Kathryn Beauty by Hnin Su
Hi. Beauty Queen and King
29/10/2023
ကျရောက်လာတဲ့ သီတင်းကျွတ်အခါသမယမှာ ချစ်ခင်ရသူတွေနဲ့အတူ အေးချမ်းသာယာစွာဖြတ်သန်းနိုင်ကြပါစေကြောင်း Kathryn Beauty Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🏮🙏🏻
25/10/2023
Post မတင်အားပေမယ့် အမြဲရောင်းထွက်နေတဲ့ KB Product လေးတွေပါ
ပူပြင်းတဲ့ နွေကို အံတုပြီး အသားရေတွေ မထိခိုက်စေဖို့ အမဲစက်တွေ မဖြစ်ရလေအောင် KB Organic Sunscreen လေးရှိနေပြီ
အသားရောင်လေးမို့ ဘယ်လိုအသားရေမဆိုလိမ်းလို့ရတယ်
စေးကပ်မှုမရှိ လိမ်းလိုက်ရင်ပူတာမျိုးမရှိပါ.. Foundation moisturizer မို့ အစိုဓါတ်ကိုလည်း ထိန်းထားပေးတယ်
ဈေးနှုန်း - ၁၈၀၀၀ ကျပ် (40g တောင်ပါတယ် သေးသေးလေးမဟုတ်ဘူးနော်)
သဘာဝကနေ ရတဲ့ ဓါတ်ကို ထုတ်နှုတ်ထားပြီး Organic UV Filter ဖြစ်တဲ့ Ethylhexyl Methoxycinnamate (Octinoxate) ကို အဓိက အသုံးပြုထားပါတယ် UV ray ကြောင့်ဖြစ်တဲ့ အမဲစက် နဲ့ အသားရေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်..
ပြင်သစ်နိုင်ငံရဲ့ French Agency for the Safety of sanitary products (Afssaps) ကနေပါ Ethylhexyl Methoxycinnamate ကို safety ဖြစ်လို့ အသားရေအတွက် သုံးနိုင်ကြောင်းထုတ်ပြန်ထားပါတယ် 😍
Natural organic compound ကို အသုံးပြုထားတာမို့ sensitive skin များလည်း သင့်တော်ပါတယ်
နောက်ထပ် Main Ingredients တစ်မျိုးကတော့ natural mineral UV filter ဖြစ်တဲ့ FDA approved Titanium Dioxide ကိုအသုံးပြုထားပါတယ်.. TD က နေရောင်ခြည်ရဲ့ UV ray များ အသားရေထဲ စိမ့်ဝင်မှုကိုတားဆီးထားပါတယ်.. Skin Cancer Foundation ကနေ ပါ sunscreen က နေ့စဉ် အသုံးပြုရမယ့် အရာဖြစ်ပါတယ်လို့ ဆိုထားပါတယ်
UVA ဆိုတာ : အပြင်းဆုံးရောင်ခြည်ဖြစ်ပြီး အသားရေရဲ့ အနက်ရှိုင်းဆုံး အလွှာထိ ဝင်ရောက်ပြီး အိုမင်းခြင်းနဲ့ အရေးကြောင်းတွေဖြစ်စေပါတယ်
UVB ဆိုတာ : အသားရေ အပေါ်ယံလွှာကို ပျက်စီးစေပြီး နေလောင်ဒဏ်နဲ့ အရေပြားကင်ဆာထိဖြစ်စေနိုင်ပါတယ်
KB ရဲ့ Organic Sunscreen လေးက UVA , UVB ကိုကာကွယ်ပေးပါတယ်
PA +++ ဆိုတာလေးက UAV UVB ကို အမြင့်ဆုံးကာကွယ်ပေးနိုင်တဲ့ ထုတ်ကုန်တွေမှာရေးတဲ့ သင်္ကေတလေးပါ
အကောင်းဆုံးတွေပဲပေးနေကြမို့ အကောင်းစားလေးတစ်ခုပါ
