Grandmum's Hay Therr
အုပ်ရှစ်ကြီးရွာ ကလေးဝတ်နှင့် အဝတ်အ?
29/01/2022
Q: BPAဆိုတာ ဘာလဲ??
Q: BPAသည် ခလေးတွေ အတွက် ဘယ်လို ဆိုးကျိုးဖြစ်စေနိုင်တာလဲ?
BPAဆိုသည်မှာ Bisphenol A ဆိုသည့် ဓာတုဓာတ်တမျိုးဖြစ်ကာ စေးကပ်ပြီး မီးတောက်စေနိုင်သော ဓာတ်မျိုးဖြင့် ဖွဲ့စည်းထားသည့် plasticsတမျိုး ဟု သတ်မှတ်ရပါမည်။ လွယ်လွယ်ပြောရသော် အဆိပ်တောက်ဓာတ်ရှိသည့် ပလပ်စတစ် တမျိုးဖြစ်ပါသည်။ endocrine disrupting compound ဆိုသည့် chemicals အမျိုးအစားဖြစ်ပြီး ထို chemicals သည် လူ့ခန္ဒာကိုယ်ထဲရှိ ဟော်မုန်းများကို ဒုက္ခပေးကြောင်း သုတေသန စာတမ်းများတွင် ဖော်ပြထားပါသည်။
အဝ လွန်စေပြီး နှလုံးနှင့် ပတ်သက်သော ဝေဒနာများကို ဖြစ်ပွားစေနိုင်ပါသည်။
BPAနှင့် ခလေးများအဝလွန်မှုသည်လဲ ဆက်စပ်မှု ရှိ ကြောင်းကို သုတေသနစာတမ်းများတွင် လေ့လာရပါသည်။
BPAဓာတ်ပါဝင်သော အရာဝတ္ထုများကို ပလပ်စတစ်ရေဗူးများ၊ ပလပ်စတစ်ပန်းကန်ပြားများ၊ ခလေး နို့ဗူးများ၊ စည်သွပ်ဗူး အစရှိသည့် အသင့်စား ပစ္စည်းများနှင့် သွားဆရာဝန်များအသုံးပြုသည့် အချို့သော dental sealantsများတွင် တွေ့နိုင်ပါသည်။
ထို့အပြင် လူကြီးမင်းတို့microwaveဖြင့် နွှေးစားမည့် အစားအစာများထည့်သည့် palstics containersများထဲတွင်လဲ BPAဓာတ်များ ပါဝင်မှုရှိနိုင်သည်ကို သတိပြုမိစေလိုပါသည်။
BPAနှင့် ပတ်သက်၍ ပိုမို တိကျသော လေ့လာမှုများ လိုအပ်သည် မှန်သော်လဲ ယခုလက်ရှိ သုတေသန လေ့လာချက်များအရ BPAဓာတ်ကြောင့် အဝလွန်ခြင်း၊သွေးတိုး၊ခလေးဆီးချိုရောဂါ၊ neurobehavioral problemsနှင့် သက်ဆိုင်သော learning disability,aphasia,alexia အစရှိသည့် ရောဂါများကိုပါ ခလေးများတွင် တွေ့လျက်ရှိနေပါသည်။
BPAရဲ့ ဆိုးကျိုးများကို ကာကွယ်နိုင်ရန် အောက်ပါ အချက်များကို လိုက်နာဖို့ လိုအပ်ပါသည်။
☞ BPA- free စာသားမပါသော အသင့်စား ဆီသွပ်ဗူးများနှင့် အအေးဗူးများကို လျော့သုံးစွဲရန်
☞ ဖြစ်နိုင်မည်ဆိုလျှင် opt for glass (သို့) stainless steel containersများဖြင့် ပူသော အစားအသောက်များ၊ အရည်များ မထည့်ရန်
