Kathryn Beauty Myaungmya

Kathryn Beauty Myaungmya

Share

skin first makeup second
"kathryn beauty"

13/10/2025
Photos from Kathryn Beauty Myaungmya's post 13/10/2025
Photos from Kathryn Beauty Myaungmya's post 12/07/2025

💎 KB Founder & CE0 ရဲ့

“Profile” အကျဉ်းချုပ် ✨

Dr.Kay Thari Kyaw သည် ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိထား သူဖြစ်ပြီး ထိုင်းနိုင်ငံ UTCC မှပေးအပ်သော MBA (master of business administration) ဘွဲ့ကိုရရှိထားသူဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် Executive Management for Industrial relation and Human resource management ၊ USA နိုင်ငံ Boston မြို့ရှိ University of Massachusetts တွင် Global entrepreneurship & Innovation Program ကိုလည်းတက်ရောက်သင်ယူခဲ့သူဖြစ်ပါတယ်

နိုင်ငံတကာရှိ International Conference များဖြစ်သည့်
🔹ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် (1) Young Entrepreneur Network Development Program , (2) CLMVT connex program နှင့် (3) ASEAN Young Entrepreneurs Summit
🔹မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အရှေ့တောင်အာရှ အာဆီယံလူငယ်တွေ့ဆုံပွဲများဖြစ်သည့် ASEAN Young Leaders Summit
🔹ဥရောပနိုင်ငံ Brussels မြို့တွင်ကျင်းပသော 3rd ASEF Young Leaders Summit
🔹Lao နိုင်ငံတွင် ASEAN ကျင်းပသော ASEAN Youth Meeting များကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး လူငယ်ခေါင်းဆောင်အနေဖြင့် ရွေးချယ်ခံရပြီး တက်ရောက်ခဲ့သူဖြစ်ပါတယ်

🏆၂၀၁၇ ခုနှစ်တွင်လည်း Myanmar Entrepreneurship Summit တွင်ချီးမြှင့်သည့်ဆုများအနက် “The Myanmar Young Entrepreneur Award” Winner ပထမဆုကိုရရှိခဲ့သူလည်းဖြစ်ပါတယ်
🏆၂၀၁၉ ခုနှစ်တွင် Laos တွင်ကျင်းပသော ASEAN အခမ်းအနားတွင် “ASEAN Youth Award" ကိုလည်း ဂုဏ်ပြုချီးမြှင့်ခံရသူလည်းဖြစ်ပါတယ်
🏆 2023 Asia Pacific တွင်ရွေးချယ်သော လူငယ်များအနက် 50 Leading lights (Kindness & Leadership) အဖြစ် Asia Square Singapore မှ အသိမှတ်ပြုခံထားရသူဖြစ်သည်
🏆 2024 MESI University မှ ရွေးချယ်သော ဂုဏ်ထူးဆောင်များအနက် အမျိုးသမီးထူးချွန်သူ “Women Entrepreneurs Award” ကို ချီးမြှင့်ခံထားရသူဖြစ်သည်

Professional Trainer & speaker တစ်ဦးအဖြစ်ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ အခမဲ့ပညာရေးဟောပြောပွဲများတွင် အချိန်ပေးပံ့ပိုးလျှက်ရှိပါတယ်

၂၀၁၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင်ကျင်းပသော Success Conference, The biggest marketing event in Asia တွင် ကမ္ဘာကျော် International speaker များနှင့်တူ
speaker & panelist အဖြစ်ဟောပြောမျှဝေပေးခဲ့ပါတယ် ပြည်တွင်းပြည်ပ ပညာရေးဟောပြောပွဲ ၃၀ ကျော်ကိုလည်းပါဝင်ခဲ့သူဖြစ်ပါတယ်

လူငယ်ခေါင်းဆောင်များပေါ်ထွက်လာစေရေးအတွက် “Young Leaders Initiative Program” ကိုတည်ထောင်ခဲ့ပြီး အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွန်းလာစေရန် “Women Leadership Program” များကိုလည်း သင်ကြားပို့ချခဲ့ပါတယ်

သူမကိုယ်တိုင်ရေးသားသည့် အရောင်းရဆုံး စာအုပ်များဖြစ်သည့် " လှေကားထစ်လေးများ"၊ “ဘဝကို ပြောင်းလဲစေမည့်အတွေးအခေါ်များ" နှင့် “အောင်မြင်ရေးအနှစ်သာရများ” စာအုပ်များကိုရေးသားထုတ်ဝေခဲ့ပါတယ်

စိန်နှင့်မြမွေ့ရာပရိဘောဂ ၏ Managing Director , Kathryn Beauty အလှကုန် နှင့် အလှအပစင်တာ ၏ Founder & CEO အဖြစ်တာဝန်ယူလုပ်ကိုင်နေပြီး စိတ်အားဓါတ်သန်မှု စေတနာအရ “ဘဝစာပေများ” ဟောပြောပို့ချနေသူဖြစ်ပါတယ် 🤍

