Beauty House

Beauty House

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty House, Health/Beauty, Monywa.

ဂျပန်မိန်းကလေးတွေ ဆန်ဆေးရေကိုသုံးပြီး အရွယ်တင်နုပျိုနေအောင် လုပ်တဲ့နည်း (၆) ခု 11/09/2021

ဂျပန်မိန်းကလေးတွေ ဆန်ဆေးရေကိုသုံးပြီး အရွယ်တင်နုပျိုနေအောင် လုပ်တဲ့နည်း (၆) ခု ဂျပန်နိုင်ငံက ကောင်မလေးတွေနဲ့ အမျိုးသမီးတိုင်းရဲ့ မျက်နှာတွေဟာ အရမ်းကို ဖြူနုဖွေးဥနေတာကြောင့် ကမ္ဘာကျော်...

သုံးရက်အတွင်း ခြေလက်တွေ ဖွေးလာစေချင်တာလား 11/09/2021

သုံးရက်အတွင်း ခြေလက်တွေ ဖွေးလာစေချင်တာလား သုံးရက်အတွင်း ခြေလက်တွေ ဖွေးလာစေချင်တာလား သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာအောင် နှစ်သစ်မှာ ဆေးနည်းသစ်တခ.....

ခန္ဓာကိုယ်မှာ ရေမွှေးအနံ့အကြာကြီးစွဲနေစေဖို့အတွက် ... 08/08/2021

ခန္ဓာကိုယ်မှာ ရေမွှေးအနံ့အကြာကြီးစွဲနေစေဖို့အတွက် ... ခန္ဓာကိုယ်မှာ ရေမွှေးအနံ့အကြာကြီးစွဲနေစေဖို့အတွက် ရေမွှေးအနံ့က ခန္ဓာကိုယ်မှာ အကြာကြီးစွဲမနေဘဲ မြန်မြန်အ....

ဇတ်ကြောတတ်တတ်သူများအတွက်ငွေမကုန်ပဲပျောက်မယ့်အိမ်တွင်းနည်းလမ်းများ - စုံလင္သုတအိမ္ရွင္ 05/08/2021

ဇတ်ကြောတတ်တတ်သူများအတွက်ငွေမကုန်ပဲပျောက်မယ့်အိမ်တွင်းနည်းလမ်းများ - စုံလင္သုတအိမ္ရွင္ စစ်တမ်းများအရလူတွေရဲ့၁၀ရာခိုင်နှုန်းမှာဇက်ကြောတက်ခြင်းဖြစ်ပေါ်နေတတ်ပြီး၆၅ရာခိုင်နှုန်းကျော်လောက်ကဘဝမ...

အကုန်အကျနည်းပြီး ကိုယ်တိုင်လုပ်နိုင်တဲ့ ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတ 11/05/2021

အကုန်အကျနည်းပြီး ကိုယ်တိုင်လုပ်နိုင်တဲ့ ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတ သင်သိပါသလား? ဆန်ပြုတ်ဆိုတာ စားဖို့ပဲမဟုတ်ဘူး စကွင်းကဲလို့လည်း ရတယ်ဆိုတာ…ဒီတစ်ပါတ်ရဲ့ topic ကတော့ “ဆန်နဲ့ မျက်....

အဆီပြန်တဲ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈)မျိုး - Thar Thar Lay 10/05/2021

အဆီပြန်တဲ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈)မျိုး - Thar Thar Lay အဆီပြန်တဲ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈)မျိုး (၁) ကြက်ဥအကာ ကြက်ဥအကာမှာ ပါဝင်တဲ့ ဗီတာ...

အသက် (၃၀) ဝန်းကျင်အရွယ်မှာလည်း နုပျိုလှပနေစေဖို့ ဒါလေးတွေလုပ်ပါ - Mega Wave 22/04/2021

အသက် (၃၀) ဝန်းကျင်အရွယ်မှာလည်း နုပျိုလှပနေစေဖို့ ဒါလေးတွေလုပ်ပါ - Mega Wave Zaw Gyi အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည် ဘယ်လောက်ပဲ အသက်တွေရလာပါစေ။ လူတိုင်း လှချင်ကြပါတယ်။ နုပျိုနေသူတစ်ေ....