☞ Plastics containers ပလပ်စတစ်ဗူးများဖြင့် ပူသော အစားအစာများ မထည့်ရန်
☞ BPA- free စာသားမပါသော နို့ဗူးများတွင် နို့ ပူပူများ မထည့်ရန်
☞ စည်သွပ်ဗူးများအား အပူပေး မစားရန်(နွှေးမစားရန်)
☞ ခလေးများအား BPA- free စာသားမပါသော ပလပ်စတစ်ပန်းကန်၊ဇွန်းများဖြင့် ထမင်းပူ ဟင်းပူများ ထည့်မကျွေးရန်
☞ ခလေးနို့ဗူးများအား microwaveဖြင့် အပူမပေးရန် တို့ ဖြစ်ပါသည်။
👉👉အထူးသတိပြုရန်မှာ ခလေးများအား ထမင်းကျွေးရာ၌ဖြစ်စေ၊ self-feeding လေ့ကျင့်ပေးရာ၌ဖြစ်စေ လှပသော ပန်းကန်နှင့်ဇွန်းများ၊ရေဗူးများ၏ အောက်ခြေတွင် “BPA free” စာသားများပါဝင်သည့် ပစ္စည်းများကိုသာ မိဘများအနေဖြင့် အသုံးပြုသင့်ပါသည်။
📌သင့်ခလေး၏ ကျန်းမာရေးသည် သင့် လက်ထဲတွင်သာရှိတာမို့ ဂရုစိုက် ရွေးချယ်သုံးကြပါစို့လား မေမေတို့ရှင့်❤️
မေမေ၊ဖေဖေများဗဟုသုတရစေရန်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင့်၊မူရင်းရေးသားသူနဲ့photo ကို credit ပေးပါတယ်ရှင့်❤️❤️❤️
29/01/2022
Yu Yee Oil (22ml)
ဆေးပရုပ်ဆီလေးက ကလေး ရှိတဲ့အိမ်တိုင်းဆောင်ထားသင့်ပါတယ်
ကလေး လူကြီး မရွေးအကုန် အသုံးဝင်တယ်
နေထိုင်မကောင်း , ကျောပူ ခေါင်းပူ , နာစေး , ချောင်းဆိုး , သလိပ်ကပ်, ချွဲကြပ် , လေထိုး ,လေအောင့် , လေနာ , ဗိုက်ဗူ , နံကား , အကြောတက် , ဇက်ကြောတက်,ခေါင်းမူး, ခေါင်းကိုက် ဝေဒနာများ အတွက် ဆေးလေး တစ်စက်ပါဘဲ . . . .
မွေးကင်းစပြီး သက်ကြီးရွှယ်အိုအထိအသုံးဝင်ပါတယ်
(မွေးကင်းစ ကလေးငယ်ကို ဆေးတိုက်ရိုက်အသုံးမပြုရ)
အသုံးပြုပုံကလည်း အရမ်းလွယ်ကူတယ်
ကလေး နှာစေးနေရင် ဆေးလေး တစ်စက်ကို ခြေဖဝါးလေးမှာ ပွတ်ပေးလိုက်ပြီးခနဆို နာလေးပွင့်ပြီးကောင်းသွားရော . . .
ချောင်းဆိုးရင်ကြပ်နေရင် ဆေးလေးတစ်က်ကို လက်ဖဝါးနဲ့ပွတ်ပြီး ရင်ဘတ်နဲ့ကျောကို သပ်ချပေးလိုက်ရင် ခနဆိုကောင်းရော . . .
လေထိုးလေအောင့်ဆို ဆေးတစ်စက်ကို
လက်ဝါး2 ဖက်နဲ့ပွတ်ပြီး ဗိုက်လေးကို သပ်ချပေးလိုက်ရင် ကောင်းသွာရော . . . အပိုမပြောပါဘူး . . . သုံးဖူးတဲ့သူတွေ လက်တွေ့ကောင်းကြောင်း အထူးပြောပြစရာမလိုအောင် သိကြပါတယ် . .
