Love You More

Love You More

Share

information, beauty,.os,

02/02/2026

"ကိုကို ဘေဘီ့ကို စိတ်ပျက်နေပြီလား ဟင်” မျက်နှာငယ်လေးနဲ့ မေးလာရှာတဲ့ သူမကိုကြည့်ပြီး
တချက်တော့သနားမိသွားတယ်။

သူမလေးဟာ တကယ်ကို ကိုယ့်အပေါ်မှာ တွယ်တာတတ်လွန်းသူပဲလို့ တချက်တွေးမိရပြန်တယ်။
"စိတ်မပျက်ပါဘူး ဘေဘီရဲ့ ဒါပေမယ့် တခါတလေ ဘေဘီက အရမ်းရစ်တော့
ကိုကိုစိတ်ညစ်ရတယ်"
လွှတ်ခနဲဆို ကျနော်ပြောမိတဲ့စကားကြောင့် သူမ မျက်နှာ တချက်ပျက်သွားတယ်
ခေါင်းလေးငုံ့ပြီး ငိုချင်နေပြန်ပြီထင်ပါရဲ့ ။
"လာပါကွာ နောက်ကျနေပြီ အိမ်ပြန်ပို့မယ်နော်"
ဒီလိုဆိုတော့လည်း ဟုတ်ကဲ့ဆိုပြီး ငြိမ်ငြိမ်လေး လိုက်လာရှာတာပါပဲ။
သူမနဲ့ ကျနော်ဟာ နေတဲ့မြို့ချင်း အနီးမဝေးဆိုပေမယ့် သိပ်မတွေ့ဖြစ်ကြပါဘူး။
သူမက ပြောပေမယ့် ကျနော့်အလုပ်ကမအားတာရော အားတဲ့ရက်တွေလည်း နားချင်တာရောနဲ့ ကျနော် သူမဆီသွားဖြစ်ခဲ့။သူမလည်း သိပ်အပြင်သွားတတ်သူမဟုတ်တော့ တွေ့ချင်တယ်ပြောတတ်ပေမယ့် အတင်းအကြပ်ရယ်လို့လည်း မတောင်းဆိုခဲ့။ သို့ပေမယ့် သူမ ကျနော့်ကိုတော့ အတော်ချစ်ရှာသည်။ ဖုန်းအမြဲဆက်ဖို့၊စာပို့ဖို့ ဘယ်တော့မှ မပျက်ကွက်ခဲ့။ ကျနော်တို့သက်တမ်းတလျှောက် ကျနော်က ဖုန်းဆက်သည်ဆိုတာ ရှားသည်။ အရင်က ကျနော်နဲ့ cbမှာ တီတီတာတာလေးတွေပြောဖြစ်ခဲ့သလို ကျနော် ကဗျာရွတ်ပြရင်လည်း သူမ သိပ်သဘောကျရှာတာ။ကျနော့ အရင်ရည်းစားတွေအကြောင်း သူတယောက်တည်း ကြိတ်စုံစမ်းပြီး" ဘေဘီသူနဲ့friဖြစ်သွားပြီ သိလား ကိုကိုက စော်ကြည်ဘဲကြီးနော် "ဆိုပြီး ပြောပြတတ်တယ်။ ကျနော် သိတာပေါ့ သူ ကျနော့်အရင်လူတွေ တွေ့ရင် သဝန်တိုမယ်ဆိုတာ ။ ဒါပေမယ့် အဲ့ဒီအရင် ကိစ္စတွေနဲ့ ပတ်သတ်ရင် "ဘာမှမဖြေရှင်းချင်ဘူးနော် အဲ့လိုကိစ္စတွေကို ဖြေရှင်းရတာ မုန်းတယ်"လို့ ကျနော် ပြောထားကတည်းက သူ မမေးတော့တာလေ။
အမြဲ ကျနော့်ကို ဦးစားပေးချစ်တတ်လွန်းလို့ ကျနော့် သူငယ်ချင်းတွေကတောင် "ကိုလတ်​ ကောင်မလေးက ပိုပိုစိန်ပါကွာ"ဆိုပြီး စနေတတ်ကြသေးတာ။