လူတစ်ရာမှာ တစ်ယောက်သာ လုပ်တတ်တဲ့ ချမ်းသာစေမယ့် နည်းဗျူဟာ(၇)ခု” 10/04/2021

လူတစ်ရာမှာ တစ်ယောက်သာ လုပ်တတ်တဲ့ ချမ်းသာစေမယ့် နည်းဗျူဟာ(၇)ခု” Unicode လူချမ်းသာတွေက ပိုပြီးချမ်းသာလာတတ်ကြပါတယ်။ ဆင်းရဲသူတွေကလည်း ပိုပြီးဆင်းရဲလာကြပါတယ်။ ဒီလို အမြဲဖြစ်နေတ.....

06/04/2021

"အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့်ခေါင်းလျှော်နည်း"

အပူငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက ပြောချင်တယ်။ ရေကို စနစ်တကျ သုံးပါလို့ ပြောချင်တယ်။ ရေဟာ ဘာကို ငြိမ်းစေသလဲ။ အပူကို ငြိမ်းစေတာပါ။ ရေကို အထင်မသေးလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။

ရှေးအခါက ပြောခဲ့တဲ့ စကားလုံးတစ်လုံးကို ဆရာကြီးက အခုဒီမေးခွန်းတွေ ပြန်ဖြေရင်း ပြန်ဖြေရင်းနှင့် တန်ဖိုး ပိုထားတတ်လာတယ်။ ဒီစကားလေးနော်။ ဟယ် .. ရေတိမ်မှာ နစ်တာပဲလို့ ပြောတယ်နော်။ ရေတိမ်မှာ နစ်တယ်ဆိုတာ တကယ်တမ်းတော့ တင်စားပြီးပြောတာ။ ရေတိမ်မှာ နစ်တယ်ဆိုတော့ ဘယ်သေနိုင်ပါ့မလဲ။ ဥပမာ - ခြောက်လက်မလောက်ရှိတဲ့ လေးလက်မလောက်ရှိတဲ့ ရေတိမ်လေးထဲ နစ်လို့တော့ မသေနိုင်ပါဘူး။

ပြောချင်တဲ့အနှစ်သာရက ကိုယ့်အိမ်ထဲမှာ ရှိတဲ့ရေကို စနစ်တကျ မသုံးစွဲတတ်တာ။ စနစ်တကျ မသောက်တတ်တာ။ စနစ်တကျ မချိုးတတ်တာ။ ဒါကြောင့် အလကား
ရတဲ့ရေကို တန်ဖိုးနည်းတယ်ဆိုပြီး တန်ဖိုးလျှော့မတွက်ပါနှင့်။ တန်ဖိုးကို ချမတွက်ပါနှင့်။ အသုံးတည့်အောင် သုံးပေးပါလို့ ပြောချင်ပါတယ်။


ဘယ်လို သုံးရမယ်လဲဆိုတာလေး ပြောချင်တယ်နော်။ ဒါလေးက ် … “မသိရင် ကျယ်ပါတယ်။ သိရင် လွယ်ပါတယ်။ မသိသူက ကျော်သွားတာ၊ သိသူက ဖော်စားတာပေါ့။” ဒါလေးတော့ ညွှန်းပြောချင်တယ်နော်။ “ရေမှ တစ်ပါး ဆေးမရှိ” လို့ ။ အဲဒီရေကို ဘယ်လို သုံးရမှာလည်းလို့မေးရင် ရေချိုးနည်းလေး ပြောပြပါမယ်။