မလေးရှားကထုတ်တာပါ . . . စင်ကာပူ နဲ့ မလေးရှား မှာတော့ နာမည်ကြီးပဲ . . .
ကလေးရှိတဲ့အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ ဆေးဘူး
လေးပါနော်,.......
အထူးသတိပြုရန် G6PD ကလေးတွေအသုံးပြုလို့မရ
ပါဘူးနော်
အသေး 10 ml 8000 ကျပ်။
အကြီး 22 ml 10800 ကျပ်ပါ။
29/01/2022
Beggi Brand
#ခြင်ပြေးဆေး
ဒီ Beggi ခြင်ပြေးဆီလေးက ခြင်ဆေးခွေလောက် အနံ့မပြင်းခြင်း၊ ထွက်တဲ့အနံ့ကလဲ side effects မရှိခြင်းတွေဖြစ်ပါတယ်
နုနယ်ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ နို့တိုက်မိခင်နဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့အိမ်မှာ အသုံးပြူသင့်ပြီး ကျန်းမာရေးကို လုံးဝ ထိခိုက်မှုမရှိခြင်း၊
ထုတ်လုပ်ထားတာကလဲ သဘာဝ ပန်း၊ အပင်နဲ့ အဆီအနှစ်တွေကနေပဲ ထုတ်လုပ်ထားတာမို့ ကျန်းမာရေးအတွက် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်ရှင့်
အကယ်၍ အနံ့သိပ်မကြိုက်ဖူးဆိုရင်တောင်မှ မိမိ အိပ်ခန်း၊ ဧည့်ခန်းထဲ မထားပဲ အခန်းဝလေးလိုနေရာမှာ ချထားရုံနဲ့ အဆင်ပြေနိုင်ပါတယ်ရှင့်
တစ်ဘူးကို 1ဘူးကို 3လနီးပါး ခံပါတယ်ရှင့်
Price - 14000
09448993337(Viber)(Whatsapp) မှ မှာယူနိုင်ပြီး ရန်ကုန်မြို့တွင်းသာမက နယ်တွေလည်း ကားဂိတ် ( သို့ Royal Express ဖြင့်လည်းအိမ်အရောက်ပို့ဆောင်ပေးပါတယ်။
29/01/2022
Olbas Oil USA (ကလေးနှာစေး/နှာပိတ်ရှူဆေး)
အေးမြတဲ့ ခုလိုဆောင်းရာသီမှာ ဆောင်ထားဖို့ လိုအပ်တ
ပါတယ်
သားသားမီးမီးလေးတွေ နှာစေးနှာပိတ်ဖြစ်တဲ့အခါ နေရခက်လို့ Olbas Oil လေးတစ်ဗူးတော့ ဆောင်ထားဖို့ လိုပါလိမ့်မယ်.. နှာစေးနှာပိတ်ချိန်ကျရင် တစ်ရှူး (သို့) အဝတ်စလေးမှာ အစက်ချပြီး (အသက်အရွယ်အလိုက်) ကလေးအနံ့ရအောင် လေသင့်ရာလေးထားပေးရုံနဲ့ သက်သာပျောက်ကင်းစေပါတယ်..
( ၃ )လအောက်ကလေးငယ်များနဲ့ G6PD ရှိတဲ့ကလေးငယ်များ အသုံးပြုဖို့ မသင့်တော်ပါ။
အသက် 3လ-2နှစ် 4 စက်
2-6 နှစ်အထက် 8-12 စက်
2-6 နှစ်အထက် ကလေးငယ်လေးများနဲ့ လူကြီးများအတွက်ဆိုရင်တော့ ရေနွေးပူထဲ 8-12စက် အစက်ချပြီး အငွေ့ကို ရှူပေးနိုင်ပါတယ်
Humidifier ရေငွေ့စက်ထဲကိုလဲ ၄-၅စက် အစက်ချခွက်ထဲ ထည့်ပြီး အသုံးပြုနိုင်ပါတယ်..
