Elize beth YoGa
we can do it yoga &the other Excersise
08/03/2026
Hello everyone.အားလုံးနေကောင်းကြတယ်နော် Elizabeth yoga class က မီးမလာပေမယ့် ကြိုးစား တဲ့ ယောဂချစ်သူအဖွဲ့လေးပါ 😘😘😘😘😘
26/11/2025
လာမယ့်ဒီဇင်ဘာလကနေစပြီး အိမ်က Class အတန်းထပ်တိုးဖို့ရှိတယ်နော် ည ၄နာရီခွဲကနေ ၅နာရီ ခွဲထိတစ်ချိန်ထပ်တိုးပါမယ်နော် အဲ့အချိန်မှအဆင်ပြေ တယ်ဆိုတဲ့ ယောဂချစ်သူတွေရှိရင် လာရောက်စရင်းပေးလို့ရပါပြီ
လူ အကန့်အသက်မို့ ပါတစ်ချိန် ၁၀ ယောက်ပါနော်
Hi😍😍😍 Elizabeth yoga class ထဲက ယောဂချစ်သူတို့ရယ် နောက်အပတ် တနလ်ာ နေ့ကစပြီး ညနေပိုင်း Yoga Class ပြန်စတော့မယ်နော် အားလုံးကိုph set ဖို့ခက်လို့ ခု page ကနေ ဘဲ အကြောင်းကြားလိုက်ပါတယ် အိမ်က
Class
အချိန်က*** ညနေ 5:30-6:30 ပါ ****
Mon to Fri ထိပါနော် **မန်ခိန် Class အချိန် က ညနေ 4:00-5:00 Mon to Fri ပါနော် အသစ်ကောအဟောင်းကော အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ် အားလုံး Good Night ပါ😍😍😍
10/10/2025
Good morning everybody 😍😍😍
03/10/2025
မင်္ဂလာမနက်ခင်းလေးပါ ယောဂ ချစ်သူတို့ရယ် Elizabeth yoga Page ထဲက ယောဂချစ်သူတို့ ကို တစ်ခုလောက် ပြောချင်လို့ ခုစာကို တင်လိုက်ခြင်းဖြစ်ပါတယ် ဒါကတော့ ခုလဖြစ်တဲ့ October လကို အိမ်ကယောဂ အတန်းလေး တစ်လပိတ်ထားပါမယ် #** # Novenber လစန်းတစ်ရက်နေ့မှ စပြီးပြန်ဖွင့်မယ်နော် # #*** အရေးကြီး ကိစ္စ ရှိလို့ ပိတ်ရခြင်းဖြစ်ပါတယ် ပြန်ဖွင့်မယ့်ရက်မှာ ယောဂလေးသင်တန်းသူအသစ် စရင်းပြန်သွင်းချင်လဲ ခုကတည်းကနေ လာရောက်စုံစမ်းထားလို့ရတယ်နော်Ph 0 9401539725
ဆရာမရဲ့ ယောဂလုပ်ခြင်းဖြစ် ဖြစ်လာမဲ့ အရာလေးတွေကို စာသားရှည်လေးနဲ့ ရှင်းပြထားတာလေး သဘောကြလို့ Copy တင်လိုက်ပါတယ်နော် အနေနေ အရပ်ရပ်ကယောဂချစ်သူလေးတွေ သိထားဖို့ပါ 😍
Yoga & Injury🤕
ယောဂကြောင့် injury ရနိုင်လားမေးရင် ရနိုင်ပါတယ်။
တကယ်တော့ ယောဂ က မိမိရဲ့ခန္ဓာကိုယ်အတွက် အရမ်း ကောင်းမွန်တဲ့ အရမ်းတန်ဖိုးရှိတဲ့ကျင့်စဉ်တစ်ခုပါ။ ဒါပေမယ့် နည်းမှန် လမ်းမှန် မလေ့ကျင့်ရင် injury ရနိုင်ပါတယ်။
