THU THU - Beauty Expert

THU THU - Beauty Expert

Share

"အရဟံ သိဒ္ဒိ ဘဂဝါ အောင်"

☎️09-699178819/09762095413

29/08/2025

အသားအေးအေးလေးနဲ့ ပေါ့ပေါပပါးပါးဝတ်လို့ကောင်းတဲ့ ပဒုမ္မာချည်သားလေးပါရှင့်
၃ထည်က စလို့ လက်ကားပေးပါတယ်ရှင့်

Photos from THU THU - Beauty Expert's post 13/08/2025

‼️ခက်ခဲတဲ့အရာတွေ အများကြီးရှိပေမယ့် မျက်နှာသစ်တာတော့ လွယ်လွယ်လေးနော်🤭

👉🏼မျက်နှာကို သန့်စင်တယ်ဆိုတာ အသားအရေထိန်းသိမ်းမှုရဲ့ အခြေခံအကျဆုံးအဆင့်ဖြစ်ပါတယ်...

ဒါ့ကြောင့် မျက်နှာသစ်ဆေးကို မှန်ကန်စွာ အသုံးပြုပါမှ ကြည်လင်ပြီး ကျန်းမာတဲ့ အသားအရေကို ရရှိစေမှာပါ....

✔️မျက်နှာကို ရေနွေးနွေးဖြင့် အရင်ဆုံးသန့်စင်ပါ

မျက်နှာစမသစ်ခင် လက်ကို ဆပ်ပြာနဲ့ အရင်သန့်စင်ပြီးမှသာ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပါ။ရေနွေးနွေးလေးက ချွေးပေါက်တွေကို ပွင့်စေတာကြောင့် အညစ်အကြေးတွေကို ပိုမိုလွယ်ကူစွာ ဖယ်ရှားနိုင်အောင် ကူညီပေးပါလိမ့်မယ်။

✔️မျက်နှာသစ်ဆေးကို လက်ဖဝါးပေါ် တင်ပါ

မျက်နှာသစ်ဆေးရဲ့ သင့်တင့်တဲ့ပမာဏကို လက်ဖဝါးနှစ်ဖက်နဲ့ အသာအယာပွတ်တိုက်ပြီး အမြှုပ်ထွက်အောင် လုပ်ပေးပါ။ အမြှုပ်များလေလေ အသားအရေကို ပိုမိုနူးညံ့စွာ သန့်စင်ပေးနိုင်လေလေ ဖြစ်ပါတယ်။

✔️မျက်နှာပေါ် ညင်သာစွာပွတ်တိုက်ပါ

မျက်နှာပေါ်မှာ အမြှုပ်ထွက်နေတဲ့ မျက်နှာသစ်ဆေးကို စက်ဝိုင်းပုံစံအတိုင်း ညင်သာစွာ ပွတ်တိုက်ပေးပါ။ မျက်နှာအနှံ့၊ နဖူး၊ ပါး၊ မေးစေ့နဲ့ နှာခေါင်းတစ်ဝိုက်ကို သေချာဂရုစိုက်ပြီး သန့်စင်ပေးပါ။ မျက်လုံးတစ်ဝိုက်ကိုတော့ မျက်နှာသစ်ဆေး မဝင်အောင် သတိထားပါ။

✔️ရေအေးဖြင့် ပြန်လည်ဆေးကြောပါ

မျက်နှာကို ၃၀ စက္ကန့်ကနေ မိနစ်ဝက်လောက်အထိ ညင်သာစွာ ပွတ်တိုက် ပြီးတဲ့အခါ ရေအေးဖြင့် သေချာပြန်လည်သန့်စင်ပါ။ ရေအေးက ချွေးပေါက်တွေကို ပြန်ပိတ်စေပြီး အသားအရေကို တင်းရင်းစေပါတယ်။ မျက်နှာပေါ်မှာ မျက်နှာသစ်ဆေးအကြွင်းအကျန်တွေ မကျန်အောင် သေချာဆေးကြောပါ။

✔️မျက်နှာကို ညင်သာစွာ သုတ်ပါ

မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာသုတ်ပဝါအသန့်နဲ့ မျက်နှာကို ပွတ်ဆွဲပြီး မသုတ်ပါနဲ့။ ညင်သာစွာ ဖိကပ်ပြီး အစိုဓာတ်ကို စုပ်ယူပါ။ အသားအရေကို ခြောက်သွေ့သွားအောင် မသုတ်ဘဲ အစိုဓာတ်လေး ကျန်နေပါစေ။ ဒါမှသာ နောက်ထပ်လိမ်းမယ့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေက ပိုမိုထိရောက်မှာဖြစ်ပါတယ်။

