Skin Logic Authentic Skincare Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skin Logic Authentic Skincare Shop, Skin Care Service, Myitkyina.
08/09/2022
Body Scrubs တွေသုံးပြီး အသားအရေကြည်မလာဘူးလို့ ခံစားရရင် ဒီအမှားတွေလုပ်မိနေလို့ ဖြစ်ပါလိမ့်မယ်📌
အသားကြည်ချင်လို့ body scrubs တွေသုံးပေမဲ့ အသားအရေက ဘာမှထူးခြားမလာဘူး, scrubs တွေသာ တခုပြီးတခု ပြောင်းသုံးနေရတယ်, နဂိုရှိရင်းစွဲအသားအရောင်တောင် ပိုပြီးမဲညစ်သွားသလိုပဲ ဆိုတဲ့သူတွေရှိလား? ရှိရင် ဒီ knowledge sharing post က သင့်အတွက် ရည်ရွယ်ပါတယ်🤗
--------------------
1. Body Spf သေချာမလိမ်းလို့❗
Nyi တို့အရေပြားက နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ Ultraviolet rays တွေကြောင့် cells တွေပျက်စီးပြီး skin damage တွေရတယ်, UVB ကြောင့် နေလောင်ပြီး အသားအရောင်မညီတာ အသားညိုမဲတာ နီမြန်းတာတွေ ဖြစ်လာရတယ်။ အဲ့ဒါတွေသက်သာဖို့ body scrubs တွေသုံးပေမဲ့ သိရမှာက body scrubs တွေကြောင့်လဲ အသားအရေက နေရောင်နဲ့ထိတဲ့အခါ ပိုလို့ပျက်စီးနိုင်တယ်ဆိုတာပါ။ Scrubs ဆိုတာ skin အပေါ်က ဆဲလ်သေတွေကို physically exfoliate (ဖယ်ရှား)လိုက်တာဖြစ်လို့ ပိုပြီးနုနယ်တဲ့ နေရဲ့ဒဏ်ကိုမခံနိုင်သေးတဲ့ ဆဲလ်အသစ်လေးတွေ🌱 အပေါ်တက်လာတဲ့အခါ Spf မလိမ်းတော့ ပိုထိခိုက်စေတာပေါ့။
အဲ့ဒါကြောင့်မလို့ ကိုယ်က body scrubs တွေသုံးမယ်ဆိုရင် Spf မှန်မှန်လိမ်းနိုင်ပါ့မလား အရင်စဉ်းစားပါ။ သုံးနေတယ်ဆိုလဲ ကိုယ်က အိမ်မှာပဲနေရင် Spf ကို မနက်တခါ နေ့လည်တခါ, အပြင်သွားရရင် 3နာရီခြားတခါလောက် လိမ်းပေးပါနော်။ Spf ပုံမှန်လိမ်းပေးခြင်းက scrubs တွေကြောင့် skin မပျက်စီးအောင် ကာကွယ်ရာရောက်သလို scrubs တွေရဲ့အာနိသင်ကိုလဲ ပိုပြီးရဖို့ အထောက်အကူပြုပါတယ်။ အကယ်၍ ကိုယ်က အသားကြည်စိုဝင်းဖို့အတွက် Scrubs နဲ့ Spf ထဲက တခုပဲရွေးချင်တယ်ဆိုရင် Spf ကိုရွေးပါ။ Body scrubs သုံးတဲ့သူတွေအတွက်လဲ No.1 လိုအပ်ချက်က Spf ပါပဲ။ Sunscreen မလိမ်းဘဲနဲ့တော့ scrub တွေသုံးဖို့ လုံးဝမစဉ်းစားပါနဲ့နော်။
--------------------
2. Moisture အလုံအလောက် ပြန်မဖြည့်လို့❗
နဂိုထဲက Nyi တို့ ခန္ဓာကိုယ်အရေပြားက မျက်နှာလောက် အဆီဂလင်းမများတဲ့အတွက် အသားပိုခြောက်လေ့ရှိတယ်။ လူတော်တော်များများ အယူမှားကြတာက အသားကြည်စိုဖို့အတွက် body lotion ထက် scrub ကို ပိုလိုတယ် ထင်ကြတာပဲ။ Nyi ကိုသာ body lotion နဲ့ body scrub တခုရွေးဆို body lotion ပဲရွေးမှာ။ Glow skin ရဖို့အတွက်ဆိုရင် No.1 လိုအပ်ချက်က moisture(အစိုဓာတ်)💦ပဲ။ Lotion နိုင်အောင်သာလိမ်း, မ Glow ဘူးဆိုတာ လုံးဝမရှိဘူး။
