Emosha Myanmar

Emosha Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Emosha Myanmar, Health/Beauty, နောင်ခမ်းရှမ်းရွာလမ်း မြို့သစ်ကြီးရပ်ကွက် မြစ်ကြီးနားမြို့, Myitkyina.

04/07/2023

♻ ဆံသားခြောက်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ❓❓

ဆံသားခြောက် တယ်ဆိုတာ မိန်းကလေးတွေအတွက်တော့ စိတ်ညစ်စရာ ကိစ္စ တစ်ခုပါပဲ။ နေပူထဲ မကြာခဏထွက်တာ၊ ဆေးလိပ်သောက်တာ၊ ခေါင်းမကြာခဏ လျှော်တာကြောင့်ရော၊ ဆံပင်ဖြောင့်၊ ကောက် ခဏခဏ လုပ်နေတဲ့အခါမှာ ဆံသားဟာ ကြမ်းပြီး ခြောက်လာတယ်။ ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိပေမဲ့ မိန်းကလေးတွေအတွက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာစေတဲ့ ကိစ္စပါပဲ။

ဒါကြောင့် ဆံသားခြောက်လို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေအတွက် အိမ်မှာ အလွယ်တကူ လုပ်ယူပြင်ဆင်လို့ ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

1️⃣ ပျက်စီးနေတဲ့ ဆံသားအစလေးတွေကို ညှပ်ပစ်ပါ။

ဆံသားခြောက် ပြီးပျက်စီးနေပြီဆိုရင် အသစ်ပြန်ပြင်ဆင်ဖို့အတွက် ညှပ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ပျက်စီးနေတဲ့ ဆံသားတွေကို ညှပ်လိုက်တဲ့အခါမှာ နဂိုကောင်းမွန်တဲ့ ဆံသားတွေ ပြန်ပေါက်လာစေနိုင်ပါတယ်။

2️⃣ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးပါ။

တချို့သော အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို အားဖြစ်စေပြီး ပျက်စီးနေတဲ့ ဆံသားကို အကောင်းအတိုင်း ပြန်လည်ကျန်းမာလာစေနိုင်ပါတယ်။ ဗီတာမင် A ၊ ဗီတာမင် C နဲ့ သံဓာတ်တွေဟာ ကိုယ့်ရဲ့ ဆံသားကို ကျန်းမာလှပစေပြီး ပြန်လည်စိုပြေတောက်ပလာစေနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးတာဖြစ်စေ၊ ဖြည့်စွက်အားဆေး သောက်ပေးတာ ဖြစ်စေ ပြုလုပ်ပေးနိုင်ပါတယ်။

3️⃣ ငါးကြီးဆီ နေ့စဉ်စားပေးပါ။

Omega-3 ငါးကြီးဆီဟာ အသားအရေကို လှပစေတယ်။ ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေတယ်။ ဆံသားပါးတာ၊ ခြောက်ပြီး ကြမ်းလာတာကို ကာကွယ်ပေးနိုင်ပြီး ပျက်စီးနေတဲ့ ဆံကေသာကိုလည်း အကောင်းအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဆော်လ်မွန်ငါး၊ တူနာငါး၊ ငါးကွမ်းရှပ်၊ ပင်လယ်စာတွေမှာ ငါးကြီးဆီ ကြွယ်ဝတဲ့အတွက် နေ့စဉ် မဖြစ်မနေ စားပေးသင့်ပါတယ်။ အခွံမာသီး၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးတွေမှာ ကိုယ်ခန္ဓာအကျိုးပြု အာဟာရဓါတ်တွေနဲ့ Antioxidant တွေအပြင် ဆံသားကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

4️⃣ နေ့တိုင်း ခေါင်းလျှော်ပေးဖို့ မလိုပါဘူး။

ခေါင်းလျှော်ရည်ဟာ ဦးရေပြားပေါ်က အညစ်အကြေး၊ ဖုန်မှုန့်၊ ချွေးတွေကို ဖယ်ရှားပေးနိုင်ပေမယ့် တစ်ချိန်ထဲမှာပဲ ဆံသားကို ကျန်းမာစေတဲ့ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းကို နေ့တိုင်းလျှော်မယ့်အစား တစ်ရက်ခြား တစ်ခါ လျှော်ပေးတာက အကောင်းဆုံးပါပဲ။

5️⃣ ဆံပင်အခြောက်ခံစက် အသုံးမပြုပါနဲ့။

ဆံသားခြောက်လာခြင်းရဲ့ အဓိကတရားခံကတော့ ဆံပင်အခြောက်ခံစက်က ထွက်လာတဲ့ အပူငွေ့တွေပါပဲ။ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်အခြောက်ခံစက်နဲ့ အပူပေးလိုက်တဲ့အခါ ဦးရေပြားပေါ်မှာ ကျန်နေတဲ့ အဆီတွေကို ဖယ်လိုက်ပြီး ဆံပင်သားကို ကြမ်းတမ်းခြောက်သွေ့သွားစေနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးအပြင်သွားစရာ မရှိဘူးဆိုရင်တော့ ခေါင်းလျှော်ပြီးရင် မျက်နှာသုတ်ပဝါနဲ့ပဲ ဆံပင်ကို ခြောက်အောင် သုတ်ပေးပါ။

6️⃣ အပူပေးစက်တွေနဲ့ ဆံပင်ပုံသွင်းတာတွေ ရပ်လိုက်ပါတော့။

ဆံပင်ဖြောင့်ဖို့၊ ကောက်ဖို့၊ ပုံသွင်းဖို့အတွက် အပူပေးစက်တွေ အသုံးပြုလိုက်တဲ့အခါမှာ ဆံသားကို ပျက်စီးပြီး ကြမ်းတမ်းခြောက်သွေ့သွားစေနိုင်ပါတယ်။

7️⃣ ရေအေးနဲ့ ခေါင်းလျှော်ပေးပါ။

ရေပူရေအေးနဲ့ ရေချိုးတဲ့အခါမှာ မတူညီတဲ့ အာနိသင် အကျိုးကျေးဇူးတွေ ရှိပါတယ်။ ရေအေးနဲ့ ခေါင်းလျှော်တဲ့အခါမှာ ဆံသားအမြန်ပေါက်လာစေဖို့ ကူညီပေးတယ်။ ဦးရေပြားကို အေးမြပြီး လန်းဆန်းစေတယ်။ ဆံသားခြောက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

