Let's Shop

Let's Shop

Share

100% Authentic BKK🇹🇭, KOREA🇰🇷, UK🇬🇧 Quality ရှိသော ပစ္စည်းများသာ ရောင်းချပေးပါတယ်ရှင့် ❤️❤️❤️

Photos from Let's Shop's post 20/01/2022

Simple Micellar Cleansing Water 💦💦(200ml)

💸 Price 13000 ks
💯 𝐔𝐊 𝐈𝐦𝐩𝐨𝐫𝐭 🇬🇧

တစ်နေ့တာ မိတ်ကပ်တွေ Skincare တွေ လိမ်းထားပြီးရင် Micellar Water နဲ့ ပြန်ဖျက်ဖို့ မမေ့နဲ့နော် 😘

Miceller သုံးတာနဲ့ မသုံးတာ တော်တော်ကွာပါတယ်... Skin ကောင်းဖို့အတွက် Cleansing က အဓိကပါနော်

လှပကျော့ရှင်းတဲ့ မျက်နှာတစ်ခုရဖို့ Cleansing က ဘယ်လောက် အရေးပါတယ်ထင်လဲ 🤷🏻‍♀️🤷🏻‍♀️⁉️

ကိုယ်သုံးနေတဲ့ Skincareတွေ ထိရောက်ဖို့ဆို Cleansing သေချာလုပ်ဖို့ လိုပါတယ်...

သူက 💯% ရေဓာတ်ပြန်ဖြည့်နိုင်ပြီး No Hash Chemical & Alcohol Free မို့ ဘယ်အသားအရေမဆို စိတ်ချလက်ချသုံးလို့ရပါတယ် 🍀

ဝက်ခြံ အဆီဖုရှိတဲ့သူတွေ သုံးရင်လည်း အဲ့အဖုလေးတွေ ချပ်သွားတယ်တဲ့

သူရဲ့ထူးခြားချက်က ဖုန်မှုန့် လေထုထဲက အညစ်အကြေးတွေ Make Up တွေ သာမက Eye Shadow, Eye Liner, Mascara တွေလိမ်းထားတဲ့ Smoky Eye တွေ Matte Lipstick တွေပါ တစ်ခါတည်း သန့်စင်ပေးတယ်

✔️Review ကောင်းကောင်း၊
✔️Quality ကောင်းကောင်း
အကောင်းဆုံးထဲက အကောင်းဆုံး Sensitive Skin သမားတွေပါ အသုံးပြုနိုင်တဲ့ UK No.1 Best seller Simple Micellar Cleansing water လေးပါရှင့်

အခုလိုရာသီချိန် ရေဓာတ်အပြည့်ဝပေးပီး Moisture များတဲ့ Skincare Product တွေ သုံးပေးခြင်းဖြင့် ကြည်လင် လှပတဲ့ အသားရေ ကိုပိုင်ဆိုင်နိုင်ကြပါစေရှင့် 💞💞💞


Crd

20/01/2022

💦Laneige water sleeping mask-15ml
(orginal)💦

😚 blogger တွေအသည်းစွဲ sleeping mask

😚အချိန်ကုန်ခံပြီးsheetmaskမသုံးချင်ဘူး မသုံဒဖြစ်ဘူး ဆိုရင် ဒီ water sleeping mask လေးကိုညွှန်းပါတယ်

🌸ရေဓာတ်ဖြည့်ဝပေးခြင်း
🌸ချွေးပေါက်ကျင်းခြင်း
🌸အသားအရေကြည်လင်ခြင်း
🌸ဗီတာမင်ဖြည့်စွက်ပေးခြင်း
🌸အသားအရည်ညစ်နွမ်းခြင်းကို
ထိရောက်စွာသက်သာပျောက်ကင်းစေခြင်းစတဲ့ အာနိသင်တွေ တပုံကြီးကောင်းတဲ့ best sellerလေးရ်ှိပါတယ်နော်✌🏻

ညဘက်လိမ်းအိပ်ပေးရုံနဲ့ အသားရည်အတွက် လိုအပ်တဲ့Moisture နဲ့ ရေဓာတ်ကိုဖြည့်ပေးပါတယ်❗

