Real-life by Zaw

Real-life by Zaw

Share

Real-life by Zaw

Photos from Real-life by Zaw's post 27/12/2025

NIKE ✓
1 for 30% OFF - 2 for 50% OFF. ဆိုတော့ကာ
ခုချိန်မှာဝယ်ထားသင့်ပါတယ်... 🤔
Air Max ကို S$60 to 80 လောက်နဲ့ စီးနိုင်မယ်ဆိုတော့ကာာာ Must Buy ပါလို့စ်...

❤️ Real-life by Zaw ❤️

Photos from Real-life by Zaw's post 14/08/2025

ကိုယ့်ရဲ့အားနည်းချက်‌ကို လူတွေထောက်ပြ ပြောဆိုတဲ့အခါ ကိုယ့်ကိုကိုယ် confidence loss တဲ့ ခံစားချက်က
စိတ်ထဲမှာ မသက်မသာ အရမ်းဖြစ်မိပါတယ်......

ပြုံးရီလိုက်ရင် မပြုံးရဲ... သွားပေါ်အောင်မရီရဲ အောင် ဖြစ်ရပါတယ်......

Bangkok ရောက်တုံး......
Dental clinic ကို ကျနော် တည်း တဲ့ Hotel အနီးအနား ပတ်ဝန်ကျင်မှာမေးပြီး ကောင်းတဲ့ Dental clinic တစ်ခုကို ရွေးဖြစ်ခဲ့ပါတယ်....

Appointment ကိုတော့ နောက်ဆုံး ပြန်ခံနီးမနက်ကို
ယူထားလိုက်ပါတယ်....

အဓိကအကြောင်းအရာက cleaning လုပ်ပြီးရင်
ဘာမှမစားနိုင်မသောက်နိုင်ဖြစ်မှာကြောက်လို့ပါ...
ကိုယ်ကလည်း ကိုယ်စားချင်တဲ့ အစားအသောက်
မစားရရင် စိတ်က ပျော်မနေဘူးရယ်....
အာ့မို့ စိတ်ပျော်‌အောင်လည်း ထားရသေးတယ်...😁

ဘန်ကောက်ကိုလာတဲ့အကြောင်းအရင်းတစ်ခုက
သွားမှာ ကျောက်တွေထူနေတာရယ်... Cleaning လုပ်ချင်တာရယ်ကြောင့်လည်း လာပြီးလုပ်ဖြစ်ခဲ့တာပါ....

Cleaning Fee က B500-1500 သွားရဲ့အ‌ခြေအနေ ပေါ်မူတည်ပြီးတောင်းတာပါ....
ကျနော်ကတော့ B2000 ပေးခဲ့ရပါတယ်...
(အဲ့တာဆို သိလိုက်တော့ ကိုယ့်သွားက ဘယ်လောက်အခြေအနေ ဆိုးနေပြီလဲဆိုတာ...🤭)
ကျနော့် သွား‌ပေါ်က ကျောက်တွေ ဘယ်လောက်ထူလာသလဲဆိုရင် အပြင်ကလူတောင် သတိထားမိတယ်....

ဆရာဝန်မက cleaning လုပ်ပေးတော့ ကျောက်တွေ ကွာ ကျလာတာ အားရချက်....
လှချင်တော့လည်း ကျိတ်မှိတ်ပြီးခံရတော့တာပါပဲ.....
🤭😂

ဆေးခန်းက သန့်ရှင်းသပ်ရပ်နေတာမို့ စိတ်ကျေနပ်မှုတော့ရခဲ့ပါတယ်....

တော်သေးတယ် ပြန်ခံနီးမှ လုပ်မိခဲ့လို့
သွားတွေ ကျိန်းနေတယ် ဆိုတာ ရေ သောက်ရင်လည်းကျိန်း နောက်ဆုံး လေ ရှုလိုက်ရင်ကိုတောင် ကျိန်းနေ‌သေးတာာ......
လေဆိပ်ရောက်မှစားမဲ့ ခိုင်ခိုင်ကျော်ထမင်းဆိုင်က
ထမင်းနဲ့ဟင်းကို ပါဆယ်ရအောင်ဆွဲ လာပြီး
ကျိန်း နေတဲ့ ကြားက ရအောင်မျို ချခဲ့ပါသေးတယ်...🤭😁😂

Dental clinic နာမည်က: Bright Smile 😀
Pratunam (ပတူနန်) Indian square mall ရှေ့ မျက်စောင်းထိုးလေးတင်ပါ.....
Open hours: 10:00am to 8:00pm ပါ
Daily ဖွင့်တယ်လို့တော့ပြောပါတယ်...

တကယ်တန်းကတော့ သွားသန့်ရှင်း‌ရေး & ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်...
စလုံးမှာကလည်း ဈေးများတာကြောင့်
ဘန်ကောက်ရောက်တုံး လမ်းမကြုံလည်း ကြုံအောင်သွားပြီး လုပ်စရာရှိတာတွေကို ပေါင်းပြီး လုပ်ဖြစ်သွားတဲ့သဘောပါ....
6 လ တစ်ကြိမ်လောက်တော့ သန့်ရှင်းရေးကို လုပ်သင့်ပါတယ်တဲ့.......

ဒီတစ်ခါထဲနဲ့တင် စလန်တနေပါပြီ....🤔
လှချင်ရင်တော့လည်း ဆက်လုပ်ရမှာပါပဲ..... 🤭

❤️ Real-life by Zaw ❤️

Photos from Real-life by Zaw's post 14/08/2025

လိုင်းပေါ်မှာ နာမည်ကြီးပြီး အစ်ကို တစ်ယောက် sharing လုပ်ပေးတဲ့ BOC Medical Clinic အကြောင်းလေး sharing အရင် လုပ်ပေးပါ့မယ်...

