SPA Paragon

SPA Paragon

Share

Health Relax and Beauty Spa

13/09/2024

❗❗ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်

၁။ ကိုယ့်အိမ်နဲ့ ဘေးပတ်ဝန်းကျင်အိမ်တွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးကြည့်ပါ။

၂။ အရေးပေါ် ပြောင်းရွေ့နိုင်ရန် နေရာ (ရေလွတ်နိုင်မယ့်နေရာ၊ ကုန်းမြင့်)၊ လမ်းကြောင်းများနဲ့ မိသားစုဆုံရပ်နေရာတွေကို ကြိုတင်သတ်မှတ်ထားပါ။

၅။ အရေးကြီးတဲ့ ပစ္စည်းများကို ထုပ်ပိုးထားပါ။ ရေစိုပျက်စီးနိုင်တဲ့ ပစ္စည်းများကို အထပ်မြင့်တွင် ထားပါ။

၆။ သောက်သုံးရေနဲ့ အထားခံသော အစားအစာများ၊ ဆေးဝါးပစ္စည်းများ ကြိုတင် စုဆောင်းထားပါ။

၇။ ချိုင့်၊ ရေမြောင်း စတဲ့ အန္တရာယ်ရှိနိုင်မယ့်နေရာတွေမှာ ကြိုတင်အမှတ်အသား ပြုလုပ်ထားပါ။

၈။ အရေးပေါ်ပစ္စည်းများနဲ့ အသက်ကယ်ပစ္စည်းများ ကြိုတင် စုဆောင်းထားပါ။

၉။ သတင်းနဲ့ အခြားသူများ အကြံပြုချက်များကို စဉ်ဆက်မပြတ် နားထောင်ပါ။

၁၀။ အရေးကြီးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ အသက်ကယ်ပစ္စည်းများနဲ့ ဆေးဝါးများကို မိမိနဲ့အတူ ထားရှိ ထုပ်ပိုးထားပါ။

၁၁။ မိသားစုနဲ့ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်လိပ်စာ၊ ဆက်သွယ်ရမယ့်သူ စသဖြင့် ရေးမှတ်ထားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။

၁၂။ သတ်မှတ်ထားတဲ့ ဘေးလွတ်နေရာသို့ ပြောင်းရွေ့ပါ။

(Credit)

‌ရေအမြန်ဆုံးပြန်ကျပြီး ပြည်သူများအားလုံး အားလုံးဘေးအန္တရာယ်ကင်းဝေးကြပါစေ...🙏🙏🙏

04/09/2024
23/09/2023

https://m.facebook.com/story.php?story_fbid=692382776250537&id=100064364611392&mibextid=ZbWKwL

အလှပြင်ဆိုင်တဆိုင်ရဲ့ အသက် #ဆိုင်ရှင် Vs #၀န်ထမ်း
မဖတ်အားသေးရင် shared & Saved ထားလို့ရပါတယ်

#ဆိုင်ရှင်သို့ပေးစာ📝📝

အလှပြင်ဆိုင်တဆိုင်မှာ ဝန်ထမ်းတွေဟာ သင့်ရဲ့ beauty,spa,Salon ဆိုင်ရဲ့ အင်ဂျင်စက်တလုံးပါ။ အင်ဂျင်မရှိပဲ စက်မလည်ပတ်နိုင်ပါဘူး။သင့်ကိုယ်သင်ပဲအားကိုးနေရင်တော့ ခုလက်ရှိ ဝင်ငွေလောက်နဲ့အသက်ငါးဆယ်ကျော်အထိ ဒီဝင်ငွေအတိုင်းပဲဖြစ်နေမှာပေါ့။ဒါကြောင့်ဝန်ထမ်းဟာ သင့်အတွက်မရှိမဖြစ် သားသမီးတပည့်တွေပါ။