▪️တစ်နေ့ကို မနက်တစ်ကြိမ်နဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်၊ နှစ်ကြိမ် မျက်နှာသစ်သင့်ပါတယ်။
▪️ဒါ့အပြင် FDA ရပြီး အသားအရေအမျိုးအစားနဲ့ ကိုက်ညီတဲ့ HM ENZYME CLEANSER က အသင့်ရှိနေပါတယ်....💯



#အလှစစ်တည်ရှိရာHMSkincare
#လက်လီလက်ကားတိုက်ရိုက်မှာယူနိုင်သည်

Photos from THU THU - Beauty Expert's post 09/07/2025

ဝဋံသကာဘွဲ့ ဆိုတာ စာသင်တန်း ၊ စာချတန်းကို နှစ်မခြားပဲ အောင်တဲ့ ရဟန်းကို ဆက်ကပ်တဲ့ဘွဲ့။
ပါချုပ်ဆရာတော်ကြီးတို့လည်း အဘိဝံသဘွဲ့တော့ရတယ်။ ဝဋံသကာမဖြစ်ခဲ့ဘူးပေါ့။

မြန်မာ့ပရိယတ္တိသာသနာသမိုင်း သကျသီဟစာမေးပွဲ နှစ်ပေါင်းတစ်ရာကျော်မှာ ဝဋံသကာဘွဲ့ရတာ ယခု မစိုးရိမ်တိုက်သစ်က ဆရာတော်လေးအပါမှ ၁၀ပါးသာ ပေါ်ထွန်းဖူးသေးတယ်။

အောက်က ဇယားမှာ ပြထားသလို _
" အောင် အောင် အောင် " မှ နှစ်လည်းမခြားရဘူး။ ဝဋံသကာဘွဲ့ရတယ်။

တစ်ချို့ဆရာတော်ကြီးတွေ ၂မှတ် ၃မှတ်နဲ့ ဝဋံသကာဘွဲ့ကို လွဲသွားတာတွေရှိတယ်။

အောက်မှာ မင်းပြားမဟာဝိဟာရ ဆရာတော်လည်း အမှတ်နဲနဲလေးနဲ့ ဝဋံသကာ ကပ်လွဲပုံရတယ်။
အဘိဝံသဘွဲ့တော့ ရသွားတယ်။
ဘွဲ့နာမည်ရဲ့နောက်မှာ " ဥုးသူရိယာလင်္ကာရာဘိဝံသ" ပေါ့။

ဝိနည်းအဓိကထားတဲ့ ကျောင်းတိုက်တွေမှာ အဘိဝံသတွေပေါလာတာ ကောင်းပါတယ်။
ပရိယတ္တိလောကမှာ " အဘိဝံသဘွဲ့" ဟာ ဂုဏ်သတင်းကြီးပါတယ်။ ရဟန်းအချင်းချင်းရှိန်ရတဲ့ဘွဲ့ပါ။

ဘာပဲပြောပြော မုဒိတာပွားစရာချည်ပါပဲ။

crd သက်ပိုင်စိုး

28/06/2025

🤎 birthday မှာ happy တဲ့ အေးကြည်မ☺️

23/06/2025

စားပြီးရင် မလွှင့်ပစ်လိုက်ပါနဲ့...!!! မင်းကွတ်ခွံကို အခြောက်လှန်းပြီး သိမ်းထားပါ။ အရေပြားရောဂါ၊ ပွေး၊ ဝဲ၊ ညှင်း၊ ယားနာ၊ ရေဝင်၍ခြေထောက်ဖျက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ရေယုန်၊ ပြည်တည်နာ၊ ရေကျောက်တို့ကို ကုသရာတွင် အလွန်ထိရောက်ပါတယ်။