BOC medical clinic မှာ လုပ်ထားတဲ့ medical checkup results လေးလည်းရလာခဲ့ပါပြီ......

ဆေးခန်း‌က အစိုးရကနေဖွင့်ထားပေးတဲ့ clinic မို့ အပြင်က ပုဂ္ဂလိက ဆေးခန်းထက် ဈေးအများကြီး သက်သာပါတယ်.....
မြို့အစွန်က ဆေးခန်းမို့ ကုန်ကျစာရိတ်အများကြီးသက်သာတာလဲ....ပါဝင်မယ်ထင်ပါတယ်....
(ရန်ကုန် နဲ့ လှည်းကူး ခရီးစဉ်လောက်တော့ရှိမှာပါ)

ကျနော်လည်း ဘယ်လိုတွေရှိလဲ သိရအောင် သွားစစ်ကြည့်လိုက်ပါတယ်....

ဘယ်သူ လာလာ စစ်ပေးပါတယ်......
အလည် visa သမားတွေကိုလည်း Passport စာအုပ်ရှိရုံနဲ့လည်း စမ်းသပ်ပေးပါတယ်......
Medical checkup program တွေထဲကမှ
Platinum လေးရွေးစစ်ခဲ့ပါတယ်....

မနက် ၁၀ နာရီလောက်ရောက်သွားခဲ့ပြီး
လူရှင်းနေတော့ ချက်ချင်းဝင်ပြီး စတင်စစ်ဆေးခွင့်ရခဲ့ပါတယ်...

ဆေးခန်းက nurse တွေ ကလည်း စိတ်ရှည်ပြီး သဘော အရမ်း ...အရမ်း ကောင်းကြပြီး
အပြုံးလေးတွေနဲ့ ဖော်ရွေပါတယ်....
(တကယ်ဖြစ်တဲ့ လူနာဆို ရောဂါတစ်ဝက် သက်သာပါတယ်)

ကိုယ်တွေက foreigner တွေဖြစ်နေရင်လည်း
Phone Translater တွေ သုံးပြီး စိတ်ရှည်စွာနဲ့
ပြောပြ... ရှင်းပြကြတယ်...
တစ်ခုခု လုပ်မယ်ဆို ဖုန်းလေး ယူလာပြီး ပြေးပြေးပြတာ........
လွှဲ ချော်သွားရင်လည်း
ကိုယ်လည်း ရီ သူတို့လဲ ရီပေါ့.....

မြန်မာပြည်က ဟာတွေနဲ့တော့ကွာပါတယ်
အော်မယ်...ဟောက်မယ်...ငေါက်မယ်နဲ့......
(တချို့သော သူတွေမပါဝင်ပါ)

ဆေးစစ်ရင် သူတို့ လုပ်စရာတွေကိုတစ်ခုပြီးလုပ်ပေးပါတယ်.... နောက်တစ်ခုလုပ်တော့မယ်ဆိုရင် ဖုန်းလေးနဲ့ လာပြတယ် နောက် စစ်ရမှာက ဘာအတွက်ပါ ဘယ်လိုစစ်ပါ့မယ်ဆိုပြီး.... ဖုန်းလေးနဲ့ သူတို့ အရင်အသံသွင်း
ပြီးရင် သူတို့ဖုန်းလေးပြလိုက်နဲ့ အဆင်တွေကိုပြေနေတာပါပဲ....
(ပြောပြချင်တာက မြန်မာပြည်ကမို့ တခြားဘာသာစကားမတတ်လဲ ကိုယ့်ကိုကိုယ် အားမငယ်ပါနဲ့ ၊ မကြောက်ပါနဲ့. ၊ သူတို့ကတောင် စိတ်ရှည်ရှည်နဲ့
ကူညီပေးနေတာပါပဲ.... )

ဆရာဝန်နဲ့တွေ့ဖို့ စောင့်နေချိန်မှာလဲ မုန့် နဲ့ အချိုရည် လာပေးပါတယ်.....

ဆရာဝန်ကလည်း စိတ်ရှည်ပါတယ်...
English လိုပြောတတ်လား...
မြန်မာဘာသာပြန်ပေးရမလား.....
အဖြေကို ဘယ်လို ပေးရမလဲ....
အဖြေကို မြန်မာဘာသာ နဲ့ ယူချင်လား
စသည်ဖြင့် မေးမြန်းပြောဆိုပြီး ဖြစ်နိုင်မဲ့ လက္ခဏာတွေကို ရှင်းပြပါတယ်....

မနက် ၁၀နာရီ လောက်က စတင်စစ်တာ မိနစ်30 လောက်ပဲ ကြာပါတယ်....
ဆေးစစ်တဲ့ medical Lab result က ညနေ 6 pm
မှရတာမို့ ကျနော့်ဆီ ည 8 နာရီဆို အဖြေရပါတယ်...

ကျနော်ဆေးစစ်ချက်အ‌ဖြေ မှာ....
Lipid profile ( သွေးတွင်း good cholesterol HDL 40mg/dl & Bed cholesterol LDL 84mg/dl) ဖြစ်နေတော့.......
မကောင်းတဲ့ bed cholesterol က၂ ဆကျော်ဖြစ်နေတယ်......
နီးစပ်ရာ ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးပြသပါတဲ့....