အသားရေကိုအားဖြည့်ပေးပြီး ပျက်စီးနေတဲ့အသားရေကို ညဘက်တွင် ပြန်လည်ပြုပြင်ပေးခြင်းအသားရေကို နူးညံ့ကြည်လင်လာခြင်းDead cells များ လျော့ပါးလာစေတယ်နော်😍

💜တပတ်ကို၃ကြိမ်သုံးလောက်သုံးပေးတာနဲ့သိသိသာသာအသားကြည်လင်လာမှာဖြစ်ပါတယ်ရှင်.😍

အမျိုးသားများလဲသုံးစွဲနိုင်ပါတယ်❣

ဘယ်လိုသုံးမလဲ 👇

👉😴ညဘက်မျက်နာသစ်ပြီး skin careရဲ့ နောက်ဆုံးအဆင့်မှာ maskလေးကိုလိမ်းနိုင်သလို သူတစ်ခုထဲကိုပဲ တန်းလိမ်းပေးလဲရပါတယ်✌🏻

🌤မနက်ကျမှမိမိနှစ်သက်တဲ့သုံးနေကျ မျက်နှာသစ်ဆပ်ပြာနဲ့ရေဆေးချပေးပါ

💙Review တွေဖတ်ချင်ရင်👇
👉Pann Sabal
https://www.facebook.com/114661156862186/posts/398486061813026/
👉Shwe Yee Blogs
https://www.facebook.com/105331654407019/posts/369219914684857/
👉Myanmar Beauty Review Gp
https://m.facebook.com/groups/487748755386722/permalink/1073608766800715/
👉BAH gp
https://m.facebook.com/groups/429287540977711/permalink/801832603723201/
The Shine Society ✨
https://www.facebook.com/108097909846822/posts/848576085798997/

Direct from Korea🇰🇷
💯Authentic

💸 Price. .5000ks

📣 တညအတွင်း မှိန်ပြီးမဲနေတဲ့မျက်နှာကို ပြန်ကယ်တင်ပေးနိုင်မဲ့ Sleeping Mask
Sleeping mask မှာ စံပယ်အကြိုက်ဆုံး sleeping mask /night mask ဘဲ
ကြိုက်လွန်းလို့လဲ sleep mask/nite mask ဆိုလို့ သူတစ်မျိူးတည်းကိုဘဲသူမှသူ သစ္စာရှိရှိဆွဲဆွဲမြဲမြဲသုံးတယ် ခုထိလဲသုံးဆဲဘဲ
သူကအဓိက မျက်နှာအစိုဓါတ်ဖြည့်ပေးတာ တညလိမ်ပြီးအိပ်လိုက်ရုံနဲ့ မနက်မိုးလင်းလာရင် မျက်နှာက ရေဓါတ်ပြည့်ပြီး တင်းတင်းရင်းရင်းလေးဖြစ်တယ် ။
sleep mask အသားက အေးအေးလေးဆိုတော့ လိမ်းပြီးရင် relax ဖြစ်စေ တယ် ။အိပ်ပျော်ရလွယ်စေတယ်။
မျက်နှာ အသားရေကိုပိုကျန်းမာစေတယ် ။allergic ဖြစ်တာမျိူးဘဲဖြစ်ဖြစ် နီပြီးယောင်တာမျိူးဘဲဖြစ်ဖြစ်သူ့ကိုလိမ်းထားပေးရင် ၁-၂ ရက်နေသိသိသာသာ သတ်သာခဲ့တယ်။
မျက်နှာကြည်စေတယ် /စင်စေတယ်/ရေဓါတ် ဖြည့်ပေးတယ်/ Relax ဖြစ်ပြီး အိပ်ပျော်လွယ်စေတယ်။
sleeping mask မှာ သမိုင်းသွင်း ရောင်းအားအကောင်းဆုံး သူကြိုက်အများဆုံး sleeping mask လေး
သူကို try ကြည့်ဘူးတဲ့သူတိုင်း မကြိုက်တာမရှိဘူး
အသားရေတိုင်းနဲ့လဲအဆင်ပြေတယ်
တော်တော်များများလဲ သုံးဘူးပြီး တော်တော်များများလဲကြိုက်ကြမယ်လို့ထင်တယ်
ဘယ်သူတွေ ဘယ်ဒါသုံးနေကြပြီးလဲ
ကြိုက်ကြလား စံပယ်ကို comment မှာ review လေးမျှဝေပေးခဲ့ကြနော်🥰
#ဒီပိုစ့်ကအရေးကြီးသတင်းတစ်ခုခုဖုံးကွယ်သွားတာမျိုးဖြစ်ရင်အရင်ဆုံးတောင်းပန်ပါတယ်