Skincare တွေသုံးနေပြီး sunscreen မသုံးရင်တော့ ၁၀၀% ထိရောက်မှာ မဟုတ်ပါဘူး Sunscreen မသုံးမိရင် မကြာမီ တင်းတိတ်အမဲစက်များမျက်နှာပေါ်ရောက်လာမှာနော်
KB လေးက အဖြူရောင် လိမ်းလိုက်ရင် ပြောင်နေတာမျိုးမဟုတ်ဘဲ moisture concealer foundation effect ပါထည့်သွင်းထားလို့ အသားရောင်လေးမို့ သိပ်သိပ်လေးနဲ့ လှနေမှာပါကျားမ မရွေးသုံးလို့ရပါတယ် မိတ်ကပ်မကြိုက်သူများ Sunscreen ပြီး သနပ်ခါးလိမ်းလို့ရပါတယ်
FDA ရရှိပြီရသားပါ.. Quality Approved
09 976202046
ကိုယ်စားလှယ်ယူလိုသူများလည်း ဆက်သွယ်နိုင်ပါတယ် KB နှင့် အတူကောင်းမွန်သော အနာဂတ်ဆီသို့
ခုအဖြစ်များနေတာ ဂရုစိုက်ကြပါ
‼️ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါ (Eye flu / Pink eye )‼️
👋အခုတလော ကလေးတွေသာမက လူကြီးတွေမှာပါ မျက်စိနာရောဂါတွေဖြစ်နေကြတာတွေ့နေရပါတယ်
🌨️မိုးရာသီ မှာ စိုထိုင်းဆ ရုတ်တရက်မြင့်မားလာတာကြောင့် ရောဂါပိုးမွှားတွေလည်းခေါင်းထောင်လာကြပါတယ်
🦠မိုးရာသီနဲ့အတူ ဝင်ရောက်လာတဲ့ ရောဂါတွေထဲမှာလည်း မျက်စိနာရောဂါက ကူးစက်လွယ်ပြီး အဖြစ်များတဲ့ရောဂါတခုပါ
😵💫မျက်သားရောင်မျက်စိနာရောဂါဆိုတာဘာလဲ ❓
📍မျက်လုံးရဲ့ အတွင်းမျက်လုံးအိမ်ကို ဖုံးအုပ်ထားတဲ့ အဖြူရောင်အလွှာလေးကို Conjuntiva လို့ခေါ်ပါတယ်
📍အဲ့ဒီ အဖြူရောင် conjuntiva နဲ့ မျက်ခွံအတွင်းပိုင်းတွေ နီပြီး ရောင်ရမ်း တာ နာတာ ကို မျက်သားရောင် မျက်စိနာရောဂါ (Pink eye ) လို့ခေါ်ပါတယ်
😵💫မျက်သားရောင်မျက်စိနာ ဘာကြောင့်ဖြစ်သလဲ ❓
🦠အဖြစ်အများဆုံးကတော့ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ကြတာပါ
📍တချို့သောမျက်စိနာရောဂါတွေကတော့ ဓာတ်မတည့်ခြင်း ၊ ပြင်ပမှ အရာဝတ္ထု ဖုန် အမှုံအမွှားများဝင်ရောက်ခြင်း ၊ ဓာတုပစွည်းများနဲ့ထိတွေ့မှုရှိခြင်း စတာတွေကြောင့် မျက်စိနာ တတ်ကြပါတယ်
💥အဓိက ကူးစက်လွယ်တဲ့ မျက်သားရောင်မျက်စိနာအကြောင်း ပြောချင်ပါတယ်💥
🙈ရောဂါလက္ခဏာများ 🙈
💔 မျက်လုံး ရဲ့အဖြူရောင်ရှိသည့် အပိုင်းနီရဲနေခြင်း ( Pink Eye )
💔 မျက်ခွံမျက်သားများရောင်နေခြင်း
💔 မျက်ရည်ယိုခြင်း
💔 မျက်လုံးထဲ သဲဝင်နေသလို ကသိကအောက်ဖြစ်ခြင်း
💔 ယားယံခြင်း ၊ ပူခြင်း ၊ နာခြင်း စတာတွေခံစားရနိုင်ပါတယ်
😫 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်သားရောင်မျက်စိနာခြင်း 😫