Body scrubs တွေသုံးပြီး moisture နိုင်အောင် ပြန်မဖြည့်ဘူးဆိုရင် Glow ဖို့မပြောနဲ့, နဂိုရှိရင်းစွဲအသားအရေတောင် ကြမ်းခြောက်ပြီး ရွတ်တွလာနိုင်တယ်နော်။ အသားအရေတိုင်း အစိုဓာတ်လိုပေမဲ့ scrubs သမားတွေကတော့ ပိုလို့လိုအပ်ပါတယ်, အထူးလိုအပ်ပါတယ်, စပယ်ရှယ်လိုအပ်ပါတယ်။
တချို့ကျတော့ scrubs တိုက်ပြီး lotion ပြန်လိမ်းပေမဲ့ moisture သိပ်မပေးနိုင်တဲ့ whitening lotion တွေ super dry skin ကို gel, gel cream, lotion လောက်တွေပဲ လိမ်းတော့ skin က moisture မလုံလောက်ဖြစ်ပြီး scrubs ရဲ့အာနိသင် ပြည့်ပြည့်ဝဝမရတာမျိုးလဲ ဖြစ်တတ်တယ်🤔 ကိုယ်က scrubs တွေသုံးပြီး lotion ပုံမှန်လိမ်းတာတောင် အသားအရေက ကောင်းမလာဘူးလို့ ခံစားရရင် body moisturizer ကို cream type တွေ, body butter တွေ, body oil တွေထိ သုံးကြည့်ပါ။
နောက်ပြီး ကိုယ်က body skin ကို care ဖို့အတွက် skincare ဝယ်တဲ့အခါ body lotion နဲ့ Spf ကို ဦးစားပေးဝယ်နော်, scrubs က မသုံးမဖြစ် မရှိမဖြစ် မဟုတ်ပါဘူး။
--------------------
3. သုံးတာမမှန်လို့❗
မနက်ခင်း အပြင်မထွက်ခင် scrub တိုက်တာမျိုး, အလွန်အကြွံ တပတ်ကို 4-5ကြိမ်ထိ သုံးတာမျိုး, အရေပြားပေါ် ကြမ်းကြမ်းတမ်းတမ်း ဖိပွတ်တာမျိုးတွေကြောင့်လဲ scrubs တွေသုံးပြီး ဘာမှမထူးတာ အသားအရေက အရင်ကထက်ပိုပြီး မဲညစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။
💡Nyi အနေနဲ့ အကြံပေးရရင် body scrubs တွေကို အများဆုံး တပတ် 2ကြိမ်လောက်ပဲ သုံးပေးပါ။ သုံးတဲ့အခါမှာလဲ အသားပေါ် အသာအယာလေး circular motion နဲ့ ပွတ်တိုက်ပေးပါ။ နောက်ဆုံးအချက်အနေနဲ့ scrubs ကို မနက် နေ့လည်အစား ညဘက်ပဲ ရွေးသုံးပေးပါ, holiday မတိုင်ခင် တရက်လိုမျိုး(scrubs တိုက်ပြီး နောက်ရက် အပြင်ဘယ်မှသွားစရာမရှိဘူး)ဆို ပိုကောင်းပါတယ်။
--------------------
4. စိတ်မရှည်လို့❗
Scrubs တိုက်တာ အချိန်ပေးရသလို အသားအရေကောင်းလာဖို့ဆိုတာကလဲ အချိန်တခုလိုတယ်နော်⏰ ဘာမှမထူးဘူးဆိုပြီး ခဏတိုင်း body scrubs တွေပြောင်းသုံးနေမယ့်အစား တခုကိုပဲ အနည်းဆုံးတလလောက် အချိန်ပေးစွဲသုံးကြည့်ပါလို့။ အပေါ်ကအချက်တွေလဲ လိုက်နာတယ်, တလလောက်လဲ စိတ်ရှည်ရှည်နဲ့ စွဲသုံးတာတောင် ဘာမှမထူးရင်တော့ အသစ်ပြောင်းသုံးလိုက်ပေါ့။
--------------------
ဒီလောက်ပါပဲ။ ဖတ်ရကျိုးနပ်တဲ့ post တခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်မှ ပြန်တွေ့ကြမယ်နော်😘
20/07/2022
ဝက်ခြံနဲ့မျက်နှာသုတ်ပုဝါတွေအကြောင်း
ဒီနေ့တော့ မင်ကိ့ reviewမရေးပဲ knowledge sharing လေးလုပ်ပေးမှာပါ😊
ဝက်ခြံသက်သာစေတဲ့ skincare products တွေဘယ်လောက်သုံးသုံး ဝက်ခြံက မသက်သာသေးတာ, ပိုဆိုးသွားတာမျိုး ကြုံဖူးလား?