#တစ်ယောက်ယောက်အတွက်အကျိူးရှ်ိမယ်ထင်လို့မျှဝေပေးတာပါ

#ဒီအချိန်မျိူးမှာဒိီpostကြောင့်စိတ်အနှောက်ယှက်ဖြစ်သွားတာမျိုးဖြစ်ရင်လဲနားလည်ပေးကြပါ

20/01/2022

The Elf dose

💸 Price 12000 ks

🌼 ဒူးမည်း , တံတောင်မည်း တာတွေကို သိသိသာသာ သက်သာစေတယ်
🌼 သူ့မှာပါတဲ့ Gluta , Vitamin B3 , Tomato နဲ့ Cherry က နေလောင်တာတွေကို သက်သာစေတဲ့ အပြင် အမာရွတ် အမဲစက်တွေကိုပါ သက်သာစေတယ်
🌼 Vitamin B 3 က အသားစိုဖို့ အပြင် နေလောင်ပီး Skintone မညီတာကို ညှိပေးတာ
🌼 Nano Whitening Formula နဲ့ ထုတ်ထားတာမို့လို့ ဖြူတာ ကြည်တာ ပိုမြန်တယ်

တပတ်လောက်ဆို သိသိသာသာ တကယ် ဖြူပါတယ် 😌 အဲ့တာကြောင့် နာမည်ကြီးတာပါ 😬

Dose lotion ရဲ့လိမ်းနည်းကတော့
❤ Nano White Dose လေး ၂/၃ စက်လောက်ကိုလိမ်းနေကျ lotion(or) Serum(or)Cream ထဲမှာထည့်အသုံးပြုနိုင်ပါတယ်

❤ Nano White Dose လေးတစ်ခုထဲကိုဘဲ အားရပါးရသုံးရင်လည်းရပါတယ် အရမ်းကိုသိသာသွားမှာပေါ့နော်

100% Authentic စစ်မှန်ကြောင်း အာမခံသည်
Direct from BKK မှမှာယူတင်သွင်းသည်

19/01/2022

JM solution Honey Luminous Royal Propolis Toner
💸 Price 17500 ks (600 ml)
Hydration & firming အတွက် ကောင်းသောလေး 🥰
အများကြီး ပါလို့ အကြာကြီးသုံးလို့လဲရပါ့

* မနေ့ကတင်ထားတာလေးပျက်သွားလို့ပါ*

JM solution Honey Toner review ❤

ဒီတိုနာကိုဝယ်ခဲ့တဲ့အကြောင်းရင်းက ဗူးကြီးပြီးတန်လို့ 😁

Stella ဝက်ခြံတွေထွက်ပြီး breakout ဖြစ်တာကောင်းသွားပြီးနောက် budget saved ဖြစ်ပြီးအဆင်ပြေလောက်မယ့် တိုနာအသစ်တစ်ခုထပ်စမ်းချင်တာနဲ့ JM solution ကိုစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ Honey ကိုရွေးဖြစ်ခဲ့တာကတော့ သူက hydration ရော firming အတွက်ရောပါတယ်ဆိုလို့ပါ။

