Aung - Health and Beauty

Aung - Health and Beauty

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung - Health and Beauty, Health/Beauty, Monywa.

03/10/2022

သင့်ကလေးလေးကို ဥာဏ်ရည်ထက်မြတ်ပြီး ကျန်းမာစေဖို့ အားဆေးရှာနေပါသလား❓

DHA (Omega3) ပါဝင်ပြီး

✔ ဥာဏ်ရည်ဖွံဖြိုးစေခြင်း
✔ အမြင်အာရုံ ကောင်းမွန်စေခြင်း
✔ အရိုးကျန်းမာစေခြင်း
✔ ကိုယ်ခံစွမ်းအား ကောင်းမွန်စေခြင်း
✔ စားလိုက်တဲ့ အစားအစားတိုင်းကို ကောင်းမွန်စွာ ချေဖျက်ပေးပြီး ဝမ်းမှန်စေခြင်း
စသဖြင့် ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ကလေးတို့အကြိုက် နို့ခဲပုံစံနဲ့ Cowdeysကို ညွှန်းပေးပါရစေ။

⚡အသက် ၂ နှစ်မှ ၁၂ နှစ်ထိ ကလေးများကို တစ်ရကွလျှင် (၄)ခဲ တိုက်ကျွေးနိုင်ပါတယ်။

Price - 19,000 Kyats

ဆိုင်လိပ်စာ - အလုံမြို့၊ ဒက္ခိဏာရုံကျောင်းတိုက် တောင်ဘက်၊ ဆိုင်အမှတ်(၁၁)

Onlineကနေလည်း မှာယူနိုင်ပါတယ်ရှင်။ မုံရွာမြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး ကျန်မြို့များကို ကားဂိတ်တင်ပေးပါတယ်။

24/08/2022

👨‍⚕️ဆရာဝန်က ဒီဆေးလို့ ပြောလိုက်တာ.......

👵အိမ်ကအမေက ဆေးဆိုရင် တစ်ပုံစံထဲ ချွတ်စွပ်တူတာမှ သောက်တာ.......

ဒီလိုအခြေအနေတွေကို ဆေးဆိုင်တိုင်း မကြာခဏဆိုသလို ကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ဆေးတွေရဲ့ Generic နဲ့ Brandအကြောင်းကို ကွဲကွဲပြားပြားသိဖို့ မျှဝေပေးလိုက်ပါတယ်။

Generic ဆိုတာ ဆေးမှာ ပါဝင်တဲ့ အဓိကအာနိသင်ကို ပေးတဲ့ပစ္စည်းကို တိုက်ရိုက်ခေါ်ဆိုခြင်း ဖြစ်ပြီး Brand ဆိုတာကတော့ ဆေးကုမ္ပဏီတွေ ပေးထားတဲ့ နာမည်သာ ဖြစ်ပါတယ်ရှင်။

ဥပမာပေးရမယ်ဆိုရင် ဖျားရင်နာရင် အလွယ်တကူ ဝယ်သောက်လေ့ရှိတဲ့ Paracetamol က Generic name ဖြစ်ပြီး Biogesic, Lensen, Decolgen, ParaCapတို့က Brand nameတွေပဲ ဖြစ်ပါတယ်။

Brandဆေးတွေက ထုတ်ပိုးမှု အဆင့်ပိုမြှင့်ထားပြီး ရောင်းအားကောင်းဖို့၊ စျေးကွက်ထိုးဖောက်ဖို့ လုပ်ဆောင်ရတာဖြစ်လို့ စျေးနှုန်းအနေနဲ့ ပိုများလေ့ရှိပါတယ်။ ဒီတော့ Genericဆေးတွေက စျေးပိုသက်သာတာပေါ့။

ဒါပေမယ့် Genericရော Brandရော နှစ်မျိုးလုံးက ဆေးအာနိသင် အရည်အသွေး အတူတူပဲဖြစ်တာမို့ မိမိအဆင်ပြေရာ ရွေးချယ်ပြီး စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။ အာနိသင်တူပြီး စျေးနှုန်းပိုသက်သာတဲ့ ဆေးတွေ စျေးကွက်ထဲမှာ ရှိတာမို့ အခုလို အရာရာစျေးတွေ တက်နေတဲ့အချိန် အဆင်ပြေတာပေါ့။

နောက်ပြီး မိတ်ဆွေတို့ လိုအပ်တဲ့ဆေး၊ လူသုံးကုန်ပစ္စည်းတွေကိုလည်း "Aung"မှာ ဝယ်ယူလို့ရနိုင်ပါတယ်နော်။ ဒါ့အပြင် ဆေးဝါးနဲ့ပက်သတ်ပြီး သိလိုရာတို့ကို အခမဲ့ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်ရှင်။

Photos from Aung - Health and Beauty's post 30/07/2022

💥ကိုရီးယားဂျင်ဆင်း
💥Multivitamins
💥သတ္ထုဓါတ် တို့ပါဝင်ပြီး

စျေးနှုန်းသင့်တင့်တဲ့ အားဆေး ရှာနေပါသလား?