ရေချိုးနည်း
------------

ရေမချိုးခင် ရေကို ပါးစပ်ထဲမှာ ငုံမယ်။ ပြန်ထွေး ထုတ်မယ်။ ဘာတွေ ပါသွားမယ်ထင်လဲ။ အပူတွေပါသွားမယ်။ ပြီးရင် လက်ခုပ်ထဲမှာ ရေလေး ထည့်မယ်။ မျက်လုံးလေးကို အဲဒီလက်ခုပ်ထဲမှာ ကျင်းပေးမယ်။ မှိတ်လိုက် ဖွင့်လိုက်ပေါ့။ မျက်လုံးထဲက အပူတွေ ပါသွားမယ်။ အပူတွေရော၊ အညစ်အကြေး ဖုန်တွေရော ပါသွားမှာပေါ့နော်။
သေချာခံစားကြည့်ရင် ရေကို ငုံပြီးတော့ ကိုယ့်ရဲ့လက်မောင်းတစ်နေရာ ပြန်ထွေးကြည့်လိုက်။ နည်းနည်းလေး ပူတယ်။ အဲဒါက ဘယ်ကပါလာတာလဲ… ခံတွင်းထဲက။ ဒါဆိုရင် ဒီလိုလေး လုပ်တာနဲ့ကို ဒေါ်ထွေးကြည်ရဲ့ ငယ်ထိပ် မခံမရပ်နိုင်အောင် ပူတယ်ဆိုတာ ပိုဆိုးသွားစရာ အကြောင်းရှိလား။ မုချ သက်သာသွားနိုင်သလား။ သက်သာသွားမှာပါ။ သာမန် သက်သာသွားမှာလား။ မုချ သက်သာသွားမှာလား၊ မုချ သက်သာသွားမှာပါ။ အကုန်အကျများလား။ မများပါဘူးနော်။

အဲဒါလေးကို ပြီးပြီဆိုတော့မှ လက်ခုပ်ထဲ ရေလေးထည့်ပြီး နှာခေါင်းလေးထဲကို အသာလေးမော့ပြီး ထည့်လိုက်။ နှာသီးဆိုတာ နှာခေါင်းရဲ့ သုံးပုံနှစ်ပုံလောက်မှာ ရှိတယ်။ ဆိတ်ခွာ ပုံသဏ္ဌာန် ရှိတယ်။ အဲဒါလေး ထိပြီဆို မွှန်ထူသွားတာပဲ။ ပူနေတာကိုး။ ပူနေတဲ့ အိုးတစ်အိုးကို ရေနှင့် ပတ်ကြည့်။ ရှဲခနဲဆို ပူသွားတယ်။ ရေလေးသွင်း၊ တစ်ခါ ပြန်ညှစ်ထုတ် (၅)ကြိမ်စီလောက်၊ ပါးစပ်ကလည်း ငုံမယ်။ နှာခေါင်းကိုလည်း ရေလေးထည့်မယ့်။ မျက်စိကိုလည်း ရေနဲ့ ပုတ်ခတ်၊ ပုတ်ခတ် လုပ်မယ်။ ပြီးရင် နားထဲတော့ ရေသွားမထည့်နဲ့နော်။ နားထဲမှာ နားအုံ ရှိတယ်။ နားအုံကို ရေလေးနှင့် နည်းနည်းဆွတ်ပေးမယ်။ အဲသလို လုပ်ခြင်းအားဖြင့် အပူတွေ လျော့နေပြီ။


ဒါတွေပြီးလို့ ခန္ဓာကိုယ်ကို ရေလောင်းတော့မယ်ဆိုလည်း အရမ်းမလောင်းလိုက်ပါနဲ့။ စနစ်တကျ ဘယ်ခြေထောက်ကို ရေအရင်လောင်းကြည့်ပါ။ ပြီးရင် ညာဘက်လက်ကို လောင်းပါ။ ဘယ်ခြေညာလက် လောင်းတာကလည်းပဲ နောင်အခွင့်သာရင် အကျယ်ပြောမယ်နော်။ လောင်းတာချင်းအတူတူ အဲသလို လောင်းကြည့်ရင် အပူ သိသိသာသာ လျော့စေပါတယ်။