လက်ထဲရောက်လာတော့ ဗူးကအကြီးကြီးပဲ အဲ့ဗူးကြီးကိုင်ပြီးကိုပျော်နေတာ ဘာလို့မှန်းတော့မသိ 😂 တိုနာကလဲကုန်နေတာနဲ့ ချက်ချင်းကိုသုံးလိုက်တယ်။ အနံ့ကတော့ ပျားရည်အနံ့မျိုးရတယ်။ အနံ့ကိုသဘောကျတယ်။ တိုနာကရေလိုပုံပေမယ့် ရေလိုမကျဲဘူး၊ အရမ်းလဲမပျစ်ဘူး၊ သုံးရတာအဆင်ပြေတယ်။ သုံးပြီးသွားရင်အသားကရေဓာတ်ပြည့်ပြီးအိသွားသလိုဖြစ်သွားတယ်။ ၂ ပါတ်လောက်သုံးပြီးသွားတဲ့အချိန်ရေဓာတ်ပြည့်နေပြီးကြည်ကြည်လေးဖြစ်နေတယ်။

ဘယ်လိုအသားအရေအတွက်အဆင်ပြေလဲ?

Stella အသားအရေက ပေါင်းစပ်အသားအရေ နဲ့ အဆီပြန်အသားအရေကြားထဲပါ။ အဲ့တော့ လူတိုင်းနဲ့တည့်တယ်တော့မပြောပေမယ့် Stella လိုအသားအရေမျိုးရှိသူတွေအဆင်ပြေလောက်မှာပါ။ အသားခြောက်သူတွေအတွက်လဲအဆင်ပြေပါတယ်။

ရာသီဥတုတိုင်းနဲ့အဆင်ပြေလား?

Stella စသုံးတော့ ဆောင်းရာသီဖြစ်နေပြီမို့ ဆောင်းရာသီအတွက်တော့တော်တော်အဆင်ပြေတယ်ပြောလို့ရပါတယ်။ ဘာလို့ဆိုရေဓာတ်ကိုကောင်းကောင်းဖြည့်ပေးနိုင်လို့ပါ။ နွေရာသီအတွက်ဆိုရင်တော့ နည်းနည်းအဆီပြန်သလိုဖြစ်မယ်ထင်တယ် ( Stella အထင်ပါ၊ နွေရာသီမှာမသုံးဖူးသေးတော့သေချာမပြောတတ်လို့ပါ)

ဝက်ခြံ၊ အဆီဖုတွေရောပျောက်လား?

Stella ကဝက်ခြံ၊ အဆီဖုတွေအကုန်ပျောက်တော့မှ တိုနာပြောင်းသုံးတာဆိုတော့ ဝက်ခြံ၊ အဆီဖုပျောက် မပျောက်မပြောပြတတ်ပါဘူး။ ဒါပေမယ့် ဒီတိုနာကြောင့်တော့ ဝက်ခြံ၊ အဆီဖုထွက်လာတာလုံးဝမရှိပါဘူး။ အမဲစက်၊ အမာရွတ်တွေပါမကျန်တော့မှသုံးတာမို့ အမဲစက်၊ အမာရွတ်ပျောက်လား မပျောက်လားလဲသေချာမပြောပြတတ်ပါဘူး။

ဒါဆိုဘာကောင်းတာလဲ?

သူ့မှာပြောထားတဲ့အတိုင်းပဲ hydration ကောင်းကောင်းပေးနိုင်ပြီးအသားကိုကြည်စေတယ်။ နောက်ပြီးအသားကိုအိအိလေးဖြစ်စေတယ်။ အသားအရေကိုပြုပြင်ပေးနိုင်တယ်လို့ပြောနိုင်ပါတယ်။ ရေဓာတ်ပြည့်နေတော့ အရေးအကြောင်းပေါ်တာကိုလဲသက်သာစေတယ်။

အသားကြည်ပြီးအိလာတာ၊ ရေဓာတ်ပြည့်နေတာတော့တစ်ကယ်သိသာတယ်။ ပြောရရင်တိုနာသုံးပြီးစိတ်တွေကိုချမ်းသာနေတာ 🤗

Brightening, whitening အတွက်မပါလို့ ဖြူဖို့အတွက်မဟုတ်ပါဘူးနော်။

Product တိုင်းကို အချိန်ယူပြီးမှရေးတာမို့ Stella ရေးသမျှတိုင်းဟာ လူတိုင်းနဲ့တည့်မယ်မပြောလိုပါဘူးနော်။ ပစ္စည်းတစ်ခုဝယ်သုံးဖို့စဉ်းစားကြတဲ့အခါ review လေးတွေအရင်ရှာတတ်ကြတာမို့ Stella ရဲ့ post လေးတွေကအထောက်အကူဖြစ်တယ်ဆိုပျော်ပါတယ် ❤

