Natural Product Primo & Danoffy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Natural Product Primo & Danoffy, Health/Beauty, Myitkyina.
07/07/2024
ခုခေတ်မှာ ရယ်ဒီမိတ်စာတွေပေါသလောက် လူတွေဘယ်လိုကြိုက်မလဲ စျေးကွက်ထဲအမျိုးမျိုးစားချင်စဖွယ်တွေချည်း 😅
လုံးဝရှောင်ဖို့ကျ ခက်ပြန်... စားမိ 😋
စားပြီးတိုင်း ပြန်ရှင်းထုတ်တဲ့ခါ အူနံရံတွေမှာမကောင်းတဲ့အဆီတွေ ကပ်မကျန်နေဖို့အကူ(ဓာတ်ဆာ)တွေကလဲ ပေါလာတဲ့အခါ 🤔
ကိုယ့်ကျန်းမာရေးနဲ့ ညီညွှတ်ဘေးကင်းတဲ့ detox ကို သေချာရွေးဖို့က အရမ်းအရေးကြီးသွားပြီ 💯
ပြီးတော့ အကူရှိတယ်ဆိုတိုင်း ပါးစပ်ကိုအလိုမလိုက်မိအောင် ကိုယ့်ကိုယ်ပြန်ထိန်းရမှာနော်
ဘယ်လောက်ကြီး ကျန်းမာရေးနဲ့ညီညွှတ်တယ်ပြောပြော သဘာဝပစ္စည်းစစ်စစ်ဆိုတာတောင် လွန်ရင်ဘေးဖြစ်တယ် ✅
(ဥပမာ-ကော်လာဂျင်လိုပေါ့ 6လဆက်တိုက်သောက်ပြီးရင် 3လလောက်နားဖို့ ဆရာဝန်တွေညွှန်းတယ် အလကားမဟုတ်ဘူး တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဘယ်အရာမှ အလွန်ကျွံမှီဝဲရင် မကောင်းပါဘူး)
ရယ်ဒီမိတ်စာ ၊အပြင်စာတွေ (အကင် ၊heavy food) မရှောင်နိုင်လို့ စားတဲ့ခါ နေ့တိုင်းမစားမိဖို့ မထိန်းနိုင်ရင် တစ်ပတ်ကို တစ်ကြိမ်မှ ၃ကြိမ် အတွင်းပိုင်းရှင်းပေးနိုင်ရင် detox လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့ကွယ် 🤗
#အူရှင်းဗိုက်ချပ်
08/04/2024
ဘူဖေးတွေ အကင်တွေ သဘောသီးထောင်းတွေ heavy food တွေစားပြီးတိုင်း VEENA ကို တန်းသတိရတာ ကိုယ့်လိုဖြစ်ကြလား?
စားချင်တိုင်း ပါးစပ်အလိုလိုက်ပြီးရင် ပြန်ရှင်းထုတ်တတ်ဖို့လဲ သိတတ်ရမယ်လေနော်
ဝမ်းသွားပြီးတိုင်းပြောင်စင်တယ် မခံစားရဘူးဆိုသူ အများကြီးမစားပဲ ဗိုက်ဖောင်းဖောင်းကြီးဖြစ်နေသူ အစားတစ်လိုင်းလေးတွေရေ ...
#အူနံရံမှာစားကြွင်းစားကျန်တွေ #မကောင်းတဲ့အဆီတွေပိတ်ဆို့မနေဖို့ တစ်ပတ်တစ်ခါ detox လုပ်ပေးဖို့ လိုကိုလိုတယ်နော် 💁
ခုလဲ သောက်နေကျ ကိုယ့် cus လေးက #15ဗူးယူမယ်တဲ့ အရသာ ၂မျိုးမို့ မူရင်းအရသာဘယ်ရီသီးဟာ 9ဗူး ပျားသံပုရာအရသာ 6ဗူးထဲ့ပေးလိုက်ပါတဲ့ 🍷🍯🍋
ခန္ဓာကိုယ်ထိန်းချင်သူတွေ အမြဲဆောင်ထားကြတဲ့ထဲ VEENA Detox ဟာ မပါမဖြစ်နော် 🥰
#အူရှင်းဖျော်ရည်
07/02/2024
18/01/2024
အစာစားပြီးတာနဲ့ အိမ်သာချက်ချင်းသွားချင်တာ ဘာ့ကြောင့်လဲ?