ဆံပင်ညပ်ဆိုင်ပိုင်ရှင်က ဝန်ထမ်းတွေကို အပြစ်တွေဆဲဆို ဆူငေါက်တာတွေလုပ်နေသမျှကာလပတ်လုံး သင်နဲ့သင့်ဆိုင်ရဲ့ ဆိုင်းဘုတ်ဟာ ဆိုင်နောက်ဖေးမှာချိတ်ဆွဲထားတာနဲ့ တူနေဦးမှာပဲ။

#ကိုယ့်ရဲ့အင်ဂျင်ဟာ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ 👇👇

၁ ၀န်ထမ်းတွကို customerရှေ့မှာ လူအများရှေ့မှားလုံးဝ မဆူမဆဲမငေါက် အပြစ်မဖို့ပါနဲ့။

၂ အခါအခွင့်သင်သလို တော်ကြောင်း ကောင်းကြောင်း ချီးကျူ း ပြောဆိုဂုဏ်ပြုပါ။(ဝန်ထမ်းက ဘာတွေတော်တာလည်းမသိသေးရင် သင့်အတ္တတွေကို နိမ့်ချပီးကြည့်ပါ)

၃ ဝန်ထမ်းတွေဟာ သိပ်တော်တဲ့ ဆိုင်ရှင်တွေရဲ့ အားကိုးရာ အားထားရာအဖြစ် အမှန်တကယ်လက်ခံပါ။

၄ ထိုက်တန်တဲ့ရာထူး ငွေကြေးbonusကိုပေးဖို့မမေ့ပါနဲ့။ကိုယ့်အတွက်ထက် ဝန်ထမ်းအတွက်ကြည့်ပေးမှဝန်ထမ်းဟာ ဆိုင်ရဲ့အလုံးစုံကို ကျေနပ်ပျော်ရွှင်စွာကြည့်ပေးနိူင်မှာပါ။(ပေးတဲ့အခါ မျက်နာကို ဒေါသ မာနတွေ သုပ်လိမ်းမထားပါနဲ့)

၅ ရံဖန်ရံကာ ဝန်ထမ်းကိုအပြစ်ဖို့ဘို့ ပါးစပ်ယားလာရင် နာရီဝက်လောက် စဉ်းစားပီးမှပြောပါ။

၆ ဝန်ထမ်းကို ကိုယ်လိုရာစည်းမျဉ်းတွေအတိုင်း ရောက်ဖို့ ချီးကြူးစကားပြော၊ စေတနာထားမူပေးရင်း ပုံသွင်းပါ။

တလထိအဲ့လိုလုပ်နိုင်ရင် သင်ဟာ ကိုယ့်ကိုယ်ကို အမျှော်အမြင်ရှိတဲ့ownerဖြစ်လာတာပဲ လို့ကြည်နှုးမိလိမ့်မယ်။

#ဝန်ထမ်းသို့ပေးစာ 📝📝📝

ဝန်ထမ်းတယောက်အနေနဲ့ လုပ်ခဲ့တဲ့သက်တမ်းရယ် ဆိုင်ပြောင်းခဲ့တဲ့အကြိမ်အရေအတွက်ရယ် ရည်ရွယ်ထားချက်ရယ် စဉ်းစားကြည့်စမ်းပါ။

ဆိုင်တဆိုင်ရဲ့လိုအပ်ချက်တွေနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမလည်းဆိုတာ တစ်ဆိုင်ပီးတစ်ဆိုင် ပြောင်းရွေ့ပီးရှာရတဲ့အမျိုး မဟုတ်ဘူးဆိုတာ ခေါင်းဆောင်ဖြစ်တဲ့အခါ သိလာမှာပါ။ ဒီသူဌေးမကောင်းဘူး မကြိုက်ဘူး နောက်ဆိုင်ပြောင်းမယ်ဆို သင် ဆိုင်ရှင်ဖြစ်လာတဲ့အခါ သင့်ဆိုင်ကို ဒီနေရာမကြိုက်ဘူး ဟိုနေရာပြောင်းမယ်လို့အမြဲ ရွှေ့နေမှာလား။