Photos from Let's Shop's post 19/01/2022

ထိုင်းမှာတအားတွေ နာမည်ကြီးနေတဲ့

Vaseline အသစ် ညဘက်လူးတာလေးပါ ☺️

၂၇/ ၂၈ လကုန်ရက်လောက်ရောက်မယ်

💸 Price -12000 ks (330 ml )

Photos from Let's Shop's post 19/01/2022

X cute Me hair treatment (450 ml )

Hair Treatment ဆိုတဲ့အတိုင်းပဲ ခေါင်းလျှော်ပြီးတာနဲ့
အိစင်းနေရော 💜

X cute me Hair treatment လေးတွေ ၁မိနစ်ဘဲထားပေးရုံနဲ့ hair treat လုပ်နိုင်ပါတယ်

💙အပြာလေးက ကောက် ဖြောင့်ဆေးထိထားတာမျိုး ပျက်စီးနေသော ဆံသားအတွက်ပါ
အနံ့ကအသေမွှေးနော်

🧡လိမ္မော်လေးက ဆံပင်ကျွတ် တဲ့သူ ဆံသား ပျော့ပျောင်းစေတာမျိုးပါ

❤️အနီက ဆံသားခြောက်တဲ့သူ ရေဓာတ်ပြန်ဖြည့်ပေးတာပါ

သူထုတ်တဲ့ ၃ခုလုံးက ဆံကေသာပြသာနာ ထိထိမိမိဖြေရှင်းနိုင်ပါတယ်နော်

💸Price 6500 ks

Review တွေအများကြီးရထားပါတယ်နော် ❤️
https://www.facebook.com/105192777806874/posts/458448719147943/
https://www.facebook.com/103727495495531/posts/120245147177099/

https://m.facebook.com/story.php?story_fbid=104862088699322&id=104827968702734

https://m.facebook.com/story.php?story_fbid=480833249918167&id=109338870400942

https://m.facebook.com/story.php?story_fbid=414910610169291&id=110800967246925

Photos from Let's Shop's post 19/01/2022

𝗘𝗴𝗹𝗶𝗽𝘀 𝗣𝗼𝘄𝗱𝗲𝗿 𝗣𝗮𝗰𝘁 𝗕𝗮𝗿𝗯𝗶𝗲 𝗘𝗱𝗶𝘁𝗶𝗼𝗻💗

Sale တုန်းက ရထားတာ​လေး ရှယ်တန်​နော်🤩‼

သူ့အရောင်လေးက အဝါဖောက်ပီးတော့ 23 တရောင်ထဲ sale ချတာမို့ ဖြူသူကော၊ ညိုသူကောနဲ့ အဆင်ပြေတယ်​နော် ☺️
အဝါဖောက်မို့ မြန်မာမိန်းကလေးတွေ skin tone နဲ့လိုက်ဖက်ပါ့ ☺️
exp ကလဲ 2023 မှ အ​ဝေးကြီးလို​သေးတယ်😍

korea blogger pony ကိုယ်တိုင် review အမိုက်စားတွေရေးပြီး ကိုယ်တိုင်သုံးပြတဲ့ EGLIPS blur powder pact ​လေး​နော်💗

မိတ်ကပ်သားပါးပါးကြိုက်ပြီး အဆီပြန်တာ​လေးလည်းထိန်းချင်​ ​ချွေးပေါက်တွေကိုလဲ cover လုပ်​​ပေးချင်​တာမျိုး​လေးဆို ဒါလေးကရှယ်ပဲ☺️

​​ချွေး​ပေါက်လဲ မပိတ်ဘူး ပါးပါးကြည်ကြည်​လေးနဲ့ တ​နေကုန်ခံတယ် အဆီလဲ ထိန်းတယ် ဘူး​လေးကလဲချစ်စရာ​လေး ဘယ်သွားသွား သယ်လို့ လွယ်တယ် ❤️