ဒီနေ့ ဂိမ်းဆော့ရတာ ဘယ်လိုမှ အဆင်မပြေ လိုင်းက ခဏခဏကျနေရောပဲ။ ကျနော်လည်း စိတ်က လေ၊ ဂိမ်းထဲကလည်းမထွက်နိုင်နဲ့ လည်နေတဲ့ အဝိုင်းကို ​ထိုင်စောင့်နေတုန်း ဖုန်းက ဝင်လာပါရော။ ထုံးစံအတိုင်း သူမပဲပေါ့။ ကျနော် ဖုန်းမကိုင်လိုက်ဘူး ။ သူ့ကိုမှာထားပြီးသားလေ တခါနဲ့ ဖုန်းမကိုင်ရင် ထပ်မခေါ်ဖို့။ သူမက သိတတ်နေပြန်ပါရော။

"ပင်ပန်းလိုက်တာကွာ အခုမှပဲ ထမင်းစားနားရတော့မယ် ငါ့ကောင်တွေ လာဟေ့"ကျနော် ကလေးတွေကို အော်ခေါ်ရင်း ဆိုင်ထောင့်က စားပွဲဝိုင်းမှာနေရာရွေးထိုင်လိုက်တယ်။
ကျနော့်အလုပ်ကိုလည်း စိတ်ကုန်နေပါပြီ ။ မနက်အစောက စလို့ ကားထွက်ရာလမ်းတလျှောက်ဆိုင်မှန်သမျှ ဝင်လိုက်ရတာ။ ရေးလိုက်ရတဲ့ ဘောင်ချာတွေ ၊စာအုပ်အထူကြီးတွေလည်း ခဏနဲ့ ကုန်ရော။
ဆိုင်က ပစ္စည်းကျန်လှမ်းcheckရ၊ လမ်းမှာဝင်ရမည့်ဆိုင်တွေက လှမ်းမှာကြနဲ့ ဖုန်းတွေဆိုတာလည်း ဖြေလိုက်ရတာအမော။ ကျနော် ထမင်းမှာထားတာမရောက်လာခင်လေး ဖုန်းဖွင့်ကြည့်တော့ 4 misscallနဲ့ 6 unread message ။
"ကျွတ်"ခနဲ စုတ်သတ်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။
အလုပ်မနိုင်နေချိန်မှာ အဲ့ကလေးမလေးရဲ့ စာတွေ miscallတွေကိုလည်း စိတ်ပျက်လာရပေါ့။
အဲ့ဒီကလေးမလေးက လူပုံကြည့်တော့ မထုံတတ်တေးဗျ။ အရမ်းအရစ်သန်တယ် ။ ကျနော် လိုင်းသုံးနေလို့ cbမှာ another callဖြစ်နေရင် သူပြာယာခတ်ပြီး မအားတဲ့ဖုန်းကို ခဏခဏခေါ်နေတော့တာပဲ။ကျနော်လည်း မိတ်ဆွေအပေါင်းအသင်းရှိတာပဲလေ ပြောရဆိုရမှာပေါ့ သူက ဒါတွေနားမလည်ဘူး မအားတာနဲ့ သူ့မှာလောင်နေပြီ။တခါတလေ cbမှာ စာပို့ရင်းနဲ့ ဘသူနဲ့မှ ဖုန်းမပြောအောင်ဆိုပြီး သူပဲ ဖုန်းခေါ်ထားတတ်သေးတာ။
အကျိုးအကြောင်းပြောပြပြန်တော့လည်း တမျိုး။ "ဘေဘီက ကိုကို့ကို ဘယ်သူ့မှ မျှမပေးနိုင်လို့ပါ"တဲ့။ ကျနော် သက်ပြင်းပဲ ချမိတော့တယ်။