8️⃣ ဆီသန့် လိမ်းပေးပါ။(ဦးရေပြားနဲ့ဆံသားကို အားဖြည့်ပေးနိုင်တဲ့ ဆီတစ်မျိုးမျိုး လိမ်းပေးပါ)

သဘာဝဆီသန့်တွေဟာ ခြောက်သွေ့နေတဲ့ ဆံသားတွေအတွက် အကောင်းဆုံးပါပဲ။ အုန်းဆီ၊ သံလွင်ဆီ၊ လာဗင်ဒါဆီ အစရှိသဖြင့် ဆီတွေဟာ ဆံသားကို ချောမွေ့တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး ပျက်စီးနေတဲ့ ဆံသားကို ပြန်လည်ပြုပြင်ပေးတယ်။ ဆံပင်ကို ပုံမှန်အတိုင်း ပြန်လည်ပေါက်လာစေပါတယ်။

9️⃣ အပြင်ထွက်ရင် ဦးထုပ်ဆောင်းပါ။

ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအရေအတွက်သာမက ဆံသားကို ပျက်စီးကြမ်းတမ်းပြီး ခြောက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ဦးထုပ်ဆောင်းပေးပါ။ နေရောင်ခြည်နဲ့ ဆံသားကို တိုက်ရိုက်မထိတွေ့ဖို့ အရေးကြီးပါတယ်။

ကျန်းမာလှပတဲ့ ဆံသားလေးတွေ ပိုင်ဆိုင်ကြပါစေရှင့် 🙆🙆

24/06/2023

ပျိုမေတို့ရဲ့ အသဲစွဲ 😍
Empsha ရဲ့ Amber Soap Cake
ပယင်း မျက်နှာသစ် ဆပ်ပြာခဲ........ 😘

18/06/2023

ကိုယ်ကတော့သေချာဂရုစိုက်ပေမဲ့ ဆံပင်တွေကျွတ်ဆဲကျွတ်မြဲဖြစ်နေတယ် ဆံသားအဆီခဏခဏထွက်နေတယ်ဆိုရင်တော့ လက်ရှိသုံးနေတဲ့ Hair Products နဲ့ ခေါင်းလျော်နည်းလေးကို ပြန်ဆန်းစစ်ကြည့်ရအောင် ပျိုလေးတို့ရေ🥰

ဆံကေသာဆိုတာ ဒုတိယမျက်နှာလို့ တင်စားရတဲ့အထိ အရေးပါတယ်မဟုတ်လားရှင်😍

1️⃣ ခေါင်းမလျော်ခင် ဆံပင်ကိုဘီးနဲ့ သေချာဖြီးပါ။ ဒါမှခေါင်းလျော်တဲ့အခါ ဆံပင်မငြိတော့ဘဲ ဆံပင်ကျွတ်သက်သာစေပါတယ်နော်။

2️⃣ ဖြီးပြီးတဲ့အခါ ဘီးကို သန့်ရှင်းအောင်ဆေးကြောပါ။ ဘီးကမသန့်ရှင်းဘူးဆိုရင် ခေါင်းလျော်ပြီးလည်း အဲ့ဘီးနဲ့ပြန်ဖြီးရင် လျော်ထားသမျှအလကားဖြစ်ပြီး ဆံပင်အဆီပြန်လွယ်ပါတယ်။

3️⃣ ဦးရေပြားသွေးလည်ပတ်မှုကောင်းအောင် ‌ခေါင်းကိုနှိပ်ပေးပါ။ ဒါမှခေါင်းလျော်ပြီးတဲ့အခါ ဇက်ကြောတက်တာ‌ ခေါင်းကိုက်တာမျိုး မဖြစ်မှာပါ။

4️⃣ ခေါင်းလျော်ရင် ဆံပင်ရှည်တဲ့မိန်းကလေးအများစုက ခေါင်းကိုငုံ့ပြီး ဆံပင်ကိုအောက်စိုက်လျော်လေ့ရှိကြပါတယ်။ အမှန်ကအဲ့လိုမလျော်ရဘူးနော်။ ခေါင်းကိုမော့ပြီး ဆံပင်ကိုနောက်မှာပဲထားပြီး ပုံမှန်အနေအထားအတိုင်းလျော်ရင် ‌ဆံပင်ကျွတ်သက်သာပြီး ကျန်းမာရေးနဲ့ပိုညီညွတ်ပါတယ်ရှင်။

5️⃣ Shampoo ကိုခေါင်းနဲ့တိုက်ရိုက်မထိတွေ့ပါနဲ့။ Shampoo ကို ခေါင်းပေါ်တင်ပြီးပွတ်လျှော်တာထက် ကိုယ်လိုသလောက်ယူပြီး ရေခွက်ထဲထည့် ရေနည်းနည်းနဲ့ဖျော်ပြီးမှ လျော်ပေးတာက ဆံပင်နဲ့ဦးရေပြားထိခိုက်မှု လျော့နည်းစေပါတယ်။

6️⃣ Shampoo ကိုပြောင်အောင်ဆေးပေးပါ။ခေါင်းလျော်ပြီးတဲ့အခါ Shampoo ကိုရေပြောင်အောင်ဆေးပေးပါ။ Shampoo မပြောင်တဲ့အခါ ဗောက်ထတာ၊ ဦးရေပြားယားယံတာမျိုး ဖြစ်လာနိုင်ပါတယ်ရှင်။

7️⃣ နောက်ဆုံးအနေနဲ့ ခေါင်းသုတ်တဲ့အခါ အတတ်နိုင်ဆုံး သဘက်နဲ့ပဲသုတ်ပေးပါ။ ဆံပင်ထူလို့ Dryer သုံးရမယ်ဆိုရင်တောင် အကြာကြီးမသုံးပါနဲ့နော်။ Dryer ရဲ့အပူက ခဏခဏသုံးရင် ဆံပင်ပျက်စီးစေနိုင်ပါတယ်။

ဒါဆိုရင်နောက်တစ်ခေါက် ခေါင်းလျော်တဲ့အခါ ဒီနည်းလေးတွေသုံးပြီးလျော်ကြည့်ပါနော်။

✔️ဆံပင်ခဏခဏအဆီမပြန်ချင်ဘူး ✔️ခေါင်းလည်းအေးချင်တယ် ✔️ဆံပင်ကျွတ်သက်သာချင်တယ် ✔️ဗောက်လည်းရှင်းချင်တယ်
ဒါတွေအားလုံးနဲ့ကိုက်ညီတဲ့ Shampoo ရှိလားဆိုရင်တော့........
သဘာဝပယင်းအဆီအနှစ်နဲ့ထုတ်လုပ်ထားတဲ့ Emosha ရဲ့ Amber Shampoo လေးရှိကြောင်း ပြောပါရစေ ပျိုလေးတို့ရေ❤️❤️❤️