Price - 14000
09448993337(Viber)(Whatsapp) မှ မှာယူနိုင်ပြီး ရန်ကုန်မြို့တွင်းသာမက နယ်တွေလည်း ကားဂိတ် ( သို့ Royal Express ဖြင့်လည်းအိမ်အရောက်ပို့ဆောင်ပေးပါတယ်။
Price - 14000
06/01/2022
တန်ဆာခနဲ့ ပို့ခ free ရမလားတဲ့
အမယ်ငါ့များ တံမြတ်စည်းပျံ ဖင်ကြား
တံမြတ်စည်းပျံ ၀ယ်ရတဲ့နေ့ ပို့ပေးမယ်
ဟီဟီ
30/12/2021
အထူးသဖြင့် ပညာမတတ်တဲ့အပြင် (ပညာတတ်တဲ့သူတွေလည်းအပါအ၀င်) စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ့ လူ့အသိုင်းအဝိုင်းကနေမွေးဖွားလာတဲ့
ကလေးတွေဟာ မိဘတွေရဲ့ Physically Violence နဲ့ Mentally Voilence လုပ်ခံရတာအများဆုံးပဲ။
ဒီနေ့လည်းကိုယ်တွေပေါ့။ အသက် ၁၂နှစ်ပဲရှိသေးတဲ့ကလေးတစ်ယောက်က အပြင်မှာတနေ့လုံး သူ့သူငယ်ချင်းတွေနဲ့ဘောလုံးကန်ပီးကစားနေတာ ထမင်းမေ့ဟင်းမေ့တဲ့အထိပဲ။ ကလေးဆိုတော့လည်းလွတ်လွတ်လပ်လပ်ဆော့ချင်တာ သဘာ၀ပဲမို့လား။ ပီးတော့ ကလေးကလည်းမိန်းကလေး။နောက်ပီး မိန်းကလေးဟာ ဘောလုံးမကန်ရဘူးဆိုတာကရှိသေးတယ်။ သူ့အမေက အိမ်ကိုထမင်းစားနောက်ကျမှပြန်လာရသလားဆိုပီး စပီးအော်ငေါက်တော့တာပဲ။ ဆော့တဲ့နေရာကလည်းမေ၀းဘူးလမ်းထဲမှာပဲ။ ဒါပေမဲ့အခြေအနေကအဲ့လောက်ထိဆိုး၀ါးသွားမယ်မထင်ခဲ့ဘူး။
သူ့အမေက သူ့အဖေနဲ့ ကိစ္စတခုခုကြောင်ရန်ဖြစ်နေတဲ့အချိန် ကလေးကိုအိမ်ပြန်နောက်ကျရကောင်းလာဆိုပီးမဲတယ်။အထူးသဖြင့်ဘောလုံးကန်လို့တဲ့လေ။ အဲ့ကနေစပီး ကလေးမလေးရဲ့ ဆံပင်ကိုဆွဲပီးပါးတွေချတယ်။ မျက်နာကိုဆောင့်ကန်တယ်။ ဒါတောင်အားမရသေးဘူးကလေးကို ဆူပူကြိမ်းမောင်းပီး ခွေးတစ်ကောင်လို လမ်းမပါ်မှာ ပစ်လဲနေတဲ့အထိ တုတ်နဲ့ရိုက်နေတာ။ နောက်တော့ ကလေးမလေးကိုသူ့တို့အိမ်ထဲခေါ်သွားတယ်။ သူတို့အိမ်ကအိမ်ချင်းကပ်ရပ်လေးတွေဗျ။ သူတို့ကလည်းဆင်းရဲကြတော့ အဆင်ပြေသလိုကျင်းထဲကြပ်ထဲနေနေကြတာပေါ့။ အဲ့မှာပဲ ကလေးမလေး ကကြောက်ပါပီနောက်မဆော့တော့ပါဘူး။ ကြောက်ပါပီ ဆိုပီးအခါပေါင်းမကအော်ငိုပီးပြောနေတာ။ နောက်တော့ ကလေးမလေးကလန့်ပီး သူ့အိမ်ဘေးနားက အသိအိမ်ကိုပြေးတတ်သွားတယ်။ ကျနော်ကဘယ်လိုတွေ့တာလည်းဆိုတော့ ကျနော့်အခန်းက အပေါ်ထပ်မှာလေ ပြတင်းပေါက်ကနေလှမ်းပဲကြည့်နေနိုင်သေးတာပါ။ ပီးတော့ ကလေးမလေးကို အဲ့ဘက်အိမ်ကိုပြေးရကောင်းလားဆိုပီး ဆံပင်ကို တရွတ်တိုက်ဆွဲပီး သူ့အိမ်ပေါ်ကိုဆွဲခေါ်လာတယ်။ ကလေးမလေးက မြေကြီးပေါ်မှာ သွေးသံတရဲရဲနဲ့လူးလှိမ်ပြီးပါသွားတာ။ ကျနော့်မှာလေ အဲ့မြင်ကွင်းကိုကြည့်ပီး မနေနိုင်တော့တာပဲ။ ကိုယ့်၀မ်းနဲ့လွယ်ပီးမွေးထားတဲ့ သားသမီးအရင်းကိုအဲ့လောက်ထိတောင် လုပ်ရပ်တာလားဆိုပီး အံကြိတ်နေခဲ့ရတာ။
ကျနော်လည်းဒီလောက်ထိကြီး မကြည့်ရပ်နိုင်တော့လို့ အောက်ထပ်ကိုဆင်းပီး ကလေးမလေးအိမ်ပြေးသွားတယ်။ ကလေးမလေးကိုကျနော့်နောက်ကျောမှာထားပီး ၊ မလုပ်ပါနဲ့တော့ တော်ပါပီအမရယ် ကလေးပဲလွတ်လွတ်လပ်လပ်ဆော့ပါစေ နောက်တခါကျရင်ကျနော် ဆုံးမပါ့မယ် လို့ သွားပြောပီးတားခဲ့တယ်။
ဒါပေမဲ့မရဘူး မောင်လေးဘေးဖယ်နေ ဒီကောင်မက ဒီလိုမျိုးဆုံးမမှာတော်ရုံကျတာတဲ့လေ။ ဒီကောင်မကိုသတ်ပစ်မှာတဲ့ ဘာမှသုံးစားလို့မရတဲ့ကောင်မ၊ ယောက်ျားတကာနဲ့ဘောလုံးကန်နေတဲ့ကောင်မ အရိုးကျိုးအောင်ရိုက်ပစ်မယ်တဲ့လေ။
ဒီကောင်မကိုမှတ်လောက်သားလောက်အောင်ရိုက်ရမှာ တော်ရုံကျမယ်သာပြောတယ်။ ကျနော်လည်းမရမက တားပေးတယ်နောက်တော့ အဆင်မပြေခဲ့ဘူးဗျာ။ သူတို့ဘက်ကအတင်းတွေစောင့်စောင့်ပီးဆွဲခေါ်နေတာ မဟုတ်ရင်ကလေးမလေးလက်က ကျိုးတော့မှာ။
ကလေးမလေးမျက်နာကိုကြည့်လိုက်တော့ နှာခေါင်းမှာသွေးတွေကထွက်နေပီ။ တကိုယ်လုံးလည်းအရှိုးရာတွေကြီးပဲ။ လှုပ်တောင်မလှုပ်နိုင်တော့ဘူး။
နောက်ဆုံး မတတ်နိုင်တဲ့အဆုံး အဲ့ကနေထွက်လာခဲ့တယ်။ လူတွေလည်းဝိုင်းပီးတားပေးပေမဲ့ အဆင်မပြေခဲ့ဘူး။ သူ့အဖေကိုယ်တိုင်လည်း အားပေးအားမြှောက်ရိုက်ရိုက်ဆိုပီးဘေးနားကနေပြောနေတာ။
ဒီလောက်ထိရက်စက်တဲ့မိဘမျိုးမမြင်ခဲ့ရဖူးဘူး။
ဒါ့ကြောင့်ပဲ ကလေးအများစုက ငယ်ငယ်လေးထဲကနေ Trauma တွေရလာပီး အိမ်တွင်းအကြမ်းဖက်ခံကြရတာပဲ။
