Ei Phyo Wai

Ei Phyo Wai

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei Phyo Wai, Health/Beauty, Myitkyina.

18/08/2022

👰ဆားဝက်ခြံအကြောင်း သိကောင်းစရာ
================================
✍️ပြစ်မျိုးမှဲ့မထင်ဘဲကြည်လင်တဲ့ မျက်နှာ
အသားအရေကိုပိုင်ဆိုင်ချင်ပါသလား။ မျက်နှာရဲ့အလှအပတွေကို ဖုံးကွယ်နေတဲ့ ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရပါသလား။ အရေပြားပေါ်က မွှေးညှင်းပေါက်တွေရဲ့ အောက်ခြေမှာ အဆီအိတ်လေးတွေပါရှိပါတယ်။ အဲ့ဒီအဆီအိတ်လေးတွေက မျက်နှာအသားအရေကို ချောမွေ့ပြီး နူးညံ့တဲ့ အသားအရေဖြစ်အောင် စွမ်းဆောင်ပေးတာပါ။ ဒါပေမယ့် အဆီထွက်တာအရမ်းများတဲ့အခါ၊ ထွက်လာတဲ့အဆီဟာ ဆဲလ်အသေ ဒါမှမဟုတ် ဘက်တီးရီးယားပိုးဝင်မှုကြောင့် ပိတ်မိနေတဲ့အခါမျိုးမှာ အဆီဟာ အပြင်မထွက်နိုင်တော့ပါဘူး။ အဲဒီအဆီလေးတွေဟာ လေနဲ့ထိသွားတဲ့အခါ ဓာတ်တိုးသွားပြီး အမည်းရောင်ပြောင်းသွားပါတယ်။ အဲဒါလေးတွေကို ဆားဝက်ခြံလို့ ခေါ်ကြပါတယ်။ ဆားဝက်ခြံဆိုတာ ရောင်ရမ်းခြင်းမရှိတဲ့ဝက်ခြံတစ်မျိုးပါပဲ။

👰ဆားဝက်ခြံဟာ အဆီထွက်များတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ ဒါ့အပြင် လူပျိုအပျို ဖြစ်ချိန်မှာ ထွက်လာတတ်တဲ့ ကြီးထွားဖို့လိုတဲ့ ဟော်မုန်းအထွက် များလာတာကြောင့် အဆီထွက်တာပိုများလာတတ်ပါတယ်။ ဒါ့အပြင် ဒီဟော်မုန်းက မျက်နှာဆဲလ်တွေ သေခြင်းနှင့် အသစ်ဖြစ်ခြင်းတို့လည်း မြန်မြန်ဖြစ်ပေါ်ပါတယ်။ ဒီအရွယ်ဟာ ဆားဝက်ခြံအများဆုံးထွက်တဲ့ အရွယ်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓမ္မတာပေါ်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းတို့ကြောင့်လည်း ဆားဝက်ခြံဖြစ်တတ်ပါတယ်။ ချောကလက်နှင့် အခွံမာသီးများစားခြင်း၊ ma********on ပြုလုပ်ခြင်းနှင့် မသက်ဆိုင်ပါ။ ဆားဝက်ခြံဟာ မျက်နှာမှာ အများဆုံးပေါက်တတ်ပြီး လည်ပင်း၊ ရင်ဘတ်၊ ကျောနှင့် လက်မောင်းတို့မှာလည်း တွေ့ရတတ်ပါတယ်။

👰ဆားဝက်ခြံပျောက်ကင်းအောင်
✍️ မျက်နှာကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ (အဆီများကို ဖယ်ရှားနိုင်ပြီး၊ ပိုးသတ်နိုင်သည့် benzyol peroxide (သို့) retinoids (vitamin A) ပါဝင်သည့် gel, cream နှင့် မျက်နှာသစ်ဆေးတို့ကို အသုံးပြုနိုင်ပါတယ်။
- ချွေးပေါက်ပိတ်စေသော မိတ်ကပ်နဲ့ cosmetic များလိမ်းခြင်းရှောင်ကျဉ်ပါ။
- ရေများများသောက်ခြင်း၊ အဆီပါဝင်မှုများသော အစားအစာလျော့ချခြင်း ဟာလည်း ဆားဝက်ခြံဖြစ်ပွားမှုကို သက်သာစေနိုင်ပါတယ်။
👰ဒါကတော့ လွယ်လွယ်ကူကူ သုံးနိုင်တဲ့နည်းပါ။ ပျားရည်ပူပူနွေးနွေးလေးကို ဆားဝက်ခြံဖြစ်တဲ့ နေရာမှာလိမ်းပြီး ၁၀မိနစ်လောက် ထားလိုက်ပါ။ ပြီးမှမျက်နှာကို ဆေးကြောပေးပါ။ ဒီနည်းဟာ ဆားဝက်ခြံအတွက်သာမက မျက်နှာအသားအရည်ကိုလည်း လှပစေပါတယ်။
- လူနေထူထပ်သော နေရာများကိုရှောင်ပါ။
- ယောင်ယမ်းလာပါက ပိုးသတ်ဆေးသောက်နိုင်ပါသည်။ (ပုံမှန်အားဖြင့် မလိုပါ)။

👰သတိပြုရန်

- မျက်နှာကို သန့်ရှင်းအောင်ထားရန် လိုအပ်သော်လည်း မျက်နှာအလွန်အကျွံသစ်ခြင်းနှင့် မျက်နှာချေးချွတ် scrubbing လုပ်ခြင်းတို့သည် ဆားဝက်ခြံပိုမိုဆိုးစေနိုင်ပါသည်။
- ဆားဝက်ခြံများကိုညှစ်ခြင်း၊ ဇာဂနာဖြင့်ဖယ်ရှားပေးခြင်းကလတ်တလောတွင် အဆင်ပြေသွားသော်လည်း ရောင်ရမ်းခြင်း၊ အမာရွတ်ထင်းခြင်း တို့ဖြစ်နိုင်သဖြင့် သတိထားသင့်ပါသည်။

သန့်ရှင်းပြီး လှပကြည်လင်သည့် မျက်နှာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။

Want your business to be the top-listed Beauty Salon in Myitkyina?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myitkyina