အဲ့လိုဆို ကိုယ်အသုံးပြုနေတဲ့ မျက်နှာသုတ်ပုဝါကို တာ့ တာလုပ်ဖို့ အချိန်တန်ပါပြီ 👋
2021 လောက်ထိ တပတ်ကို 2ခါပုံမှန် towelတွေ
လဲပေမဲ့ မင်ကိ့မျက်နှာပေါ်က ဝက်ခြံတွေ သက်သာလာတာလည်း မဟုတ် ပိုဆိုးလာတာမျိုးလည်း မဟုတ်ပြန်ဘူး ☹️
(acne prone, sensitive skin typeဘဝက ခါးတယ်)
အဲ့လိုနဲ့ Aussie Skincare ရောင်းတဲ့pageတခုက မျက်နှာသုတ် tissueတွေရောင်းတာတွေ့တော့ မင်ကိ့လည်း စဉ်းစားမိသွားတယ် 🧐
မျက်နှာသုတ်ပုဝါတွေ သုံးတာမကောင်းဘူးလားပေါ့
Googleဘာညာခေါက် အဖြေရှာကြည့်လိုက်တော့မှ
ဟုတ်ပါတယ် ဝက်ခြံသမားတွေလုံးဝ မသုံးသင့်ပါတဲ့‼️
Towelထဲမှာ မမြင်နိုင်တဲ့ ပိုးမွှားတွေ ရှိပါတယ် 😰
ပိုးသေအောင် ဘယ်လောက်ပဲနေပူထုတ်လှမ်းလှမ်း- ကားလမ်းမပေါ်ကတဆင့် ဖုန်မှုန့်တွေ အလွယ်တကူကပ်တွယ်နိုင်ပါတယ်
စိုထိုင်းထိုင်းဖြစ်နေတာမျိုးကိုဆို 🦠 bacteria တွေ
အကြိုက်ပဲ
မျက်နှာသစ်ပြီး towelနဲ့သုတ်တဲ့အခါ bacteria တွေက ဝက်ခြံနဲ့တွေ့ပြီး စခန်းချတော့တာပဲ အဲ့မှာ🥴
ဘယ်လောက်သန့်နေအောင် လျော်လျော်/ထားထား
မင်ကိ့တော့ towelတွေကို body partsတွေကိုပဲ သုံးစေချင်ပါတယ်နော်
မျက်နှာသစ်ပြီးတဲ့အခါ သဘာဝအတိုင်း အခြောက်ခံပါ
အချိန်မရတဲ့သူတွေက အနံ့မပါတဲ့ facial tissueကို အသုံးပြုနိုင်ပါတယ်
Edit: Cotton Padနဲ့လည်း သုတ်လို့ရတယ်နော်
Tissueဖြစ်ဖြစ်, Cotton Padဖြစ်ဖြစ်ကို ဖုန်မတက်အောင် သေချာသိမ်းထားပြီး လိုသလောက်လေးသာ ထုတ်သုံးပါရှင့်
ကဲ ဒီနေ့တော့ ဒီလောက်ပါပဲနော်🌸
Happy Monday!