အသုံးပြုနည်း......
👉 မှည့်နေသော မင်းကွတ်သီး၏ အခြောက်လှန်းထားသောအခွံကို ထုံးရေကြည်နှင့် ရော၍ ပျစ်လာအောင် သွေးပြီး အရည်ကြည်ဖုများ၊ ပြည်တည်နာများ သို့မဟုတ် ပွေးများပေါ်တွင် တစ်နေ့လျှင် ၂-၃ ကြိမ် လိမ်းပေးပါက သက်သာလာပါမည်။ သို့မဟုတ် အခြောက်လှန်းထားသော မင်းကွတ်ခွံ ၁-၂ ခုကို ရေ ၁ လီတာဖြင့်ပြုတ်ပြီး အနာများကို တစ်နေ့လျှင် ၃-၄ ကြိမ် ဆေးကြောပေးနိုင်ပါသည်။ အလားတူပင် နေလှန်းထားသော မင်းကွတ်ခွံကို ရေနှင့်ရော၍ ပျစ်လာအောင် သွေးပြီး ရေဝင်၍ခြေထောက်ဖျက်ထားသော နေရာများကို တစ်နေ့လျှင် ၃-၄ ကြိမ် လိမ်းပေးပါက အနာများ ပိုမိုမြန်ဆန်စွာ ခြောက်သွေ့လာစေရန် ကူညီပေးပါမည်။

ပါးစပ်အတွက်.......
မင်းကွတ်ခွံကို ပြုတ်ပြီး ပါးစပ်ဆေးရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။ ၎င်းတွင် ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို သ'တ်နိုင်သော ဂုဏ်သတ္တိနှင့် မှိုများကို တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများရှိပြီး ပါးစပ်အတွင်း အနာများဖြစ်ပေါ်သည့်အခါ အထူးကောင်းမွန်ပါသည်။

ဝမ်းပျက် ဝမ်းလျှောအတွက်.......
မှည့်နေသော မင်းကွတ်အသီး၏ အခြောက်လှန်းထားသော အခွံကို ဝမ်းပျက်ဝမ်းလျှော၊ နာတာရှည်ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်းတို့ကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ မင်းကွတ်ခွံခြောက် ၁ ခုကို ရေဖြင့် ၅-၁၀ မိနစ်ခန့် ပြုတ်ပြီး တစ်ခါသောက်လျှင် ထမင်းစားဇွန်း ၁ ဇွန်းနှုန်းဖြင့် ၄ နာရီခြားတစ်ခါ သောက်သုံးနိုင်ပါသည်။ သို့မဟုတ် မင်းကွတ်ခွံခြောက် တစ်ခြမ်းကို မီးအနည်းငယ်ဖြင့် ကင်ပြီး အမှုန့်ပြုလုပ်ကာ ရေတစ်ဝက်ခွက်တွင် ဖျော်၍ ၂ နာရီခြားတစ်ခါ သောက်သုံးပါက ရောဂါလက္ခဏာများ သက်သာလာမည် ဖြစ်သည်။

Crd MON SOUNG

Photos from THU THU - Beauty Expert's post 29/05/2025

✨ခန္ဓာကိုယ်အတွက်က အစားအသောက် အာဟာရတစ်မျိုးပဲ လိုအပ်တာ မဟုတ်ပါဘူးနော်.........☝

✨အသားအရေအတွက်လည်း အာဟာရဓာတ်ကို ပုံမှန်လေး ဖြည့်တင်းပေးဖို့လိုအပ်တယ်✅

☘️မလှချင်တဲ့သူ ဆိုတာ မရှိတာမို့
☘️လှပပြီး နုပျိုနေဖို့ဆို အကောင်းမွန်ဆုံးအာနိသင်တွေ နဲ့ ပြည့်ဝနေတဲ့ Moisturizer က Healthy Skin Barrier တည်ဆောက်ဖို့ အထောက်ပံ့တစ်ခုပါပဲ။

✨အသက်အရွယ်တစ်ခုရောက်ရင် ပေါ်လာမယ့် အရေးအကြောင်းတွေဟာ အလှအပအတွက် တကယ့်ကို အနှောက်အယှက် ၊ အဖျက်အဆီးတွေပါ။

✨ဒီလိုနှောက်အယှက် အဖျက်အဆီးတွေအတွက်ဆို ကုသခြင်းပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ခြင်းပဲ ဖြစ်ဖြစ် အကောင်းဆုံးက Moisturizer သုံးခြင်းပါပဲ။

✨ SKINCARE STEP တွေထဲ Moisturizer ကို မေ့မထားဘဲ ပုံမှန်လေးသုံးမယ်ဆိုရင်.............

