TTG online shopping

TTG online shopping

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TTG online shopping, Beauty, cosmetic & personal care, ကြံခင်းလမ်း, Myawadi.

08/02/2023

အရမ်းတန်ဖိုးရှိတဲ့ စာသား
"ဘဝအတွက် အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းများ"
=======================
၁။ လူအထင်ကြီးခံရအောင် မကြိုးစားပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိနေဖို့သာ အရေးကြီးပါတယ်။

၂။ ရည်မှန်းချက် ကြီးကြီးထားပါ။ ဒါပေမယ့် သေးသေးလေးကနေ စပြီး အကောင်အထည်ဖော်ပါ။

၃။ စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ။ တစ်နေ့မှာ အောင်မြင်ရမယ်လို့ယုံကြည်ထားပါ။

၄။ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင် အမြဲကြိုးစားလေ့ကျင့်ပါ။

၅။ သင့်အတွက် အကျိုးရှိစေမယ့် စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရှုပါ။

၆။ လက်တွေ့လုပ်ဆောင်ပါ။ အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့။

၇။ ဥစ္စာပစ္စည်းတွေအပေါ် အရမ်းလောဘမကြီးပါနဲ့။ လောဘကြီးခြင်းဟာ ကျရှုံးခြင်းဆီကို ဦးတည်စေပါတယ်။

၈။ နားထောင်သူတစ်ယောက် ဖြစ်အောင်နေပါ။ သူများစကားပြောတာကို ကောင်းကောင်း နားထောင်ပေးခြင်းက သင့်အတွက် အကျိုးရှိစေပါတယ်။

၉။ အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ။ အရင်က ဘာကြောင့်ကျရှုံးခဲ့တယ်ဆိုတာကိုလဲ သေချာသိအောင်လုပ်ပါ။

၁၀။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး၊ ဆွေးနွေးလုပ်ဆောင်တတ်အောင် ကြိုးစားပါ။

၁၁။ သိသမျှအကုန်လုံးကို အမြဲဖွင့်ပြောစရာမလိုပါဘူး။ တချို့အရာတွေက လျှို့ဝှက်ထားဖို့လိုပါတယ်။

၁၂။ တတ်ထားတဲ့ အသိပညာတွေကို အခြားသူတွေဆီ မျှဝေသင်ကြားပေးပါ။ အခြားသူကို မျှဝေရင်း ကိုယ်ကိုတိုင်လဲ ပြန်လည်လေ့လာပြီးသား ဖြစ်သွားပါတယ်။

၁၃။ တော်ပြီး၊ထက်မြတ်တဲ့ မိတ်ဆွေတွေကို ရှာဖွေပေါင်းသင်းပါ။ ပတ်ဝန်းကျင်ကောင်းဆိုတာ သင့်ဘဝကို တိုးတက်ပြောင်းလဲစေပါတယ်။

၁၄။ ကိုယ့်ကိုကိုယ် ချစ်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ကြည်လင်နေအောင် ကြိုးစားနေထိုင်ပါ။ မိသားစုကိုလဲ အချိန်ပေးပါ။

၁၅။ မကောင်းတဲ့ အလေ့အကျင့်တွေကို ဖယ်ရှားပါ။ အချိန်တွေ၊ငွေတွေ ဖြုံးတတ်တဲ့ အကျင့်ဆိုးတွေကို အခုကစပြီးရပ်တန့်လိုက်ပါ။

07/02/2023

မင်္ဂလာမနက်နံနက်ခင်းလေးပါခင်ဗျာ 🙏🏻🙏🏻🙏🏻

06/02/2023

"လိပ်ကလေးတွေ ထံမှ သင်ခန်းစာ "
========================
မိခင်လိပ်မကြီးက လိပ်ကလေးပေါက်ဖို့
လှိုင်းနဲ့ဝေးတဲ့ သဲသောင်မှာဥ ဥတယ် ပြီးတော့
သဲတွေနဲ့ဥကိုဖုံးပြီး ပင်လယ်ထဲကိုပြန်လာတယ်
ဥပေါက်ဖို့အတွက်အဝေးကပဲ မေတ္ထာပို့နေတာ ..

ဥကထွက်တာနဲ့ လိပ်ကလေးတွေဟာ
တစ်ကောင်ထဲရပ်တည်ရတော့မယ် သူတို့ကို ကူညီမဲ့
သူမရှိဘူး သူတို့ရဲ့အခက်အခဲဟာ အဲဒီအချိန်မှာပဲ
စတင်ပါတယ်။

အပေါ်ကိုရောက်ဖို့ သဲတွေကိုစတင်ထိုးဖောက်ရတယ်
ပင်လယ်ထဲရောက်ဖို့ သဲသောင်ကနေ
တဖြေးဖြေးဖြတ်သန်းရတယ် အဲဒီအချိန်မှာ
သူတို့ကိုထိုးချီပြီးစားဖို့ ဌက်တွေကလဲ
စောင့်နေလေရဲ့ ..

ဌက်တွေကိုကြောက်လို့ သူတို့နောက်ကြောင်း
ပြန်မလှည့်ဘူး သူတို့ရဲ့တွင်းထဲမှာပုန်းမနေကြဘူး
သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ ပင်လယ်ဆီကို
ဦးတည်သွားနေကြတုန်းပဲ အောင်နိုင် သူတွေက
ပင်လယ်ထဲရောက်သွားတယ် ပိုတော်တဲ့သူတွေက
ဧရာမလိပ်ကြီးတွေအဖြစ် စာရင်းဝင်သွားတာပေါ့။

#ဘဝမှာ...

တစ်ယောက်ထဲဆိုပြီး စိတ်ပျက်အားငယ်မနေပါနဲ့
လိပ်ကလေးလိုမျိုး ရှင်သန်ပါ စိတ်ဖိစီးမှု့နဲ့ ဖိနှိပ်ခြင်းကနေ
ရုန်းထွက်လိုက်ပါ။

အပေါ်ကဖိထားတဲ့သူတွေကိုရှိသမျှ
ခွန်အားတွေနဲ့ တွန်းထုတ်လိုက်ပါ
မနာလိုဝန်တိုတဲ့သူတွေ
ချောက်တွန်းဖို့ချောင်းနေတဲ့သူတွေကိုသတိထားပါ။

သူတို့ကိုကြောက်ပြီးပုန်းမနေပါနဲ့
သတ္ထိရှိရှိရင်ဆိုင်ပါ
သူတို့ကြောင့်သွားမဲ့ဦးတည်ချက်ကို မပြောင်းလဲပါနဲ့
မဆုတ်မနစ်နဲ့ကြိုးစားမယ်ဆိုရင်
ဧရာမလူသားတွေလဲဖြစ်လာနိုင်ပါတယ် ။

05/02/2023

ရှောင်နေလိုက်ပါ မိတ်ဆွေ ....

သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်
တိုက်ရိုက် သွားမပြောနဲ့ ။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား ?
သွားပြီး ပေါက်ကွဲမပြနဲ့ ။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ ။

နင်က ဘယ်လို ငါက ဘယ်လို ဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး ။

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား ?

ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့ ။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ ။

တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး ။

မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ် ။

ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွှင့်

ခွင့်ရရင် ရသလို ဖဲ့ညှစ်
အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ ။

Crd....

04/02/2023

#သိစေချင်လို့ပါ

နတ်"တွေဟာ
နေ့စဉ်
အစည်းအဝေး
လုပ်တဲ့အခါ

လူ့ပြည်မှာ လူတွေဟာ
ဘာတွေလုပ်လဲ ဆိုတာ
မိမိရဲ့ကိုယ်စောင့်နတ်က
တင်ပြပေးရတယ်၊

အဲထဲမှာ ကုသိုလ်တကာ့
ကုသိုလ်"ထဲတွင်
အမြင့်ဆုံးဖြစ်သော
ဝိပဿနာ
ကျင့်ကြံ့ အားထုတ်သူကို

မြေ စောင့်နတ်
ရေ စောင့်နတ်
တော စောင့်နတ်
နတ် အမျိုးမျိုးက
အင်မတန်
စောင့်ရှောက်ပေးရတယ်၊

စောင့် ရှောက် မပေးရင်
အထက်က
နတ်မင်းကြီးတွေက
အပြစ်ပေး ဒဏ်ခံရတယ်၊

အရင်ကလည်း
ပြောဖူးတယ်
မနက်ဖြန်မှာ

ကမ္ဘာကြီးနဲ့ ဂြိုလ်တစ်ခုခု
ဝင်တိုက်ပြီးတော့
ပျက်စီးမယ် ဆိုပါစို့

လူတစ်ယောက်ယောက်ကများ
အရိယာပုဂ္ဂိုလ်ဖြစ်ရမယ်ဟု
တရားတွေကျင့်ကြံ့နေရင်

ကမ္ဘာပျက်မဲ့နေ့ကို
နတ်တွေဗြဟ္မာတွေက
ရက်ရွေ့ပေးရတယ်။

အဲလူဟာ
အရိယာဖြစ်မှပဲ
ကမ္ဘာကြီးက ပျက်ပေးရတယ်

ဘုရားရှင်ခေတ်တုန်းကလည်း
သံဃာတပါးက
ဝိပဿနာအားထုတ်နေရင်း

မကြာခင် ရဟန္တာဖြစ်တော့
မယ့်အချိန်အခါဖြစ်လေသည်။

မွန်းလွဲပြီးမှ
ရဟန္တာဖြစ်ရင်
ဆွမ်းမစားလိုက်ရမှာဆိုးလို့

နေနတ်သားကြီးက
နေကို ရပ်တန့်ပေးထားပြီး
ရဟန္တာဖြစ်မှပဲ မွန်းလွဲပေးရတဲ့
အထိ စောင့်ရှောက်ပေးကြတယ်။

ယနေ့ခေတ်မှာလည်း
တကယ်တရားကျင့်နေတဲ့

မဟာဗောဓိမြိုင်
ဆရာတော်ကြီးဆိုရင်
နတ်သားနတ်သမီးတွေက
လာလာဖူးကြသတဲ့။

အရိယာပုဂ္ဂိုလ်
ဖြစ်မဖြစ်ကို အသာထားဦး

ဝိပဿနာ
တကယ်ကျင့်နေလျင်ပင်
သင့်အနီးအနားမှရှိတဲ့
ဘုမ်မစိုး ရုက်ခစိုး
ရွာစောင့်နတ်တွေ
နယ်စောင့်နတ်
နတ်အမျိုးမျိုးတွေက

သင့်ကို စောင့်ရှောက်
ကယ်တင်ပေးရတယ်။
သင်ဒုက္ခရောက်ရင်
လာကူညီပေးရတယ်။

အခြားကုသိုလ်တွေ
လုပ်ရင်လည်း
စောင့်ရှောက်ပါတယ်

သို့သော် သင်ဟာ
နတ်တွေကို အမျှပေးဝေဦးမှ

အမျှဝေလည်း
နတ်တွေဟာ
သာဓုခေါ်နိုင်ဦးမှဖြစ်သည်။

နတ်တပါးက ကြားရင်
သင့်ကို တစ်ပါး
စောင့်ရှောက် မယ်

သို့သော်
အဲ့ဒီနတ်က
သင်ဘယ်သွားသွား
အမြဲတမ်းတော့
စောင့်ရှောက်နိုင်မှာ မဟုတ်

ဝိပဿနာ
အားထုတ်သူကြတော့
တလောက လုံးမှာရှိတဲ့
နတ်တွေက

သင်ဘယ်သွားသွား
စောင့်ရှောက်ပေးရတယ်။

သင်မနောစိတ်က
ဘာလိုချင်လဲ

ဥပမာ
အစားအစာဖို့
အခက်အခဲဖြစ်နေလျင်ပင်
နတ်တွေက လူရောင်ဖန်ဆင်းပြီး
ဆွမ်းလာကပ်တဲ့အထိ
အင်မတန်စောင့်ရှောက်ကြတယ်။
******
ပါမောက္ခချုပ်
ဆရာတော်ဘုရားကြီး

🙏

03/02/2023

🙏🙏🙏

02/02/2023

“အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်း ငွေရှာနည်း ၊ ငွေစုနည်း “

✅ငွေစုရတာဟာ ငွေရှာရတာထက်ပိုခက်ပါတယ် … ငွေစုရတာဟာ ပညာပါပဲ …

✅ မိမိငွေကို သူများလက်ထဲဘယ်တော့မှ မထားပါနဲ့ …

✅ ချမ်းသာချင်ရင် စုဗူးနဲ့စုပါ … သောကရောက်ချင်ရင် “ စုမဲ “ စုပါ …

✅ စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ … လူတန်းစေ့မနေနိုင်ခင် … လူတန်းစေ့မစားချငိပါနဲ့ … အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ …

✅ ထမင်းနှပ်မှန်အောင်စားရဖို့ ကြိုးစားနေတဲ့အချိန် … အကောင်းဆုံးအလှကုန်တွေသုံးဖို့ မစဉ်းစားပါနဲ့ … လူတစ်ယောက်အသက်ရှင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ ( စား ၊ ဝတ် ၊ နေ ) ရေးပဲ ပါပါတယ် ….