23/05/2023

" မိတ်ဆွေတို့ဒီနေ့ ရေချိုးပြီးပြီလား❓"

အခုလိုပူအိုက်တဲ့ ရာသီမှာ မနက်အစောတည်းက ရေထချိုးနေကြတာဆိုတော့ မချိုးရသေးတဲ့သူ ရှိမယ်မထင်ဘူးနော်🤔🤔

ဒါဆိုပြောင်းမေးမယ်..
" မိတ်ဆွေ ဒီနေ့ Emosha Amber Soap Cake နဲ့ ရေချိုးပြီးပြီလား❓"

မသိသေးတဲ့သူတွေကတော့ ဟင် နာမည်လေးကတော့ ချစ်စရာလေး ဒါပေမဲ့ Emosha Amber Soap Cake က ဘာလဲ မင်မင် ဆိုပြီး မေးခွန်းတွေ‌ထုတ်နေပြီထင်တယ် (သိနေတယ်😌😌)

မပူပါနဲ့... မင်မင်ရှင်းပြမယ်နော်❤️

Emosha Amber Soap Cake ဆိုတာက Emosha Amber Beauty Products ‌တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ပယင်းအဆီအနှစ်ကို အခြေခံပြီး သဘာဝသစ်သီး သစ်ဥများနှင့် ပေါင်းစပ်ထုတ်လုပ်ထားတာမလို့ ‌ဘေးထွက်ဆိုးကျိုးမရှိဘဲ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်ရှင်။

Emosha Amber Soap Cakeက နှစ်ထပ်ကိတ်ပုံစံလေးလို အမြင်ဆန်းပြီး Packaging ကလည်း ခေတ်မှီတာမလို့ ကိုယ်တိုင်ပဲသုံးမလား? လက်ဆောင်ပဲပေးမလား? အရမ်းအဆင်ပြေတယ်နော်😍😍

Emosha Soap Cake လေးက ရွေးချယ်စရာ 4️⃣ မျိုးတောင်ရှိပါတယ်❤️❤️❤️

Hydroxycitric Acid (HCA)ပါဝင်တဲ့အတွက် Collagen ကိုပိုမိုထုတ်‌လုပ်ပေးတာကြောင့် အရေးအကြောင်းတွေကိုသက်သာစေပြီး အသားအရေကိုပိုမိုတင်းရင်းစေတဲ့ အန်တီမမတို့လက်စွဲ အီမိုဂါဂါ (Emosha Amber Garcinia Soap Cake)

ပယင်းရဲ့ Antioxidant ကြွယ်ဝမှုကြောင့်အဆီပြန်၊ နေလောင်ကွက်၊ အဆီဖု၊ ဝက်ခြံ၊အမဲစက်နှင့် အသားရေမညီတာတွေကိုသက်သာစေပြီး Glow Skin ကိုရရှိစေမယ့် ပျိုမေတို့အကြိုက် အီမိုဂရိတ် (Emosha Amber Grapefruit Soap Cake)

တင်းတိပ်၊ မှဲ့ခြောက်၊ အရေပြားအမဲကွက်တွေကို ပျောက်ကင်းစေပြီး အသားအရေကို ဝင်းလဲ့ချောမွတ်စေတဲ့ အားလုံးရဲ့အသဲစွဲ အီမိုဂွတ် (Emosha Amber Mangosteen Soap Cake)

Green Tea ပါဝင်တာကြောင့် အသားပတ်ခြင်း၊ အသားရေမညီညာခြင်းနှင့် အရေပြားပေါ်ရှိ Dead Cells များကိုဖယ်ရှားပေးနိုင်ပြီး အသားရေစိုပြေနူးညံ့မှုကို ပေးစွမ်းနိုင်တဲ့ လူကြိုက်အများဆုံး အီမိုဂရင်း (Emosha Amber Green Tea Soap Cake)

Wowww😱😱 အကုန်လုံး ကြိုက်ချင်စရာတွေကြီးပဲနော်.... 4မျိုးလုံးဖတ်ပြီး ဘယ်ဟာဝယ်ရမလဲမသိရင် အကုန်လုံးသာဝယ်ပစ် တစ်ရက်တစ်မျိုးသုံးမလား? မိသားစုတွေ တစ်ယောက် တစ်တုံးသုံးမလား? အားလုံးအဆင်ပြေပါတယ်😍😍😍

ဈေးနှုန်းလေးက တစ်တုံးမှ 7200 တည်းဆိုတော့ 4 မျိုးလုံးဝယ်ရင်တောင် 30000 မကျော်တဲ့ဈေးနဲ့ ရမှာနော် တစ်နှစ်စာလုံးကိုမှ ဒီဈေးဆိုတော့ တန်တန်တန် အရမ်းတန်🤩🤩🤩

Emosha Amber Soap Cake လေးကိုမှာယူချင်တယ်ဆိုရင်တော့ Page Messenger ဒါမှမဟုတ် 📞 09 883 333 018
📞 09 790 773 543 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်🥰🥰

Address:
မြစ်ကြီးနားမြို့၊ Emosha Myanmar နောင်ခမ်းရှမ်းရွာလမ်းမကြီး၊ ရွှေ‌အုပ်ဆောင်းလမ်း၊ ရွှေအုပ်ဆောင်းကုမ္ပဏီ

Emosha Myanmar Health/beauty

23/05/2023

မြန်မာ့ရတနာ ပယင်းထုတ်ကုန်များ။

18/05/2023

"အားးးး ပူလိုက်လောင်လိုက်တာ ရာသီဥတုကြောင့်ပူလိုက် ဇာတ်ကားကြည့်ပြီးလောင်လိုက်နဲ့ ချွေးတွေထွက်ပြီး ခေါင်းကလည်းအဆီတွေနဲ့ယားပြန်ပြီ🥵🥵"

နွေရာသီရောက်ပြီဆိုတော့ ဒီအသံလေးတွေကြားနေရပြီနော်🧐🧐

ခုလိုအဆီပြန်ပြီး ဦးရေပြားယားယံမှုတွေဖြစ်ပေါ်နေတဲ့ ပျိုမေလေးတွေအတွက် သတင်းကောင်းလေးပါးပါရစေ🥰🥰

