Nway Beauty Cosmetic

Nway Beauty Cosmetic

Share

Skincare With By Ah Nway🎀

Photos from Nway Beauty Cosmetic's post 24/02/2025

တအားကို နောင်တ ရမိတာ ဒီ cosrx essence ကို စောစောမသုံးခဲ့မိလေခြင်းလို့

အနွေးက oily skin မှာမှ အဆီတအားပြန်ပြီး ချွေးပေါက်ကျယ်ပါတယ် အဆီဖုတွေ ထွက်လေ့ရှိပေးမဲ့ skincare သေချာလုပ်ရင်း သူသူ ပါးကျသွားတာများတယ်

ဝက်ခြံအဆီဖုဆိုတာ အနွေးရဲ့ အဓိက ပြသနာမဟုတ်ပါ
အဆီပြန်ပြီး ချွေးပေါက်ကျယ်တာက အနွေးအတွက် စိတ်ဆင်းရဲစရာကြီး ဖြစ်နေတာပါ

အမဲစက် လဲရှိပြန်တော့ ကိုယ်မျက်နှာကို မှန်ထဲတောင်မကြည့်ချင်ဘူး skincare ဝယ်ရင်း ဒီခရုလေး သုံးကြည့်မလားလို့ Ingredients ဖတ်တဲ့ချိန်မှာ ကိုယ့် နဲ့ အဆင်ပြေတော့ စျေးကလဲ 45000 စမ်းသုံးမယ်ဆို ပြီး ဝယ်ခဲ့လိုက်တာ

cosrx essenceထုတ်တဲ့သူကို ထိုင်ကန်တေ့ချင်တယ် skin layer က ကြမ်းထောနေတာကနေ အမဲစက် အမာရွက် ချိုင့်ခွက် ဖြစ်နေတာတွေ သက်သာပြီး ေချွးပေါက်ကျယ်တာအတွက်ရော အိုကေတယ်

မတည့်ရင်တော့ ဝက်ခြံထွက်တတ်ပါတယ် တည့်တဲ့သူတွေကတော့ ကံထူးရှင်တွေပေါ့

အမဲစက်အမာရွက် ချိုင့်ခွက် ချွေးပေါက်ကျယ်တဲ့ သူတိုင်း try ကြည့်သင့်သော Essence😭

Photos from Nway Beauty Cosmetic's post 23/01/2025

အနွေးရယ် ဘာရေမွှေးသုံးတာလဲလို့ အမေးခံရလောက်တဲ့ထိ အနံ့တအားမွှေးတဲ့ Tulip Lotion🎀✨

အရည်ပျစ်ပျစ်လေးနဲ့ လိမ်းလိုက်ရင် အသားထဲစိမ့်ဝင်မြန်တယ်ရှင့် အနံ့ 5မျိုး လာပါတယ် action ကတော့တူတူပါပဲ

ရနံ့လေးပဲ ကွာတာ ဘယ်အရောင်က ပိုမွှေးလဲဆို ဘက််မလိုက်ကြေး ခရမ်းရောင်က ပိုမွှေးပါတယ် Be me Darling တဲ့လေ ချစ်သူနဲ့တွေဖို့ ဖြစ်ဖြစ်

အိမ်ထောင်သည် အမျိုးသမီးတွေဖြစ်ဖြစ် သဲသဲလှုပ်အချစ်ခံရတဲ့ ရနံလေးတော့ (နဲနဲ over ဖြစ်သွားလား ဟီးး)

နီးစပ်ရာဆိုင်တွေမှာ ရှာဝယ်လို့ရပေးမဲ့ အတုတွေထွက်နေလို့ ယုံကြည်ရတဲ့ဆိုင်တွေမှာ သာဝယ်ကြပါနော်

ချစ်ခြင်းများစွာဖြင့် (6:30PM)
ချစ်သောနွေး

Photos from Nway Beauty Cosmetic's post 15/11/2024

ဘာမှ မတင်ဖြစ်ဘူး ငြိမ်နေရတဲ့အကြောင်းရင်း က
ပျင်းလို့ပါ review ရေးနိုင်ဖို့ လေ့လာရတယ် စိတ်ရှည်ရတယ် ကိုယ် review လုပ်မဲ့ product ရဲ့ Ingredients တွေ detail ပြော​ြပနိုင်ရမယ် ဆိုတော့

တခါတလေ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ် ဒီpage ကို run ရတာ အချိန်ဖြုန်းမိနေသလားလို့ သို့လော့