▪️မျက်နှာပေါ်က အရေးအကြောင်းတွေကို လျှော့ချပေးနိုင်မယ်။

▪️အရေပြားကျန်းမာစေဖို့အတွက် ပရိုတင်းဓာတ်အပြည့်အဝ ပေးနိုင်မယ်။

▪️ကော်လဂျင်ပျက်ဆီးမှုတွေကို လျှော့ချပေးနိုင်လို့ အိုမင်းရင့်ရော်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါမယ်။

ဒါ့ကြောင့် Moisturizer အများကြီးထဲကမှအကောင်းဆုံးတကာ့ အကောင်းဆုံးကို
ရွေးသုံးဖို့ 𝐇𝐌 𝐌𝐎𝐈𝐒𝐓𝐔𝐑𝐈𝐙𝐈𝐍𝐆 𝐒𝐎𝐅𝐓 𝐂𝐑𝐄𝐀𝐌 ကို ညွှန်းချင်ပါတယ်ဗျို့ ✅



#အလှစစ်တည်ရှိရာHMSkincare

Photos from THU THU - Beauty Expert's post 29/05/2025

HM Skincare Brand က Korea FDA and မြန်မာနိုင်ငံ Myanmar FDA ရထားပြီး
- Good Manufacturing Practices (GMPC) Certificate ရထားပြီးဖြစ်လို့ ပစ္စည်းထုတ်လှုပ်မှုအပိုင်းမှာစိတ်ချရတယ်
- Italy နိုင်ငံက ပေးတဲ့ CE Certificate approved ဖြစ်ထားလို့ product ထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းများရဲ့ အရည်အသွေးကို စိတ်ချရတယ်
- Global က ပေးတဲ့ ISO Certificate လဲရထားပြီးဖြစ်တယ်
- ပစ္စည်းထုတ်လှုပ်ပြီးချိန်မှာလဲ တိရိစ္ဆာန်တွေရဲ့ အရေပြားပေါ်တင်ပြီး စမ်းသပ်ထားတာမျိုးမရှိဘူး

ဒါကြောင့် HM Skincare products တွေကို မြန်မာနိုင်ငံအပြင် ပြည်ပနိုင်ငံတွေမှာပါ တရားဝင် တင်သွင်းရောင်းချလို့ရတယ် ❤️

Set လိုက်ဝယ်ချင်တဲ့ သူလေးအတွက် Skincare လေးတွေကို တွဲထားပေးတယ်နော် ❤️

လက်ကားရောင်းချချင်သူများအတွက်
ပြထားပေးတဲ့ set လိုက်အတိုင်း 3️⃣ set ကနေ
ဝယ်ယူပြီး လက်ကားဝယ်ယူ ရင်းနှီးရောင်းချ နိုင်ပါပြီ


Crd.

21/05/2025

ထပ်ခါ ထပ်ခါ မှာပြီး သုံးကြတဲ့ HM brand🥰🍀

Photos from THU THU - Beauty Expert's post 21/05/2025

မျက်နှာအသားအရေကို အမဲစက်တွေ ဝက်ခြံတွေနဲ့ ဖျက်ဆီးခံနေရတုန်းလား ⁉️⁉️

✨အမဲစက်တွေ ၊ဝက်ခြံတွေ ဆိုတာကတော့
တစ်ခုပျောက် ၊တစ်ခုပေါက် မို့ ထပ်တလဲလဲ ဒီသံသရာထဲ လည်နေရတာ တကယ့်ကို စိတ်ညစ်စရာပါပဲနော် 🥺

✨အသားအရေက ဒီလိုမျိုး အဖျက်အဆီးခံနေရတော့ ကိုယ့်ကို ကြည့်လာမယ့် မျက်လုံးတွေကိုလည်း ရင်ဆိုင်ရဲမနေဘူး ကိုယ့်ကိုယ်ကို လုံးဝယုံကြည်မှုရှိမနေဘူး ဆိုရင် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကို သုံးဖို့က တကယ့်ကို လိုအပ်နေပါပြီ

☘️ဒီလို ဝက်ခြံနဲ့ အမဲစက်တွေ အသားအရေ
အသားရေမွဲ‌ခြောက်နေတာတွေအတွက် အသားအရေကို အစိုဓာတ်နဲ့ အဟာရ ဖြည့်ပေးဖို့က ဆေးခန်းမှာကုသလို အသားထဲ အပ်နဲ့ထိုးသွင်းကုသစရာလည်း မလိုပါဘူး