- ပူတာအိုဒေသထွက် ဂရိတ်ဖရုသီးရဲ့အဆီမှ (Vitamin C) 🍋🍋
- တနိုင်းဒေသထွက် ရှားပါးပယင်းအဆီအနှစ်🍯🍯

ဒီလိုသဘာဝပစ္စည်းတွေကို စံချိန်စံညွန်းမှီသုတေသနပြုနည်းပညာဖော်မြူလာတွေနဲ့ထုတ်လုပ်ထားတာခဲ့တာဖြစ်လို့ Emosha Amber Shampooဟာ သုံးစွဲမိသူတွေတိုင်းဆံသားနဲ့ဦးရေပြားအတွက် ဆိုးကျိုးမရှိကောင်းကျိုးကိုသာရစေမယ်ဆိုတာကိုအာမခံပါတယ်နော်...😘

ဒါဆို Emosha Shampoo ကိုသုံးရင် ငါတို့က ဘာကောင်းကျိုးတွေရမှာလဲ? (မပူနဲ့ အောက်မှာဆက်ဖတ်ကြည့်နော်😉)

Emosha amber shampoo ရဲအထူးပြုထားတဲ့ Oil control & anti druff လို့ဆိုတဲ့အတိုင်း

- ဦးရေပြားအဆီပြန်နေလို့ ယုံကြည်မှု မရှိတဲ့ ကိုကိုမမတွေလည်း ပြုံးပျော်
- ဗောက်တွေထလို့ လူကြားထဲခေါင်းကုပ်ရမှာ ရှက်နေတဲ့ပျိူမေတွေလည်းအေးဆေး
- နွေရာသီပူပူလောင်လောင်စိတ်ညစ်နေတဲ့ ဦးဦးဒေါ်ဒေါ်တွေလည်း ပယင်းပါဝင်တဲ့အတွက် ခေါင်းလျော်လိုက်တာနဲ့ စိတ်ကြည်လင် လန်းဆန်း‌ အေးမြ
- ဆံပင်တွေ ခဏခဏဆေးဆိုးပြီး ခေါင်းမှာ အရေပြားပြသနာဖြစ်လို့ ဆံပင်ကျွက်မှာစိုးရိမ်နေတဲ့ မောင်လေးတွေ ဆံပင်ကျွတ်ပြီး ပါးမှာစိုးရိမ်နေတဲ့ညီမလေးတွေလည်း အိုကေမှာ စိုပြေ

ဒါကြောင့် Emosha amber shampooကိုသုံးစွဲမိတဲ့သူတိုင်း
ပယင်းရဲ့ထူးခြားတဲ့ဂုဏ်သတ္တိဖြစ်တဲ့လူတွေရဲဲ့စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာကိုပါမြင့်တင်ပေးနိုင်တဲ့အစွမ်းရှိလို့ငွေကျပ်12000ထက်မကတဲ့
စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွတဲ.ယုံကြည်မှူကိုပြန်လည်ရရှိနိုင်တယ်ဆိုတာကိုအာမခံပါတယ်ရှင်❤️❤️

Thai, China, Trade Expo တွေမှာ Best Seller အဖြစ် အရောင်းစံချိန်တင်ခဲ့တဲ့ ပစ္စည်းလေးမလို့ စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါတယ်🤩🤩🤩

Emosha Shampoo နဲ့ Emosha Amber Beauty Products လေးတွေကို မှာယူချင်တယ်ဆိုပါက အခုပဲ Page Messenger ကို အမြန်သာလာလိုက်တော့နော်

ကိုယ်တိုင်ဖုန်းဆက်မှာယူချင်တယ်ဆိုရင်တော့
📞 09 793 626 264
📞 09 790 773 543 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်🥰🥰

လိပ်စာလေးကတော့
>>>>>>>>>>>>>>>>>>>>
မြစ်ကြီးနားမြို့ Emosha Myanmar နောင်ခမ်းရှမ်းရွာလမ်းမကြီး
ရွှေ‌အုပ်ဆောင်းလမ်း
ရွှေအုပ်ဆောင်းကုမ္ပဏီ

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကိုပိုင်ဆိုင်ဖို့ Emosha Amber Shampoo လေးနဲ့လျော်ကြစို့!!!

14/05/2023

🌟အမေ့အတွက် အကောင်းဆုံးလက်ဆောင် Emosha ပယင်းအလှကုန်များ🌟❣️

ကိုယ့်ရဲ့ဘဝကျေးဇူးရှင်မေမေတွေကို ဂုဏ်ပြုပေးရမဲ့ရက်လေးရောက်လာပါပြီ။ 😇😇

လူတိုင်းအတွက် အမေဆိုတာတကယ်ကိုမရှိမဖြစ်နားခိုရာတစ်ခုဖြစ်သလို ဘယ်အသက်အရွယ်ပဲရောက်ရောက်အမေ့ရှေ့မှာဆို နွဲ့ဆိုးဆိုးချင်နေကြသူချည်းပါပဲ။ 🌟🎈

တစ်နှစ်မှာမှ ဒီတစ်ရက်မှာပဲ မေ့မေ့ကို ကြီးကြီးကျယ်ကျယ်ဂုဏ်ပြုပေးရမှာဆိုတော့ အကောင်းဆုံးလက်ဆောင်တွေနှင့်ပဲကန်တော့သင့်ပါတယ်နော်။ ဒီလိုအကောင်းဆုံးဖြစ်နေမဲ့လက်ဆောင်အတွက် Emosha ကနေတာဝန်ယူပါရစေ။💥✌️

Emosha ဆိုတာဘာလဲ? ဒီ Emosha ဆိုတာ ပယင်းကျောက်ရဲ့အဆီအနှစ်တွေကနေတစ်ဆင့် အလှအပရေးရာအတွက်အသုံးဝင်တဲ့ထုတ်ကုန်တွေကိုထုတ်လုပ်နေတဲ့ Brand တစ်ခုဖြစ်ပါတယ်။😇❤️