ချစ်တဲ့❤️မင်ကိ့
18/06/2022
❄️Innisfree Bija Trouble Facial Foam 150ml❄️
🌿ဝက်ခြံနဲ့ အသားအရေပြသနာများကို အမှန်တကယ်ဖြေရှင်းနိုင်တဲ့အစွမ်းရှိတဲ့ Innisfree ရဲ့ လူသုံးများလာတဲ့ Bija Facial Foam လေးပဲပါ
🌿ဝက်ခြံနဲ့ အဆီဖုများကို သိသိသာသာပျောက်ကင်းစေပြီး မျက်နှာအဆီပြန်ခြင်းကိုလည်းထိန်းချုပ်ပေးပါတယ်။ ဝက်ခြံများနောက်ထပ်ဖြစ်ပေါ်မလာစေရန်လည်း ကာကွယ်တားဆီးပေးပါတယ်။
🌿ချွေးပေါက်ကျယ်ခြင်းကိုလည်းသက်သာစေပါတယ်။
ဝက်ခြံကြောင့် ကျန်ရစ်ခဲ့သော အမာရွတ်၊ အမဲစက်များကိုလည်း ပျောက်ကင်းစေပါတယ်။
🌿အရေပြားပါးလွှာပြီး အထိခိုက်မခံသော Sensitive skin type များအပါအဝင် အသားအရေပြသနာများစွာအတွက် feedback ကောင်းတွေရရှိထားတဲ့ Bija facial foam ကို သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။
🌿Facial foam လေးတစ်ဗူးထဲနဲ့ အသားအရေသိသိ
သာသာကြည်လင်ဝင်းပလာစေမှာပါရှင့်💓
ဝက်ခြံအမြဲပေါက်တတ်တဲ့သူတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Facial foamလေးပါနော်
Price-13000ks
Direct From Korea 🇰🇷
📌Instock📌
18/06/2022
Ex ဆိုရင် ဘယ် Ex မှမကောင်းပေမယ့် 😅
Laneige က အသစ်ထွက်ထားတဲ့
💧Laneige Water Sleeping Mask လေးကတော့
တကယ်ကောင်းပါတယ်လို့
💙Laneige Water Sleeping Mask 💙
Instock
70ml - 29000ks
💯 Authentic
Imported From Korea 🇰🇷
💙သူ့ကိုညဘက်လိမ်းပြီးရင် မနက်ဆို အသားလေးကစိုအိနေတာ အရမ်းကြိုက်တယ်
တနေကုန်ပင်ပန်းထားသမျှ သူ့အနံ့လေးကြောင့်
စိတ်ကိုကြည်သွားတာပဲ
💙ခု Ex မှာ ထူးခြားတာက Pro Biotic ,
Micro Biome 23.8 million ပါတာမို့လို့ Skin Barrier
ကို ပျက်စီးစေမယ့် Bacteria တွေကို တိုက်ထုတ်ပေးပြီး အသားအရည်နုပျိုကျန်းမာစေဖို့ Cells အသစ်တွေကို ဖြည့်တင်းပေးပါတယ်
💙Sleep Tox- အရေပြားကို သန့်စင်ကောင်းမွန်စေခြင်း၊ တနေကုန် ပင်ပန်းနွမ်းနယ်သမျှ မျက်နှာအရေပြားကို ပြန်လည် အားပြည့်ပြီး သန့်စင်ပေးခြင်း
Moisturizing - ရေဓါတ်ပြည့်ဝစေခြင်း
skin soothing - အရေပြားကို နူးညံ့ချောမွေ့စေခြင်း
Aromatic sleepscent - ညအိပ်နေစဉ်အတွင်း ရနံ့ကုထုံးသင်းသင်းလေးနဲ့ အိပ်စက်နိုင်ပြီးမနက် နိုးလာရင် အပြည့်အဝပြန်လည်အားပြည့်လာစေခြင်း
💁🏻♀️တနေကုန် ပင်ပန်းနွမ်းနယ်သမျှ မျက်နှာအရေပြားကို ပြန်လည် အားပြည့်ပြီး သန့်စင်ပေးပြီး အရေပြားကို သန့်စင်ကောင်းမွန်စေပါတယ်
💁🏻♀️ရေဓါတ်ကို အထူးပြန်လည်ဖြည့်တင်းပေးပါတယ်
💁🏻♀️အရေပြားကို နူးညံ့ချောမွေ့ပြီး အိစက်နေစေပါတယ်
💁🏻♀️Sensitive skin, acne skin အကုန်လုံးအတွက် အဆင်ပြေတယ်..All skin types အသုံးပြုနိုင်ပါသည်
💁🏻♀️ညအိပ်နေစဉ်အတွင်း ပျက်စီးသွားသော မျက်နှာအရေပြားကို အပြည့်အဝပြန်လည်အားပြည့်လာစေပါတယ်
💁🏻♀️မျက်နှာအသားအရည်ကို ကြည်ပြီး တင်းသွားစေတယ်. စိုစိုအိအိလေး ဖြစ်စေတယ်
🌜�ညအိပ်ရာဝင်ခါနီးမှာ Laneige water sleeping maskကို ၁ပတ်၃,၄ကြိမ် အသုံးပြုပေးရုံဖြင့် ကြည်လင်လန်းဆန်း,နူးအိနေတဲ့အသားအရည်ကို ရရှိစေပါတယ်
ညဘက်မျက်နှာသစ်ပြီး လိမ်းထားရုံပဲ.
မျက်နှာပြန်သစ်စရာ မလိုပါဘူး.