✅ မအောင်မြင်ခင် မလှချင်ပါနဲ့အုံး … အောင်မြင်လာရင် လှလာပါလိမ့်မယ် … ( မယုံရင် ယနေ့အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ)

✅ အိပ်တယ်ဆိုတာ သေခြင်းတစ်မျိုးပါပဲ … အသက်(၆၀) မှာ သေသွားရင် သင်တကယ်အသက်ရှင်တာ အသက်(၄၀) ပဲရှိပါတယ် သင့်အသက်ရှင်အချိန်ရဲ့ (၃)ပုံ (၁)ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ်ဆိုတာ သတိထားမိပြီလား …

✅ သူများ မနေနိုင်သလို နေနိုင်ချင်ရင် သူများမစားရသလို စားရချင်ရင် … သူများအိပ်နေတဲ့အချိန် သင်အိပ်နေသမျှတော့ … သူများနဲ့ တန်းတူပဲ ဖြစ်နေအုံးမှာပါပဲ …

✅ သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့ …ကိုယ်လမ်းကိုဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ … ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ …

✅ ကိုယ်ဖောက်ထားတဲ့လမ်းကို သူများလျှောက်တဲ့ခါ ရန်မလုပ်ပါနဲ့ အရှက်မခွဲပါနဲ့ ဒါဟာ ဂုဏ်ယူစရာဆိုတာ သိထားပါ …

✅ စိတ်ဓာတ်ကို မြင့်မြင့်မားမားထားပါ … စိတ်ထားဆိုတာ “ မြင့်မှမြတ် “ တာပါ …

✅ ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် “ စေတနာ” လေးထားပြီးလုပ် … အကျိုးအမြတ်ကိုရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှ မကြီးပွါးဘူးဆိုတာ စိတ်ချ …

✅ “ထောင်” မြင်ရင် “ရာ”စွန့်ရမယ် … သေးငယ်တဲ့ လိုအင်ဆန္ဒတွေကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို အပျက်စီးမခံပါနဲ့ …
အသေးဖွဲ့ကိစ္စလေးတွေအဆင်မပြေတာကြောင့် စိတ်သောကအရောက်မခံနဲ့ အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ …

✅ အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့ ….

✅ ကားက ဘာနဲ့သွားသွား လိုရာခရီးရောက်ရင်ပြီးတာပါပဲ … ( လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါနဲ့ )

✅ နေစရာရှိရင် စားဖို့ပူစရာမလိုဘူး “လူမသေငွေမရှားပါ “

✅ ကိုယ်ပိုင်ကားမစီးနိုင်သေးခင် … IPhone ဝယ်မကိုင်ချင်ပါနဲ့ … ( IPhone ၄လုံးဆို ကားတစ်စီးဝယ်လို့ရပြီနော် )

✅ I phone မကိုင်နိုင်တာ ရှက်စရာမဟုတ်သလို … IPhone က ဘဝတွက် မဖြစ်မနေလိုအပ်တဲ့အရာမဟုတ်ဘူးလေ …

✅ “ ရတနာ” မစုဆောင်းနိုင်ခင်မှာ Branded တွေကိူ မကိုင်ချင်ပါနဲ့ …

✅ “ ရတနာ “ ဆိုတာ “ ရှိ တန်ဆာ “ “ မရှိ ဝမ်းဆာ “ အချိန်မရွေး ငွေ ဖော်ရလွယ်တယ်ဆိုတာ မမေ့ပါနဲ့ …

✅ မိဘကို လက်ဝတ်ရတနာ မဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့ …
( သိပ်ကို ရှက်စရာကောင်းပါတယ် )

✅ လူအထင်ကြီး ခံရဖို့ အပင်ပန်းခံမကြိုးစားပါနဲ့ …
( ကိုယ့်မရှိရင် ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး )

✅လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက်စမ်းပါ …

👉လက်ညှိုးထိုးတာ သူ့အလုပ်

👍လက်မထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ်

💪သင့်မှာအချိန်များကြီးရှိပါသေးတယ်( နောက်ဆုံးအချိန်ထိ ကြိုးစားပိုင်ခွင့်ရှိတယ် ) …

🤝 မိတ်ဆွေ အကောင်းဆုံးချိန်ဆိုတာ “ဒီအချိန်” ပါပဲ ချက်ချင်း ပြောင်းလဲလိုက်ပါ …

01/02/2023

တရား အားထုတ်တော့မယ်ဆိုရင်
ကိုယ်လက်သန့်စင်တာကမှအစ
ကိုယ်ကျင့်တရား သန့်ရှင်းတာအထိ
ကိုယ့်ကိုယ်ကို သန့်ရှင်းရေးတွေ
အားလုံးလုပ်ပြီးတဲ့နောက်။

ကိုယ်ကျင့်တရားပေါ်မှာ
အာရုံပြုပြီး စိတ်ကလေးက
ကြည်နူးလာတဲ့အခါမှ
အလုပ်ကို စတင်ရမယ်။

အဲဒိအချိန်မှာ ကြားထဲက
အနှောင့်အယှက်တွေ
ပေါ်လာလို့ရှိရင် ခံနိူင်ရည်ရှိအောင်
ဘာလုပ်ရတုန်းဆိုရင် ကိုယ့်ကိုယ်ကို
ဘုရားကို စွန့်လှူထားပါတဲ့။

ဒါက အဋ္ဌကထာ
ဆရားတွေရဲ့ အကြံပေးတဲ့
စကားတစခြု။

အန္တရာယ်တစ်ခု ကြုံလာတဲ့အခါ
လူကကြောက်တတ်တယ်။
ကြောက်လာတဲ့အခါ
ကိုယ်လုပ်တဲ့လုပ်ငန်း တစ်ခုဟာ
မအောင်မမြင် ဖြစ်လာတယ်။
မစွန့်စားရဲ့ဘူး။

အဲဒီလို မဖြစ်အောင်
ကိုယ့်ခန္ဓာကိုယ်ကြီးကို
ဘုရားလှူ လိုက်တယ်။

လှူထားသည့်အတွက်ကြောင့်
တစ်စုံတစ်ခု အန္တရာယ်ရှိလည်းငါ့ခန္ဓာ
ဘုရားလှူထားတာပဲလို့ တွေးလို့ရတယ်။
ဒါဆို ရဲတင်းတဲ့စိတ်တွေ
ကိုယ်သန္တာန်မှရတယ်။

စိတ်ဆိုတာ ဒီလိုတွေးရင်
တစ်မျိုးဖြစ်တယ်။
ဟိုလိုတွေးရင် တစ်မျိုးဖြစ်တယ်။
မှန်ကန်တဲ့အတွေးတွေ တွေးပြီးတော့
စိတ်အားတွေ ပြန်ဖြည့်ပေးရတယ်လို့
ဒီလိုပြောတာနော်။