အစာစားပြီးပြီးချင်း အိမ်သာတက်ချင်စိတ် ဖြစ်လာတာကို အစာအိမ်နှင့် အူမကြီးဆက်စပ်တုန့်ပြန်မှု (Gastrocolic reflex) လို့ခေါ်ပါတယ်။
အစာအိမ်ထဲကို အစာဝင်တာနဲ့ အစာအိမ်ကျယ်ပြီး တင်းလာပါတယ်။ အစာအိမ်နံရံတင်းလာတာကို ဦးနှောက်ကို သတင်းပို့ပါတယ်။
ဦးနှောက်ကတစ်ဆင့် အလိုအလျောက်တုန့်ပြန်မှု အာရုံကြောစနစ်အရ အူမကြီး (Colon) ကို ညှစ်စေ၊ လှုပ်ရှားစေပါတယ်။ အူမကြီးမှာရှိနေတဲ့ အစာဟောင်းတွေက အစာဟောင်းအိမ် (Re**um) ထဲကိုရောက်လာပြီး အိမ်သာ တက်ချင်စိတ်ကိုဖြစ်ပေါ်လာစေပါတယ်။
အစာသစ်တွေလာတော့မှာမို့လို့ အစာဟောင်းတွေက နေရာဖယ်ပေးရခြင်းဖြစ်ပါတယ်။ အဆိုပါတုန့်ပြန်မှုဖြစ်စဉ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာဟော်မုန်းတွေဖြစ်တဲ့ Serotonin, Neurotensin, Cholecystokinin, Prostaglandin E1, နဲ့ Gastrin စတဲ့ ဟော်မုန်းတွေ ပါဝင်လုပ်ဆောင်ကြောင်း သိရပါတယ်။
ဒါကြောင့် အစာစားပြီးပြီးချင်း အိမ်သာတက်ချင်စိတ်ဖြစ်ခြင်းဟာ လူများမှာ ပုံမှန်ဖြစ်လေ့ရှိတဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။
သို့သော် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံမတူညီကြတာကြောင့် တစ်ယောက်နှင့်တစ်ယောက် ဖြစ်ပွားပုံနဲ့ ပြင်းထန်မှုကွာခြားနိုင်ပါတယ်။
တစ်ခါတစ်ရံမှာ အဆိုပါဖြစ်စဉ်ဟာ သာမန်ထက်ပိုပြီး ပြင်းထန်လာတတ်ပါတယ်။ စားပြီးပြီးချင်း အိမ်သာခဏခဏ သွားနေရရင်လည်း အဆင်မပြေပါဘူး။ မိမိစားသောက်လိုက်တဲ့ အစားအသောက်ပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာ - အပူအစပ်တွေနဲ့ အဆီများတဲ့ အစားအစာတွေစားပြီးရင် ပိုပြီးသိသာလာနိုင်ပါတယ်။
အချို့သောရောဂါတွေ (ဥပမာ - irritable bowel syndrome, inflammatory bowel disease) ကြောင့်လည်း ပိုမိုဖြစ်ပွားနိုင်သလို တစ်ခါတစ်ရံ စိတ်ဖိစီးမှုများရင်လည်း ပိုမိုဆိုးရွားလာတတ်ပါတယ်။
ဒါကြောင့် ဆောင်ရန်/ရှောင်ရန် အချက်များကို တင်ပြပေးလိုက်ပါတယ်။
▪️အစာစားပြီးတာနဲ့ အိမ်သာချက်ချင်းသွားချင်စေတဲ့ အစားအသောက်တွေကို သတိထားမိရင် အဆိုပါအစားအသောက်များကို လျှော့စားပေးပါ။