✅ပင်ပန်းနွမ်းနယ်တာတွေ ကင်းဝေးစေမယ့်
✅နေ့ရက်တိုင်းကို ခွန်အားအပြည့်နဲ့ ဖြတ်သန်းစေမယ့်
✅ခန္ဓာကိုယ် သန်စွမ်း ကျန်းမာနေစေမယ့်

စျေးနှုန်းသင့်တင့်တဲ့ 👉𝗚𝗶𝗻𝘃𝗼𝗹𝗶𝗳𝗲👈 ရှိပါတယ်။

၅လုံးပါ တစ်ကဒ် = ၁၁၀၀ကျပ်

ဆိုင်လိပ်စာ - အလုံမြို့၊ ဒက္ခိဏာရုံ ကျောင်းတိုက် တောင်ဘက်
ဆိုင်အမှတ် (၁၁) မုံရွာမြို့
Ph no- 09-453070403

28/07/2022

𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗽𝗮𝘁𝗶𝘁𝗶𝘀 𝗗𝗮𝘆
ကမ္ဘာ့ အသည်းရောင်ရောဂါနေ့

အသည်းရောင်ရောဂါကဆိုရင် လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတွေထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ကျော်ခန့် 1967ခုနှစ်မှာ အမေရိကန်လူမျိုး 𝘋𝘳. 𝘉𝘢𝘳𝘶𝘤𝘩 𝘉𝘭𝘶𝘮𝘣𝘦𝘳𝘨 က Hepatitis B virusကို ရှာဖွေတွေ့ရှိခဲ့ပြီး ၂နှစ်အကြာမှာ ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ခြင်းဖြင့် နိုလယ်လ်ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် ဂုဏ်ပြုသောအားဖြင့် 𝘋𝘳. 𝘉𝘢𝘳𝘶𝘤𝘩 𝘉𝘭𝘶𝘮𝘣𝘦𝘳𝘨 ရဲ့မွေးနေ့ ဇူလိုင် ၂၈ ရက်နေ့ကို 𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗽𝗮𝘁𝗶𝘁𝗶𝘀 𝗗𝗮𝘆 ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အသည်းလေးကဆိုရင် အိပ်စက်ချိန်တောင် မနားပဲ အသက်ရှင်ကျန်းမာဖို့ အလုပ်ကြိုးစားပေးတဲ့ အစိတ်​အပိုင်းလေးပဲဖြစ်တယ်။ ဒါကြောင့် အသည်းလေးကို ဂရုစိုက်ဖို့ လတ်လတ်ဆတ်ဆတ် အသီးအနှံ၊ ပရိုတင်းဓါတ် ကြွယ်ဝစွာပါဝင်တဲ့ ကြက်သား၊ ငါး၊ ပဲ နဲ့ အစေ့အစံ စတဲ့ အစားအစားလေးတွေကို ပုံမှန်စားပေးရပါမယ်နော်။

အသည်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ကျွန်တော်တို့ 𝐀𝐔𝐍𝐆 မှာ ဝယ်ယူလို့ရပါတယ်။ ဒါ့အပြင် ဆေးဝါးနဲ့ပက်သတ်ပြီးလည်း page cbမှာဆွေးနွေး၊ မေးမြန်းနိုင်ပါတယ်။

27/07/2022

"မျက်လုံးကျန်းမာရေးကိုလဲ ဂရုစိုက်ပေးပါ"

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး"ဆိုတဲ့အတိုင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာခြင်းဟာ အင်မတန် တန်ဖိုးရှိလှပါတယ်။ တန်ဖိုးရှိတဲ့ ကျန်းမာခြင်းကို ထိန်းသိမ်းနိုင်ဖို့ မျက်လုံးကျန်းမာရေး​ကို ဂရုစိုက်ပေးဖို့ လိုမယ်နော်.......

