MoeSandar Myitkyina

MoeSandar Myitkyina

Share

အလှပရေးရာဗဟုသုတ

17/07/2022

ိုတာဘာလဲ ⁉️

Skin barrier ဆိုတာ
အရေပြားနဲ့ပတ်ဝန်းကျင်ကြားမှာ
သဟဇာတဖြစ်အောင်
ပြုလုပ်ပေးတဲ့
အရေပြားအလွှာတစ်ခုဖြစ်ပါတယ်

သူက dead cells တွေနဲ့ အတူရှိနေပြီး
​မလိုအပ်တဲ့ dead cells တွေကို
အပေါ်ကို ပင့်တင်ပေးပြီး
အရေပြားအတွင်းပိုင်းက healthy cells တွေနဲ့ သေဆုံးသွားတဲ့ dead skin layer တွေကို
ပြန်လည် ဖြည့်တင်းပေးဖို့
သူက ကြားကနေ လုပ်ဆောင်ပေးတယ်

နားလည်လွယ်အောင်
ကြည့်မယ်ဆိုရင်
​dead cells တွေကို skin အပေါ်ကို ⬆️
တွန်းလွှတ်ပေးပြီး
အရေပြားအလွှာအသစ်ဖြစ်ပေါ်စေတဲ့
cells တွေက်ို အပေါ်ကို ⬆️ ဆွဲတင်ပေးတယ်
အရေပြားအတွက်
ကောင်းတဲ့အဟာရကိုစုပ်ယူပြီး
မကောင်းတာကို
ဒီနေရာမှာ စစ်ထုတ်ပေးတယ်

Skin barrier ထိခိုက်စေတဲ့အကြောင်း

Cosmetics ခနခနအပြောင်းအလဲလုပ်ခြင်း
Scrubbing ခနခန လုပ်ခြင်း
Acid ပါတဲ့ အလှကုန်သုံးစွဲမှုများခြင်း

ရာသီဥတု နေရောင် နဲ့ UV ကြောင့် ထိခိုက်ခြင်း

အစ်ိုဓာတ်လျော့နည်းခြင်း

Allergic ဖြစ်စေတဲ့ ဆေးဝါးနဲ့
အစားအစာများကြာင့်ထိ ခိုက်ခြင်း

ပန်းဝတ်မှုန်နဲ့ဖုန်မှုန့်များကြောင့်
ထိခိုက်ခြင်း

ရေပူအရမ်းသုံးခြင်းကြောင့်
ထိခိုက်ခြင်း

စတာတွေကြောင့် skin barrier ကို
ထိခိုက်စေပါတယ်

Skin barrier ထိခိုက်လာရင်

ပုံမှန်သုံးနေကြ skincare နဲ့တောင်မှ
ဓာတ်မတည့်သလိုဖြစ်လာခြင်း

အသားအရည် ပါးနေရာတဝိုက်မှာ
နီမြန်းလာခြင်း စပ်ခြင်း

နှာခေါင်းနဲ့ပါးမို့တဝိုက်မှာ
အဆီပြန်ခြင်း

အသားအရည် အလွန်အမင်း
Sensitive ဖြစ်လာခြင်း
စတာတွေဖြစ်လာရင်
Skin barrier ထိခိုက်နေပြီဆိုတာ
သတိထားလို့ရပါတယ်

Skin barrier ပြန်လည်သက်သာစေရန်

Skin barrier အလွှာဟာ အလိုအလျောက်
ပြန်လည် ကောင်းမွန်ပါတယ်

အဲ့ဒီအတွက် သူ့ဘာသာသူကုစားဖို့အတွက်
Skin ကို သဘာဝအတိုင်း
အနားပေးရန်လိုအပ်ပါတယ်

အနည်းဆုံး၃ရက်ကနေ ၁ပတ်ခန့်

မျက်နှာကို မပူလွန်းမအေးလွန်းတဲ့
ရေနဲ့သစ်ပါ မျက်နှာသစ်ဆေးကို
​chemical ပါဝင်မှုနှုန်းနည်းတဲ့
Mild cleansing form ကိုအသုံးပြုပါ

သုံးနေကြ toner cream skincare စတာတွေက်ိုခန ရပ်ထားပါ

Skin barrier ထိ တဲ့အခါ မျကိနှာဟာ
အဆီပြန်တာဖြစ်တဲ့အတွက်
အဆီပြန်လာတဲ့အခါ
Facial tissue လေးနဲ့
သုတ်ပေးပါ

၃-၇ရက် ပြည့်မှ
မိမိသုံးနေကြ skin care ကို
ပြန်စသုံးပါ

ဒီလိုနည်းနဲ့ skin barrier ကို
Self healing time ပေး နိုင်ပါတယ်

Crd...



Admin//Toe

12/07/2022

☑️ ဝက်ခြံအမျိူးစား (၅ ) မျိူး🍀

ဝက်ခြံ အမျိူးစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင်နဲ့ နာကျင်မှုလည်းကွာခြားနိုင်ပါတယ် 🍀

လူတိုင်းလိုလိုမှာ အရေပြားပြဿနာ တစ်ရပ် ရှိနေတတ်ပါတယ်( ၁၀၀ မှာတစ်ယောက်ပေါ့နော် ကင်းလွတ်နိုင်ကောင်း ကင်းနိုင်ပါမယ် )။

ဝက်ခြံအမျိုးစားကဘာတွေလဲဆိုတော့ ...........
🍀🍀

၁ - Whiteheads ( ဝက်ခြံ )
၂ - Blackheads ( ဝက်ခြံ )
၃ -Papules ( ဝက်ခြံ )
၄ - Pustules ( ဝက်ခြံ )
၅ - Nodules ( ဝက်ခြံ )
etc. . .

👉ဖြစ်တည်မှု ပုံစံများ.....

Whiteheads ဝက်ခြံ – အရေပြားအောက်ဘက်မှာရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင်အနှစ်လေးတွေထွက်တတ်ပါတယ်။ နှာခေါင်းဘေးတဝိုက်နဲ့ မေးစေ့မှာ အဖြစ်များပါတယ်။ 🍀

Blackheads (ဆားဝက်ခြံ) – အရေပြားပေါ်မှာ ခပ်မဲမဲအရောင်နဲ့မြင်သာပါတယ်။ နှာခေါင်းနဲ့ T- Zone မှာအဓိကပေါက်တတ်ကြပါတယ်။ 🍀

Papules ဝက်ခြံ – သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။ အရေပြားပေါ်မှာ မြင်သာပါတယ်။ 🍀

Pustules ဝက်ခြံ – အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ ဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။ 🍀

Nodules ဝက်ခြံ – ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။ ကြီးမားပြီး အစိုင်အခဲကြီးသလို အရေပြားထဲမှာ စူးစူးနစ်နစ်တွယ်ဆက်နေကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ်ပါတယ်။🍀

နောက်ရက်ကြရင် လည်းဘယ်လို ကုသင့်လဲ ဆိုတာလေးတွေကို ပြောပြပေးသွားမယ်နော်

အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်
ဝက်ခြံကင်းရှင်းပြီး လှပတော့အသားရေများပိုင်ဆိုင်နိုင်ကြပါစေရှင့်❣❣

🌻အလှအပနဲ့ပတ်သက်ပြီး page cb မှာ
မေးမြန်းတိုင်ပင်နိုင်ပါတယ်♥




Admin//Toe

Want your business to be the top-listed Beauty Salon in Myitkyina?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myitkyina