အနာဂတ်မှာ ဆိုင်တွေပဲလိမ့်ပြောင်းနေပီး အတိတ်မေ့သလို ရွှေပျောက်သလို လုပ်နေရင် ပညာဦးကျိုးသွားပါလိမ့်မယ်။
ဦးကျိုးရင် ကိုယ့်ကိုယ်ကို ရူးလို့ရူးမှန်းမသိ ထူးလို့ထူးမှန်းမသိ ပညာနှို့ပိုးစားသွားလိမ့်မယ်။

သင့်ကိုယ်သင် ဆံပင် အလှပြင်ပိုင်းမှာ experience ,knowledge,education, job training ဘာပဲရည်ရွှယ်ထားထား ဒီဆိုင်မှာရောက်နေရင် ဒီဆိုင်မှာ ownerရဲ့ယုံကြည်ရဆုံးသူ အားအထားရဆုံးဝန်ထမ်း ဘောစိတွေရဲ့ စိတ်အချရဆုံးဝန်ထမ်းတယောက်အဖြစ် အကောင်းဆုံးကြိုးစားကြည့်ပါ။

ဆိုင်ရှင်တွေဆီက အခက်အခဲတွေကို သင်လက်ခံရိုကျိုးစွာသင်ယူပီး ပညာရှာပါ။အမြင့်တက်ပါ။ ဆိုင်နဲ့ ဆိုင်ရှင်တွေကို ဘုကလန့်တိုက်ပီး မျောက်ဆေးဆရာ မလုပ်ချင်ပါနဲ့။

အခက်အခဲဆိုတာ လူတိုင်းမှာ ရှိနေကြုံနေစမြဲပါပဲ ။ သူဠေးမှာလည်းရှိတာပဲ ဆိုင်လေးဖွင့်ပီး ဒူးနှံ့နေတာတော့မဟုတ်ဘူး။ ဆိုင်ရပ်တည်ဖွံ့ဖြိုးနိုင်ဖို့ အစစအရာရာ မျက်စိတောက်ထောက်ကြည့်နေရတာ ။

ဝန်ထမ်းတွေလို customer မရှိတော့ရင် ဖုန်းတလုံးကိုင် စနောက်ပျော်ရွှင်နေတာမဟုတ်ဘူး။ ownerဆိုင်ပိုင်ရှင်တိုင်း ရိုးသားကြိုးစားပီး ဆိုင်ကို စိတ်ချယုံကြည်စွာလက်လွဲအပ်ထားနိုင်လောက်တဲ့ဝန်းထမ်းကို အမြဲနေရာပေးချင်နေတဲ့သူတွေပါ။

ထပ်ပြောပါမယ် အမြင့်ကိုမှန်းထားရင်အပေါ်ကိုတက်ပါ။ အမြင့်တက်တဲ့ မည့်သည့်အရာမဆို လွယ်တဲ့အရာတော့မရှိပါဘူး။ ဘေးကိုပဲထွက်ခွါနေရင် တဖြည်းဖြည်းဘေးရောက်မယ်။ အခန့်မသင့်ရင် ဘဝပျက်မယ်။

ဆံပင်ညပ် အလှပြင်လောကရဲ့ ဘဝက သိပ်နုနှယ်တယ်။ ဟန်ချက်မညီရင် ကံဆိုးမိုးမှောင်ကျတတ်တယ်။ ကျလို့ကျမှန်းတောင်မသိနိုင်ခဲ့ကြသူတွေအများကြီးပဲ။ ဒါကြောင့်
#အလုပ်ပြောင်းဖို့ထက်
#အလုပ်ကောင်းအောင်ကြိုးစားစမ်းပါ။

ဒီဆိုင် ဒီဝန်ထမ်းတွေအားလုံးရဲ့ထိပ်မှာ ခေါင်းဆောင်လုပ်ပါ။ owner ရဲ့ပြောဆိုတာတွေ ကြမ်းတမ်းစကားတွေ ကိုrespectအရ နာခံပါ။သည်းခံပါ။