▪️အဆီနဲ့ အပူအစပ်တွေ လျှော့စားပါ။ အအေး/ဖျော်ရည်တွေကို တစ်ကြိမ်ထဲ ပမာဏများများသောက်ခြင်းကိုရှောင်ပါ။ နို့သောက်၍ ပိုမိုဆိုးရွားလာတတ်လျှင် နို့ကိုလျှော့သောက်ပါ။
▪️အစားအစာကို မျှမျှတတ စုံစုံလင်လင်စားသောက်ပါ။ အစာအုပ်စုမျိုးစုံကို စားသုံးခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းကို မျှတစေပါတယ်။
▪️အစာစားစဉ် ဖြည်းဖြည်းနှင့် ကျေညက်အောင် ဝါးစားပါ။ အလောတကြီး မစားသောက်ပါနှင့်။
▪️အစာကို အရမ်းပြည့်အင့်သည်အထိ မစားဘဲ နည်းနည်းစီသာစားသောက်ပါ။
▪️ပရိုဘိုင်အိုတစ်တစ်မျိုးမျိုးကို ပုံမှန်သောက်သုံးပေးပါ။
▪️ အကယ်၍ သာမန်ဖြစ်ရိုးဖြစ်စဉ်ထက် ပိုမိုဆိုးရွားလာရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ဒေါက်တာခင်မောင်လွင် (FAME)
08/01/2024
အွန်လိုင်းလောကမှာ သူကအချစ်ဦးမို့ မမေ့ကြဘူး ခရီးစဥ်တွေအတူသွားတဲ့ထိ ခုပြန်စတော့မယ် ယူမယ်တဲ့လေ အဟေးး အလိုလိုအားရှိ 🤗
Detox ဆို မျိုးစုံနေအောင်စမ်းပြီးပြီ
သူ့အားသာချက်က #ဗိုက်မရစ်ဘူး #ဝမ်းပိုစင်တယ် ခံစားရတာ #အနံ့နဲ့အရသာကအကြိုက်ဆုံးပေါ့ 😍
မူလလက်ဟောင်း ဘယ်ရီသီးအရသာကိုလဲ တခဲနက်အားပေးခဲ့ကြသလို ဟန်နီလီမွန်လေးလဲ မခေဘူးဟေ့ ကြိုက်ကြတယ် 🍷🍋🍯
#အူရှင်းဖျော်ရည်
#အစားတလိုင်းလေးတွေ ဝင်ဖတ်ပါ 🤭
ခုခေတ်မှာ ရယ်ဒီမိတ်စာတွေပေါသလောက် လူတွေဘယ်လိုကြိုက်မလဲ စျေးကွက်ထဲအမျိုးမျိုးစားချင်စဖွယ်တွေချည်း 😅
လုံးဝရှောင်ဖို့ကျ ခက်ပြန်... စားမိ 😋
စားပြီးတိုင်း ပြန်ရှင်းထုတ်ဖို့ အကူ(ဓာတ်ဆာ)တွေကလဲ ပေါလာတဲ့အခါ 🤔
ကိုယ့်ကျန်းမာရေးနဲ့ ညီညွှတ်ဘေးကင်းတဲ့ detox ကို သေချာရွေးဖို့က အရမ်းအရေးကြီးသွားပြီ 💯
ပြီးတော့ အကူရှိတယ်ဆိုတိုင်း ပါးစပ်ကိုအလိုမလိုက်မိအောင် ကိုယ့်ကိုယ်ပြန်ထိန်းရမှာနော်
ဘယ်လောက်ကြီး ကျန်းမာရေးနဲ့ညီညွှတ်တယ်ပြောပြော သဘာဝပစ္စည်းစစ်စစ်ဆိုတာတောင် လွန်ရင်ဘေးဖြစ်တယ် ✅
(ဥပမာ-ကော်လာဂျင်လိုပေါ့ 6လဆက်တိုက်သောက်ပြီးရင် 3လလောက်နားဖို့ ဆရာဝန်တွေညွှန်းတယ် အလကားမဟုတ်ဘူး တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဘယ်အရာမှ အလွန်ကျွံမှီဝဲရင် မကောင်းပါဘူး)
