Pautao Grapefruit
Large=1000kyats
small=700kyats
02/11/2022
Grapefruit ကျန်းမာရေးအတွက်ကောင်းကျိုးများ
နှလုံးရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးခြင်း
2015ခုနှစ်က လေ့လာထားတဲ့သုတေသနပြုချက်များအရ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်
များများစားသုံးသူများက နှလုံးရောဂါ ဖြစ်ပွားနိုင်ချိန် 15ရာခိုင်နှုန်းလျော့ကျတယ် လို့သိရှိရပါတယ်။
ဗီတာမင်Cကြွယ်ဝတဲ့ Grapefruit လိုသစ်သီးကိုစားသုံးမယ်ဆိုရင် နှလုံးကျန်းမာရေးတွက် ပိုမိုအထောက်ပံပေးနိုင်ပါတယ်။
အသားအရေအလှပကို အထောက်ပံပေးစွမ်းနိုင်ခြင်း
ဗီတာမင်Cဓာတ်က ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်းမရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါဘဲ။ Grapefruit သီးကိုမှန်မှန်စားသုံးပေးတယ်ဆိုရင်တော့ အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အသားရေကို တင်းရင်းလှပစေမှာပါ။
ကိုယ်အလေးချိန် လျော့ချပေးခြင်း
ဝိတ်ကျချင်သူများအနေနဲ့ Grapefruit သီးကိုမှန်မှန်စားသုံးပေးမယ်ဆိုရင် ရက်သတ္တပတ် ၅ပတ်
ကြာတဲ့အခါ ဝိတ်ကျသွားတယ်လို့ 2015ခုနှစ်ကလေ့လာထားတဲ့ လေ့လာချက်များအရသိရှိရပါတယ်။ Grapefruit သီးဖျော်ရည်ကိုလည်းသောက်သုံးပေးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့ရန်အတွက် သွေးတွင်းသကြားဓာတ် လွန်ကဲမနေဖို့ကလည်း အရေးကြီးပါတယ်။ဆီးချိုရောဂါကို ဖြစ်ပေါ်စေတဲ့ သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးနိုင်ဖို့ရန်အတွက် Grapefruitသီးကို မှန်မှန်စားသုံးပေးလိုက်ပါ။
ကိုယ်ခံစွမ်းအား တိုးမြင့်ပေးခြင်း
Grapefruitသီးထဲ့မှာပါဝင်တဲ့ ဗီတာမင်Cဓာတ်က ပြင်ပကရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲ့သို့ ဝင်ရောက်မလာအောင် ကာကွယ်ပေးတဲ့အတွက်ကြောင့် မကြာခဏဖျားနာတတ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်။
ခုလိုကာလမှာ ဗီတာမင်Cအကောင်းဆုံးပေးစွမ်းနိုင်တဲ့ အသီးပါ ဒါတင်ဘယ်ကမလည်း စားနေကျရှိတဲ့ လူတွေဆိုရင်ပိုသိပါတယ် ဆီးချို သွေးတိုးသမားများအတွက် အကောင်းဆုံးဆေး နှလုံးရောဂါအခံရှိသူများလည်းစားသုံးသင့်ပါတယ်။မှတ်ချက် ဆေးသောက်နေချိန်တော့ စားလို့မရပါဗျာ။
နေမကောင်းအစားပျက်နေ ခံတွင်းပျက်နေရင် Grapefruitသီးဖျော်ရည်ကိုသောက်လိုက်ရင် စားကောင်းလာတယ် လက်တွေ့သောက်နေတဲ့လူတွေကိုယ်တိုင်လာပြောတာပါ။
အချို့ ကင်ဆာသမားတွေဆို ရောဂါကြောင့်မအီမသာဖြစ်နေရင်လည်း ဖျော်သောက်ကြပါတယ်။ထမင်းအရမ်းစားကောင်းလာတယ်တဲ့။ ကျွန်တော်ပြောတာကနည်းသေးတယ် စားသုံးနေကျ လူတွေက ပိုသိကြတယ်ဗျ မစားသုံးဘူးတွေလည်း စမ်းပြီးစားသုံးဖို့ဆိုပြီးလာလာဝယ်သွားကြတယ်ဗျ နောက်တော့သူတို့လည်းGrapefruitသီးရဲ့ကျန်းမာရေးတွက်ဘယ်လောက်ထိလူကိုအကျိုးပြု စေသလည်းဆိုတာ သိသွားကျပြီး နောက်ပိုင်းလာလာဝယ်ကျတော့တာဘဲဗျာ။
ဒီနှစ်2020ခုနှစ် ဒီရာသီမှာ Grapefruitသီးအရမ်းကိုရှားပါတယ်။ ခေတ်ကာလနဲ့ကားလမ်းတွေလည်းသွားသယ်ရတာအခက်ခဲတော်တော်ဖြစ်ပါတယ်ဗျာ ကဲရာသီပေါ်စလေးမှာ ဈေးချိုချိုလေးနဲ့အားပေးကြရအောင်ဗျာ ခုGrapefruitသီးအလုံးရေ ၂ထောင်ကျော်ဝယ်ထားပါတယ်။နောက်ဒုတိယသုတ်ဆိုရင်တော့ ဈေးနည်းနည်းတက်မယ်ထင်တယ်ဗျ အသီးကရှားတော့။
လက်ကားဝယ်ချင်သူများပြန်လည်တစ်ဆင့်ရောင်းချင်သူများလည်းရပါတယ်Messengerမှာကျွန်တော်အတတ်နိုင်ဆုံးထိ လျော့ချပေးပါမယ်ဗျ။
ပူတာအိုထွက် Grapefruit သီးစစ်စစ်များသာ ရောင်းပါတယ်ဗျာ အာမလည်းခံပါတယ်။
02/11/2022
Grapefruitရဲ့ကောင်းကျိုးလေးတွေ များကြီးကျန်သေးတယ်နော် ဒါတောင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
ယုဇနလမ်း
Myitkyina
