Twin Baby Family
Hanuman Footpatch & Body Massage Oil လက်လီ လက္ကား ဖြန့်ချီရောင်းချပေးပါသည်။
17/07/2024
ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••
ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။
အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။
🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း
မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။
🔷ရောဂါလက္ခဏာများ
အစောပိုင်းလက္ခဏာများမှာ
▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။
🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။
🔷ကာကွယ်ခြင်း
မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။
◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။
◾လက်ဆေးပါ။
လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။
◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။
◾ယင်လုံအိမ်သာအသုံးပြုပါ။
◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။
🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?
ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။
🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။
ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။
မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။
နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။
🔷ဓာတ်ဆားရည်ပြုလုပ်နည်း
ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။
◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)
🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။
◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။
🔷အရေးကြီးတဲ့လက္ခဏာတွေကတော့
◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း
◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း
◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း
◾ဗိုက်ထဲမှရစ်ပြီးနာခြင်း
◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)
ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
5.7.24 ; 11:30PM
Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်
#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ
#မူရင်းရေးသားသူအား Credit ပေးပါသည်🙏🙏🙏
08/07/2024
ဆန်ဆေးရည်လို ဝမ်းတွေအများကြီး ဒလဟော သွားတယ်ဆိုရင်✅
ဝမ်းလဲသွား ခြေသလုံးကြွက်တက်တာ ၊လက်ကပ်ခြေကပ်တွေပါရှိလာတယ်ဆိုရင်✅
အော့အန်ခြင်း✅
အဖျား တက်လာခြင်း✅
ဗိုက်ရစ်နာလာခြင်း✅
ဒါတွေရှိနေရင်….ဆေးခန်း ပြက်ိုပြပါ။🙏🙏
လိုအပ်ရင်ဆေးရုံတန်းသွားပါ။🙏🙏
အိမ်မှာ ဝမ်းစလျှောရင်
အရင်ဆုံးလုပ်ရမှာက….ဓါတ်ဆားသောက်ရမှာပါ။✅✅
ဓါတ်ဆားကလဲ WHO က အသိအမှတ်ပြုတဲ့ BPI ဓါတ်ဆား၊ လိုမျိုး ဓါတ်ဆားမှစိတ်ချရမှာပါ✅
(ကျနော်သိသလောက်တခြားတံဆိပ်တွေက Relyte ဓါတ်ဆား ၊ Peditral ၊ Electral Forte ၊Pharolit စတာတွေ ရှိပါတယ်)❤️
ဓါတ်ဆားဖျော်ရင်လဲ ရေအချိုးအစားမှန်အောင်ဖျော်ပါ✅✅✅
ကလေးတွေကို ဓါတ်ဆားပါဆိုပြီးတိုက်နေတဲ့ Probiotic အထုပ်လေးတွေဟာဓါတ်ဆားမဟုတ်ဘူးဆိုတာသတိချပ်ပါ။❌
အသက်ကြီး လူကြီးတွေ ၊ ကလေးသူငယ်တွေ ၊ ရောဂါအခံရှိသူတွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကတော့ ဆေးခန်းစောစောသာပြပါ။✅✅
ကာကွယ်ဖို့က
သောက်ရေ ဂရုစိုက်ပါ။ရေသန့်သောက်ပါ။
ရေကိုကျိုချက်ပြီးမှသောက်ပါ။✅✅
လမ်းဘေးစာ ရှောင်ပါ✅
ရေခဲ သတိထားပေးပါ။✅
လက် မကြာခဏဆေးပါ✅
အစာမစားမီနဲ့ အိမ်သာတက်ပြီး လက်ကိုသေချာဆေးပေးပါ။✅
ဘာပဲ ဖြစ်ဖြစ် ဘာသတင်းပဲကြားကြား အရင်ဆုံး မစိုးရိမ်ပါနှင့်❌
အထက်မှာ ဖော်ပြခဲ့တာတွေကိုသာ သတိထားပြီးလုပ်ဆောင်ပါ✅✅
မိမိနှင့်မိမိ၏မိသားစုကို ဂရုစိုက်ပါ❤️
မေတ္တာဖြင့်
Dr Myo Ko Ko
06/07/2024
#ဝမ်းပျက်ဝမ်းလျှော ရောဂါအတွက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားသင့်
#09400310316,09959146120
04/07/2024
ခါးနာ၊နောက်ကျောနာခြင်းကို ငါးမိနစ်အတွင်း သက်သာသွားစေမယ့် နည်း
လူတိုင်းဖတ်သင့်သည်...
