Đë Đë

Đë Đë

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Đë Đë, Health/Beauty, Myawadi.

27/05/2026

ရွှေကုက္ကိုလ်က ကျားဖြန့်အဆောက်အအုံတချို့ကို စစ်တပ် ဖြိုချ

မြဝတီ၊ မေ ၂၆

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေထဲက အွန်လိုင်းလိမ်လည်မှု လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ကျားဖြန့်အဆောက်အအုံတွေကို ထပ်မံဖြိုချဖျက်ဆီးနေတယ်လို့ စစ်အစိုးရက ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်အစိုးရက ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ ၃၂၂ လုံးကို ဝင်ရောက်စစ်ဆေးရာမှာ အွန်လိုင်းလိမ်လည်မှု လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ကျားဖြန့်အဆောက်အအုံ ၇၇ လုံးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျားဖြန့်အဆောက်အအုံ ၇၇ လုံးမှာ ပထမအဆင့် ယာဉ်ယန္တရားနဲ့ ဖြိုချဖျက်ဆီးမယ့် အဆောက်အအုံ ၅၇ လုံး၊ ဒုတိယအဆင့် ဖောက်ခွဲပြီး ဖျက်ဆီးမယ့် အဆောက်အအုံ ၂၀ လုံးကို ခွဲခြားသတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျားဖြန့်အဆောက်အအုံ ၇၇ လုံးအနက် မေ ၂၅ ရက်နေ့မှာ ၄ ထပ် အဆောက်အအုံ ၂ လုံးကို ယန္တရားတွေ အသုံးပြုပြီး ထပ်မံဖြိုချဖျက်ဆီးခဲ့တယ်လို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွှေကုက္ကိုလ်နယ်မြေမှာ ဖြိုချဖို့ ကျန်တဲ့ တရားမဝင် ကျားဖြန့်အဆောက်အအုံ ၇၄ လုံးကိုလည်း ဖြိုချဖျက်ဆီးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်အစိုးရဘက်က အသိပေးထုတ်ပြန်ထားပါတယ်။

ရွှေကုက္ကိုလ်မြို့ဟာ ကရင်နယ်ခြားစောင့်တပ် BGF အသွင်ပြောင်း ကရင်အမျိုးသားတပ် KNA ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်နယ်မြေဖြစ်ပြီး ဒီကျားဖြန့်အဆောက်အအုံ ဖျက်ဆီးမှုဟာ အယောင်ပြ လုပ်ဆောင်တာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ - MOI

26/05/2026

ချင်းမိုင်မှာ နာမည်ကြီး အစီအရင်ဆရာတစ်ဦး ဖမ်းခံရ၊ နေအိမ်မှ 6သနတ်နှင့် ယာဘဆေးပြားများ သိမ်းဆည်းရမိ

ချင်းမိုင်၊ ဟန်ဒုန်းရဲစခန်း မှ ရဲတပ်ဖွဲ့က မေလ ၂၆ ရက်နေ့မှာ “အာဂျန်ဆွာ ဘန်ဖွန်” လို့ လူသိများတဲ့ အစွမ်းထက်ပညာဆရာတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

သူဟာ အသက် ၁၈ နှစ်အရွယ် မယားပါသမီးကို “နားထောင်” (Na Thong) အစီအရင်ပြုလုပ်ပေးမယ်လို့ လိမ်လည်ခေါ်ဆောင်ကာ မိုတယ်တစ်ခုတွင် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

နေအိမ်ကို ရှာဖွေရာမှာလည်း 6သနတ်နဲ့ ကျ ည်ဆန်အများအပြား၊ မ က်သ မ်ဖ က်တမ င်း (ယာ ဘ) 6ဆးပြားတွေကို တွေ့ရှိခဲ့ပါတယ်။

ချင်းမိုင်ခရိုင်တရားရုံးက ထုတ်ပေးထားတဲ့ ဖမ်းဝရမ်းအရ ဟန်းဒုန်းမြို့နယ်ရဲစခန်း စုံစမ်းရေးအဖွဲ့က အသက် ၄၃ နှစ်အရွယ် ကမုန်ထက် သို့မဟုတ် “အာဂျန်ဆွာ ဘန်ဖွန်” ကို နောင်ခွိုင်ရပ်ကွက်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူ့ကို အတင်းအဓမ္မပြုကျင့်မှုနဲ့ အရေးယူထားပြီး နေအိမ်အတွင်း ရှာဖွေရာမှာ လက်ကိုင်6သနတ် ၆ လက်၊ လေ6သနတ် ၁ လက်၊ ကျ ည်ဆန်ရာနဲ့ချီ၊ ယာ ဘ6ဆးပြား ၅ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဟန်းဒုန်းရဲစခန်းမှူး ရဲမှူးကြီး ချက်ကရီးယု ချိုတီဝချီရာဖွန်က “အာဂျန်ဆွာ” ဟာ ယခင်က ဘုန်းကြီးဖြစ်ခဲ့ဖူးပြီး Wat Ban Fon ကျောင်းတိုက်မှ နာမည်ကြီးဆရာတော် “ခရူဘာဒွန်းဒီ” ရဲ့ တပည့်ဖြစ်တယ်လို့ ပြောပါတယ်။