နောက်ပြီး ကမ္မဋ္ဌာန်းထိုင်ဖို့
လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုက
ဘာတုန်းဆိုရင် တစ်ခါတစ်ရံ
နှုတ်မစောင့်စည်းဘဲနဲ့
သူတော်ကောင်းတွေကို
ပြစ်မှားမိတာမျိုး၊ စွပ်စွဲမိတာမျိုး
ဖြစ်တတ်သေးတယ်။

အဲဒိလိုမျိုး ဖြစ်ခဲ့ရင်
ဒါကြီးက အနှောင့်အယှတ်
ဖြစ်တတ်တယ်တဲ့။

အကယ်၍များ
သူတော်ကောင်းတွေကို
စွပ်စွဲမိရင် ဝန်ချပါတယ်
ကန်တော့ပါတယ်ပေါ့်။

စိတ်ထဲက ဒီလို ကန်တော့
ဝန်ချခြင်းအားဖြင့် ကိုယ့်စိတ်ထဲမှာ
တင်းကျပ်နေတာတွေ ဘာမှမရှိ
တော့ဘူး။

စဥ်းစားလိုက်ရင် လုပ်သင့်တာတွေ
ငါလုပ်ထားပြီးပြီဆိုရင် စိတ်ထဲမှာ
ဘက်စုံက ဘယ်ဟာပဲတွေးတွေး
ကြည်နူးမှုတွေရတယ်။

သံသယ ဖြစ်စရာ၊ ကြောက်စရာ၊
စိတ်တင်းကျပ်စရာတွေ
မဖြစ်ဘူး ။

အဲဒီလို စိတ်ရဲ့ တင်းကျပ်မှုတွေကို
ဖြေလျော့နိူင်စေရန်အတွက်
လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ရမယ်တဲ့။

အဲဒီတော့ အာနာပါနဆိုတဲ့
ထွက်လေ ဝင်လေနဲ့ ပတ်သက်ပြီး
လူတိုင်းလူတိုင်းမှာ ၂၄-နာရီ
နှာခေါင်းက အသက်ရှူနေတာ
ဖြစ်တယ်။

ထွက်လေ ဝင်လေဟာ
ရှားပါးပစ္စည်း မဟုတ်ဘူး ။
လူတိုင်း ကိုယ်ပိုင်အနေနဲ့
ရှိနေကြတယ်။

အဲဒီ ကိုယ်ပိုင်ရှိနေတဲ့
အာရုံကလေးမှာ အခြေပြုပြီးတော့
သမထကျင့်စဥ် တစ်ခုကို
ကျင့်ကြံလို့ ရတယ်။

အဲဒီ အာနာပါနဆိုတဲ့ ကျင့်စဥ်တစ်ခုဟာ
သမထနည်းအရ ပေါက်ပေါက်
ရောက်ရောက် ဖြစ်သွားလို့ရှိရင်
ပထမစျာန်ကိုလည်း ရနိူင်တယ်။
ဒုတိယစျာန်၊ တတိယစျာန်
စတုတ္ထစျာန်ကိုလည်း ရစေနိူငိတယ်။
ဆိုလိုတာ စျာန်အားလုံးကို
ရနိူင်တယ်ပြောတာ။

ဂေါတမ မြတ်စွာဘုရားအလောင်း
တောထွက်ပြီး တရားကျင့်စဥ်
၆ -နှစ်ပတ်လုံး မမှန်ကန်တဲ့
လမ်းစဥ်လိုက်ပြီး ခန္ဓာကိုယ်ကို
ပင်ပန်းခံပြီး ကျင့်ခဲ့တာ။
အဲဒီ ကျင့်နေတဲ့ အကျင့်တွေက
မှားနေလို့ ဘာအကျိုးမှ ​မဖြစ်ထွန်းဘူး။

နောက်ဆုံး မှန်ကန်တဲ့
လမ်းကိုရွေးပြီး ကျင့်တော့မှ
အောင်မြင်လာတယ်။

ဘာကမ္မဋ္ဌာန်း အားထုတ်
သလဲဆိုရင် ”အာနာပါန ”
ကမ္မဋ္ဌာန်း အားထုတ်တယ်။

ဘုရားဖြစ်ဖို့ ကျင့်တဲ့အကျင့်ဟာ
”ထွက်လေ ဝင်လေ”ပဲ။

ရဟန္တာဖြစ်ဖို့ အကျင့်ဟာလည်း
ထွက်လေ ဝင်လေပဲ။

စျာန်တရားတွေ မဂ်တရားရချင်လည်း
ထွက်လေ ဝင်လေပဲ။

ထွက်လေဝင်လေရဲ့ တန်ဖိုးဟာ
ဘယ်လောက်ကြီးသလဲဆိုရင်
လူတွေမှာ အသက်ရှင်ဖို့အတွက်
နေစဥ့် ဒီလေကိုရှူလိုက် ထုတ်လိုက်
ရှူလိုက် ထုတ်လိုက် လုပ်နေကြတာ
မဟုတ်လား။

အဲဒီ ”လေ”ကို
မသုံးမချဘူးဆိုရင် အလဟဿ
ကုန်မသွားပေဘူးလား။

လောက လူတွေထဲမှာ
ဗာလဆိုတဲ့ လူတွေရှိတယ်၊
အသက်ရှူရုံတင် ရှူတတ်တယ်တဲ့။

အသက်ရှူတဲ့လေပေါ် မှာ
အသုံးချပြီး ဘာပညာမှ မရသူကို
ဗာလလို့ ခေါ်တယ်တဲ့။
ဗာလရဲ့အဓိပ္ပါယ်တစ်ခု ဖွင့်ထားတာ။
လူတွေတင် မကဘူး။

အသက်ရှူတဲ့ တိရစ္ဆာန်တွေမှန်သမျှ
ဒီလိုပဲ နှာခေါင်းက ရှူလိုက် ထုတ်လိုက်
ရှူလိုက်ထုတ်လိုက်နဲ့ ဒီလေလေးက
အသက်ရှင်ဖို့ပဲ အသုံးကျတယ်။
ဘာအတွက်မှ အသုံးမကျဘူး ။

အေး သူတော်ကောင်းတွေကတော့
ကိုယ်သန္တာန်မှာ ၂၄- နာရီ စဥ်ဆက်မပြတ်
ဖြစ်ပြီး အသက်ရှင်နေဖို့ အသုံးဝင်နေတဲ့
ဒီလေလေးကို ကမ္မဋ္ဌာန်းအာရုံ တစ်ခုအဖြစ်
အသုံးချလိုက်မယ်ဆိုရင် ကိုယ့်ပါရမီကလည်း
ရှိမယ်။