အချိန်ပေးနိုင်ရင်တော့ ရတဲ့ အဖြေကို နောက်နေ့ မနက် BOC က ဆရာဝန်နဲ့ ပြန်ပြပြီး
ဆေးယူ ဆေးသောက် တွေ လုပ်လို့ရပါတယ်....
ကျနော်တို့ကလည်းအချိန်မပေးနိုင်တော့ email သို့ Line က နေ ပဲ results ကို လက်ခံယူခဲ့ပါတယ်.....

ဘယ်လိုသွားမလဲဆိုရင်......
ကျနော်က တစ်ယောက်ထဲမို့ public transportation နဲ့ပဲသွားဖြစ်ပါတယ်...

လိပ်စာ....
BTS အစိမ်းလိုင်း Khu Khot station အဆုံးထိစီးပြီး
Exit A က ဆင်း အောက်မှာ bus ကားဂိတ်နဲ့ &
ဆိုင်ကယ် ကယ်ရီ ရှိတယ်....
တစ်ယောက်ထဲဆို ဆိုင်ကယ် ကယ်ရီ စီးသွားပါ....
5 မိနစ်လောက်ဆို ရောက်ပါပြီ.....
ကုန်ကျငွေက .....
ပတူနန်း ( Pratunam ) Ratchathewi ==> Khu Khot (62B),
Khu Khot ==> BOC medical clinic (50B),
BOC Medical clinic ==> Khu Khot BTS station (40B)
Khu Khot BTS station==> Ratchathewi station (62B)
Total (214B) လမ်းစာရိတ်ပါ..
Medical checkup:2500B
အားလုံးပေါင်း : 2714B ပဲကျပါတယ်....

ထိုင်းမှာနေတဲ့သူတွေ နဲ့ စကားပြောကြည့်တော့
တန်တယ်တဲ့.....

အဲ့တော့အလည်လာရင်း လမ်းကြုံရင် ဝင်စစ်ကြည့်ကြပါလို့....

နောက်နေ့မှာ dental clinic မှာ cleaning လုပ်ဖြစ်တဲ့ အကြောင်း ထပ်ပြောပြပါ့မယ်.....
ကျေးဇူးတင်ပါခင်ဗျာ....

❤️ Real-life by Zaw❤️

Photos from Real-life by Zaw's post 29/10/2023

* အရောင်း post မဟုတ်ပါ ကြိုက်လို့ မျှဝေပေးတာပါ.....*

My friend : Bro.... ဘာရေမွေး သုံးတာလဲ ...

Me: ...........
(တစ်နေ့တစ်မျိုးသုံးနေတာမို့ ဒီနေ့ ဘာ perfume သုံးလိုက်မှန်းတောင် မကြည့်လိုက်မိဘူး...)

Branded perfume (authentic) တွေ လည်းသုံးချင်တယ်...
ငွေလည်းမသုံးနိုင်ဘူး၊ မသုံးချင်ရင်တော့ (Budget) အဖြစ်အသုံးပြုနိုင်တဲ့ Inspired perfumes
🤎 Suvanna 🤎 & 🩵 Myst 🩵 ကို သုံးကြည့်ပါ....
ကျွန်တော်ကတော့ ရေမွှေးကို တစ်မျိုးထဲကြာကြာစွတ်လိုက်ရင်
အနံ့ကရင်ပြီး ကိုယ့်စွတ်ထားတဲ့ ရေမွှေးနံ့မရရင် မကြိုက်တာမို့ အနံ့အများကြီးဝယ်ထားပြီး လှည့်ပတ်သုံးပါတယ်......

အရင် ဝယ်မသုံးနိုင်တဲ့ အချိန် ကဆို body spray မပြောနဲ့
ပေါင်တာနဲ့ Rollon တောင် နပ်မှန်အောင် မသုံးနိုင်ပါဘူး.......
ကိုယ့်ငွေ ကိုယ်ရှာသုံးနိုင်တဲ့အချိန်မှာတော့ အများကြီးဝယ်ပါတယ်......ဖြုန်းတာမဟုတ်ပါဘူး....ကိုယ်လည်းငွေရှာနိုင်တဲ့အချိန်
ကိုယ့်အကြိုက်ဆုံး perfume တွေကိုရှာဖွေနေတဲ့အချိန်မို့ ဝယ်သုံးဖြစ်ပါတယ် ကြော်ငြာတွေက ဘာအနံ့ ကောင်းပါတယ်ပြောလည်း
တစ်ဦးနဲ့ တစ်ဦးက အကြိုက်မတူတာမို့....ကိုယ်တိုင်သုံးကြည့်ကြပါလို့...30ml မသုံးချင်ရင်လည်း 5 ml လေးတွေ သုံးကြည့်လို့ရပါတယ်ခင်ဗျာ.....

ငယ်တဲ့ အချိန်မှာ ဂျော်စော်မနော်ဖို့.....& အသက်ကြီးတဲ့အချိန်မှာ အော်နော်မနော်ဖို့ ရေမွှေးလေးတွေကိုသုံးသင့်ပါတယ်.......