💯𝐇𝐌 𝐋𝐢𝐪𝐮𝐢𝐝 𝐄𝐬𝐬𝐞𝐧𝐜𝐞 ရှိနေဖို့သာ လိုပါတယ်နော်💯

𝐋𝐢𝐪𝐮𝐢𝐝 𝐄𝐬𝐬𝐞𝐧𝐜𝐞 ဆိုတာ အရည်တစ်မျိုးပါပဲ
💦ဘာအရည်လဲ ဆိုတော့ ဝက်ခြံတွေ _အမဲစက် အမာရွတ်တွေ ကို သက်သာပျောက်ကင်းနိုင်သလို
ကာကွယ်ပေးနိုင်မယ့် 𝐇𝐌 ရဲ့ SKINCARE PRODUCT ပဲပေါ့ ✅

𝐇𝐌 𝐋𝐢𝐪𝐮𝐢𝐝 𝐄𝐬𝐬𝐞𝐧𝐜𝐞 လေး နဲ့ဆို အဖျက်အဆီးတွေ မဝင်နိုင်တော့ဘဲ ချောမွတ်ပြီး နူးညံ့အိစက်မှုကို ရစေမှာမို့ လက်တွေ့ကျကျသုံးပြီး လှလှပပလေး ရှင်သန်လိုက်စို့နော်!!



#အလှစစ်တည်ရှိရာHMSkincare

20/05/2025

🗣️ဟယ်လို၊ ဟယ်လို

🤭 Quiz time လေးမမေးဖြစ်တာကြာပြီမလို့ မေးလိုက်ပါဦးမယ်...

🤷‍♀️အခုလက်ရှိ မျက်နှာမှာ ဘယ်လို ပြဿနာခံစားနေရလဲ...?

ဝက်ခြံတွေပေါက်ပြီး အမည်းစက်ကျန်ခဲ့လား?
ဝက်ခြံထွက်နေလား?
မေးစေ့၊ နှာခေါင်းမှာ ဆားဝက်ခြံတွေများနေလား?
ပါးနှစ်ဖက်မှာ ချွေးပေါက်တွေကျယ်‌နေလား?
အရေးအကြောင်းတွေထင်းနေလား?
နေလောင်ပြီး တင်းတိတ်၊ မှဲ့ခြောက်တွေဖြစ်နေလား ?

Comment မှာ မန့်ခဲ့ပေးပါဦးနော်..

အသားအရေပြဿနာကြုံတွေ့နေရတယ်ဆိုရင် Page Chatbox မှာလည်း မေးမြန်းနိုင်ပါတယ်။

#အသားအရေပြဿနာ
#ဆားဝက်ခြံ #ဝက်ခြံ #မှဲ့ခြောက် #တင်းတိတ် #ချွေးပေါက်ကျယ် #အရေးအကြောင်း

Photos from THU THU - Beauty Expert's post 20/05/2025

💤ဖုန်တလူးလူးနဲ့ ညစ်ပေတဲ့ မျက်နှာကြီးအတိုင်းပဲ အိပ်ရာဝင်ကြတုန်းလား....?

☹️တစ်ရက်၊ နှစ်ရက်က မသိသာပေမယ့် ရက်အနည်းငယ်ကြာလာရင် ဝက်ခြံ၊ ဆားဝက်ခြံစတဲ့အသားအရေပြဿနာတွေ ဖြစ်လာနိုင်ပါတယ်နော်...

🥹 ဒီလိုတွေဖြစ်လာပြီးမှ ကုသမယ်ဆိုရင် ငွေကုန်ကြေးကျ‌များနိုင်သလို ပျောက်ပါ့မလား ရင်တမမဖြစ်နေရမယ်....

😮အဲ့လိုတွေမဖြစ်‌စေချင်လို့ HM က ပွတ်ဆွဲလိုက်ရုံနဲ့ အညစ်အကြေးတွေပြောင်စင်သွားတဲ့ Cleansing Water လေး ထုတ်ပေးထားတယ်နော်...

✅Alcohol Free မလို့ eyeshadow, eyeliner ခြယ်ထားရင်လည်း စိတ်ချလက်ချ ဖျက်လို့ရပါတယ်...