ကြိုးလည်း ကြိုးစားမယ်၊
စိတ်ဆန္ဒတွေကလည်း
လုံလောက်တယ်ဆိုရင်
ဒီပုဂ္ဂိုလ်ဟာ စျာန်တွေ
မဂ်ဖိုလ်တွေ ရပြီး
နိဗ္ဗာန်ထိအောင် ရသွားနိူင်ပါတယ်။

ဂေါတမြတ်စွာဘုရား အလောင်းတော်ဟာ
ဒီထွက်လေ ဝင်လေလေးပေါ်မှာ
အခြေပြုပြီး စျာန်ရသွားတယ်။

ထိုစျာန်တရားတွေကို ဝိပဿနာ
အာရုံအဖြစ် ပြောင်းလဲပြီး
ရှုမှတ်လိုက်တဲ့အခါမှာ
ဝိပဿနာ ကျင့်စဥ်တစ်ခု
အောင်မြင်ပေါက်မြောက်သွားပြီး
မဂ်လေးပါး အဆင့်ဆင့်ကူးပြီး
နောက်ဆုံးဘုရားအဖြစ် ရောက်သွားတယ်။
ဒီကျင့်စဥ်ပဲ ဒီအာရုံနဲ့ သွားတာ။

အေး ဒါ့ကြောင့် သမထကျင့်စဥ်တစ်ခုကို
ကျင့်တော့မယ်ဆိုရင် ထွက်လေဝင်လေကို
ဘယ်ပေါ် အသုံးချသလဲ။
ခန္ဓာကိုယ်ရဲ့ ဣရိယာပုတ်တစ်ခုကို
ရွေးရတယ်။

ဣရိယာပုတ် ရွေးမယ်ဆိုရင်
ဘာရွေးမလဲ။

လမ်းလျှောက်နေမယ်ဆိုရင်
လှုပ်ရှားနေသည့်အတွက်ကြောင့်
စိတ်ကလမ်းကို ကြည့်ရတာတစ်မျိုး၊
ထွက်လေ ဝင်လေကို ရှူရတာ တစ်မျိုးမို့
ဒီလိုဆိုရင် စိတ်ဟာ အလုပ်များတယ်။
အလုပ်တွေ မပိုဘူးလား။
မကြည့်ရင်လည်း ခလုတ်တိုက်အုံးမယ်၊
ဒိီနည်းက မသင့်တော့ဘူး။
လမ်းလျှောက်ပြီးလည်း အားမထုတ်နဲ့၊၊

မတ်တပ်ရပ်ပြီး အားထုတ်မယ်ဆိုရင်
ခန္ဓာကိုယ်ကြီးလည်း မသွားအောင်
ထိန်းထားရအုံးမယ်။
အလုပ်တစ်ခု ပိုတယ်။

အိပ်ပြီး အားထုတ်မယ်ဆိုရင်လည်း
လုံ့လဝီရိယက လျော့ပြီး မကြာခင်
အိပ်ပျော်သွားမှာ။
အဲဒါကတော့ ဇိမ်ခံလွန်းအားကြီးတယ်။

လဲလျှောင်းနေတဲ့ ဣရိယာပုတ်လည်း
မကောင်းဘူး။

လမ်းလျှောက်နေတဲ့ ဣရိယာပုတ်လည်း
မကောင်းဘူး။ ရပ်နေရင်လည်း မကောင်းဘူး။

အကောင်းဆုံးက မတ်မတ်ကလေး
ထိုင်နေတဲ့ ဣရိယာပုတ်က
ငြိမ်သက်တယ်တဲ့။

အဲဒါကြောင့် အာနာပါနကမ္မဋ္ဌာန်း
အားထုတ်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို
မြတ်စွာဘုရားက”ပလ္လင်္ကံ အာဘုဇိတွာ”-
တင်ပလ္လင်ခွေထိုင်ပါတဲ့။

”ဥဇုံကာယံ ပဏိဓာယ”-ခါးအထက်
ခန္ဓာကိုယ်ကို ဆန့်ဆန့်ထား၊
တင်ပလ္လင်ခွေ ထိုက်လိုက်တဲ့အခါကျတော့
လူက လှုပ်ရှားမှု နည်းပြီးတော့
ငြိမ်သက်မှု ပိုလာတယ်။

အိပ်နေတာကိုလည်း ဇိမ်ခံလွန်းနေတာ
မဟုတ်ဘူး။ လမ်းလျှောက်တာတို့
မတ်တပ်ရပ်တာတို့လိုလည်း
ထိန်းစရာ မလိုဘူး။

ဒါ့ကြောင့်
အမျိုးသားတွေဆို တင်ပလ္လင်ခွေထိုင်၊
အမျိုးသမီးတွေဆို
ထက်ဝက် ပလ္လင်ခွေထိုင်ပြီး
ခါးအထက်ကိုယ်ကို ဆန့်ဆန့်လေး
ထားတဲ့။

ဘာကြောင့် ဆန့်ဆန့်ကလေး
ထားခိုင်းသလဲဆိုရင် ကျောမှာ
အရိုးအဆစ်ကလေးတွေ
၁၈ ခုလောက် ရှိတယ်။
အဲဒီ အရိုးလေးတွေကို
မတ်မတ်ကလေး ထားရမယ်။

ဒီလိုမထားဘဲ ခါးလေးကုန်းထိုင်မယ်
ဆိုရင် အရိုးအဆစ်တွေ
တစ်ခုနဲ့တစ်ခု ဖိနေသည့်အတွက်ကြောင့်
ကြာလာတဲ့အခါ ခါးကိုက်တဲ့ ရောဂါ
ခါးညောင်းတဲ့ ရောဂါ ခါးအောက်တဲ့
ရောဂါတွေ ဖြစ်လာနိူင်တယ်။

အဲဒါကြောင့် ခန္ဓာကိုယ်ရော ခေါင်းရော
မတ်မတ်ကလေးထားလို့ ပြောတာ ။
စာပေက တရားထိုင်နည်းတွေ
သေချာသင်ပေးတယ်။

ပလ္လင်္ကံအာဘုဇိတွာ -တင် ပလ္လင်ခွေ
ထိုင်နည်း ၊ ဥဇုံ ကာယံပဏိဓာယ-
ခါး အထကျ ခန်ဓာကျိုယျကို
မတ်မတ်ကလေးထားတဲ့။

ပဋိမုခံ သတိံ ဥပဋ္ဌပေတွာ-အာရုံ
ဘက်ကို စိတ်ကို လွှတ်လိုက်။
အာရုံကို စိတ်ကိုဦးတည်ထား။

ဘယ်ကို ဦးတည်ပြီး သတိထားရမလဲ
ဆိုရင် နှာခေါင်းက ထွက်နေတဲ့
လေကလေး ထိတဲ့နေရာကို
သတိထားရတယ်။