ယောဂ ကြောင့် ဖြစ်တတ်တဲ့ injury အများစုက muscle strain လို့ခေါ်တဲ့ ကြွက်သားဒဏ်ဖြစ်တာ အလွယ်နားလည်ရရင် (ကြွက်သားတင်းတာ ၊ ကြွက်သားနာတာ)အဖြစ်များပါတယ်။ muscle strain က ဘယ်အချိန်မှာ ဖြစ်တာလဲဆိုတော့ မိမိခံနိုင်တဲ့ limit ထက်ကျော်လွန်ပြီး ဆွဲဆန့်မိတဲ့ အခါ၊ ကြွက်သားအမျှင်လေးတွေ over stretched ဖြစ်သွားတဲ့အခါ သို့မဟုတ် connective tissue လေးတွေ ပြဲသွားတဲ့အခါ မျိုးမှာဖြစ်တတ်ပါတယ်။
ယောဂကြောင့် serious injury ကတော့ အဖြစ်နည်းပါတယ်။ ဘယ်အချိန်တွေ ဖြစ်တတ်တာလဲ ဆိုတော့ advanced ပိုစ့်တွေသွားတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ အသံကို နားမထောင်ပဲ pose တစ်ခု ရချင်ဇောနဲ့ အတင်း မညှာမတာ push လုပ်မိတဲ့ အခါမျိုးမှာတော့ ပြင်းထန်တဲ့ injury ရတတ်ပါတယ်။
ဘယ်လိုအမှားတွေက injury အဖြစ်များတာလဲဆိုတော့
💢poor alignment
ယောဂ ပိုစ့်တွေ အများစုက 5 - 10 counts အထိ hold လုပ်ကြတာများပါတယ်။ အကယ်၍ alignment မတည့်ရင် pressure ပေးခံရတဲ့ body အစိတ်အပိုင်းမှာ ဒါဏ်ဖြစ်လာစေပါတယ်။
💢ကိုယ်လုပ်နိုင်တာထက်ပိုပြီးအလွန်အကျွံ stretch လုပ်မိခြင်း
💢warm up မလုပ်မိခြင်း
Warm up မလုပ်ပဲနဲ့ ကိုယ်သွားချင်တဲ့ ပိုစ့်ကိုတစ်ခါတည်းတန်းသွားရင်လည်း injury ရနိုင်တယ်
💢Pain ကိုလျစ်လျူရှုမိခြင်း
ကိုယ်ကိုယ်တိုင် နာနေတာကိုသိတယ်။ နာနေတဲ့အချိန်မှာ မရပ်ပဲ ရှေ့ဆက်တိုးပြီး အတင်းတွန်းအားပေးလေ့ကျင့်ရင်လည်း injury ဖြစ်တတ်ပါတယ်။
💢နောက်တစ်ခုက ကိုယ်က ready မဖြစ်သေးပဲ ကိုယ့်မှာ လုံလောက်တဲ့ strength တွေ မရှိသေးပဲ advanced pose တွေ try ရင်လည်း injury ဖြစ်တတ်ပါတယ်။
💢over practice- အလွန်အကျွံလေ့ကျင့်မိခြင်း
ခန္ဓာကိုယ်ကို အနားမပေးပဲနဲ့ လိုအပ်တာထက်ပိုပြီး လေ့ကျင့်မိတဲ့ အခါမျိုးလည်း injury ဖြစ်စေပါတယ်။
💢မှန်ကန်တဲ့ နည်းပေးလမ်းပြ မရှိခြင်း
အကယ်၍ ကိုယ်က beginner ဆိုရင် အမှားအမှန် သေချာကြည့်ပြီးပြင်ပေးနိုင်တဲ့ instructor နဲ့ မလေ့ကျင့်ပဲ video ပဲကြည့်ပြီး စမ်းတဝါးဝါးလေ့ကျင့်တဲ့အခါမျိုးမှာလည်း injury ရတတ်ပါတယ်။