သင်ဆိုင်ရှင်ဖြစ်လာတဲ့အခါကျရင်လည်း သင့်ဝန်ထမ်းတွေရဲ့ပေါ့ဆမှု ညံ့ဖျင်းမှု တွေကို ''no problem အေးဆေးပဲ တပည့် ဘာမှမဖြစ်ဘူး'' လို့ ပြောနိုင်မှာလား?? ကိုယ်ချင်းစာကြည့်ပါ။ နားလည်ပါ။

''ဟေ့ငါ့ကိုတော့ သူဌေးက ယုံပီးသား ငါဆိုင်ကို ကောင်းကောင်းထိန်းသိမ်းပေးနိုင်တယ်လို့ ပြောနိုင်လာအောင်လုပ်ကြပါ💪💪
အဆင်မပြေမှုတွေကတော့ ဆိုင်မှာမပြောနဲ့ မိသားစုတွေမှာတောင်ရှိနေသေးတာပဲ

အောင်မြင်မှုဆိုတာ ဆိုင်တွေနေရာတွေမှာ ရှိတာမဟုတ်ပါဘူး။သင့်စိတ်တွေထဲမှာရှိနေတာပါ။ သင့်အစွမ်းကို သင့်ပတ်၀န်းကျင်က လူတွေ မိသားစုတွေ သူငယ်ချင်းဝန်ထမ်းတွေ သိအောင်ချပြလိုက်စမ်းပါ။

'👏👏👏👏

အမှားပါရင် တောင်းပန်ပါတယ် စေတနာဖြင့် ......

Photos from SPA Paragon's post 20/09/2023

ပျိုပျိုမေတို့အတွက်အသားအရေလှဖို့ နဲ့ ကျန်းမာရေးအတွက်ချွေးပုပ်ထုတ်ဖို့
တကိုယ်လုံးပေါင်းတင်ဖို့
မိန်းခလေးတိုင်းရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာကနေ
အစဉ်အမြဲပံ့ပိုးပေးမယ့် Spa Paragon မှာ ယုံကြည်စွာနဲ့ Spa service လေးယူဖို့
အရောက်သာလှမ်းခဲ့ပါနော်
👇ဖေါ်ပြပါ ကိုယ်လုံးပေါင်းတင်စက်ကလေးတွေက Spa Paragon မှာ အသုံးပြုနေတဲ့စက်ကလေးတွေပါ

18/09/2023

We are ready for this nail art designs!
Come and visit our SPA Paragon.

Photos from SPA Paragon's post 17/09/2023

Spa Paragon မှာမီးနေသည်ချွေးထုတ်
ဝန်ဆောင်မှုယူလို့ရသလို
အိမ်မှာပဲကိုယ်တိုင်ချွေးထုတ်ချင်ရင်လည်း
ချွေးထုတ်အရွက်စုံထုပ်လေး..ကိုအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်
မိန်းခလေးတွေအတွက်အရမ်းအသုံးဝင်တဲ့ပစ္စည်းလေး..
မီးနေသည်..မီးဖွားထားသူတွေ..ချွေးအောင်းနေသူတွေအတွက်..ချွေးထုပ်ဆေးရွက်အစုံ..
အသင့်အစုံပါပြီးသားမို့..ဝယ်ထားသင့်တယ်နော်

အမျိုးသမီးတိုင်းအတွက်သီးသန့်သာဝန်ဆောင်မှုပေးနေတဲ့ Spa Paragon ပါရှင်

Photos from SPA Paragon's post 17/09/2023

တစ်သွေးလှလေးတွေလည်း
Spa Paragon မှာတင်ထားတယ်နော်
Ladies တို့ရေ

17/09/2023

Spa Paragon မှာ မီးနေသည် ဒိုက်ဘာလေးမှာလို့ရပါပြီနော်

17/09/2023

💦မီးနေသည် နှင့် အယူဆ အမှားများ

🍓မီးနေသည်ဆိုတာဘာလဲ
ကလေးမွေးပီး၄၅ရက်ကိုဆိုလိုခြင်းဖြစ်ပါတယ်။

🍓မီးနေသည်မေမေတွေ ရဲ့၄၅ ရက်က အရမ်းကို ခက်ခဲပါတယ်။မိသားစုရဲ့ ဖေးမမှုတွေ ခင်ပွန်းရဲ့ ဂရုစိုက်မှုတွေ အဓိကလိုအပ်တဲ့အချိန်ပါ။မီးနေသည်တွေကိုမသန့်ရှင်းသူဆိုပီးယူဆခဲ့တာနှစ်များစွာပါ။