ကိုယ့်ဆီက Perfume လက်ဆောင်ရဖူးတဲ့သူဆို ဂုဏ်ယူလိုက်ပါ......ကံကောင်းတဲ့ သူများဖြစ်နေလို့ပါ....... 😁

ခုလက်ရှိ Mood on နေတဲ့ အနံ့.......
အပြင်သွားရင်တော့ GUCCI BAMBOO ....
ချွေးထွက်များတဲ့အချိန် workouts ချိန်ဆိုရင် Homme Sport..
အလုပ်သွားအလုပ်ပြန်ကတော့ ကြုံရာလှည့်သုံးနေချိန် မို့....
(ကောင်းတဲ့ အနံ့လေးကိုရှာဖွေသုံးနေတုံးပါ၊ စမ်းသုံးနေသုံးပါ)......
ဝယ်ထားတဲ့အနံ့ လေးလည်း အကုန်မသုံးရသေးတာမို့...
ကောင်းတဲ့ရနံ့ လေးတွေဆိုလည်း comment မှာအကြံပေးပါအုံးနော်..... ဝယ်သုံးချင်ရင်တော့...👇
🩵 Myst 🩵
https://www.facebook.com/mystperfume?mibextid=ZbWKwL

🤎 Suvanna 🤎
https://www.facebook.com/suvannarangoon?mibextid=ZbWKwL

ကျေးဇူးတင်ပါတယ်ခင်ဗျာ... ❤️ Real-life by Zaw ❤️

16/04/2023

နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသောအချိန်...
မြန်မာ့နှစ်သစ်ကူး‌အချိန်မှစ၍ အားလုံးလည်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ....
စီးပွားရေးများလည်းအဆင်ပြေကြပါစေ...
လိုအင်ဆန္ဒများလည်းပြည့်ဝကြပါစေ....
မရှိစကားမကြားရသောသူများလည်းဖြစ်ပါစေ....
စိတ်တွင်တောင်းတလိုက်တိုင်း အရာရာပြီးပြည့်စုံ သော
သူများလည်းဖြစ်ကြပါစေ......
မြန်မာနိုင်ငံကြီးလည်း အမြန်ဆုံးနေကောင်းကျန်းမာပြီး
အမြန်ဆုံးအေးချမ်းပါစေ....
ရန်သူမျိုးငါးပါး... မကောင်းသောရန်...မကောင်းသောဘေးမှ
ကင်းဝေးကြပါစေ.... မချစ်မနှစ်သက်သောသူများနှင့်နေရတဲ့
ဒုက္ခမှ ကင်းဝေးပါစေ....... မိသားစုနှင့်ဝေးရသောဒုက္ခ.....
ချစ်နှစ်သက်သော သူများနှင့်အမြန်ဆုံးအတူတူ
ယှဉ်တွဲမြင်ရပါစေ.....ပေါင်းစည်းနေနိုင်ပါစေ...
ဝဋ်ကြွေးရှိခဲ့ပါလျှင် လည်း ဒီမျှနှင့်သာကျေပါစေ......
လို့ဆုမွန်ကောင်းတောင်းပေးပါတယ်..🙏🙏🙏🙏🙏

❤️ Real-life by Zaw ❤️

03/03/2023

အားလုံးပဲ မင်္ဂလာပါ....
Mind power.......
(စိတ်စွမ်းအား သို့မဟုတ် ဆုတောင်းပြည့်ခြင်း ) ...အကြောင်းကို
ပြောပြချင်ပါတယ်.......

ကိုယ့်မှာစိတ်စွမ်းအားရှိခြင်း၊ဆုတောင်းပြည့်ခြင်းဆိုတာ အတိတ်က ကုသိုလ်ကံနဲ့ ဆိုင်သလို.......
ယခုလက်ရှိ ကိုယ်လုပ်နေတဲ့ ကိုယ့်ရဲ့ အမူအကျင့်နှင့် လည်းအများကြီးဆိုင်ပါတယ်.....
Mind power ရှိတိုင်း သူတစ်ပါးအကျိုးပျက်စီးစေမဲ့
ပြောစကားမျိုး(ကျိန်စာ) မလုပ်ရပါဘူး....
ကိုယ့်အတွက်ကိုယ်သုံးပါ.... လောဘကြီးလို့မရပါဘူး..... ကိုယ့်စိတ်ကိုတင်းတိမ်ရောက်ရဲပြီး ဖြစ်ချင်တာကို တောင်းတလိုက်ပါ..
တချို့အရာတွေက အကျိုးအကြောင်းတိုက်ဆိုင်တဲ့အခါ ချက်ချင်း ပြည့်တတ်ပြီး တချို့အရာတွေကတော့ အချိန်ကာလတစ်ခုထိကြာနေတတ်ပါတယ်.... ဆုတောင်းမပြည့်ရကောင်းလားဆိုပြီးတော့လည်းကိုယ့်ရဲ့စိတ်ကိုပူလောင်ခံနေလို့မရပါဘူး.......
စိတ်စွမ်းအားပြည့်အောင် ဘာတွေလုပ် ရမလဲ....
စိတ်ကိုရှင်းအောင်ထားပါ....
ငါးပါးသီလဆောက်တည်ပါ
(မိမိတို့ဘာသာ အလျှောက်ဘုရားအဆုံးအမခံယူပါ)....
(မင်္ဂလာသုပ်နဲ့ မေတ္တာသုပ်)ကိုအမြဲဖွင့်ပြီးတရားနာကြားပါ....
ရွတ်ဖတ်ပါ၊တရားထိုင်ခြင်း၊သတိကပ်ပြီးအမှတ်နဲ့အလုပ်လုပ်ခြင်း....စိတ်ရှုတ်စရာ၊ စိတ်ညစ်စရာတွေ ကြုံရရင်တောင်
အမြန်ဆုံး ဖယ်ရှားရှင်းလင်းပစ်ပါ......
စိတ်စွမ်းအင်အသုံးပြုတာကြာလာတဲ့အခါ.....
အတိတ်နမိတ်ပုံရိပ်တွေကြိုတင်မြင်တွေ့ကြုံရပါလိမ့်မယ်......
❤️ Real-life by Zaw ❤️
ကျိန်စာ အကြောင်း ဆက်ရန်ရှိသေးသည်...မျှော်.....
(အတွေးတူပြီးကြိုက်နှစ်သက်လို့ ဗဟုသုတ တစ်ခုခုရခဲ့ရင်တော့ Like & Share လုပ်ပေးနိုင်ပါတယ်ခင်ဗျာ...... ကျေးဇူးပါ🙏)

