေကြတဲ့ ကာကွယ်ဆေးတွေမယ် ဘယ်သူက ဘယ်သူ့ထက် သိသိသာသာပိုကောင်းတယ် ဆိုတာ မရှိသေးဘူး။
(၃) ကာကွယ်ဆေး နှစ်မျိုး-သုံးမျိူး ရလာခဲ့ရင် ကိုယ်ခံအားပိုကောင်းအောင် ပေါင်းထိုးလိုက်ရမလား …?
- မလုပ်နဲ့။ ပေါင်းထိုးရင် ကာကွယ်တာပိုကောင်းမှာ မသေချာဘူး။အဲ … ဆိုးကျိုးကတော့ ပိုများလာနိုင်တယ်။
(၄) ပထမ တစ်ကြိမ်ထိုးတဲ့ ကာကွယ်ဆေး နဲ့ နောက်တစ်ကြိမ်ထိုးမဲ့ကာကွယ်ဆေး မတူရင် ရလား …?
- မရပါ။ နှစ်ကြိမ် ထိုးတဲ့ဆေး အမျိုးအစားတူရပါမယ်။
(၅) ကာကွယ်ဆေးထိုးပြီးပြီ ။ mask မတပ်တော့ဘူး။ ခရီးတွေထွက်မယ်။လူစုလူဝေးသွားမယ်။ ရပြီလား …?
- ချက်ချင်းတော့ မရပါ။
- ဒီနေ့ထိုးပြီး -မနက်ဖြန် ကိုယ်ခံအားတွေ တက်လာမှာမဟုတ်။ ကိုယ့်ရဲ့ ကိုယ်ခံအားတက်လာအောင် စောင့်ရမဲ့အချိန်ရှိမယ်။ လူများစုကြီးရဲ့ ကာကွယ်နိုင်စွမ်းကိုလည်း စောင့်ပေးရဦးမယ်။
- ကာကွယ်ဆေးထိုးပြီးရင်လည်း mask တပ်။လက်ဆေး။ ခပ်ခွာခွာနေ ကြရဦးမယ်။
(၆) ကျနော်က ကိုဗစ်ဖြစ်ပြီးပြီ။ ပြန်ကောင်းလာပြီးသား။ ကာကွယ်ဆေးက ထိုးရဦးမှာလား …?
- ထိုးပါ။
- ရောဂါဖြစ်လို့ရတဲ့ ကိုယ်ခံအားက စိတ်မချရဘူး။ ကာကွယ်ဆေးရဲ့ ကိုယ်ခံအားက သူ့ထက်တော့ ပိုစိတ်ချရတယ်။
(၇) ကျနော်က တချို့ဆေးတွေနဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရပါ့မလား …?
- ကိုဗစ်ကာကွယ်ဆေးထဲမှာပါတဲ့ ပစ္စည်းတွေနဲ့ မတည့်တဲ့သူကတော့ အလွန့်အလွန် ရှားပါတယ်။
- သာမန် ဓါတ်မတည့်တဲ့သူတွေကတော့ ထိုးနိုင်ပါတယ်။
(၈) ကလေးတွေ နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ထိုးလို့ရလား …?
- အခုထိတော့ မသိသေးပါ။
- ကလေးတွေမှာ စ,ပြီးစမ်းသပ် ထိုးပေးပါတယ်။ စောင့်ကြည့်ရပါဦးမယ်။
(၉) ကာကွယ်ဆေးက တစ်သက်လုံးကာကွယ်နိုင်မှာလား …?
- မသိသေးပါ။ အခုမှ ဆေးထိုးပြီး လေးလအထိပဲ စောင့်ကြည့်နိုင်ပါသေးတယ်။
- ခြောက်လ ၊ ဒါမှမဟုတ် ဒီ့ထက်ပိုပြီးခံမယ်လို့တော့ မျှော်လင့်ရပါတယ်။
( ၁၀) ဒါဆို နှစ်တိုင်း ထိုးနေရတော့မှာလား …?
- ဒါလည်း အသေအချာ မပြောနိုင်သေးပါ။ စောင့်ကြည့်လေ့လာဆဲ။
(၁၁) ပထမတစ်ကြိမ်ထိုးပြီး ဒုတိယအကြိမ်ထိုးဖို့ လွဲချော်သွားရင် ဘာလုပ်ရမလဲ …?