ဥပမာ- အပူချိန် ( ၁၀၃ - ၁၀၄ ) လောက်ဖြစ်လို့ တက်တော့မယ့်ကလေးလည်း ဘာမှ မလုပ်နှင့်။ သနပ်ခါးရေကျဲကျဲလေးကိုသာ ဘယ်ခြေ၊ ညာလက် နှစ်ကျော့လောက် လိမ်းကြည့်လိုက်။ အလိုလို အပူချိန်က ငြိမ်ပြီး ကျလာမယ်။ သွေးသိပ်တိုးနေတဲ့သူ ဘာဆေးမှ မသောက်နဲ့။ ဘယ်ခြေ၊ ညာလက်ကို ရေလေးလောင်းပြီးတော့ သနပ်ခါးသာ လိမ်းကြည့်လိုက်။ ပြန်ပြီး တိုင်းကြည့်လိုက်ပါ။ ဒါက ဆရာကြီးတို့ စာအတွေ့ကြုံရော၊ ဘဝအတွေ့ကြုံရော၊ ကုထုံးအတွေ့အကြုံရော ပေါင်းစပ်ပြောနေတာလို့ တလေးတနက် ဒေါ်ထွေးကြည် နားလည်စေချင်တယ်နော်။


အခုက ဘာအကြောင်းပြောနေလဲဆို ရေအသုံးအကြောင်း ပြောနေတာနော်။ သူ့ရဲ့ အပူတွေငြိမ်းဖို့အတွက်ပါ။ ပြီးတော့မှ ဖြည်းဖြည်းလေးချင်း လက်ဖျား၊ တံတောင်ဆစ်၊ လက်မောင်း၊ ခြေအစွန်၊ တံတောင်ဆစ် အဲသလို အေးအေးဆေးဆေးနဲ့ ရေလောင်းပြီး ချိုးပေးလို့ရှိရင် ဒေါ်ထွေးကြည်ရဲ့ ကျန်းမာရေးဟာ ရေမှ တစ်ပါး ဆေးမရှိပါဘူးလို့ အဲဒီအပူကို လျော့ချင်ပါတယ်ဆိုရင် မေးခွန်းတစ်ခု လှမ်းမေးကြည့်ချင်တယ်။ ငယ်ငယ်က ငရုတ်သီးထောင်းလို့ မျက်စိထဲ ဝင်သွားရင် အမေ (သို့ ) အဒေါ်ရေ . . . သား/သမီး တော့ မျက်စိထဲ ငရုတ်သီးဝင်သွားပြီဆိုရင် အမေတို့၊ အဒေါ်တို့ ဘယ်ကို ရေလောင်းခိုင်းလဲ။ ခြေမကို ရေလောင်းခိုင်းတယ်။ သိပ်ကို အဓိပ္ပာယ်ရှိတယ်။

အပူရဲ့သဘာဝက လျှောက်သွားတယ်၊ စီးသွားတယ်၊ ဟတ်သွားတယ်။ အခြေခံ ရူပဗေဒသိပ္ပံဘာသာအရ အပူတွေဟာ တစ်နေရာကနေ တစ်နေရာကို လျှောက်တယ်၊ စီးတယ်၊ ဟတ်တယ်ပေါ့။ ဥပမာ - မီးပုံရှိတယ်။ ခမ်းလှမ်းလှမ်းမှာ ထိုင်နေရင်တောင် လာဟတ်နေတာ။ ရေနွေးအိုးတစ်အိုး မီးပူပေးထားရင် တည်စက ရေကို လက်ညှိးလေး ထောက်ကြည့်။ လုံးဝ မပူဘူး။ တော်တော်ကြာရင် ရေက အပူစီးလာတယ်။ ဟိုး . . . ခပ်လှမ်းလှမ်းမှာ ဆယ်ပေလောက်သံချောင်းကြီး အဖျားတစ်ဖက်ကို မီးပုံထဲ ထည့်ထားမယ်။ ကြာရင် အပူကဘယ်ရောက်လာလဲ။ ဒီဘက်ထိပ်အထိ စီးလာတယ်။ အပူစီးလာတာ။ အပူ လျှောက်လာတာ။


ကိုယ့်မှာ အရိုးတွေ ရှိတယ်။ သွေးတွေ အသားတွေ ရှိတယ်။ အရိုးတွေထဲ အပူလျှောက်လာမယ်။ သွေးတွေ သားတွေထဲ အပူစီးလာမယ်။ ဒါကြောင့်မို့ ခြေထောက်ကို ရေလောင်းလိုက်ရင် အပေါ်ကပူတာ သက်သာမယ်။ ဒါအပူတွေ အောက်ကို ဆင်းတာ။ မေးခွန်းလေးက မခံမရပ်နိုင်အောင် ပူနေတာဆိုတော့ အဲဒီအပူတွေ အောက်ကို တစ်ချက်လှည့်ပေးရမှာပေါ့နော်။