အချိန်က ညနေ ၄နာရီကျော်ကျော် မှောင်စပျိုး
ကျနော်တို့ အရောင်းကားလေး ဆိုင်တွေ စုံလုပြီမို့ အပြန်လမ်းဆီ ဦးတည်မောင်းနေတုန်း
"ကိုလတ်ရေ တိုင်ပတ်ပြီဗျို့
အစ်မက ပစ္စည်းပို့စရာ တဆိုင်ကျန်ခဲ့လို့တဲ့ ပြောနေတယ်"
အလုပ်ထဲက ညီလေးရဲ့ စိတ်ပျက်လက်ပျက်အသံကိုကြားပြီး ကျနော် ရင်မောသွားတယ်။
"နောက်ကျနေမှာစိုးလို့ ချန်ခဲ့တာပဲကွာ ပြောပြရင်ရမှာပါ ၊ တအားနောက်ကျလို့ လမ်းဂိတ်တွေက ရစ်ရင် ပိုဆိုးမှာပဲဟာ"လို့ ညီလေးကို နှစ်သိမ့်သလိုပြောလိုက်ပေမယ့် စိတ်ကမသက်မသာ။ ခုနေလှည့်လိုက်ရင်တော့ အပြန်တအားနောက်ကျသွားမလားစဥ်းစားနေတုန်း "ကိုလတ် အစ်မက ဖုန်းထပ်ဆက်နေပြန်ပြီ"
ဘေးက ညီလေးရဲ့အသံကြောင့် ကျနော်လည်း စိတ်တိုသွားတယ်
"ကားပြန်လှည့်ကွာ ၊ဘာဖြစ်ဖြစ် အဲ့လောက်ဝင်စေချင်နေတာ ရအောင်ပြန်ပို့မယ် လှည့်လိုက်တော့"
အဲ့လိုနဲ့ ကျနော်တို့ အရောင်းကားလေးဟာ နောက်ကြောင်းပြန်လှည့်လာရတော့တယ်။ အခါတိုင်း ဘယ်လောက်ပင်ပန်းပါစေ သီချင်းတွေဖွင့် အော်ဆိုရင်း တက်ကြွနေတတ်တဲ့ ညီလေးတွေလည်း မျက်နှာ မကောင်း ။ ကျနော်လည်း စိတ်လေလေနဲ့ သက်ပြင်းသာချနေမိတော့တယ်။
အဲ့အချိန် ဖုန်းမြည်သံကြားလို့ တချက်ကြည့်လိုက်တော့ ကလေးမလေးဆက်တာ။ ကျနော် စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကိုင်လိုက်ရုံရှိသေး
"ကိုကို ဘေဘီ တနေ့လုံး ဖုန်းခေါ်နေတာ ဘာလို့မကိုင်တာလဲ၊ စာတွေလည်း ခဏခဏပို့နေတာ seenမပြဘူး၊ ဘေဘီက မုန့်စားချင်လို့မှာထားတာ အဲ့ဒါ အပြန်ဝယ်ခဲ့ပြီး ဘေဘီ့ဆီ"
ကျနော်ဘာမှ မပြောရသေးခင် သူ့ဆီကဆက်တိုက်ကြားရတဲ့စကားတွေကြောင့် ကျနော် ဒေါသထွက်သွားတယ် အဲ့ဒါနဲ့ သူ့စကားမဆုံးခင်မှာပဲ
"ငါ တနေကုန်အလုပ်လုပ်နေတာမင်းနားမလည်ဘူးလား၊ မုန့်စားချင် ကိုယ့်ဘာသာဝယ်စားပါလား ၊ ငါမအားပါဘူးပြောထားတာကိုဘာလို့ အဲ့လောက်ခဏခဏခေါ်နေတာလဲ ၊မင်းမှာ ဦးနှောက်မရှိဘူးလား၊ မတွေးတတ်ဘူးလား အဲ့လိုတွေ လုပ်နေရင် ငါနဲ့မပတ်သတ်နဲ့တော့ မင်းဘာမင်းအေးဆေးနေတော့၊ မင်းနဲ့ငါ ပြတ်ပြီ"ဆိုပြီး