ရယ်ဒီမိတ်စာ ၊အပြင်စာတွေ (အကင် ၊heavy food) မရှောင်နိုင်လို့ စားတဲ့ခါ နေ့တိုင်းမစားမိဖို့ မထိန်းနိုင်ရင် တစ်ပတ်ကို တစ်ကြိမ်မှ ၃ကြိမ် အတွင်းပိုင်းရှင်းပေးနိုင်ရင် detox လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့ကွယ် 🤗
08/01/2024
စတည်းနဲ့ခုချိန်ထိ ဘာလို့မပျက်အော်တာရနေတာလဲတဲ့ အဖြေကရှင်းပါတယ် ပစ္စည်းကွာလတီကောင်းလို့ပါ 💯
သောက်ပြီး ကိုယ်တိုင်လဲ သိသာတဲ့ရလာဒ်တွေရထားတာမို့ ကိုယ့်ကိုကြည့်ပြီး သိပ်လဲမညွှန်းလိုက်ရဘူး
အရွယ်တင်နုနေတာတွေ အသားရေကြည်နေတာတွေရဲ့ လျို့ဝှက်ချက်တွေ တခါတည်းပြောပြလိုက်မယ် 🤭
ဒီအသက်အရွယ်မှာ ဒီလိုဖြစ်ဖို့က ရင်းထားရတာတွေရှိတယ်..skincare ပုံမှန်လုပ်သလို detox တို့ collagen တို့ကိုလဲ ပုံမှန်မှီဝဲဖို့လိုတယ်လေနော်
တစ်ခုထပ်ပြောချင်တာက...
Collagen သောက်မယ်ဆို သတိတရနဲ့ Detox အရင်လုပ်ပေးပါ..ဒါမှ collagen ရဲ့စုပ်ယူမှုအားကောင်းမှာဖြစ်လို့ မမေ့ရဘူးနော်
VEENA ဆိုတာက ဘာလဲ?
ဘာအတွက်ကောင်းလဲ?
အူလမ်းကြောင်းထဲက အညစ်အကြေးတွေကို
✅ရှင်းထုတ်ပေးပြီး အစာခြေစနစ်ကောင်းမွန်စေတာကြောင့်
✅ဝမ်းမမှန်သူ
✅တခါမှ detox မလုပ်ဖူးလို့ အူတွင်းအညစ်ကြေးများလို့ခံတွင်းနံ့ နံသူ/ဝက်ခြံမပျောက်တတ်သူ
✅သွေးသားကြောင့် ပြဿနာရှိသူ
✅အသားလှ ရွယ်တင်နုပျိုချင်သူ
အန္တာရာယ်ကင်းပြီး ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် ကိုယ်တော့ VEENA မှ VEENA ပဲ ခုကရွေးချယ်စရာ အရသာ၂မျိုး ရှိထားတယ်ဗျို့ 🤗
02/01/2024
ဝမ်းချုပ်တာကိုသက်သာစေမယ့် ယောဂကျင့်စဥ်လေ့ကျင့်ခန်းများ 🧘♀️
ဒီနေ့မှာတော့ဆိုဖီက ဝမ်းအရမ်းချုပ်တတ်တဲ့သူတွေအတွက် ဝမ်းချုပ်နေတာသက်သာစေမယ့် ယောဂကျင့်စဥ်လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်က အမြဲလိုလိုဝမ်းချုပ်တတ်သူဆိုရင် ဒီယောဂကျင့်စဥ်တွေကို နေ့တိုင်းလုပ်ပေးကြည့်ပါ သိသိသာသာကို ဝမ်းမှန်လာပါလိမ့်မယ်။
ခဏခဏ ဝမ်းချုပ်တတ်တဲ့သူတွေအတွက် ဝမ်းချုပ်တာသက်သာလာအောင် ပုံမှန်လုပ်ပေးသင့်တဲ့ ယောဂကျင့်စဥ် (5)မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ယောဂကျင့်ဖို့ ယောဂဖျာလိုပါတယ်။ ယောဂဖျာနဲ့လုပ်ပေးရပါမယ်နော်. . .