ရှေးရိုးစွဲတချို့အယူသီးမှုတွေဟာ မေမေရော ကလေးပါထိခိုက်နိုင်ပါတယ်။မဖွံ့ဖြိုးသေးတဲ့ ကျေးလက်ဒေသတွေအပြင် မြို့ပေါ်မှာလည်း အယူအဆ မျိုးစုံနဲ့ မီးနေသည်မေမေတွေဟာ သေချာနားမလည်ပဲ လိုက်လုပ်နေရတုန်းပါ။

🍓မီးနေသည်နှင့်အယူအဆအမှားများ
ကလေးမွေးပြီးချိန်မှာ
🍄မေမေ
-မီးနေသည်ကို နနွင်းလိမ်းတာ၊သောက်စေတာ -အစားအသောက်ရှောင်ခိုင်းတာ (ငါးခြောက်နဲ့ ဟင်းချိုရည်ပဲစားခိုင်းတာ)
-မေမေကိုအပူခံချွေးအောင်းခိုင်းတာ
-မေမေကိုသန့်သန့်ရှင်းရှင်းမထားတာ
-လေ့ကျင့်ခန်းစတာတွေမလုပ်စေပဲငြိမ်နေစေတာ
-နို့ထွက်များစေရန်ဆေးဝါးတွေမိမိဘာသာသောက်စေတာ

🍄ကလေး
-ကလေးကိုနနွင်းလိမ်းပေးတာ
-ကလေးကို ချက်ကြွေရင် အနာကျက်မြန်အောင် နနွင်းသိပ်တာ၊ဆေးတို့ပတ်၊ပေါင်ဒါမှုန့်တွေထည့်တာ
-ကလေးအသက်၆လမပြည့်သေးပဲ ဆံပင်ရိတ်တာ(ဆံပင်သန်အောင်ဆိုတဲ့အယူအဆအမှား)
-ကလေး၆လမပြည့်ခင်ရေတိုက်တာ လူကြီးစားတဲ့ထမင်းဟင်းကျွေးတာ
-ကလေးကိုသနပ်ခါးလိမ်းပေးတာစတဲ့ အယူအဆ များစွာရှိပါတယ်

🍓သေချာရှင်းပြပေးမှာဖြစ်လို့ လုပ်သင့်မလုပ်သင့်‌ဆုံးဖြတ်နိုင်ပါတယ်။
🍄နနွင်းလိမ်း/သောက်တဲ့ အယူအဆ
ကလေးတွေက မွေးမွေးပြီးချင်းမှာ အသားဝါတက်လို့ မေမေတွေ နနွင်းလိမ်းထားမယ်ဆိုရင် အသားဝါမဝါ စမ်းသပ်ဖို့ ခက်ပါတယ်။အသားဝါကိုဦးနှောက်ထိရောက်ခဲ့မယ်ဆိုရင်ကလေးဉာဏ်မမှီတာ၊သေတဲ့ထိဖြစ်တတ်ပါတယ်။

🍄ချွေးအောင်း အယူအဆ
အပူအပုပ်ကင်းစင်အောင် ချွေးအောင်းခိုင်း တာထက် သန့်သန့်ရှင်းရှင်း နေဖို့က အဓိကပါ။