စိတ်ပေါက်ပေါက်နဲ့ အော်လိုက်မိတယ်။ သူမ ခဏအသံတိတ်သွားပြီး "ဟုတ်ကဲ့ပါ"လို့ပြောပြီး ဖုန်းချသွားတယ်။
ကျနော်လည်း အလုပ်ကဒေါသတွေရော ပင်ပန်းတာရောနဲ့ စိတ်ပျက်ပြီး သူ့ကိုပဲ ဒေါသပိုထွက်လာတော့တယ်။
ခဏနေတော့ စာတစောင်ရောက်လာတယ်
"ဘေဘီက မသိလို့ မှာမိတာပါ။အဲ့လောက်ကြီးအော်လိုက်တော့ စိတ်မကောင်းဘူး အဲ့ဒီတုန်းက ဘေဘီ့သူငယ်ချင်းတွေရောရောက်နေလို့သူတို့စားရအောင်မှာဖို့ spaekerဖွင့်ပြီးပြောနေတာ"တဲ့။
ကျနော် ပိုစိတ်ပျက်သွားတယ်။သူဟာ တနေ့တမျိုး မရိုးအောင်ကို ပြဿနာရှာနေတော့တာပဲ။ကျနော်လည်း သူ့ဖုန်းကို blockလိုက်ပါတော့တယ်။
အဲ့ဒီနေ့က ကျန်ခဲ့တဲ့ဆိုင်ကို ပြန်သွားပို့ခဲ့ပြီး အလုပ်ပြီးလို့ အိမ်ပြန်တော့ ည ၁၁ခွဲ ။ကျနော်လည်း ပင်ပန်းပြီး ထမင်းတောင်မစားတော့ဘဲ တောက်လျှောက်အိပ်ရာဝင်ပြီး အိပ်လိုက်တော့တယ်။
အဲ့လိုနဲ့ ဖုန်းလည်းမသုံးဖြစ်လိုက်တာ ၃ရက်လောက်ကြာသွားတယ်။ သူမကိုလည်း မေ့မေ့ပျောက်ပျောက်ထားလိုက်တော့တယ်။ တနေ့ ကျနော် ထမင်းစားနားပြီး ခဏ fbဖွင့်ကြည့်လိုက်တော့ သူမပုံလေးတင်ထားတာတွေ့တယ်လက်မှာဆေးထိုးထားတာထင်ရဲ့ ဝါဂွမ်းလေးပေါ် ဟန်းနီးပလပ်စ်လေးကပ်လို့။
"ဒါလည်းပြီးသွားမှာ ဖိုက်တင်း"တဲ့
သူ့ကိုယ်သူပြန်အားပေးထားတဲ့ captionလေးနဲ့။
အောက်ကcommentလေးကြည့်လိုက်တော့ "နေကောင်းနေပါပြီ စိတ်မပူနဲ့နော်"တဲ့ သူ့သူငယ်ချင်းကို replyပြန်ထားတာ
cbဖွင့်လိုက်တော့လည်း သူမစာလေးတွေ ရောက်နေတာတွေ့တယ် ထုံးစံအတိုင်း ကျနော် ဖွင့်မဖတ်ဖြစ်ခဲ့ပါဘူး။
သတိရသွားတာနဲ့ သူမဖုန်းကို ဘလော့ထားတာကိုတော့ ပြန်ပြီးblockဖြေပေးခဲ့လိုက်တယ်။ ဒီရက်တွေထဲ ၅ရက်လောက် သူ့ဖုန်းတွေဆက်တိုက်ခေါ်ခဲ့တဲ့ callတွေ block list callထဲမှာ ပေါ်ပေမယ့် ကျနော် blockဖြေမပေးခဲ့မိ။ အခုမှ ပြန်ကြည့်မိတော့ အဲ့ရက်တွေက သူမခေါ်ခဲ့တာ အခါ ၂၀၀ကျော်။
ကျနော် ပြန်မခေါ်ဖြစ်တော့။ စိတ်ရှုပ်မခံလိုတော့။
သူထပ်ခေါ်လာမှပဲ ပြောတော့မယ်လို့တွေးလိုက်တော့တယ်။ခါတိုင်းလည်း ကျနော် ငေါက်လိုက်ရင် သူပဲ ပြန်ခေါ်ပြီး သူပဲချော့နေကျဆိုတော့ ကျနော် သူ့ဆီခေါ်ဖို့ စိတ်မကူးမိတော့ဘူး။