#ဒေါက်တာ‌ကေသရီကျော် #အောင်မြင်ရေးအနှစ်သာရများ

Photos from Kathryn Beauty Myaungmya's post 17/06/2025

✨KB Founderရဲ့ စေတနာ🩵

“Kathryn Beauty” ကို စျေးမြှင့်ရောင်းပါလား”တဲ့ ပေးရတဲ့ စျေးထက် Quality က ပိုကောင်းနေလို့ပါ ဆို အများစု အကြံပေးကြတယ် တစ်ခါတစ်လေ စျေးသက်သာနေလို့ဆို စသုံးဖို့စဉ်းစားကြတယ် …. အဲလိုပြောတဲ့သူတွေ့တိုင်း KB skincare လေးရဲ့ ရည်ရွယ်ကို ပြောပြချင်ပါတယ် 🩵

Kathryn ဒီ ဘရမ်းလေးကို ၂၀၂၀ မှာ စတင်ဖြန့်ချီခဲ့ပါတယ် စတင်ထုတ်လုပ်ကတည်းက ရည်ရွယ်ချက်က “Skincare ကို မှန်မှန်မသုံးတဲ့သူတွေ အဆင့်နည်းနည်းနဲ့ အသားရေထိန်းချင်သူတွေ ဝန်ထမ်းတွေ တက္ကသိုလ်ကျောင်သူလေးတွေ စျေးသက်သက်သာသာနဲ့ တတ်နိုင်အောင်ရည်ရွယ်ခဲ့တာပါ”

Packing တွေ ပို invest လုပ်ပြီး အထဲက အရည်သွေးမပြောင်းဘဲ ဒီဇိုင်းပြောင်းရုံနဲ့ စျေးမြှင့်လိုက်လို့ရပါတယ်

အဓိက ရည်ရွယ်ချက်ကို မပျောက်ချင်လို့ ဒီတိုင်းဆက်သွားနေတာပါ .. Kathryn တို့ Skincare ကိုယ်ပိုင်ဘရမ်းစတင်ချိန်က စျေးကွက်ထဲမှာ နာမည်ရ Brand owner အခုလိုမများသေးပါဘူး .. မြန်မာ အသားရေနဲ့ အများစု ကိုက်ညီတာ Korea Skincare တွေဖြစ်လို့ Korea ကို Inspire ထားခဲ့ပါတယ် .. Vitamin C Essence လေးဆိုရင် Daily skincare မှာ မရှိမဖြစ်မလို့ ပထမဆုံး Local Brand ထဲမှာ ထုတ်လုပ်ခဲ့တာပါ နောက်ပိုင်း VitaminC လေး အရမ်းပေါက်သွားလို့ လိုက်ထုတ်ကြသူတွေ အများကြီးပါ တိုနာ ဆိုရင်လည်း လူတိုင်းကြိုက်ပြီး လူတိုင်းနဲ့ သင့်လျော်တဲ့ Rice toner ကို ထုတ်လုပ်ခဲ့တာပါ

ကိုယ့်ရဲ့ Kathryn Beauty ကို မြင်ချင်တာ ကျောင်းသူလေးတွေနဲ့ ဝန်ထမ်းလေးတွေ နောက်ပြီး skincare အတွက် ငွေအများကြီး မသုံးချင်ဘူးဆိုတဲ့ သူတွေရဲ့ လက်ထဲမှာပါပဲ

စျေးနှုန်းမြင့်သုံးနိုင်တဲ့ လူတန်းစားတစ်ရပ်အတွက် ရွေးချယ်စရာပေါပါတယ် Quality ကောင်းပြီး စျေးသင့်တာ ရှာဖို့ ခက်ပါတယ်

စျေးမြှင့်ချင်ရင် Package တွေပြောင်းပြီး Marketing techniques ကို ပြောင်းလိုက်တာနဲ့ တင်လို့ရတာသိပါတယ်

ဒါပေမယ့် လက်ရှိ ထုတ်ထားသမျှ Product တိုင်းကို ကြည့်တာနဲ့ ပါဝင်တဲ့ Ingredients တွေနဲ့ ပေးရတဲ့စျေးက ချိန်ဆကြည့်ရင်သိနိုင်ပါတယ် တတ်နိုင်သလောက်တော့ Founder တစ်ယောက်အနေနဲ့ စျေးကိုထိန်းထားမှာပါပဲ

နာမည်ကောင်းတစ်ခုနဲ့ ရပ်တည်နေခဲ့တာ မှတ်တိုင်တစ်ခုရှိခဲ့ပါပြီ

Kathryn Beauty က စျေးပေါတာတွေ ထုတ်နေတာမဟုတ်ပါဘူး ❗️ကိုယ်ပေးချင်တဲ့ Massage ကိုက 😍 “ဟယ် .. ပေးရတာနဲ့ တန်လိုက်တာ … Quality အရမ်းကောင်းတာပဲ .. KB က ထုတ်သမျှ လူတိုင်းတတ်နိုင်တယ်” ဆိုတာပါပဲ အားလုံးကို Skincare ကုန်တိုင်းစိတ်မညစ်စေချင်တာ ဘူးအသစ်လေးဖောက်ရရင် ပျော်နေစေချင်တာ KB ရဲ့ စေတနာပါ 🫶🏻

Dr.Kathryn 🩵

Want your business to be the top-listed Beauty Salon in Myaungmya?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myaungmya
111111