ခေါင်းလျှော်နည်း
----------------

ရေချိုးတာနှင့် ခေါင်းလျှော်တာအပေါ်မှာ တစ်ခုသတိထားရပါမယ်။ ခေါင်းလျှော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနှင့်။ ရေချိုးပြီးမှ ခေါင်းလျှော်ပါ။ နောက်တစ်ခုက ရေချိုးခါနီးလေးမှာ ခြေဖဝါးကို ဆားပွတ်ပြီးမှ ရေချိုးပါလို့ ပြောချင်ပါတယ်။ ဆားက ဘာလဲဆို အပူစုပ်တယ်။

ရေခဲမုန့်လုပ်တဲ့သူတွေဆိုရင် အပြင်မှာ ဆလင်ဒါကြီးတစ်ခု ရေခဲတွေ။ အတွင်း ဆလင်ဒါကြီးတစ်ခုထဲမှာတော့ ရေခဲမုန့်တွေပေါ့။ ဆလင်ဒါဆိုတာ အိုးကြီးနှစ်ခုပေါ့။ အတွင်းဆလင်ဒါကို ကလိကလှည့်နှင့် လှည့်ပေးတဲ့အခါ စလင်ဒါနှစ်ခုကြားက ရေခဲတွေ ချက်ချင်းပျော်တာပေါ့။ ပူတာကိုး။ အဲဒီတော့ အဲဒီအပူကို စုပ်နိုင်မှ ရေခဲချက်ချင်း မပျော်မှာမို့ ရေခဲပေါ် ဆားလေးတင်လိုက်တယ်။ ရေခဲပေါ် ဆားတင်လိုက်ရင် မပျော်တော့ဘူး။ ထွက်သမျှအပူ ဆားကစုပ်ယူတာကိုး။

အဲဒီဥပမာကို ယူသောအားဖြင့် ဆားနဲ့ ခြေဖဝါးကို ပွတ်ရင် အပူ ဘယ်ကိုလာစုလဲ။ အောက်ဘက်ခြေဖဝါးကို လာစုတာပေါ့။ အခိုးတွေ အောက်ကို လှည့်သွားတာပေါ့။ အဲဒီအခါ ဒေါ်ထွေးကြည် သိပ်ကိုခံစားနေရတဲ့ ငယ်ထိပ်အပူဆိုတာဟာ ပိုက်ဆံဘယ်လောက်ကုန်သလဲ။ မကုန်ပါဘူးနော်။ အကုန်အကျမများဘဲနဲ့ အခြေခံအစုံရမယ့် ကျန်းမာရေးပါလို့။ နည်းနည်းလေး နားကြီးကြီးနှင့် နားထောင်ကြည့်ပါ။ အကုန်အကျမများဘဲနဲ့ တစ်မျိုးသာလုံးကျန်းမာရေး၊ တစ်မျိုးသားလုံး ဒီလို ရေကိုသာ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် လူတွေရဲ့ ကျန်းမာရေးဟာ ပိုမိုကောင်းမွန်လာမှာပါ။

ဒါကြောင့်မို့လို့ ရှေးအခါက ဆရာကြီးတစ်ပါးပြောခဲ့တဲ့ စကားလုံးလေးကို ဘာသာပြန်လိုက်တာ။ နောင်သောအခါမှာ အပူတွေများတဲ့ခေတ်ကိုရောက်ရင် ရေမှ တစ်ပါး ဆေးမရှိဘူးတဲ့။

ရေကို တစ်နေ့ကို သာမန်ဖန်ခွက် ( ၅ ) ခွက်ကနေ ( ၇ )ခွက်လောက်ထိ သောက်မယ်။ ရေကို စနစ်တကျ ချိုးမယ်။ ရေကို ငုံမယ်ဆိုရင် အပူအကြောင်းခံပြီးဖြစ်နေတဲ့ရောဂါတွေ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်မှာပါလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အစာဝ၊ အနာကင်း၊ ဘယာရှင်း - ကြပါစေ။

ဆရာကြီးဦးရန်အောင်

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address


Monywa