•••••••••••••••••
လူတော်တော်များများ အများဆုံးဖြစ်လေ့ ရှိတဲ့ဝေဒနာ ကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်း ပါပဲ။ ခါးနာကြ တယ်။ ကျောနာကြတယ် စတဲ့ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့် သက်သာ မရှိပဲ ပင်ပန်း ပါတယ်။ဒီလိုဝေဒနာတွေ ခံစား လာရပြီ ဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ်ကြည့် သင့်ပါတယ်။ ဘယ်လို နည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေလဲဆိုရင်...
ကျောရိုးကိုအနားပေးခြင်း
လုပ်ကိုလုပ်သင့်တဲ့အချက်ပါ
==============
အိမ်မှာရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့်သင့် ပါတယ်။ ပထမဆုံး ကြမ်းပြင်မှာထိုင်လိုက်ပါ။ ပြီးရင်ခြေထောက်နှစ်ချောင်း ကိုဖြောင့်တန်းစွာ ထားလိုက် ပါ။ ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက်ခြား ထားပါ။ ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင်လိပ်ပြီး ပုံထဲမှာပြထားသလို ဒူးအောက်မှာထားပါ။ ပြီးရင်ခေါင်းအုံးကို ခြေထောက်ပေါ်မှာတင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ခေါင်းအုံးနဲ့ ထိတဲ့ အထိကွေး လိုက်ပါ။ အဲ့ဒီ အနေအထားအတိုင်း ၅မိနစ်ကြာ မှာနေပါ။ ဒီနည်းလေးက နောက်ကျော ဘက်မာဆယ်
တင်းအားတွေ ကိုပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကို သက်သာ သွားစေပါတယ်။
ဆားခါးနဲ့ခြေထောက်စိမ်ပါ....
++++++++++++++++
ခြေထောက်စိမ်ရရုံ အနေအထားလောက် ခပ်နွေးနွေးရေဇလုံ တစ်ခုယူပါ။အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက်ရော ထည့်ပြီးမွှေ လိုက်ပါ။ ပြီးရင်ခြေထောက်ကို ၅မိနစ်ကနေ ၇မိနစ်လောက်ထိ ထည့်စိမ် ထားပါ။အချိန်ပြည့်တဲ့အခါ ခြေထောက်ကိုထုတ်ပြီ းခပ်နွေးနွေးရေလေးနဲ့ ထပ်ပြီးဆေ. လိုက်ပါ။ ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။ ဆားခါးက အကြောတွေ၊မာဆယ် နာကျင် တာတွေ ကိုပြေလျော့စေ တဲ့အတွက် ဆားခါးစိမ် လိုက်တဲ့ အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့ အတွက် နောက်ကျောဘက် နာကျင်မှု ကိုလည်းသက်သာသွားစေ ပါတယ်။
ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ
^^^^^^^^^^^^^^^^^^^^
ဒူးအနောက်ဘက် အလယ် တည့်တည့်မှာ အကြောအမှတ်လေးတွေ ရှိပါတယ်။အဲ့ဒီအကြောနေရာလေးကို လက်မနဲ့ ဖိပေးပြီး အသက် ကိုပြင်းပြင်း ရှုပါ။၂မိနစ်ကနေ ၃မိနစ်ထိဖိထားပေးနိုင် ပါတယ်။ ဒီအကြောလေးတွေကို ဖိပေးတာ ကလည်း ခါးနေရာတစ်ဝိုက်မာဆယ်နာကျင်မှု ကိုလျှော့ချပေးနိုင် တယ်လို့ သိရပါတယ်။
လွပ်လပ်စွာ share နိုင်ပါတယ်နော်.
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...