- အစောဆုံးသာ ဒုတိယအကြိမ်ပြန်ထိုး။ ကိုယ်ခံအား တက်လာဖို့အခွင့်အရေးက ကျန်ပါသေးတယ်။
(၁၂) ကျနော်က လူရွယ်ပဲ။ကျန်းမာသန်စွမ်း။ ရောဂါအခံမရှိဘူး။ ကာကွယ်ဆေးထိုးလိုက်မှ ဆေးကြောင့် ဒုက္ခဖြစ်နေပါဦးမယ်။ မထိုးပဲနေရင် ကောင်းမလား …?
- ကာကွယ်ဆေး ရဲ့ ကောင်းကျိုး က သူ့ကြောင့်ဖြစ်မဲ့ ဆိုးပြစ်တွေထက် အပုံကြီးသာတယ်။
- သန်သန်မာမာကြီး ကိုဗစ်ဖြစ်လို့ မသေနိုင်ဘူးလို့ အာမခံထားတာမရှိပါ။
( ၁၃) ကိုဗစ်ကာကွယ်ဆေးက ကျနော့် မျိုးဗီဇ (DNA) ကို ထိခိုက်နိုင်လား …?
- ကာကွယ်ဆေးမှာသုံးတဲ့ mRNA ဆိုတာ ဆဲလ်ထဲကိုဝင်တယ်။ နျူးကလိယ (nucleus) ထဲမဝင်ပါ။ ဒါ့ကြောင့် လူ့မျိုးဗီဇ နဲ့ တိုက်ရိုက်ထိတွေ့မှု မရှိပါ။
(၁၄) အခုတွေ့နေတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေအတွက်ရော ကာကွယ်နိုင်ပါ့မလား …?
- အခုချိန်ထိတော့ မျိုးကွဲတွေဟာ ကာကွယ်ဆေးကပေးတဲ့ ကိုယ်ခံအားကို ထိခိုက်နိုင်တာ မတွေ့ရသေးပါဘူး။
# CME from Getz last night
Crd # (Nay Win account မှ တင်ထားသည်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
02/12/2020
Riceberry(ငချိတ်ဆန်)ဆိုတာ ဘာလဲ?????
ကောက်ညှင်းငချိပ်မဟုတ်ဘူးနော် မှားမှာဆိုးလို့
ကျန်းမာရေးဆန်ပါ
@@@@@@@@@@@@@@@@@@@@@@@@@
ထမင်းဖြတ်လိုက်လို့ ရောဂါတွေသက်သာပြီး ကောင်းကျိုးတွေလည်းရနေသူအတော်များပါတယ်။ ကျန်းမာရေးအတွက် ထမင်းလျော့စားဖို့ အားပေးနေတဲ့ကာလမှာ ထမင်းမစားရလျှင်မနေနိုင်သော မြန်မာလူမျိုးအချို့အတွက် ( ထမင်းငချိပ် )ကို ဆန်ဖြူအစားအစားထိုးစားလို့ရပါတယ်။ အနောက်နိုင်ငံတွေ၊ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ ကျန်းမာရေးဆန် အဖြစ်စားသုံးနေကြတာကြာပါပြီ။
Riceberry ( ငချိတ်ဆန် )ကို ထိုင်းနိုင်ငံက သူတို့မျိုးရင်းလို့ registered ( စာရင်းသွင်း) ထားပါတယ်။။ ထိုင်းနိုင်ငံရဲ့ မစေးကပ်တဲ့ ခရမ်းရောင်ဆန် Jao Hom Nin (JHN) နှင့် Khoa Dawk Mali 105 (hom Mali ဆန်) နှစ်မျိုးကို အတူတူစိူက်ပြီး မျိုးစပ်ခြင်း ( cross-breed ) က ရလာတဲ့ဆန်လို့ပြောပါတယ်။ ငချိတ်ဆန်မှာ ဆန်လုံးညိုထက်သာလွန်တဲ့ အဟာရပါဝင်ပြီး ဆန်လုံးညိုလို မာဆပ်ဆပ်မျိုးမရှိပဲ အနံ့လေးသင်းသင်းလေးနဲ့ နူးညံ့ပါတယ်။