ကိုယ့်အသားအရေလေးကို ပျက်စီးခြင်းမှကာကွယ်ချင်ရင် အိပ်ရာမဝင်ခင် Cleansing Water လေးသုံးပြီး မိတ်ကပ်၊ ဖုန်မှုန့်တွေကို သန့်စင်ဖို့ မမေ့နဲ့နော်။

Cleansing Water ဝယ်ဖို့စဉ်းစားနေပြီဆိုရင်
HM SKINCARE MYANMAR page ကို အခုပဲ "Hi" လိုက်တော့...❣️

Photos from THU THU - Beauty Expert's post 20/05/2025

🗯️အတိတ်က အပြစ်အနာအဆာတွေကသာ
ရှင်းထုတ်ဖို့ခက်ခဲတာပါ ‼️

☘️မျက်နှာပေါ်က အပြစ်အနာအဆာတွေကတော့ 𝐇𝐌 𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 𝐏𝐑𝐎𝐃𝐔𝐂𝐓 နဲ့ ထိတွေ့မိရင် ပပျောက်သွားဖို့ အလွယ်လေးပါပဲ ✅

💢မျက်နှာပေါ်က လက်ညှိးထိုးခံနေရတဲ့ အပြစ်အနာအဆာတွေကတော့ ဝက်ခြံအမာရွက် နဲ့ အမဲစက်တွေပေါ့ .........

ဒီလိုမျိုး မျက်နှာပေါ်က အပြစ်အနာအဆာတွေကို တမုဟုတ်ချင်း ရှင်းထုတ်ပေးနိုင်ဖို့ စကင်း အတွက် သမားတော်လို့တောင်တင်စားထားရတဲ့ 𝐇𝐌 𝐋𝐢𝐪𝐮𝐢𝐝 𝐄𝐬𝐬𝐞𝐧𝐜𝐞 က တာဝန်အပြည့်အဝယူပေးနိုင်တယ်ဆိုတာတော့ လုံးဝမေ့မထားပါနဲ့နော် 💯

𝐒𝐊𝐈𝐍𝐂𝐀𝐑𝐄 တွေ အများအများကြီးထဲကနေ 𝐇𝐌 တံဆိပ်နဲ့ 𝐋𝐢𝐪𝐮𝐢𝐝 𝐄𝐬𝐬𝐞𝐧𝐜𝐞 ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်းထဲက အဓိကအချက်ကတော့ ပါဝင်တဲ့ Ingredients တွေပဲပေါ့........

✅အဓိကအနေနဲ့ 𝐇𝐲𝐚𝐮𝐥𝐨𝐫𝐢𝐜 𝐚𝐜𝐢𝐝 နဲ့ 𝐍𝐢𝐜𝐨𝐭𝐢𝐧𝐦𝐚𝐝𝐢𝐞
ပါဝင်တာဖြစ်လို့ တင်းတိတ် ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တဲ့အပြင် ဝက်ခြံနဲ့ အမဲစက်တွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။

✅ ဒါ့အပြင် 𝐆𝐥𝐲𝐜𝐞𝐫𝐢𝐧𝐞 ပါဝင်တာကြောင့်
အရေပြားယားယံခြင်း မှ စလို့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွက်တွေကိုလည်း အကျက်မြန်စေပါတယ်နော်။

✅ လီလီပန်းအဖြူရောင် အဆီအနှစ်တွေ ပါဝင်တာမို့ ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေ နဲ့ နေလောင်ခံရတဲ့ အသားအရေကိုလည်း နူးညံ့ပျော့ပြောင်းစေပါတယ် ။

✅ လိမ်းလိုက်ရင် အေးအေးလေးနဲ့ နေလို့ကောင်းပြီး မျက်နှာရဲ့အစိုဓာတ်ကို ထိန်းညှိပေးနိုင်တာက
လည်း𝐀𝐥𝐨𝐞𝐯𝐞𝐫𝐚 ဆိုတဲ့ ရှားစောင်းလက်ပတ်ပါဝင်နေလို့ပါပဲ။

ဒါ့ကြောင့် အပိုလည်း မပြောဘူး ပါဝင်ပစ္စည်းကို မှန်မှန်ကန်ကန်လေးပြောတာမို့ မယုံမရှိနဲ့ သုံးကြည့်ရင် ဂလိုး စမိုးသွားမှာ အသေချာပါပဲနော် ❣️


#အလှစစ်တည်ရှိရာHMSkincare

Want your business to be the top-listed Beauty Salon in Myaungmya?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myaungmya