Thwe Authentic Skincare & Cosmestics Collections
Authentic Beauty collection products လေးတွေ တစ်နေရာထဲမှာ စုံလင်စွာ ရနိုင်ပါတယ်နော် 🎉
08/10/2025
𝐋𝐚 𝐯𝐢𝐞 𝐞𝐬𝐭 လေးက 𝟓𝐦𝐥 - 𝐢𝐧𝐬𝐭𝐨𝐜𝐤
𝐈𝐝𝐨𝐥𝐞 လေးက 𝟏𝟎𝟎 𝐦𝐥 - 𝐢𝐧𝐬𝐭𝐨𝐜𝐤 ရနော် 🥰🥰
Lancôme ရဲ့ အကြည်ဓာတ်နှင့် အနွေးဓာတ် လေး။
Idôle က modern , clean , soft , elegant ဆိုရင်
La vie est Belle က sweet , warm , rich , feminine ပေါ့
နေ့ဖက်တွေ ၊ ပူတဲ့ ရာသီဆို Idôle ကို ဆွတ်တယ်။
ညဖက်တွေ ၊ အေးတဲ့ ရာသီဆို La vie est Belle ကို ဆွတ်ရတာ ကောင်းတယ် ။
ဒါနဲ့ ဘယ်တစ်ခုက အနံ့ပိုကြာကြာခံပြီး ဘေးလူတွေပါ အနံ့ရမယ့် ပြန့်လွှင့်မှု ကောင်းမယ်ထင်လဲ ???
08/10/2025
𝐈𝐧𝐬𝐭𝐨𝐜𝐤 - ရပါမယ်နော်😍😍
[REVIEW] DR. DENNIS GROSS - ALPHA BETA EXTRA STRENGTH DAILY PEEL
Western brand skincare တွေသုံးနေကျမဟုတ်တဲ့ဖူးပွင့်ကို သုံးကြည့်စမ်းပါဆိုပြီးတော့ Fragrance Valley က အမက ဖူးပွင့်မွေးနေ့တုန်းက ကိုယ့်ဖာသာလက်ဆောင်ပြန်ပေးတဲ့ palette အော်ဒါနဲ့ထည့်ပေးလိုက်တာ အခုမှသုံးဖြစ်တယ်။
Overall ပြောရရင်တော့ AHA BHA peel ပါပဲ။ အဲ့ဒါကိုသူက သုံးရတာလွယ်အောင် cotton/ strong tissue sheet နဲ့ထည့်ထားပြီးတော့ 2 steps လုပ်ထားတာပေါ့။ 1st step ကတော့ exfoliate လုပ်ပေးတာ 2nd step ကတော့ neutralizer ပေါ့။ သူ့ AHA BHA ကနည်းနည်းလေး strong ဖြစ်တဲ့ဘက်သွားလို့မျက်နှာပေါ်ဆက်ထားရင် pH balance ပျက်မှာစိုးလို့ ပြန်ပြီးတော့ချိန်ညှိပေးတဲ့ solution ကိုစိမ်ထားတဲ့ cotton/ strong tissue sheet ပေါ့။
ဘာကောင်းလဲဆိုတော့ AHA BHA exfoliate လုပ်ပြီးရင်ရေဆေးချရတဲ့ကရိကထကင်းသွားတာပေါ့။ ဒါကိုသုံးပြီးတာနဲ့ serum လိမ်းပြီးတော့ moisturiser လိမ်းလိုက်ရုံပဲမို့လို့အဆင်ပြေတယ်လို့ပြောလို့ရတယ်။
သုံးပြီးနောက်နေ့ကျရင် မျက်နှာက smooooth ဖြစ်သွားတာကိုသဘောကျတယ်။ ကိုင်လိုက်ရင်ချောသွားတာကသဘောကျဖို့ကောင်းတယ်။ ဒါသုံးပြီးနောက်နေ့မိတ်ကပ်လိမ်းကြည့်ရင်မိတ်ကပ်သားပိုစွဲသလိုခံစားရတယ်။ Special event ရှိရင်ဒါကိုကြိုသုံးထားသင့်တယ်။ ပြီးတော့ acne scar အညိုရောင် အနက်ရောင်တွေရှိတယ်၊ brightening serum တွေလည်းမသုံးချင်ဘူး western brand တွေကိုလည်းသဘောကျရင် ဒီတစ်ခုကို recommend လုပ်တယ်။
Brand ကတော့ daily သုံးလို့ရတယ်ပြောပေမယ့် ဖူးပွင့်ကတော့ သုံးရက်ခြားတစ်ခါလောက်ပဲသုံးတာပိုကောင်းမယ်လို့မြင်တယ်။ AHA BHA နဲ့မတည့်တဲ့သူတွေတော့မသုံးနဲ့နော်။ တချို့က အဲ့ဒါ allergy ရှိလို့။
Exfoliate လုပ်ပေးတဲ့ product အကောင်းတွေကြိုက်တတ်ရင်ဒီတစ်ခုကို try ကြည့်သင့်တယ်။ သူကတစ်လစာဘူးလိုက်လာတာပေမယ့် Fragrance Valley ကအမကတော့ စမ်းသုံးလို့ရအောင်ခွဲရောင်းပေးတယ်။
ဈေးတော့သေချာမသိလို့ဆိုင်ကိုပဲသွားမေးကြည့်လိုက်နော်။
Where to buy - Fragrance Valley
See you in the next post.
Stay healthy. Stay safe.
Love,
Rosie
Disclaimer - Gifted with my purchase. Not sponsored to make a post.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mudon