Anthocyanin လို့ခေါ်တဲ့ အပင်ထွက်အဟာရတွေပါဝင်ပြီး ရောင်ရမ်းခြင်းလျော့ကျစေတာကြောင့် anti- inflammatory လို့ ပြောကြတယ်။ Anthocyanin အပြင် သံဓာတ်၊ ဇင့်၊ ဗိုက်တာမင် B6 နဲ့ ဗိုက်တာမင် E အာဟာရဓာတ်တို့လည်း များစွာပါဝင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းတဲ့ အဟာရတွေအပြင် အမျှင်ဓာတ်ပါတာကြောင့် Low glycemic index ( low glycemic load ) ဖြစ်ပြီး ဆီးချိုလူနာများမှာဖြစ်တတ်တဲ့ sugar spike syndrome ကို သက်သာစေတယ်ရေးပါတယ်။ ဝိတ်ချချင်သူများနဲ့ ဆီးချိုရောဂါရှိသူများအတွက် အထူးသင့်လျော်တယ်လို့ဆိုပါတယ်။ သွေးတိုးရောဂါ၊ ခါးနာ၊ဒူးနာ၊လေးဘက်နာ နှင့် metabolic syndrome အစရှိတဲ့ ဝေဒနာ တော်တော်များများအတွက် သိသိသာသာ သက်သာစေတယ်လို့ရေးကြတယ်။
ကျွန်တော်တို့စားနေကျကောက်ညင်းငချိတ်နှင့်မတူပါ။ ကောက်ညင်းငချိတ် ( black sticky rice ) မှာ amylopectin ပါဝင်ပြီးစေးကပ်ပါတယ်။ ငချိတ်ဆန်က Oryza Sativa Japonica ဖြစ်ပြီး amylopectin ပါဝင်နှုန်းနည်းတယ်ပြောပါတယ်။ အနောက်တိုင်း ဆေးပညာ ဆောင်းပါးအများစုက ငချိတ်ဆန်ကို non GMO ဖြစ်တဲ့အပြင် ဂလူတန်မပါဘူးလို့လည်းရေးတယ်။ ငချိတ်ဆန်က grain တစ်မျိုးဖြစ်ပြီး letins ပါဝင်နိုင်ပါတယ်။ ဒါကြောင့် အစာလမ်းကြောင်းမကောင်းသူတွေ pressure cooker နဲ့ ချက်စားလျှင် ပိုကောင်းပါတယ်။ အမျှင်ဓာတ်များပြီး အများကြီး မစားဘဲ ဗိုက်ပြည့်နေနိုင်ပါတယ်။
ဆန်ဆိုတာ Oryza sativa မျိုးစိတ်ဝင်ဖြစ်တာကြောင့် အာစင်နစ် ( arsenic )စုပ်ယူနိုင်တယ်။ ဒါကြောင့် ငချိတ်ဆန် စိုက်တဲ့မြေက arsenic များလျှင် riceberry မှာ aresnic ပါဝင်နိုင်တယ်။ဒါကြောင့် အာစင်နစ်ပါဝင်မှု လျော့နည်တဲ့ ငချိတ်ဆန်ကို ရွေးစားသင့်ပါတယ်။ ထိုင်းမှာတော့ ငချိတ်ဆန် မချက်ခင် ရေကို၁ နာရီလောက်ကြိုစိမ်ပါတယ်။ ဆန် ၁ ခွက်ကို ရေ ၁ ခွက်ခွဲချက်ရတယ်လို့ ဆိုပါတယ်။ ဆန်ဖြူချက်တဲ့အတိုင်း ချက်စားပါတယ်။
Credit to ဒေါက်တာဖြိုးမောင်မောင်
ငချိပ်ဆန်လိုချင်လျှင်
09 969 949 821 ကိုသာ ဆက်သွယ်လိုက်ပါ
30/11/2020
ရေချိုးခြင်းကြောင့် ရတဲ့ကျန်းမာရေး
» အကျိုးကျေးဇူးတွေကိုရော သိကြလား ?