03/07/2024
#1.7.2024 မှစ၍ ငွေစျေးပြောင်းလဲမှုကြောင့် ဟာနုမာန် တိုင်းရင်းဆေး ၁၉၅၀၀ကျပ် မှ ၂၃၅၀၀ ကျပ်သို့ စျေးအနည်းငယ် တတ်သွားပါတယ်ခင်ဗျာ🙏🙏🙏
#09400310316,09959146120
30/06/2024
#1.7.2024. နက်ဖန် မှစ၍ ငွေကြေးပြောင်းလဲမှုကြောင့် ဟာနုမာန် လက်လီလက္ကား စျေးတတ်မှာဖြစ်ပါမယ် ခင်ဗျာ🙏🙏🙏
#09400310316, 09959146120
29/06/2024
#ဒူးနာ ခြေနာ အဆစ်မြစ်နာ အတွက် ရုံပတေသီး
ရုံးပတေသီး ရေနွေးဖျော သောက်တာ အခုဆို တစ်လပြည့်သွားပါပြီ။ အကျိုးအာနိသင်ကတော့ ဒူးနာတယ် ခြေထောက်နာတယ် ကြာကြာမရပ်နိုင်ဘူး ကြာကြာလမ်းလျှောက်နိုင်ဘူး ကြာကြာမထိုင်နိုင်ဘူး ထလည်းနာ တကျွတ်ကျွတ် အော်နေရတဲ့
ထိုင်လည်းနာ
ပါးစပ်က ရောင်ပြီးတောင် "နာတယ်"လို့
မထွက်လာတော့ဘူး။
အသက်ငါးဆယ်ကျော်ရင်
ရုံးပတေသီးကို မချစ်တောင်မှ မုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့ အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။ ပေါင်းနိုင်သလောက်လည်း ကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။ ဒီအသီးလေးက အရိုးအဆစ်နာကျင် ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်းရှိတာကတော့ အလွန်ကိုအံ့ဩသွားစေပါလိမ့်မယ်။
ပြုလုပ်ပုံ
ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး
အဖုံးပါတဲ့ခွက်ထဲထည့်
ရေနွေးပူပူလောင်းထည့်ပြီး
အဖုံးပြန်အုပ်ထားပါ။
အေးသွားမှ
အရေလည်းသောက်
အဖတ်လည်းစားရမှာ ဖြစ်ပါတယ်။
အဓိကအရေးကြီးတဲ့အချက်က အစားအိမ်ထဲ အစာမရှိတဲ့အချိန်မှာစားရ သောက်ရမှာပါ။
တစ်ခါထဲ ကုန်အောင်မသောက်နိုင်ရင်
နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။
အစာအိမ်ထဲ
အစာမရှိချိန်သောက်ဖို့က
အဓိကဖြစ်တယ်ဆိုတာ လေးကိုတော့
မမေ့စေချင်ပါဘူး။
ဒူးနာ ခြေနာ အဆစ်မြစ်နာ
ဝေဒနာ ရှင်များအတွက်
ကျေးဇူးများတဲ့ ဒီအသီးလေးကို
ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲစားသုံး
ကြည့်ကြပါလို့ မေတ္တာဖြင့်
တိုက်တွန်းလိုက်ပါတယ်။
မိဘပြည်သူများအားလုံး...
ကျန်းမာခြင်းမဂ်လာနဲ့ပြည့်စုံကြပါစေ။
25/06/2024
#အကြောတက်_သွေးတိုး_ခေါင်းမူး_ခေါင်းကိုက်_ခါးနာခြင်း_တို့အတွက်
#အုန်းမှုတ်ခွက်_စနစ်တကျနင်းနည်း
သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်း
သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။
ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။
အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါသက်သာပျောက်ကင်းအောင်အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။
အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒိယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။
လက်တွေ့ပျောက်ကင်းသူများ
လည်းအများအပြားရှိနေပါတယ်။
(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။
(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။
(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။
၅ မိနစ်ခန့်သာ ကြာပါတယ်။
(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာဝင်ပါ။
#သတိပြုရန် -
=======
အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံး၀ မချိုးရပါ။
နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။
အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက( ၂ ) လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည်။ ။
ကုသိုလ်ပြုမျှဝေပါသည်။
24/06/2024
ကျီးပေါင်း ၊ဂေါက်ရောဂါ၊ ခြေဆစ် လက်ဆစ် နာခြင်း တို့ အတွက်
ကျီးပေါင်းရောဂါအတွက် အလွန်ကောင်း ၊ဂေါတ်ရောဂါအတွက်လည်း အလွန်ကောင်း ၊ယူဒီးအက်စစ်များသူအတွက်လည်း အလွန်ကောင်း၊ချောင်းဆိုးခြင်းစတဲ့ လည်ချောင်းရော ဂါအတွ က် လည်း အလွန်ကောင်းလို့ပဲပြောရမှာပါ။
ယူဒီးအက်စစ်များလွန်း၍ ခြေဆစ်လက်ဆစ်ကိုက်ခဲခြင်း ဖူးရောင်ခြင်း များကို နှစ်လုံး သုံးလုံးသောက်လိုက်တာနဲ့ ပျောက်ကင်းသွားသူ ဒကာက လျှောက်ထား၍ ကိုယ်တိုင် စမ်းကြည့်ခြင်း ဖြစ်ပါတယ်။