-ထဘီ ကိုတနေ့ ၃ခါ ၄ခါ လဲပါ
-Pad ကို မကြာခဏ လဲပေးပါ
-တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်မယ်ဆိုရင်မွေးလမ်းကြောင်းချဲ့ထားတဲ့အနာ၊ခွဲမွေးထားတဲ့ ဒဏ်ရာ ပိုးဝင်းခြင်းမှ ကာကွယ်ပေးပါတယ်။

🌲ချွေးအောင်းပြီး ရေမချိုးခိုင်းတာက ရောဂါပိုးမွှားများ အလွယ်တကူဝင်ရောက်နိုင်ပြီး ကိုယ်အပူချိန်လဲတက်နိုင်ပါတယ်

🍄အစားရှောင်ခိုင်းတာ
ဟင်းသီးဟင်းရွက်၊အသားငါးတွေကိုလုံလောက်စွာမစားခြင်းက ကလေးဉာဏ်ရည်၊ကိုခံအားကိုများစွာကျဆင်းစေပါတယ်။ဟင်းချိုထဲမှာတဲ့အငံဓာတ်၊အချိုမှုန့်ကလဲကလေးဉာဏ်ရည်ကိုထိခိုက်စေပါတယ်။

🌲ကလေးမွေးပီးဘယ်လိုစားသောက်မလဲ
မွေးပြီးစ မေမေ တွေ အားရှိတာ ကျန်းမာရေးနဲ့ ညီညွတ်တာ သန့်ရှင်းလတ်ဆတ်တာ မှန်သမျ အကုန်စားလို့ရပါတယ်။ရှောင်ရမှာကအငံ၊အချိုမှုန့်ပါ။

🍓မိခင်နို့ထွက်ခြင်း
မွေးပြီးစမှာထွက်တဲ့ နို့ဦးရေကြည်က ကလေးအတွက်လုံလောက်ပီး‌ မွေးစကလေးအတွက်အကောင်းဆုံးပါ။က‌လေးငိုတယ်ဆိုတယ်ဆိုတာတိုက်နည်းမမှန်လို့ပါ။နို့ဘူးတိုက်ဖို့မလိုပါ။
အမှန်ကကလေးကစို့လေ နို့ထွက်လေပါ။ကလေးနို့တိုက်နည်းကိုသေချာလေ့လာပီးပုံစံတကျတိုက်တတ်ဖို့လိုပါတယ်။
ကလေးနို့တိုက်ပီးတိုင်းလေထုတ်ပေးဖို့လိုပါတယ်။

🍓ချက်ထဲ နနွင်း၊ဆေးတို့ပတ်ထည့်ခြင်း
အသားဝါမဝါ ကြည့်ဖို့ခက်သလို ချက်မှာထည့်ရင်လဲ ပိုးဆိပ်တက်ပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။
ချက်ကိုသန့်သန့်ရှင်းရှင်းထားပေးပါ။

🍓၆ လမပြည့်ပဲရေတိုက်တာ၊အစာကျွေးတာ
ကလေးအသက်၆လအထိ မိခင်နို့တစ်မျိုးထဲတိုက်တာက လုံလောက်ပါတယ်။မိခင်နို့ထဲမှာ ရေဓါတ်လဲပါပြီးသားမို့ ရေထပ်တိုက်ဖို့မလိုပါဘူး။ကလေးအသက်မပြည့်ပီးအစာကျွေးခြင်းက ကလေးသီးပီးသေတတ်ပါတယ်။

🍓ဆံပင်ရိတ်ခြင်း
ဆံပင်ရိတ်ပေးရင် ဆံပင်သန်တယ် ဆိုတာကလဲ မဟုတ်ပါဘူး။
ကလေးတွေရဲ့ငယ်ထိပ်မပိတ်သေးတဲ့အတွက်ဆံပင်ကအပူအအေးကိုထိန်းပေးထားတာပါ။ခဏခဏနှာစီးချောင်းဆိုး၊ဖျားတတ်ပါတယ်။
ခေါင်းမခိုင်သေးပဲဆံပင်ရိတ်တဲ့အခါ အခန့်မသင့်ရင်ဓားရှရာကနေတဆင့် ပိုးဝင်နိုင်ပီးဦး‌ နှောက်အမြှေးပါးရောင်ကာတက်ခြင်း၊သေဆုံးတဲ့ထိဖြစ်တတ်ပါတယ်။