တပတ်ကို ၃ရက် သုံးရုံနဲ့ လုံလောက်ပါတယ်
Water Sleeping Mask က ၂ ခေါက် ၃ ခေါက်သုံးလိုက်တာနဲ့ တော်တော်လေးကို သိသာပါတယ်
18/06/2022
‼️အရမ်းမိုက် အရမ်းကြိုက်ကြတဲ့ Elizabeth Arden Lotion 🧴
📌38000ks💰
📌Instock📌
Green Tea အနံ့လေးက စိတ်ကို relaxing mind ဖြစ်စေပြီး တနေကုန်သင်းပြီး မွှေးနေရော
✅အသားလေးစိုအိနေချင်တယ်
✅skin health ကောင်းချင်တယ်
✅တစ်နေကုန် အနံ့သင်းသင်းလေးစွဲနေတာ
လိုချင်တယ်ဆိုရင် ဒါလေးရွေးပါနော် 🥰
💚Elizabeth Arden Lotion လေးက Green Tea နဲ့အဓိက ထုတ်ထားလို့ အသားခြောက်သူ အရေပြားယားယံတတ်သူတွေနဲ့ sensitive skin အတွက်အရမ်းအဆင်ပြေပါတယ်🤗
စိုပြေကျန်းမာတဲ့ အသားအရေကို ရရှိစေပြီး
အနံ့ရော texture လေးပါ Fresh ဖြစ်တဲ့အပြင်
ကပ်စေးစေးလုံးဝမဖြစ်ဘဲ ချက်ချင်းစိမ့်ဝင်လွယ်လို့ တစ်နေကုန်ဝင်းပြီးစိုအိနေစေမှာပါ
ရေမွှေးလဲ မသုံးချင်ဘူး တစ်နေကုန် ကိုယ်သင်းနံ့လေးမွှေးနေချင်တယ်ဆိုရင်တော့ Elizabeth Arden လေးကို လက်မလွတ်သင့်ဘူးနော် အသဲလေးတို့ 🥰
18/06/2022
ဝက်ခြံ နဲ့ breakout သမားတွေ မဖြစ်မနေသုံးကြည့်သင့်ပါတယ်
The ordinary niacinamide 10% +Zinc 1%
Niacinamide ကအသားအရည်တိုင်းအတွက်လိုအပ်တာမို့ All Skin Type သုံးလို့ရပါတယ်
ချွေးပေါက်ကျယ်တာတွေ
အဆီဖု ၊ ဝက်ခြံအမာရွတ်တွေနဲ့
ဆားဝက်ခြံတွေကို သက်သာပျောက်ကင်းစေပြီး
အသားအရည်ကိုအရင်ကထက်ပိုမို
ဖြူစင်ဝင်းပလာစေပါတယ်
နေရောင်ကြောင့်ဖြစ်တဲ့ အသားရေညစ်နွမ်းမှုတွေ
ပြန်ကောင်းလာစေပါတယ်
How to use?
-Toner-Essence ပြီးရင် Serum stepမှာ အစက်လေးတစ်စက်နှစ်စက်လောက်ချပြီးမျက်နှာတပြင်လုံးလိမ်းပေးရုံပါ
-ပြီးရင်တော့လိမ်းနေကျMoisturizerလေးထပ်လိမ်းလိုက်ရုံပါပဲ
-တစ်နေ့တစ်ကြိမ်သုံးရင်ရပါပြီ🥰
သတိထားရမယ့်အချက်က Vitamin C နဲ့အတူ တွဲသုံးလို့မရပါဘူး
သုံးမယ်ဆိုရင် Vitamin C ကိုမနက်
Niacinamide ကို ည အချိန်ခွဲသုံးပေးရပါမယ်ရှင်
Niacinamide နဲ့ Vitamin C အတူအသုံးပြုတဲ့အခါ ဓာတ်ပြယ်သွားတာမျိုး ဖြစ်တတ်ပါတယ်
Glow and Glass skin ရဖို့ဒါလေး သုံးကြည့်သင့်ပါတယ်နော်😉
Price-18500 mmk(30 ml)
Instock now
Caption Crd
Click here to claim your Sponsored Listing.
Category
Website
Address
Myitkyina
Opening Hours
| Monday | 07:00 - 19:00 |
| Tuesday | 07:00 - 19:00 |
| Wednesday | 07:00 - 19:00 |
| Thursday | 07:00 - 19:00 |
| Friday | 07:00 - 19:00 |
| Saturday | 07:00 - 19:00 |