မနက်ပိုင်း sunscreen လိမ်းပြီး အဆီနည်းနည်းပြန်ချင်တယ်လို့ ထင်တဲ့သူတွေလဲ ဒီ pact လေး သုံးကြည့်ပါ လုံးဝ အဆီပြန်တာ မရှိတာကို တွေ့ရလိမ့်မယ်

9 g ဗူးကြီးမို့ အကြာကြီးခံတဲ့အပြင် လက်ဆောင်ပေးလဲ အရမ်းလှပါတယ်

ပုံမှန်​စျေး ၂​သောင်း​ကျော်ကို sale ချထားလို့ 8500 ဘဲ​နော်🥳

✅
💯Authentic
Direct from korea🇰🇷

19/01/2022

Sun Cream ( or ) Sunscreen ကို မဖြစ်မနေ သုံးသင့်တဲ့ အကြောင်းအရင်း ( ၃ ) ချက်

Sun Cream နဲ့ ပတ်သက်ပြီး ဒီဘက်ခေတ်မှာ လူတိုင်းက သိပေမယ့် နေ့စဉ် လိမ်းဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ် ။

ဒါ့ကြောင့် Sun Cream ကို နေ့တိုင်း ဘာကြောင့် လိမ်းပေးသင့်လဲဆိုတဲ့အကြောင်းအရာလေးကို Topic တစ်ခုအနေနဲ့ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁ ။ တိမ်ထူတဲ့ နေ့တွေမှာလည်း Suncreen လိမ်းဖို့လိုပါတယ် ။

Sun Cream ကို နေသာတဲ့နေ့ပဲ လိမ်းရတာ မဟုတ်ပါဘူးနော် ။ နေရောင်ခြည်ရဲ့ ( ၈၀ ) ရာခိုင်နှုန်းလောက်ဟာ တိမ်ထုတွေကို ဖြတ်နိုင်စွမ်းရှိတာကြောင့် တိမ်ထူတဲ့ နေ့လေးမှာလည်း Sun Cream လေးကို သုံးသင့်ပါတယ် ။ နောက်ပြီး အရမ်းအေးလွန်းတဲ့ နေရာတွေမှာ ဆိုရင်လည်း နှင်းကနေ ခရမ်းလွန်ရောင်ခြည် ( ၈၀ ) ရာခိုင်နှုန်းလောက် ရောင်ပြန်ဟပ်နိုင်တာကြောင့် နေလောင်ဒဏ်ကို ခံစားရနိုင်ပါသေးတယ် ။ ဒါ့ကြောင့် Sun Cream လေးကို နေ့တိုင်းလေးပေးဖို့တော့ လိုပါလိမ့်မယ်နော် ။

၂ ။ အရေပြား ကင်ဆာ ဖြစ်နိုင်ချေကိုလည်း လျော့ချပေးပါတယ် ။

အမေရိကန်နိုင်ငံ ရဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ( CDC ) ရဲ့ ထုတ်ပြန်ချက်အရ ( ၂၀၁၃ ) ခုနှစ် အတွင်း လူပေါင်း ( ၇၁,၉၄၃ ) ဦးဟာ melanoma လို့ခေါ်တဲ့ အရေပြား ကင်ဆာ တစ်မျိုးကို ခံစားခဲ့ရပါတယ် ။ ပညာရှင်တွေရဲ့ အဆိုအရ Suncreen ကို နေ့စဉ် ပုံမှန် လိမ်းပေးမယ်ဆိုရင် အရေပြား ကင်ဆာ ဖြစ်ပွားနိုင်ချေကို ထက်ဝက်ခန့် လျော့ချပေးနိုင်ပါတယ်တဲ့ ။

၃ ။ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါသေးတယ်။

နေရာင်ခြည်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရည် အရောင်ပြောင်းခြင်း ၊ collagen တွေ ကွဲထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ sun cream ပုံမှန် လိမ်းပေးတဲ့ အသက် ( ၅၅ ) နှစ်အောက် လူတွေဟာ တစ်ခြားသူတွေထက် အပေါ်မှာ ပြောပြထားတဲ့ လက္ခဏာတွေ ဖြစ်ပွားနိုင်ခြင်းကို ( ၂၄ ) ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်ပါတယ် ။