အောက်ကပုံလေးတွေမှာ ပြုလုပ်နည်းအသေးစိတ်လုပ်ပြထားတဲ့အတွက် တစသ်ပုံချင်းဆီကြည့်သွားနော်
🤗
#ဝမ်းချုပ်တတ်သူအတွက်
#ယောဂကျင့်စဥ်များ
#ကျန်းမာရေးဗဟုသုတ
01/01/2024
2024 မှာ ကံပွင့် လာဘ်ပွင့် ဥစ္စာတွေဒီရေအလားတိုးပွားကြပါစေ ❤️💰🍀✨
22/12/2023
မိန်းကလေးများ ဓမ္မတာလာစဉ် #ကိုက်ခဲမှုကိုသက်သာစေမယ့်_အိပ်စက်နည်း ( ၃ ) မျိုး 👇
******************************************
22/12/2023
သို့/
အမျိုးသမီးလေးများအတွက် ဆောင်ရန်ရှောင်ရန်
ရာသီလာခြင်းဆိုတာ အရွယ်ရောက်ပြီးမိန်းကလေးတိုင်းအတွက် ကျန်းမာရေးကောင်းမွန်ကြောင်း
ပြသတဲ့လက္ခဏာဖြစ်ပါတယ်။
ဒီနေ့ ဒီစာလေးကို ဖတ်မိတဲ့ မိန်းကလေးတွေကို ပြောချင်တာလေးရှိပါတယ်။
အမျိုးသမီးတွေ လစဥ် Menstruation ဖြစ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားနည်းထိခိုက်လွယ်တတ်တာ သဘာဝပဲဖြစ်ပါတယ်
ဒါကြောင့် ဒီလိုမျိုးအချိန်မှာ ကိုယ့်ကိုကိုယ်
နားလည်ပြီး နှစ်သိမ့်ဂရုစိုက်တတ်ဖို့ အရေးကြီးပါတယ်
ကိုယ့်ပတ်ဝန်းကျင်က ရင်းနှီးတဲ့လူတွေကိုလဲ
ကိုယ့်ရဲ့နေမကောင်းဖြစ်နေချိန် စိတ်အခန့်မသင့်ဖြစ်တတ်တဲ့အကြောင်းလေးတွေကို ထုတ်ဖော်ပြောပြထားပြီး နားလည်ပေးဖို့တောင်းဆိုထားသင့်ပါတယ်
ပထမဆုံး ကိုယ့်အတွက်ကိုယ် ဂရုစိုက်နော်။
🎈ပေါ့ပါးချောင်ချိတဲ့ အဝတ်လေးတွေ
သက်တောင့်သက်သာဖြေစေတဲ့ အဝတ်အစားတွေကို နွေးထွေးလုံခြုံစွာ ဝတ်ဆင်သင့်ပါတယ်။
🎈အတွင်းခံ ဘောင်းဘီကိုလဲကိုလဲ
တင်းကြပ်လွန်းတာ လျော့တွဲချောင်ကျလွန်းတာတွေကို မဝတ်သင့်ပါဘူး။
🎈ပုံမှန်ထက် ပိုရှည်ပြီး နူးညံ့တဲ့ pad မျိုးကို
သုံးစွဲသင့်ပါတယ် wings ပါတဲ့ night use အရှည် pad တွေကိုလဲ နေ့ဘက်မှာ သုံးစွဲခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်စေတဲ့အပြင် ပြင်ပသို့အလွယ်တကူ စွန်းထင်းခြင်းကို သက်သာစေပါတယ်။
🎈Pad ကို လေးနာရီခြားတစ်ခါ လဲလှယ်သင့်ပါတယ်။
🎈ကိုက်ခဲတဲ့အခါ လျှပ်စစ် ရေနွေးအိတ်
သုံးစွဲတာမျိုး ရေနွေးပူပူလေးမှုတ်သောက်တာမျိုး လုပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