Photos from Real-life by Zaw's post 15/01/2023

အားလုံးပဲ မင်္ဂလာပါ......
အားလုံးစောင့်မျှော်နေကြတဲ့ Bangkok ရောက်ရင်
ဘယ်မှာတည်းမလဲ၊ ဘယ်တွေ သွားလည်သင့်လဲ...
အဲ့ဒီထဲကမှ ကျွန်တော်လေ့လာထားတာနဲ့ လည်သင့်တဲ့‌နေရာ‌လေးတွေကိုသိသလောက်ဖော်ပြပေးပါ့မယ်..
မသိသေးသောသူများအတွက်ပါ......
တချို့ခရီးစဉ်ကို Agency တော်တော်များများက
package တွေလုပ်ထားပေးကြပါတယ်....
Agency တွေမှာ‌သေချာ စုံစမ်းရင် ကိုယ့်ရဲ့ခရီးသွား
Plan တွေကအဆင်ပြေမှာအမှန်ပါ....

# ကျွန်တော် ကတော့တည်းမဲ့နေရာကို
မြို့ထဲဘက်ကို ရွေးစေချင်ပါတယ်...
ကျွန်တော်ရဲ့ recommend ပေးပါ ဆိုရင်တော့... Pratunam (ပတူနန်) ကိုရွေးပါတယ်.....

Pratunam market ( အဝတ်အစားလက္ကားဒိုင်အများဆုံးရှိ)၊ Pratunam Night market ၊
CentralWorld ၊ Platinum fashion mall၊ မြန်မာစားသောက်ဆိုင် ပုဂံမြေ စသည်ဖြင့်အများကြီးရှိသလို မြန်မာတွေအများဆုံးနေကြတဲ့နေရာလည်းဖြစ်ပါတယ်....
လေဆိပ်ကနေလဲ ရထား၊ bus ကား တစ်ဆင့်တည်းစီးရင်လည်းရောက်တာမို့အဆင်ပြေပါတယ်....

လည်ပတ်ရန်နေရာများ....
ကျွန်တော့်အနေနဲ့ သွားကိုသွားလည်သင့်ပြီး
Recommend ပေးတာပါ...ကျွန်တော်ကိုယ်တိုင်လည်း မရောက်ခဲ့တာတွေရှိ‌သေးတာမလို့ နောက်တစ်ခါမိသားစုနဲ့သွားလည်ရအောင် စာရင်းပြုစုထားတာပါ.....
🌟= 5 Star ပါ (လည်ကိုလည်ပတ်သင့်ပါတယ်)
⭐= 3 Star ပါ ( အချိန်ရတဲ့အခါ လည်ပါ၊ ပိုက်ဆံနည်းနည်း‌ပိုသုံးနိုင်ရင်လည်ပါ)

ကျွန်တော်ကလည်း အခြေခံလူတန်းစားမို့ မသိသေးသူများအတွက်နဲ့ လည်ပတ်သင့်တဲ့နေရာတွေကိုသာ
ဦးစားပေးဖော်ပြလိုက်ပါတယ်....

Bangkok ကနေ တစ်နေ့တာခရီးတွေဖြစ်ပါတယ်...
# မြဘုရားအပါအဝင် ဘုရားကိုးဆူ......🌟
# Wat Maniwong (နဂါးသိုက်ဘုရား).....🌟
# Muang Boram ပြတိုက်.....🌟
(ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုလက်ရာများရှိပြီး ကမ္ဘာ့အကြီးဆုံးရှေးဟောင်းပြတိုက်ကြီး)
*ဓာတ်ပုံရိုက်ရင်အရမ်းလှ*
# အယုဒ္ဓယ နေ့ချင်းပြန်....🌟
# ကန်ချနာပူရီ နေ့ချင်းပြန်....🌟
# Khao Yoi ( ခေါက်ရိုင်) နေ့ချင်းပြန်....🌟
# Hua Him နေ့ချင်းပြန်....🌟
(ဟွာဟင်းရဲ့ Venice မြို့ကလေး Venezia)
# Burmese market Bang Bon (ဘန်ဘော)...🌟
# မဟာချိုင်ဈေး(မြန်မာတွေအများဆုံးရှိ).....🌟
& Maeklong market (ရထားသံလမ်းပေါ်ကဈေး)
& Amphawa floating market (ရေပေါ်ဈေး)
# Dream world Bangkok ( ကစားကွင်း)⭐
# Pattaya နေ့ချင်းပြန်.....🌟
(အချိန်ရရင်တော့ ညအိပ်တည်းသင့်ပါတယ်)
Agency က Package တွေရှိပါတယ်....
# Nang Nooch Garden....🌟🌟🌟🌟🌟
# Art in paradise....⭐
# Frost Magical ice of Siam ...⭐
# Alcazar (Lady Boy show) ...⭐
# Ramayana water park.....⭐
# Under Water World Pattaya...⭐
# Sea life Bangkok ocean world...⭐
# Dinner Cruise.....🌟🌟🌟🌟🌟
(ကျောက်ဖိရား မြစ်ထဲမှာ buffet စားပြီး ညအလှကိုခံစားကြပြီးဓာတ်ပုံလှလှလေးတွေရိုက်ကြမယ်၊ရှုစားကြမယ်၊ ချစ်သူစုံတွဲတွေ သွားကိုသွားသင့်ပါတယ်)
*CHAO PHRAYA PRINCE CRUISE(B900 ကျော်)
*WHITE ORCHID CRUISE (B900ကျော်)
*GRAND PEARL CRUISE (B1000 ကျော် )
ကလေးဈေးနှုန်းကသက်သက်ရှိပါတယ်....
(လက်မှတ်ဝယ်တဲ့အခါမှာအစားအသောက်ကောင်းတဲ့ company ကို‌ရွေးပေးပါလို့ပြောကြပါ၊
ခရီးလမ်းကြောင်းက‌တော့ အတူတူပါပဲ)
ICONSIAM ရှေ့မှာသွားစီးရပါတယ်.....
# Night market....🌟
(နေရာတော်တော်များများရှိပေမဲ့ နာမည်ကြီးတဲ့နေရာတွေကိုသာရွေးလည်ကြပါ)