အခုပြောပြပေးထားတာတွေကတော့ Sun Cream လိမ်းလို့ရနိုင်တဲ့ ကောင်းကျိုးတွေထဲက အချို့ကို ပြောပြပေးထားတာပဲဖြစ်ပါတယ် ။ အခု ဈေးကွက်ထဲမှာလည်း အရည်အသွေးကောင်းတဲ့ Sun Cream Brand တွေ ရှိလို့ ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းကိုမှ အရည်အသွေးကောင်းတဲ့ အမျိုးအစားကို ရွေးချယ်ပါလို့ အက်မင် က အကြံလေးပေးလိုက်ပါတယ်နော် ။

Photos from Let's Shop's post 04/01/2022

Elizavecca Witch Piggy Hell Pore Control Hyaluronic Acid Serum 🐷

💸 Price>>>17500 ks(50ml) ✨

Direct from Korea🇰🇷

တော်တော်များများ ဝက် serum လေးလို့ အလွယ်ခေါ်ပါတယ်🐷 😊

💗 ဒီ Serum ကလည်း Best seller ပါပဲ ..အဓိက
💗 ချွေးပေါက်ကျဉ်းစေတာပါ.နှာခေါင်းနဲ့ ပါးနေရာက ချွေးပေါက်ကျယ်နေတာတွေ သိသိသာသာ ချွေးပေါက်ကျဉ်းတယ်.

👉 Witch Piggy Hell Pore Control Hyaluronic
Acid 97% ထိပါတယ် .

👉 သူ့ရဲ့ Effect က The Ordinary ရဲ့ Hyaluronic
acid + B5 နဲ့ သွားဆင်တယ် ဒါပေမဲ့ ဒီ Serum
လေးကျတော့ Pore Control အတွက် အဓိကမို့
ချွေးပေါက်ကျဉ်းတယ် ..

သူ့အာနိသင်က.....
💟 ချွေးပေါက်သိသိသာသာကျဉ်းတယ်
💟 ဆားဝက်ခြံ သက်သာတယ်
💟 အသားအရည် တင်းရင်းပီး အမဲစက် တင်းတိတ်တွေက အစ
သက်သာစေတယ်..
💟 Anti aging effect လဲ ပါတော့ အရေး အကြောင်းလျော့ပီး
ကြည်ကြည်တင်းတင်းလေးနဲ့ စိုစိုအိအိ skin မျိုးလေး ရစေတဲ့
serum လေးပါ...

Review Link
https://www.facebook.com/108860198268535/posts/129532036201351/

Photos from Let's Shop's post 31/12/2021

Korea Direct ကျောက်မီးသွေး
ကိုယ်တိုက်ဆပ်ပြာ
ဈေးသင့်ပီးကောင်းတာမို့ သုံးကြည့်ကြပါနော် 🥰

အသားဖြူတယ် ဒူးမဲ ဂျိုင်းမဲတွေရော
အသားမညီသူတွေပါ အဆင်ပြေပါတယ်ရှင့် ❗

💸 Price 5000ks

Photos from Let's Shop's post 18/12/2021

Cotton Pad ကို အသားမဖွာ Quality ကောင်း Waste မဖြစ် စေတဲ့Cotton Padလေးလိုချင်တယ်ဆိုရင် Embossing Cotton Pad လေးရွေးလိုက်နော် ✌️

💸 Price 4000ks (100pcs)✔️✔️

သူ့ရဲ့ ထူး ခြား ချက်က cotton padအသားက ဖောင်းကြွလေး , High temperature နဲ့ ပိုးသတ်ထားလို့ chemical free လည်း ဖြစ်တယ်
အလွှာ ၂ လွှာကို ဘေးအနားသတ် ဖိထားတာမို့ ဖွာထွက်တာမျိုးလည်း မဖြစ်စေဘူးနော် ☺️☺️☺️

Want your business to be the top-listed Beauty Salon in Myaungmya?
Click here to claim your Sponsored Listing.

Website

Address


Myaungmya