ဘာကြောင့် နေ့စဉ်ရေချိုးသင့်တယ်ဆိုတဲ့
အကြောင်းပြချက် (၁၁) ချက်ကို ပြောပြပေးမယ်နော်။
(၁) ရေနွေးနွေးလေးနဲ့ရေချိုးခြင်းက တင်းမာနေတဲ့ကြွက်သားတွေကိုပြေလျော့စေပါတယ်။
(၂) ရေအေးနဲ့ရေချိုးခြင်းကလည်း သွေးကြောစနစ်များရဲ့လုပ်ဆောင်ချက်ကိုကောင်းစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
(၃) ရေအေးနဲ့ရေချိုးလိုက်မယ်ဆိုရင် အာရုံကြောအဖွဲ့အစည်းကိုကောင်းမွန်စေလို့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ခြင်းကိုလည်း လျော့ပါးစေပါတယ်။
(၄) အမျိုးသားမှာဆိုရင် နေ့စဉ်ရေအေးနဲ့ရေချိုးပေးခြင်းက မျိုးပွားခြင်းဆိုင်ရာကျန်းမာရေးကောင်းစေပါတယ်။
(၅) နေ့စဉ်ရေချိုးခြင်းကြောင့် စိတ်ပူပန်မှုနဲ့စိတ်ဆင်းရဲမှုတွေကိုလည်း လျော့ကျစေပါတယ်။
(၆) နောက်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ ဘက်တီးရီးယားနဲ့ပိုးမွှားများကိုလည်း သေစေနိုင်ပါတယ်။
(၇) အိပ်ရာမဝင်ခင် ရေချိုးပြီးအိပ်မယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါတယ်။
(၈) တခါတရံ ခေါင်းလောင်းပြီးရေချိုးခြင်းကြောင့်လည်း အဆုတ်အားကောင်းစေပါတယ်။
(၉ ) ရေချိုးကန်ထဲရေအပြည့်ထည့်ပြီး တစ်ကိုယ်လုံးနှစ်၍ ရေစိမ်ချိုးခြင်းက သွေးလည်ပတ်မှုစနစ်ကိုကောင်းမွန်စေပါတယ်။
(၁၀) ရေနွေးစပ်ထားတဲ့ရေချိုးကန်ထဲမှာ မိနစ်(၂၀)ခန့်စိမ်နေခြင်းက သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေလို့ ဆီးချိုရောဂါရှိသူတွေအတွက် အထူးကောင်းမွန်ပါတယ်။
(၁၁) နေ့စဉ်ရေပုံမှန်ချိုးခြင်းက အသားအရေလှပစေတာကြောင့် BOOM ချစ်သူလေးကိုပိုမိုလှပခန့်ညားစေပါတယ်။
💖ဒီ့ထက်ပိုပြီးတော့ Boom Soap လေးနဲ့ ရေချိုးမယ်ဆိုရင် အသားအရေ စိုပြေ ဖြူဝင်းစေပြီးတော့ ခန္ဓာကိုယ်ရဲ့ အနံ့အသက်ဆိုးတွေကို ဖယ်ရှာပေးတဲ့ နေရာမှာ တစ်ခြားဘယ် ဆပ်ပြာမှ မယှဥ်နိုင်ဘူးနော်
🤗So ကောင်းဆုံး Boom Soap လေးနဲ့ နေ့စဥ်ပုံမှန်ရေချိုးပြီး ကျန်းမာ လှပ နိုင်ကြပါစေနော်
မှာယူလိုပါက ▶ Cb (or) ph. 09983251598
Price. 6000 ks
🇲🇲
18/10/2020
ကမ္ဘာပေါ်ကအကျန်းမာအကြံ့ခိုင်ဆုံးထဲကတယောက်လို့ဆိုနိုင်တဲ့အသက် (၃၃) နှစ် အရွယ်ဒီမီထရီစတပ်ဂျူ့ဟာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကိုဗစ်ကိုအရှုံးပေးရင်းယနေ့ပဲ ကွယ်လွန်ခဲ့ပါပြီ။