ရေးတဲ့ review တိုင်း စိတ်နှစ်ပြီးရေးတယ် ဖြစ်သလို မရေးစဖူး ပေ။

အနှစ်သာရမို့ မကြိုက်ကြတာလား အားနည်းချက် တစ်ပုံတပင်ကြီး ရှိနေသလား ကျွန်မဝေခွဲလို့ မရတော့ပါ☺

Photos from Nway Beauty Cosmetic's post 07/11/2024

မော်လမြိုင် ရောက်ရင် သွားကိုစားသင့်တဲ့ဆိုင်

ဇာတ်လိုက်မင်းသားကတော့ သဘာဝခြံထွက် ကျွဲကောသီးစစ်စစ် ဖျော် ပြီး သောက်မလား
အရည်ပျစ်ပျစ် ချိုဆိမ့်နေတဲ့ ကျွဲကောသီး စိတ်စားမလား စျေးနှုန်းနဲ့အရသာကတော့

ကျွဲကောသီးအရသာထက်တောင် ချိုသတဲ့ရှင့်😍

သစ်ရိပ်ဝါရိပ်တွေနဲ့ လေကလဲ တဖြူးဖြူး ဒါတင်ပဲလားဆို မီးနူးတိုင်း အရသာရှိချက်ကတော့ ရှယ်ကြီးဗျို့

စျေးနှုန်းလဲတန် အရသာကလဲ ဂွတ်ရှယ် service ကလဲ good

သံစဉ်မြူးဇစ်တွေနဲ့ ေမြာရင်း ချိုမြန်လတ်ဆတ်တဲ့ ကျွဲကောသီးဖျော်ရည်လေးနဲ့ဆို perfect ပဲပေါ့

Bamboo

25/10/2024

ဖိနပ်ရော အိတ်ရော ဆင်တူဖြစ်မှ ကြိုက်တဲ့ ချစ်ကလေးတို့အတွက် ripple myanmar ✨💫

Photos from Nway Beauty Cosmetic's post 25/10/2024

Cleaning oilက Cleaning water ထက် စျေးပိုကြီးတယ် ဒါပေမဲ့ Cleaning oil က ဘာလို့ဝက်ခြံထွက်​ေစတာလဲ‼‼

အနွေးပြထားတဲ့ Cleaning oil ကိုတော်တော်များများ သိကြမယ် ထင်တယ် Cleaning oil တွေ မသုံးခင်မျက်နှာကအကောင်း သုံးပြီးမှ ဝက်ခြံတွေ အလုံးလိုက်ထွက်လာတယ် လို့ တင်ထားကြတာ သတိပြုမိတယ်

ဘာကြောင့်ပါလိမ့်

Cleaning oil ကိုသုံးချင်ရင် skincare on ထားရမယ်
skincare တို့ ပြောလိုက်တာနဲ့ toner/serum/moisture /suncream /Foundation စတာတွေကို daily onထားရင် contonpad လေးနဲ့ သေချာ လုပ်ရင် ဝက်ခြံထွက်လာစရာအကြောင်း မရှိပါဘူး

(ကျွန်တော်/ကျွန်မတို့ skincare on လဲ ဝက်ခြံထွက်တယ်ဆို ရင်)
ကိုယ့်ရဲ့skintype က ဘာမှန်းလဲမသိဘူး
သူများက သုံးကောင်းလို့ နိုင်ငံခြားကကောင်းမလေး သစ်ပြတာ ဟိုအတွင်းပိုင်းက ဝက်ခြံတွေတောင်ထွက်လာလို့ လိုက်သုံးကြည့်တယ်ပေါ့ နောက်ဆုံး ငွေကုန်
ဝက်ခြံဗြွတ်လိုက် ထွက် skin layer ပျက်စီး ခွေးကလေးဖြစ်ရော

မစူးစမ်းမဆင်ခြင်ဘဲ သုံးချင်အုံးဟဲ့

24/10/2024

တစ်ခါသွားဖူးရင် လူဖြစ်ရကျိုး နပ်တဲ့နေရာ

ဘယ်လိုတွေတောင် လှလဲဆို vd လေးသာ ဆုံးအောင်ကြည့် love you😜

Photos from Nway Beauty Cosmetic's post 24/10/2024

Weight လဲချချင်တယ် လေ့ကျင့်ခန်းလဲ မလုပ်ချင်ဘူးဆို အနွေးကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ နည်းလမ်းလေး share ပေးပါရစေ

ဝမှာလှတယ်ဆိုတာ တကယ်မလှဘူးနော် အဲစကားလုံးလေးနဲ့ မသာယာနေနဲ့ ဝရင်အရမ်း ကြည့်ရမဆိုးသည့်တိုင်းအောင် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိ​ေစတာက
ခက်နေတာ