Puket (ဖူးကစ်) ဖူးခက် မှာလည်း လည်ပတ်စရာ
Package တွေအရမ်းများပါတယ်...🌟

Chiang Mai (ချိုင်းမိုင်) ချင်းမိုင် မှာလည်း လည်ပတ်စရာ Package တွေများပါတယ်....🌟
လိုက်ပို့ပေးမဲ့ ကားဆရာတွေကလည်း လမ်းကြောင်းနဲ့ သွားချင်တဲ့ နေရာတွေကိုရွေးခိုင်းပြီး ဘယ်‌နေရ။က နာမည်ကြီးတယ်၊လှတယ်ဆိုပြီးရွေးပြီးလိုက်ပို့
ပေးပါတယ်...
🛑မှတ်ချက် 🛑
ကားစီးလုံးငှားပြီးလည်ပတ်ရင်တော့မြို့တွင်း tour လား... မြို့ပြင်၊နယ်ဝေးလားဆိုတာပြောပြီးငှားကြပါလို့ အကြံပြုပါတယ်...ဈေးနှုန်းတွေမတူကြလို့ပါ..
ကိုယ်ငှားတာက မြို့တွင်းဆို မြို့ပြင်ထွက်ရင်တော့ changed ထပ်ပေါင်းပေးရပါမယ်...

ကျန်တဲ့တခြားလည်ပတ်စရာတွေလည်းအများကြီးရှိပါသေးတယ်.... Photos တွေမှာလည်းကြည့်နိုင်ပါတယ်.....အားလုံးလည်းအဆင်ပြေကြပါစေ.....
ကောင်းတဲ့နေရာလေးတွေရှိရင်လည်း comments မှာမျှဝေပေးခဲ့ကြပါခင်ဗျာ....
အဆုံးထိဖတ်ပေးလို့လည်းကျေးဇူးပါခင်ဗျာ.....
❤️ Real-Life By Zaw ❤️
(အတွေးတူပြီးကြိုက်နှစ်သက်လို့ ဗဟုသုတ တစ်ခုခုရခဲ့ရင်တော့ Like & Share လုပ်ပေးနိုင်ပါတယ်ခင်ဗျာ...... ကျေးဇူးပါ🙏)
တချို့ Photos တွေက internet ကရှာရတာမို့ # Crdပေးပါတယ်

Photos from Real-life by Zaw's post 09/01/2023

ထိုင်းနိုင်ငံကို အလည်သွားရင်ဘာတွေလိုအပ်သလဲ..
# Passport စာအုပ်သက်တမ်း ၆လ လက်ကျန်ရှိပါစေ
#ဆိုက်ရောက် ဗီဇာ (Entry Visa or Arrival Visa)
(ယခင် 14 ရက် ယခု 45 ရက်) ပေးနေပါပြီ
45 ရက်နှင့် အထက်ဆို ထိုင်းသံရုံးမှာ ဗီဇာ သွားလျှောက်ပါ...
#အသွားအပြန်လေယာဉ်လက်မှတ်
#ထိုင်းငွေB20000 (ဘတ် ၂ သောင်း) show money
US$ 500 လည်းရပါတယ်...နော်
ကိုယ့်ဘဏ်ထဲကဟာကိုပြလို့မရပါဘူး... ကိုင်သွားရပါမယ်...
#ဟော်တယ်ဘိုကင် (Hotel Booking )
(ကိုယ်နေမဲ့ရက်ရဲ့ bookingအကုန်ပြရပါတယ်
၃ညအိပ်၄ရက်ခရီးဆို hotel 3ညအတွက်bookingပါ)
# COVID ဆေးထိုးပြီးကြောင်းစာရွက်
(မြန်မာလိုဆို နိုတြီ (Notary) ပြန်ထားပါ)
🛑(အခုနောက်ပိုင်းပြခိုင်းနေပါပြီ)🛑
# COVID အတွက် Insurance ဝယ်စရာမလိုဘူး
လို့သိရပါတယ်...
(မြန်မာနိုင်ငံမှ အလည်အပတ်လာသူများမလို)

ပထမဆုံး သွားမဲ့သူများအတွက်သာ sharing လုပ်ပေးတာပါ...အသေးစိတ်ပြောပြပေးပါ့မယ်....