ကျနော်တို့ မြို့လေးမှာ ကိုဗစ်ကူးစက်သူတွေများလာတာနဲ့အမျှ မြို့ကို၂ပါတ် lockdownချမယ်ဆိုတော့
ကျနော်တို့အလုပ်တွေလည်း နားရတော့တာပေါ့ဗျာ။
ကျနော်လည်း အလုပ်နားတုန်း အေးဆေးနားရတယ်လို့တွေးပြီး အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက်လုပ်နေမိတာ။
သူမဆီဖုန်းမဆက်သလို သူမ ကလည်းဖုန်းမဆက်လာခဲ့ဘူး။
ကျနော်လည်း လိုင်းသိပ်မသုံးတာကြာတာနဲ့ ဖွင့်ကြည့်ရင်း သတိထားမိတော့ ခါတိုင်းမြင်နေရနေကျ သူမ postလေးတွေမမြင်မိ။ အဲ့ဒါနဲ့သူ့wallထဲ ဝင်ကြည့်တော့ သူမ ဘာမှတင်မထားတာ ၁၀ရက်ကျော်ပြီပဲ။ တွက်ကြည့်လိုက်တော့ ကျနော် သူမကို အော်လိုက်ပြီး သူနဲ့မဆက်သွယ်ဖြစ်တာ ရက်၂၀ကျော်တောင်ရှိခဲ့ပြီပဲ။
အဲ့ဒါနဲ့ သူမရဲ့cbက စာလေးတွေ ဖွင့်ဖတ်မိတော့
"ဘေဘီ့ရဲ့ သူငယ်ချင်းတွေက အမြဲပြောတယ် ကိုကိုက ဘေဘီ့ကို မချစ်ဘူးတဲ့" ပြောနေကြတယ်။ သူတို့က ထပ်ပြောတာ
"နင်မသိဘူးလား ဘေးက ကြည့်နေတဲ့ငါတို့တောင် သိတယ်သူက နင့်ဆို ဘယ်တော့မှဖုန်းမဆက်ဘူး။နင်ဆက်ရင်လည်း မအားဘူးအကြောင်းပြပြီး အမြဲအော်ငေါက်နေတာ။
တကယ်ချစ်တဲ့သူအတွက်က အချိန်မလိုဘူး ထမင်းစားရင်း စားလိုက်ဦးမယ်နော်လို့ပြောလို့ရတယ်၊အလုပ်သွားရင်း သွားနေပြီနော်လို့ ပြောလို့ရတယ်။ အခုဟာက လုံးဝ ဂရုမစိုက်လို့သာ နင်ခေါ်သမျှမကိုင်တာ၊ နင့်ဆီမဆက်တာ။ နင့်ကိုတွေ့ဖို့ဆိုသူ ဘယ်နှစ်ခါပြောဖူးလဲ၊ နင်ကပဲ မိန်းကလေးတန်မဲ့ တွေ့ချင်လို့ သွားသွားတွေ့နေတာမလား နင်မရှက်ဘူးလား။"တဲ့
ဘေဘီအရမ်းဝမ်းနည်းတာပဲ စိတ်လည်းမကောင်းဘူး။ ဖုန်းလည်းခေါ်လို့မရဘူး။ နေမကောင်းဖြစ်နေတာလည်း ကိုကိုသိမှာစိုးလို့ပြောမပြခဲ့တာ"တဲ့။
ကျနော် သူ့မစာလေးတွေ ဖတ်ရင်း တချက် ငိုင်သွားမိတယ်။
ပြန်တွေးကြည့်မိတော့ ဟုတ်နေတာပဲ ကျနော်သူ့ဆီဖုန်းမဆက်ခဲ့သလို၊ သူ့ကို တွေ့ရအောင်လို့လည်း စမပြောခဲ့ဖူးဘူးလေ။ အယုတ်စွဆုံး ဖုန်းပြောရင်တောင် ချစ်တယ်လို့မပြောခဲ့မိတာကြာပြီပဲ။ တကယ်တော့ သူမဆီက ဒါတွေရနေတော့ ကျနော် ပြန်ပေးဖို့မေ့နေခဲ့မိတာ။သူမ အချစ်တွေက ကျနော့်ကိုပျော်စေပေမယ့် ကျနော် သူမပျော်ရရဲ့လားလို့ တွေးမှမကြည့်မိခဲ့ဘဲကိုး။ ဒါကတော့ ကျနော်မှ အလုပ်မအားတာလို့ ပြန်တွေးမိပြန်တယ်။
အခုတော့ သူမဆီကို ဖုန်းဆက်လိုက်ရမလား၊သူမ စိတ်ဆိုးနေသလား၊ အရင်လို ကျနော်ခေါ်လိုက်တာနဲ့ ပျော်သွားမလား .
ကျနော် စဥ်းစားရင်း.. စဥ်းစားရင်းနဲ့ပဲ.......