နှုတ်ခမ်း တိုတဲ့လူကတော့
နှားခေါင်းဖျားမှာ ထိတယ်။
နှုတ်ခမ်းရှည်တဲ့ သူကျတော့
နှုတ်ခမ်းထိပ်ဖျားလေးမှာ
လေကလေး လာထိတယ်။

ဆိုလိုတာက ဘယ်လိုပုဂ္ဂိုလ်ပဲ
ဖြစ်ဖြစ် ကိုယ့်နှာခေါင်းမှာ
အသက်ရှူသွင်းလိုက်တဲ့အခါ
လေထိတဲ့နေရာ။
ရှိုက်ထုတ်လိုက်တဲ့အခါ
လေထိတဲ့နေရာ ။
အဲဒီ ထိတဲ့နေရာကလေးမှာ
စိတ်ကိုထားပါလို့ ပြောတာ။

သမထကျင့်စဥ်အရ အာနာပါန
ကျင့်တော့မယ်ဆိုရင် ”လေ”ကို
မှန်မှန်လေးနဲ့ ဖြည်းဖြည်းရှူ။

အေး တချို့ကျတော့
သမာဓိ မရနိူင်လို့
သမာဓိရအောင် ဆိုပြီး
ပြင်းပြင်းထန်ထန် ရှူတဲ့နည်းလည်း
ရှိတယ်။

အဲဒီနည်းက
စာလာပေလာတော့ မဟုတ်ဘူး။
ကြိုက်တဲ့သူက လုပ်နေကြတာ။
ဂှူးရှဲ ရှူးရှဲ လုပ်တဲ့နည်းက
ကြာလို့ရှိရင် မောပြီးသွားတတ်တယ်။

ခန္ဓာကိုယ်ကို ပင်ကိုယ်ရှူနေကျ
အနေအထားလေးနဲ့ မှန်မှန်လေး
ရှူလိုက်ပါတဲ့။

စိတ်တွေ ဘာတွေ
ဖြေလျော့ထားလိုက်။
Tension လုပ်မထားနဲ့။

အာရုံပေါ်မှာ စိတ်ကလေးကို
လွှတ်ထားပြီး ငြိမ်နေအောင်
စိတ်နဲ့ခန္ဓာကိုယ်မှာ တင်းကျပ်နေတာ
မရှိစေဘဲနဲ့ အားလုံးအကြောတွေ
ဖြေလျော့ထားပြီး နှာသီဝမှာ
လေကလေးထိတဲ့နေရာမှာ
စိတ်ကို ငြိမ်သွားအောင် ထားပါတဲ့။
လေကလေးကို အာရုံပြုရင်းကနေ
စိတ်ကလေး ငြိမ်လာတယ်။

ထွက်လေ ဝင်လေလေး
ရှုမှတ်နေတာကို ဘာနိမိတ်ခေါ်သလဲဆိုရင်
ပရိကမ္မ နိမိတ်(sign. of preliminary)တဲ့။
ပရိကမ္မနိမိတ် ဆိုတာ ဘာတုန်းဆိုရင်
ပြင်ဆင်ပေးနေတဲ့ အာရုံနိမိတ်လို့
ပြောတာ။

အဲဒီ အာရုံနိမိတ် အတော်လေး
ကြာလာတဲ့အခါ စိတ်ထဲမှာ
တော်တော် ထင်ထင်ရှားရှားကြီး
ဖြစ်လာတဲ့ အခါကျလို့ ရှိရင်
စိတ်က မှတ်ယူနိူင်တဲ့
အနေအထားရောက်ရင်
ဥဂ္ဂဟနိမိတ်လို့ ခေါ်တယ်။

နောက်ဆုံးကျတော့
ဒီထွက်လေ ဝင်လေလေးဟာ
ပုံသဏ္ဌာလေး ပြောင်းလာတယ်။
ကိုယ့်စိတ်ထဲမှာ ဖြစ်လာတယ်။
သူကပြောင်းတာ မဟုတ်ဘူး။
ကိုယ့်စိတ်က ပြောင်းတာ။

လေလေးကို ရှူနေရင်း
ဒီထွက်လေဝင်လေလေးဟာ
ဘာဖြစ်လာသလဲဆိုရင်း
မီးခိုးတန်းကလေး ထွက်လာသလို
မြင်လာတယ်။

ထချို့ကျတော့ ပုလဲလုံးကလေးတွေ
ထွက်လာသလို မြင်ရတယ်။

တချို့ကျတော့ ဒီနှာခေါင်းဝ
နှာသီးဖျားမှာ ဘောလုံးကလေးက
လည်နေသလို မြင်တာမျိုးလည်း
ရှိတယ်။ အမျိုးစုံပေါ့။

မီးခိုးတန်းကြီးလိုလည်း မြင်လာတယ်။
အာရုံအလင်းတန်းကြီးနှစ်ခု
ထွက်နေတယ်လို့လည်း မြင်လာတယ်။

ဒါလူတစ်ယောက်နှင့် တစ်ယောက်
အမှတ်သညာချင်း မတူသည့်အတွက်
ကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံနိမိတ်က
တစ်ယောက်နှင့် တစ်ယောက်
မတူဘူးတဲ့။

အဲဒီအာရုံနိမိတ်ပေါ်လာရင်
ပေါ်လာတဲ့နိမိတ်ပေါ်မှာ
ဆက်ပြီး အလုပ်လုပ်ရမယ်တဲ့။
ဒါကို နိမိတ်ရတယ် ခေါ်တယ်။

အဲဒီ နိမိတ်ပေါ်မှာ ရှုမှတ်ပွားများပြီး
သမာဓိစွမ်းအားတွေ မြှင့်မြှင့်ပေးလိုက်တဲ့
အခါမှာ ကိုယ့်ရဲ့သန္တာန်မှာ နီဝရဏဆိုတဲ့
တရားတွေ ငြိမ်းလာတယ်။

ဘာတွေ ငြိမ်းလဲဆိုရင်
အာရုံခံစားချင်တဲ့ ဆန္ဒတွေ
ငြိမ်းလာတယ်။

ကာမစ္ဆန္ဒ လို့ဆိုတဲ့
ပျော်စရာရွှင်စရာတွေအပေါ်မှာ
ပျော်ရွှင်ချင်တဲ့ လောဘ နည်းလာတယ်။

အာရုံတစ်ခုပေါ်မှာ မုန်းတီးတဲ့
ဆန့်ကျင်တဲ့ သျဘာထားတွေ
ပျောက်သွားတယ်။

စိတ်မငြိမ်မသက် ဖြစ်ပြီးတော့
စိတ်ထဲမှာ ပူပန်နေတာတွေ
ပျောက်သွားတယ်။

အာရုံနဲ့ ဆက်ပြီးတော့
စိတ်ဟာ စွမ်းဆောင်နိူင်စွမ်း
မရှိအောင် စွမ်းရည်သတ္တိတွေကျသွားတာ၊
ဒါတွေ မရှိတော့ဘူး။