#လေယာဉ်ဆိုက်လို့ဘယ်သွားရမယ်မှန်းမသိရင်
ကိုယ့်လေယာဉ်ကပါလာတဲ့သူတွေနောက် လိုက်သွားပါ..... Arrivals ( immigration ) ဖြတ်ပြီးမှ အားလုံးကအပြင်ထွက်ရမှာပါ..စိတ်မပူနဲ့ လိုက်သာသွားပါ....

#🛂 Foreign Passport ဆိုတဲ့ နေရာမှာ တန်းစီလိုက်ပါ.....
(မကြောက်ပါနဲ့ ကိုယ်ဟာ သူတို့ နိုင်ငံကို
အလည်လာတာမို့ ချေမိုးပြီးနေပါ....)

Passport နဲ့ Hotel booking & လေယာဉ်လက်မှတ်ကိုသာ အတူတကွပေးလိုက်ပါ...
(COVID ဆေးထိုးတဲ့ စာရွက်ကလိုအပ်မှတောင်းပါလိမ့်မယ်...)
(Show money 💵 လည်းလိုအပ်မှ တောင်းပါလိမ့်မယ်...)
ကိုယ်က စိတ်ပူတတ်သူဆို ဘာမှမပြောချင်ရင်
ယူလာသမျှစာရွက်သာပေးလိုက်ပါ့...
(သူ့ဘာသာလိုအပ်တာရှာပါလိမ့်မယ်)😁

ပြီးရင်တော့ Immigration officer က ‌လက်ဗွေနှိပ်ပြီး၊ ဓာတ်ပုံရိုက်ပါလိမ့်မယ်...
( ‌ကိုယ့်ရှေ့ tablet (TV အပြား‌သေးလေး) က ပြတဲ့ပုံအတိုင်းလိုက်လုပ်ရုံပါပဲ)
မသိရင် International language (လက်ဟန်တွေနဲ့ပြပါလိမ့်မယ်😀)
သေချာစစ်ပြီး ပေးလိုက်တဲ့စာရွက်တွေအကုန်ပြန်ယူလာပါ....

ပြီးရင်တော့ Baggage 🛄 ပါရင်သွားရွေးပါ...
အိတ်တွေမပါရင်တော့ အပြင်ကိုတန်းထွက်လို့ရပါပြီ
Exit ဆိုတာရှာထွက်ရုံပါပဲ....


အပြင်ဆိုင်တန်းတွေမှာ ဆင်းကဒ်တွေရောင်းပါတယ်... Service အရမ်းကောင်း ပုံတွေပြပါလိမ့်မယ်....ဘယ် plan လိုချင်လဲ မေးပါလိမ့်မယ်...
Passport, ဖုန်း နဲ့ ပိုက်ဆံပေးလိုက်ရုံပါပဲ....
(လူများရင်တော့ နည်းနည်းကြာပါတယ်)
SIM ကဒ် ဆိုရင် AIS (အစိမ်းရောင်)5G ကို recommend ပေးပါတယ် .. ကျွန်းတွေသွားရင်တောင်မိပါတယ်..လိုင်းကောင်းပါတယ်)
(15 ရက်အကြိုက်သုံးကို ဘတ် 800 ကျော်ပဲပေးရပါတယ်)
Plan အမျိုးအစား ၃ မျိုး ‌၄ မျိုး လောက်ရှိပါတယ်....

#ငွေလဲကောင်တာ....
ငွေကိုကိုယ့်‌နေတဲ့ နိုင်ငံ ကနေပဲ လဲသွားပါ....
ဟိုရောက်မှာ လိုသလောက်ထပ်လဲရင်လည်းရပါတယ်...
လေဆိပ် တွေကသိတဲ့အတိုင်း ဈေးနှိမ်ပါတယ်.....
(ခရီးသွားရာသီမိုးအကုန်ဆို ထိုင်းဘတ်ရဲ့တန်ဖိုးက တက်ပါတယ်)
ထိုင်းသွားဖို့အစီအစဉ်ရှိရင်တော့ ဈေးသက်သာတဲ့အချိန် ကြိုတင်လဲပြီးပြင်ဆင်ထားပါ......

or Bus or Train
အပြင်ရောက်လို့ ကိုယ်နေတဲ့ hotel သွားချင်ရင်
Taxi or Bus or Train ကြိုက်တာနဲ့သွားလို့ရပါတယ်... Bus & Train က တော့သိတဲ့အတိုင်း ဈေးသက်သာပါတယ်
B30 ကနေ B100 အောက်တွေပဲကုန်ပါတယ်...
Taxi ဆိုရင်တော့ 150 ,200 လောက်ကနေစပါလိမ့်မယ်...(ခရီးအကွာအဝေးပေါ်မူတည်ပါတယ်)
လေဆိပ်ကနေစီးရင်တော့ B50 အပိုပေးရတယ်လို့ပြောပါတယ်... 150ခရီး + 50 ဆိုတော့ B200 ကျပါတယ်......
လူများရင်တော့ Taxi စီးပါ....
Grab ကနေ ခေါ်ရင်တော့ ဈေးမှန်ပါတယ် ( B50 လည်း အပိုကြေးပေးစရာမလိုပါဘူး.. ကျွန်တော့်ကိုတော့မယူပါဘူး...ကျွန်တော် Grab စီးတာပါ..အဆင်ပြေပါတယ်...