မျက်လုံးကျန်းမာရေးအတွက်တော့ မပူပါနဲ့🤗
သြစတြေးလျဖရဲသီးအဆီ (Traly Gac Oil) ပါဝင်တဲ့ 𝙏𝙧𝙖𝙡𝙮𝙜𝙖 အားဆေးလေးရှိပါတယ်။

🌟ဖုန်း၊ကွန်ပျူတာ အသုံးများလို့ပဲဖြစ်စေ၊
စာဖတ်ချိန်၊ အလုပ်အာရုံစိတ်ချိန် များသွားလို့ဖြစ်စေ
ဖြစ်တတ်တဲ့ မျက်စိညောင်းညာကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

🌟ဦးနှောက်ကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေပြီး အမြင်အာရုံကို တိုးတက်စေတယ်။

🌟အသက်အရွယ်ကြီးသူများတွင် ဖြစ်ပေါ်တတ်သော မှတ်ဥာဏ်ချွတ်ယွင်းမှုများအတွက် ကူညီပေးနိုင်တယ်။

🌟အသားအရေ အရွယ်တင်ချောမွေ့စေတယ်။

ဒီလိုကျန်းမာရေးအကျိုးပြုစေတဲ့ 𝙏𝙧𝙖𝙡𝙮𝙜𝙖နဲ့ သင့်မျက်လုံးကို ဂရုစိုက်ချင်တယ်ဆိုတော့........"𝗔𝗨𝗡𝗚"မှာ အခုပဲလာဝယ်လိုက်တော့နော်😘

လိပ်စာ_အလုံမြို့၊
ဒက္ခိဏာရုံကျောင်းတိုက်တောင်ဘက်
ဆိုင်အမှတ်(၁၁) မုံရွာမြို့
ဖုန်းနံပါတ်_ 09-453070403

09/07/2022

မိုးရာသီလဲ ရောက်နေပြီ။
ရာသီတုပ်ကွေးမဖြစ်ရလေအောင် ကြိုတင်ကာကွယ်ကြရအောင်နော်........

03/07/2022

သင့်ကလေးကို ဥာဏ်ရည်ထက်မြတ်တဲ့သူတစ်ယောက် ဖြစ်စေချင်ပါသလား❓

သင်တို့ရဲ့ သားသားမီးမီးလေးတွေကို ဉာဏ်ကောင်းဉာဏ်ထက် ဘက်စုံတော်တဲ့သူဖြစ်စေချင်ရင် Cowdeys နို့ခဲ ကိုရွေးချယ်လိုက်ပါ....

Cowdey နို့ခဲဟာဆိုရင် 🦈တူနာငါးကြီးဆီ မှ DHA (Omega 3) အဓိက ပါဝင်ထုတ်လုပ်ထားနို့ခဲလေးပါ၊။ ဒါ့အပြင် 🐄 Newzealand နိုင်ငံမှ အသန့်ရှင်းဆုံး၊ အကောင်းဆုံး နွားနို့နှင့် နို့ထွက် ကုန်ကြမ်းများ၊အစာခြေဖျတ်မူ အားကောင်းစေတဲ့
Maltodextrin စသည်တို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါတာဖြစ်လို့
✔ဉာဏ်ဖွံ့ဖြိုးစေကာလေ့လာသင်ယူနိုင်စွမ်းကောင်းမွန်စေခြင်း၊
✔အမြင်အာရုံကောင်းမွန်စေခြင်း၊
✔အရိုးများကိုကျန်းမာ အရပ်ရှည်စေခြင်း၊
✔ကိုယ်ခံအားကောင်းမွန်စေကာ သားသား
မီးမီးတို့ မကြာခဏဖျားခြင်းမှ ကင်းဝေးစေခြင်း၊
✔ထမင်းစားမြိန်စေပီး များများစား​စေခြင်း ၊
✔ Maltodextrinပါဝင်လို့အစားများများစားပီး ဝမ်းဗိုက်ကလေး မကျန်မာ မှာကိုလဲစိတ်မပူစေရပါဘူးနော်... သားသားမီးမီးတို့ စားလိုက်တဲ့အစာတွေကို ကောင်းမွန်စွာချေဖျတ်နိုင်စေပြီးဝမ်းမှန်စေလို့ပါရှင့်...

အရသာအရမ်းကောင်တဲ့ နို့အရသာဖြစ်ပီး
ဝါးစားလို့လဲရတဲ့ နို့ခဲဖြစ်ပါတာမို့ သားသားမီးမီးတို့ မစားမှာလဲ မပူရဘူး🤗

29/06/2022

Good morning.........