လူတွေဟာ ဆုံးမသွန်သင်မှုတွေ မှားနေကြတာအများကြီးပဲ။ အထူးသဖြင့် အပြစ်ကင်းတဲ့ကလေးတွေကို ပြုပြင်ထိန်းကြောင်းပေးတဲ့ ပုံစံဟာ သူတို့စရိုက်အတိုင်းဖြစ်နေတော့တာပဲ။ ကလေးတွေကို အပြုသဘောဆောင်ပီးမဆုံးမပဲ စိတ်အလိုလိုက်ရာပီးပီးရောဆိုပီး နိှပ်စက်ဆုံးမတာကို ကျနော်ဘယ်လိုမှ နားမလည်နိုင်ဘူး။
အထူးသဖြင့် မိဘကိုယ်တိုင်က ကိုယ့်သားသမီးရဲ့ လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေနဲ့ ၀ါသနာတွေကို
ငယ်ငဟ်ကတည်းက ရိုက်ချိုးထားပီး နှိပ်ကွတ်ကြတာပဲ။ မိန်းကလေးမို့ဘောလုံးကန်တယ်ဆိုပီး ခြေထောက်တွေကိုရိုက်တယ်။ လုံး၀ကို Gender Equality နဲ့ Human Rights မရှိတော့တဲ့ Community တခုလိုဖြစ်နေပီ။ နောက်တချိန်မှာတော့ ဒါတွေကို တဖြေးဖြေးချင်း ပြောင်းလဲပီး လုပ်သင့်ပီထင်တယ်။ မဟုတ်ရင်အနာဂတ်အတွက်ရော ၊ ကလးတွေရဲ့ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ ကိစ္စဟာ ပိုပီးရင်လေးစရာကောင်းနေမှာပဲ။ ကျနော်ကိုယ်တိုင်လည်း ဒီလို situations တွေအများကြီးကိုအရိုက်နှပ်ခံပီးဖြတ်ကျော်လာခဲ့ရတာပဲ။ ဒါ့ကြောင့်လုံး၀ကိုစာနာ နားလည်ပေးနိုင်တယ်။
နောင်တချိန်မှာတော့ ကလေးသူငယ် အခွင့်အရေးကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်နေပါပီ။
ကျနော်တော့ ဒေါသဗလပွနဲ့ စိတ်လျှော့်ပီး
အိမ်ထဲ၀င်လာခဲ့ရတယ်။ ကျနော့်မှာ ၀င်တားရင်တုတ်နဲ့ လက်တံတောင်ဆစ်ကိုအရိုက်ခံထိမိတာ အခုထိနာနေတုံး။ ကျနော်တောင်အဲ့လောက်ထိမခံနိုင်တာ။ ကလေးတွေဆို ဘယ်လိုတောင်ခံစားရမလဲဗျာ။ နည်းနည်းပါးပါးတော့ ဖြည့်တွေးပေးကြပါအုံး။
28/12/2021
16/07/2021
မှုံနံ့သာလေးတွေလဲ ရှိပါတယ်နော်
16/07/2021
ပါတိတ်လေးတွေ လိုချင်ရင် အိမ်မှာ ရောင်းတရ်
လာဝယ်လို့ရပါတယ်နော်
ရန်ကုန်မှ
အထည်တွေရောက်ပါပြီ
02/01/2021
ဘာတွေ ကြိုက်လဲ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Monywa