သူ ရှုမှတ်နေတဲ့ အာရုံပေါ်မှာလည်းပဲ
ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့
အတွေးလေးတွေ သံသယတွေ
မရှိတော့ဘူး။

အဲဒါ မရှိတာကို
နိဝရဏတရား ငါးပါး
ကင်းသွားတယ်လို့ ပြောတာ။
ဘယ်သူက ကင်းအောင် လုပ်တာလဲဆိုရင်
သမာဓိစွမ်းအားက ဖယ်ရှားပစ်လိုက်တာ။
စိတ် စိတ်ချင်းဖယ်ရှားနေတာ၊၊

စိတ်ထဲမှာ ခုနကပြောတဲ့
အညစ်အကြွေးတွေ
မလာတော့ဘူး။
နီဝရဏတရား ငါးပါး
လုံးဝပျောက်ကင်း သွားတယ်။
ခုနက နိမိတ်အလင်းတန်း
သို့မဟုတ် မီးခိုးတန်းလေးနှစ်ခု
ပေါ်တယ်။

နောက် ဘာတွေ ဆက်ဖြစ်နေလဲဆိုရင်
ဒီအာရုံနိမိတ်ပေါ်မှာ စိတ်ကူးနေတာတွေ
ပေါ်လာတယ်။

စိတ်ကူးတယ်ဆိုတာ
စိတ်က အာရုံပေါ်ကူးနေတာကို
ခေါ်တယ်။
ဆိုလိုတာက စိတ်နှင့် အာရုံ
မပြတ်ထိနေတာ။
ပေါင်းကူးပေးနေတဲ့ သဘောကို
စိတ်ကူးတယ်လို့ ခေါ်တယ်။

အဲဒါကို စာပေလိုပြောရင်
”ဝိတက်”လို့ ခေါ်တယ်။
မိမိရဲ့ စိတ်ကလေးကို
အာရုံပေါ် တွန်းပို့နေတာ။
အဲဒီသဘောလေးဟာ
ထင်ထင်ရှားရှား ပေါ်လာတယ်။
သူရဲ့ စွမ်းဆောင်ချက်တွေက
ကောင်းလာတယ်။

ပေါ်လာတဲ့ နိမိတ်ကလေးပေါ်မှာ
ကိုယ့်ရဲ့စိတ်က စဥ်ဆက်မပြတ်
စိတ်ကူနေတဲ့ ဒီ ဝိတက်သဘောတွေ
ပေါ်လာတယ်။

နောက်တစ်ခုက အဲဒီ အာရုံနှင့်
စိတ်ကလေးကို ချည်နှောင်ထားသလို့
အာရုံပေါ်မှာ စိတ်ကလေးက
ရစ်ဝဲပြီးနေတဲ့ ”ဝိစာရ”ဆိုတဲ့
သဘောပေါ်လာတယ်။
ကြံစည်တယ်လို့ မြန်မာလို
ပြောကြတယ်။

ကြံစည်တယ်ဆိုတာ
ဒီအာရုံ အနီးကလေးမှာ
ရစ်ဝဲနေတယ်။
စိတ်ကလေးက အာရုံနဲ့
ကွာမသွားဘူး။
အမြဲတမ်း တွဲနေတာဖြစ်တယ်။
ဒါ ”ဝိစာရ”ရဲ့ စွမ်းရည်သတ္တိ။

နောက် ဘာဖြစ်လာသလဲဆိုရင်
အဲဒီအာရုံ ကလေးပေါ်မှာ
ခုနက မီးခိုးတန်းအလင်းတန်း
ကလေးပေါ်မှာ စိတ်ကလေးက
နှစ်ခြိုက်နေတယ်ပေါ့။
ဒါကို ”ပီတိ”လို့ ခေါ်တယ်။
ကျေနပ်နေတယ်။

နှစ်ခြိုက်နေတဲ့အခါ
ဘာတွေ ဖြစ်လာသလဲဆိုရင်
ကိုယ်ရော စိတ်ရော ပေါ့ပေါ့ပါးပါး
ဖြစ်နေတယ်။

ခန္ဓာကိုယ်မှာ ညောင်းတာ ညာတာ
ကိုက်တာ ခဲတာတွေ မရှိဘူး
ပျောက်သွားတယ်။
စိတ်ထဲမှာလည်း ပူပန်တာ
တစ်ခုမှ မရှိဘူး။
စိတ်ကလေး ချမ်းမြေ့လာတယ်။
ဒါကို ”သုခ”လို့ ခေါ်တယ်။

အဲဒီလိုဖြစ်နေအောင်
ဘယ်သူက စွမ်းဆောင်းပေးသလဲဆိုရင်
နောက်ပိုင်းက သမာဓိဆိုတဲ့ စွမ်းအားက
အာရုံပေါ် စိတ်တွေ စုသွားအောင်
ထိန်းထားတယ်။

အားလုံး ပေါင်းလိုက်တဲ့ အခါကျတော့
စိတ်ကူးနေတာက ”ဝိတက်”
ကြံစည်နေတာက ”ဝိစာရ”၊
နှစ်ခြိုက်နေတာက ”ပီတိ”၊
ကိုယ်ရောစိတ်ရော ​ငြိမ်းချမ်းသွားတာက ”သုခ”တဲ့၊
တည်ငြိမ်နေတာက ”ဧကဂ္ဂတာ”လို့ ဆိုပြီး
အဲဒီတရားတွေကို စျာန်အင်္ဂါငါးပါးလို့
ခေါ်တယ်။

ဒီ အင်္ဂါငါးပါးသည် တညီတည်း
စွမ်းရည်သတ္တိပြည့်ပြည့်နှင့်
ဒီအာရုံကလေးပေါ်မှာ ဟန်ချက်ညီညီနဲ့
ဒီအာရုံပေါ်မှာ အလုပ်လုပ်နေပြီဆိုရင်
ဒါ ပထမစျာန် ရတယ်လို့ ခေါ်တယ်။
အာရုံတစ်ခုပေါ် စူးစိုက်ပြီးတော့
ရှိနေတယ်။

ပထမစျာန်ရတဲ့ ပုဂ္ဂိုလ်ဟာ
ဘာဖြစ်လာသတုန်းဆိုရင်
ဝိဝိစ္စေဝ ကာမေဟိ-ကာမအာရုံတွေမှ
ကင်းကွာ လွတ်လပ်သွားတယ်။