check-in က 2pm ဆိုတာမမေ့နဲ့နော်....
ကဲ ... Hotel ရောက် ရင်တော့ ခေါင်းမေ့၊ရင်ကော့၊
ချေမိုးပြီး Hotel ပေါ်တက်ပြီးအိပ်နိုင်ပါပြီလို့စ်စ်......
ကိုယ်ကသူတို့နိုင်ငံ အလည်လာသူမို့ ချေမိုးနိုင်ပါတယ်... ချေမိုးနေရမယ်...ချေမိုးနိုင်ကြပါစေ.....
အားလုံး အဆင်ပြေကြပါစေ Thanks You ခပ် 🙏..
ဘယ် Hotel‌ တွေရွေးမလဲ....ဘယ်နေရာတည်းသင့်လဲ......ဘယ်တွေသွားလည်ရမလဲ.....ဘယ်တွေသွားလည်သင့်လဲဆိုတာ.....
ပြောပြပေးပါ့မယ်.......မျှော်.........
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်........
❤️ Real-Life By Zaw ❤️

(အတွေးတူပြီးကြိုက်နှစ်သက်လို့ ဗဟုသုတ တစ်ခုခုရခဲ့ရင်တော့ Like & Share လုပ်ပေးနိုင်ပါတယ်ခင်ဗျာ...... ကျေးဇူးပါ🙏)

Photos from Real-life by Zaw's post 08/01/2023

" စိတ်တွေပင်ပန်းနွမ်းနယ်‌နေရင် ခရီးထွက်ပါ..."

ခရီးတစ်ခုထွက်တော့မယ်ဆို အလုပ်တစ်ဖက် နဲ့ ခရီးထွက်ဖို့ပြင်ဆင်ရတာရယ် အစီအစဉ်ဆွဲရတာနဲ့
ဟိုရောက်ရင်ဘာတွေဝတ်ရမလဲ၊ ဘယ်တွေသွားရမလဲဆိုပြီး..... စိတ်ပူအပင်ပန်းခံ‌နေမဲ့အစား...
လိုအပ်တဲ့ Hotel booking...Tour package...
လိုအပ်ချက်အားလုံးကို.....စိတ်ချယုံကြည်ရတဲ့
Agency နှင့်ချိတ်ဆက်လုပ်ဆောင်သင့်ပါတယ်....
ကိုယ်လိုချင်တဲ့ခရီးစဉ်အားလုံးကိုပြောထားပြီး
စီစဉ်ခိုင်းလိုက်ပါ... တချို့ ‌Hotel တွေက ကိုယ်တိုင် booking လုပ်တာထက် Agency တွေ booking လုပ်တာက ပိုသက်သာနေတတ်ပါတယ်...

ထိုင်းနိုင်ငံအတွက် ယုံကြည်စိတ်ချရပြီး စိတ်ချမ်းသာမှုအပြည့်အဝရစေမဲ့ agent... & Guide အမ ချောချောလေးတစ်ယောက်နဲ့
မိတ်ဆက်ပေးပါရစေ...100% စိတ်ကျေနပ်မှုရရှိမှာအမှန်ပါ....
#မနေခြည်
#ဆက်သွယ်လို့ရမဲ့ဖုန်း....
0959751117778 (Viber)
0959758858380(LINE)
+66637602448 (Thai phone)
ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး
English & တရုတ် ဘာသာစကားအတွက်လည်း
အဆင်ပြေပါတယ်....
ကိုဇော်မင်းထွန်း မိတ်ဆွေပါဆိုပြီး ပြောလိုက်ရင်တော့...
ပြောစရာမလိုအောင် အဆင်ပြေမှာအမှန်ပါ....
ထိုင်း နိုင်ငံကိုလည်ဖို့အစီအစဉ်ရှိတယ်
ဘယ်လို အချိန်သွားလည်သင့်လဲ.....
ဘယ်တွေလည်ရမလဲ.....သိချင်ရင်ပဲဖြစ်ဖြစ်...
Guide ခေါ် ချင်လို့ပဲဖြစ်ဖြစ်... Hotel booking အတွက်ပဲဖြစ်ဖြစ်... ဘယ်တွေလည်ပတ်ရမလဲဆိုပြီးစဉ်းစားနေရင်တော့....
သိလိုသမျှကို ပြန်လည်ဖြေကြားပေးပါလိမ့်မယ်....
အမြန်သာဆက်သွယ်လိုက်ပါခင်ဗျာ.....
အဆုံးထိဖတ်ပေးလို့လဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ..
❤️ Real-Life By Zaw ❤️
Remark: ကျွန်တော်က review တွေရေးရင်
page တစ်ခုမှာအက်မင်တွေနဲ့ personal ပြောရတာအဆင်ပြေလို့ Company & page ကို support လုပ်ပေးတာပါ...ခုက personal ကို support လုပ်ပေးတာပါ.....
ထိုင်းနိုင်ငံကိုလည်ပတ်ရန်အတွက် ဘာတွေလိုအပ်လဲ
ဘယ်တွေသွားလည်သင့်လဲဆိုတာ သိချင်သူများအတွက် အသေးစိတ်ကို ထပ်ဖော်ပြပေးပါ့မယ်..မျှော်

Photos from Real-life by Zaw's post 03/01/2023

အောင်မြင်မှုမှန်သမျှလိုချင်သူများ နှင့် ချစ်ခြင်းမေတ္တာအတွက်ရရချင်သူများဆုတောင်းကြပါနော်..... Bangkok ရောက်ရင်တော့ CentralWorld အရှေ့ မှာရှိပါတယ်....
Real-Life By Zaw

Want your business to be the top-listed Beauty Salon in Mudon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mudon