လူထွက်ပြီးနောက်မှာတော့ ထိုးကွင်းပညာ၊ ဖယောင်းတိုင်အစီအရင်၊ ကံရှင်းပွဲ၊ မေတ္တာပွားအစီအရင်၊ ကံကောင်းစေတဲ့ အစီအရင်တွေ လုပ်ပေးတဲ့ ပညာဆရာအဖြစ် နာမည်ကြီးလာခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ သုဿန်တွေမှာ အစီအရင်တွေပြုလုပ်လေ့ရှိပြီး ထိုင်းနဲ့ နိုင်ငံခြားသား တပည့်အများအပြား ရှိတယ်လို့လည်း သိရပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ တပည့်တွေက သူ့ကို ထိုင်ဝမ်အထိ ခေါ်ဆောင်ပြီး ကံရှင်းအစီအရင်တွေ ပြုလုပ်စေခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မေလ ၉ ရက်နေ့မှာ နစ်နာသူရဲ့ မိခင်က သူမရဲ့ သမီး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ရဲတိုင်ချက်ဖွင့်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာကနေ ဖမ်းဝရမ်း ထုတ်ပေးခံရတာ ဖြစ်ပါတယ်။

ဖမ်းဆီးချိန်မှာ သိမ်းဆည်းရမိတဲ့ 6သနတ်အများစုဟာ တရားဝင်လိုင်စင်ရှိပေမယ့် ထိုင်းရိုးရာလုပ် 6သနတ်တစ်လက်ကတော့ တရားမဝင်ဖြစ်တယ်လို့ သိရပါတယ်။

ကမုန်ထက်ကတော့ မုဒိ မ်းမှုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး “မိုတယ်ကို ဘယ်လိုရောက်သွားမှန်း မသိဘူး၊ မယားပါသမီးကို မထိခိုက်ခဲ့ဘူး” လို့ ထွက်ဆိုထားပါတယ်။

ရာဇဝင်စစ်ဆေးရာမှာလည်း ၂၀၀၈ ခုနှစ်က ယာဘ6ဆးပြား ၅ ပြား လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၁ နှစ် ၈ လ ကျခံခဲ့ဖူးတယ်လို့ သိရပါတယ်။

နစ်နာသူရဲ့ မိခင်ကတော့ သူမဟာ အရင်ကတည်းက ယုံကြည်မှုဆိုင်ရာ အစီအရင်တွေကို စိတ်ဝင်စားသူဖြစ်ပြီး “အာဂျန်ဆွာ” ရဲ့ တပည့်အဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်လို့ ပြောပါတယ်။

ကံရှင်းပွဲတွေ၊ ရေမန်းအစီအရင်တွေ၊ ဟောကိန်းပေးမှုတွေကို မကြာခဏ သွားရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်လောက်မှာ သမီးနဲ့အတူ “အာဂျန်ဆွာ” နေအိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကာ အဲဒီနှစ်အတွင်းမှာပဲ လက်ထပ်စာချုပ် မှတ်ပုံတင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဧပြီ ၁၆ ရက်နေ့မှာ သမီးဖြစ်သူက “အာဂျန်ဆွာ” ဟာ သူမကို အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်ဆိုပြီး ဝန်ခံပြောပြလာခဲ့တယ်လို့ မိခင်က ပြောပါတယ်။

သမီးရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အသက် ၁၈ နှစ်ရှိစဉ်က “အာဂျန်ဆွာ” က ပစ္စည်းဝယ်သွားမယ်ဆိုပြီး ကားမောင်းခိုင်းခဲ့ကြောင်း၊ ကားပေါ်ရောက်ချိန်မှာ “ကံမကောင်းဘူး၊ ကံရှင်းပေးမယ်” ဆိုကာ ခြိမ်းခြောက်စကားတွေ ပြောခဲ့ပြီး ကျ-ည်ထည့်ထားတဲ့ 6သနတ်ကိုတောင် ပြသခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ မိုတယ်တစ်ခုကို ခေါ်သွားပြီး အဝတ်ချွတ်ခိုင်းကာ ဗိုက်အောက်ပိုင်းမှာ ရွှေပြားကပ်ပြီး “ကံရှင်းအစီအရင် အောင်မြင်ဖို့ လိ-င်ဆက်ဆံပြီး အထွတ်အထိပ်ရောက်ရမယ်” လို့ ပြောဆိုကာ အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ သမီးဖြစ်သူက ထွက်ဆိုထားပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ၅ ကြိမ်ခန့် ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

သမီးဖြစ်သူကတော့ တရားခံမှာ 6သနတ်ရှိပြီး ရဲအရာရှိကြီးတွေကို သိတယ်လို့ အမြဲပြောဆိုခြိမ်းခြောက်နေတဲ့အတွက် ကြောက်ရွံ့ပြီး မိခင်ကို မပြောရဲခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ ဆက်ပြီး မခံနိုင်တော့တဲ့အတွက် အမှန်ကို ဖွင့်ပြောခဲ့တာလို့ ဆိုပါတယ်။

မိခင်ကလည်း သမီးကို ခေါ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ကာ အမှုကို အဆုံးအထိ လိုက်လံဆောင်ရွက်သွားမယ်လို့ chiangmainews သတင်းမှာ ဖော်ပြထားပါတယ်။


#ချင်းမိုင်နေ့စဉ်

Want your business to be the top-listed Beauty Salon in Myawadi?
Click here to claim your Sponsored Listing.

Category

Website

Address


Myawadi