ပယင်းဆိုတာ မေမေတွေလည်းအသိများတဲ့ ကျန်းမာရေးကျောက်တစ်မျိူးပါပဲ။ Emosha ကတော့ ဒီပယင်းကနေ အသားအရေအတွက်အသုံးဝင်ပြီး အာနိသင်ပြည့်ဝတဲ့ အလှအပထုတ်ကုန်တွေကိုထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်တဲ့နေရာမှာ မြန်မာနိုင်ငံအသေးစားလုပ်ငန်းရှင်အဖွဲ့ (SME) ကနေအကြံပြုတဲ့ ကမ္ဘာ့အဆင့်မှီအဆီထုတ်နည်းပညာကိုအသုံးပြုပြီး ပယင်းထဲကအဆီအနှစ်တွေကိုထုတ်ပြီး အဆင့်မြင့်စက်ရုံတွေမှာစနစ်တကျထုတ်လုပ်ထားတာဖြစ်ပါတယ်။
ပယင်းမှာပါဝင်တဲ့ Succinic အက်ဆစ်ဟာဓာတ်တိုးပစ္စည်းတစ်မျိူးဖြစ်တာကြောင့် အသားအရေပေါ်က အ​ရေးအကြောင်း တွေကိုသက်သာစေတဲ့အပြင် မျက်နှာပေါ်မှာဖြစ်တတ်တဲ့အရေပြားဆိုင်ရာပြဿနာတွေကိုပါကုသပေးနိုင်စွမ်းရှိတဲ့ သဘာဝလက်ဆောင် တစ်ခုဖြစ်ပါတယ်။🎊🌨

ဒီထုတ်ကုန်ဟာ 2018 တုန်းကနိုင်ငံတော်အဆင့် SMEs ပြိုင်ပွဲ မှာပထမဆုရရှိထားတဲ့အပြင် China-Myanmar Innovation and Enterpreneurship Competitionလို နိုင်ငံတကာပြိုင်ပွဲတေ မှာလည်း ဒုတိယဆုရခဲ့ပါသေးတယ်။

ပြည်တွင်းစျေးကွက်မှာသာမက နိုင်ငံရပ်ခြားကကုန်စည်ပြပွဲတွေမှာလည်း လူကြိုက်များတဲ့ထုတ်ကုန်တွေဖြစ်တာကြောင့် စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါတယ်။🙇‍♀️💥💫

အမေ့ရဲ့နက်ရှိုင်းတဲ့အချစ်တွေမေတ္တာတွေကိုတုံ့ပြန်ပေးဖို့အတွက်ဆိုရင် အမေ့ရဲ့မျက်နှာကိုအကောင်းဆုံးထိန်းသိမ်းပေးနိုင်တဲ့ Emosha ကထုတ်တဲ့ ပယင်းအလှပဆိုင်ရာ ထုတ်ကုန်တွေက အကောင်းဆုံးလက်ဆောင်တွေထဲက အသင့်တော်ဆုံးတစ်ခု ဖြစ်တာမို့ တစ်နှစ်တာလုံးအိမ်အလုပ်တွေနှင့်ပင်ပန်းပြီး ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်အားတဲ့ မေ့မေ့ကို ပယင်းအလှပဆိုင်ရာ ထုတ်ကုန်လေးတွေနဲ့ကန်တော့ရင်း မေ့မေ့အတွက်အဓိပ္ပါယ်အပြည့်ရှိတဲ့ မေ့မရတဲ့ နေ့လေးတနေ့ဖန်တီးပေးလိုက်ရအောင်လား.....😍 🎁♥️

ဒါဆို ဒီလိုတန်ဖိုးရှိတဲ့အမှတ်တရနေ့လေးမှာ ကိုယ့်ရဲ့ပင်ပန်းနေတဲ့မေ့မေ့ကို ပိုပိုလှပလာစေချင်တဲ့စေတနာတွေနှင့်အတူ ချစ်ခြင်းမေတ္တာတွေဖော်ပြဖို့အတွက် Emosha Page Messenger ကိုအမြန်လာပြီးမှာယူလိုက်ပါနော်။🙆💃

12/05/2023

ပယင်းရဲ့ အလှအပဆိုင်ရာကောင်းကျိူးများ

ပယင်းကို မြန်မာနိုင်ငံနှင့်တစ်ခြားနေရာတော်တော်များများမှာ ခန္တာကိုယ်ကျန်းမာဖို့ရည်ရွယ်ချက်နှင့်အသုံးပြုကြပါတယ်။ ကျန်းမာရေးအတွက် ပယင်းကိုလက်ဝတ်ရတနာလုပ်ပြီး ဝတ်ဆင်တာ အဆောင်အဖြစ်ဆောင်ထားတာတို့လုပ်လေ့ရှိကြပါတယ်။

အမှန်တော့ ပယင်းဆိုတာသစ်ပင်တွေရဲ့အစေးကနေဖြစ်လာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကျောက်တစ်မျိူးဖြစ်တာကြောင့် သဘာဝစစ်စစ်ကနေပဲ ရရှိနိုင်တဲ့အရာဖြစ်ပါတယ်။ ပယင်းကျောက်ကိုဝတ်ဆင်ထားရင် စိတ်ဝိညာဥ်ကိုကြည်လင်စေပြီး မကောင်းဆိုးဝါးအန္တရာယ်တွေကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တယ်လို့ ဒေသခံတိုင်းရင်းသားတွေက ယုံကြည်ကြပါတယ်။

ဒီလိုထူးခြားဆန်းကြယ်တဲ့ပယင်းကျောက်တွေဟာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိူးပေးတာကိုလူသိများပေမဲ့ အလှအပပစ္စည်းအနေနှင့်အသုံးပြုနိုင်တာကိုတော့ သိပ်မသိကြပါဘူး။ အမှန်တော့ပယင်းတွေဟာလူတွေရဲ့အရေပြားအပေါ်ကိုကောင်းတဲ့အကျိူးသက်‌ရောက်မှုအများကြီးဖြစ်စေပါတယ်။

ပယင်းအဆီဟာ အရေပြားပေါ်ကအရေအကြောင်းတွေကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပယင်းမှာ ဆပ်စီးနစ် အက်ဆစ် (Succinic Acid) လို့ခေါ်တဲ့ Anti-Oxidants ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါဝင်နေတာကြောင့် လူတွေရဲ့အသက်အရွယ်ကြီးလာခြင်းကြောင့်ဖြစ်တဲ့ အရေအကြောင်းတွေကိုလျော့ပါးစေတာကြောင့် အရွယ်တင်နွယ်ပျိုစေတဲ့ ဆိုတဲ့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေ ဖော်ပြခဲ့တာလည်း ခေတ်အဆက်ဆက်ပါဘဲ။

ပြီးတော့ ပယင်းဟာသဘာဝစစ်စစ်ကနေရတာဖြစ်တဲ့အတွက် Anti-bacterial စွမ်းအင်ရှိပြီးတော့ အမဲစက်နှင့်အမာရွက်တွေပျောက်ကင်းစေဖို့အတွက်လည်း အထောက်အကူပြုပါတယ် ။လေ့လာချက်တွေအရပယင်းဆီဟာ အမဲစက်တွေကိုအမြန်ဆုံးသက်သာစေတဲ့အရာဖြစ်ပါတယ်။