🍓မွေးကင်းစ ကလေးတွေကို သနပ်ခါးလိမ်းပေးတာ
ကလေးမှာ ရင်ကြပ်ရောဂါရှိလားမသိနိုင်တာမို့ သနပ်ခါးမှုန်လေးတွေခြောက်သွားပြီး အသက်ရှုလမ်းကြောင်းထဲရောက်ရင် ရင်ကြပ်တာ အသက်ရှုရခက်တာတို့ဖြစ်နိုင်ပါတယ်။

🌲ဒီအချက်လေးတွေကိုသိထားရင်ကလေးမွေးပီးစမေမေတို့အနေနဲ့ကလေးရောအမေပါ ကျန်းမာပျော်ရွှင်ပီးအန္တရာယ်ကင်းတဲ့မီးတွင်းကိုဖြတ်နိုင်မှာပါ။
မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်

17/09/2023

Myaungmya Spa Paragon မှာ
သဲလှလှလေးတို့အတွက်
Nails design ဆန်းဆန်းလေးတွေ လာ Try
ကြည့်ပါနော်

17/09/2023

ခန္ဓာကိုယ် ကိုက်ခဲတာတွေ သက်သာဖို့
အနင်းအနှိပ်ခံ ကြသလို …
မိန်းကလေးတွေ ဓမ္မတာလာစဉ် ကိုက်ခဲတာတွေ အတွက် အနှိပ်လေးရှိပါတယ်။

ဝမ်းဗိုက်နှိပ်နယ်ပေးခြင်း က တခြားနှိပ်နယ်ခြင်းများနည်းတူ endorphins, dopamine စတဲ့ ဟော်မုန်းများထွက်စေတာမို့ ဓမ္မတာ ကိုက်ခဲဝေဒနာတွေ ကို သက်သာစေပါတယ်။

Home care အိမ်မှာ မိမိဘာသာ ပြုလုပ်လိုပါက

📍မပူလွန်းသော ပရုတ်ဆီ ( ထိုင်း အနှိပ် ပရုတ် ဆီ က အနေတော်ပါပဲ) ကို ချက်ပတ်ပတ်လည် ကို စက်ဝိုင်းသဏ္ဌန် နှိပ်ပေးရုံပါပဲ။
📍နောက်တနည်းကတော့ ချက် နဲ့ ဆီးခုံကြား နေရာကို ခေါင်းအုံးအသေး ( ကလေး အုံးတဲ့ ခေါင်းအုံး ) ခုထားပီး ၃၀ မိနစ် ခန့် မှောက်အိပ်ပေးရင်လဲ ကိုယ်လုံး weight လေး နဲ့ ဖိထားသလို ဖြစ်စေလို့ သက်သာစေပါတယ်။
📍အလွယ်တကူ လူတိုင်းသိပြီးသားနည်းလေးကတော့ ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။

ဝမ်းဗိုက်နှိပ်နယ်ပေးခြင်းက ကိုက်ခဲမှုဝေဒနာတွေ သက်သာစေတာ အပြင် …. တရုတ်ရိုးရာ ယူဆချက်တွေ အရ

သားအိမ် အားကောင်းစေတယ်။
သွေးသားမှန်စေပြီး အလှတိုးစေတယ်။
ဗိုက်သားတွဲတာတွေ ကို သက်သာစေတယ်။ ( အထူးသဖြင့် ကလေးမွေးပြီးသူတွေ )

ဝမ်းဗိုက် အနှိပ်ကို ကျမတို့ SPA Paragon မှာ အချိန် ၄၅ မိနစ် ကြာမြင့်ပါတယ်။ စျေးနှုန်းကတော့ ၂၈၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Myaungmya?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Building 16, 7 Street Myaung Mya
Myaungmya

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00