သူဟာဗိုင်းရပ်စ်မရှိဘူး၊မတွေ့နိုင်ဘူးလို့ထင်ထားခဲ့သူ၊ဗိုင်းရပ်စ်ရဲ့အဖျက်စွမ်းအားကြီးမားမှုကိုအောက်စီဂျင်ပေးရမှအသိအမှတ်ပြုခဲ့သူ၊ဗိုင်းရပ်စ်ကို
ပြင်းပြင်းထန်ထန်ဂရုစိုက်ကြပါလို့သူမသေခင်
အားလုံးကိုသတိပေးသွားခဲ့သူ။
ဒီဗိုင်းရပ်စ်ဟာအထူးကိုယ်ခံအားကောင်းပြီးအထူးကျန်းမာကြံ့ခိုင်သူ၊ပရော်ဖက်ရှင်နယ်အားကစားသမားအရွယ်ကောင်းတစ်ယောက်ကိုတောင်ကိုးရက်အတွင်းအမြန်ဆုံးအသက်ဆုံးရှုံးစေခဲ့ပါတယ်။
ဒီကမ္ဘာကြီးမှာ
ဘာမဆိုဖြစ်သွားနိုင်ပါပြီ။
Rest In Peace Crd #
မဝယ်ကြနဲ့နော်
" အထူးသတိထားဖို့ "
------------------------------------------
COVID-19 ဗိုင်းရပ်စ်
ကူးစက်ခံရမှု ရှိမရှိ စစ်တဲ့ စက် Test kit တွေဟာ
တောင်ကိုးရီးယားကနေ အစိုးရ ဆီကို ရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။
အခုအွန်လိုင်းမှာ
တစ်ခုကို နှစ်သောင်းနဲ့ ဆိုပြီး ရောင်းလာတာကို တွေ့ရပါတယ်။
အဲ့ဒီ အွန်လိုင်း က ရောင်းနေတဲ့ စက်တွေဟာ အစိုးရ က တောင်ကိုးရီးယားဆီက ဝယ်ထားတဲ့ စက်တွေ မဟုတ်ဘဲ တရုတ်နိုင်ငံထုတ် ဖြစ်ပြီး FDA အတည်မပြုထားတဲ့ အောက်လမ်းက ဝင်လာတဲ့ စက်တွေ ဖြစ်ပါတယ်။
အဖြေမှန်ကန် မှု ကို အတည်မပြုနိုင်တာကြောင့်
ဝယ်ယူအသုံးပြုဖို့ မလုပ်ကြဖို့ သတိပေးအပ်ပါတယ်နော်။
နောက်တစ်ခုက ပိုအန္တရာယ်များပါတယ်။
Covid-19 Vaccine ဆိုပြီး COVID-19 ကာကွယ်ဆေး ဆိုပြီး အွန်လိုင်း ဈေးကွက်မှာ ရောင်းလာတာကို တွေ့ရပါတယ်။
ဒီဆေးတွေဟာလည်း တရုတ်နိုင်ငံထုတ် တရားမဝင် ဆေးတွေ ဖြစ်ပါတယ်။
အခုလက်ရှိအထိ COVID-19 နဲ့ ပတ်သက်ပြီး ကာကွယ်/ကုသ ဆေးဟာ စမ်းသပ် နေဆဲ အဆင့်ဖြစ်ပြီး WHO ရဲ့ အသိအမှတ်ပြု တရားဝင် ဆေး မပေါ်သေးတာ အားလုံးအသိပါ။
အဲ့ဒီ လို ရောင်းချနေမှု တွေ နဲ့ ပတ်သက်ပြီး
Covid-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လုပ်သင့်လုပ်ထိုက်တာ လုပ်နေပါပြီ။
အဲ့ဒီတော့
ကြောက်တာလည်း ကြောက်ပါ........
အသိတရား နဲ့ ယှဉ်ပြီး ကြောက်ပါ။
ဉာဏ်ပညာနဲ့ ယှဉ်ပြီး စိုးရိမ်ပါ။
တစ်နိုင်ငံလုံး ၊ တစ်ကမ္ဘာလုံး
စိုးရိမ်ကြောက်လန့် နေမှုကို အသုံးချပြီး
စီးပွားရှာတဲ့ သူတွေကိုလည်း တကယ် စိက်ပျက်မိတယ်............
---------------
#မင်းရသ
30/09/2020
smile is the best
01/05/2020
01/05/2020
Click here to claim your Sponsored Listing.
Category
Website
Address
Meiktila