မျက်စိကကြည့်ပြီး ပျော်စရာအာရုံ၊
နားကနားထောင်ပြီး ပျော်စရာအာရုံ၊
နှာခေါင်း အနံ့ရလို့ ပျော်စရာအာရုံ၊
လျှာကလျက်ပြီး ပျော်စရာအာရုံ၊
ခန္ဓာကိုယ်က ထိတွေ့ပြီး ပျော်စရာ
အာရုံဆိုတဲ့ ဒီကာမအာရုံတွေက
လွတ်မြောက်တယ်။
ဒီပေါ်မှာ လုံးဝ စိတ်မရောက်တော့ဘူး။

မျက်စိကကြည့်ပြီး နားကကြားပြီး
ပျော်တဲ့အပျော်မျိုး မရှိတော့ဘူး။
အဲဒီ ကာမအာရုံတွေကလုံးဝ
ကင်းဆိတ်သွားတယ်။

ဒီ”ကာမ”ဆိုတဲ့ ပျော်စရာအာရုံတွေပေါ်မှာ
ပျော်ချင်နေတဲ့ လောဘကင်းဆိတ်သွားမှ
စျာန်ဆိုတာ ရနိူင်တယ်။
ဒါ မကင်းသေးရင် မရသေးဘူးတဲ့။

ဥပမာ ဘာနဲ့တူသလဲဆိုရင်
ဟိုဘက်ကမ်းရောက်ချင်တဲ့သူဟာ
ဒီ ဘက်ကမ်းကို စွန့်ကို စွန့်ရတယ်။

ဒိဘက်ကမ်းကို မစွန့်ခွါဘဲ
ဟိုဘက်ကမ်းရောက်တယ်ဆိုတာ
မရှိဘူး။

ဒါ့ကြောင့်မို စာပေမှာ ဝိဝစ္စေဝ ကာမေဟိ-
ကာမတွေ ကို လုံးဝ စွန့်လွှတ်ပြီးသား
ဖြစ်ရမယ်တဲ့။

ဝိဝစ္စေဝ အကုသလေဟိ ဓမ္မေဟိ-ကျန်တဲ့
အကုသိုလ် တရားတွေလည်း
မဖြစ်တော့ဘူး ။
အဲဒီအချိန်မှာ ငြိမ်သွားပြီလို့
ဆိုလိုတာ။

ဘာတွေ မဖြစ်သလဲဆိုရင်
ဒေါသတွေ မဖြစ်ဘူး။
မာန်မာနတွေ မဖြစ်ဘူး ။
ဣဿာတွေ မဖြစ်ဘူး ။
မစ္ဆရိယတွေ မဖြစ်ဘူး ။
စိတ်ရဲ့ အညစ်အကြေးတွေ
တစ်ခုမှ မဖြစ်တော့ဘူး ။

အဲဒီလို မဖြစ်တော့ဘဲ
ဘာတွေ ဖြစ်နေသလဲဆိုရင်
ဝိဝေကဇံ-ကာမဂုဏ်အာရုံတွေက
လွတ်သွားပြီးတော့ ဖြစ်ပေါ်လာတဲ့
ပီတိသုခံ-နှစ်ခြိုက်နေတာနှင့်
ချမ်းမြေ့နေတာဆိုတဲ့ ဒီသဘာဝလေးနှစ်ခု
လက်တွေ့ ခံစားရတယ်တဲ့။
ဒါကို ”ဝိဝေကဇ ပီတိသုခ”လိုခေါ်တယ်။

ကာမဂုဏ်အာရုံတွေက
ကင်းကွာ လွတ်လပ်သွားပြီးတော့
ချမ်းမြေ့ကြည်နူးနေတဲ့ ကြည်နူးမှုပဲ။

လောကလူတွေရဲ့ ကြည့်နူးမှုက
ဘာနဲ့ကြည်နူးတာလဲဆိုရင်
ကိုယ်မြင်ချင်တဲ့ အာရုံလေးကို
ကြည့်ပြီး ကြည်နူးကြတာ၊
နားက ကိုယ်ကြိုက်တဲ့ သီချင်းလေး
နားထောင်ပြီး ကြည်နူးကြတယ်။

နှာခေါင်းက ကိုယ်ကြိုယ်တဲ့
အမွေးနံသာလေး ရှူပြီး
ကြည်နူးကြတယ်။

လျှာက ကိုယ်ကြိုယ်တဲ့အစာလေး
စားပြီး ကြည်နူးကြတယ်။

ခန္ဓာကိုယ်ကလည်း
ကိုယ်ထိတွေ့ချင်တာလေး
ထိတွေ့ပြီး ကြည်နူးကြတယ်။
ဒါက ကာမကြည်နူးမှု လို့ ခေါ်တယ်။

အဲဒီ ကြည်နူးမှုနဲ့ မတူတဲ့
ကာမအာရုံတွေကို ကျော်လွှားသွားပြီး
ဒါတွေကို စွန်လွှတ်ထားပြီးတဲ့နောက်
ခုနက ပြောတဲ့ အလင်းတန်းလေး
သို့မဟုတ် မီးခိုးတန်းလေးလို့ဆိုတဲ့
နိမိတ်အာရုံလေးနဲ့ ကြည်နူးနေတဲ့
ကြည်နူးမှုမျိုးတဲ့။

ဒါက ပထမစျာန်အဆင့်ကို
အဲဒီလို ရသွားတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဆရာတော်အရှင်နန္ဒမာလာဘိဝံသ

သမထ နှင့် ဝိပဿနာ မှ

ကူးယူပူဇော်ပါသည်✒✒✒👏👏👏

ဓမ္မပန်းများအစဥ်မွှေးကြပါစေ

ရေလိုအေး ပန်းလိုမွှေးကြပါစေ

Credit # # # # #

31/01/2023

ပန်းပဲဖို ပါဟ ။

30/01/2023

V-Day ကျရင် ချုံတိုးမယ့် အတွဲတွေကို
ကိုက်နည်း သင်ပြနေပုံ

#𝚌𝚛𝚍

29/01/2023

#မင်္ဂလာနံနက်ခင်း စိတ်ကြည်ရှင်း အေးချမ်းသာယာရှိပါစေ🙏🙏🙏

ပျော်ရွှင်ချမ်းမြေ့ပါစေ။🙏

ကျန်းမာ ချမ်းသာကြပါစေ။🙏

အနာရောဂါများ ကင်းဝေးကြပါစေ။🙏

ဘေးအန္တရာယ်ခပ်သိမ်း ကင်းဝေးပါစေ။🙏

အလုပ်အကိုင်စီးပွားများ အောင်မြင်တိုးတက်ပါစေ။🙏

ကောင်းမှု့တစ်ခုအစဉ်ပြု နိုင်ကြပါစေ။🙏

28/01/2023

🙄🤌

Crd pic:

Want your business to be the top-listed Beauty Salon in Myawadi?
Click here to claim your Sponsored Listing.

Telephone

Website

Address


ကြံခင်းလမ်း
Myawadi
2345