🎈ဝမ်းမချုပ်အောင် ဂရုပြုသင့်ပါတယ်။
🎈ကိုယ်ကြိုက်တဲ့အစားအစာလေးတွေ ဝယ်စားလိုက်ပါ
ချစ်သူတွေအနေနဲ့လဲ ကိုယ့်ကောင်မလေးရဲ့
Period time ကို သတိထားဂရုပြုပြီး နားလည်ပေးသင့်ပါတယ်
မိန်းကလေးတွေက သူတို့ရဲ့ menstrual cycle အတွင်းမှာ ရစ်လွန်းတာ ထိခိုက်လွယ်တာ စိတ်အလိုမကျတာ ရန်လုပ်တာ စိတ်ကောက်တာ အချစ်ပိုလွန်းတာ မျိုးတွေ ဖြစ်လေ့ရှိပါတယ်
အဲဒီအချိန်ရောက်လာလို့ သူတိုနဲ့ပြိုင်ပြီး ဒေါသလိုက်ထွက် ရန်ဖက်ဖြစ်ရင် အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်။
Tips လေးအနေနဲ့
Babe လေး period time ရောက်လို့ စိတ်ဖောက်နေပြီမလား hot pot လိုက်ကျွေးမယ်နော် ဝမ်းမနဲနဲ့တော့လို့ ပြောကြည့်ပါ
ပန်းလေးတစ်ပွင့်လောက်ပဲ ဖြစ်ဖြစ်ပေးကြည့်လိုက်ပါ
Dark chocolate လေး ဝယ်ကျွေးလိုက်ပါ
သူကို သွားတွေ့ပြီး ပိုဂရုစိုက်ပေးကြည့်ပါ
ဒီအချိန်မှာ သူတို့လိုအပ်တာက ပစ်ထားတာမဟုတ်ပါဘူး
ဟော်မုန်းတွေကြောင့် သူတို့ စိတ်တွေ ကယောက်ကယက် ဖြစ်နေတဲ့အခါမှာ သူတို့ကို
ရင့်ရင့်သီးသီး ရန်ပြန်ဖြစ်တာမျိုး မဟုတ်ပါဘူး
မိသားစုတွေအနေနဲ့လဲ ငါ့သမီး နေမကောင်းဖြစ်နေပြီ ပတ်ပြီး ပြသနာရှာ ဒေါသထွက် ဝမ်းနည်းတော့မယ် ကြည့်ရှောင်မှဆိုပြီး နေသင့်ပါတယ်
အဟာရရှိတဲ့အစားတွေ ကျွေးသင့်ပါတယ်
ဟင်းနုနွယ်ကဲ့သို့ သွေးအားကောင်းပြီး သံဓာတ်ပါတဲ့ အစားအစာမျိုးတွေ ကျွေးသင့်ပါတယ်
ကိုယ်ချစ်ရတဲ့သူပဲလေနော်
ဂရုစိုက်ပေးလိုက်ပါ
နားလည်ပေးလိုက်ပါ
Period pain ဆိုတာ ခံစားရခက်လွန်းမှန်း မိန်းကလေးတွေပဲ နားလည်ပါတယ်
ဘယ်သူမှ ဂရုစိုက်ဖူးဆိုရင်တောင် ကိုယ့်အတွက် ကိုယ် ဂရုစိုက်ပေးနော်
နှုတ်ခမ်းနီလေး ကိုယ့်ကိုကိုယ် ဝယ်ပေးလိုက်
Goncha လေးဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ဝယ်တိုက်လိုက် chocolate လေး ဝယ်ကျွေးလိုက် hot pot လေး ကိုယ့်ဘာသာ ဝယ်စားလိုက်
ကိုယ့်ကို ချစ်လိုက်ပါနော် ❤
Sandi 🌻
Photos credit
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Myitkyina