2.8.2021
Monday

04/11/2022

🤭🤭
ကိုယ် Page ကိုင်ရတာတစ်ယောက်တည်းအားနဲ့လက်မလည်လို့ Admin တစ်ယောက်လောက် ခေါ်ယူချင်ပါတယ်။

" သတ်မှတ်ချက်များ "

1. ယောကျာ်းလေး ဖြစ်ရပါမယ်။

2. အနည်းဆုံး အရပ် 5 ပေ 11 လက်မ ရှိရပါမယ်။

3. အသားအရည်ခပ်လတ်လတ် or ညိုစိမ့်စိမ့် ရှိရပါမယ်။

4. မထူမပါးမျက်ခုံး၊ မျက်လုံးစူးရှရှ၊ နှာတံချွန်ချွန် ရှိရပါမယ်။

5. ရယ်လိုက်ရင် ပါးချိုင့် or
သွားတက် or မေးနှစ်ခွ ရှိရပါမယ်။

6.အသံက ယောကျ်ားဆန်ပြီး နားဝင်ပီယံရှိလှတဲ့
ခပ်ဩဩရှတတလေး ဖြစ်ရပါမယ်။

7. Six Pack ရှိရပါမယ်။
မရှိလည်း Ok ပါ။ ဗိုက်မပူရင်ရပါပြီ။

8. ချစ်သူရည်းစားလုံးဝမရှိရ၊ မထားရပါဘူး။

9. Page Admin ဖြစ်လာပြီးနောက်ပိုင်း လက်ရှိ Founder Admin ကို သည်းသည်းလှုပ် ချစ်ပေးရပါမယ်။ စကား​ပြောရင်လည်း ကိုယ့်ကိုယ်ကို ကိုကို ဆိုပြီး သုံးနှုန်းပြောပေးရပါမယ်။

အထက်ပါအချက်အလက်များနဲ့ ပြည့်စုံတဲ့ မည်သည့်ယောကျာ်းလေးမဆို ဒီ Page ရဲ့ Message Box သို့
ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်။

crd to original uploader

13/10/2021

ပျင်းလို့ ကပြကြပါလား 🙂🙂

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address


Monywa