ဒါ့အပြင် ပယင်းဆီဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်တဲ့အစွမ်းရှိတာကြောင့် ဝက်ခြံနှင့်အနာတွေကြောင့်ဖြစ်တတ်တဲ့ ချိူင့်ခွက်တွေအတွက်လည်း သိသာတဲ့အကျိူးသက်ရောက်မှုရှိပါတယ်။

ဒါ့အပြင် ပယင်းဆီကို တစ်ခြားဗီတာမင်တွေနှင့်ပေါင်းစပ်လိုက်တယ်ဆိုရင် အသားအရေအိုမင်းလာမှုနှင့် တင်းတိပ်တွေဖြစ်လာခြင်းကိုထိထိရောက်ရောက်ကာကွယ်နိုင်ပါတယ်။

ပယင်းဆီကိုပုံမှန်သုံးစွဲပေးမယ်ဆိုရင် အရေပြားပြဿနာသိပ်မရှိတော့ဘဲ ဖြူစင်ဝင်းမွတ်တဲ့မျက်နှာလေးကိုအချိန်တိုလေးအတွင်းမှာ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ပယင်းကျောက်တွေကို တိုက်ရိုက်သွေးပြီးလိမ်းတာမျိူးကတော့ ဓာတ်မတည့်တာမျိူးကိုဖြစ်စေတတ်တာကြောင့် သေချာသန့်စင်ထားတဲ့ စိတ်ချရတဲ့ ပယင်း ထုတ်ကုန်တွေကိုသာအသုံးပြုသင့်ပါတယ်။

Emosha ရဲ့ထုတ်ကုန်တွေကတော့ အဆင့်မှီစက်တွေနှင့်သန့်စင်ထားတဲ့အပြင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနကနေအတည်ပြုပေးထားတဲ့ အဆီထုတ်နည်းပညာနှင့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီနည်းပညာဟာဆိုရင် ကျောက်ဖြစ်သွားတဲ့ပယင်းကျောက်ကနေပြီးတော့ နှစ်ပေါင်းကြာရှည်သိမ်းထားတဲ့ သစ်ပင်အစေးတွေကို Reflux Extraction ဆိုတဲ့ခေတ်မှီနည်းပညာနှင့်ထုတ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် Emosha ရဲ့ထုတ်ကုန်တွေဟာ အာမခံချက်အပြည့်ရှိတဲ့အပြင် သုံးစွဲသူတိုင်းအတွက်အကျိူးအာနိသင်အပြည့်အဝခံစားစေနိုင်မှာဖြစ်ပါတယ်။ ဒီအလှအပအကျိူးကျေးဇူးလေးတွေကိုသေချာခံစားချင်တယ်ဆိုရင်တော့ Emosha Page Cb ကိုအမြန်လာပြီးမှာယူသုံးစွဲလိုက်ပါနော်။

03/05/2023

''ကဆုန်လပြည့် ဗုဒ္ဓနေ့'' မှာ
ကုသိုလ် စေတနာပွားများစေကြောင်း
Emosha Myanmar မိသားစုမှ
ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🙏

15/04/2023

မြန်မာ့ နှစ်ကူးအတာသင်္ကြန် မှစလို့
နှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

29/08/2022

😍လှပသော ဒုတိယ မျက်နှာ တစုံ အတွက် ငွေကျပ် ၁၂၀၀၀ကျပ်😍
-----------------------------------------------
😒ဘာလို ကြီး လဲ မျက်နှာ လဲ မဟုတ်
ဒုတိယ မျက်နှာ ဆိုတာ ?

😊ဟုတ်ပါတယ် ချစ်တို့အတွက် ဒုတိယ မျက်နှာလို့ တင်စားရတဲ့ ဆံကေသာ ကျော့ရှင်း လှပ ဖို့ဆိုရင်
ငွေကျပ် ၁၂၀၀၀ Emosha Shampooအသုံးပြုရုံနဲ့
မမှတ်နိုင်အောင် ပြောင်းလဲသွားမယ်နော်

🤓ဒီနေရာမှာ တချက်လေးသတိထားရမှာက
ရှေးယခင်က နည်းပညာ မဖွံ့ဖြိုးသေးတဲ့ အတွက် ပယင်းကို အမှုန့်ကြိတ်ပြီး ဆေးပစ္စည်း နဲ့အလှကုန်တွေ မှာ ထည့်သွင်းအသုံးပြုတာဟာ Amber Particle ပယင်းအမှုန့်လေးတွေဟာ ချွေးပေါက်ပိတ်ပြီး ယားယံမှုကို ဖြစ်စေပါတယ် .

🤓ယခုအခါ Emosha Myanmar က Expo Quality နဲ့ Expo Product အဖြစ် ပြောင်းလဲတဲ့ အခါ အရင် အမှုန့်ကြိတ် တဲ့ နည်းလမ်းဟောင်းတွေထဲ့သွင်းအသုံးပြုမဲ့အစား Amber (ပယင်း)ကိုExtract (အဆီ)ပြုလုပ်ပြီး international တန်းဝင်ထုတ်ကုန်တွေဖြစ်အောင်(DRI)နည်းပညာကိုတရားဝင်လွဲပြောင်းရယူထုတ်လုပ်ခဲ့ပါတယ်…
ဘေးထွက် ဆိုးကျိုး လုံးဝ မရှိဘူးနော် ချစ်တို့

❤️Emosha Amber Shampoo လေးဟာ ❤️
Amino acid proteinပါတဲ့ အတွက်
👉🏻 ဆံသားကို အာဟာရ ဖြစ်စေပါတယ်ရှင့်
👉🏻ဆံသားတွေကျိုးကြေတာပျက်တာနဲ့
မွဲခြောက်ခြောက်တာမျိုးတွေ မဖြစ်စေဖို့ လည်းကာကွယ်ပေးပါတယ်။ ဆံသားအတွက်ကောင်းကျိုးကိုရှိစေပါတယ်

👉🏻ပယင်းပါဝင်တဲ့အတွက်
စိတ်ကိုကြည်လင် လန်းဆန်းစေတယ်…

👉🏻ဦးရေပြား ကျန်းမာစေတယ်
Emosha နဲ့ ခေါင်းလျှော်တာက Amber ပယင်း အစွမ်း.
ကြောင့် ဦးရေပြားမှာဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေ.
ကို ကင်းစေနိုင်ပါတယ်။ဦးရေပြားကို သွေးစီးဆင်းမှု
ကောင်းစေတယ် .