ဆိုတော့ မိမိရဲ့practice ကို စိတ်ချ လုံခြုံစေဖို့၊ အန္တာရယ်ကင်းပြီး injury တစ်စုံတစ်ရာမရစေဖို့ ဆောင်ရန် ရှောင်ရန် လေးတွေပါ တစ်ခါတည်း sharing လုပ်ပေးချင်ပါတယ်
ဒီလိုလေးတွေလုပ်ပါ
✅ warm up အရင်လုပ်ပါ
✅ alignment မှန်အောင် အရင်လုပ်ပါ
✅လိုအပ်တဲ့ အခါ blocks တို့ကြိုးတို့ စတဲ့ အကူအညီလေးတွေသုံးပါ
✅ဖြေးဖြေးမှန်မှန်ပုံမှန် လေ့ကျင့်ပါ
✅ မိမိခန္တာကိုယ်ရဲ့ အသံကို အမြဲနားထောင်ပါ (pain လား discomfort လား သိအောင်လုပ်ပါ)
✅ လေ့ကျင့်ရင်း ပင်ပန်းလာရင် နားပါ (နားဖို့ မတွန့်ဆုတ်ပါနဲ့ ဘယ်ဆရာမကိုမှ အားမနာပါနဲ့) ကိုယ့်အတွက် နာကျင်စေတဲ့ ပိုစ့်ကို ရှောင်ပါ။
✅တကယ် တတ်သိနားလည်တဲ့ instructor တွေဆီမှာ လေ့ကျင့်ပါ
ဒါတွေတော့ရှောင်ပေးပါ
❌မိမိရဲ့ flexibility ကိုသူများနဲ့ မယှဉ်ပါနဲ့
❌လေ့ကျင့်နေစဉ်မှာ အသက်ရှု မအောင့်ပါနဲ့ ( တစ်ချို့ pranayama တွေမှာ အောင့်ခိုင်းတာက ချွင်းချက်ပါ)
❌ပိုစ့်တစ်ခု နဲ့တစ်ခု အကူးအပြောင်းကို မလောပါနဲ့
❌မိမိမှာ old injury ရှိနေရင် မိမိinjury ကို ပိုပြီး ထိခိုက်စေတဲ့ ပိုစ့်တွေ ရှောင်ပါ
❌Savasana (final relaxation)လုပ်တာကို မကျော်ပါနဲ့။ practice ပြီးတောင် မိမိရဲ့ ခန္ဓာကိုယ်ကို အနားပေးဖို့ မတွန့်ဆုတ်ပါနဲ့
ယောဂလေ့ကျင့်တာကို အသိသတိ အပြည့်နဲ့ လေ့ကျင့်ရင် မိမိခန္တာကိုယ်အတွက်ကော၊ စိတ်အတွက်ပါ အရမ်းအရမ်း ကောင်းမွန်တဲ့ ကျင့်စဉ်တစ်ခုပါ။ injury ဆိုတာ အဝေးကြီးပါ။
အကယ်၍ မိမိမှာ injured ရှိထားပြီးသားဆိုရင် တောင် သေသေချာချာ လေ့ကျင့်မယ်ဆိုရင် အများကြီးပြန်သက်သာလာစေပါတယ်။ injury မရှိတဲ့သူလည်းယောဂ ပုံမှန်လေ့ကျင့်ပေးခြင်းအားဖြင့် မိမိခန္တာကိုယ်အတွက် လိုအပ်တဲ့ strength တွေ flexibility တွေ balancing တွေ ကောင်းလာပြီး injury ဖြစ်နိုင်တဲ့ အလားအလာကနေ ကာကွယ်ပေးပြီး သားလည်း ဖြစ်ပါတယ်။
ယောဂ လေ့ကျင့်ပြီး အားလုံးပိုကျန်းမာစေချင်ပါတယ်ရှင့် 🙏🙏🙏
အကယ်၍ သင်ဒီစာဖတ်ပြီး ယောဂ လေ့ကျင့်ချင်ရင် Ashtanga Yoga Shala YGN မှ အတွေ့အကြုံရှိပြီးသား instructors တွေ ကသင့်ကိုကူညီပေးဖို့ အသင့်ပါရှင့် 🤗
Register NOW for “OCTOBER”
Call us - 09421106914
&injury
22/09/2025