💔 အပေါ်က လက္ခဏာတွေအပြင် တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း ချောင်းဆိုးခြင်း အဆစ်အမြစ်ကိုက်ခဲခြင်း ဝမ်းပျက်ခြင်း စတာတွေပါခံစားရနိုင်ပါ
တယ်
💔 စစချင်းတော့ မျက်လုံးတဖက်ကနေစဖြစ်ပြီး ရက်ပိုင်းအတွင်းကျန်တဲ့တဖက်ပါကူးစက်သွားတတ်ပါတယ်
အရည်ကြည်ကဲ့သို့ မျက်ဝတ်ထွက်ခြင်းနဲ့မျက်ရည်ယိုတာ ပိုဖြစ်တတ်ပါတယ်
😩 ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်သားရောင်မျက်စိနာခြင်း😩
💔 သူကတော့အပေါ်ကလက္ခဏာတွေအပြင် မျက်ဝတ်ထွက်တာ ပိုဆိုးတတ်ပါတယ်
💔 ပြည်ကဲ့သို့မျက်ဝတ်များထွက်နိုင်ပြီး မျက်ခွံမှာကပ်နေတဲ့အတွက်မျက်လုံးအဖွင့်အပိတ်ဖို့အတွက် ခက်ပါတယ်
🙀ဘယ်လိုကူးစက်လဲ 🙀
🙊 ရောဂါဖြစ်နေသူနဲ့ တိုက်ရိုက်ထိတွေ့မှုကနေသော်၎င်း၊ အသုံးအဆောင်များမှတဆင့်သော် ၎င်း ၊ ချောင်းဆိုး နှာချေခြင်းမှတဆင့် သော်၎င်း ကူးစက်တတ်ပါတယ်
✅ ကုသမှု ✅
♻️ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါ အများစုက မပြင်းထန်ကြပါဘူး
♻️ ၁ ပတ် ၂ ပတ်အတွင်းသူ့အလိုလိုပြန်ကောင်းသွားတတ်ပါတယ်
♻️ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါအတွက် သင့်တော်တဲ့ပိုးသတ်ဆေး( မျက်စဉ်းခတ်ဆေးအရည် သို့မဟုတ် လိမ်းဆေး )လိုနိုင်ပါတယ်
♻️ ယားယံခြင်း မျက်ရည်ယို ခြင်း အတွက် Cetrizine လိုဆေးမျိုး အသုံးပြုလို့ရပါတယ်
♻️ မျက်လုံးထဲနာကျင်တာအတွက်ပါရာစီတမော သောက်ပေးလို့ရပါတယ်
♻️ မျက်လုံးခြောက်သွေ့ခြင်းအတွက် artificial tears (မျက်ရည်တု မျက်စဉ်းဆေး) များခတ်ပေးလို့ရပါတယ်
♻️ မျက်လုံးရောင်ရမ်း တာသက်သာအောင် အိမ်တွင်းကုထုံးအနေနဲ့ မျက်လုံးမှိတ်ပြီး အပေါ်မှာရေအေးဝတ်ကပ်တာ မျိုးလုပ်ပေးလို့ရပါတယ်
♻️ မျက်စိနာနေတဲ့အချိန် မျက်ကပ်မှန်တပ်နေတဲ့လူဖြစ်ပါက အသုံးပြုတာ ခနရပ်ထားပါ
🏥 ဘယ်အချိန်ဆေးခန်းပြသင့်လဲ 🏥
😖 မျက်လုံး ဆိုးရွားစွာနာလာခြင်း ၊ နီလာခြင်း
🫣 အလင်းဒဏ်မခံနိုင်ခြင်း ၊ အမြင်မှုံဝါးလာခြင်း
😪 ဘက်တီးရီးယားပိုးဟုယူဆသောအခြေအနေတွင်သင့်တော်သောပိုးသတ်ဆေး သုံးပြီး ၂၄ နာရီ ကျော်သည်အထိ မသက်သာလျှင်
🤒 နဂိုကိုယ်ခံအားနည်းနေသောသူများဖြစ်နေလျှင် ( ကင်ဆာဝေဒနာရှင် ၊ HIV လူနာများ )
🧑🦲 မွေးကင်းစကလေးများတွင် မျက်စိနာရောဂါဖြစ်လျှင်
စတဲ့အခြေအနေတွေမှာဆေးရုံဆေးခန်းပြသင့်ပါတယ်
🍀 ကာကွယ်ခြင်း 🍀
🙅♂️ မျက်လုံးကို ခနခနမပွတ်ပါနဲ့ ..