မင်မင်တို့ရဲ့ "Aung-Health&Beauty"မှာ ဝယ်ယူအားပေးကြတဲ့ customerတို့ကိုရော၊ အမြို့မြို့အနယ်နယ်ကနေပြီး မှာယူတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်💙

ဒီဆိုင်လေးကို မုံရွာ၊ အလုံမြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး
စပြီးRunတာ ၂လနီးပါးသာရှိသေးတာမို့ လိုအပ်ချက်များရှိသွားရင် မင်မင်တို့ကို နားလည်ပေးပါနော်။🙏 ရှေ့ဆက်ပြီး အကောင်းဆုံး ဝန်ဆောင်မှု၊ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးကြပါအုံးနော်🥰

28/06/2022

"ကျန်းမာအောင်မြင်တဲ့အနာဂတ်အတွက်"
𝑬𝒏𝒆𝒓𝒗𝒐𝒏 𝑪 နှင့် 𝐁𝐞𝐭𝐞𝐱 𝐒𝐭𝐫𝐞𝐬𝐬

🧘‍♂️ နေ့စဉ်ဘဝမှာကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့အဓိကလိုအပ်ချက်ပါ....
ကျန်းမာတဲ့ဘဝရဖို့ အဓိကက ကိုယ်ခံအားကောင်းဖို့ပါပဲ။ လူတစ်ယောက်က ခန္ဓာကိုယ်မှာ ကိုယ်ခံအား လျော့နည်းလာလျှင် မလိုလားအပ်တဲ့ရောဂါတွေဝင်လာနိုင်ပါတယ်။

💪 မိတ်ဆွေတို့ရဲ့ ကိုယ်ခံအားကို အမြင့်မားဆုံး မြှင့်တင်ပေးဖို့ Vitamin C နှင့် စိတ်ဖိစီးမှု လျော့နဲပီး လန်းဆန်းတက်ကြွ
အားအင်ပြည့်ဝစေသည့် B-Complex တို့ပါဝင်တဲ့ အားဆေးကို ရှာနေတယ်ဆိုရင်တော့ 𝑬𝒏𝒆𝒓𝒗𝒐𝒏 𝑪 သို့မဟုတ် 𝐁𝐞𝐭𝐞𝐱 𝐒𝐭𝐫𝐞𝐬𝐬ကို ရွေးချယ်လိုက်ပါ။

✌စိတ်ဖိစီးမှုမရှိ ကိုယ်ခံအားကောင်းစွာ တက်ကြွတဲ့အားအင်တွေနဲ့ တစ်နေ့တာလုံး ဖြတ်သန်းနိုင်အောင် ကူညီပေးမဲ့ 𝑬𝒏𝒆𝒓𝒗𝒐𝒏 𝑪 နှင့် 𝐁𝐞𝐭𝐞𝐱 𝐒𝐭𝐫𝐞𝐬𝐬 ဆေးတွေကို 𝑨𝒖𝒏𝒈-𝑯𝒆𝒂𝒍𝒕𝒉&𝑩𝒆𝒂𝒖𝒕𝒚 ဆိုင်မှာ ဝယ်ယူအားပေးနိုင်ပါပြီရှင့်။
လိပ်စာ-အလုံမြို့၊ ဒက္ခိဏာရုံကျောင်းတိုက် တောင်ဘက်၊ ဆိုင်အမှတ်(၁၁) မုံရွာမြို့

Photos from Aung - Health and Beauty's post 21/06/2022

📣ဘေဘီလေးတွေကို အစဥ်ကျန်းမာစေချင်တဲ့ ဖေဖေမေမေတို့ ဆောင်ထားသင့်တဲ့"Kidlac" အကြောင်း📣

ရပ်ကွက်ထဲမှာပေါ့နော် ကလေးဝမ်းပိတ်ဆေးဆိုပြီး ခေါ်လေ့ရှိကြတယ်။ ဒါဆို Kidlacလေးက ဝမ်းပိတ်တဲ့အာနိသင်ပဲ ရှိတာလား❓ ဘယ်လိုတွေအကျိုးပြုလဲ❓ဘယ်လိုသုံးစွဲပေးလို့ရမလဲ❓
အဖြေကိုရှင်းရှင်းလင်းလင်းသိဖို့ Kidlac Hero Storyလေးကိုဖတ်ပြီး လေ့လာလိုက်ရအောင်........

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address


Monywa