Hello everyone နေကောင်းကြရဲ့လား သဲတို့ရယ် ကိုယ်တွေက အစာအိမ်ရောင် သွားလို့ဆေးရုံတက်လိုက်ရတယ် Class လဲ တစ်ပတ် ပိတ်လိုက်ရတယ် ခုမနက် တနလ်ာနေ့ ကစပြီး Class အားလုံးပြန်စပြီနော်ချစ်တို့ Class အသစ် ပြန်Join ချင်တဲ့သူတွေလဲ join လို့ရတယ်နော် မန်ခိန်း မာနောက်လကစပြီး မနက် တစ်ချိန် ညနေပိုင်းတစ်ချိန် ရှိမယ် မန်ခိန်းမာ join ချင်တဲ့သူတွေက Easter Yoga Class ကိုလာခဲ့ပေးပါ စီတာပူ မာလဲ လာJoin လို့ရတယ်နော် အားလုံးကိုဖိတ်ခေါ် လိုက်ပါတယ်😘😘
မန်ခိန် ဘက်က ချစ်သောကာကာ Weight loss အဖွဲ့တွေပါ ဝါသနာပါရင် ဝင်Join လို့ရတယ်နော် ချစ်တို့😘😘😍
အိမ်မာ ကလေးထိန်းပေးမယ်သူမရှိလဲ ကလေးကိုဘေးမှာ ချပြီး ကြိုးစား ပြီးလာလုပ်တဲ့ ချစ်မေမေတို့ကိုလဲ အရမ်းကိုကျေးဇူးတင်တယ်နော်😍😘😘မန်ခိန် ဘက်နီးတဲ့သူတွေ ဝင်လာလို့ရပါတယ် ချစ်တို့😍😍
17/07/2025
HELLO အိမ်က Class ထဲက ယောဂချစ်သူတို့ပါ
အချိန်က 5:30-6:30 ထိပါလူပြည့်တော့မယ်ချစ်တို့
စိတ်ဝင်စားသူ အပြေးလေး လာခဲ့ပါနော် အားလုံး😘😘😘
🤗🤗🤗🤗မန်ခိန်ဘက်က ယောဂချစ်သူတို့အတွက် စီတာပူထိ လာစရာမလိုအောင်လို့ မန်ခိန် ကောင်ကရစ် လမ်းမကြီးဘေးမာ လဲ Class တစ်ခု ဖွင့်ထားပြီနော် စနေတာ တစ်ပတ်လောက်ဘဲရှိသေးတယ် နောက်လကစပြီး စိတ်ဝင်စားသူ လာခဲ့ပါနော် မနက် ၉ ခွဲ ကနေ ၁၀ ခွဲ ထိပါ နောက်လ ၁၀ရက်ကျော်ကစပြီ ညနေ ၄- ၅ တစ်ချိန် ပြန် ထပ်တိုးဖို့ ရှိတယ်နော် မန်ခိန် ဘက်က ချစ်ဆုံးအားလုံးကို ဖိတ်ခေါ် လိုက်ပါတယ်😘
ဆက်သွယ်ရန် လိပ်စာ ရပ်ကွက် 3/46
👉👉👉👉👉👉09401539725&CB စာပို့ထားလို့ရတယ်နော်////****👈👈👈👈👈
28/06/2025
Hello page ထဲက ယောဂချစ်သူတို့ရယ် သင်တန်းက အမြဲတန်းဖွင့်နေတယ်နော် လိုင်းပေါ် post တွေ မတင်ဖြစ်နေတော့ တချို့ ပိတ်ထားတယ်ထင်နေကြလို့ပါ မနက်စောပိုင်းချိန် ခနနားပြီး ညနေ ၅ ခွဲ ကနေ ၆ ခွဲ တစ်ချိန် အိမ်ကအတန်းမာရှိတယ်နော် မနက်ပိုင်းကိုလဲ ပြန်ဖွင့်ဖို့ ရှိပါတယ် ကျန်းမာရေးတွက် ဘဲဖြစ်ဖြစ် ခန္ဓာကိုယ် ကျစ်လစ် ချင်လို့ဘဲ ဖြစ်ဖြစ် လာရောက် ဝင် join လို့ရတယ်နော်😍😍😍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myitkyina
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