👉🏻 ဦးရေပြား အဆီပြန်တာကိုသက်သာစေမယ်။

👉🏻 ဗောက် သက်သာစေနိုင်တယ်

👉🏻 ဆံပင် သန်စေနိုင်တယ်

ဒီပြဿနာတွေကို ကင်းချင်ရင်တော့ ..
အကောင်းဆုံးနည်းလမ်းက Emosha Shampoon နဲ့
ခေါင်းလျှော်တာပါ။

ဒီတော့ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် Emosha Shampoo နဲ့
ခေါင်းပုံမှန်လျှော်ပေးပါနော်
💫💫💫𝗧𝗵𝗮𝗶 𝗖𝗵𝗶𝗻𝗮 𝗟𝗮𝗼 𝗧𝗿𝗮𝗱𝗲 𝗘𝘅𝗽𝗼 တွေမှ 𝗕𝗲𝘀𝘁 𝗦𝗲𝗹𝗹𝗲𝗿 အဖြစ်အရောင်းစံချိန် တင်ခဲ့ တဲ့ Shampoo ပစ္စည်းလေးမို့ အချစ်က မင်းအနီးနားမှာပါ မင်းလေးသိဖို့နော်💫💫💫

တဗူးကို ၁၂၀၀၀ကျပ်နော် 😍

📲Page ရဲ့ Massager မှာ 𝗘𝗺𝗼𝘀𝗵𝗮 လို့ ရိုက်လိုက်တာနဲ့
လက်လီဝယ်မဲ့သူရော Agentဝင်ပြီး မိသားစု ဝင်ငွေ တဖက်တလမ်းရှာမဲ့သူရော
အတွက် Emosha Botလေးက အလိုအလျှောက်ဖြေပေးမှာနော်
Messager မှာ ရိုက်ခဲ့နော် 𝗘𝗺𝗼𝘀𝗵𝗮 လို့
✌️မှာယူရမဲ့လိပ်စာလေးကတော့
မြစ်ကြီးနားမြို့
𝗘𝗺𝗼𝘀𝗵𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿
နောင်ခမ်းရှမ်းရွာလမ်းမကြီး
ရွှေအုပ်ဆောင်းလမ်း
ရွှေအုပ်ဆောင်းကုမ္ပဏီ
𝟬𝟵 𝟴𝟴𝟯𝟯𝟯𝟯𝟬𝟭𝟴
𝟬𝟵 𝟳𝟵𝟬𝟳𝟳𝟯𝟱𝟰𝟯

28/08/2022

😍မင်းကတော့ မသိပါကွာ အချစ်က မင်းအနားမှာပါ😍
🤩ချစ်တို့က ဘာတွေ မသိ လိုက်တာလဲ အနည်းငယ် ရှင်းပြပေးပါရစေ

😎ကချင်ပြည်နယ်ရဲ့ ဂုဏ်ဆောင် တရုပ်နိုင်ငံ Trade Expo ပွဲ တွေ မှာ Innovation နဲ့ ဆုတွေ တသီးကြီး ရခဲ့တဲ့ ရွှေအုပ်ဆောင်း ပယင်း ကျန်းမာရေးနဲ့ အလှကုန် ကုမ္ပဏီ ကထုတ်လုပ်လိုက်တဲ့ Emosha Shampoo ၊ Emosha Soap Cake(ဆပ်ပြာ)နဲ့ China Thai Vietnam Export Product ဖြစ်သော ရွှေအုပ်ဆောင်းသနပ်ခါး အကြောင်းလေးပါ

🤓ဒီနေရာမှာ တချက်လေးသတိထားရမှာက
ရှေးယခင်က နည်းပညာ မဖွံ့ဖြိုးသေးတဲ့ အတွက် ပယင်းကို အမှုန့်ကြိတ်ပြီး ဆေးပစ္စည်း အလှကုန်တွေ မှာ ထည့်သွင်းအသုံးပြုတာဟာ Amber Particle ပယင်းအမှုန့်လေးတွေဟာ ချွေးပေါက်ပိတ်ပြီး ယားယံမှုကို ဖြစ်စေပါတယ်

🤓ယခုအခါ ထိုင်းနိုင်ငံ တရုပ်နိုင်ငံ နဲ့ ဗီယမ်နမ် နိုင်ငံ များကို Expo Quality နဲ့ Trade Expo တွေ မှာ Expo Product အဖြစ် ပြောင်းလဲတဲ့ အခါ အရင် အမှုန့်ကြိတ် ထဲ့တဲ့ နည်းလမ်းဟောင်းတွေဟာ နိုင်ငံတကာ စံနှုန်းကို လိုက်မမှီတဲ့ အတွက်

Expo Quality ကို ဖြစ်မလာစေခဲ့ပါဘူးရှင်
😍ယခုအခါမှာ နည်းပညာ အသစ်ဖြစ်တဲ့ နိုင်ငံတကာ အသိမှတ်ပြု DRI နည်းပညာ ဖော်မြုလာ နဲ့ Amber Extract အဆီထုတ်တဲ့ နည်းပညာကြောင့် ၂၀၁၉ မှာ တရုပ်နိုင်ငံ Trade Expo ပွဲတွေမှာ ဆုတွေ တသီးတတန်းကြီးရရှိခဲ့ပါတယ်ရှင်

😍Side effect မရှိ အန္တရာယ်ရှင်း ဘေးကင်းစွာအသုံးပြုနိုင်ပါပြီရှင်

👉🏻ပထမဆုံးပယင်း အဆီထုတ်ပြီး ဖော်စပ်ထားတဲ့အတွက် Emosha Shampoo လေးဟာ Amino acid proteinပါတဲ့ အတွက် ဆံသားကို အာဟာရ ဖြစ်စေပါတယ်ရှင့်

👉🏻ဆံသားတွေ ကျိုးတာပျက်တာနဲ့ မွဲခြောက်ခြောက်ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးရာ ရောက်ပါတယ်။