ငယ်ငယ်ကတည်းက ဝပြီး အခုချိန်ထိဝနေရင်တမျိုးလေးပေါ့
ပိန်တဲ့သူက ဝလာရင် " ဟယ် ဝလာလိုက်တာနော်"
အဲစကားလုံးကလေ ရင်ဝကို ဖနောင့်နဲ့ ဆောင့်ကန်လိုက်သလိုပဲ 😫

အနွေးက အနွေးကိုယ်တိုင် လှနေလို့မပြီးဘူး ကိုယ့်ကောင်းမလေးတွေကို လဲ လှစေချင်လို့ ပြောပြမယ်ကွာ

အနွေးက ငယ်ငယ်ကတည်းက ပိန်တာ တအားကြီးလဲ
မပိန်ပါဘူး အသက်12မှာ ရာသီစလာပါတယ် ရာသီလာတဲ့ချိန်မှာလဲ မဝပါဘူး ပုံမှန်ပါပဲ 2019မှာ တော်တော်ကိုဝလာတာ 2020 လဲဝလာတာပါပဲ 2021 က ပိုတောင်ဆိုး

ဝတုတ်မ/ဝက်လို့ချစ်စနိုး call တဲ့ထိ ဝတုတ်မကြီးဖြစ်နေပြီး

တချို့ကျ လှောင်တယ် လှောင်တာက ရိုးရိုးလှောင်တာမဟုတ်ဘူး "ငယ်ငယ်ရွယ်ရွယ်နဲ့ body လေး ထိန်းနိုင်တာ ချီကျုးပါတယ်တဲ့"

ငယ်သေးတော့ အကောင်းပြောတယ်မှတ်လို့ 😂

2022လဲကျ​ေတာ ့လှချင်နေပြီး မရတော့ဘူး Weight ချမှရတော့မယ်ပေါ့ ရက်35ရက်တည်းနဲ့ 7ပေါင်ကျသွားတယ်
ဘာလေ့ကျင့်ခန်းမှ မလုပ်ဘူး
ညနေပိုင်း ရေကလွှဲ ဘာမှမစားတော့တာပါ
(မနေနိုင်လို့ စားတာတောင် အဆီအစိမ့်နည်းတဲ့ ဟာ တွေပဲ စားတယ်)

ရေများများသောက်တယ် စောစောအိပ်တယ် မနက်စာကို ဝနေအောင်စားတယ် (အဆီအစိမ့် သကြား)မပါ ပါ

နေလည်စားလဲ ထိုနည်းကောင်း
အသီးအရွက် မကြိုက်တဲ့သူမို့ အရွက်လဲစားနည်းတယ်

တော်တော်ကျသွားတယ် ပျော်လိုက်တာလေ ယနေ့ထိ 44kg/45kg အဲလောက်ပဲ ခုချိန်မှာတော့ ညစာတော့ စားဖြစ်တယ် မဝလာတော့ပါဘူး

ပိန်ဆေး ညာဆေး မသောက်ပါနဲ့ ဂျင်းတွေပါ
လေ့ကျင်ခန်း မလုပ်ချင်တဲ့သူတွေက အနွေးရဲ့နည်းလမ်းက အထောက်အကူဖြစ်ပါလိမ့်မယ်

အားလုံးကိုချစ်တယ်ရှင့်




#ဝိတ်ချခြင်းနည်းလမ်း

Photos from Nway Beauty Cosmetic's post 28/09/2024

ရိုက် မိ ရိုက်ရာ🎀✨

30/08/2024

ဖျက်သွားပြန်ပြီး 😭

23/08/2024

အကောင်သေးပြီး အဆိပ်ပြင်းတယ်ဆိုတာ ဒါမျိုး
Beaute treament Shampoo တဲ့လေ
သုံးနေကျ shampoo ကုန်နေလို့ မဝယ်လိုက်မိဘူး
အိမ်မှာ ရှိတဲ့ ဒီ အထုပ် လေးနဲ့ လျှော်မယ်ပေါ့

အမေဇင်းးးးးဖြစ်သွားတယ် ဘာ အပျော့ဆေး မှ မလိုဘူး
လျှော်လိုက်တာနဲ့ အိစက်ညက်ညောနော်
ဆံသာမကြမ်းဘူးကွယ် ရနံလေးကလဲ ငယ်ဘဝကို သတိရစေတယ်လေ
အနွေးအကြိုက်ပဲပေါ့

Want your business to be the top-listed Beauty Salon in Myawadi?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myawaddy
Myawadi