ကောင်းနေတဲ့ဖက်ကိုကူးစက်ဖို့ပိုလွယ်သလို မျက်စိရောင်ခြင်းကိုလည်း ပိုဆိုးစေတတ်ပါတယ်
🙌 မျက်လုံးမကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်း တခြားအရာတွေမထိတွေ့ခင်လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင်သေချာဆေးပါ
🤦♀️ မိမ်ိအနားမှာမျက်စိနာဖြစ်ပွားနေသူရှိပါက လက်ကိုမကြာခနဆေးပါ
လက်မဆေးဘဲ မျက်လုံးနှာခေါင်းပွတ်ခြင်းများမလုပ်ပါနဲ့
🧏♀️ မျက်ဝတ်များ ကို သန့်ရှင်းသော အဝတ် သို့မဟုတ် ဂွမ်း လုံးလေးများဖြင့် သေချာသုတ်ပေးပါ
💁♀️ အသုံးအဆောင်ပစွည်းများမျှဝေသုံးစွဲခြင်းမလုပ်ပါနဲ့
(မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံး ၊မျက်မှန် ၊ မိပ်ကပ်အလှပြင်ပစွည်းများ ၊ မျက်စဉ်းခတ်ဆေးများ )
အချုပ်အားဖြင့် စိတ်ပူစရာမလိုပေမယ့် ကူးစက်လွယ် ကူးစက်မြန်တာကြောင့် သတိပြုဖို့ဖြစ်ပါတယ်
မျက်စိနာခြင်းမှကင်းဝေးကြပါစေ
ကလေးချစ်တဲ့ ကလေးဒေါက်တာ ❤️
အဲဆို ကော်လံပေါ်က နှုတ်ခမ်းနီက ဘယ်ကောင်မလည်း ပြော😒
KB ရဲ့ no.(3) ပဲ ဆိုးခဲ့တယ်
အရောင်လေးတွေ ရှယ်မိုက်
22/09/2023
တရုတ်နိုင်ငံ Guangzhou မှာပြုလုပ်တဲ့ China-ASEAN Young Entrepreneurs Economic & Trade Cooperation Fair မှ KB လေးပါ 💪💘
Myanmar Local Brand KB
14/09/2023
လူကြားထဲမှာ ယုံကြည်မှုနဲ ဆွဲဆောင်မှုအပြည့်လေး
10/09/2023
8500 ကျပ်နက် ဆို ယုံယုံကြည်ကြည် ပြုံးပြလိူ့ရပီ
ကိုယ့်နုတ်ခမ်းကသာ အလှဆုံးဆိုပီး😁😁
ကြိုက်တဲ့ အရောင်ရွေး
06/09/2023
အမညး်စက်ပျောက်ဆေးတွေ ကြိုက်တာဝယ်သုံးလို့ရပါတယ်
ကိုယ်တွေကတော့အမည်းစက်အတွက်ဆို KB ပဲအမြဲသုံးပေးပါတယ်
06/09/2023
Kpay ထဲ ပိုက်ဆံမရှိတော့ဘူး ပထမ ရောက်တဲ့နုတ်ခမ်းနီ ကုန်သွားလို့ ထပ်မှာ ထားရပါပြီ
KB ရဲ့ နုတ်ခမ်းနီ အရောင်လေးတွေ တအားမိုက်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
မုံရွာမြို့
Monywa