👉🏻ပယင်းပါဝင်တဲ့အတွက် စိတ်ကြည်လင် လန်းဆန်းစေတယ်
ခေါင်းလျှော်လိုက်တဲ့အခါ စိတ်လက်ပေါ့ပါးသွားတာမျိုး ခံစားဖူးကြမယ်ထင်ပါတယ်နော်။ ခေါင်းပေါ့သွားတာပဲလို့တောင် ပြောဖူးမှာပါ။
တွေးရကြပ်လာတဲ့အခါ၊ စိတ်ရှုပ်လာတဲ့အခါမျိုးမှာ Emosha နဲ့ ခေါင်းလျှော်လိုက်ပါ စိတ်သက်သာရာ ရပါလိမ့်မယ်။

☺️ခေါင်းချွေးနံ့ ကင်းစေတယ်
တစ်နေ့တာ လှုပ်ရှားသွားလာမှုကြောင့် ခန္ဓာကိုယ်မှာတင် မဟုတ်ပါဘူး။ ဦးခေါင်းမှာလည်း ချွေးထွက်တတ်ပါတယ်။ ဒီလိုချွေးထွက်လာတဲ့အခါ ဆံသားတွေကပ်တာ၊ ခေါင်းချွေးနံ့နံတာကြောင့် စိတ်ရှုပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ နေ့ရက်တိုင်းကို ကြည်လင်လန်းဆန်းစွာဖြတ်ကျော်ချင်ရင်တော့ Emosha နဲ့ ခေါင်းလျှော်ဖို့လိုပါမယ်။

☺️ဦးရေပြား ကျန်းမာစေတယ်
Emosha နဲ့ ခေါင်းလျှော်တာက Amber ပယင်း အစွမ်းကြောင့် ဦးရေပြားမှာဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေကို ကင်းစေနိုင်ပါတယ်။ဦးရေပြားကို သွေးစီးဆင်းမှု ကောင်းစေတယ် Emosha နဲ့ ခေါင်းလျှော်တဲ့အခါမှာလည်း လက်ချောင်းထိပ်လေး တွေနဲ့ နိုပ်နယ်ပြီး ခပ်ဖွဖွလေးလျှော်ပါ။ ဒီလိုလုပ်တာက ဦးရေပြားကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဆံသားရော ဦးရေပြားကိုပါ ကျန်းမာစေမှာပါ။

☺️ဦးရေပြား အဆီပြန်တာကို သက်သာစေမယ်
ဦးရေပြား အဆီပြန်တယ်ဆိုတာက မျက်နှာအဆီပြန်သလို ဦးရေပြားမှာ အဆီတွေထွက်တာပါ။ ဒါက ကြော့ရှင်းမှုကို ထိခိုက်စေနိုင်သလို ဆံပင်ကျွတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းဖို့ဆိုရင်တော့ Emosha နဲ့ ခေါင်းမှန်မှန် လျှော်ရမယ်နော်

☺️ဗောက် သက်သာစေနိုင်တယ်
ဗောက်ဆိုတာက ဦးရေပြားပေါ်က ဆဲလ်သေတွေပါ။ ဗောက်ကြောင့် ဦးရေပြားယားယံပြီး ကုတ်မိတဲ့အခါ အနာတွေ ဖြစ်နိုင်ပါတယ်။ ဗောက်က ကြည့်တော့သာ ဘာမှမဟုတ်ပေမယ့် ဆံပင်ကျွတ်တာအပါအဝင် ဦးရေပြားနဲ့ဆံသားကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ဒီပြဿနာကို ကင်းချင်ရင်တော့ အကောင်းဆုံးနည်းလမ်းက Emosha Shampoon နဲ့ ခေါင်းလျှော်တာပါ။

😊ဆံပင် သန်စေနိုင်တယ်
ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ ဒီတော့ လှပကြော့ရှင်းဖို့ဆိုရင် ဆံသားကျန်းမာနေဖို့က မရှိမဖြစ် လိုအပ် ပါတယ်။ ဒီတော့ ဆံပင်သန်စေဖို့ Emosha Shampoo နဲ့ ခေါင်းလျှော်ပါ။ Emosha Shampooနဲ့ ခေါင်းလျှော်တာက မကျန်းမာတဲ့ ဆံသားတွေကို အားဖြည့်ပေးနိုင်သလို ကျန်းမာရေးအားနည်းနေတဲ့ ဆံပင်တွေကို ဖယ်ရှားပေးပြီး ဆံပင်အသစ်တွေထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

ဒီတော့ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် Emosha Shampoo နဲ့
ခေါင်းပုံမှန်လျှော်ပေးပါနော်
💫💫💫𝗧𝗵𝗮𝗶 𝗖𝗵𝗶𝗻𝗮 𝗟𝗮𝗼 𝗧𝗿𝗮𝗱𝗲 𝗘𝘅𝗽𝗼 တွေမှ 𝗕𝗲𝘀𝘁 𝗦𝗲𝗹𝗹𝗲𝗿 အဖြစ်အရောင်းစံချိန် တင်ခဲ့ တဲ့ Shampoo ပစ္စည်းလေးမို့ အချစ်က မင်းအနီးနားမှာပါ မင်းလေးသိဖို့နော်💫💫💫

တဗူးကို ၁၂၀၀၀ကျပ်နော် 😍

📲Page ရဲ့ Massager မှာ 𝗘𝗺𝗼𝘀𝗵𝗮 လို့ ရိုက်လိုက်တာနဲ့
လက်လီဝယ်မဲ့သူရော Agentဝင်ပြီး မိသားစု ဝင်ငွေ တဖက်တလမ်းရှာမဲ့သူရော
အတွက် Emosha Botလေးက အလိုအလျှောက်ဖြေပေးမှာနော်
Messager မှာ ရိုက်ခဲ့နော် 𝗘𝗺𝗼𝘀𝗵𝗮 လို့
✌️မှာယူရမဲ့လိပ်စာလေးကတော့
မြစ်ကြီးနားမြို့
𝗘𝗺𝗼𝘀𝗵𝗮 𝗠𝘆𝗮𝗻𝗺𝗮𝗿
နောင်ခမ်းရှမ်းရွာလမ်းမကြီး
ရွှေအုပ်ဆောင်းလမ်း
ရွှေအုပ်ဆောင်းကုမ္ပဏီ
𝟬𝟵 𝟴𝟴𝟯𝟯𝟯𝟯𝟬𝟭𝟴
𝟬𝟵 𝟳𝟵𝟬𝟳𝟳𝟯𝟱𝟰𝟯

Want your business to be the top-listed Beauty Salon in Myitkyina?
Click here to claim your Sponsored Listing.

Category

Website

Address


နောင်ခမ်းရှမ်းရွာလမ်း မြို့သစ်ကြီးရပ်ကွက် မြစ်ကြီးနားမြို့
Myitkyina
1011