ဆေးနည်းပြုလုပ်ပုံက ခပ်နုနုသင်္ဘောသီးတစ်လုံးကို ထိပ်ကဓားနှင့်လှီး ၍ အစေ့အနု သင်္ဘောအစေးတို့ကို မဖယ်ရှားပဲ သင်္ဘောသီးအခေါင်းထဲ၌ ကျက်ကျက်ဆူနေသောရေနွေးကို လောင်း ထည့်၍ လှီးထားတဲ့ သင်္ဘောခွန်နဲ့ ပြန်ပိတ်ထားလိုက်ပါ။
နွေးနွေးလေးသောက်လည်း ရပါတယ် အေးမှသောက်လည်းရပါတယ်။
သောက်ပြီးရင် ရေနွေးပြန်ထည့် ဤနည်းဖြင့် တနေကုန်သောက်ပေးပါ နောက်နေ့လည်း ဆက်သောက်နိုင်ပါသေးတယ်။
သင်္ဘောသီး အရွက်တို့ ဆေးဖက်ဝင်ပုံက အထူးပြောစရာမလိုတော့ပါဘူး ။
မသိသေးသောသူများအတွက်ပြန်လည်မျှဝေပါသည်။
23/06/2024
လက်ပြင်ကြောငုပ်လျှင် ကုသနည်း
= = = = = = = = = = = = = = = = = =
လက်ပြင်ကြောငုပ်နေတာ ဘယ်လိုလုပ်ရပါ့
လက်ပြင်ကြောငုပ်ခြင်းအတွက် ကတော့ မိမိရဲ့ ဝေဒနာ အပြင်းအနိမ့်ပေါ်မူတည်ပြီး မိမိကိုယ်တိုင် လေ့ကျင့်ခန်း အဖိ အဖော့ကို လုပ်ကြည့်ရမှာပါ။
ဖြစ်နေတဲ့ လက်ကို ကြက်တောင်ပံ ပုံသဏ္ဍာန် ခပ်ကွေးကွေးလေး လုပ်ပါ။
(၁) ကြက်တောင်ပံခတ်သလို ညင်ညင်သာသာ
အထက် နှင့် အောက် ခတ်ပါ။
(၂) ကြက်တောင်ပံ ပုံသဏ္ဍာန်အတိုင်း လက်ကို ဘေးဘက်သို့ တန်း၍ ပုခုံးဖြင့် တတန်းတည်း ကပ်ထား၍၊ ပုခုံးတစ်ခုတည်းကိုသာ အနောက်မှ အရှေ့သို့ခပ်ဖြည်းဖြည်း စက်ဝိုင်းလှည့်ပေးပါ။
(၃) ပြီးရင် အမှတ်စဉ် ၂ နှင့် ပြောင်းပြန် လားရာအတိုင်း ပုခုံးကို စက်ဝိုင်းလှည့်ပေးပါ။
(၄) တစ်ယောက်ယောက်ကို အကူအညီဖြင့် ငုပ်နေသောလက်ပြင်ကြောနေရာကို အကြောပြေ ဒဏ်ကြေလိမ်းဆေးဖြင့် လိမ်းပေးပါ။ ဆေးလိမ်းပေးသောသူက ငုပ်နေသော လက်ပြင်ကြောနေရာကို လက်မလေးဖြင့် ခပ်သာသာ စက်ဝိုင်းပုံသဏ္ဍာန် အကြောဖြေ လိမ်းပေးပါ။
21/06/2024
အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။
1. ထုံကျဉ်တာ
ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohns ရောဂါ သို့မဟုတ် တခြား အူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
2. ပိုချမ်းတတ်တာ
အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။
3. ဦးနှောက်လုပ်ဆောင်ချက်တွေကမောက်ကမ
ဖြစ်တာ
စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။
4. အားနည်းတာ
လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်း တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။
5. နှလုံးခုန်မြန်တာ
နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်း တဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။
6. ပါးစပ်အနာ
သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း
သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။
7. ဗိုက်ပြဿနာ
ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။
Crd:
အာရုံကြောအားကောင်းစေတဲ့အစားအစာများ။
အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။
ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လိုရပါတယ်။ ကဲ ဘယ်လိုအရာတွေက အာရုံကြောစနစ်ကို အားကောင်းစေလလဲ ကြည့်လိုက်ရအောင်ရှင်
အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်ရှင်
ဗီတာမင် B1 (သီရာမင်း)
ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် B6
အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။
ဗီတာမင် B12
ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။
ကော့ပါး
သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။
အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ
ဟင်းနုနွယ်
အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန်ဓါကိုယျ ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။
ဆန္လုံးညို
ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ကိုကိုး
ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ငါး
အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။
ငှက်ပျောသီး
ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။
ကြက်သွန်ဖြူ
ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါရှင်။
Credit - to original uploader
18/06/2024
#တနေကုန်ထို်င် အညောင်းမိသူများအတွက်
#သင့်တော်တဲ့လေ့ကျင့်ခန်းများ👇👇👇
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myitkyina
HEALTHY
